Thursday 29 November 2012

တောင်ပေါ်ဒေသတွင် နယ်မြေမတည်ငြိမ်ခြင်းကြောင့် လက်ဖက်ဈေးကွက် မတည်ငြိမ်


http://sphotos-h.ak.fbcdn.net/hphotos-ak-snc7/319657_498056213568355_716191908_n.jpg

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ လက်ဖက်စိုက်ဒေသများတွင် နယ်မြေမငြိမ်းချမ်းမှုများကြောင့် လက်ဖက်ကုန်ကြမ်း အရည် အသွေးလျော့ ကျလာပြီး ရှမ်းမြောက် လက်ဖက်ဈေးကွက် အရောင်း အ၀ယ်အေး လျက်ရှိသည်ဟု လက်ဖက်လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရှိရသည်။
“တောင်ပေါ်ဒေသတွေမှာ လက်နက်ကိုင်တပ်တွေက တပ်သား စုဆောင်းနေတော့ ဘယ်သူမှ လက်ဖက်သွားမခူးရဲကြဘူး ၊ နယ်မြေ

ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် အထိုင်သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများအား ယနေ့နံနက် အစောပိုင်းက ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့် ပုံစံနှင့်ပတ်သက် ၍  နိုင်ငံရေးသမားများ၊ ရှေ့နေနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျှက်ရှိသည်။

အထိုင်များသူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ်တိုးမြင့်လာနိုင်ဖွယ်ရှိ


Photo: အထိုင်များသူများ ဆီးချိုနှင့် နှလုံးရောဂါ အန္တရာယ်တိုးမြင့်လာနိုင်ဖွယ်ရှိ
Thursday, 29 November 2012

လေ့လာမှုတစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး နိုင်သော အန္တရာယ်ပိုမို
တိုးတက်လာ နိုင်ကြောင်း တွေ့ရှိရသည်။

လက်စတာတက္ကသိုလ် ဆီးချို ရောဂါသုတေသနဌာနစုကလူနာ ၇၉၄၅၇၇ ဦး
တို့ကို မတူညီသည့် စမ်းသပ်လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြ ရာမှ အချိန်ကြာကြာထိုင်သူများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး
နိုင်သည့်အန္တရာယ် နှစ်ဆခန့် တိုးလာ သည်ကို တွေ့ရှိခဲ့ရသည်။ 

ထို့ကြောင့် ကျန်းမာသောသူ အများစုတို့သည် ကာလကြာရှည်ထိုင်ခြင်းဖြင့် အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု အကြံပြုထား ပါသည်။

အရွယ်ရောက်သူများသည် ၎င်းတို့၏ အချိန် ၅ဝ မှ ၇ဝ ရာခိုင်နှုန်းကို ထိုင်ခြင်းဖြင့် ကုန်ဆုံးစေပြီး ယခု တွေ့ရှိချက်က အကျိုးရှိသော ရလဒ် တစ်ခုဖြစ်စေနိုင်သည်။ လက်စတာ ဆီးချိုရောဂါ သုတေသနဌာနမှ သုတေ သနပညာရှင်နှင့် လေ့လာသူ တစ်ဦး ဖြစ်သူ ဒေါက်တာအမ်မာက ပြော ကြားသည်။ ထိုင်သည့် အချိန်ကို ကန့် သတ်လိုက်ခြင်းဖြင့် မိမိတို့သည် ဆီးချို ရောဂါ၊ နှလုံးရောဂါနှင့် သေဆုံးမှု အန္တရာယ်ကို
လျှော့ချနိုင်ကြောင်းဖြင့် ၎င်းက ထပ်လောင်းပြောကြားသည်။

လေ့လာမှုအရ ဆီးချိုရောဂါနှင့် အချိန်ကြာကြာထိုင်ခြင်းတို့ ဆက်စပ် နေပြီး မျိုးရိုးလိုက် ဆီးချိုရောဂါရှိသူ သို့မဟုတ် တောင်အာရှဒေသမှ လူမျိုးစုများ၊ အဝလွန်သူများကဲ့သို့သော ဆီးချိုဝေဒနာရှင်များအတွက် အရေး ကြီးသည့်သတင်း တစ်ရပ်ဖြစ်ပါသည်။ 

ထို့အပြင် အချိန်ကြာကြာထိုင်သည့် အလေ့အထကို ကန့်သတ်ခြင်းဖြင့် ဆီးချိုဝေဒနာရှင်များ နောက်ထပ်ဖြစ် ပေါ်လာမည့် အန္တရာယ်ကို လျှော့ချရန် အကူအညီ ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

စားပွဲတစ်လုံး၊ ကွန်ပျူတာ တစ်လုံးဖြင့် အချိန်ကြာကြာထိုင်၍ အလုပ်လုပ်နေသူများအားလုံး အချိန် ကြာမြင့်စွာ ထိုင်နေခြင်းထက် လှုပ်ရှား မှုများပြုလုပ်ကြရန်၊ အထူးသဖြင့် နေ့လယ်စာစားချိန်၊ နားချိန်တို့တွင် လမ်းလျှောက်ခြင်းနှင့် ရုပ်/သံကြည့် ချိန်ကဲ့သို့ ထိုင်သည့် အချိန်များအစား တစ်စုံတစ်ခုကို လုပ်ကိုင်ကြရန် လော့ဂ် ဘရော့တက္ကသိုလ်မှ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ လှုပ်ရှားမှုပါမောက္ခ စတပ်ဘစ်ဒယ်လ်က အကြံပြုပြော ကြားထားသည်။

သို့ဖြစ်၍ ဆီးချို ရောဂါ၊ နှလုံးရောဂါရှိသူများ၊ အချိန် ကြာကြာထိုင်၍ အလုပ်လုပ်ကြရ သောသူများ ကျန်းမာရေး အထောက် အကူဖြစ်စေရန်နှင့်ရောဂါသက်သာ စေရန် ကိုယ်လက်လှုပ်ရှားမှုများ လုပ် ဆောင်သွားသင့်ကြောင်း အကြံပြု လိုက်ပါသည်။ ။

မင်းသုနိုင်
မြ၀တီ

လေ့လာမှုတစ်ရပ်တွင် နေ့စဉ်အချိန် ကြာမြင့်စွာ အထိုင်များသူတို့သည် ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့်သေဆုံး နိုင်သော အန္တရာယ်ပိုမို
တိုးတက်လာ နိုင်ကြောင်း တွေ့ရှိရသည်။
လက်စတာတက္ကသိုလ် ဆီးချို ရောဂါသုတေသနဌာနစုကလူနာ ၇၉၄၅၇၇ ဦးတို့ကို မတူညီသည့် စမ်းသပ်လေ့လာမှု ၁၈ ခု ပြုလုပ်ခဲ့ကြရာမှအချိန်ကြာကြာထိုင်သူများသည်ဆီး ချိုရော ဂါ၊ နှလုံးရောဂါနှင့်သေဆုံးနိုင်သည့်အန္တရာယ် နှစ်ဆခန့် တိုးလာသည်

ရတနာပုံတယ်လီပို့မှ ADSL ၀န်ဆောင်မှုနှုန်းထားများ လျော့ချ”

ရတနာပုံတယ်လီပို့မှ ADSL ၀န်ဆောင်မှုနှုန်းများအား ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ဈေးနှုန်းလျော့ချလိုက်ပြီဟု ယင်းကုမ္ပဏီမှ သိရသည်။

မန်မာဆရာဝန်များနှင့် သင့်တော်သည့် ကျန်းမာရေးစီမံခန့်ခွဲမှု ပရိုဂရမ်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/604034_497964823577494_227077146_n.jpg
မြန်မာနိုင်ငံမှ ဆေးပညာဘာသာရပ်တစ်ခုခု(သို့မဟုတ်)ဆရာဝန်ဘွဲ့ရရှိထားသူများအနေဖြင့်Griffith University ၏ Graduate Certificate in Health Services Management   နှင့်Master of Health Services Management ဘာသာရပ်အား လေ့လာသင်ယူနိင်မည်ဖြစ်ကြောင်း ပညာရေး ၀န်ဆောင်မှု အသိုင်းအ၀ိုင်းမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ

Photo: ပုသိမ်ကြီးမြို့နယ်၌ ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ကြွက်သောင်းကျန်းလာ
Thursday, 29 November 2012

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး  စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာမှ တောင်သူများ ထံက သိရသည်။

စပါးပေါ်ချိန်၌ဆင်ရွာကြီး၊ကန်သာ၊နွယ်နီ၊နတ်စိမ်း၊မန်ကျည်းပင်စသောကျေးရွာများရှိစပါးစိုက်ခင်းအချို့ကြွက်ကျ၍ နွယ်နီကျေးရွာအ တွင်းရှိ
စပါးခင်းများမှာ ကြွက်ပိုကိုက်ခံရကြောင်းဖြစ်သည်။

“မြွေဖမ်းတဲ့သူတွေကြောင့် ကြွက်ကိုစားတဲ့လင်းမြွေတို့ မြွေပွေးကနည်းပြီး ကြွက်ကများလာတယ်။ စပါးခင်းကြွက်ကိုက်ရင် တစ်ဧကကို စပါး(၅)တင်း
လောက်ဆုံးရှုံးတယ်။ စပါးပင်မဖြစ်သေးတဲ့ ကျဲသား ပေါက်ကို ကိုက်ခံရရင်
ပိုဆိုးတာပေါ့” ဆင်ရွာကြီးကျေး ရွာမှ တောင်သူဦးရဲမြင့်က ပြောသည်။

စပါးခင်းလုံခြုံရေး အတွက် အချို့တောင်သူများမှာ လူငှားထား၍ အချို့မှာ ဗျောက်အိုးဖောက်ခြောက်လှန့်ခြင်းများရှိကြောင်းနှင့် စပါးပင်ရင့်လာသည့်အခါ၌ ကြွက်အန္တရာယ်မရှိတော့ကြောင်းကိုလည်း
ဒေသခံတို့က ဆိုသည်။

“စပါးပင်ဖူးလာပြီးမွှေးတဲ့အချိန်မှာ ကြွက်အကိုက်ဆုံးပဲ။ ဒီဘက်က
တောင်သူတွေကတော့ ရခိုင်ဘက် မှာသုံးတဲ့ 5G ကြွက် သတ်ဆေးတွေကို ကြွက်တွင်းတွေထဲ ချကြတယ်၊ အဲဒါလည်း ကိုက်တာပဲ”ဟုနွယ်နီကျေးရွာမှ
တောင်သူတစ်ဦးက ပြောသည်။

အဆိုပါဒေသများ၌ တောင်သူအများစုမှာ မဂျမ်းတောစပါးနှင့် မနောသုခစပါး အများဆုံးစိုက်ပျိုးပြီး စပါးပင်နုချိန်၌ ကြွက်ကိုက်ခံရသောကြောင့် ထွက်နှုန်းသိသိသာသာလျော့ကျ လာကြောင်း ကိုလည်း သိရသည်။

“လွန်ခဲ့တဲ့(၇)နှစ်လောက်က စပါးခင်းတွေ ကြွက်ကိုက်ခံရတုန်းက တစ်ဧကကို(၄၅)တင်းလောက်ပဲ၊ ထွက်တော့ တောင်သူတွေ အရှုံးများကြတယ်”ဟု တောင်သူဦးဝင်းလှိုင်က ပြောသည်။

အဆိုပါကျေးရွာများရှိလယ်ယာလုပ်ငန်းခွင်များ၌ကျွဲ၊နွားများဖြင့်အသုံး
မပြုတော့ပဲ လယ်ယာစက် များအား အသုံးပြုလာသောကြောင့် ကျွဲ၊နွားများအတွက် မြက်မရိတ်ရသဖြင့် မြက်တောများ ထ၍ ၄င်းမြက်တောများအတွင်း ကြွက်များခိုအောင်းခြင်း၊ ကြွက်စားသည် 
့မြွေ များအား လူများက ရှာဖွေ ဖမ်းဆီးခြင်းကြောင့် ယခုကဲ့သို့ စပါးထွက်နှုန်းလျော့ကျခြင်းဖြစ်ကြောင်း တောင်သူတို့က ဆိုသည်။

သဘာဝဂေဟစနစ်တစ်ခုခြင်းပျက်ယွင်းခြင်းကြောင့် လယ်ယာများအား ဖျက်ဆီးသော ကြွက်များ ပေါလာခြင်းဖြစ်ကြောင်း၊ ယင်းနယ်များတင်မက
မြန်မာနိုင်ငံ အလယ်ပိုင်းအတွင်းရှိ စပါးတောများတွင်လည်း ကြွက်ရန်နှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်
အရေးလေ့လာသူတစ်ဦးက ရှင်းပြသည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ မြွေရှာသူများ
လာခြင်းကြောင့် ဒေသတွင်း ၀မ်းစာစပါး စပါးထွက်နှုန်း ထိခိုက်စေကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေး ရွာမှ တောင်သူများ ထံက သိရသည်။ စပါးပေါ်ချိန်၌ ဆင်ရွာကြီး၊ ကန်သာ၊နွယ်နီ၊နတ်စိမ်း၊ မန်ကျည်းပင် စသောကျေးရွာ များရှိစပါး

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်

http://sphotos-a.ak.fbcdn.net/hphotos-ak-snc6/198176_497977786909531_120660344_n.jpg
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း
ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး  တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ် ကလည်း တော်တော်ပြင်းပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွက် ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းအလုံးရေ တစ်သန်းချပေး သွားမည်


Photo: ရန်ကုန်တိုင်း ဒေသကြီး အတွက် ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းအလုံးရေ တစ်သန်းချပေး သွားမည်
Thursday, 29 November 2012

ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးရှိတဲ့ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်းခန့် ချထားပေး သွားမှာ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ တင်မကဘဲ မန္တလေးတိုင်း ဒေသကြီး မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ တန်ဖိုးနည်း ဖုန်းများ တပ်ဆင်မှု ကိုတော့ ယခုနှစ် အတွင်း အပြီးပြုလုပ် သွားနိုင်ဖို့ အတွက်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်ပ ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Hawei, ZTE နဲ့ ASB တို့နဲ့လည်း စာချုပ် ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ဈေးနှုန်း အနေနဲ့ ကျပ်တစ်သိန်း ခွဲအောက် ဈေးနှုန်းနဲ့ သတ်မှတ် ရောင်းချပေး သွားဖို့ စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ အဆိုပါ ကျပ်တစ်သိန်းခွဲအောက် တန်ဖိုးနည်း GSM ဖုန်းများကို လာမယ့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ရောင်းချ ပေးနိုင်ဖို့ အတွက် ကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV - 4 ငွေကျပ် တစ်သိန်းခွဲအောက် တန်ဖိုးရှိတဲ့ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီး အတွက် အလုံးရေ တစ်သန်း ခန့် ချထားပေး သွားမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ အခုလို ချထားပေးရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ တင်မကဘဲမန္တလေး တိုင်း ဒေသကြီး မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ၂ သိန်းနဲ့ မော်လမြိုင်နဲ့ ဖားအံတို့ မှာတော့ ဖုန်းလိုင်း ခြောက်သောင်းခန့် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့

တိုက်ဆိုင်မှု လို့ပဲပြောရ မှာလား အိပ်မက် ဆန်တယ် လို့ပဲပြောရ မှာလား


Photo: တိုက်ဆိုင်မှု လို့ပဲပြောရ မှာလား အိပ်မက် ဆန်တယ် လို့ပဲပြောရ မှာလား 
Thursday, 29 November 2012

လောကကြီးမှာ ထန်းသီး ကြွေခိုက် ကျီးနားခိုက် ဆိုသလို တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိတတ် ပါတယ်။

အခုဒီဖြစ်စဉ်က တိုက်ဆိုင် မှုလို့ပဲပြောရမှာလား အိပ်မက်ဆန်တယ် လို့ပဲပြောရမှာလားဆိုတာကို စာဖတ်သူ ကိုယ်တိုင် ဆန်းစစ်ဝေဖန်
ကြည့်ပါ တော့။ 

အသက် ၂၀ နှစ်အရွယ် မက်စ် ဂါလက်ပိုဟာ သူ့ချစ်သူ နစ်ကီကာ တစ်နဲ့အတူ အမေရိကန်နိုင်ငံ Philadephia မြို့က အနုပညာပြတိုက်ကို လာရောက်လေ့လာခဲ့တာပါ။ အဲဒီမှာ ၁၆ ရာစုက အမည်မသိအီတလီ မင်း မျိုးမင်းနွယ်တစ်ဦးရဲ့ ပန်းချီကားတစ် ချပ် ချိတ်ဆွဲထားပါတယ်။ ၁၅၆၁ ခုနှစ်လောက်က အီတလီမင်းမျိုးမင်း နွယ်တွေ ဝတ်ဆင်လေ့ရှိတဲ့ အဝတ် အစားမျိုး ဝတ်ထားတဲ့ မုတ်ဆိတ်မွေး နဲ့ အဲဒီလူဟာ မက်စ်နဲ့ ချွတ်စွပ်တူပေ မယ့် မက်စ်က သတိမထားခဲ့မိပါဘူး။

ဒါပေမယ့်နစ်ကီကာတစ်က သတိထား မိတာကြောင့် အဲဒီပန်းချီကားဘေးမှာ ချစ်သူကို မတ်တပ် ရပ်စေပြီးနှိုင်း ယှဉ်  တော့မှ မက်စ်ကိုယ်တိုင် မယုံနိုင်လောက် အောင်ဖြစ်ခဲ့ရပါတယ်။ "အဲဒီပန်းချီ ကားကို ကျွန်တော့်ဘေးနား ထားလိုက် ရင် ပန်းချီထဲကလူနဲ့ ကျွန်တော်နဲ့ ဘယ် လောက်တူတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ဘူး"လို့
မက်စ်က ပြောကြား ခဲ့ပါတယ်။ နောက်ဆုံးမှအဲဒီပုံတူပန်းချီ ကားဟာ သူ့ဘိုးဘွားတွေ ဆင်းသက် လာတဲ့အီတလီမြောက်ပိုင်းဒေသတစ်ခု က မင်းမျိုး မင်းနွယ်တစ်ဦး ဖြစ်တယ် ဆိုတာ သိလိုက်ရတာပါ။  

First Music News လောကကြီးမှာ ထန်းသီး ကြွေခိုက် ကျီးနားခိုက် ဆိုသလို တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိတတ် ပါတယ်။
အခုဒီဖြစ်စဉ်က တိုက်ဆိုင် မှုလို့ပဲပြောရမှာလား အိပ်မက်ဆန်တယ် လို့ပဲပြောရမှာလားဆိုတာကို စာဖတ်သူ ကိုယ်တိုင် ဆန်းစစ်ဝေဖန်
ကြည့်ပါ တော့။ အသက် ၂၀ နှစ်အရွယ် မက်စ် ဂါလက်ပိုဟာ သူ့ချစ်သူ နစ်ကီကာ တစ်နဲ့အတူ အမေရိကန်နိုင်ငံ Philadephia မြို့က အနု ပညာပြတိုက်ကို လာရောက်လေ့လာခဲ့တာပါ။ အဲဒီမှာ ၁၆ ရာစုက

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား

နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြား ခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတု ပစ္စည်း

မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်ကဒီလိုပါ

Photo: မြန်မာအချင်းချင်း တိုင်းတပါးတွင် ရိုင်းပင်ကူညီရမည့်အစား သတ်ပစ်လိုက်တဲ့ သင်္ခန်းစာယူဖွယ်ရာ ဖြစ်ရပ်ကဒီလိုပါ
Thursday, 29 November 2012

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း (၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိခဲ့သည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ် ကုက်္ကိုကုန်းအုပ်စု၊ ညောင်ပေါ်ကျေးရွာနေ (ဘ)ဦးကျော်မြင့်၏သား (၄၅)နှစ်ရှိ ဦးဇော်လွင်မှ ရဲစခန်းသို့ရောက်ရှိလာပြီး တိုင်တန်းသည်မှာ ၂၀၁၂၊ မတ်လ (၁၉)ရက်နေ့က ၄င်း၏ တူဖြစ်သူ မင်းမင်းဦး(၂၉)နှစ်၊ (ဘ)ဦးစောအပိုး သည် တစ်ရွာတည်းနေ (ဘ)ဦးမြင့်၏သား မောင်မျိုးလင်း (ဘ)ဦးကြန်အောင်၏သား မောင်ဆန်းဝင်း (ဘ)ဦးစံအောင်၏သား မောင်သက်မင်းထွန်း တို့နှင့်အတူ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်သွားကြောင်း မြ၀တီမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ၂၀၁၂၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရာ မင်းမင်းဦး၏ဗီဇာအမှတ် မှာ – (ပီအေ ၀၅၁၃၀၃) ဖြစ်သည်ဟု သိရကြောင်း၊ 

မင်းမင်းဦးတို့လေးဦးသည် ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့ မော်အောရပ်ကွက် ဇွဲနူတော်ခေါ်လမ်း အိမ်အမှတ်မရှိတွင် နေထိုင်ကြပြီး ကန်ထရိုက် မစီတာဖီလင်၏ လုံးချင်းတိုက်များဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်သည်ဟု မောင်မျိုးလင်း၏ ဖုန်းဖြင့်ပြောပြချက်အရသိရကြောင်း၊ ၄င်းဆောက်လုပ်ရေးတွင် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်အုပ်စု၊ ပင်ငမြောင်ကျေးရွာနေ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ကြည်လှိုင်(ခ) မောင်ပု၊ ဇော်မင်းသိန်း(ခ)ဖိုးဇော်၊
ဇော်ဝင်းထွန်းတို့ (၄)ဦးနှင့်အတူ အလုပ်လုပ်ကိုင်ပြီး မင်းမင်းဦးတို့
နေထိုင်သည့်အခန်းနှင့်ကပ်လျက် နေထိုင်ကြသည်ဟု မောင်မျိုးလင်းမှ ဖုန်းဖြင့်ပြောပြချက်အရ သိရကြောင်း၊ 

ထိုသို့ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေစဉ် ၂၀၁၂၊ အောက်တိုဘာ (၁၉)ရက်နေ့ သောကြာနေ့ ညပိုင်းက အလုပ်နားချိန်တွင် ၄င်းတို့ဘောလုံးကန်ရေချိုးပြီး အရက်သောက်ကြရာ မင်းမင်းဦးနှင့် ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး တို့ ည(၇း၃၀)အချိန်ခန့်တွင် စကားများကြ၍ ၀ိုင်းဝန်းဖြန့်ဖြေ ပေးခဲ့ကြောင်း၊

ထို့နောက်အခန်းသို့ ပြန်ကြကြောင်း ထိုနေ့ည (၈း၃၀)အချိန်ခန့်တွင် ၀င်းမြင့်အောင်(ခ) ၀င်းမြင့်ဦး(ခ)ပီချေးသည် လုပ်ငန်းသုံးစွဲသည့် တူတစ်လက်အားကိုင်၍ မင်းမင်းဦးနေထိုင်ရာ အခန်းပေါက်ဝသို့ ၀င်လာပြီး မင်းမင်းဦး၏ ဦးခေါင်းအား နောက်ဘက်မှရိုက်ရာ မင်းမင်းဦးရှေ့သို့ လှည့်စဉ် နဖူးစပ်နှင့် နားထင်အထက်တွင် ရိုက်မိဒဏ်ရာရရှိကြောင်း ဆေးရုံသို့ ညတွင်းချင်းပို့ကြစဉ် မင်းမင်းဦးမှာ ၂၀၁၂၊ အောက်တိုဘာ(၂၀)ရက်နေ့တွင် ရရှိဒဏ်ရာနှင့် သေဆုံးခဲ့သည်ဟု ၂၀၁၂၊ အောက်တိုဘာ (၂၂)ရက်နေ့ ည(၁၀း၀၀)အချိန်ခန့်တွင် မောင်မျိုးလင်းမှ တရားလို ဦးဇော်လွင်ထံ  ဖုန်းဆက်ပြောပြသိရကြောင်း 

ဝင်းမြင့်အောင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၄င်း၏ဗီဇာအမှတ်မှာ (ပီအေ ၀၅၁၃၁၇)ဖြစ်ကြောင်း မောင်မျိုးလင်း၏ ပြောပြချက်အရ သိရကြောင်း ၀င်းမြင့်အောင်၏ နေရပ်လိပ်စာအပြည့်အစုံမှာ ၀င်းမြင့်အောင်(ခ)၀င်းမြင့်ဦး(ခ)ပီချေး (ဘ)ဦးခင်မောင်ဝင်း၊ ၉/လ၀န(နိုင်) ၀၇၅၈၀၆ ပင်ငမြောင်ကျေးရွာ၊ သစ်ပုတ်ပင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖြစ်ကြောင်း ပြောပြသိရသည်ဆို၏။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမင်းဦးအား တူဖြင့်ထုရိုက်သတ်သူ ၀င်းမြင့်အောင် (ခ)၀င်းမြင့်ဦး(ခ)ပီချေး အား ဥပဒေအရ အရေးယူပေးပါရန် ဦးလေးဖြစ်သူ ဦးဇော်လွင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့်
တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၂၈၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် (၂၉.၁၁.၂၀၁၂) ရက်နေ့ ညနေ(၃း၀၅)အချိန် အမှုရေးဖွင့်ပြီး အမှုစစ် ရဲအုပ်စခန်းမှူး လှငွေမှ အမှုအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟင်္သာ(တောင်တွင်းကြီး)
Hot News
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ညောင်ပေါ်ကျေးရွာနေသူမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်သွားစဉ် ထိုင်းနိုင်ငံတွင် နိုင်ငံသားအချင်းချင်း လူသတ်မှုတစ်ခု ဖြစ်ပွါးကြောင်း (၂၉.၁၁.၂၀၁၂) ရက်နေ့ နံနက်(၁၀း၀၀)အချိန်ခန့်က မြို့နယ်အခြေစိုက်သတင်းထောက်များမှ သတင်းရရှိခဲ့သည်။

လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ

Photo: လူကိုရိုက်ပြီး ကုမ္ပဏီပိုင်ငွေယူ
Thursday, 29 November 2012

၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံ
ဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အား အမည်မသိ   
လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့်ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင်သွားကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ 

ကိုထွန်းထွန်းနိုင်တွင် ဦးခေါင်း၌ ဒဏ်ရာ ၁ ချက်၊ ယာဘက်နဖူး
လက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လက်မဝက်ခန့်ဖူးရောင်
ညိုမဲဒဏ်ရာ ၁ ချက် ရရှိထားပြီး မေးမြန်းခဲ့ရာ ၁၂၁၅ အချိန် ရုံးခန်းအတွင်း တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်(၂)စီးဖြင့် လူ ၄ ဦးရောက်ရှိ လာကြောင်း၊ ၂ ဦးမှာ နှာခေါင်းစည်းဖုန်းကာ အနက်စွပ်ထားကြောင်း၊ ၁ ဦးက ချုပ်ကိုင်ပြီး ဓါးဖြင့်ထောက်၍ ကျန် ၁ ဦးက ရေနွေးဓါတ်ဗူးဖြင့် ရိုက်ကာ ချုပ်ထားသူက တွန်းလှဲခဲ့၍ သတိမေ့သွားကြောင်း၊ သတိပြန်ရချိန်တွင် အိမ်ခန်းအတွင်းရှိ
ငွေကျပ် (၆၅ဝ)သိန်း ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သော ကြောင့် ဖားကန့်ရဲစခန်း (ပ) ၂ဝ၄/၂ဝ၁၂၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force


၂၇-၁၁-၂ဝ၁၂ ရက်နေ့ ၁၃ဝဝ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နေ ဦးအေးမင်းထွန်း (၃၆)နှစ်သည် ကုမ္ပဏီရုံးချုပ်တွင်ရှိနေစဉ် တာဝန်ခံ
ဦးအေးမင်းမှ ရုံးရှိ အရောင်းစာရေး ကိုထွန်းထွန်းနိုင်အား
အမည်မသိ လူ ၄ ဦးက ရိုက်နှက်ကာ ဂျပ်ဖာဖြင့်ထည့်ထားသော ကုမ္ပဏီပိုင်ငွေကျပ် (၆၅ဝ)သိန်းအား ယူဆောင်သွားကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

"အန္တရာယ်ရှိ အဆောက်အအုံထဲတွင် ရှစ်ထပ်တိုက်များ ပါဝင်လာ"


 Photo: "အန္တရာယ်ရှိ အဆောက်အအုံထဲတွင် ရှစ်ထပ်တိုက်များ ပါဝင်လာ"
Thursday, 29 November 2012

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသောတိုက်များထဲတွင် ရှစ်ထပ်တိုက်များပါဝင်လာသည့်အတွက် ပြန်လည်တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ် ခံရသော အဆောက်အအုံများမှာ ယခင်နှစ်ထပ်တိုက်များသာ အများ ဆုံးပါဝင်ပြီး ယခုလပိုင်း စစ်ဆေး တွေ့ရှိရသည့် အဆောက်အအုံများ တွင် ရှစ်ထပ်တိုက်များ ပါဝင်သည် ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံ (DB) အဖြစ် သတ်မှတ်ခံရသော အဆောက်အအုံမှာ အထပ်နိမ့်ဖြစ် ပါက အထပ်မြင့်ဆောက်လုပ်၍ အကျိုးအမြတ် ခွဲဝေယူမည့် ကန် ထရိုက်တာ ပေါ်ပေါက်နိုင်သော် လည်း နဂို အထပ်မြင့် အဆောက် အအုံဖြစ်နေလျှင် အကျိုးအမြတ် ခွဲဝေရရှိနိုင်ခြင်း မရှိ၍ ဆောက် လုပ်မည့် ကန်ထရိုက်မရှိသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင် သည် ဟု ၄င်းက ပြောသည်။

''အန္တရာယ်ရှိတယ်လို့ သတ် မှတ်ခံရတဲ့ အထပ်မြင့်တိုက်တွေ က တရားဝင် ကန်ထရိုက်နဲ့ ဆောက်ခဲ့တာမျိုးဆိုရင်တော့ ဌာန က ကန်ထရိုက် ကို ပြန်ခေါ်ပြီး တစ်ခုခု စေခိုင်းတာမျိုးတွေ လုပ် ပေးလို့ရတယ်။ တရားဝင် ကန် ထရိုက်မဟုတ်ရင်တော့ နေထိုင်သူ တွေပဲ စီစဉ်ဆောင်ရွက်ရမှာပါ'' ဟု ၄င်းက ပြောသည်။

အန္တရာယ်ရှိသည်ဟု သတ်မှတ် ခံရသော အဆောက်အအုံရှိ နေ ထိုင်သူများတွင် မြေရှင်ပါဝင်ပါက ထပ်မံ၍ အသစ်ဆောက်လုပ် လျှင် မြေရှင်အတွက် အကျိုးခံစားခွင့် ပေးရမည် မဟုတ်သော် လည်း နေထိုင်မှုတွင် မပါဝင်ပါက အသစ် ဆောက်လုပ်မှု၌
မြေရှင်အတွက် အကျိုးခံစားခွင့် ထပ်မံပေးရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် တစ်လလျှင် အဆောက်အအုံ ၄ လုံးမှ ၁ဝ လုံး ကြား အန္တရာယ်ရှိအဆောက်အအုံ အဖြစ် သတ်မှတ်ခံရပြီး ယင်း အဆောက်အအုံများမှာ ၁၉၉၂ ခု နှစ်နှင့် ရှေ့ပိုင်းနှစ်များမှ အဆောက် အအုံများ များစွာပါဝင်ကြောင်း အထက်ပါအရာရှိထံမှ သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံ အား နှစ်ကာလဖြင့် သတ်မှတ်ခြင်း မျိုးမဟုတ်ဘဲ ခံနိုင်ရည်ဖြင့်သာ သတ်မှတ်ခြင်းဖြစ်သည်။ငလျင်ပညာရှင် ဦးစိုးသူရထွန်း ကလည်း ၁၉၉ဝ မှ ၂ဝဝဝ ခုနှစ် ကြားရှိ အဆောက်အအုံ အများစု စုသည် ဈေးကွက်လိုအပ်ချက်အရ ဆောက်လုပ်ခဲ့ရာ စစ်ဆေးကြပ်မတ် မှု အားနည်းခဲ့၍ ငလျင်ဒဏ် ခံနိုင် ရည်အတွက် စိုးရိမ်ရသည်ဟု ပြောသည်။

အန္တရာယ်ရှိသည်ဟု ယူဆရ သောအဆောက်အအုံအား မြေရှင်၊ နေထိုင်သူ၊ အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် ရပ်ကွက်နေ ပြည်သူများက လာ ရောက်စစ်ဆေးပေးရန် ရန်ကုန် စည်ပင်သို့ အကြောင်းကြားပါက ဌာနမှ သွားရောက်စစ်ဆေး၍ (DB) အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ပေးကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

''ဌာနက DB သတ်မှတ်လိုက် တဲ့နေ့ကစပြီး နေထိုင်ရန် မသင့် တော့ပါဘူး။ အကယ်၍နေလို့ တစ်ခုခုဖြစ်ရင်တော့ နေထိုင်သူတွေ နဲ့ပဲသက်ဆိုင်ပါတယ်'' ဟု ရန်ကုန် စည်ပင်အရာရှိက ထပ်လောင်း ပြောသည်။

ဝေမာထွန်း
Popular Myanmar News Journal

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသောတိုက် များထဲတွင် ရှစ်ထပ်တိုက်များ ပါဝင် လာသည့်အ တွက် ပြန်လည် တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။ အန္တရာယ်ရှိအဖြစ် သတ်မှတ် ခံရသော အဆောက်အအုံများမှာ ယခင်နှစ်ထပ်တိုက်များသာ အများ ဆုံးပါဝင်ပြီး ယခုလပိုင်း စစ်ဆေး တွေ့ရှိရသည့် အဆောက်အအုံများ တွင် ရှစ်ထပ်တိုက်များ ပါဝင်သည် ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
 

တရုတ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆရာတော်ဝီရသူမှ ဦးဆောင်ဆန္ဒဖော်ထုတ်မည် မဟုတ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tjURghfyj-E-dniGLkvhcvGvCwf0HrjvKxKa6Lskl_krta6X4_4-QNvYMjX1lFLVk6e5c-wWtTCEf2Ds0ghT2G4OBugD3zc_q1be8Xm-qGxI_WjhRhXuNuML0MG216mbvGXBIw0nu_12/s1600/Untitled.png
မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆရာတော် ၀ီရသူမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်သွား မည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မမှန်ကြောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။"ဦးဇင်းကို ဘယ်သူကမှ လာပြီးမလျှောက်သလို ၊ ဘယ်သူမှလဲ လာပြီးတိုင်ပင်မှု မပြုလုပ်ပါဘူး" ဟု ဆရာတော်ဝီရသူက မိန့်ကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်း လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖေါ်ပွဲကို မန္တလေးမြို့ တွင်လည်း ဆရာတော်ဝီရသူ

အီဂျစ်ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်ရင်ဆိုင်


http://gdb.voanews.eu/BAE80DA2-0FF6-4B5B-96C1-E46481D11B6F_w640_r1_s.jpg

အီဂျစ်သမ္မတ မိုဟာမက်မော်ရ်စီကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကို ကိုင်ရိုမြို့မှာ ဒီနေ့ ဗုဒ္ဒဟူးနေ့မှာလည်း ဆက်လက် ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့ ၀င်တွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေကြဆဲပါ။

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQqby053NHMKbVtVgPqg6DdaqfNsTKt73hmxbdsIU45iNcjJPM-Ermwwg-lI_fM3CrVaqxaqHa05AOO2KasFICUlJpP-fC3pnp2ydTwsh4hSD-6wDaOdsuxtJyfQ1MHqVtgzrRP9PnJI/s200/00000000000000000000+copy.jpg
မြောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲေ ဆာင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။အမေရိကန် ကြက်သွန်နီ စာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။ သို့သော်ငြား တရုတ် ကွန်မြူနစ်ပါတီရဲ့ People’s Daily - ပြည်သူ့ နေ့စဉ်သတင်းစာ အင်တာနက်စာမျက်နှာမှာ  အဲဒါကို အတည်ယူပြီး သတင်းရေးထားပါ

ရခိုင်ပါတီဝင်တချို့ကို ရဲက ခေါ်ယူ ခြိမ်းခြောက်နေ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgPjyupGvJpwsjHECjbZOGw5I1pArsF_w9OYivCGaLe0pRPNgFAQwCJFAJxB-hmTA-8YaA_vlkDOcUDCARdaWWZDD7DtF6El-skyamhEIHAZOY7Qpnih467zfo0K5J3n9UP1QecZZ2Q4/s200/00000000000000000000+copy.jpg
ပါက်တောမြို့နယ်၊ ချင်းပြည်နယ်ထဲက ရခိုင်တိုင်းရင်း သားတွေ နေထိုင်တဲ့ ပလက်ဝ မြို့နယ်တို့မှာ ပါတီဝင် အဖြစ်လျှောက် ထား သူတွေကို အမည်နဲ့မှတ်ပုံတင်တွေ ကွဲလွဲနေတယ် ဆိုပြီးတော့ ပါတီဝင်တွေကို ခေါ်ယူ စစ်ဆေးတာ၊ ခြိမ်းခြောက်တာနေတယ်လို့ ALD ရဲ့ ပေါက်တော မြို့နယ် ဒု ဥက္ကဋ္ဌ ဦးမြတ်ထွန်းက

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ

တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်နှင့် မဟာဝိဇယစေတီ မြင်ကွင်းများ


မဟာဗန္ဓုလ တံတားနေရာ တဝိုက်တွင် ယာဉ်မတော်တဆမှု အများဆုံးဟုဆို


http://burma.irrawaddy.org/wp-content/uploads/2012/11/DSC00035.jpg

ရန်ကုန်မြို့ ဒေါပုံမြို့နယ်တွင် ရှိသော မဟာဗန္ဓုလ တံတားတွင် ယာဉ်ကြံ့ခိုင်မှုမရှိဘဲ အရှိန်လွန်မောင်းနှင်ခြင်း များပြားနေ သောကြောင့် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားရာ နေရာတခု ဖြစ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး၏

တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ်သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း

လက်ပံတောင်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲ ခံလိုက်ရပြီ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို ယနေ့ နံနက် ၃ နာရီ ၀န်းကျင်က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ သုံးပြီး အစိုးရက အကြမ်းဖက် ဖြိုခွဲလိုက်ပြီဖြစ်ပါတယ်။ 


 ကြေးနီစီမံကိန်း ရပ်တန့်ရေး လက်ပံတောင် သပိတ်စခန်း တခု၏ ဖျက်ဆီးမခံရခင် မြင်ကွင်း၊ ဓာတ်ပုံ- OpenSociety Monywa
 
သပိတ်မှောက်နေကြတဲ့ ရဟန်းသံဃာတချို့ ထိခိုက် ဒါဏ်ရာ ရပြီး သပိတ်မှောက် ဒေသခံ ကျေးရွာသူ၊ ရွာသား တချို့လည်း ဒါဏ်ရာများ ရရှိသွားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ အချို့ရှိကြောင်း သိရ

http://sphotos-e.ak.fbcdn.net/hphotos-ak-snc7/574491_497875953586381_2022014019_n.jpg
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းမှ သပိတ်စခန်းများအားနိုဝင် ဘာလ၂၉ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်၍ လုံခြုံရေး ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့သဖြင့် ဒဏ်ရာရရှိသူ အချို့ရှိကြောင်း ကြေးနီ စီမံကိန်း ဧရိယာတွင် ရောက် ရှိနေသော Eleven Media Group မှ သတင်းထောက်၏

ဂျေဆင်မရက်ဇ်ပွဲ အခမဲ့လက်မှတ်များ ဒီဇင်ဘာ ၆ ရက်တွင် စတင်ထုတ်ယူနိုင်

     လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့အစည်း MTV EXIT ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုhttp://sphotos-c.ak.fbcdn.net/hphotos-ak-ash3/542814_497885040252139_440063314_n.jpg



တော် ဂျေဆင်မရက်ဇ်၏ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်များကို ဒီဇင်ဘာ ပထမပတ်အတွင်း