Sunday 16 November 2014

MPT ဖုန်းဘီလ် အများအပြား ဖြတ်တောက်ခံရလျှင် Call Center သို့ အကြောင်းကြားနိုင်ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ပြီး ဖုန်းအလုံးရေ တစ် ရာကျော်ခန့်အား ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှုများ ဖြစ်ပေါ် ခဲ့သောကြောင့် ဘီလ်အများအ ပြား ဖြတ်တောက်ခံခဲ့ရပါက Call Center သို့ အကြောင်းကြားနိုင် ကြောင်း သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့ နှစ်ရက်လောက်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်သွားတာပါ။ ဖုန်းဘီလ်မှား ယွင်းဖြတ်တောက်မှု ဖြစ်ပေါ်ခဲ့တဲ့ လူတွေအနေနဲ့ ဖြစ်တဲ့နံပါတ်နဲ့ Call Center ကို အကြောင်းကြား နိုင်ပါတယ်။ System မှားယွင်းမှု ကြောင့် ဖြစ်ခဲ့တဲ့ နံပါတ်တွေဆို ရင် ဘီလ်ပြန်ထည့်ပေးတာမျိုး အထိ လုပ်ပေးသွားဖို့ ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က ပြောသည်။

သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ တတိယနေ့အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကြေးသွန်းဘုရား ရှေ့ကနေ မနက် ၁၀ နာရီခွဲက စတင်ကာ ရွှေတိဂုံဘုရားဆီ ဆန္ဒပြ ချီတက်နေကြပါတယ်။

အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး ဥပေဒကို မကျေနပ်လို့ သပိတ်မှောက်ပြီး ကျောင်းသားတွေ ဆန္ဒပြနေတာ ဒီနေ့ဆို ၃ ရက်ရှိပြီ ဖြစ်ပါတယ်။

ဘန်ကီမွန်းကို ကန့်ကွက်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ အစည်းအဝေးလုပ်မည်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၆ ရက်၌ အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရသည်။

စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတိုက်တွင် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၅၀ ခန့်ကို ဖိတ်ကြားထားကြောင်း စစ်တွေ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောကြားသည်။

သမ္မတဦးသိန်းစိန် ဂျီ -၂၀ ထိပ်သီး အစည်းအဝေးတွင် ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေး

ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌ နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။

နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၂ဒသမ၅ ထရီလီယံရှိကာ တိုးတက်မှုနှုန်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကူညီနိုင်ရန် အမေရိကန်က ငြိမ်းချမ်းရေး အစီအစဉ်စတင်

မြန်မာ့ပြုပြင်ပြောင်းလဲ ရေးတွင် အောက်ခြေအထိ နား လည်သဘောပေါက်၍ နက်နက် ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန် မာပြည်ငြိမ်းချမ်းရေးအစီအစဉ် (Peace Crops) ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်ကို နိုဝင် ဘာ ၁၃ ရက်ကကျင်းပခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးများအားလုံး ပြီးဆုံးချိန် သမ္မတဦးသိန်းစိန်နှင့် သမ္မတ အိုဘားမားတို့ မတွေ့ဆုံမီ ကြေညာခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။