Saturday 2 November 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်

နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သော သူများကို ဦးစားပေးရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သောသူ၊ ချေးငွေအသုံးပြုပြီး ဘ၀မြင့် မားအောင် ဆောင် ရွက်နိုင်သူကို မူအရ ဦးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့် စွက်ရန်ပုံငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြု ပြောကြားခဲ့သည်။

မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်

8.1.1
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင် များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေ ဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

ဆီးဂိမ်းစ်အတွက် ငွေဆောင်တွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့် လုံခြုံရေး ဆောင်ရွက်မည်

ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပမည့် နေရာတွင် ပါဝင်သော ငွေဆောင်ကမ်းခြေတွင် ရဲတပ်ရင်း၊ စီအိုင်ဒီနှင့် အထူးရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။