Wednesday 8 May 2013

မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

Photo: မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒလိုင်းလားမားက ၀ါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ အန်ဝါဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

အခုလတ်တလော မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတွေတောင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေကြပါတယ်၊ ဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာရဟန်းတွေ ဗုဒ္ဓရှင်တော်ရဲ့ မျက်နှာတော်ကို အာရုံပြုနိုင်ကြပါစေ၊ နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊ ဘာသာရေးအတွက် ပါဏာတိပါတာကံကို ကျူးလွန်တယ်ဆိုတာ ဘယ်လိုမှစဉ်းစားလို့မရတဲ့ကိစ္စပါလို့ ဒလိုင်းလားမားက ပြောကြားခဲ့တာပါ။

မေရီလဲန်းတက္ကသိုလ်မှာ တက်ရောက်လာသူ ပရိသတ်ကို သြ၀ါဒစကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓအဆုံးအမနဲ့ မေတ္တာတရားအကြောင်း ဒလိုင်လားမားက ဟောကြားခဲ့ပါတယ်။

အဲဒီနောက် အမေးအဖြေအစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံးအမအကြောင်းမေးခွန်းကို ဖြေဆိုရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်းလားမားက ထည့်သွင်းဟောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား က ပြောကြား လိုက်ပါတယ်။

မက္ကစီကိုတွင် ဖြစ်ပွားသည့် ဓာတ်ငွေ့တင်ထရပ်ကား ပေါက်ကွဲမှု

Photo: မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့တင် ထရပ်ကားကြီးတစ်စင်း ပေါက်ကွဲ မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀)မျှ သေဆုံးသွားကြောင်း သိရှိရသည်။ 

သဘာဝ ဓာတ်ငွေ့များကို တင်ဆောင်လာသည့် ထရပ်ကားကြီး တစ်စင်းသည် ထိန်းချုပ်မှု လွတ်သွားပြီး လမ်းလယ် အပိုင်းအခြားကို ဝင်တိုက်ကာ အဝေးပြေးလမ်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မက္ကစီကိုစီးတီး မြို့တော်၏ ဆင်ခြေဖုံး အရပ်တွင် အင်္ဂါနေ့က ဖြစ်ပွား ခဲ့သော ကြောက်မက်ဖွယ် မတော်တဆမှု အတွင်း လူပေါင်း(၂၀)ထက်မ နည်း သေဆုံးကာ (၃)ဒါဇင်ထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

အီကာတီပက် အရပ်တွင် ထရပ်ကားကြီး ပေါက်ကွဲခဲ့သည့် နေရာအနီး အဝေးပြေးလမ်း ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများလည်း ဝန်းရံ တည်ရှိနေခဲ့သည်။ 

Read more 
https://www.facebook.com/media/set/?set=a.10151420419839067.1073741851.42443419066&type=1


Read more http://www.planet.com.mm/news/read.cfm/id/21494 — မက္ကစီကိုတွင် ဖြစ်ပွားသည့် ဓာတ်ငွေ့တင်ထရပ်ကား ပေါက်ကွဲမှု

Posted From Planet Myanmar Network 
မက္ကစီကို နိုင်ငံတွင် ဓာတ်ငွေ့တင် ထရပ်ကားကြီးတစ်စင်း ပေါက်ကွဲ မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) မျှ သေဆုံးသွားကြောင်း သိရှိရသည်။

လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ



Photo: လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ
မြစ်ကြီးနား ၊ ၈-၅-၂၀၁၃

မေလ ၈ရက် ၂၀၁၃ခုနှစ်

မြစ်ကြီးနားမြို့ ၊ လယ်ကုန်း ရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓ ဆင်းတုတော် ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံးကို တွေ့ရှိ ခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ် စည်ကား လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လယ်ကုန်း ရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်ကမ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီးမောင်နှံ သည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ တာဝန်ပေး အကူအညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများ ခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလ တစ်လျှောက် လုပ်ကိုင် ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ် 

ဗျက်အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိသော်လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။ မေလ ၃ ရက်နေ့ တွင် ဖယောင်းတိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ

 ရောင်ပြန်လွှတ် သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေ တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ရတနာ ပစ္စည်းဆိုင်မှ ကော်ပတ်ဖြင့် အချော တိုက်ချွတ် ပေးမှ အဆိုပါ ကျောက်အတွင်း ဥာဏ်တော် တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓဆင်းတုတော် နှင့် ကြာမှောက် ကြာလှန် ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက်တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။

ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည်ပြီး မပြတ်လတ်ဘဲ နေ့စဉ် ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။


http://pyichit-thar.blogspot.com/2013/05/blog-post_8.html

Posted From The Myawady Daily
မြစ်ကြီးနားမြို့ ၊ လယ်ကုန်းရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓဆင်းတုတော်ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံး ကို တွေ့ရှိခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ်စည်ကားလျက်ရှိကြောင်း သိရ သည်။

မိုးသည်းထန်စွာရွာသွန်းစဉ် သစ်ပင်ပိမိ၍ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

၆-၅-၂၀၁၃ ရက်နေ့ ၁၅၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ၊ ပေါင်းလောင်းရွှေတော ၊ ရွှေလီလုပ်ကွက်အောက်လျှိုတွင် မိုးသည်းထန်စွာရွာသွန်းစဉ် လျှိုထိပ်မှ လုံးပတ်(၁)ပေ (၆)လက်မ ခန့်ရှိ

KIA အထူးတပ်ရင်းဖွဲ့စည်းရန်ပြင်ဆင်

KIA ဌာနချုပ်တွင် အထူးတပ်ဖွဲ့ ဖွဲ့စည်းရန် အတွက် လိုင်ဇာဌာနချုပ်မှ လက်အောက်တပ်ရင်းများသို့ ညွှန်ကြား ချက်များထုတ်ပြန်ကာ တပ်ဖွဲ့များကိုစုဆောင်းမည် ဖြစ်ကြောင်းသိရှိရပါသည်။ ညွှန်ကြားချက်ထဲတွင် အထူး လုံခြုံရေးတပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်း ရန်အတွက် ၅ တန်း အထိပညာတတ်သူ၊ စွန့်လွှတ်အသေခံပေးဆပ်ရဲသူ၊ လူပျို၊ အသက်၂၅နှစ်ထက်မကျော်သူစသည့် အချက် တွေပါဝင်ကြောင်း၊ မေလ(၂၅)ရက်နေ့ အရောက်စေ လွှတ်ပေးဖို့ ညွှန်ကြားထားကြောင်း ဌာနချုပ်မှ အရာရှိတစ်ဦး၏ပြောပြ ချက် အရသိရှိရပါသည်။

“မန်ယူမန်နေဂျာ ဖာဂူဆန် အနားယူတော့မည်ဟုဆို”

Photo: “မန်ယူမန်နေဂျာ ဖာဂူဆန် အနားယူတော့မည်ဟုဆို”

မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ ရာထူးမှ ဆာအဲလက်စ် ဖာဂူဆန် အနားယူရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်မီဒီယာ အချို့တို့က ဖာဂူဆန်သည် တနင်္ဂနွေနေ့တွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း လက်ခံယူပြီးနောက် ၎င်း၏ မန်နေဂျာဘဝမှ အပြီးတိုင် အနားယူမည့် သတင်းအား ကြေညာဖွယ် ရှိနေကြောင်း ဖော်ပြလာခဲ့သည်။

အသက်(၇၁)နှစ် ရှိနေပြီဖြစ်သော စကော့တလန်သား မန်နေဂျာကြီးသည် မန်ယူကို စုစုပေါင်း (၂၇)နှစ်ကြာ ဦးဆောင်ပေးခဲ့ပြီး ဆုဖလားများစွာ ဆွတ်ခူး ရယူစေနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီမှာ ၎င်း၏ အောင်မြင်မှုကြီးမားခဲ့သော ဘောလုံးမန်နေဂျာဘဝ ဖြတ်သန်းမှုတွင် နောက်ဆုံး ဖြစ်လာမည်ဟု ခန့်မှန်းမှုများ ရှိလာသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21489
မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ ရာထူးမှ ဆာအဲလက်စ် ဖာဂူဆန် အနားယူရန် နီးစပ်နေပြီ ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဗြိတိန်မီဒီယာ အချို့တို့က ဖာဂူဆန်သည် တနင်္ဂနွေနေ့တွင် အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း လက်ခံယူပြီးနောက် ၎င်း၏ မန်နေဂျာဘဝမှ အပြီးတိုင် အနားယူမည့် သတင်းအား ကြေညာဖွယ် ရှိနေကြောင်း ဖော်ပြလာခဲ့သည်။

ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား

Photo: ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား
Wednesday,May08,2013

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် လာမှုနှင့်အတူ ပြည်တွင်းအလုပ်အကိုင်များ တိုးပွားလာသော်လည်း နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသော မြန်မာ အလုပ်သမား အရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုအချို့ ဖြေလျော့ထားချိန် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွန်းလာကြောင်း၊ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာချိန် ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ငန်းခွင် အဆင်မပြေမှုများ ကြုံတွေ့ရ သည်ဆိုသော ဖြစ်စဉ်များလည်း မကြာခဏ ဆိုသလို ဖြစ်ပွားနေကြောင်း၊ သို့ရာတွင် နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်လိုသော မြန်မာအလုပ်သမား အရေအတွက် လျော့ကျသွားခြင်းမရှိဘဲ များပြားနေဆဲဖြစ်ပြီး  ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အလုပ်ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာရာတွင် အထူးသဖြင့် အထည်ချုပ်စက်ရုံအမြောက်အမြား အပြိုင်အဆိုင် ပေါ်ထွက်နေပြီး အထည်ချုပ်အလုပ်ရုံများတွင် အလုပ်သမား ထောင်ချီ ခေါ်ယူမှုရှိနေကြောင်း ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရှိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလိုင်စင်ရရှိထားသော Royal Four Sea ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ ၏ ဥက္ကဋ္ဌ ဦးစိန်လှက-“ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများ လာတဲ့အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်တာတွေ နည်းသွားတယ်ဆိုတော့ မြန်မာနိုင်ငံမှာက ရွေးစရာအလုပ်က ဘာရှိလို့လဲ ဟုတ်တယ်မဟုတ်လား၊ အပြင်မှာ သတင်းထွက်နေသလိုမျိုးမဟုတ်ဘူး။ အားလုံးက အရင်လို ပုံမှန်ပါပဲ”ဟု ပြောသည်။

ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလားသော်လည်း ပြည်ပအလုပ်အကိုင်များကဲ့သို့ လစာမရ နိုင်ကြောင်း၊ ထို့ကြောင့် လစာများပြားသော ပြည်ပအလုပ်အကိုင်ကို စိတ်ဝင်စားမှုမြင့်မားနေခြင်းဖြစ်ပြီး အထူးသဖြင့် နယ်ဒေသများမှ မြန်မာ အလုပ်သမားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကြကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူများက ဆိုကြသည်။

“များသောအားဖြင့်ကတော့ နယ်ကလူတွေက ပြည်ပမှာ အလုပ်သွားလုပ်တာ ပိုများတယ်။ မြို့ကလူတွေလည်း သွားပြီး အလုပ် လုပ်ကြပါတယ်။ ဒါပေမယ့် နယ်က လူတွေက ပိုများတယ်၊ အခုနောက်ပိုင်းမှာကတော့ ဈေးကွက် ပိုပြီး ကျယ်ပြန့် လာတယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်နေတဲ့အပြင် ကျနော်တို့လို ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကလည်း ပိုများ လာတဲ့အတွက် အရင်ကလောက် လူသိပ်မရတော့ဘူးပေါ့”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတခုဖြစ်သော United General ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်ဆန်းလှက ပြောသည်။

ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အလုပ်သမားများ ခေါ်ယူနေပြီး အထူးသဖြင့် လတ်တလောအခြေအနေတွင် ထိုင်းနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်မှု မြင့်မားလျက်ရှိကြောင်း၊ အလုပ်အကိုင်များမှာ  စက်ရုံအလုပ်ရုံများနှင့်  ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ် ကိုင်ရခြင်း ဖြစ်ပြီး ငွေကြေးအနည်းငယ် တတ်နိုင်သူများက စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြပြီး ငွေကြေး မတတ်နိုင်သူများက ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြကြောင်း သိရှိရသည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများသည် မြန်မာလုပ်သားများကို ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးရာတွင်  အေဂျင်စီဝန်ဆောင်ခကို အစိုးရသတ်မှတ်ထားသည့်နှုန်းထားအတိုင်းသာ တောင်းခံရကြောင်း သိရှိရသည်။

“အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ ဈေးကွက်တွေက ရှင်းရှင်းပြောရရင် များလာတော့ အရင်လို တခါစား ပုံစံမျိုးနဲ့ အေဂျင်စီဝန်ဆောင်ခတွေ တောင်းလို့မရဘူး။ ဝန်ဆောင်ခကို အလုပ်သမားရဲ့ လုပ်ခ ၄ လစာထက် မပိုဖို့ ချမှတ်ပေး ထားတယ်။ ဒီတော့ အေဂျင်စီဝန်ဆောင်ခကတော့ ပုံမှန်ပါပဲ။ လေယာဉ်စရိတ်နဲ့ ခရီးစရိတ်ကတော့ သူတို့သွားတဲ့ နိုင်ငံ ပေါ်ကိုလိုက်ပြီး အနည်းနဲ့ အများ ရှိတယ်”ဟု  ဦးအောင်ဆန်းလှက ရှင်းပြသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီဝန်ဆောင်ခများအနေဖြင့်  စင်ကာပူနိုင်ငံသို့သွားရောက်မည်ဆိုပါက အလုပ်သမားတဦးအတွက် အေဂျင်စီ ဝန်ဆောင်ခသည် စင်ကာပူဒေါ်လာ ၃၅၀၀ နှင့် ၄၀၀၀ ကြားတွင် ရှိပြီး မလေးရှားနိုင်ငံ သို့သွားမည်ဆိုပါက လေယာဉ်လက်မှတ်အပါအ၀င် အေဂျင်စီဝန်ဆောင်ခ ၈ သိန်းခွဲခန့်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဆိုပါက အေဂျင်စီဝန်ဆောင်ခ ငွေကျပ် ၃ သိန်းဝန်းကျင်သာ ကျသင့် ကြောင်း သိရှိရသည်။

ကာတာ၊ ဒူဘိုင်း အပါအ၀င် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ အလုပ်အကိုင်ခေါ်ယူရာတွင်မူ အရည်အချင်း သတ်မှတ်ချက်များရှိပြီး မြန်မာအလုပ်သမားအများစုမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုမရှိသည့်အတွက် အလုပ်အကိုင် ရရှိမှုနည်းပါးသည်ဟု ပြည်ပအလုပ်အကိုင်ဈေးကွက်အတွင်းမှ သိရှိရသည်။

“ဒူဘိုင်းကနေ အလုပ်ခေါ် တဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်။ အရည်အချင်း မမှီလို့ ပို့လို့မရတဲ့ သူတွေများနေတာ။ ဒူဘိုင်း သွားချင်တယ်ဆိုရင် အင်္ဂလိပ်စာ ကျွမ်းကျင်ရမယ်။ အတွေ့အကြုံ ရှိရမယ်။ မြန်မာနိုင်ငံက ဒူဘိုင်းကို သွားချင်သူတွေ ကြတော့ ဟိုဘက်ကလိုချင် အရည်အချင်းကို မမှီတဲ့သူတွေ များတယ်”ဟု Royal Four Sea ကုမ္ပဏီမှ ဦးစိန်လှက ဆိုသည်။

လတ်တလော မလေးရှားနိုင်ငံက နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှုကို ဆိုင်းငံ့ထားသဖြင့် မလေးရှားမှ အလုပ်ခေါ်ယူမှု ရပ်တန့်နေကြောင်း  ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။

အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာအလုပ်သမား အများဆုံးသွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင်  မလေးရှား နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ထိုင်းနိုင်ငံတွင်  တရားဝင် အလုပ်သမားအရေအတွက်  တသန်းကျော်ရှိကြောင်း၊ အစိုးရခွင့်ပြုထားသော လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ စုစုပေါင်း ၁၆၀ ရှိကြောင်းသိရှိရသည်။

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ ရေလုပ်ငန်းတွင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ ရေလုပ်ငန်းတွင် ဝင်ရောက် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် လာမှုနှင့်အတူ ပြည်တွင်းအလုပ်အကိုင်များတိုးပွားလာသော်လည်း နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသော မြန်မာအလုပ်သမားအရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။

လုပ် သားပို့ ခွင့်ဆိုင်း ငံ့ခံ ထိုင်းအေဂျင်စီ များ ရှုပ်ပွေ ထား မှု အခြေအနေ အသင်း ချုပ် စစ်ဆေးနေ

Photo: လုပ်သားပို့ ခွင့်ဆိုင်းငံ့ခံ ထိုင်းအေဂျင်စီများ ရှုပ်ပွေထား မှု အခြေအနေ အသင်းချုပ် စစ်ဆေးနေ
Wednesday,May08,2013

ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည် ပ အလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။

အသင်းချုပ်သည် ဧပြီ ၄ ရက်မှ စ၍ ကုမ္ပဏီများကို စစ်ဆေးနေပြီး မေ လ ၇ ရက်အထိ ကုမ္ပဏီ ၅ ခုကို မေး မြန်းပြီးဖြစ်ကြောင်း၊ ထိုသို့မေးမြန်းမှု များကို ဝန်ကြီးဌာနသို့ တင်ပြပြီး ဝန် ကြီးဌာနမှ ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးမင်း လှိုင်က ပြောသည်။

''တချို့ကုမ္ပဏီတွေက ပို့တဲ့အခါ သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီ ဘူး။ တစ်နေ့ကို ဘတ် ၃ဝဝ၊ အချိန်ပို ကြေးတွေ သတ်မှတ်ထားပေမယ့် ဟို ဘက်ရောက်တော့ အဲဒီနှုန်းအတိုင်း မရ ဘူး။ အလုပ်သမားတွေက မကျေမနပ် ဖြစ်တော့ အလုပ်ရှင်တွေက အလုပ် ထုတ်တယ်။ မဟာချိုင်မှာ အလုပ်သမား ၅၁ ဦး အလုပ်ထုတ်ခံရတယ်''ဟု ဥက္ကဋ္ဌ က ပြောသည်။

အဆိုပါ ပြဿနာတက် ဖြစ်ပေါ်ခဲ့ သော ၅၁ ဦးတွင် ဆိုင်းငံ့ခံ ရသော အေဂျင်စီတစ် ခုမှာ အလုပ်သမားများ လည်း ပါဝင်ပြီး ကျန် ၁၁ ခုမှလည်း အ လားတူ ပြဿနာများ ကြုံသည့်အတွက် ဆိုင်းငံ့ ထားခြင်း ဖြစ်ကြောင်း သိရ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အေ ဂျင်စီအသင်းချုပ်ထံမှ စာတောင်း ထား ကြောင်း၊ အသင်းချုပ်၏ တင်ပြမှုပေါ်မူ တည်၍ ဆက်လက်ေ ဆာင်ရွက်သွား မည်ဖြစ်ကြောင်း အလုပ်သမား ညွှန် ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ် ဦးက မေ ၇ ရက်တွင် ပြောသည်။

''အသင်းချုပ်က စစ်ဆေးနေ တယ်။ အခုကုမ္ပဏီတစ်ခုကို ပြန်ဖွင့်ပေး လိုက် ပြီ''ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုင်းသို့အလုပ်သမားပို့ခွ င့်ရ အေ ဂျင်စီ ၆၄ ခုရှိပြီး တကယ်အလုပ်လုပ် သော အေဂျင်စီမှာ ၂ဝ ခန့်သာရှိ ကြောင်း၊ ယခုဆိုင်းငံ့ခံရသော အေဂျင် စီများသည် အလုပ်သမားပို့ဆောင်သော အေဂျင်စီများတွင် ပါဝင်ကြောင်း လိုင်စင်ရ အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''နယ်စပ်မှာရှိတဲ့ ပွဲစားတွေနဲ့ အဲဒီ အေဂျင်စီ ၂ဝ လောက်နဲ့ ချိတ်ပြီး လုပ် နေကြတာ။ ကျွန်တော်တို့ဆို အလုပ် သမားမပို့နိုင်ဘူး။ အဲလိုအေဂျင်စီတွေက ပွဲစားတွေနဲ့ချိတ်ပြီး လုပ်နေကြတော့ ကျန်တဲ့အေဂျင်စီတွေက အလုပ်မရဘူး ဖြစ်နေတယ်''ဟု အထက်ပါ
တာဝန်ရှိသူ က ပြောသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း အေ ဂျင်စီမှ တာဝန်ရှိသူများနှင့် တစ်ဖက် နိုင်ငံမှ လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ နိုင်အောင် ကူညီပေးသင့်ပြီး သို့မှသာ မှန်ကန်သည့် ဈေးကွက်ဖြစ်လာနိုင် မည်ဟု ၄င်းက ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ တစ်ဦးက ''ထိုင်း အလုပ် သမား စေလွှတ်မှု စနစ်က ဆိုးနေတယ်။ ဝန်ကြီးဌာနကလည်း ဒီကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ထားတာမရှိဘူး'' ဟု မှတ် ချက်ပြုသည်။

သို့သော် ယခုကဲ့သို့ အေဂျင်စီ ၁၂ ခုကို ဆိုင်းငံ့လိုက်ခြင်းသည် ရေရှည် အတွက် ကြည့်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း ၄င်းကဆို သည်။ထိုင်းသို့အလုပ်သမားစေလွှတ်ရန် အေဂျင်စီများကို ယမန်နှစ်မှ စ၍ တင် ဒါခေါ်ယူလုပ်ဆောင်စေခဲ့ခြင်းဖြစ် သည်။ ထိုသို့ဆောင်ရွက်ခွင့်ပြုရာတွင် လိုင်စင်ရ ကုမ္ပဏီသည် ပွဲစားများနှင့် ဆက်သွယ်၍ အလုပ်သမားစုဆောင်း ခြင်း၊ စေလွှတ်ခြင်းကို ခွင့်မပြု၊ 
Employment Contract ပါ သတ်မှတ် ထားသည့် အလုပ်နေရာရပိုင်ခွင့် လုပ်ခ လစာများအတိုင်း အလုပ်သမားများ အမှန်တကယ်ရရှိေ အာင် ဆောင်ရွက် ပေးရန်၊ ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ် သမား ပြဿနာဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးရန် 
အပါအဝင် စည်းကမ်းချက် ၁၃ ချက်ကို လိုက်နာရမည်ဟု ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည်။

မေဇင်ဝင်း
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။

"ဟောင်းနွမ်းကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ"

Photo: "ဟောင်းနွမ်းကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ"
 =======================================

ကန်ဒေါ်လာအဟောင်းအနွမ်း များလဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။ 
 
ဗဟိုဘဏ်က ကန်ဒေါ်လာ အဟောင်းအနွမ်းအား လဲလှယ်ပေးကြ ရန် အမိန့်ကြေညာစာကို ၂ဝ၁၂ ခုနှစ် ကတည်းက ထုတ်ပြန်ထားခဲ့ရာ အချို့မှာ ယခုအချိန် အထိလိုက်နာမှု မပြုကြဘဲ ဟောင်းနွမ်းတွန့်ကြေမှုကို လဲလှယ်ပေးရန် ငြင်းဆန်နေဆဲအပေါ် ၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။ 

''ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားမှု တွေကို အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေ မလိုက်နာလို့ မရပါဘူး။ လိုက်ကို လိုက်နာရပါတယ်'' ဟု ၎င်းက ပြောသည်။ ဘဏ်ကောင်တာများက မလဲပေး ပါက ဘဏ်တာဝန်ရှိသူ မန်နေဂျာနှင့် တွေ့လိုကြောင်းခွင့်တောင်း၍ ဗဟို ဘဏ်က ကြေညာထားခြင်းကြောင့် လဲလှယ်ပေးရန်တောင်းဆိုရမည်ဟု 
၎င်းက ဆက်ပြောသည်။ 
 
''ဘဏ်ကောင်တာနဲ့တော့ ဘယ် ပြီးမလဲ။ သူ့ ထက်တာဝန်ရှိတဲ့သူနဲ့တွေ့ မှ ရမှာပေါ့''ဟု ဦးကျော်ဝင်းတင်က ဆက်ပြောသည်။ 
မေပထမပတ်အတွင်း ရန်ကုန် မြို့လယ်ခေါင်ရှိ ပုဂ္ဂလိကဘဏ်တစ်ခု တွင်ကန်ဒေါ်လာကို မြန်မာငွေနှင့်သွားလဲရာ ဘဏ်ကောင်တာမှ အမျိုးသမီးတစ်ဦးက ကန်ဒေါ်လာတွင် အမည်းရာ 
ရှိနေ၍ မလဲပေးနိုင်ဟု ငြင်းဆန်ခဲ့သည့် အပြင် မန္တလေးတွင်လည်း ရေနံလုပ် သားတို့သွားလဲရာတွင် တွန့်နေ၍ မလဲပေးခဲ့ဟု ကိုယ်တွေ့ကြုံခဲ့ကြသူတို့က ပြောသည်။
 
''ပြောတာပဲ။ မရဘူး။ မလဲပေးနိုင် ဘူးပဲ ပြောတယ်''ဟု အထက်ပါကိစ္စကို ကြုံတွေ့ခဲ့သူ ကိုဇော်မျိုးက ဆိုသည်။မြန်မာဘဏ်များ၏ ကန်ဒေါ်လာ အဟောင်းအနွမ်း အတွန့်အကြေကိစ္စကို CNN သတင်းဌာနကပင် ထည့်သွင်း ၍ ပြည်ပခရီးသွားများ မြန်မာသို့ လာပါက သိထားရမည့်အချက်ထဲတွင် 
။အဆိုပါဖြစ်စဉ်များ အမှန်တကယ် ရှိနေခြင်းအပေါ် ပေါ်ပြူလာနယူးစ်က ဗဟိုဘဏ်သို့မေးရာ အဖွဲ့များဖြင့် စစ် ဆေးမည်ဖြစ်ကြောင်း တရားဝင်ပြောခဲ့ 
သော်လည်း လက်တွေ့ရှိနေခြင်းကို အရေးယူဖော်ထုတ်မှု မပြုနိုင်သေး ကြောင်း သိရှိရသည်။ 

PN - 051

ကန်ဒေါ်လာအဟောင်းအနွမ်း များလဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံး သို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို

Photo: ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို
Wednesday,May08,2013

အစ္စလာမ်ဘာသာဝင်များ ဝတ်ပြု ရာ ဗလီများသို့ ဘာသာခြားများ ဝင် ရောက်လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်းမရှိသလို ဝင် ရောက်လေ့လာလိုပါကလည်း သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။

''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီ ဂေါပက အဖွဲ့ဆီက ခွင့်ပြုချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။

သက်ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက်လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီးမားမားမျှ မရှိကြောင်း သိရ သည်။

''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ်မစီးရတာတို့၊ ကိုယ်လက်သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါးသွားစေရေးအတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်းသွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များနှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများသည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြုဖော်ပြထားသည်။

ကျော်ရဲလင်း
Popular Myanmar News Journal

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အစ္စလာမ်ဘာသာဝင်များ ဝတ်ပြု ရာ ဗလီများသို့ ဘာသာခြားများ ဝင် ရောက်လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်းမရှိသလို ဝင် ရောက်လေ့လာလိုပါကလည်း သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။

လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော

Photo: လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော
Wednesday,May08,2013

ဒီကေဘီအေထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

“အဓိက ဘယ်ဟာတွေကအဆင်မပြေဖြစ်နေတာလဲ။ အကြောင်းအရာတွေအများကြီးပဲ။ ဒါတွေကို ဆွေးနွေးပွဲတစ်ခု ဖြစ်အောင်လုပ်ဖို့ဆွေးနွေးကြတယ်”ဟု
မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

မြိုင်ကြီးငူဒေသအတွင်းရှိ ဒီကေဘီအေတပ်ဖွဲ့များကို မေလ ၄ ရက်ည နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် မြန်မာ့တပ်မတော်မှ ရာဇသံပေးထားခြင်းကို လုံးဝဆုတ်
ခွာနိုင်မည်မဟုတ်ကြောင်း ဒီကေဘီအေ(ကလို့ထူးဘော)တပ်ဖွဲ့မှဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က မေ ၆ ရက်တွင်ပင် တုံ့ပြန်လိုက်သည်။

“ဒီနေရာက မခွာနိုင်တော့ဘူး။ ထပ်တိုးလာရင် ခုခံကာကွယ်သွားမယ်။ အခုက ထိုင်းနဲ့နီးနေပြီ။ ထိုင်းကလည်း လက်ခံမှာ မဟုတ်ဘူး”ဟု မေလ ၆ ရက်တွင်
ဗိုလ်မှူးကြီးစောဆန်းအောင်က ပြည်တွင်းမီဒီယာများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေ(ကလို့ ထူးဘော)တပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့အကြား ဧပြီ ၂၆ ရက် စတင်ကာ
တိုက်ပွဲအချို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၆ ရက်တွင် နယ်ခြားစောင့်တပ်မှ တပ်သားတစ်ဦးက ဒီကေဘီအေနယ်မြေအတွင်း ရောက်ရှိလာခြင်းမှ စတင်ကာ ၂၇ ရက် ည ၁၀ နာရီကျော်တွင်
နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်။

နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတပ်နှစ်ဖက်လုံးသည် ကရင်အမျိုးသားများပင်ဖြစ်ကြပြီး ယခုကဲ့သို့ အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရှက်ရ
ဝမ်းနည်းမိကြောင်းနှင့် ယခုကိစ္စတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ တပ်မဟာမှူးဗိုလ်မှူးကြီးထိန်မောင်
ထွန်းတို့၌ တာဝန်အပြည့်အ၀ရှိကြောင်း ဒီကေဘီအေ၊ ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေမှ တာဝန်ရှိသူများက ပြောကြသည်။

“အစိုးရက ဗိုလ်မှူးကြီးအောင်လွင်နဲ့ ၀န်ကြီးချုပ်ဦးဇော်မင်းတို့ကို ဘာတာဝန်ပေးထားသလဲဆိုတာ ကျွန်တော်သိချင်တယ်။ ဒီကိစ္စက သေးသေးလေးပဲ။
သေနတ်တစ်ချက်ပစ်ဖောက်ရာကစတာ။ တပ်မဟာမှူးကသူရှင်းမယ်ဆိုရင် ရရဲ့သားနဲ့ ဘာလို့မပြောတာလဲ။
ပြောလို့မရဘူးလို့ဆိုရင် ဒီလို ရာထူးကို ယူထားဖို့ မသင့်တော့ဘူး”ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက ဆိုသည်။

ဒီကေဘီအေသည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ထားဆဲကာလဖြစ်ပြီး နယ်မြေကျော်လွန်ဖြတ်သန်းမှုများကို သတင်းပို့စနစ်ဖြင့် ဆောင်ရွက်ရန်
သဘောတူညီခဲ့ကာ ယူနီဖောင်းမ၀တ်ဆင်၊ လက်နက်မကိုင်ဆောင်ဟု သဘောတူညီထားခြင်းမရှိကြောင်း သိရသည်။

“အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့အချိန်မှာ စစ်တပ်က တိုက်ရိုက်အမိန့်လာပေးတာကို နားမလည်နိုင်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ ကာလမှာအတင်းအဓမ္မ ဆုတ်ခွာခိုင်းတာမူအရမကိုက်ညီဘူး”ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ပြည်တွင်းမီဒီယာများအား ပြောကြားသည်။ 

7Day News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
ဒီကေဘီအေထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို

Photo: မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို
Wednesday,May08,2013

နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင် အာဖရိကနှင့် အီရန် နိုင်ငံသားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။

မေလ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေး၌ အထက်ပါ ပုဂ္ဂိုလ်က
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖောက်ကားမှုတွင် နိုင်ငံတကာဂိုဏ်းဖွဲ့ကျူးလွန်သူများ ပါဝင်ပတ်သက်နေပြီး
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း၂၀၀၇ ခုနှစ်မှစ၍ ပြန်လည်မြင့်တက် လာခဲ့သည်ဟု ၎င်းကဆက်လက်ပြောသည်။ ထို့အပြင် Methamphe tamine ဆေးဝါးပြဿနာမှာ စိုးရိမ်ရေမှတ်အထိ တိုးမြင့်နေပြီး စိတ်ကိုပြောင်းလဲ စေသောဆေးဝါးသစ်များပေါ်ထွက်လာမှုမှာအနာဂတ်မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းများကိုခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ငါးနှစ်အတွင်း မူးယစ်ဆေးဝါး အပြီးသတ်ပပျောက်ရေးစီမံကိန်းမှာ မူလရည်မှန်းထားသည့်ထက် နှေးကွေးနေကြောင်း၎င်းကဆိုသည်။

“မူးယစ်ဂိုဏ်းတွေက တစ်နိုင်ငံ တည်းမှာ အခြေပြုတာမဟုတ်ဘူး။ တချို့ကထိုင်းမှာ ၊တချို့က လာအိုမှာရှိကြတယ်။ နောက်ကွယ်က
ဂိုဏ်းတွေကြီးကြီးမားမားမိထားတာရှိပါ တယ်။ အထူးသဖြင့် တခြားနိုင်ငံတွေ နဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မိတာ
များပါတယ်”ဟု ဒုရဲမှူးကြီး ဦးမြင့်သိန်းကလည်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက ဒေသခံလူငယ်များ၊ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထား၍မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းချမှုတို့ကို လုပ်ဆောင်လာကြောင်း ၎င်းတို့ကဆိုသည်။ ထို့ကြောင့်ဒေသ ခံမူးယစ်တပ်ဖွဲ့များက
ယခုနှစ် ဧပြီ ၁ ရက်မှစ၍ စီမံချက်ဖြင့် ပညာပေး လုပ်ငန်းများလုပ်ဆောင်နေရကြောင်းသိရသည်။

ဘိန်းစိုက်ပျိုးမှုများကို ပြန်လည် လျှော့ချရေးနှင့် စိတ်ကြရူး သွပ်ဆေးဝါးအန္တရာယ်လျှော့ချရေးအတွက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အနေဖြင့်မူးယစ် ဆေးဝါးပပျောက်ရေး စီမံချက်ကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ဒုရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

ယခင်မြန်မာအစိုးရက သတ်မှတ်ထားသည့် နှစ်မှာ ၂၀၁၄ ဖြစ်သည်။

7Day News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ 
 နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင် အာဖရိကနှင့် အီရန် နိုင်ငံ သားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။

ဇွန်လ ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက် တရားစွဲခံရသူ ရခိုင်အမျိုးသား ၁၀ ဦး ထောင်ဒဏ်များ ချမှတ်ခံရ



Photo: ဇွန်လ ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက် တရားစွဲခံရသူ ရခိုင်အမျိုးသား ၁၀ ဦး ထောင်ဒဏ်များ ချမှတ်ခံရ
Wednesday,May08,2013

ရခိုင်ပြည်နယ် အတွင်း ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ အဖြစ် တရားစွဲ ဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသား (၁၀) ကို စစ်တွေ ခရိုင်တရားရုံးက မေလ (၇) ရက် မနေ့က ထောင်ဒဏ် အသီးသီးစီ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အား ပြစ်မူအများအပြားဖြင့် အသီးသီး ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အမူအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေမကြီး ဒေါ်အေးနုစိန်မှ နိရဉ္စရာသို့ ပြောကြားသည်။

“ သူတို့အထဲမှာ တချို့ကို ပုဒ်မ ၃၇၉ နဲ့ ထောင်ဒဏ် (၁) နှစ်စီ ချတဲ့ တရားခံတွေ ရှိသလို၊ ပုဒ်မ ၄၃၆ (၃) နှစ်စီနဲ့ ချတဲ့ တရားခံ တချို့ရှိပါတယ်။ တချို့ဆိုရင် ပုဒ်မ ၃၇၉ နဲ့ ပုဒ်မ ၄၃၆  နဲ့ရော တနှစ်၊ သုံးနှစ် တစ်ပေါင်းတည်း ကျခံရတဲ့ တရားခံတွေလည်း ရှိပါတယယ်” ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်မှ ပြောသည်။

ယခု ထောင်ချခံရသည့် တရားခံများမှာ ကျောက်တော်မြို့နယ် ကျောက်ဖြူ ရွာသစ်၊ ရွာသစ်ကေ၊ အုတ်ကြွက်နှင့် ကသစ်တော ကျေးရွာများမှ ဖြစ်ကြသည်။ ဖမ်းဆီးတရားစွဲခံရသူ (၁၀) ဦးစလုံးကို ထောင်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ တစ်ယောက်မှ မလွှတ်ပါဘူး။ အကုန်လုံး ထောင်ချခံရပါတယ်။ တရားမျှတမူ ရှိသလား၊ မရှိဘူးလားဆိုတာကတော့ ကျွန်မတို့မှာ တရားမျှတမူ မရှိရင် ဘယ်အမူမှာ မျှတမူ မရှိဘူးဆိုတာကို ထုတ်နုတ်ပြီး အထက် တရားရုံးမှာ  အယူခံပိုင်ခွင့်ရှိပါတယ်။ ဒါဘဲ လောလောဆယ် ပြောနိုင်မှာပါ” ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်က ဆိုသည်။

ထောင် (၃) နှစ် ချမှတ်ခံရသူများမှာ  ကျောက်တော်မြို့နယ်မှ ကျေးရွာများ ဖြစ်ကြသော ကျောက်ဖြူ ရွာသစ် ကျေးရွာမှ ကျော်လှဖြူနှင့် မောင်ထွန်းဝင်း၊  ရွာသစ်ကေကျေးရွာမှ မောင်သိန်းဝင်းနှင့်  မောင်အေးချေ၊ အုတ်ကြွက်ကျေးရွာမှ မောင်စံလှိုင်နှင့် ကသစ်တောကျေးရွာမှ စောရွှေမောင် တို့ ဖြစ်ကြသည်။

ထောင် (၁) နှစ် ချမှတ်ခံရသူများမှာ ကသစ်တောကျေးရွာမှ ကျော်ဆန်းနှင့် ကျော်ထွန်းဝင်း၊ ကျောက်ဖြူရွာသစ်မှ အောင်သန်းဌေးတို့ ဖြစ်ကြသည်။ ထောင် (၉) လ ချမှတ်ခံရသူ တစ်ဦးမှာ ကျောက်ဖြူ ရွာသစ်မှ  စံရဲကျော် တို့ ဖြစ်ကြသည်။

ဆရာမကြီး ဒေါ်အေးနုစိန် လိုက်ပါ ဆောင်ရွက်နေသော အမူများထဲတွင် အမူမစီရင်ရသေးဘဲ ကျန်နေသူ ၁၃ ဦးရှိပြီး ထိုအထဲတွင် မြောက်ဦးမြို့နယ် ယိုင်သည်ရွာ အမူနဲ့ ပတ်သက်တဲ့သူ (၈) ဦးနဲ့ ပုရိန်ရွာနဲ့ ပတ်သက်တဲ့သူ  ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မူ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များ အဖြစ် တရားစွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသား (၁၀) ကို စစ်တွေ ခရိုင်တရားရုံးက မေလ (၇) ရက် မနေ့က ထောင်ဒဏ် အသီးသီးစီ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

မယား ထမ်း ပြေးပွဲ

Photo: မယားထမ်း ပြေးပွဲ
Wednesday,May08,2013

မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြု လုပ်တဲ့ နိုင်ငံကတော့ ဥရောပတိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေသ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။

အားကစား ဝင်ပြိုင်ဖို့အတွက် ကိုယ်ထမ်းရမယ့် အမျိုးသမီးက ဇနီးသည် မဟုတ်လည်း ရပါတယ်။ သူငယ်ချင်း၊ အိမ်နီးချင်၊ အသိမိတ်ဆွေ အမျိုးသမီး လည်း ထမ်းခွင့်ရှိပါတယ်။ အမျိုးသမီးက အသက် ၁၈ နှစ် အထက် ရှိရ မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်အလေးချိန်ကလည်း ၄၅ ကီလိုဂရမ် အထက် ဖြစ်ပါတယ်။

သွားရတဲ့ ခရီးက ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူပါဘူး။ အများစုမှာကတော့ ကုန်းလမ်း၊ ရေလမ်း၊ ရွှံ့ လမ်း၊ မြေပြင်လမ်း တို့ ပါဝင်ပြီး ပင်ပင် ပန်းပန်းပြေး လွှားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ထမ်းထားတဲ့ အမျိုးသမီးကို လွတ်ချ ရင်တော့ ရှုံးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ချီးမြင့်တဲ့ ဆုကလည်း ထူးခြားပါတယ်။ ပထမရသူအနေနဲ့ ထမ်းပြေးတဲ့ အမျိုးသား ရမယ့် ဆုကတော့ အမျိုးသမီးရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာဖြစ်ပြီး အမျိုးသမီးကတော့ သူနိုင်သလောက် သယ်သွားခွင့် ရှိတဲ့ အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါတယ်။ ဒုတိယ၊ တတိယ တို့လည်း အခြားဆုများ ချီးမြင့်ပါတယ်။ ဒါက ဖင်လန်နိုင်ငံက ဆုပေး စနစ်ဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။

ယင်းမယားထမ်းအပြေးပြိုင်ပွဲဟာ ရေပန်းစားလာပြီး ကမ္ဘာ့ချိန်ပီယံရှစ်ပ်ဆို တာမျိုးတော့ လုပ်ပါတယ်။ ကမ္ဘာအနှံ့အပြားက စုံတွဲများ လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ မှာတောင် ၂၀၁၁ ခုနှစ်က စလို့ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ပြိုင်ပွဲ၍ ရည်ရွယ်ချက်ကလည်း အမျိုးသားနဲ့ အမျိုးသမီးကြား ချစ်ခင်ရင်းနှီး မှု၊ လက်တွဲလုပ်ကိုင်မှုစွမ်းရည်၊ အမျိုးသားတို့ တာဝန်ယူနိုင်မှု စွမ်းရည် တို့ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး ပျော်စရာ ပွဲတော်တစ်ခု အဖြစ် ကျင်းပလာကြတာ ကို တွေ့ရပါတယ်။
---
Ref:unsuafact
ရိုးရာလေး ဗဟုသုတ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြုလုပ်တဲ့ နိုင်ငံကတော့ ဥရောပ တိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေ သ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။

သြစတြေးလျ ၏ စီးကရက် ထုပ်ပိုးမှု ဆိုင်ရာ ဥပဒေ ကျူး ဘား ကန့်ကွက် မည်

Photo: သြစတြေးလျ၏ စီးကရက်ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကျူးဘား ကန့်ကွက်မည်
Wednesday,May08,2013

သြစတြေးလျ နိုင်ငံ၏ စီးကရက် ထုပ်ပိုးမှုဆိုင်ရာ ဥပဒေ ကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (ဒဗလျူတီအို)တွင် ကန့်ကွက် သွားရန် ကျူးဘားနိုင်ငံက စီစဉ် ဆောင်ရွက် ထားလျက် ရှိကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီ ဗာမြို့ အခြေ စိုက် ဒဗလျူတီအိုက မေ ၆ ရက်တွင် ထုတ်ပြန် သော သတင်းကြေညာချက် တစ်ရပ်တွင် ဖော်ပြ သည်။

သြစတြေးလျနိုင်ငံက စီးကရက် ထုပ်ပိုးမှု ဆိုင် ရာ တင်း ကျပ်သည့် ဥပဒေ ထုတ်ပြန် ပြဋ္ဌာန်း ခဲ့ခြင်းနှင့် ပတ်သက် ၍ ယူကရိန်း၊ ဟွန်ဒူးရပ်စ်နှင့် ဒိုမီနီကန် သမ္မတ နိုင်ငံတို့ ကလည်း ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့တွင် တရား ဥပဒေ ကြောင်း အရ တရားစွဲဆိုမှုများ ပြုလုပ် ထားကြသည်။ 

သြစတြေးလျနိုင်ငံ၌ လွန်ခဲ့သည့် ဒီဇင် ဘာလက အာဏာ သက်ဝင်လာခဲ့သော ဥပဒေအရ စီးကရက် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့ ထုတ် လုပ်သော စီးကရက်ဘူးများပေါ်တွင် ကုမ္ပဏီအမှတ်တံဆိပ် (လိုဂို)ကို ဖော်ပြခွင့် မရှိပေ။ ၄င်းအပြင် စီးကရက် ဘူး ပေါ်တွင် ကျန်းမာရေးသတိပေးချက်ကို အထင်အရှား ဖော်ပြရန် လိုအပ်သည်။ 

စီးကရက်ဘူး ထုပ်ပိုးခြင်း ဆိုင်ရာ တင်းကျပ်သော ဥပဒေကို သြစတြေးလျနိုင်ငံက ပြဋ္ဌာန်းခဲ့ပြီးနောက် ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေ၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံတို့ကလည်း အလားတူ ဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ရန် စဉ်းစားသုံးသပ်လျက် ရှိကြသည်။ 

ခေတ်လူငယ် 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
သြစတြေးလျ နိုင်ငံ၏ စီးကရက်ထုပ်ပိုးမှုဆိုင်ရာဥပဒေကို ကမ္ဘာ့ ကုန် သွယ်ရေး အဖွဲ့ (ဒဗလျူတီအို)တွင် ကန့်ကွက် သွားရန် ကျူးဘားနိုင်ငံက စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ အခြေ စိုက် ဒဗလျူတီအိုက မေ ၆ ရက်တွင် ထုတ်ပြန် သော သတင်းကြေညာ ချက် တစ်ရပ်တွင် ဖော်ပြသည်။

ကသာ ရှိ ဂျော့အော်ဝဲလ် အိမ် ရှေးမူ မပျက် ထိန်း သိမ်း မည်

Photo: ကသာရှိ ဂျော့အော်ဝဲလ်အိမ် ရှေးမူမပျက် ထိန်းသိမ်းမည်
Wednesday,May08,2013

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အော်ဝဲလ်နေထိုင်ခဲ့ရာ ကိုလိုနီခေတ် အဆောက်အဦးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သတင်းရရှိသည်။

ဂျော့အော်ဝဲလ်၏ နေအိမ်သည် နှစ်ပေါင်းများစွာ လျစ်လျူရှုထားခြင်းခံခဲ့ရရာမှ ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး လာရောက် လည်ပတ်ခဲ့ပြီးနောက် ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ်ကတော့ အချက်အလက်တွေ စပြီး စုဆောင်းနေပါပြီ။ ကသာက မြို့မိ မြို့ဖ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တိုင်ပင်ဖို့ စီစဉ်ထားပါတယ်။ ကသာကို ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ကျနော်တို့ ကိုယ်တိုင် ဒီကို လာကြည့်ရတာ အဆင်ပြေအောင် ကူညီပေးနေပါပြီ” ဟု ကသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ဦးက ဧရာဝတီကို ပြောသည်။ ရှေးမူမပျက် ထိန်းသိမ်းမှု လုပ်ငန်းကို ယခုနှစ်အတွင်း ပြီးစီးအောင် ပြုလုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆိုသည်။

ဂျော့အော်ဝဲလ်သည် သူ၏ Burmese Days အမည်ရှိ ၀တ္ထုတွင် ကသာမြို့ကို ကျောက်တံတားမြို့အဖြစ် စိတ်ကူးယဉ်ဖန်တီးထားကာ သူ၏ နေအိမ်၊ British Club နှင့်Tennis Court တို့ကို ၀တ္ထု၏ အဓိက ဇာတ်ဝင်ခန်းနေရာများအဖြစ် ထည့်သွင်းရေးသားထားသည်။ Burmese Days ၀တ္ထုသည် ကိုလိုနီခေတ်အတွင်း ကိုလိုနီပြုခံ မြန်မာနိုင်ငံသားများ၏ နုံချာမှု၊ ကိုလိုနီစနစ်ကို အထောက်အကူ ပြုနေရသူ အနောက်တိုင်းသား မျက်နှာဖြူတို့၏ အထီးကျန်မှု၊ အနောက်တိုင်းသားတို့၏ အရှေ့တိုင်းဒေသခံတို့အပေါ် ခွဲခြားဆက်ဆံမှုတို့ကို ပွင့်လင်းထင်သာစွာ ရေးသားထားသည်။

“British Club နဲ့ Tennis Court ကတော့ ပြန်ထိန်းသိမ်းမယ့်ထဲ မပါသေးဘူး။ ခုလောလောဆယ် အော်ဝဲလ်အိမ်ကိုပဲ လုပ်မယ်လို့ ကြားတယ်။ နောက်ပြီးတော့ စစ်သချိုင်းကလည်း အခုဆိုရင် လူနေရပ်ကွက်ထဲ ရောက်နေတော့ အဲဒါကိုလည်း ဒီအော်ဝဲလ်ခြံထဲကို ပြန်ရွှေ့ပေးရင် ပိုကောင်းသွားမယ်လို့ ထင်တယ်” ဟု ကသာမြို့ ဒေသခံ ကာတွန်းဆရာ ကိုညိုကိုနိုင်က ဧရာဝတီကို ပြောသည်။

ကသာမြို့ ရပ်ကွက် ၄ တွင် တည်ရှိသည့် ဂျော့အော်ဝဲလ်၏ နေအိမ်နှင့် ခြံဝန်းသည် ဆယ်စုနှစ်အတော်ကြာ လျစ်လျူရှုထားမှုကြောင့် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျှက်ရှိကာ နေအိမ်မှာလည်း ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းမိသားစု ၂ စုကို နေထိုင်ခွင့် ပေးထားသဖြင့် လူနေဖြစ်ရုံမျှသာ ရှင်းလင်းထားသည်။ အိမ်တွင်းရှိ မီးလင်းဖိုနှင့် လှေကားလက်ရမ်းများမှာ ဖုန်အလိမ်းလိမ်းနှင့် အိမ်ပေါ်ထပ် လသာဆောင်များမှာလည်း ရွဲ့စောင်း ယိုင်နဲ့နေသည်။ အိမ်နံရံကို နွယ်ပင်များ တွယ်တက်ကာ အိမ်ဘေးပတ်ဝန်းကျင်မှာလည်း သက်ကယ်ပင်၊ မြက်ရိုင်းပင်များ တိုးမပေါက်အောင် ပေါက်လျှက်ရှိသည်။

“ကျမတို့  သင်္ဘောခရီးစဉ်တွေကို ရွေးချယ်တဲ့ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ်။ ဂျော့အော်ဝဲလ်အိမ်ကို ပိုင်ဆိုင်တဲ့ ဌာန၊ အဲဒီဌာနကို ကျမတို့ ၀င်ကြေးပေးချင်တယ်။ ရတဲ့ ၀င်ကြေးနဲ့ အိမ်ကို ရှေးမူ လက်ရာမပျက် ထိန်းစေချင်တယ်။ ထိန်းသိမ်းလို့ ရတယ်။ အခုက ၀န်ထမ်းတွေ နေတဲ့ အိမ်သာသာပဲ ရှိတယ်။ တင်းနစ်ကုတ်၊ ကလပ်၊ အိမ်တွေကို ရှေးမူမပျက်ဘဲနဲ့ နိုင်ငံခြားသားတွေကို သေသေချာချာ သန့်သန့်ရှင်းရှင်း ၀င်ကြေး အတိုင်းအတာ တခုထိ ကောက်ယူ စေချင်တယ်”” ဟု ဧရာဝတီမြစ်တွင်း သင်္ဘောခရီးစဉ်များ စီစဉ်သည့် ဧရာဝတီ မင်းသမီးမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ဧရာဝတီကို ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ဂျော့အော်ဝဲလ်၏ နေအိမ်နှင့် ခြံဝင်းကို စီးပွားရေးလုပ်ငန်းရှင်အချို့မှ စကိတ်ကွင်းပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၃ ဧပြီလတွင် ရှေးမူမပျက် ထိန်းသိမ်းရန် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှ နှုတ်ဖြင့် မှာကြားသွားခြင်းဖြစ်ကြောင်း သိရသည်။ ၀တ္ထုဇာတ်လမ်းတွင် ပါဝင်သည့် British Club သည်လည်း ကသာမြို့နယ် သမ၀ါယမ အသင်းစုရုံးအဖြစ် အသုံးပြုခြင်းခံနေရသည်။

ကမ္ဘာကျော် ၀တ္ထုကြီးများဖြစ်သည့် 1984, Animal Farm စသည်တို့ကို ရေးသားဖန်တီးခဲ့သည့် စာရေးဆရာကြီး ဂျော့ဂ်ျ အော်ဝဲလ်သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့သို့ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ပုလိပ်အဖြစ် ရောက်ရှိလာခဲ့ပြီး Burmese Days ၀တ္ထုကို ရေးသားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမည့် ဂျော့ဂ်ျ အော်ဝဲလ် နေထိုင်ခဲ့သော ကသာမြို့က အိမ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမည့် ဂျော့ဂ်ျ အော်ဝဲလ် နေထိုင်ခဲ့သော ကသာမြို့က အိမ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)




စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ရှိ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အော်ဝဲလ်နေထိုင်ခဲ့ရာ ကိုလိုနီခေတ် အဆောက်အဦးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သတင်းရရှိသည်။

အာစီယံ ၅ နိုင်ငံ မော်ဒဲလ်ရှိုး မြန်မာပြည် လာမည်

Photo: အာစီယံ ၅ နိုင်ငံ မော်ဒဲလ်ရှိုး မြန်မာပြည် လာမည်
Wednesday,May08,2013

အာဆီယံ ၅ နိုင်င်ငံ အမျိုးသမီး မော်ဒယ်ရှိုးပြိုင်ပွဲ ကို ၂၀၁၃ အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဟု Myanmar Model Management မော်ဒယ်အေဂျင်စီမှ ဦးစီးသူ မော်ဒယ် ဦးဌေးမင်းထွန်းထံမှ သိရသည်။

ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နှင့်မြန်မာ ၅ နိုင်ငံရှိ မော်ဒယ်များ၏ Miss Asian plus 5 မော်ဒဲလ်ပြိုင်ပွဲကို ၂၀၁၃ အောက်တိုဘာလတွင် ရန်ကုန်၊ နေပြည်တော်၊ ငွေဆောင်တို့တွင် ကျင်းပမည်ဟု သိရသည်။

” အဓိကက တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ပြိုင်တာပါ။ ညနေခင်း ဂါလာ ဝတ်စုံနဲ့လည်း ပြိုင်မယ်။ နိုင်ငံတကာပြိုင်ပွဲ ဆိုပေမယ့် ဘီကနီနဲ့ ဝတ်ပြိုင်တာမျိုးတော့ မထည့်ဘူး၊ သူတို့က အသားအရေ ဆန်းစစ်ဖို့ ဝတ်ပြိုင်ရတာပါ။ ဒါကို ပုံတူကူးချဖို့မရှိဘူး။ စွပ်ကျယ်နဲ့ဘောင်းဘီနဲ့ပဲ ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရိုးရာဝတ်စုံတွေလည်း ဝတ်ပြိုင်ကြရမယ်” ဟု ဦးဌေးမင်းထွန်းက ဧရာဝတီသို့ပြောသည်။

ပြိုင်ပွဲကို မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း ၊မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့နှင့် Myanmar Model Management တို့ ပူးပေါင်း တင်ဆက်ခြင်းဖြစ်ကြောင်း၊ မြန်မာ တနိုင်ငံလုံးရှိ မော်ဒယ်များကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်ပြီး တိုင်းပြည်ကိုယ်စားပြု မြန်မာမော်ဒယ်လ် ၂ ဦးကို နောက်ဆုံးရွေးချယ်ကာ ဗိုလ်လုပွဲ တက်ရောက်စေမည်ဖြစ်ကြောင်း၊ ဆုရရှိသူကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ဦးဌေးမင်းထွန်းက ပြောသည်။

” ဆုငွေတွေကို ကျပ်သိန်း ၅၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၅ ထောင်ကနေ ၁၀၀၀၀ ကြားပေါ့။ ဒီဆုငွေတွေအတွက်လည်း စပွန်ဆာကုမ္ပဏီတွေ ရပြီးသွားပါပြီ။ အသေးစိတ်ကို ထပ်ပြောပါမယ်” ဟုလည်း ပြောသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက” ကျနော်တို့ဆီကိုတော့ အတိအကျ စာတင်တာ မရှိသေးဘူး၊ ယဉ်ကျေးမှုကို ဖော်ထုတ်တာကတော့ ကောင်းပါတယ်” ဟု ပြောဆိုသည်။

“သူတို့တွေ အခုမှ စပြီးပြောနေတုန်း ဖြစ်မယ်။ အခုလို အချိန်မှာ ဒီလိုပွဲမျိုးတွေ ရှိကောင်းရှိမယ်၊ လုပ်လည်း လုပ်ကြလိမ့်မယ်။ ဒီအပေါ်မှာ ဘယ်လိုစည်းမျဉ်းတွေ ဘယ်လို ခွင့်ပြုချက်တွေ ရှိမလဲတော့ မပြောနိုင်သေးဘူး။ မြန်မာ့ယဉ်ကျေးမှုအတွက် ထိန်းသင့်တာထိန်းပြီး အလွန်အကျွံ မဖြစ်စေဖို့ပဲ လမ်းညွှန်မယ်” ဟု ယဉ်ကျေးမှုဌာန အထွေထွေမန်နေဂျာ ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

၎င်းပြိုင်ပွဲအတွက် အာဆီယံ ၄ နိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်ကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု ဖလှယ်နိုင်စေရန်  ယင်းသို့နိုင်ငံတကာ ပြိုင်ပွဲကို စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဌေးမင်းထွန်းထံမှ သိရသည်။ Myanmar Model Management မော်ဒယ်အေဂျင်စီကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ပြီး မော်ဒယ်ခေတ်ဦးတွင် နာမည်ရခဲ့ကြသည့် မြရွှေဝါ၊ သန္တာလှိုင်၊ ပပဝင်း၊ စိုးမြတ်နန္ဒာတို့က ဦးစီးခဲ့ကြောင်း သိရသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မော်ဒယ်ရှိုး ပွဲတစ်ခုမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မော်ဒယ်ရှိုး ပွဲတစ်ခုမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အာဆီယံ ၅ နိုင်င်ငံ အမျိုးသမီး မော်ဒယ်ရှိုးပြိုင်ပွဲ ကို ၂၀၁၃ အောက်တိုဘာတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်ဟု Myanmar Model Management မော်ဒယ်အေဂျင်စီမှ ဦးစီးသူ မော်ဒယ် ဦးဌေးမင်းထွန်းထံမှ သိရသည်။

လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ

Photo: လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ 
Wednesday,May08,2013

မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်းလွတ်ခွင့် ပြုလိုက် ပါတယ်။ 

လွန်ခဲ့တဲ့ မေလ ၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘဏ္ဍာရေးနဲ့ အခွန် ၀န်ကြီး ဦးဝင်းရှိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါ တယ်။ 

ဝန်ကြီး ဦးဝင်းရှိန်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့  ပူပူနွေးနွေး ဥက္ကဌတာဝန်ယူထားသူ လည်း ဖြစ်ပါတယ်။ 

အခုလို ကုန်သွယ်လုပ်ငန်း အခွန် ကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေ အမှန်တကယ် အကျိုးရှိလာမလား၊ နိုင်ငံတော် အတွက် အကျိုး ရှိလာမလား၊ ဒါမှ မဟုတ် လုပ်ယာ လုပ်ငန်းရှင်ကြီးတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ခရိုနီကြီးတွေ အကျိုးရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 
ဧရာဝတီ blog
မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်းလွတ်ခွင့် ပြုလိုက် ပါတယ်။

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ

Photo: ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ 
Wednesday,May08,2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော်သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။
 
အင်္ဂါနေ့မှာလည်း အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေ ထပ်ရှာတွေ့ခဲ့တယ်လို့ ရဲကပြောပြီး သေဆုံးရသူအရေအတွက် ၇၀၅  ဦးလို့ အတည်ပြုခဲ့ပါတယ်။
 
ဧပြီလ ၂၄ ရက်နေ့က အဲ့ဒီဖြစ်ရပ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာပြောဖို့ ပိုပြီး ခက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အများအားဖြင့် သေဆုံးသူတွေရဲ့ အိတ်တွေထဲမှာတွေ့ရတဲ့ မှတ်ပုံတင်တွေ လက်ကိုင်ဖုံးတွေကိုကြည့်ပြီးပဲ ဘယ်သူဘယ်ဝါဆိုတာ ပြောနေရတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီ အထည်ချုပ်စက်ရုံ ပြိုကျမှုဟာ သိပ်ပြီးစိုးရိမ်မရာ မရှိပါဘူး။ ဒါဟာ မတော်တဆ ထိခိုက်မှုပါလို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက အရင်တစ်ပတ်ကပဲ ပြောသွားပါ တယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နိုင်ငံခြားအထည်ချုပ်ကုမ္ပဏီတွေ ပြန်ထွက်သွားမှာ မစိုးရိမ်ပါဘူး၊ ဒီလို ဖြစ်ရပ်မျိုးက နေရာတိုင်းမှာ ဖြစ်တာပါလို့ သူက ပြောပါတယ်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒေါ်လာသန်း ၂ သောင်းဖိုးရှိတဲ့ အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံ
ပြည်ပပို့ကုန် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုင်ငံခြား အဝတ်အထည် ကုမ္ပဏီ အများအပြားကလည်း သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပါမယ်လို့ ကတိပြုထားပါတယ်။
 
ဒီဖြစ်ရပ်ကြောင့် လူအနည်းဆုံး ၉ ဦးကို ဖမ်းဆီးထားပါတယ်။ အဲ့ဒီထဲမှာ ပြိုကျတဲ့ အဆောက်အဦးပိုင်ရှင်၊ အဲ့ဒီ အဆောက်အဦးမှာရှိတဲ့ စက်ရုံတွေရဲ့ ပိုင်ရှင်တွေနဲ့ အဲ့ဒီ အဆောက်အဦး တည်ဆောက်မှုအတွက် တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေ ပါဝင်ပါတယ်။ 

VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော် သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

တာလတ် ပစ်ဒုံး မြောက် ကိုရီး ယား ဖယ် ရှား


Photo: တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား 
Wednesday,May08,2013

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာကို လျှော့ပါးသွားစေလိုတဲ့ သဘောနဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။
 
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဒုံးပျံပစ်လွှတ်တဲ့ စခန်းကနေ Musudan မစ်ဇိုင်း ဒုံးပျံ ၂ စင်းကို မကြာခင်က ပြောင်းရွှေ့လိုက်ကြောင်း ၀ါရှင်တန်မှာရှိတဲ့ အမည်မဖော်လိုတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိတစ်ယောက် က ပြောဆိုပါတယ်။ ဒီအကြောင်းကို တောင်ကိုရီးယားနိုင်ငံက မီဒီယာတွေမှာလည်း ဖော်ပြကြ တာကို တွေ့ရပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မိုင် ၂ ထောင်ကျော် အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ မစမ်းသပ်ရသေးတဲ့ Musudan မစ်ဇိုင်း ဒုံးပျံတွေကို ပစ်လွှတ်နိုင်ကြောင်း ဒီဒုံးပျံ ပစ်လွှတ်နိုင်တဲ့ အကွာအဝေးဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို လက်လှမ်းမှီတာကြောင့် သတိထားဖို့ အမေရိကန်အစိုးရက ရက်သီတင်းပတ် တော်တော်ကြာ သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။
 
အခုလို မြောက်ကိုရီးယားက ဒုံးပျံတွေ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအနေနဲ့ ဒုံးပျံတွေ စမ်းသပ်ပစ်လွှတ်မှု မလုပ်တော့ဘူးလို့တော့ အမေရိကန်ဘက်က တထစ်ချ မယူဆတဲ့အကြောင်း သမ္မတ အိမ်ဖြူတော် အာရှရေးရာဆိုင်ရာ အကြီးတန်း ညွှန်ကြားရေးမှူး ဒယ်နီယယ် ရတ်ဆယ်လ် (Daniel Russel) က ပြောပါတယ်။ 

VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာ ကို လျှော့ပါး သွားစေလိုတဲ့သဘောနဲ့ တာလတ်ပစ်မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့်ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန်အရာရှိတွေ က ပြောပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ

Photo: ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ
Wednesday,May08,2013

တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။
 
အမေရိကန် ကာကွယ်ရေးဌာနရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ တာဝန်မဲ့ရာကျပြီး၊ တရုတ် အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဟူ ချွန်းယွမ် (Hua Chunying) က ပြောသွားပါတယ်။
 
တနင်္လာနေ့တုန်းက အမေရိကန် ကာကွယ်ရေးဌာန ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်အစိုးရ ကွန်ပြူတာစနစ်တွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေရှိခဲ့ပြီး၊ ဒါဟာ တရုတ်အစိုးရနဲ့ စစ်ရေးအဖွဲ့အစည်းတွေက တိုက်ရိုက်လုပ်ဆောင်ပုံရတယ်လို့ ဖော်ပြ ပါတယ်။
 
တရုတ်အခြေစိုက် ကွန်ပြူတာ ဟက်ကာတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အမေရိကန် တာဝန်ရှိသူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ အခု ပိုတိုးလာနေပါတယ်။ ဒါပေမဲ့လည်း တရုတ်အစိုးရကို တိုက်ရိုက် ဝေဖန်စွပ်စွဲတာမျိုးကိုတော့ အများစု အခြေအနေမှာ ရှောင်ပါတယ်။

ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဖို့လို့ မျှော်လင့်ချက်နဲ့ပါ။ ဗြိတိန်က Nottingham တက္ကသိုလ်က တရုတ်ပညာရှင် စတိ စန် (Steve Tsang) ကတော့ အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ အခုလို ပြင်းထန်တဲ့ စွပ်စွဲချက်တွေ လုပ်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိရမှာ ဖြစ်တယ်လို့ သူထင်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စု ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကိုရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်အောင်မြင်

Photo: အသံထက် ငါးဆမြန်သော လေယာဉ် အမေရိကန်တို့ တီထွင်အောင်မြင်
Wednesday,May08,2013

Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။

ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ်ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင်ရဖို့ ခဲနိုင်ပါတယ်။

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်း ဖန်တီးထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသ စခန်းပို့တာမျိုး၊ တိုက်ခိုက်ရေး မှာ အသုံးပြုတာမျိုးတို့ ပြုလုပ်ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။
--
Ref: autblog

ColayOnline:Automobile

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။

မြောက် ကိုရီးယား ရန်စမှု အတူ ရင်ဆိုင် မယ်လို့ US နဲ့ တောင် ကိုရီးယား ဆိုပြီ

Photo: မြောက်ကိုရီးယား ရန်စမှု အတူရင်ဆိုင်မယ်လို့ US နဲ့ တောင်ကိုရီးယား ဆိုပြီ
Wednesday,May08,2013

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်း သွားကြမယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယား တို့က သူတို့ဖာသာ အပြန်အလှန် ကတိပြု ခဲ့ကြပါတယ်။

တောင်ကိုရီးယား သမ္မတ Park Geun-Hye ပါ့ခ် ဂွမ်ဟေး ဝါရှင်တန်ကို ရောက်ရှိခိုက် အတူပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက မြောက်ကိုရီးယား အစိုးရရဲ့ ခြိမ်းခြောက် ရန်စပြီး အမေရိကန်နဲ့ မဟာမိတ် တောင်ကိုရီးယား တို့ကို စိတ်ဝမ်းကွဲအောင် လုပ်ဆောင်မှုတွေ ပျက်ပြား သွားခဲ့ရပြီ ဆိုတာကို ဒီနေ့ အစည်းအဝေးက သက်သေ ပြနေပါတယ်လို့ သမ္မတ အိုဘားမားက ဆိုသွားတာပါ။

တဖက်က လိုက်လျော အလျော့ပေးမှုတွေ လုပ်လာအောင်နဲ့ ပဋိပက္ခတွေ ဖြစ်လာအောင် မြောက်ကိုရီးယား ဖက်က ဖန်တီးလုပ်ဆောင်မှုတွေ ရပ်သွားတဲ့ အခုလို အချိန်မှာ သမ္မတ အိုဘားမားက ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ မစ္စက် ပါ့ခ် ကလည်း သူမ အဆိုအရ မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေကို သည်းခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

BBC Burmese News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဝါရှင်တန်ရောက် တောင်ကိုရီးယား သမ္မတ
 ဝါရှင်တန်ရောက် တောင်ကိုရီးယား သမ္မတ
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်း သွားကြမယ်လို့ အမေရိကန် ပြည်ထောင်စု နဲ့ တောင်ကိုရီးယားတို့က သူတို့ဖာသာ အပြန်အလှန် ကတိပြု ခဲ့ကြပါတယ်။

တောင်ကိုရီးယား သမ္မတ Park Geun-Hye ပါ့ခ် ဂွမ်ဟေး ဝါရှင်တန်ကို ရောက်ရှိခိုက် အတူပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်ရန်စပြီး အမေရိကန် နဲ့ မဟာမိတ် တောင်ကိုရီးယား တို့ကို စိတ်ဝမ်းကွဲအောင် လုပ်ဆောင်မှုတွေ ပျက်ပြားသွားခဲ့ရပြီ ဆိုတာကို ဒီနေ့ အစည်းအဝေးက သက်သေ ပြနေပါတယ်လို့ သမ္မတအိုဘားမားက ဆိုသွားတာပါ။

တဖက်က လိုက်လျော အလျော့ပေးမှုတွေ လုပ်လာအောင်နဲ့ ပဋိပက္ခတွေ ဖြစ်လာအောင် မြောက်ကိုရီးယား ဖက်က ဖန်တီးလုပ်ဆောင်မှုတွေရပ်သွားတဲ့ အခုလိုအချိန်မှာ သမ္မတ အိုဘားမားက ပြောကြားလိုက်တာ လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ မစ္စက်ပါ့ခ် ကလည်း သူမအဆိုအရ မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေ ကို သည်းခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

BBC Burmese News

မွတ်ဆလင် ဒုက္ခသည်တွေ ကို ကျောက်ဖြူ မှာ ထား ဖို့ စီစဉ်

Photo: မွတ်ဆလင် ဒုက္ခသည်တွေကို ကျောက်ဖြူမှာ ထားဖို့ စီစဉ်
Wednesday,May08,2013

ရခိုင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေက မွတ်ဆလင် ဒုက္ခသည်တွေကို သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာ ပြန်လည် နေရာချထားရေး အတွက် စီစဉ်နေရာမှာ ကျောက်ဖြူမြို့နယ်မှာ ဆိုရင် နေရာ (၄) ခု ရာတား ထားတယ်လို့ သိရပါတယ်။

နေရာချထားနိုင်ရေး အတွက် ၀န်ကြီးအဆင့် အစိုးရ အရာရှိကြီးတွေဟာ မနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိ လာတယ်လို့ သိရပါတယ်။နိုင်ငံတော် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက မူဆလင် ဒုက္ခသည် တွေကို မိုးမကျမီ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေမှာပြန်လည် နေရာချပေးရေး အတွက် စီစဉ်နေရာမှာ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ကျောက်ဖြူမြို့ကို ရောက်ရှိလာပြီး နေရာချထားရေး ကိစ္စ ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ကျောက်ဖြူ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ နေရာ ၄ ခုကို အကြမ်းအားဖြင့် ရွှေးချယ်ထားတယ်လို့ ပြောဆိုတဲ့ အကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ လူငယ် ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

အဲသလို နေရာချထားမှတ်ထားတဲ့ နေရာမှာ နားခေါင်းပေါက်နဲ့ ကုလားမကျွန်းဘက်မှာတော့ ကန့်ကွက်မူတွေ ရှိတယ်လို့ မကြားရပေမယ့် ပြင်ဖြူမော်နဲ့ နဲ့ ချိန်ခါလီနေရာတွေမှာတော့ ရွာသားတွေက သူတို့ ရွာအနီးမှာ နေရာချပေးမှာကို ဆန့်ကျင့် ကန့်ကွက် ခဲ့ကြတာကြောင့် ၀န်ကြီးတွေ အနေနဲ့ အဲဒီဒေသတွေကိုတော့ သွားရောက်မယ့် အစီအစဉ်တွေကို ရပ်နားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု နေရာချပေးဖို့ စီစဉ်တဲ့ ဒုက္ခသည်တွေဟာ အောက်တိုဘာ အရေးအခင်းကတည်းက ကျောက်ဖြူကနေ စစ်တွေ မူဆလင် ဒုက္ခသည်စခန်းတွေမှာ ခိုလုံ နေထိုင်ကြသူတွေ ဖြစ်တယ်လို့ သိရှိရပါတယ် ။

BBC Burmese News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေက မွတ်ဆလင်ဒုက္ခသည်တွေကို သူတို့ရဲ့ နေရပ် ရင်း ဒေသတွေမှာ ပြန်လည် နေရာချထားရေးအတွက် စီစဉ်နေရာမှာ ကျောက်ဖြူမြို့နယ်မှာဆိုရင် နေရာ(၄) ခု ရာတား ထားတယ်လို့ သိရပါတယ်။

“လူ့အခွင့် အရေး စကားသံ” ရုပ်သံ အစီ အစဉ် ပြည် တွင်း ထုတ်လွှင့် ရန် စီစဉ်နေ

Photo: “လူ့အခွင့်အရေး စကားသံ” ရုပ်သံ အစီအစဉ် ပြည်တွင်း ထုတ်လွှင့်ရန် စီစဉ်နေ 
Wednesday,May08,2013

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် ပထမဆုံး လူ့အခွင့်အရေး ပညာပေး ရုပ်သံ အစီအစဉ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းများတွင် ပြသနိုင်ရန် “လူ့အခွင့်အရေးစကားသံ” အစီအစဉ်ကို မေလ ၇ ရက်တွင် စတင်
ရိုက်ကူးနေပြီ ဖြစ်သည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ရိုက်ကူးရေးလုပ်ငန်းများ စတင်နေသည့် ထိုအစီအစဉ်တွင်
ဖျော်ဖြေမှုနှင့် ပညာပေးမှု နှစ်ခုလုံး ပါဝင်နိုင်ရန် စီစဉ်နေကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က မဇ္ဈိမကို ပြောသည်။

“ပွင့်လင်းလာတဲ့ အခြေအနေအရ ပြည်တွင်းမှာရှိတဲ့ ရေဒီယိုတွေ၊ ရုပ်သံလိုင်းတွေက လူ့အခွင့်အရေး ကိစ္စတွေကို လုပ်ဆောင်ချင်တယ်၊ လုပ်ဆောင်စေချင်တယ်ဆိုတဲ့ ဆန္ဒတွေကို ကျနော်တို့ ကြားရတယ်။ အဲတော့ ဖျော်ဖြေမှုလည်းပါ၊ ပညာပေးမှုလည်း ပါတဲ့ အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်နေပါပြီ” ဟု ဆိုသည်။

HREIB အနေဖြင့် အဆိုပါ “လူ့အခွင့်အရေး စကားသံ” အစီအစဉ်ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ မှ စတင်ရိုက်ကူး ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး ယခု မြန်မာနိုင်ငံတွင်း စတင်ရိုက်ကူးခြင်း
ဖြစ်သည်။

အစီအစဉ်တခုလျှင် မီနစ် ၂၀ ခန့် ကြာသည့် အစီအစဉ် ၈ ခုပါဝင်သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ဘာသာရေးမှ လူ့အခွင့်အရေး တိုးတက်ရန် လုပ်ဆောင်မှု၊ မီဒီယာများအား ကာကွယ် စောင့်ရှောက်ခြင်း၊ လယ်ယာမြေပြဿနာများနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့် စသည်တို့ ပါဝင်သည်။

“ဒီအစီအစဉ်လေးက လူ့အခွင့်အရေး စကားသံ ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ကိုယ်တို့ရဲ့ မြန်မာပြည် ပြည်သူလူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ပညာသင်ကြားခွင့်တို့၊ ကျန်းမာရေး အခွင့်အရေးတို့၊ နိုင်ငံရေး အခွင့်အရေးတို့ အများကြီးရှိတယ်။ ဒါတွေကို ဗဟုသုတအနေနဲ့ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဟာလေးကို ကိုယ်တို့ လုပ်တာပါ” ဟု ရိုက်ကူးရေး ဒါရိုက်တာ ဦးဇော်ကြီး က မဇ္ဈိမကို ပြောသည်။

သရုပ်ဆောင်များအဖြစ် အသက် ၁၈ နှစ်မှ ၃၀ ကြား လူငယ်အမျိုးသား ၈ ဦး နှင့် အမျိုးသမီး ၇ ဦးတို့ပါဝင်ပြီး ၎င်းတို့မှာ ထိုင်းနိုင်ငံမှာ ရိုက်ကူးစဉ်ကထက် ပိုစိတ်ဝင်စားလာကြသည်ဟုလည်း ဦးအောင်မျိုးမင်း က ပြောသည်။

“အရင်တုန်းက ဒီအစီအစဉ်ကို စစချင်း တုန်းကဆိုရင် ပါဝင်ဖို့အတွက် လူတွေက တော်တော် ကြောက်ကြ တယ်။ အနေအထားအရလည်း ပါလိုက်ပြီးလို့ရှိရင် မြန်မာပြည် ပြန်မရဘူးတို့၊ အစိုးရက တခုခုလုပ်မှာ စိုးတဲ့ အတွက်ကြောင့် သိပ်ပြီးတာ့ မပါကြဘူး။ အခုတော့ ပွင့်လင်းလာတဲ့ အချိန်မှာ လူတွေက ပိုပြီးတော့ ပါဝင်လာကြတယ်” ဟု ဆိုသည်။

သရုပ်ဆောင် မစုချစ်ကလည်း ထိုအစီအစဉ်တွင် ပါဝင်ခြင်းကြောင့် “ကြောက်တာတော့ မရှိပါဘူး” ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် ၁၅ ဦးတွင် ထိုင်းနိုင်ငံတွင် ရိုက်ကူးဖူးသည့် ၃ ဦးသာ ပါရှိသည်။

“ပြောင်းလဲလာတဲ့ အစိုးရနဲ့ ပြုပြင်ပြောင်းလဲလာတဲ့ ဥပဒေတွေကို အားနည်းတဲ့ အခြေအနေတွေကို ထောက်ပြ ရမယ့် အစီအစဉ်ဆိုတော့ ပိုပြီးတော့ အားရကျေနပ်ပါတယ်။ ကျနော်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အတွက် တထောင့်တနေရာကနေ ပါဝင်ချင်တဲ့ သူလေ” ဟု ထိုင်းနိုင်ငံတွင် ရိုက်ကူးစဉ်ကလည်း ပါဝင်သရုပ်ဆောင်ခဲ့သည့် ကိုလင်းဇော် က  ပြောသည်။

ယခု ရိုက်ကူးနေသည့် အစီအစဉ် ၈ ခုကို မေလ ၁၀ ရက်နေ့တွင် အပြီးသတ် ရိုက်ကူးမည် ဖြစ်သည်။

Mizzima News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

မကြာမီ ပြည်တွင်း ရုပ်သံလိုင်းများမှ ပြသရန် စီစဉ်နေသည့် “လူ့အခွင့်အရေး စကားသံ” ရုပ်သံ အစီအစဉ်ကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့က ရိုက်ကုန်းရေးလုပ်ငန်းများ စတင်နေစဉ်။ (ဓါတ်ပုံ - Hongsar ၊ မဇ္ဈိမ)
မကြာမီ ပြည်တွင်း ရုပ်သံလိုင်းများမှ ပြသရန် စီစဉ်နေသည့် “လူ့အခွင့်အရေး စကားသံ” ရုပ်သံ အစီအစဉ် ကို ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ MICT Park အတွင်း ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့က ရိုက်ကုန်းရေး လုပ်ငန်းများ စတင်နေစဉ်။ (ဓါတ်ပုံ - Hongsar ၊ မဇ္ဈိမ)
ရန်ကုန်(မဇ္ဈိမ)။ မြန်မာနိုင်ငံတွင် ပထမဆုံးလူ့အခွင့်အရေး ပညာပေးရုပ်သံ အစီအစဉ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းများတွင် ပြသနိုင်ရန် “လူ့အခွင့်အရေးစကားသံ” အစီအစဉ်ကို မေလ ၇ ရက်တွင် စတင် ရိုက် ကူးနေပြီ ဖြစ်သည်။

လယ် ယာမြေပြဿနာ များ ရန် ကုန်တိုင်း အစိုးရ ကိုင် တွယ်ဖြေရှင်း ရာမှာ အား နည်း

Photo: လယ်ယာမြေပြဿနာများ ရန်ကုန်တိုင်းအစိုးရ ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်း 
Wednesday,May08,2013

ရန်ကုန် (မဇ္ဈိ)။   ။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းရာတွင်
အားနည်းမှုများ ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော် က ပြောသည်။

“တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြလို့ အစိုးရအဖွဲ့က လာဖြေရင် တိကျတဲ့အဖြေမျိုး ပေးမသွားဘူး။ အစိုးရအဖွဲ့ကို စာတင်ပြီး တင်ပြတာတောင် ဖြေရှင်းပေးမှုမျိုး လုပ်ပေးတာ မတွေ့ရသေးဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ဒဂုံမြိုသစ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ကျောက်တန်းနှင့် သန်လျင်မြို့နယ်များတွင် လယ်ယာ သိမ်းဆည်း ခံရမှုများ ဖြစ်ပေါ်နေသည်။

ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရခြင်းမှာ လက်ရှိတွင် ဧကပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိကြောင်း လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

သိမ်းဆည်းခံထားသော လယ်ယာမြေများကို တိုင်းအစိုးရအဖွဲ့မှ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပြုခြင်းကြောင့်
ပြဿနာ ပိုမိုခက်ခဲနေခြင်း ဖြစ်သည်။

“လယ်ယာမြေပြဿနာတွေက ယခင်အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ဖြစ်တယ်။

အစိုးရသစ် လက်ထက်မှာ လယ်ယာမြေ ပြဿနာက ပိုကြီးထွားလာတယ်” ဟု ရန်ကုန်တိုင်း စိုက်ပျိုး
မွေးမြူရေး ဝန်ကြီး ဦးစိုးမင်း က ပြောသည်။

ထိုသို့ သိမ်းဆည်းခံရမှုများကြောင့် လယ်သမားများ လယ်ယာလုပ်ကိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံးနေရသည်။

စုံစမ်းစစ်ရေး ကော်မရှင်ကို နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်မှ လွှတ်တော်အမတ် ၆၄ ဦးဖြင့် အဖွဲ့ခွဲ ၁၀ ခုခွဲ၍ ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် လိုက်လံ စစ်ဆေးလျက်ရှိသည်။

မြေအသိမ်းခံရမှုများအတွက် မြေပြန်လည်ရရှိရေး၊ ထိုက်တန်သည့် လျော်ကြေးရရှိရေးတို့ အပါအဝင် နစ်နာမှုများအား ထုတ်ဖော်ဆန္ဒပြပွဲများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ 

Mizzima News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရန်ကုန် (မဇ္ဈိ)။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။

“ဖိလစ်ပိုင် မေယွန်မီးတောင်ပေါက်ကွဲမှု တောင်တက်သမား ၅ ဦး သေဆုံး”

Photo: “ဖိလစ်ပိုင် မေယွန်မီးတောင်ပေါက်ကွဲမှု တောင်တက်သမား ၅ ဦး သေဆုံး”

ဖိလစ်ပိုင် နိုင်ငံတွင် မီးတောင်တစ်ခုမှ ကျောက်တုံးများ မှုတ်ထုတ်လိုက်ရာ တောင်တက်သူ (၅)ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်၏ လှုပ်ရှားနိုးကြွမှု အရှိဆုံး မီးတောင်များအနက် တစ်ခုဖြစ်သော မေယွန် မီးတောင်သည် အင်္ဂါနေ့က လှုပ်ရှားမြည်ဟည်းကာ ကြီးမားသော ကျောက်စိုင် ကျောက်တုံးများကို မှုတ်ထုတ်ခဲ့သည်။

ထို့ကြောင့် တောင်တက်သမား (၅)ဦးမျှ အနည်းဆုံး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီကာ မီးတောင်ဝ အနီးတွင် ပြန်မဆင်းနိုင်ဘဲ ပိတ်မိနေသည်ဟု သက်ဆိုင်ရာက ပြောကြားခဲ့သည်။ မေယွန်သည် (၃)နှစ်အတွင်း ယခုတစ်ကြိမ် အပြင်းထန်ဆုံး လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ 
လတ်တလောတွင် ဖိလစ်ပိုင် အစိုးရသည် ကယ်ဆယ်ရေး အဖွဲ့များနှင့် ရဟတ်ယာဉ်များကို မေယွန်မီးတောင်ထံ စေလွှတ်ထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21486
ဖိလစ်ပိုင် နိုင်ငံတွင် မီးတောင်တစ်ခုမှ ကျောက်တုံးများ မှုတ်ထုတ်လိုက်ရာ တောင်တက်သူ (၅)ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်၏ လှုပ်ရှားနိုးကြွမှု အရှိဆုံး မီးတောင်များအနက် တစ် ခုဖြစ်သော မေယွန် မီးတောင်သည် အင်္ဂါနေ့က လှုပ်ရှားမြည်ဟည်းကာ ကြီးမားသော ကျောက် စိုင် ကျောက် တုံးများကို မှုတ်ထုတ်ခဲ့သည်။

အချိန်မီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံအနှံ့ ရေရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာနိုင်

Photo: အချိန်မီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံအနှံ့ ရေရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာနိုင်

အစောပိုင်း ကာလများက မြန်မာနိုင်ငံသို့ အယ်လ်နီညို ၀င်ရောက်နိုင်ခြင်း မရှိဟု ဆိုထားသော်လည်း မေလဆန်းပိုင်းထိ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျနေခြင်းကြောင့် မြန်မာနိုင်ငံအ၀ှမ်း နေ့အပူချိန် သိသိသာသာ မြင့်မားနေသဖြင့် ၂၀၁၀ နွေရာသီ ကာလမျိုး တကျော့ပြန် ကြုံတွေ့နေရပြီလားဟု လယ်သမားများမှာ စိုးရိမ်စိတ်များ ရှိနေကြသည်။

တစ်နှစ်ထက်တစ်နှစ် မိုးရွာသွန်းမှု လျော့ကျလာခြင်းနှင့်အတူ မြေအောက်ရေ ကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသရှိ စမ်းတွင်းအချို့နှင့် ရေတွင်းအချို့မှာ ခန်းခြောက်မှု ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တစ်ခုဖြစ်သည့် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင်းရှိ လှည်းကျိုးကျေးရွာတွင်လည်း နွေရာသီတိုင်း နှစ်စဉ်အားထားနေရသည့် သဘာဝစမ်းတွင်း ရေထွက်ရှိမှု နည်းပါးသောကြောင့် ရေတစ်ပုံးနှင့် တစ်ပုံးကြား နာရီဝက်ခန့် စောင့်ဆိုင်း၍ ခပ်နေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖြစ်ပေါ်နေမှုများသည် မြန်မာနိုင်ငံ တ၀ှမ်းရှိ ယခင်က ပေါများစွာ ရှိခဲ့သည့် သဘာဝ သစ်တောများအား စစ်အစိုးရလက်ထက် အဆက်ဆက် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ၏ အပြောင်ရှင်း စနစ်ဖြင့် သစ်ခုတ်ခြင်းကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သာမကဘဲ အထက်ပိုင်း ဒေသများတွင်ပါ သဲကန္တာရဆန်သည့် ရာသီဥတုမျိုး ခံစားနေခြင်းဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာရေး ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

ယခုနှစ် အစောပိုင်း ကာလမှစ၍ နေ့အပူချိန်ကြောင့် ကန်ရေခမ်းခြောက်မှု ဒေသအနှံ့အပြား ဖြစ်ပေါ်ခဲ့ပြီး မကွေးတိုင်း ပေါက်မြို့နယ်ရှိ ရေထွက်ကျေးရွာနှင့် ရှားဇင်းကျေးရွာတို့တွင် ရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရကာ မိသားစုတစ်စုလျှင် ရေဆယ်ဂါလံအား ခုနှစ်ရက် တစ်ပတ်စာ လုံလောက်အောင် သုံးစွဲနေရသည်။

"ရေပြတ်လပ်မှုတွေက မကွေးတိုင်းထဲတင် မဟုတ်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်း တိုင်းဒေသကြီး အများစုမှာ ကြုံတွေ့နေကြရတာပါ။ အခု ရေပြတ်လပ်တယ်လို့ သိရတာတွေက ကျွန်တော်တို့ သတင်းရနိုင်တဲ့ နေရာတွေပဲ ရှိပါတယ်။ အဆယ်အသွယ်ပြတ်တဲ့ နေရာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီနေရာတွေကို လူမှုရေး အသင်းအဖွဲ့တွေက သွားရောက်ကူညီနေတယ် ဆိုပေမယ့် ဆေးမြီးတိုနဲ့ ကုတဲ့သဘောဘဲ ဖြစ်နေမှာပါ။ ရေရှားပါးရတဲ့ အကြောင်းအရင်းတွေကို စုံစမ်းပြီး နိုင်ငံတော်အဆင့် အနေနဲ့ စီမံချက်တွေ ဖော်ဆောင်မှ အမှန်တကယ် ထိရောက်မှာပါ။ ကမ္ဘာ့ဘဏ်ကနေ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လှူဒါန်းခဲ့တဲ့ ငွေတွေကို အခုရေပြတ်လပ်မှု ကြုံနေရတဲ့ ဒေသတွေအတွက် ပထမဦးစားပေး အသုံးပြုသင့်ပါတယ်" ဟု မကွေးမြို့ ဖြစ်ကွေ့ဧရာ လူမှုကွန်ယက်မှ ကိုအောင်ကျော်ကျော်က ပြောသည်။

မန္တလေးမြို့ရှိ မြို့နယ်အချို့တွင် ရေရရှိရန် ခက်ခဲနေသဖြင့် မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ကိုယ်အားကိုယ်ကိုး တနိုင်အ၀ီစိရေတွင်း သုံးစွဲမှု များပြားနေကြောင်း သိရသည်။ "မိုးနဲ့ဆောင်းမှာ သိပ်မသိသာပေမယ့် နွေရာသီမှာ ရေလိုအပ်ချက် ပိုများလာတာနဲ့အမျှ ရေတွင်းတွေက ရေအထွက် နည်းလာတယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ယခင်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် ယခုနှစ်နွေရာသီ မတ်လဆန်းမှစ၍ ရေတွင်းများတွင် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ပုဂ္ဂလိက ရေအလှူရှင်များ ရေဖြန့်ဖြူး လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ "ရေပြတ်တာကတော့ မတ်လကတည်းက စပြတ်တာ အခုလောက်သာ ဆိုးရွားမှု မရှိတာ။ အခုဆိုရင် ရေတွင်းတွေမှာ ရေကလုံးဝ မရတော့ဘူး" ဟု ရွာကောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူပင် မြန်မာပြည်အောက်ပိုင်း ဒေသများတွင်လည်း အပူချိန် မြင့်မားလာခြင်းနှင့် နွေရာသီကာလ တာရှည်လာခြင်းကြောင့် ရေခမ်းခြောက်မှုနှင့် ချောင်းရေ နည်းပါးလာခြင်းတို့ကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရိစ္ဆာန်များအတွက် သောက်သုံးရေ ခက်ခဲမှုများ ဖြစ်ပွားလျက် ရှိသည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံးဖြစ်သော ဒလမြို့တွင် နှစ်စဉ်ဖြစ်မြဲ ဖြစ်နေသော သောက်သုံးရေ ရှားပါးမှုဒဏ်ကို ယခုနှစ် ဧပြီလ ကတည်းက စ၍ ခံစားနေရသည်။

"ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက် ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေအတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထားနေရတာပေါ့။ လှူတဲ့လူ မရှိရင် ညီမတို့အတွက် တော်တော်ခက်ခဲသွားမှာပါ။ နှစ်တိုင်းကြုံတွေ့နေရတဲ့ ဒီရေအခက်အခဲလေး ပြေလည်အောင်လို့ ရပ်ကွက်၊ ကျေးရွာတိုင်းမှာ သောက်ရေ၊ သုံးရေအတွက် ရေတုံကင်လေးတွေ လုပ်ပေးရင်တော့ ကောင်းမှာပဲ" ဟု ဒလမြို့နယ်၊ ကျောင်းစုကျေးရွာမှ ရေအလှူရှင်ကို လာရောက်စောင့်ဆိုင်းနေသော မတင်မိုးခိုင်က ပြောသည်။

ရေအခက်ခဲ ဖြစ်သောကြောင့် အစိုးရ တာဝန်ရှိသူနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ရေတုံကင်များ လာရောက်လှူဒါန်းပေးမှု ရှိသော်လည်း လူဦးရေ ထူထပ်သော ရပ်ကွက်များတွင် ရေပေးဝေရာ၌ လုံလောက်မှု မရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာအများစုတွင် တစ်ရက်လျှင် နှစ်နာရီခန့်၊ တစ်ပတ်လျှင် သုံးရက်ခန့်သာ ပေးဝေနေ၍ ရေအခက်အခဲမှာ ဆက်လက်ဖြစ်ပေါ်သည်ဟုလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တစ်လျှောက် ကျေးရွာအချို့ရှိ ရေတွင်းရေကန် ခမ်းခြောက်ခြင်း ချောင်းရေနည်းပါးခြင်းများကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။

"အိမ်ခြေ ၁၀၀ လောက်မှာ ရေတွင်းက ၁၀ တွင်းလောက်ပဲ ရှိတယ်။ အကုန်လုံး ရေခမ်းနေတယ်။ ရေတုံကင်လည်း တူးလို့မရဘူး။ အောက်ခံမြေသားတွေက ကျောက်သားတွေ ဖြစ်နေလို့ သောက်သုံးရေ ရဖို့အတွက် ရှိတဲ့ရေတွင်းက ရေစိမ့်ထွက်တဲ့ ရေလောက်ကိုပဲ လူနဲ့ တိရစ္ဆာန် မျှသုံးနေရတာ။ ကျွဲနွား တိရစ္ဆာန်တွေတော့ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ မကြာခဏ ဖြစ်တယ်" ဟု တောင်ငူမြို့နယ် သဲတာကျေးရွာမှ ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင်း မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခြင်းနဲ့အတူ မိုးရွာသွန်းမှု ယခင်နှစ်များကထက် ပို၍နောက်ကျခဲ့ပါက မြန်မာနိုင်ငံ ဒေသတ၀ှမ်းတွင် ရေရှားပါး ပြတ်လပ်မှုနှင့်အတူ တခြားသော ကျန်းမာရေး ပြဿနာများ၊ လူမှုရေး ပြဿနာများပါ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ ရာသီဥတု ပြောင်းလဲမှုအား မည်သို့မျှ ကာကွယ်ရန် မဖြစ်နိုင်ဟု လွယ်လွယ်နှင့် ဆိုကြသော်လည်း အမှန်တကယ်အားဖြင့် ယခင်ဆယ်စုနှစ်များ ကျော်ကျော် ကာလက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ဂရုတစိုက် အားထုတ်ခဲ့လျှင် ယခုကဲ့သို့ ရာသီဥတု ဆိုးဝါးမှုဒဏ်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု ရှိလိမ့်မည် မဟုတ်ဟု အများစုက ယူဆထားကြသည်။

"ရေအသက် တစ်မနက်" ဟု ဆိုသည်။ ဤကဲ့သို့သာ အချိန်မှီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံတ၀ှမ်း ရေရှားပါးမှုကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများအပေါ် သက်ဆိုင်ရာ အစိုးရအနေဖြင့် မည်မျှကြိုတင် ပြင်ဆင်ထားသည်ကို မကြာမီ တွေ့ရတော့မည် ဖြစ်ပေသည်။

(ဓာတ်ပုံ - မေ ၇ ရက်နေ့က ဒလ မြို့နယ် အတွင်း ရေအလှူရှင် များကို စောင့်မျှော်နေကြသူများအား မြင်တွေ့ရစဉ်)

(ဓာတ်ပုံ - မေ ၇ ရက်နေ့က ဒလ မြို့နယ် အတွင်း ရေအလှူရှင် များကို စောင့်မျှော်နေကြသူများအား မြင်တွေ့ရစဉ်)
အစောပိုင်း ကာလများက မြန်မာနိုင်ငံသို့ အယ်လ်နီညို ၀င်ရောက်နိုင်ခြင်း မရှိဟု ဆိုထားသော် လည်း မေလဆန်းပိုင်းထိ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျနေခြင်းကြောင့် မြန်မာနိုင်ငံ အ၀ှမ်း နေ့ အပူချိန် သိသိသာသာ မြင့်မားနေသဖြင့် ၂၀၁၀ နွေရာသီ ကာလမျိုး တကျော့ပြန် ကြုံတွေ့နေရပြီလားဟု လယ်သမားများမှာ စိုးရိမ်စိတ်များ ရှိနေကြသည်။

ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို

Photo: ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို
Wednesday,May08,2013 

ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏ အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ် များ၊ ပါတီများအားလုံး ယုံကြည် စွာဖြင့် ဆန်္ဒပေးရွေးချယ်တင် မြောက်ခြင်းဖြစ်သဖြင့် ပါတီများ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နေရာရရှိ ရေးထက် ပြည်သူလူထုအကျိုးကို သာ စေတနာရှိစွာ ရှေ့တန်းထား လုပ်ဆောင်ရန်သာ အဓိကလို အပ်ကြောင်းနှင့် လူထုအပေါ် အကျိုးပြုနိုင်ဆုံးနှင့် စေတနာ အထားနိုင်ဆုံးသောသူများသာ လူထု၏ အသိအမှတ်ပြုခြင်းခံရ မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆို သည်။

““၂၀၁၅ ပါတီစုံရွေးကောက် ပွဲကြီးမှာ နေရာရရေးဆိုတာထက် ပါတီတွေအားလုံးဟာ ပြည်သူလူ ထုအကျိုးကို ထိရောက်စွာ လုပ် ကြဖို့လိုမယ်။ လုပ်လည်းလုပ်ကြရ လိမ့်မယ်။ ပါတီတိုင်းဟာ ပြည်သူ လူထုအကျိုးအတွက် အလုပ်လုပ် ဖို့တာဝန်ရှိတယ်။ အဲသလိုလုပ်တဲ့ အခါမှာလည်း ၂၀၁၅ ဆိုတာ ထား၊ စေတနာရှိရှိ၊ နည်းမှန်လမ်း မှန်နဲ့ ထိထိရောက်ရောက် ပြည် သူတွေအတွက် လုပ်ပေးကြရလိမ့် မယ်။ ဒါမှ ပြည်သူလူထုက ယုံ ကြည်မယ်။ အားကိုးချင်လာမယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာက ဘယ်သူက ပြည်သူ့အတွက် ပို လုပ်ပေးသလဲဆိုတာကို လူထုက ရွေးချယ်ပြီး တာဝန်ပေးမယ့်ပွဲ၊ ဒါကြောင့် နေရာကိုဘေးထား၊ လူထုအတွက် စေတနာရှိရှိလုပ်ဖို့ လိုတယ်။ ပါတီတွေဟာ သူတို့ရဲ့ ပြည်သူလူထုအကျိုး ဆောင်ရွက် ချက်တွေကို ပြည်သူလူထုကိုတင် ပြီး အဲဒီလူထုရဲ့ ရွေးချယ်မှုနဲ့ လာမယ့်ရွေးကောက်ပွဲကြီးကနေ တစ်ဖန်တာဝန်ပြန်ယူရမယ်။ မြန်မာပြည်သူတွေကလည်း ရင့် ကျက်လာပါပြီ။ သူ့အပေါ် ဘယ် သူကကောင်းသလဲ၊ ဘယ်သူက ဘာလုပ်ပေးသလဲဆိုတာ ကြည့် တက်လာပါပြီ”” ဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးဌေးဦးက Hot News သို့ပြောသည်။

ဦးဌေးဦး၏ ဆက်လက်ပြော ကြားချက်အရ ယခုကာလသည် ပါတီများအတွက် ပြည်သူလူထု ၏ စမ်းသပ်ခံကာလတစ်ခုဖြစ်ပြီး ယင်းကာလ၌ လူထု၏အပေါ် စေတနာသန့်သန့်ဖြင့် ကူညီသူ၊ ရပ်တည်သူများသာ ၂၀၁၅ ပါတီ စုံအထွေထွေရွေးကောက်ပွဲကြီး၌ ပြည်သူလူထု၏ စိတ်ချယုံကြည် စွာ တာဝန်ပေးအပ်ခြင်းခံရမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
 
ခန့်ခန့်(ဒဿနိက)
HotNewsJournal


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏ အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ် များ၊ ပါတီများအားလုံး ယုံကြည် စွာဖြင့် ဆန်္ဒပေးရွေးချယ်တင် မြောက်ခြင်းဖြစ်သဖြင့် ပါတီများ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နေရာရရှိ ရေးထက် ပြည်သူလူထုအကျိုးကို သာ စေတနာ ရှိစွာ ရှေ့တန်းထား လုပ်ဆောင်ရန်သာ အဓိကလို အပ်ကြောင်းနှင့် လူထုအပေါ် အကျိုးပြုနိုင် ဆုံးနှင့် စေတနာ အထားနိုင်ဆုံးသောသူများသာ လူထု၏ အသိအမှတ်ပြုခြင်းခံရ မည်ဖြစ်ကြောင်း ပြည်ခိုင် ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆို သည်။

မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

Photo: မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။

တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက်တင်ခံထားရသူတချို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"တရားခံ ၇ ယောက်မှာ တစ်ယောက်က အသက် ၁၆ နှစ်မပြည့်ဘူးဆိုတော့ စွဲချက်မတင်ခင်မှာ အမှုကိုပြန်လည်ရုပ်သိမ်းပြီးတော့ ကလေးသူငယ်တရားရုံးကို လွဲပြောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆ ယောက်ထဲမှာ ၁ ဦးကို ပုဒ်မ ၁၄၄ လူစုလူဝေးမှာပါဝင်မှု၊ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုစတဲ့ ပြစ်မှု ၃ ခုနဲ့ တရားစွဲထားပြီးတော့ ကျန်တဲ့ ၅ ယောက်ကိုတော့ ခုနကလို ၁၄၄၊ ၂၉၅ (က)တွေနဲ့ စွဲချက်တင်လိုက်တယ်၊ ကျွန်တော်တို့က သက်သေထွက်ချက်အရပေါ့နော်၊ သက်သေတစ်ယောက်ပဲ အဲ့မှာရှိနေတယ်၊ အဲ့ဒီထွက်ချက်အရ တရားရုံးက စွဲမှာပဲ၊ ကိုယ်ကအခိုင်အမာရှင်းပြနိုင်ရင် လွတ်မှာပဲလေ"

အဲဒီအမှုမှာ အပြစ်မရှိပဲ အရေးယူခံထားရသူတွေလည်းပါတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောပေမယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ မိတ္ထီလာခရိုင် တရားရုံးရဲ့ စစ်ဆေးချက်တွေဟာ တရားမျှတမှုရှိပြီး တရားခံအခွင့်အရေးတွေ အပြည့်အဝရရှိနေတယ်လို့ ပြောပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက်မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင်ခဲ့ပါတယ်။

မြန်မာအစ္စလာမ်ဘာသာအဖွဲ့များက ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဆိုသည့်ေ ကြညာချက်ကိုလက်မခံနိုင်ကြောင်း ထုတ်ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ အကျဉ်းချခံထားရသူ တာလီဘန်ခေါင်းဆောင် ၏ မြန်မာနိုင်ငံ အပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသွားမည်ဆိုသည့်ကြေညာချက်ကိုလက် မခံနိုင်ကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၄)ဖွဲ့၏ လက်မှတ် ထိုးဖြင့် ယမန်နေ့ကထုတ်ပြန် ကြေညာခဲ့သည်။