Saturday 16 February 2013

ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ


ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ဖွယ်ရှိကြောင်း မြောက်ကိုရီးယား ပြောကြား

north korea
 (နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တွေ့ရသည့် မြောက်ကိုရီးယားပြည်သူများ)
 
မြောက်ကိုရီးယားနိုင်ငံသည့် ယခုနှစ်အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မကြာသေးမီက နျူကလီးယားစမ်းသပ်မှုမှာ ပထမအဆင့်ဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု ၂ ကြိမ်

ဖေ့ဘွစ်အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့


ဆန်ဖရန်စစ္စကို ဖေဖော်ဝါရီ ၁၆

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူမှုဆက်ဆံရေးကွန်ယက်ဖြစ်သည့် ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း user များ၏ သတင်းအချက်အလက်များရယူသွားနိုင်ခြင်းမရှိခဲ့ဟု ဖေ့ဘွစ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် ကြိုးပမ်းနေ

ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ရန်ကုန်တက္ကသိုလ်တွင် ဗဟိုချုပ်ကိုင်မှုစနစ်မှ လျှော့ချ နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရေးနှင့် သုတေသနဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပညာရေးဝန်ထမ်း များ ပါဝင်လာနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောသည်။

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင် F

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်
            သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သလစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော်သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။