Saturday 25 May 2013

လက်နက် အရောင်း အ၀ယ်ဂိုဏ်း ဒက္ကားမြို့တွင် ဖမ်းမိ

မြန်မာ နယ်စပ် အနီး တွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် တပ်ရင်း တစ်ရင်း တိုးချ

New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။

"အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တစ်ဦးမှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း ရက် ၂၀ ကြာပြီးမှ တိုင်တန်း၍ဖမ်းဆီးအရေးယူ"

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်း

“ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

Photo: “ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင် အသုံးပြုရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ Eclipseဟု အမည်ပေးထားသော လှေငယ်များတွင် လက်နက်တပ်ဆင်ထားပြီး အဓိကအားဖြင့် ပင်လယ်ဓားပြဂိုဏ်းများကို ဖြိုခွင်းရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ 

အဆိုပါ ရေယာဉ်များ တည်ဆောက်ရာတွင် အသုံးပြုထားသော နည်းပညာအရ ရေဒါဖြင့် နေရာရှာ ထောက်လှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိသည့် ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ခေတ်မီ မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် နည်းပညာကို ရေတပ်ကပါ ပြောင်းလဲလက်ခံ အသုံးပြုလာသည့် သဘောမျိုး ဖြစ်ပြီး ယင်းတို့ကို အဝေးထိန်းစနစ်ဖြင့် စေညွှန်ထိန်းချုပ်နိုင်မည်ဟု သိရှိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21617
အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင်

“လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

Photo: “လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မိတ်ဆက် အဆိုပြုလိုက်ပြီ ဖြစ်သည်။ FIFA က အဆိုပြုလိုက်သည့် အရေးယူမှုအသစ်အရ လူမျိုးရေးခွဲခြားသည့် ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။ 

ထို့အတူ တစ်ဖက်အသင်း ကစားသမားအား ပရိသတ်များ အနေဖြင့် လူမျိုးရေးခွဲခြားစော်ကားမှု ပြုမူကြောင်း တွေ့ရှိရပါက ထိုပရိသတ်များ၏ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းအား အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21619
ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ် ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီ

ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

Photo: ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ် ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။