အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသသို့ အကြမ်းဖက် သောင်း ကျန်းသူများ မဝင်ရောက်နိုင်ရေး၊ နယ်စပ်ပြဿနာများ ထပ်မံမပေါ်ပေါက် စေရေးတို့အတွက် အလံတင် အစည်းအဝေး တစ်ရပ်ကို ရက်ပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
Monday, 2 June 2014
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်

အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး စိတ်ပါ ဝင်စားသူ ကျောင်းသား ဟောင်းများ အလှူငွေ ထည့်ဝင်နိုင်ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။
အင်အားပြင်းထန်သည့် နေရောင်ခြည်စက်ဝန်း ပေါက်ကွဲ
အင်မတန် အင်အား ကြီးမားပြင်းထန်တဲ့ နေရောင်ခြည်စက်ဝန်း ပေါက်ကွဲမှုတရပ် နေရဲ့ဘေးကနေ ပန်းထွက်လာပုံကို အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ)ရဲ့ နေနဲ့ နက္ခတာရာ လေ့လာရေးမျှော်စင် (အိုင်အာအိုင်အက်စ်)က ဖြန့်ချိလိုက်ပါတယ်။
ရွှံ့မီးတောင်တွေ့၍ ကျောက်ဖြူ အထူးစီးပွားရေးဇုန် နေရာပြောင်းမည်
ကျောက်ဖြူ အထူး စီးပွားရေးဇုန် တည်ဆောက်ရန် လျာထားသည့် နေရာ အနီးတွင် ရွှံ့မီးတောင်တစ်ခု ရှိသည်ဟု အကြံပေး ကုမ္ပဏီက တင်ပြလာသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို နေရာရွှေ့ပြောင်းရန် စီစဉ်နေပြီဟု တင်ဒါရွေးချယ်ရေးအဖွဲ့က အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
စပါးကြီး မြွေလေးကောင်က လူကိုနှိပ်နယ်ပေး

ဆီဘူး- ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့ရဲ့အပန်းဖြေတိရစ္ဆာန်ဥယျာဉ်ကို လာရောက်လည်ပတ်ကြသူတွေအတွက် ထူးခြားတဲ့ အနားယူနိုင်စရာ အခွင့်အရေးအနေနဲ့ စပါးကြီးလေးကောင်က အညောင်းပြေ နှိပ်နယ်ပေးနေတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြထားပါတယ်။
ကျောင်းဖွင့်ချိန် ရောက်သော်လည်း အခြေခံပညာကျောင်းအချို့ ပြဋ္ဌာန်းစာအုပ် မလုံလောက်သေး

၂၀၁၄-၂၀၁၅ ပညာသင်နှစ် စတင်ပြီဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်း အခြေခံ ပညာ ကျောင်းအချို့တွင် ပြဋ္ဌာန်းစာအုပ်များလုံလောက်စွာ မပေးနိုင်သေးကြောင်း ပညာရေးအသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။
အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပမည်

အရှေ့တောင်အာရှ တက္ကသိုလ်များ ကွန်ရက်ဝင် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကြီး၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားပြီး စိတ်ပါဝင်စားသူ ကျောင်းသားဟောင်း များ အလှူငွေထည့်ဝင်နိုင်ကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်နိုင်ဦးကပြောကြားသည်။
တပ်အင်အားဖြည့်ထားဖို့လိုရင် နိုင်ငံတော်ကလိုအပ်သလိုစီမံသွားမှာပါ

၂၀၁၁ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သည့် အမျိုးသမီးငယ်တစ်ဦးအဓ်္ဓမပြုကျင့်ခံ၍ အသတ်ခံရမှုကို အခြေခံကာရခိုင်ပြည်နယ် အတွင်း မတူညီသည့်လူ့အဖွဲ့အစည်းနှစ် ခုအတွင်းပဋိပက္ခများနှင့် ခြေအနေတင်း မာမှုများ ပြင်းထန်လာခဲ့ပြီး ဒေသခံ ထောင်ချီ၍ဒုက်္ခရောက်ခဲ့ကြရသည်။ ဖြစ်စဉ်ဖြစ်ရပ်များတွင်း သေဆုံးသူအရေ အတွက်မှာလည်းများစွာရှိခဲ့သည့်အပြင် ယခုနှစ်မတ်လတွင် ယူအန်အဖွဲ့အစည်း တစ်ခုမှ အမျိုးသမီးဝန်ထမ်းတစ်ဦး၏ လုပ်ရပ်ပေါ်အခြေခံ၍ အဆိုပါအမျိုးသမီး တာဝန်ထမ်းဆောင်သည့်အဖွဲ့အစည်းရုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက်နိုင်ငံတော်မှ အရေးပေါ်အခြေ အနေပေါင်းစပ်ညှိနှိုင်းစင်တာကိုဖွဲ့စည်း ပေးခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့် ဒေသတွင်RSO ရိုဟင်ဂျာသောင်းကြမ်း သူအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံနယ်ခြား စောင့်တပ်ဖွဲ့များ အခြေအနေတင်းမာမှု ဖြစ်ပေါ်လျက်ရှိရာအရေးပေါ်အခြေအနေ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုတိယဥက်္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် လက်ရှိရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသည့်အခြေအနေ များနှင့် ပကတိအခြေအနေများကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။
ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေး ရှင်း သွားရောက်ဆေးကု
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်အတွင်း ပျံ့နှံ့ ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားရောက် ဆေးကု သပေးနေကြောင်း ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။
နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။
လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ် သင့်တဲ့ အစားအစာ (၆)မျိုး

လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ်ပါတယ်။
အာရှပစိဖိတ် အလှမယ်ဆု ရရှိခဲ့သည့် မေမြတ်နိုး

ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်အလှမယ်ပြိုင်ပွဲမှာ အဓိက Tital ဆုကို မြန်မာအလှမယ် မေမြတ်နိုးက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အများအားဖြင့် မုတ်သုံလေအားအသင့် အတင့်ရှိနေ ပါတယ်။ ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်ုတိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။
အီရန်တွင် Facebook အသုံးပြုသူ ရှစ်ဦး စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်ခြင်းခံရ

အီရန်နိုင်ငံတွင် ဆိုရှယ်မီဒီယာ Website တစ်ခုဖြစ်သည့် Facebook ကို အသုံးပြုပြီး အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်မှုများ ပြုလုပ်သည် ဆိုကာ လူရှစ်ဦးကို စုစုပေါင်း ထောင်ဒဏ် ၁၂၃ နှစ် ချမှတ်လိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ပီလီ၏သား မူးယစ်ဆေးမှု ငွေမည်း ခ၀ါချမှု များဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ်ခံရ
ဘရာဇီးဂန္တ၀င် ဘောလုံးသမားကြီး ပီလီ၏သားဖြစ်သူ အီဒင်ဟို သည် မူးယစ်ဆေး ရောင်းဝယ်မှုမှ ရရှိသော ငွေမည်းများကို ခ၀ါချ ခဲ့မှုဖြင့် ထောင်ဒဏ် (၃၃) နှစ် ချမှတ် ခံရကြောင်း သိရသည်။
နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုကြောင့် နယ်စပ် ကုန်သွယ်မှု တုံ့နှေး
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် RSO လက်နက်ကိုင်များနှင့် မြန်မာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ၍ မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်သို့ ကုန်သွယ်မှုများတုံ့နှေးနေကြောင်း ရေထွက်ပစ္စည်းတင် ပို့သူ ကိုထွန်းဝင်းက ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။
ကျောင်းအပ်ချိန် ပခုက္ကူ အထက်တန်းကျောင်းများ အပိုကြေး ကောက်ခံဟု ကျောင်းသားမိဘဆို
၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ် လက်ခံလျက်ရှိရာ မကွေးတိုင်းဒေ သကြီး၊ ပခုက္ကူမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၄)၊ အ.ထ.က (၅) အပါအဝင် မြစ်ခြေတိုက်နယ်ရှိ အထက်တန်း ကျောင်းများအနေနှင့် ကျောင်းအပ် လက်ခံရာတွင် အပိုကြေးများ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထား၍ မရပါက ကော်မတီသို့ တင်ပြနိုင်ဟုဆို

နိုင်ငံရေး အကျဉ်းသားဟောင်းများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခက်အခဲများ ရှိပါက လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံသို့ တင်ပြအကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကော်မတီဝင်များထံမှ သိရသည်။
အိန္ဒိယနိုင်ငံ တယ်လန်ဂါနာ ပြည်နယ်သစ်အဖြစ် ခွဲထွက်ထူထောင်

အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်အဖြစ် တယ်လန်ဂါနာပြည်နယ် (Telangana ) ဟာ အိန္ဒိယနိုင်ငံ ရဲ့ ပြည်နယ်ကြီးတခုဖြစ်တဲ့ အင်ဒရာပရာဒက်ရှ့် ပြည်နယ်(Andhra Pradesh) ကနေ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ က ခွဲ ထွက်ထူထောင်ခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး ၈၈ အဖွဲ့ ဟန့်တားခံရ
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နယ်လှည့် ဟောပြော နေတဲ့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေ ဟားခါးမှာ ဟောပြောဖို့ စီစဉ် ထားတဲ့ နေရာကို ချင်း ပြည်နယ် အစိုးရ က အကြောင်း ပြချက် မပေးဘဲ ခွင့်ပြု မိန့် ပယ်ချ လိုက်ပါတယ်။
1876 Call Center မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မည်

တယ်လီဖုန်းကနေ ၀န်ဆောင်မှုပေးနေတဲ့ 1876 Call Center ဟာ မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ နေ့အပူချိန်များ မြင့်တက်၍ မိုးလျော့နည်းမည်

အယ်နီညို ရာသီဥတုသို့ ရောက်ရှိခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရာသီကာလအတွင်း နေ့အပူချိန်များ မြင့်တက်ပြီး မိုးရွာသွန်းမှုလည်း လျော့နည်းမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
မှုခင်းကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများကို ရဲတပ်ဖွဲ့က စစ်ဆေး
မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးတွင် ညအချိန်များ၌ အပန်းဖြေအနားယူနေသည့် မိန်းမလျာ များအား မှုခင်းကြို တင်ကာကွယ်ရေးဟုဆိုကာ လှည့်ကင်းရဲအဖွဲ့များက မေ ၃၀ ရက်က ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက ပြောသည်။
အခွန်တိမ်းရှောင်သော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ် ပေးမှု အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန်လို
အခွန်တိမ်းရှောင်နေသော ကုမ္ပဏီကြီးများအား ဗြောင်ကျကျ အကာအကွယ်ပေးလာသည့် လုပ်ရပ်များ အပေါ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်လာသည်။
မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံတွင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကြေးရုပ်ထားရှိမည်
မြန်မာ့ဇာတ်သဘင် လောကတွင် နာမည်ကျော် ထင်ရှားခဲ့သော အလင်္ကာ ကျော်စွာဆု တံဆိပ် ချီးမြှင့်ခြင်းခံ ခဲ့ရသည့် အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ အထိမ်းအမှတ် ကြေးရုပ်တုကို မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ ထားရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်း ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာရှိ

အရှေ့တောင်အာရှတွင် ကင်ဆာဖြစ်ပွားနှုန်း အများဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံတွင် ကင်ဆာအထူးကု ဆရာဝန်ဦးရေ ၆၀ နီးပါးသာ ရှိပြီး လူဦးရေနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသေးကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း နာယက ပါမောက္ခ ဒေါက်တာရဲမြက ပြောကြားသည်။
ဖွဲ့စည်းပုံခုံရုံး ဥပဒေ ပြန်ပြင်ရန် သမ္မတကြိုးပမ်း
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အစိုးရက ထုတ်ပြန်လိုက်ခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို သမ္မတက ပြန်လည် ပြင်ဆင်ရန် ခြေလှမ်းစတင်လိုက်ပြီဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရန် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ဆန္ဒထုတ်ဖော်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဟိုတယ်၊ ခရီးသွားလုပ်ငန်နှင့် ဆက်စပ်နေသူများ ဖြစ်သော ပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် ၅၀ ခန့်သည် မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အရေး မောင်တော၌ ဇွန် ၅ ရက်တွင် ဆွေးနွေးမည်
ရခိုင်ပြည် နယ်ခြားစောင့်အဖွဲ့နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သော ပြဿနာများအရေး နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများသည် မေ ၅ရက် ရခိုင်ပြည်နယ် မောင်တောမြို့ဒေ၀ါနဒီခန်းမတွင် တွေ့ဆုံ ဆွေးနွေးကြမည်ဟု မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဇွန် ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဆန္ဒပြခို လှုံခွင့်တောင်း ခံသူ တွေကို ပြန်လည် ထိန်းသိမ်း နိုင်လို့ဆို

သြစတြေးလျနိုင်ငံပိုင် ခရစ္စမတ်ကျွန်းလူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရသူ အယောက် ၄၀၀ လောက် ဆန္ဒပြခဲ့ကြပေမယ့် အခြေအနေ ငြိမ်သက်သွားပြီလို့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန် တပ်ကြပ်ကြီးကို တာလီဘန်တွေ ပြန်လွတ်ပေး

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ကနေ ငါးနှစ်ကြား ဖမ်းဆီးထားတဲ့ အသက် ၂၈ နှစ်အရွယ် အမေရိကန် စစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ဦးကို တာလီဘန်အဖွဲ့က လွတ်ပေးလိုက်ပါတယ်။
ပြည်ပခရီးသွားလုပ်ငန်း လိုင်စင် အာမခံကြေး သိန်း ၅၀၀ ပယ်ဖျက်ရန် ခရီးသွားလုပ်ငန်း အသင်းဝင်များ သဘောတူ

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မကြာမီ ခွင့်ပြုရန် ရှိသော ပြည်ပခရီးစဉ် လုပ်ငန်း လိုင်စင်အတွက် သတ်မှတ်မည့် အာမခံကြေး သိန်း ၅၀၀ ကို ပယ်ဖျက်ရန် ခရီးသွားကုမ္ပဏီ အများစုက ဆန္ဒပြုကြကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်များထံမှ သိရသည်။
ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲအောင် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်)
ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင် နေ ကြောင်း ဇွန် ၁ ရက်က လယ်ဝေးမြို့၌ ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် ဒေါ်အောင် ဆန်း စုကြည်က ပြောကြားသည်။
နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်

ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
တရုတ်နိုင်ငံမှ ကွန်ဒိုတိုက်ခန်းများ ပြည်တွင်း၌ ရောင်းချမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Cheng Du မြို့ရှိ Neptune ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံတွင် လာရောက် ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ကွန်ဒိုတိုက်ခန်း ရောင်းချရေး မြန်မာနိုင်ငံ တာဝန်ခံ ဦးသော်ဇင်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။
မြန်မာနဲ့ ဆက်ဆံရေး တိုးတက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လိုတဲ့ ဆန္ဒရှိနေဆဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
ယူနိုက်တက်က အလိုရှိနေတဲ့ ရိုးမားကွင်းလယ်ကစားသမား

မန်ချက်စတာယူနိုက်တက်၏ နည်းပြသစ် လူးဝစ်ဇ်ဗန်ဂေါလ်သည် ရိုးမား ကွင်းလယ်လူ နယ်သာလန်သား Kevin Strootman အား ပေါင်သန်း (30) အသုံးပြု၍ ခေါ်ယူရန် ကြိုးစားနေသည်။ အဆိုပါ ကစားသမားသည် ပြီးခဲ့သည့် မတ်လ ကတည်းက ဒူးခေါင်းဒဏ်ရာ ရနေခဲ့ပြီး ထိုဒဏ်ရာကြောင့် ပင်လျှင် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရသူ ဖြစ်သည်။
ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။
ပုဒ်မ ၄၃၆ မပြင်ရေး ဆန္ဒပြပွဲဦးဆောင်သူကို ဒေါ်အောင်ဆန်းစုကြည် မေးမြန်းဆွေးနွေး
ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၃၆ မပြင်ရေး နေပြည်တော် တပ်ကုန်းမြို့ နယ်တွင် ပြင်းထန်စွာ ကန့်ကွက် သူကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ် တန်းက ကားရပ်၍ ၁၀ မိနစ် ကျော်ကြာ တွေ့ဆုံမေးမြန်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူ (RSO) အဖွဲ့မှ ၀င်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေး တပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်း ကျန်းသူ အဖွဲ့မှ ဟုယူဆရသော လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ် ၁ လက်နှင့် ခဲယမ်း အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ပြင်ခဲ့သော် . . .

တပ်မတော် (ရေ) မှ ကိုကိုးကျွန်းအရှေ့ ရေပြင်တွင် Combined Fleet Exercise အစီအစဉ်ဖြင့် လေ့ကျင့်ရေး ပြုလုပ်နေစဉ်
မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၅၂)အနီးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်နှစ်ဦးသည် မြန်မာနယ်စပ်အနီး ပေ ၈ဝ ခန့်သို့ ချဉ်းကပ်လာပြီး လုံခြုံရေးတာဝန် ဆောင် ရွက်နေသော မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပတ်ခတ်မှု ဖြစ်စဉ်တွင် အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး အမ်-၂၂ သေနတ် တစ်လက်၊ ကျည်ကတ်လေးခု၊ ကျည် ၉၈ တောင့် သိမ်းဆည်းရမိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Subscribe to:
Posts (Atom)