
နာမည်ကြီး အစိုးရ အခြေခံပညာကျောင်းတချို့ မူလတန်း ကျောင်းသားကျောင်းသူသစ် လက်ခံရာမှာ သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုတွေကြောင့် ကျောင်းအပ်ရာမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်နိုင်တဲ့ မြို့နယ်၊ ကလေးရဲ့ အသက်၊ မွေးစာရင်း၊ သန်းခေါင်စာရင်းစတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံမှန်ကန်မှု ရှိပေမယ့်လည်း ဝန်ကြီးတဦးဦးရဲ့ ထောက်ခံချက် လက်မှတ် မပါတာကြောင့် ကျောင်းသားအဖြစ် လက်မခံဘူးလို့