Tuesday 7 October 2014

နလှန်းဆားများကို ဆားကောင်း၊ ဆားသန့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရ ကျပ်သိန်းသုံးရာထုတ်ချေးမည်

Photo: နလှန်းဆားများကို ဆားကောင်း၊ ဆားသန့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရ ကျပ်သိန်းသုံးရာထုတ်ချေးမည်
Tuesday, October 7, 2014

နေလှန်းဆားများ အဓိက ထုတ်လုပ်နေသည့် ရခိုင်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို ဆားကောင်း၊ ဆားသန့်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ချေးငွေကျပ်သိန်းသုံးရာ ထုတ် ချေးပေးမည်ဟု သတင်းရရှိ သည်။

ရခိုင်ပြည်နယ်ထွက် ဆား များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သော်လည်း ၀ယ်ယူမှုဈေး ကွက် မတည်ငြိမ်ကြောင်း ဆား တင်ပို့သူတစ်ဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆားဝယ်ယူ မှုဈေးကွက်မတည်ငြိမ်ခြင်းမှာ နိုင်ငံရေးမူဝါဒများနှင့် အရည်အ သွေးမပြည့်မီခြင်းတို့ကြောင့်ဟု ဆိုသည်။

‘‘ဘင်္ဂလားဒေ့ရှ်ရဲ့ ဆားဈေး ကွက်က ပြောင်းသွားပြီ။ လွန်ခဲ့ တဲ့ လေး၊ ငါး၊ ခြောက်နှစ်ကလို အရည်အသွေးညံ့တဲ့ ဆားတွေ မ၀ယ်တော့ဘူး။ ဆားကောင်း၊ ဆားသန့်တွေပဲ ၀ယ်တယ်။ ထုတ် လုပ်မှုစနစ်ကလည်း ပြောင်းသွား ပြီ။ ဆားကောင်း၊ ဆားသန့်ရဖို့ ပလတ်စတစ် အခင်းတွေနဲ့ ထုတ် လုပ်နေကြတာကို တွေ့ခဲ့ရတယ်’’ ဟု ဘင်္ဂလားဒေ့ရှ် ဆားဈေးကွက် သို့ သွားရောက်လေ့လာခဲ့သူတစ် ဦးက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ ဆားတောင်သူ များပါဝင်သည့် ရွှေအဏ္ဏ၀ါဆား ထုတ်လုပ်သူများ အသင်းသို့ ၂၀၁၁-၁၂ ခုနှစ်တွင် ကျပ်သိန်း ၂၀၀၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၂၀၀ ထုတ်ချေးပေး ခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် လည်း ရခိုင်ပြည်နယ် ဆားထုတ် လုပ်သူတောင်သူများ ပါဝင်ဖွဲ့ စည်းထားသော တက်နေ၀န်း ဆားတောင်သူများအသင်းအား ကျပ် ၃၂၉ သိန်း ထုတ်ချေးပေးခဲ့ သည့်အပြင် ဆားတောင်သူများ ကို နေလှန်းဆားကြမ်းထွက်ရှိမှု အပေါ် မူတည်၍ တစ်ပိဿာ လျှင် ငါးကျပ်နှုန်းဖြင့် ရခိုင်ပြည်နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျပ်သိန်း ၅၀၀ ထပ်မံ ထုတ်ချေးပေးခဲ့ကြောင်း သိရ သည်။

7Day DAILY 

အဆင့်မြင့်စက်ကိရိယာများအသုံးပြုကာ ဆားထုတ်လုပ်နေသည့် ထိုင်းနိုင်ငံ ဆမှတ်ဆခွန်မှ ဆားထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ursulasweeklywanders.com)
အဆင့်မြင့်စက်ကိရိယာများအသုံးပြုကာ ဆားထုတ်လုပ်နေသည့် ထိုင်းနိုင်ငံ ဆမှတ်ဆခွန်မှ ဆားထုတ် လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ursulasweeklywanders.com)
နေလှန်းဆားများ အဓိက ထုတ်လုပ်နေသည့် ရခိုင်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို ဆားကောင်း၊ ဆားသန့်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ချေးငွေကျပ်သိန်းသုံးရာ ထုတ် ချေးပေးမည်ဟု သတင်းရရှိ သည်။

မက္ကဆီကိုကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှု တာဝန်ရှိသူအားလုံးကို ဖမ်းဆီးမည်

Photo: မက္ကဆီကိုကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှု တာဝန်ရှိသူအားလုံးကို ဖမ်းဆီးမည်
Tuesday, October 7, 2014

မက္ကဆီကိုသမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တို (Enrique Pena Nieto)က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးကို ဖမ်းဆီးအရေးယူမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က အခိုင်အမာပြောဆိုပါတယ်။

သမ္မတရဲ့ မိန့်ခွန်းအပြီးမှာပဲ အခင်းဖြစ်ပွားခဲ့တဲ့ မြို့ခံရဲတပ်ဖွဲ့တွေကို လက်နက်တွေ ဖြုတ်သိမ်းခဲ့ပြီး မြို့ကိုလည်း အထူးရဲတပ်ဖွဲ့က ပိတ်ဆို့ လိုက်ပါတယ်။

ဒေသခံ လူမျိုးစုဆရာတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုကို မကျေနပ်လို့ ဆရာဖြစ်တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြခဲ့တာမှာ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ကျောင်းသား ၄၃ ဦးလည်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ရဲတွေက ပစ်ခတ်လို့ ကျောင်းသား ၆ ယောက် သေဆုံးပြီး ရဲ ၂၂ ယောက်လည်း ဖမ်းဆီးခံထားရပါတယ်။

သမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တိုက ဖြစ်ရပ်အပေါ် တုန်လှုပ်ချောက်ချားခဲ့ပြီး ပါဝင်ပတ်သက်သူတွေ ဘယ်သူမှ မလွတ်စေရဘူးလို့ ပြောဆိုပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတခုမှာ မီးလောင်ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်း ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေတဲ့ကျောင်းသားတွေရဲ့ ရုပ်အလောင်းဖြစ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

မှုခင်းစုံစမ်းရေးအာဏာပိုင်တွေက ဒီရုပ်အလောင်းတွေ ပျောက်ဆုံးနေတဲ့ကျောင်းသားတွေ ဟုတ် မဟုတ် စစ်ဆေးမှုတွေ လုပ်နေပြီး ၂ ပတ်အကြာမှာ အဖြေထုတ်နိုင်မယ်လို့ သိရပါတယ်။

ထွက်ပြေးနေတဲ့ မြို့တော်ဝန် အီးလ်ဂွေ့လာ (Iguala၊)နဲ့ လုံခြုံရေးအကြီးအကဲကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံမှာ အစိုးရအာဏာပိုင်တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ထဲထဲဝင်ဝင် ပတ်သက်ဆက်ယှက်မှုတွေ ရှိနေတာကို ပြသနေတယ်လို့လည်း မက္ကဆီကို သတင်းမီဒီယာတွေက ဖော်ပြကြတယ်။

DVB
မက္ကဆီကိုသမ္မတ အန်းရီကွက်အ် ပီနာ နစ်အ်တို (Enrique Pena Nieto)က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအားလုံးကို ဖမ်းဆီးအရေးယူမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က အခိုင်အမာပြောဆိုပါတယ်။

ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုမည့် ဆွီဒင်၏ လုပ်ရပ်ကို အစ္စရေး ဆန့်ကျင်ကန့်ကွက်

Photo: ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုမည့် ဆွီဒင်၏ လုပ်ရပ်ကို အစ္စရေး ဆန့်ကျင်ကန့်ကွက်
Tuesday, October 7, 2014

စတော့ဟုမ်း (Stockholm ) ရှိ ဗဟိုလက်ဝဲ အစိုးရသစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ရှိကြောင်း ကြေညာချက် ကို ဆန့်ကျင်ကန့်ကွက်ရန် အစ္စရေးသည် ဆွီဒင်သံအမတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တနင်္လာနေ့ က ဆင့်ခေါ်ခဲ့သည်။

ဆွီဒင်အနေဖြင့် ပါလက်စတိုင်းကို အသိအမှတ်ပြုရေး ဆောင်ရွက်သွားမည် ဟု လွန်ခဲ့သည့် သောကြာနေ့က ဆိုရှယ်ဒီမိုကရက်ခေါင်းဆောင် ဆွီဒင် ၀န်ကြီးချုပ်သစ် စတီဖန်လော့ဖ်ဗင်က ကြေညာခဲ့သည်။

Ref: New Yourk Times
Yangon Media Group
စတော့ဟုမ်း (Stockholm ) ရှိ ဗဟိုလက်ဝဲ အစိုးရသစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ရည်ရွယ် ချက်ရှိကြောင်း ကြေညာချက် ကို ဆန့်ကျင်ကန့်ကွက်ရန် အစ္စရေးသည် ဆွီဒင်သံအမတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တနင်္လာနေ့ က ဆင့်ခေါ်ခဲ့သည်။

KNU အတွင်းပိုင်း က CIA သီအိုရီ များ (သို့) စောနိုင် အားလုံး သိတယ် အပိုင်း (၂)

Photo: KNU အတွင်းပိုင်း က CIA သီအိုရီ များ (သို့) စောနိုင် အားလုံး သိတယ် အပိုင်း (၂)
Tuesday, October 7, 2014

မြန်မာ နိုင်ငံမှာ အစိုးရ ကို တော်လှန် နေတဲ့ UG အဖွဲ့ပေါင်း များစွာ ရှိတယ်။ ABSDF တို့ တခြား နိုင်ငံရေး အဖွဲ့စည်း တွေ ကမ်ပိန်း တွေ အားလုံး အားလုံး Underground အဖွဲ့ အစည်း တွေရဲ့ Base ဟာ KNU နယ်မြေ ထဲမှာပဲ ရှိတယ်။ NLD ရဲ့ UG အဖွဲ့ တွေ က အစ အရင် က ကရင် ပြည်နယ် ထဲမှာ ပဲ ရှိတာ။ ဒါကို အမေရိကန် က ကောင်းကောင်း သိတယ်။ ဒါက CIA ရဲ့ ပထမ ဆုံး သီအိုရီ ပဲ။ KNU ဟာ မြန်မာ အစိုးရ နဲ့ တစ်သက်လုံး အဆင်ပြေ လို့ ရဘူး တစ်သက် လုံး တိုက်နေ ရမယ် လုံးဝ ငြိမ်းချမ်း လို့ မရဘူး။ ဒါမှ ဒီ နယ်မြေ ကို ချုပ်ထား လို့ ရမယ်။ အဲလိုမှ မဟုတ် ဘဲ KNU ဟာ အစိုးရ နဲ့ငြိမ်းချမ်း ချင်တယ် ဆိုရင် KNU ကို ကျသွား အောင် ပွဲသိမ်း သွားအောင် CIA က လုပ်လိုက် ယုံပဲ ရှိတယ်။ KNU ကျ သွားရင် အားလုံး လက်လွတ် ပွဲကျွတ် ဇတ်သိမ်း သွား လိမ့်မယ်။ CIA ရဲ့ Plan A သည် KNU ထိန်းချုပ် နယ်မြေ ပဲ။ Plan B က ဒေါ်စု၊ Plan C က ကချင်၊ Plan D က ကုလား ပဲ။

အခု အရေးပေါ် အချိန် ကို ရောက်တော့ CIA အနေ နဲ့ Plan လေး ခုလုံး ကို အသက် သွင်း တယ်။ အခု ကြည့်လိုက်ရင် ရှင်းနေ တာပဲ။ ဒေါ်စု က လွဲလို့ ကျန်တဲ့ Plan သုံးခု စလုံး လှုပ် နေတာ CIA ရဲ့ စနက် တွေပဲ။ ဂွမ်မော် အမေရိကန် က ပြန်လာ ကတည်း က ကချင် ဟာ ငြိမ်းချမ်းရေး လုံးဝ မယူတော့ ဘူး ဆိုတာ သေချာ သွားပြီ။ နောက်ပြီး ကုလား၊ ကုလား ဒီလောက် ပြဿနာ ရှာ နေတာ လူ့ အခွင့်ရေး ဘာညာ ဆိုပြီး အမေရိကန် အော်တယ်။ သူ ကိုယ်တိုင် ကုလား ကို တိုက်နေ တာတောင် မြန်မာ ပြည်က ကုလား ကို ဘယ်တုန်း ကများ ဝေဖန် ဘူး သလဲ။ လက်ရှိ အခြေနေ မှာ တော့ KNU က UNFC ကနေ ဆုတ်ပြီ။ အရေး ပေါ် အခြေနေ ရောက် နေပြီ။ အရေးပေါ် ဆိုတာ CIA သတင်း တွေ အရ မြန်မာ ပြည် မှာ တရုတ် ထောက်လှမ်း ရေး တပ်ရင်း နှစ်ရင်း ပြည့် သွားပြီ။ ဒါ့ကြောင့် CIA လုပ်စရာ ရှိတာ လုပ်တော့ မယ်။ နံပါတ် တစ် Plan ကို ရိုက်ချိုးမယ် ဆိုရင် အားလုံး အဆင်ပြေ နိုင်တယ် လို့ CIA တွေး နေတယ်။

အရင် တစ်ခါ တုန်း က CIA မှားပြီး ပြီ။ မြန်မာ ပြည် လက်တွေ့ အခြေနေ နဲ့  CIA သီအိုရီ က အံမ၀င် ခဲ့ဘူး။ ဒေါ်စု ကို ဒေါ်လာ တွေ ဘီလျံ ချီ ရင်းပြီး နိုဘယ် ဆုကြီး ပေးတုန်း က CIA ခွေးဖြစ် ပြီးပြီ။ သူ့လူ သူ သုံးလို့ မရ ခဲ့ဘူး။ ဒေါ်စု နောက်က လူတွေ က ဒေါ်စု ကို ထိုင် ရှိခိုး ဘို့ပဲ တတ်တာ။ အကန်း တွေ ချည်းပဲ။ ဒေါ်စု ဘာလုပ်လုပ် မှန်တယ် ဆိုပြီး စုံမှိတ် ထောက်ခံ တာ။ CIA လိုချင်တာ အဲဒါ မဟုတ် ဘူး။ အဲလို အဖွဲ့မျိုး ကို သေနေတဲ့ အဖွဲ့ လို့ ခေါ်တယ်။ ခေါင်းကြီးပြီး ကိုယ်သေး တယ်။ အံ မ၀င် ဘူး။ ဒေါ်စု ဆိုတာ ကလည်း ပြောမယ့် သာ ပြောတာ ဗိုလ်ချုပ် သမီး ဆိုတာရယ် CIA မြေတောင် မြှောက်ပေး လိုက်တာ ရယ်၊ အရေးခင်း ကာလ မှ ထုတ်သုံး လိုက်တာ ရယ်ကြောင့် လူထု က သူ့နောက် ပါ လာတာ။ ၉၈ လောက် ထိကို ဒေါ်စု ဟာ CIA ရုပ်သေး ပဲ။ ထားပါ တော့ ပြောချင် တာ ဒေါ်စု မဟုတ် ဘူး။

ဒီ တစ်ခါ တော့ CIA နပ် သွားပြီ။ အေး ... အောက်ခြေ KNU တွေ က ပိုနပ်မှ ရတော့မယ့် အခြေနေ ဖြစ်နေပြီ။ မဟုတ် လို့ ကတော့ အောက်ခြေ KNU တွေ ခွေး ဖြစ်ကိန်း ဆိုက် မှာပဲ။ ခု ကြည့် ... နော်စီ ဖိုးရာစိန် ကို ငြိမ်းချမ်း ရေး ဆု ပေးပြီ။ ငြိမ်းချမ်း ရေး တကယ် ယူ ပါမယ် လို့ ပြောတဲ့ မူတူး စေးဖော ကို မပေးပဲ အစိုးရ ကို မသေ မချင်း တော်လှန်မယ် ဆိုတဲ့ စီဖိုးရာစိန် ကို ဘာလို့ ပေး တာလဲ။ စီဖိုးရာစိန် က လည်း ဒေါ်စု နဲ့ တောင် ညီမတွေ ဘာတွေ လုပ်ထား သေးတာ။ ဇတ်က ကြည့်လို့ သိပ် လှတယ်။ KNU ကို CIA က အေးအေး လူလူ ခွဲ နေပြီ။ KNU နှစ်ချမ်း ကွဲရင် ပွဲသိမ်း ပြီ။ ဖထီးမူတူး တို့ ကလဲ သိတယ်။ မငြိမ်းချမ်း ချင်လို့ သွားကြ တာ သွား ပစေ။ ကွဲတာ က ကွဲမှာပဲ ထိန်းလို့ မရ တော့ဘူး။ အေး ... ဒါပေမယ့် သူ့ ကရင် ရဲဘော် တွေကို ရူးသလို ပေါသလို နဲ့ ခေါ်သွားမှာ ကို စိုးရိမ် တာ။ ဖထီး မူတူး တပ်မဟာ မှုး ဘ၀ ကတည်း က အားလုံး ကို ပြောပြီး သား။ ငါ လူကြီး ဖြစ်ရင် ငြိမ်းချမ်းရေး ရအောင် လုပ်မယ် လို့။ KNU မှာ ဒီ လူကြီး တွေနဲ့  ခု အစိုးရ က ဒီသမ္မတ လက်ထက် မှာမှ ငြိမ်းချမ်းရေး မရရင် တစ်သက်လုံး မရ တော့ဘူး။ တစ်သက်လုံး တော ထဲ နေပြီး မျှစ်ပြန် စား ရမှာပဲ။

စီဖိုးရာစိန် တို့ အကြံ က ရှင်းတယ်။ အခု DKBA က ခွဲထွက် လာမယ့် ငမူးတွေ ဖြစ်တဲ့ ဆန်းအောင် တို့ ကျော်သက် တို့ နောက်ပြီး KNLA က ဘာမှ မတတ်တဲ့ ကားသမား တိုက်ဂါး တို့ကို ဟက်ကြီး က ဖားမီး ဆီ ခေါ်မယ်။ ပြီးရင် မဲသဝေါ နားက မောင်ကြာ ဆီ သွားခိုင်း မယ်။ အဲကနေ အားလုံး ပေါင်းပြီး တပ်မဟာ (၅) မှာ လာစု၊ တခြား ကယန်း ပြည်သစ် က ခွဲထွက် ကရင်နီ တွေ ကိုလဲ ပေါင်း ခိုင်းမယ်။ ပြီးရင် ကရင် လွတ်မြောက် နယ်မြေ ဘာညာ ဆိုပြီး ကရင် တပ်မတော် သစ် တည်ထောင် မယ် ပေါ့။ ပြီးရင် ပြန်ချ ကြမယ်။ တောထဲ ပြန်ဝင်မယ့် အကြံ။ KNU အမည် ခံပြီး UNFC မှာ ပေါင်းအုံး မှာ။ သူ တို့က မဲစောက် မှာ နှပ်ပြီး အေးအေး လူလူ နေလို့ ရပေမယ့် ကရင် ရဲဘော် တွေက တော ထဲမှာ တိုက် ရမှာ။ ဗမာ တပ် ကလည်း ဒီ တစ်ခါ နပ် နေပြီ ခြေလျင် တောင် လာချင် မှ လာမှာ အဝေးက ချည်း လွှတ်ရင် အလကား အကုန် သေကုန် မှာ။စီဖိုးရာစိန် တို့က အာဏာ တစ်ခု တည်း အတွက် လုပ်မှာ ကရင် ရဲဘော် တွေကို ကြည့်မှာ မဟုတ် ဘူး။

ဒါတွေ အကုန်လုံး ကို မြှောက်ပေး နေတဲ့ ကောင် ရှိတယ်။ အဲဒါ က တင်မသီ။ သြစတေးလျ နိုင်ငံသား။ လုံးဝ CIA အစစ်။ CIA မှာ ကုတ် နံပါတ် ရှိပြီးသား။ ဘောကျော်ဟဲ ကို စည်းရုံး တာ ဒီကောင် ပဲ။ ဘောကျော် ရဲ့ တပ်မဟာ (၅) ထဲမှာ စစ် တက္ကသိုလ် ရှိတယ်။ ဆေးကျောင်း ရှိတယ်။ နိုင်ငံခြား သား( ၇၀) လောက် တက်နေ တာ။ အာရှ ဆိုလို့ ဂျပန် နဲ့ကိုရီးယား က နှစ်ယောက် လား သုံးယောက် လား ပဲ ရှိတယ်။ ဘောကျော် က နိုင်ငံခြား က စစ်သင် တန်း ပြီး လာတာ။ တင်မသီ က ဘောကျော် ဆီ လာပြီး စည်းရုံး တယ်။ အဓိက က ဒီကောင် မွှေနေတာ။ အရမ်း ဉာဏ် ပြေးတယ်။ နေတိုး ဗုံးခွဲ တာ ဘောကျော် လုပ်တာ မဟုတ် ဘူး။ တင်မသီ စနက်တွေ ပါတယ်။

ဒါက CIA ရဲ့ ဇတ်လမ်း တွေ ချည်းပဲ။ အခု မြ၀တီ မှာ နာမည်ကြီး နေတဲ့ တိုက်ဂါး တို့ ဆန်းအောင် တို့ ကျော်သက် တို့ ဆိုတာ ရိုင်းရိုင်း ပြောရရင် သူတောင်းစား သာသာ ကောင် တွေ ဘာကောင် တွေမှ မဟုတ်ဘူး။ အစုတ် အပြတ် တွေ အားလုံး တင်မသီ ရဲ့ အရုပ်တွေ ချည်းပဲ။ တင်မသီ ဆိုတာ လဲ CIA ရဲ့ ဇတ်လိုက် ပဲ။ ဒီလောက် ဆို KNU ထဲက CIA ရဲ့ သီအိုရီ တွေ ကို သိလောက် ရော ပေါ့။

ထပ်ပြီး တော့ MPC ထဲက CIA ဇတ်လမ်း တွေ ဖွင့်ချ ပါအုံး မည်။ စောနိုင် အားလုံး သိ ပါသည်။

ဒေါန မြေ ငြိမ်းချမ်း ပါစေ။

Golden Land Myanmar
မြန်မာ နိုင်ငံမှာ အစိုးရ ကို တော်လှန် နေတဲ့ UG အဖွဲ့ပေါင်း များစွာ ရှိတယ်။ ABSDF တို့ တခြား နိုင်ငံရေး အဖွဲ့စည်း တွေ ကမ်ပိန်း တွေ အားလုံး အားလုံး Underground အဖွဲ့ အစည်း တွေရဲ့ Base ဟာ KNU နယ်မြေ ထဲမှာပဲ ရှိတယ်။ NLD ရဲ့ UG အဖွဲ့ တွေ က အစ အရင် က ကရင် ပြည်နယ် ထဲမှာ ပဲ ရှိတာ။ ဒါကို အမေရိကန် က ကောင်းကောင်း သိတယ်။ ဒါက CIA ရဲ့ ပထမ ဆုံး သီအိုရီ ပဲ။ KNU ဟာ မြန်မာ အစိုးရ နဲ့ တစ်သက်လုံး အဆင်ပြေ လို့ ရဘူး တစ်သက် လုံး တိုက်နေ ရမယ် လုံးဝ ငြိမ်းချမ်း လို့ မရဘူး။ ဒါမှ ဒီ နယ်မြေ ကို ချုပ်ထား လို့ ရမယ်။ အဲလိုမှ မဟုတ် ဘဲ KNU ဟာ အစိုးရ နဲ့ငြိမ်းချမ်း ချင်တယ် ဆိုရင် KNU ကို ကျသွား အောင် ပွဲသိမ်း သွားအောင် CIA က လုပ်လိုက် ယုံပဲ ရှိတယ်။ KNU ကျ သွားရင် အားလုံး လက်လွတ် ပွဲကျွတ် ဇတ်သိမ်း သွား လိမ့်မယ်။ CIA ရဲ့ Plan A သည် KNU ထိန်းချုပ် နယ်မြေ ပဲ။ Plan B က ဒေါ်စု၊ Plan C က ကချင်၊ Plan D က ကုလား ပဲ။

စောနိုင် အားလုံး သိတယ် အပိုင်း ( ၁ )

Photo: စောနိုင် အားလုံး သိတယ် အပိုင်း ( ၁ ) 

စောနိုင် စိတ်ပျက် ခဲ့ ပါပြီ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ က ဖေ့ဘွတ် စာမျက်နှာ တွင် KNU ဗဟို ကော်မတီ ပြောင်းလဲ ဖွဲ့စည်းရန် အတွက် ကရင် တစ် ယောက် မှ အကြံပြု ထားသည် ဆိုသည့် သတင်း တစ်ပုဒ် ကို တွေ့ခဲ့ ရသည်။ ဥက္ကဌ ရာထူး ကို ဒေးဗစ် သာကပေါ ၊အထွေထွေ အတွင်း ရေးမှူး ရာထူး ကို စီဖိုးရာစိန် နှင့် စစ်ဦးစီး ချုပ် ရာထူး အား ဘောကျော်ဟဲ တို့ကို တာဝန် ပေး သင့် ကြောင်း နှင့် လက်ရှိ ဗဟို ကော်မတီ တွင် အသက် ၆၅ နှစ်ကျော် သူများ အား ထုတ်ပယ် သင့်ကြောင်း ဖော်ပြ ထား သည်။ ဘယ်သူ က ခိုင်းလို့ ဘယ်သူ က ရေးသလဲ ဆိုတာ ကို ကျူပ်ကောင်း ကောင်းသိ သည်။ သတင်း ကို ကြည့်၍ အကြီး အကျယ် စိတ်ပျက် မိသည်။ ဒါကြောင့် ကျုပ် အနေ ဖြင့် ဆုံးဖြတ် ချက် တစ်ခု ချလိုက် ရသည်။ ဤ ဆုံးဖြတ် ချက် သည် KNU နှင့် ကရင် အမျိုးသား များ ကို သစ္စာ ဖောက် လို၍ မဟုတ် ဘဲ ကရင် တစ်မျိုးသား လုံး ၏ ကောင်းကျိုး ကိုသာ ရှေ့ရှု ခဲ့ခြင်း ဖြစ်ပေ သည်။ ထို့ကြောင့် ကျွန်ုပ် အနေဖြင့် KNU ၏ လက်ရှိ ဖြစ်ပေါ် နေသော လျှို့ဝှက် အတွင်း သတင်း အားလုံး ကို ထုတ်ဖော် ရေးသား လိုက်ရ ပါတော့ သည်။

လက်ရှိ ကရင် ပြည်နယ် တွင် အစိုးရ အား တော်လှန် ခဲ့သော တော်လှန်ရေး ခေါင်းဆောင် ဟောင်း ဟူ၍ သုံးယောက် သာ ကျန် ရှိပေတော့ သည်။ ဖထီး မူတူး စေးဖော (လက်ရှိ KNU ဥက္ကဌ)၊ အဖိုး ဆာမိ (လက်ရှိ တပ်မဟာ ၆ တပ်မဟာ မှူး) နှင့် အဖိုး ထိန်မောင် ( KNU / KNLA - PC ဥက္ကဌ) တို့ ဖြစ်ကြ ပေသည်။ နှစ် ခြောက်ဆယ် ကျော် အစိုးရ အား တော်လှန် ခဲ့သည့် ထို ခေါင်းဆောင် ကြီး များ သည် ယနေ့ တွင်တော့ ငြိမ်းချမ်း ချင် ကြပြီ။ ပူးပေါင်း ဆောင်ရွက်ခြင်း သာ ကရင် တော်လှန်ရေး ၏ စစ်မှန် သော အောင်မြင်မှု ဟု သူတို့ ပြောခဲ့ ကြ လေပြီ။

သို့သော် KNU နှင့် အခြား သော ကရင့် လက်နက် ကိုင် တပ်ဖွဲ့များ တွင် မငြိမ်းချမ်း လို သူများ အာဏာ ရ ယူလို သူများ ကျန်ရှိ နေပေ သေးသည်။ ထို သူများ သည် ယခု အခါ တွင် ခွဲထွက် လိုသည့် အရိပ် အယောင် များ တွေ့နေ ရ ချေပြီ။ ၄င်း တို့လို လူများ ခွဲထွက် သွားသည် မှာ ကရင့် တပ်မတော် များ အတွက် ကောင်းသည်။ သို့သော် မသိ နားမလည် သည့် ရဲဘော် များ ကရင် အမျိုးသား များ ကိုပါ ဆွဲခေါ် သွားမည် ကို ကျုပ် စိုးရွံ့ မိသည်။ ထို့ကြောင့် ကျုပ် အနေဖြင့် သူ တို့၏ အကြံ စည် များကို ထုတ်ဖော် ပြ ပါမည်။ စီဖိုးရာစိန် သည် ဤ ပရော့ဂျက် ၏ အက္ခရာ ဖြစ်သည်။ သူသည် ယခင် ဥက္ကဌ တာမလာပေါ ၏ သမီး ဖြစ်သည့် အတွက် သူ့ အဖေ ကဲ့သို့ပင် တော်လှန်ရေး စိတ်သာ ရှိပေ သည်။ သူ့ အနေ ဖြင့် ယခု အခါ တွင်KNU မှ ခွဲထွက် ၍ ဥက္ကဌ လုပ်ချင် သော်လည်း မိန်းမ ဖြစ်သည့် အတွက် အဆင် မပြေ နိုင်ချေ။ ထို့ကြောင့် သူ ကြိုးဆွဲ မည့် လူ တစ်ဦး ရွေးချယ် ခဲ့သည်။

ထိုသူ ကတော့ ဒေးဗစ် သာကပေါ ဖြစ်သည်။ အဖိုး သာကပေါ ကလည်း သူ၏ အိမ်ဖော် ကို လက်ထပ် ယူမိ ရာမှ မိဘ က အမွေ ဖြတ်ကာ အိမ်ပေါ်မှ မောင်းချ သဖြင့် KNU သို့ ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ စီဖိုးရာစိန် သည် သူ့ အတွက် စစ်ဦးစီးချုပ် တစ်ယောက် လိုအပ် သည့် အတွက် သူ၏ ၀ှက်ဖဲ ကို ထုတ်သုံး သည်။ ထိုသူ ကတော့ ယခု ဒု ဦးစီးချုပ် ယခင် တပ်မဟာ (၅) မှူး ဘောကျော်ဟဲ ပင် ဖြစ် ပေသည်။ ဘောကျော်ဟဲ သည် စည်းကမ်း ကြီး သော စစ်သား စစ်စစ် ဖြစ်ပေသည်။ ဗိုလ်မြ ၏ တူ တော်စပ်ပြီး အစ္စရေး မှ ပေးအပ် သည့် သော့ တံဆိပ် ရရှိ ထားသူ ဖြစ်သည်။ စီဖိုးရာစိန် ၏ လက်စွဲတော် နှစ်ယောက် ကျန်သေး သည်။ ထို သူတွေ ကတော့ စောလှငွေ နှင့် မန်းမန်း သာ ဖြစ်ပေ သည်။

လူလည် လှငွေ သည် အဖိုး မူတူး အား KNU မှ ထုတ်ပယ် ပစ်ရန် အကြံပေး ခဲ့သူ ဖြစ်ပေသည်။ စစ်တပ် နှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုး သည် ဟု အကြောင်း ပြကာ စီစဉ် ခဲ့ခြင်း ဖြစ်သည်။ သူသည် သာပေါင်း ညာစား ဆိုသည် မှာ အားလုံး သိပေ သည်။ အဖိုး အား အားလုံး က ဥက္ကဌ ပြန်လည် တင်မြှောက် ပြီးချိန် တွင် လှငွေ အား KNU မှ ထုတ်ပယ် ပစ်ခဲ့ရာ မှ လှငွေသည် တပ်မဟာ (၂) ဘက် သို့ ထွက်ပြေး ခဲ့ပြီး ယခု အခါ တွင် တပ်မဟာ (၅) တွင် ခိုဝင်လျက် ရှိသည်။ မန်းမန်း ကတော့ ဗဟို ဦးစီး တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး ယခင် ကတည်း က စီဖိုးရာစိန် အား ထောက်ခံ သည့် လူလည် ကရင် တစ်ယောက် သာ ဖြစ်ပေ သည်။

ဒေါက်တာ တင်မိုသီ ဆိုသူ ကျန်သေး သည်။ သူ ကတော့ ကရင် တစ်မျိုးသား လုံး အကျိုး စီးပွား အတွက် အန္တရာယ် အရှိ ဆုံး ဖြစ်သည်။ သြစတေးလျ နိုင်ငံ သား တစ်ဦး ဖြစ်ပြီး ဒေါက်တာ ဘွဲ့ ဆိုသည် ကလည်း ဘာသာရေး သင်း အုပ် ဆရာ ဘွဲ့သာ ဖြစ်ပေ သည်။ အင်မတန် ညဏ်ပြေး ပြီး လှည့်ကွက် များစွာ လုပ်နိုင် သူ တစ်ဦးလည်း သလို CIA လက်စွဲ တစ်ဦး လဲ ဖြစ်သည်။ တင်မိုသီ လှည့်ကွက် များ တွင် ပထမ ဆုံး အသုံးတော် ခံခဲ့ ရသည့် ဇတ်ကောင် ကတော့ စောတိုက်ဂါး ပင် ဖြစ်ပေ တော့ သည်။

တိုက်ဂါး သည် ဘာကောင်မျှ မဟုတ် သလို ဘာပညာ မျှလည်း မတတ်သည့် ထိုင်း နိုင်ငံသား တစ်ဦး ပင် ဖြစ်သည်။ စောတိုက်ဂါး အကြောင်း ကို ဖော်ပြ လျှင် သူ၏ ဆရာ တင်န်ဆင် အကြောင်း သည် မပါ မဖြစ်ပင် ဖြစ်ပေ သည်။ တင်န်ဆင် ဆိုသူ မှာ အလွန် လည်ဝယ်သော ကရင် တစ်ယောက် ဖြစ်ပြီး ငြိမ်းချမ်းရေး ယောင်ယောင် ဘာ ယောင်ယောင် ဖြင့် စီးပွားရေး လုပ်စား နေသော ကိုယ်ကျိုးရှာ လူလည် တစ်ယောက် သာ ဖြစ်သည်။ ယခင် က ပင်လယ် တိုက်ပွဲ တစ်ခု တွင် စစ်တပ် ကြောင့် တင်န်ဆင် ၏ တပ်ရင်း တစ်ရင်းလုံး ပြုတ်ကာ နှစ်ဦး သာ အသက်ရှင် လျှက် ပြန်ပြေး ခဲ့ရသူ ဖြစ်သည်။ သို့သော် တင်န်ဆင် ကျောပေါ် တွင် ငွေထုပ်ကြီး နှစ်ထုပ်အား ရအောင် သယ်လာခဲ့ သည် ကတော့ သူ ဘယ်လောက် လည်ကြောင်း ပြသ နေသည်။

တင်န်ဆင် အနေဖြင့် အလင်းဝင် ထားစဉ် ကာလ က DKBA နှင့် စစ်တပ် ဖြစ်ခဲ့သော တိုက်ပွဲ တွင် လက်နက်ကြီး ၀င်ပစ် ပေးခဲ့သည့် ဖြစ်ရပ် ရှိသည်။ လက်နက် ကြီး ပစ်နေသော သူ၏ ပုံသည် ယိုးဒယား သတင်း တွင် ပါလာ သည့် အတွက် တင်န်ဆင် အစိုးရ ဘက်သို့ အသာ တကြည် ပြန်မ၀င် နိုင်ခဲ့ ပေ။ ထို့ကြောင့် မဲစောက် စတိုး ဆိုင်မှ သေနတ်များ အင်္ကျီ များ ၀ယ်ယူကာ လူအင်အား ရနိုင် သလောက် စုကာ အလင်း ၀င်ခဲ့သူ ဖြစ်သည်။ ထို လူများ ထဲတွင် မယ်တော် ဆေးခန်းမှ ကား ဒရိုင်ဘာ တိုက်ဂါး ပါလာ ခဲ့ပေသည်။ တိုက်ဂါး မှာ သေနတ် ပင် မကိုင် ဘူး သော ကားသမား စစ်စစ် သာ ဖြစ်ပေ သည်။ ယခု လက်ရှိ အချိန် တိုက်ဂါး ဖြစ်ပွား ခဲ့သော ပြသနာ ပေါင်းစုံ မှာ တင်မိုသီ ၏ အကြံ ညဏ်များ ပင် ဖြစ်ပေသည်။ စစ် မတိုက် ဘူးသော ဘာ ပညာမျှ မတတ်သော တိုက်ဂါး လို လူမျိုးအား နိုင်ငံရေး ဇတ်ခုံ ပေါ်သို့ ဆွဲတင် နိုင်သည့် တင်မိုသီ ၏ အကြံ မှာ ပြောင်မြောက် လှပေ သည်။

နောက် တစ်ယောက် ကတော့ စော ဆန်းအောင် ပင် ဖြစ်ပေ သည်။ စောဆန်းအောင် ဆိုသူ မှာ ယခင် က နွားကျောင်းသား စစ်စစ် ဖြစ်ပြီး DKBA သို့ ရဲဘော် ဘ၀ ဖြင့် ၀င်ခဲ့သူ ဖြစ်ပေသည်။ လူမိုက် လူရမ်းကား တစ်ဦး သာ ဖြစ်ပြီး ဘာမှ မသိ သည့် လူမိုက် တစ်ဦး သာ ဖြစ်ပေ သည်။ ယခု မှ ဗိုလ်မှူးကြီး ယောင်ယောင် ဖြင့် လူတွင် ကျယ် နေခြင်း သာ ဖြစ်သည်။ နောက် တစ်ယောက် မှာ ကျော်သက် ဖြစ်သည်။ KNU တပ်မဟာ (၆) မှ ဒုရင်းမှူး ကို ပစ်သတ် ခါ DKBA ဘက် သို့ ထွက်ပြေး ခဲ့သူ ဖြစ်ပေသည်။ ယခု အခါ ဗိုလ်မှူးချုပ် ပင် ဖြစ်နေ ချေပြီ။ စောလားဘွယ် နေရာ အား စောမူရှေး နှင့် အပြိုင် လုခဲ့သူ တစ်ဦး လည်း ဖြစ်သည်။ စောမူရှေး ဦးစီးချုပ် ဖြစ်ပါက သူ အခြေ နေ မကောင်း သည်ကို ကောင်းကောင်း သိသည်။ ထို့ကြောင့် ယခု ကတည်းက တစ်စင် ထောင် က ခွဲထွက် နေလို သူလည်း ဖြစ်သည်။

စောတိုက်ဂါး အခု ကျော်သက် ထံ ရောက်နေ ချေပြီ။ သူတို့ အားလုံး ပူးပေါင်းကာ ဟက်ကြီး ရှိ ဘောကျော်ဟဲ တပည့် ဖားမီး ထံ ပြေးကြ လိမ့် မည်။ ဒါတွေ အားလုံး တင်မသီ အကြံပင် ဖြစ်သည်။ ဟက်ကြီး တွင် အင်အားစု များ ပူးပေါင်း ၍ တပ်မဟာ (၅) သို့ သွားရောက် ခိုလှုံ ကြမည်။ ထို့နောက် ဘောကျော်ဟဲ ကို စစ်ဦးစီး ချုပ် တင်ကာ ဥက္ကဌ ကို ဒေးဗစ် သာကပေါ အားပေး ၍ KNU အမည် ခံကာ UNFC သို့ ၀င်ရောက် ကြ ပေလိမ့် မည်။ ဥက္ကဌ မဟုတ် ပေမယ့် အတွင်း ရေးမှူး ရာထူး ဖြင့် နောက်ကွယ် မှ စီဖိုးရာစိန် က ကြိုးကိုင် မည်။ စီဖိုးရာစိန် ၏ အကြံ ပေး များ သည် တင်မသီ၊ လှငွေ နှင့် မန်းမန်း တို့ ဖြစ်ကြ မည်။

ဒါတွေ သည် ကြိုတင် စီမံ ထားသော အာဏာရူး လူ တစ်စု ၏ အကွက်များ ပင် ဖြစ်ပေ တော့ သည်။ ကျုပ် အနေဖြင့် ဒီ အာဏာ ရူးများ KNU မှ ခွဲထွက် သည်ကို ၀မ်း မနည်းပဲ ၀မ်းပါ သာသေး သည်။ အဖွဲ့ သန့် သွားသည် ဟု ဆိုနိုင် ပေသည်။သို့သော် ဘာမျှ မသိ နားမလည် သော ကရင် ရဲဘော် များ နှင့် ကရင် အမျိုးသား တွေကို ဆွဲခေါ် သွားမည် ကို ကျုပ် စိုးရိန် မိသည်။ ထို့ကြောင့် ဤ လျှို့ဝှက် သတင်း အားလုံး ကို ဖွင့်ချခြင်း ဖြစ်ပေသည်။ ဒေါန မြေ ငြိမ်းချမ်း ပါစေ။ 

ထပ်မံ၍ MPC ၏ လျို့ဝှက်ချက် များနှင့် CIA ၏ ရည်ရွယ် ချက်များ အား ဖွင့်ချ ပါ အုံး မည်။ စောနိုင် အားလုံး သိ ပါသည်။
စောနိုင် စိတ်ပျက် ခဲ့ ပါပြီ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ က ဖေ့ဘွတ် စာမျက်နှာ တွင် KNU ဗဟို ကော်မတီ ပြောင်းလဲ ဖွဲ့စည်းရန် အတွက် ကရင် တစ် ယောက် မှ အကြံပြု ထားသည် ဆိုသည့် သတင်း တစ်ပုဒ် ကို တွေ့ခဲ့ ရသည်။ ဥက္ကဌ ရာထူး ကို ဒေးဗစ် သာကပေါ ၊အထွေထွေ အတွင်း ရေးမှူး ရာထူး ကို စီဖိုးရာစိန် နှင့် စစ်ဦးစီး ချုပ် ရာထူး အား ဘောကျော်ဟဲ တို့ကို တာဝန် ပေး သင့် ကြောင်း နှင့် လက်ရှိ ဗဟို ကော်မတီ တွင် အသက် ၆၅ နှစ်ကျော် သူများ အား ထုတ်ပယ် သင့်ကြောင်း ဖော်ပြ ထား သည်။ ဘယ်သူ က ခိုင်းလို့ ဘယ်သူ က ရေးသလဲ ဆိုတာ ကို ကျူပ်ကောင်း ကောင်းသိ သည်။ သတင်း ကို ကြည့်၍ အကြီး အကျယ် စိတ်ပျက် မိသည်။ ဒါကြောင့် ကျုပ် အနေ ဖြင့် ဆုံးဖြတ် ချက် တစ်ခု ချလိုက် ရသည်။ ဤ ဆုံးဖြတ် ချက် သည် KNU နှင့် ကရင် အမျိုးသား များ ကို သစ္စာ ဖောက် လို၍ မဟုတ် ဘဲ ကရင် တစ်မျိုးသား လုံး ၏ ကောင်းကျိုး ကိုသာ ရှေ့ရှု ခဲ့ခြင်း ဖြစ်ပေ သည်။ ထို့ကြောင့် ကျွန်ုပ် အနေဖြင့် KNU ၏ လက်ရှိ ဖြစ်ပေါ် နေသော လျှို့ဝှက် အတွင်း သတင်း အားလုံး ကို ထုတ်ဖော် ရေးသား လိုက်ရ ပါတော့ သည်။

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းခံရသည့် မြန်မာများအရေး ဘန်ကောက်မြို့ မြန်မာစစ်သံရုံးမှ ကူညီဆောင်ရွက်နေ

Photo: လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းခံရသည့် မြန်မာများအရေး ဘန်ကောက်မြို့ မြန်မာစစ်သံရုံးမှ ကူညီဆောင်ရွက်နေ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို စက်တင်ဘာ ၁၄ ရက်နေ့က သတ်သည်ဟူသောစွဲချက်ဖြင့် မြန်မာ လုပ်သား ၃ ဦးအား ဖမ်းဆီးထားမှုကို တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်အရ မြန်မာစစ်သံရုံးမှ လိုက်ပါ ကူညီဆောင်ရွက်ပေး နေကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အရ ဘန်ကောက်မြို့ရှိ မြန်မာစစ်သံရုံးအနေဖြင့် မြန်မာသံရုံး ကောင်စစ်အရာရှိ ဦးထွန်းအေး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင် ရွက်ပေးနေသော MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေးရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မှ ဦးမင်းဦး၊ ဦးမိုးဝေတို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း စစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဖမ်းဆီးခံမြန်မာလုပ်သားများ လွတ်မြောက်ရေးအတွက် လိပ်ကျွန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ထိုကျွန်းတွင် နေထိုင်လုပ်ကိုင်သော လူအများစုက ဖမ်းဆီးခံ မြန်မာလုပ်သား ၃ ဦး သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သွားရောက်စစ်ဆေးရာတွင်ပါဝင်သော ရှေ့နေတစ်ဦးက ပြောသည်။

``ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရတာဆိုတော့ ကျွန်တော်တို့ အနေနဲ့လည်း ကူညီဆောင်ရွက်ပေးရမှာပါ၊ အခုဆိုရင် မြန်မာ သံရုံးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဲဒီအမှုကိုလိုက်ဖို့ ရှေ့နေတွေ ငှားဖို့လည်း လုပ်နေပါတယ်၊ အမှုမှန် ပေါ်ပေါက်ဖို့ ဆောင်ရွက်သွားမှာပါ´´ ဟု ထိုင်းနိုင်ငံ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရကို တင်ပြရမည်ဖြစ်သလို မြန်မာအလုပ်သမားများ မကျူးလွန်ကြောင်း ယုံကြည် သည့်အတွက် အမှုတွဲတောင်းပြီး ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ရှေ့နေများနှင့် အစည်းအဝေးလုပ်ရန် ချိန်းထားကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေမျိုး

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို စက်တင်ဘာ ၁၄ ရက်နေ့က သတ်သည်ဟူသောစွဲချက်ဖြင့် မြန်မာ လုပ်သား ၃ ဦးအား ဖမ်းဆီးထားမှုကို တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်အရ မြန်မာစစ်သံရုံးမှ လိုက်ပါ ကူညီဆောင်ရွက်ပေး နေကြောင်း သတင်းရရှိသည်။