Tuesday 3 June 2014

အနိမ့်ဆုံး လုပ်ခနှုန်းထား ဒီဇင်ဘာမှာ အတည်ပြု ထုတ်ပြန်မည်

လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာ လျာထားချက် မူကြမ်းကို စက်တင်ဘာမှာ ထုတ်ပြန်ပေး သွားမှာ ဖြစ်ပြီး အခုနှစ်မကုန်ခင် ဒီဇင်ဘာလမှာ အတည်ပြု ထုတ်ပြန် ကျင့်သုံး သွားမယ်လို့ အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို

အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။

မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ရှောင်လမ်းမကြီးများနှင့် တံတားစီမံကိန်းကို JICA ချေးငွေဖြင့် တည်ဆောက်မည်

ရန်ကုန်-မော်လမြိုင် ဆက်သွယ်ပေးသည့် သထုံမြို့ရှောင် အဝေးပြေးလမ်းမကြီးနှင့် မော်လမြိုင်-မြဝတီ ဆက်သွယ်ပေးသည့် ကျားကလေးမြို့ရှောင် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခြင်း အပါအဝင် ယင်း ကားလမ်း များနှင့် ဆက်စပ်နေသည့် တံတားကြီးလေးစင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ယင်းအေဂျင်စီ လေ့လာရေးအဖွဲ့ဝင် ဦးတင်အောင်မိုးက ပြောကြားသည်။ 

မြန်မာအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများ လက်ခံထားခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန်က မြန်မာ အစိုးရကိုဆန့်ကျင်နေသော အုပ်စုများကို ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် လက်ခံထားခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖော်ပြ သည်။ 

ရွှေတြိဂံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အကျင့် ပျက်ခြစားမှုတို့မှာ အဓိကအကြောင်းကြောင့် ဖြစ်ကြောင်း TNI Report တွင်ဖော်ပြ

Photo: ရွှေတြိဂံဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများနှင့် အကျင့် ပျက်ခြစားမှုတို့မှာ အဓိကအကြောင်းကြောင့် ဖြစ်ကြောင်း TNI Report တွင်ဖော်ပြ
Tuesday, June 3, 2014

ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခများ နှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်းလည်း (Transnational Institute -TNI) ၏ Bouncing back relapse in the golden triangle Report တွင်ဖော်ပြထားချက်များအရ သိရသည်။ 

အလားတူ ရွှေတြိဂံဒေသအတွင်းရှိ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံများအနက် မြန်မာနှင့် လာအိုနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ၂၀၀၆ ခုနှစ်မှစ၍ နှစ်ဆမြင့်တက်လာခဲ့ကြောင်း အဆိုပါ Report တွင်ဖော်ပြ ထားချက်များ အရသိရသည်။ ၂၀၁၃ ခုနှစ်အတွက် UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံတည်း၏ ထုတ်လုပ်မှု ဟက်တာ ၅၇၀၀၀ ရှိပြီး၊ လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၄၀၀၀ နှင့် ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှု ဟက်တာ ၂၆၀ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စစ်တမ်းအတွင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း မြန်မာ၊ ထိုင်း၊ လာအိုတို့ ချိတ်ဆက်နေသော ရွှေတြိဂံဒေသနိုင်ငံများတွင် ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သော်လည်း ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်တိုးတက် လာခဲ့ကြောင်း၊ ယင်းကဲ့သို့ တိုးတက်လာသည့် အနေအထားသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့နှင့် ချိတ်ဆက်ပြီး တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြင့်တက်လာသည့် အနေအထားသည် ဒေသတွင်း ကျင့်သုံးနေသော မူးယစ်ဆေး ထိန်းချုပ်ရေးမူဝါဒနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ချမှတ်ထားသော မူဝါဒဖြစ်သည့် ၂၀၁၅ တွင် မူးယစ်ဆေးဝါး ကင်းရှင်းသည့်ဒေသ (drug free zone) ဖြစ်ပေါ်လာရေးဆိုသည့် မူဝါဒများအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာကြောင်းလည်း အဆိုပါ စစ်တမ်းတွင် သုံးသပ်တင်ပြထားသည်။ အထူးသဖြင့် ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါးဈေးကွက် ကြီးထွားလာမူသည် အိန္ဒိယနိုင်ငံ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်၍ ကြီးထွားလာခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်း၏ စိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာပြည်မှ လိုအပ်ချက်နှင့် ချိတ်ဆက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံသည် ဘိန်းဖြူထုတ်လုပ်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများကို အဓိက ထောက်ပံ့ပေးနေသော နိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် လိုအပ်သော (ATS- Amphetaminetype Stimulants) တို့ကို ထုတ်လုပ်ပေးနေ သောကြောင့်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ရွှေတြိဂံဒေသသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက်ရှိပြီး TNI နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အေဂျင်စီတို့မှ ရရှိထားသော ကိန်းဂဏန်းများအရ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း သိသိသာသာ တိုးတက်လာကာ အထူးသဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသသည် အများဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများနှင့် ကချင်ပြည်နယ် တို့တွင်လည်း စိုက်ပျိုးမှုများရှိကြောင်း သိရသည်။

UNODC ၏ ထုတ်ပြန်ချက်အရ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့၏ စုစုပေါင်း ထုတ်လုပ်မှုသည် ၂၀၀၆ ခုနစ်တွင် ၂၄၀၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၅၈၀၀၀ အထိရှိလာကြောင်း ယင်းအနက် ထိုင်းနိုင်ငံထုတ်လုပ်မှုမှာ ဟက်တာ ၂၀၀ မှ ၃၀၀ အထိသာရှိကြောင်း သိရသည်။ အရှေ့တောင်အာရှ ဒေသသည် ၁၀ စုနှစ်ကြာ ကျဆင်းခဲ့သည့် အနေအထားမှ ယခုတစ်ဖန် ပြန်လည်မြင့်တက်လာပြီး ၂၀၁၂ ခုနှစ်အတွက် UNODC ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံ၏ ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံး ထုတ်လုပ်မှု ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ် ဒုတိယအများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိကမြင့်တက်နေရသည့် အကြောင်းရင်းမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး တိုင်းရင်းသား ဒေသများ တွင် ပဋိပက္ခများ မြင့်တက်နေမှုနှင့်၊ မူးယစ်ဆေးဝါးဈေးကွက်ရှိနေမှု၊ ရာဇ၀တ်မှုများနှင့် အကျင့်ပျက်ခြစားမှု၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒေသတွင်း အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တရုတ်နိုင်ငံရဲ့ ဘိန်းဖြူလိုအပ်ချက်ကို မလျှော့ချနိုင်ဘူးဆိုရင် ဒေသတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားစရာ အကြောင်းမရှိပါဘူး” ဟု အဆိုပါ စစ်တမ်းအား ဦးဆောင်ရေးသားသူ Tom Kramer က ပြောကြားခဲ့သည်။

Eleven Media Group

(ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်တွင် (TNLA) မှ စစ်သားများ မူးယစ်ဆေးဝါး များ မီးရှို့ဖျက်ဆီးနေသည်ကို ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်)
(ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်တွင် (TNLA) မှ စစ်သားများ မူးယစ်ဆေးဝါး များ မီးရှို့ဖျက်ဆီးနေသည်ကို ဇန်န၀ါရီလအတွင်းက တွေ့ရစဉ်)
ရွှေတြိဂံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများအနက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အဓိက အကြောင်း ရင်း များ ဖြစ်ကြောင်းလည်း (Transnational Institute -TNI) ၏ Bouncing back relapse in the golden triangle Report တွင်ဖော်ပြထားချက်များအရ သိရသည်။ 

ဒုတိယ ဒေါ်အောင်ဆန်းစုကြည် ပေါ်လာနိုင်ဟု ဦးတင်ဦး ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော အမျိုးသမီးခေါင်းဆောင် တစ်ဦး ထပ်မံပေါ်ထွက် လာနိုင်ခြေရှိသည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဇွန် လ ၂ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

မူးယစ်ဥပဒေတွင် ဆေးဝါးပမာဏကို ပြင်ဆင်ဖြေလျှော့ရန် စီစဉ်

မူးယစ်ဥပဒေတွင် သုံးစွဲ ရန် လက်ဝယ်ထားရှိသည့် မူးယစ် ဆေးဝါးအလေးချိန်နှင့် ပမာဏကိုပြင် ဆင်ဖြေလျှော့ရန် စတင်စဉ်းစားနေပြီး ဆေးဝါးသုံးစွဲသူကိုဆေးသုံးစွဲရုံဖြင့် ထောင်ချခြင်း မပြုလုပ်ဘဲ ဖေးမ ကူညီရန် ဖြစ်ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံကိန်းဌာနမှ ဌာနမှူးရဲမှူးကြီး ဇော်လင်းထွန်း ကပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြဿနာမှာ ကြုံတွေ့နေကျ ပြဿနာသာ ဖြစ်ဟုဆို

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြဿနာမှာ ကြုံတွေ့နေကျ ပြဿနာသာ ဖြစ်ဟုဆို
Tuesday, June 3, 2014

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာမှာ နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံ တိုင်း ကြုံ တွေ့နေကျ ပြဿနာဖြစ်ပြီး စစ် ဖြစ်လောက်သည့် အနေအထား မဟုတ်ဘဲ လူမှုကွန်ရက်နှင့် အင် တာနက်မှ လှုံ့ဆော်သည့်သတင်း များကြောင့် ပိုမိုကြီးထွားသွား သယောင်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြား သည်။

ယခုပြဿနာမှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် ချစ် ကြည်ရေးကိုလည်း မထိခိုက်ဘဲ ပုံမှန်အတိုင်းပင် ဆက်သွယ်မှု များရှိကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန(ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်သူ ကပြောသည်။

‘‘နယ်စပ်မှာက နယ်မြေချင်း ထိစပ်နေရင် ဖြစ်လေ့ဖြစ်ထရှိပါ တယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်တာ မရှိဘူး။ ပုံမှန်ပါပဲ။ ဒီလိုထိတွေ့မှုမျိုးဟာလည်း စစ် ဖြစ်ရလောက်အောင် ကြီးကျယ် မှု မရှိပါဘူး။ တချို့ အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေမှာ စစ်ပြင်နေ ပြီလို့ ပြောတာ တကယ်ပေါက် ကရတွေပါ။ စစ်ဖြစ်ဖို့အကြောင်း ကို မရှိဘူး’’ က ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်နှင့် မြန်မာတပ်မတော် တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို စွပ်စွဲ ပြောဆိုမှုများ ရှိခဲ့သည်။ မြန်မာ က ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆင့်ခေါ်၍ စွပ်စွဲမှုများကို ငြင်းဆို ကန့်ကွက်သည့်စာကို နိုင်ငံခြား ရေးဝန်ကြီးက ခေါ်ယူတွေ့ဆုံပြီး ပေးအပ်ခဲ့သည်။

နှစ်ဖက် သံတမန်နည်းလမ်း အရ ညှိနှိုင်းနေသည့်ကာလတွင် လည်း ဆက်ဆံရေးမှာ ထိခိုက် မည်မဟုတ်ဘဲ တစ်ဖက်နှင့်တစ် ဖက် ကန့်ကွက်ရုံဖြင့်သာပြီးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ် ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

‘‘စစ်ဖြစ်ရလောက်အောင် မတင်းမာပါဘူး။ အွန်လိုင်းတွေ မှာ ရေးနေတာတွေ ဆိုရင် အမှန် ပြောရရင် သူတို့လောက်တောင် ကျွန်တော်တို့က မသိဘူး ဖြစ်နေ တယ်။ တကယ်က အဲဒီလောက် မဆိုးဝါးပါဘူး။ တစ်ဖက်နဲ့တစ် ဖက်နားလည်မှုလွဲရင် နယ်စပ်ဆို တော့ အရေးကြီးတဲ့အတွက် ပစ် ခတ်ထိတွေ့မှုကတော့ ရှိတတ် ကြပါတယ်’’ ဟု ၎င်းကပြောသည်။

7Day News Daily
မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာမှာ နယ်စပ်ချင်းထိစပ်နေသည့်နိုင်ငံတိုင်း ကြုံ တွေ့နေကျ ပြဿနာ ဖြစ်ပြီး စစ်ဖြစ်လောက်သည့်အနေအထားမဟုတ်ဘဲ လူမှုကွန်ရက်နှင့် အင်တာနက်မှ လှုံ့ဆော်သည့် သတင်း များကြောင့် ပိုမိုကြီးထွားသွား သယောင်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားသည်။

မြန်မာအလုပ်သမားများ ကားမှောက်၊ ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ

Photo: မြန်မာအလုပ်သမားများ ကားမှောက်၊ ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ
Tuesday, June 3, 2014

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြပါတယ်။

ဘန်းနား – တလတ် သွားလမ်းမကြီးပေါ်မှာ ကားတစီးတိမ်းမှောက်ကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးရာမှာ အက်ဖ်စီ အဆောင်ရှေ့က လမ်းဘေးမှာ ပက်လက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ ၀ီးကို့ဟိုင်းလပ်ကားတစ်စီးကို တွေ့ရကြောင်း၊ ကားပေါ်ကလူတွေ လွင့်စင်လဲကျနေပြီး စစ်ဆေးချက်အရ ၂ ဦး အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးကာ ၁၅ ဦးဒဏ်ရာရသွားပြီး ဘန်ဘော်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဘန်ဘော်မြို့မရဲစခန်းက တာဝန်ကျ ဒုရဲမှူး နထ၀ပ် အတ်ထကစ်ဝိချွန်းက ပြောပါတယ်။

စစ်ဆေးချက်တွေအရ အဲဒီကားဟာ မြန်မာအလုပ်သမား ၂၄ ဦးကို သည်ဆောင်လာပြီး အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်း၊ လမ်းအကွေ့မှာ ရှေ့က ကားတစီး မောင်းလာတာကို ရှောင်တိမ်းရာက ဘရိတ်မအုပ်နိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ် ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်နေပြီး သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ သက်သေအထောက်အထားတွေ စစ်ဆေးနေတယ်လို့ ဒုရဲမှူးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

DVB (မြန်မာပိုင်း)
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရာကန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့တိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဖော်ပြ ပါတယ်။

နိုက်ဂျီးရီးယားတွင် ဘောလုံးကွင်း၌ ဗုံးကွဲပြီး လူ(၄၀)ကျော်သေဆုံး

နိုက်ဂျီးရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်း ဒေသတွင် ဘောလုံးပွဲ ပရိသတ် များကြား ဗုံးခွဲခဲ့ရာ အနည်းဆုံး လူ(၄၀)မျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘိုကိုဟာရမ် အစ္စလာမ်မစ် အစွန်းရောက် ပြောက်ကျားများက 
ယခု တိုက်ခိုက်မှု ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု ယူဆရပြီး လတ်တလောတွင်မူ မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံခြင်း မရှိချေ။ အစောပိုင်းတွင် BBCသတင်းဌာနက ဗုံးကွဲမှုသည် ဘောလုံးပွဲကို TVမှ အတူတကွ စုရုံးကြည့်ရှုနေသည့် အရက်ဆိုင် တစ်ခု၌ ဗုံးကွဲခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး အဖွဲ့ မြန်မာအပါအဝင် အာရှ ၃ နိုင်ငံခရီးစဉ်

Photo: အမေရိကန် ကုန်သွယ်ရေးဝန်ကြီး အဖွဲ့ မြန်မာအပါအဝင် အာရှ ၃ နိုင်ငံခရီးစ
Tuesday, June 3, 2014

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ အခု သီတင်းပတ်ထဲ မြန်မာအပါအ၀င် အာရှခရီးစဉ် စတင်နေပြီဖြစ်ပါတယ်။

ဒီကနေ့ ဗီယက်နမ်နိုင်ငံကို ရောက်နေပြီး ဒီနောက် ဖိလစ်ပိုင်နိုင်ငံ နောက်ဆုံး မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

ကုန်သွယ်ရေးဝန်ကြီးနဲ့အတူ အမေရိကန်စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိများ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင်တွေပါ ပါဝင်ပြီး ဗီယက်နမ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံ သုံးနိုင်ငံခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးဆက်ဆံမှုတွေ တိုးမြင့်လာဖို့ရည်ရွယ်တာဖြစ်ပြီး နှစ်ဖက်အကြား စီးပွားရေးဆက်ဆံမှုတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်းဆောင်ရွက်နိုင်အောင် ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ အာရုံထား ဆောင်ရွက်နေတာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုဒ်မှာ Penny Pritzker အကြောင်း ဖတ်ရှုနိုင်ပါသည်။

အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံကို နောက်ဆုံးမှာရောက်ရှိဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေးကူညီမယ့်အကြောင်း ၀န်ကြီး Pritzker က အလေးပေး ပြောဆိုမှာဖြစ်တယ်လို့ဆိုပါတယ်။

ဝန်ကြီး Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစီးပွားရေးအသိုင်းအ၀ိုင်းတွေအပြင် အရပ်ဖက်လူမှု အဖွဲ့အစည်းပိုင်းက ခေါင်းဆာင်တွေ အစိုးရ တာဝန်ရှိသူတွေကိုပါ တွေ့ဆုံဖို့ရှိနေပါတယ်။ မကြာခင်တုန်းကပဲ FCS ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားကုန်သွယ်ရေးဝန်ဆောင်ဌာနရုံးတွေကိုလည်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပြီဆိုတာ ကုန်သွယ်ရေးဝန်ကြီး Pritzker က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စလို့ နိုင်ငံရေး စီးပွားရေးအပြောင်းအလဲတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အားပေးဆောင်ရွက်လာသလို တဖက်မှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုမရှိဖို့၊ မြန်မာစစ်တပ်နဲ့ ဆက်စပ်ဆောင်ရွက်မှုမလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ချက်တွေတော့ ချမှတ်ထားပါတယ်။ 

ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker Penny
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker Penny
အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Penny Pritzker ဦးဆောင်တဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ အခု သီတင်းပတ်ထဲ မြန်မာအပါအ၀င် အာရှခရီးစဉ် စတင်နေပြီဖြစ်ပါတယ်။

အိုဘားမား ဥရောပခရီးစတင်

Photo: အိုဘားမား ဥရောပခရီးစတင်
Tuesday, June 3, 2014

အမေရိကန်သမ္မတအိုဘားမားဟာ အမေရိကန်စံချိန် အခုတနင်္လာနေ့ ညပိုင်းမှာ ဥရောပခရီးစဉ် ထွက်ခွာသွားပြီး ခရီးစဉ်အတွင်း ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူ ခွဲထွက်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးတင်းမာနေချိန်မှာပဲ သမ္မတအိုဘားမားရဲ့ အခု ဥရောပခရီးစဉ် ဖြစ်လာတာပါ။ မစ္စတာအိုဘားမားဟာ ယူကရိန်းရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်တော့မယ့် Petro Poroshenko နဲ့ ပိုလန်မှာ တွေ့ဆုံဖို့ရှိပါတယ်။

ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရားဇီးလ်မှာ အမေရိကန်မဟာမိတ်တွေနဲ့ တွေ့ဆုံဖို့လည်းရှိနေပါတယ်။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့်  အခုသီတင်းပတ် စက်မှုထိပ်သီး ရှစ်နိုင်ငံ အစည်းအဝေးကို သပိတ်မှောက်ဖို့၊ ကျန် နိုင်ငံတွေက ဆုံးဖြတ်ပြီးတဲ့နောက် အခုလို သမ္မတအိုဘားမားအပါအ၀င် ကျန်နိုင်ငံခေါင်းဆောင်တွေ ဘယ်ဂျီယံမှာတွေ့ဖို့ အလျင်အမြန်စီစဉ်ခဲ့ကြတာပါ။ ယူကရိန်းနိုင်ငံက ခွဲထွက်သွားတဲ့ Crimea ကို ရုရှားအောက်ဝင်သွားတဲ့နောက် အခုလို ရုရှားကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

 သမ္မတအိုဘားမားဟာ ပြင်သစ်နိုင်ငံရောက်ရင်တော့ နော်မန်ဒီက Omaha ကမ်းခြေမှာလုပ်မယ့် D-Day နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတပ်တွေကို မဟာမိတ်တပ်တွေက ပြန်လည် တိုက်ထုတ်တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်လည်း အဲဒီ အခမ်းအနားကို တက်ရောက်ဖို့ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နဲ့ ရုရှားခေါင်းဆောင်နှစ်ဦး အဲဒီမှာ စည်းဝေးဖို့ဆိုတာ အစီအစဉ်လုပ်ထားတာမရှိပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကတော့ ရုရှားသမ္မတနဲ့ နော်မန်ဒီမှာ တွေ့ဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဥရောပခရီးထွက်ခွာတော့မယ့် သမ္မတအိုဘားမား
ဥရောပခရီးထွက်ခွာတော့မယ့် သမ္မတအိုဘားမား
အမေရိကန်သမ္မတအိုဘားမားဟာ အမေရိကန်စံချိန် အခုတနင်္လာနေ့ ညပိုင်းမှာ ဥရောပခရီးစဉ် ထွက်ခွာသွားပြီး ခရီးစဉ်အတွင်း ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပါတယ်။

မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် KBZ အသင်း ခန့်အပ်

Photo: မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို နည်းပြချုပ်အဖြစ် KBZ အသင်း ခန့်အပ်
Tuesday, June 3, 2014

မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းသည် KBZ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစိုးမြတ်မင်းသည် ၂၀၀၉-၁၀ ရာသီများက KBZ အသင်း၏ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ရာသီတွင် KBZ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ဦးစိုးမြတ်မင်းသည် KBZ အသင်းကို ဇွန်(၂)ရက်က စတင်တာဝန်ယူ ကိုင်တွယ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ “ဦးစိုးမြတ်မင်းကို အသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါပြီ။ MNL ပွဲစဉ်(၁၁) ကစပြီး အသင်းကို တာဝန်ယူမှာပါ” ဟု KBZ အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

KBZ အသင်းနည်းပြချုပ်အဖြစ် စတင်တာဝန်ယူကိုင်တွယ်မည့် ဦးစိုးမြတ်မင်းကလည်း “အသင်းရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ခံရလို့ ၀မ်းသာဂုဏ်ယူမိပါတယ်။ လက်ရှိနည်းပြအဖွဲ့နဲ့ ပူးပေါင်းပြီး အသင်းအတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ KBZ အသင်းမှာ ဦးသန်းထိုက် အနားယူပြီးနောက် ယာယီနည်းပြအဖြစ် ဦးမင်းဇော်ဦးကို ခန့်အပ်ထားခဲ့ပြီး လက်ရှိတွင် ဦးစိုးမြတ်မင်းကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ MNL စည်းမျဉ်းများ အရ အနည်းဆုံး AFC(B) လိုင်စင်ရရှိထားသူသာ နည်းပြချုပ်အဖြစ် တာဝန်ယူခွင့်ရှိပြီး ဦးစိုးမြတ်မင်းမှာ AFC(C)လိုင်စင်သာ ရရှိထားကြောင်း သိရသည်။

Eleven Media Group
မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းသည် KBZ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်

Photo: သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်
Tuesday, June 3, 2014 

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    
အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။
    
ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံဆည်များသို့ သံလွင်မြစ်ရေထည့်သွင်းနိုင်မည့် တူးမြောင်း၏ အရှည်မှာ ၈၈ ကီလိုမီတာရှိမည်ဖြစ်သည်။ သံလွင်ရေကို တူးမြောင်းဖြင့် ထိုင်းနိုင်ငံ Yuam River တွင်ရှိသော Maw Lama Laung ဆည်သို့ပေးပို့၍ ယင်းဆည်မှတစ်ဆင့် Chaoph ara ပေါ်ရှိ ဘူမိဘောဆည်သို့ ပေးပို့မည်ဖြစ်သည်။ ထိုသို့ပေးပို့မည့် သံလွင်ရေသည် တစ်စက္ကန့်လျင် ကုဗမီတာ ၃၀၀၀ ပမာဏဖြင့် စီးဆင်းမည်ဖြစ်သည်။ ယခုလက်ရှိ သံလွင်မြစ်၏ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၄၈၇၆ နှုန်းဖြင့် စီးဆင်းနေသည်။ ရေလွှဲမြောင်းဖြင့် လွှဲပေးရသော သံလွင်ရေသည် ဘူမိဘောဆည်သို့ တစ်စက္ကန့်တွင် ကုဗမီတာ ၃၀၀၀ နှုန်းဖြင့် စီးထွက်မည်ဖြစ်ပြီး ယင်းစီးထွက်နှုန်းမှာ ရေအားလျှပ်စစ်ပင်ထုတ်ယူနိုင်သည့် ပမာဏတွင်ရှိနေကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
"သံလွင်မြစ်ရေကို ထိုင်းကိုပို့ပြီး ရောင်းချမယ်ဆိုတာကို ၂၀၀၈ ခုနှစ်လောက်ကတည်းက နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တယ်။ သံလွင်နဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေမှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သိခဲ့ရတယ်။ ဒါပေမဲ့ အစိုးရဘက်က တရားဝင်ဖြေကြားမှုမရှိဘူး။ လွှတ်တော်မှာဖြေတော့လည်း ဆည်စီမံကိန်း ခြောက်ခုပဲပါတယ်။ အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ဖို့လိုတယ်။ ဟတ်ကြီးဆည်မှာ EIA, SIA ကို  ချူလာလောင်ကွန်က လုပ်ထားတာရှိတယ်။ ကွမ်းလုံမှာဆို SIA လုပ်တာ မရှိသလောက်ဖြစ်နေတယ်။ ဟတ်ကြီးဆည်စီမံကိန်းမှာဆိုရင် မြန်မာနိုင်ငံအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းပဲရမှာဖြစ်ပြီး ထိုင်းနိုင်ငံက ၈၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ယူသွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်တွေက ခွဲယူရမယ့်အချိန်မှာ ဒီပမာဏက အရမ်းနည်းနေတယ်" ဟု ပါမောက္ခဦးညိုမောင်ကဆိုသည်။
    
ထိုသို့ လုပ်ဆောင်သည့်အတွက် သံလွင်မြစ်အောက်ပိုင်းထိခိုက်မှုမှာ မတွေးရဲစရာဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါစီမံကိန်းကို မည်သည့်ရည်ရွယ်ချက်နှင့် လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းလုပ်ဆောင်ပါက ပြင်ဆင်ရန်လိုအပ်နေပြီး မှားနေပါလျက် ပြင်ဆင်နိုင်မှုမရှိပါက ဆိုးကျိုးများစွာကို အကျိုးဆက်ရလဒ်အဖြစ်ခံရမည်ဖြစ်ပြီး ယင်းလုပ်ရပ်မှာ မြန်မာနိုင်ငံအတွက် အမျိုးသားရေးအန္တရာယ်အဖြစ် ကာကွယ်ရန်လိုအပ်ကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။
    
"သံလွင်မြစ်ရေကို ထိုင်းဘက်ကို လွှဲပို့တယ်ဆိုတာနဲ့ မြစ်ကြောင်းထိခိုက်မှာက တော်တော့်ကိုထိခိုက်မှာပါ။ ကမ္ဘာပေါ်မှာ ရေချိုရှိတာက သုံးရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီပမာဏက ရေခဲတောင်ကနေရမဲ့ပမာဏပါ။ ဒီလိုရမယ့်ရေက ရာသီဥတုကြောင့် ကုန်ခမ်းသွားမယ်။ ဒီတော့ ကျွန်တော်တို့ထိန်းသိမ်းရမယ့် ရေချိုက မြစ်ချောင်းတောတောင်တွေကနေ စီးဆင်းလာမယ့်ရေချိုကိုပဲ ထိန်းသိမ်းရမှာပါ။ နောက်ဆိုရင် ကမ္ဘာမှာ ရေချိုရှားတဲ့ပြဿ     နာကို ရင်ဆိုင်ရမှာမို့လို့ ဒီရေချိုသွယ်တန်းမဲ့ကိစ္စကို နိုင်ငံ့ထိပ်တန်းအနေနဲ့ထည့်ထားတာ။ ဒီလိုအနေအထားမှာ ကျွန်တော်တို့က ရေကိုပေးသွယ်ဆိုရင် ရေပုံမှန်ရနေတဲ့ ဘီလူးကျွန်းတို့လိုနေရာတွေမှာ ဆားငန်ရေပေါက်မယ်။ ဆားငန်ရေပေါက်ပြီဆိုတာနဲ့ စိုက်ပျိုးရေးတွေပျက်ပြီး စားစရာမရှိဖြစ်သွားမယ်။ ဆားငန်ရေ၀င်လာတဲ့အတွက်ကြောင့် ရေချိုပျောက်သွားမယ်။ ရေချိုပျောက်သွားပြီဆိုတာနဲ့ ဘီလူးကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်ကလူတွေနဲ့ မော်လမြိုင်မှာရှိတဲ့လူတွေ စုစုပေါင်း တစ်သန်းကျော်လောက်ရှိတယ်။ အဲ့ဒီပြဿ     နာကို ဘယ်သူဖြေရှင်းပေးမလဲ။ ဒီစီမံကိန်း အကျိုးအမြတ်က အစိုးရကရမယ်။ ထိခိုက်မှာက ပြည်သူတွေကထိခိုက်မယ်။ ဒီလိုမျိုး ရေချိုမရ၊ စားသောက်စရာအတွက် စိုက်ပျိုးလို့မရတဲ့ ပြဿ     နာကြောင့် လူတွေအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေးပြဿ     နာတွေ ဖြစ်လာမယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြဿ     နာပါ။ ထိခိုက်မှာသေချာပါတယ်" ဟု စောသာဘိုးကဆိုသည်။
    
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်း၍ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာရေအားလျှပ်စစ်စီမံကိန်းများအား ပြန်လည်သုံးသပ်သင့်ကြောင်း Karen Rivers Watch အဖွဲ့မှ စောသာဘိုးနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြားသည်။    
    
"ဒီကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူး။ အစိုးရအနေနဲ့ စီမံကိန်းတစ်ခုပဲလုပ်လုပ် ဘာပဲလုပ်လုပ် EIA, SIA လုပ်ရမယ်။ ဒီလိုမလုပ်ခင်မှာလည်း လူထုရဲ့သဘောထားအမြင်ကို ကောက်ခံရမယ်။ ဒီလိုလုပ်မယ့်အပေါ်မှာ လူထုက သဘောတူသလားဆိုတာကို စစ်တမ်းကောက်ရမယ်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့်သူတွေက သဘောတူပြီဆိုမှ ဒုတိယအဆင့်ဖြစ်တဲ့ EIA, SIA လုပ်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်မလဲ၊ မြစ်ကြောင်းပြောင်းလဲမှုကို ဘယ်လောက်အထိ ဆိုးရွားစေမလဲ။ လူဦးရေဘယ်လောက်အထိ ထိခိုက်မလဲ။ ထိခိုက်မယ့်လူတွေရဲ့ စိတ်ခံစားမှုက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်လဲဆိုတဲ့ သုတေသနကို သေသေချာချာလုပ်ရပါမယ်။ ဒီလိုလုပ်ပြီးလို့ အဆင်ပြေပြီ ထိခိုက်မှုကနည်းတယ်။ နိုင်ငံအတွက် အကျိုးအမြတ်အရမ်းများတယ်ဆိုမှ လုပ်သင့်တယ်။ လုပ်တော့မယ်ဆိုရင် လူတွေက ရွှေ့ပြောင်းရဦးမယ်။ ဒီလိုမျိုးရွှေ့ပြောင်းတော့မယ်ဆိုရင် ရွှေ့ပြောင်းခံရမယ့်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ကို ရေရှည်အဆင်ပြေအောင် ဖန်တီးပေးနိုင်ဖို့လိုတယ်။ ဒီလို အားလုံးလုပ်ပြီးရင် ကမ္ဘာမှာ ရေကာတာဆောက်လုပ်မယ့်ကုမ္ပဏီတိုင်း လိုက်နာရမယ့် RASG Policy ဆိုတာရှိတယ်။ သူ့ရဲ့ မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ရေကာတာက ဘာမှထိခိုက်စရာမရှိဘူး။ သူတို့က အဲ့ဒီလိုမလုပ်ဘဲနဲ့ တိုးတိုးတိတ်တိတ်လုပ်တယ်။ ဘူမိဘောကို ရေပို့မယ့် ဟက်ကြီးစီမံကိန်းကိုလည်း ပြည်သူကိုထုတ်မပြောဘဲ မြှုပ်ထားတယ်။ ဒီလိုမြှုပ်ထားပြီး ဘွားခနဲပေါ်လာပြီး ဒီစီမံကိန်းကို လုပ်မယ်ဆိုတာမျိုးက လူထုကိုမလေးစားဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံဆိုပေမယ့် မပွင့်လင်းဘူးဆိုတာကို သူတို့ဒီဟာနဲ့သက်သေပြတာပါ" ဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် KESAN သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။
    
ကီလိုမီတာ ၂၈၂၀ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ခ)မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာတို့ဖြစ်ကြောင်း သိရသည်။
    
အဆိုပါစီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation ၊ China Three Corporation ၊ China Datang Over Seas Investment၊ Sinohytro ၊  ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
    
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းခြောက်ခုမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အားအနည်းငယ်ကို မည်သို့ဖြန့်ဝေသုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့် အစီအစဉ်မရှိသည့်အပြင် ပြည်သူလူထု မည်မျှအကျိုးခံစားရမည် မည်သို့ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်းမရှိကြောင်း သဘာဝပတ်ဝန်းကျင်အရေးများအား လုပ်ဆောင်နေသည့် သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်ကဆိုသည်။
    
အထက်ပါ စီမံကိန်းများအနက် ကရင်ပြည်နယ်တွင် အဆိုပြုထားဆဲဖြစ်သည့် ဒင်းဝက်ဆည်နှင့် ၀ဲကြီးဆည်မပါဝင်သေးဘဲ လတ်တလောတွင် ရှမ်းပြည်နယ်အထက် သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအား မြန်မာပြည်သူများနှင့် အမှန်တကယ်ထိခိုက်မည့် သံလွင်မြစ်အား မှီခိုနေရသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဒေသခံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမှုမရှိဘဲ Asia World  နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Hanergy Group Holding Ltd တို့အား လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။  

Eleven Media Group 

ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်
ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်
သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ် နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး သစ်နှင့် သတ္တုသယံဇာတ များအား ထုတ်ယူသည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်သာချမှတ်ခဲ့

Photo: မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်ပြီး သစ်နှင့် သတ္တုသယံဇာတ များအား ထုတ်ယူသည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်သာချမှတ်ခဲ့
Tuesday, June 3, 2014

မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်နှင့် သတ္တုသယံဇာတများအား ရှာဖွေခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်များသာ ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ငွေနှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း သိရသည်။

ယမန်နှစ်နှင့် ယခုနှစ်လေးလပိုင်းအထိ ဖမ်းဆီးခဲ့မှုတွင် တရုတ်နိုင်ငံသား ၁၀၀ ခန့် ရှိခဲ့ပြီး အများစုမှာသစ်နှင့် သတ္တုသယံဇာတများကို ရှာဖွေထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများကို အရေးယူမှုပြုလုပ်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးအက် ၇(၁) အရ တွေ့ရှိသည့်နေရာမှ နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းနှင့်  အက် ၇(၂) အရ တရားစွဲဆိုကာ ပြစ်ဒဏ်ကျခံစေသည့် ဥပဒေများဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းထံမှ သိရသည်။

တရုတ်နိုင်ငံသား မည်မျှကိုထောင်ဒဏ်ချမှတ်မှုနှင့် ငွေဒဏ်ချမှတ်မှုအပေါ်တွင် ရှင်းလင်းစွာပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ပြည်နှင်ဒဏ်ပေးခြင်းမှာ အများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ပြစ်ဒဏ်အမြင့်ဆုံးကတော့ ထောင်ဒဏ်တစ်နှစ် ချလိုက်တာတော့ရှိတယ်။ ဒါပေမဲ့ ငွေဒဏ်နဲ့ ပြည်နှင်ဒဏ်ပေးတာတော့ များပါတယ်” ဟု ဦးမောင်မောင်သန်းက ပြောကြားသည်။

ဖမ်းဆီးခဲ့သည် တရုတ်နိုင်ငံသားများကို လုပ်ထုံးလုပ်နည်းအရ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်သာ အရေးယူနိုင်ပြီး သစ်ထုတ်လုပ်မှုနှင့် သယံဇာတတူးဖော်မှုများ အတွက်မူ အရေးယူပိုင်ခွင့်မရှိကြောင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းက ပြည်ပနိုင်ငံသားတွေက တရားမ၀င် လုပ်နေတာတွေကို ပစ္စည်းပဲသိမ်းလို့ရတာ။ ကျန်တဲ့အပိုင်းက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက လုပ်တာပေါ့” ဟု ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့် အရေးယူမှုများမှာ တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်နေမှုကို တားဆီးနိုင်ရန် အခြေအနေ မရှိသည့်အပြင်  သစ်တောကြိုးဝိုင်းအတွင်း လယ်ယာမြေစိုက်ပျိုးမှုကြောင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံခဲ့ရသော နိုင်ငံသားများ အပေါ်တွင်လည်း တရားမျှတမှု မရှိနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ သုံးသပ်လျက်ရှိနေသည်။

ယင်းအပြင် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်နေမှုကို တရုတ်ကောင်စစ်ဝန်ရုံးက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်မှ မေလအတွင်းက ပြောကြားထားမှုများလည်း ရှိနေသည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံရှိ သစ်နှင့်သယံဇာတများကို တရုတ်လူမျိုးများက တရားမ၀င် ထုတ်ယူနေမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တရားဝင်ကန့်ကွက်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားထားသည်။     

တရုတ်လူမျိုးများ အနေဖြင့် ကချင်ပြည်နယ်ရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် သစ်တောများတွင် တရားမ၀င် သစ်ထုတ်လုပ်မှုကို ပြုလုပ်နေပြီး ချီဖွေမြို့နယ်နှင့် ဆော့လော်တွင်လည်း တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဆက်လက်ပြောကြားထားသည်။

Eleven Media Group  

တရုတ်-မြန်မာနယ်စပ် ၀င်/ထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နန်းတော် နယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ-နီလာ)
တရုတ်-မြန်မာနယ်စပ် ၀င်/ထွက်ပေါက် တစ်ခုဖြစ်သည့် မူဆယ်နန်းတော် နယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ကာ သစ်နှင့် သတ္တုသယံဇာတများအား ရှာဖွေခဲ့သည့် တရုတ်နိုင်ငံသား ၁၀၀ ခန့်ကို အနည်းဆုံး ပြစ်ဒဏ်များသာ ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ငွေနှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရေးအခြေအနေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးပြဿ နာ စတင်ရင်ဆိုင်လာရ

ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုအပေါ် သက်ရောက်မှုနည်းပါးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနများမှ သိရသည်။

စပိန်အသင်း ၀ါရှင်တန်သို့ မထွက်ခွာမီ ၀န်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်၊ တနင်္လာနေ့ လူစုံလေ့ကျင့်မှုတွင် ဒီယေဂိုကော်စတာ ပါဝင်နိုင်ခဲ့

Photo: စပိန်အသင်း ၀ါရှင်တန်သို့ မထွက်ခွာမီ ၀န်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်၊ တနင်္လာနေ့ လူစုံလေ့ကျင့်မှုတွင် ဒီယေဂိုကော်စတာ ပါဝင်နိုင်ခဲ့
Tuesday, June 3, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ စပိန်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းကဲ့သို့မထွက်ခွာမီ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက တွေ့ဆုံနှုတ်ဆက်၍ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

စပိန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံသို့ ဇွန်လ(၇)ရက်နေ့မှ သွားရောက်မည်ဖြစ်ပြီး ယင်းနေ့ရက်မတိုင်မီ ၀ါရှင်တန်တွင် နေထိုင်လေ့ကျင့် သွားမည်ဖြစ်သည်။ စပိန်အသင်းသည် တနင်္လာနေ့ အစောပိုင်းတွင် မက်ဒရစ်၌ ကမ္ဘာ့ဖလားအကြို ပထမဆုံးအကြိမ်အဖြစ် လူစုံလေ့ကျင့်မှုပြုလုပ်ခဲ့ရာ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ ပါဝင်လာခဲ့ကြောင်းလည်း သိရှိရသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြောင့် ရီးယဲယ်နှင့် အက်သလက်တီကို အသင်းများမှ ကစားသမားများကို အနားပေးထားခဲ့ရသည့်အတွက် ယခုမှ လူစုံလေ့ကျင့် နိုင်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုအစီအစဉ် ပြီးဆုံးခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက်တွေ့ဆုံကာ လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကံကောင်းစေရန် ဆုတောင်းပေးခဲ့ ခြင်းလည်းဖြစ်သည်။ ထို့နောက် တနင်္လာနေ့ နေ့လယ်ပိုင်းတွင် ၀ါရှင်တန်သို့ထွက်ခွာသွားခဲ့ပြီး အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံနှုတ်ဆက်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

စပိန်အသင်းသည် အမေရိကန်နိုင်ငံ၌ နေထိုင်စဉ်အတွင်း လေ့ကျင့်ရေးအစီအစဉ်(၄)ခု ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ(၇) ရက်နေ့တွင် အယ်လ်ဆာဗေးဒိုးအသင်းနှင့် နောက်ဆုံးခြေစမ်းပြီးနောက် ဘရာဇီးလ်သို့ ထွက်ခွာကာ ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ စပိန်အသင်း၏ လူစုံလေ့ကျင့်မှုတွင် ပါဝင်နိုင်ခဲ့သည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာက မိမိ၏ကြံ့ခိုင်မှုအနေအထား ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အယ်လ်ဆာဗေးဒိုးနှင့် ခြေစမ်းပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲ၌ ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တိုက်စစ်နေရာအတွက် ဒီယေဂိုကော်စတာ၊ တောရက်စ်နှင့် ဒေးဗစ်ဗီလာတို့ (၃)ဦးကိုသာ ရွေးချယ်ခဲ့သည့် စပိန်နည်းပြ ဒဲလ်ဘော့စ်ကမူ ဖာဘရီဂတ်စ်ကို တိုက်စစ်နေရာအတွက် လျာထားကြောင်းလည်း သိရှိရသည်။

Eleven Media Group
ကမ္ဘာ့ဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ စပိန်အသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယင်းကဲ့သို့မထွက်ခွာမီ စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းက တွေ့ဆုံနှုတ်ဆက်၍ ဆုတောင်းစကား ပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ရာမှ ကလေးနှစ်ဦး သတိမေ့ကာ ဆေးရုံတင်ရ

Photo: ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေအိမ်သုံးလုံး မီးလောင်ရာမှ ကလေးနှစ်ဦး သတိမေ့ကာ ဆေးရုံတင်ရ
Tuesday, June 3, 2014

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အုပ်စု (၃)တွင် ဇွန် ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က နေအိမ်သုံးလုံးမီးလောင်ကျွမ်းရာမှ ကလေးနှစ်ဦး သတိမေ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

ရွှေနှင်းဆီလမ်း၊ ခြံအမှတ် ၉၃ ရှိ အိမ် ခန်းတွဲ(၅)တွဲပါ နေအိမ်တစ်လုံး၊ အိမ်ခန်း တွဲ(၃)တွဲပါ နေအိမ်တစ်လုံးနှင့် အခြားနေ အိမ်တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ရာ ဇွန် ၃ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း လာရောက်ငြှိမ်းသတ်ခဲ့သည့် သာကေတမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

“တစ်ညနေလုံး မီးပြတ်နေတာ။ မီးပြတ်လို့ ဖယောင်းတိုင်ထွန်းထားတာကိုမေ့ပြီး အိပ်ပျော်သွားရာကနေ မီးလောင်သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်” ဟု အထက်ပါ မီးသတ်အရာရှိက ပြောကြားသည်။

ထို့ပြင် ဒေါပုံမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက “ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ သုံးနှစ်အရွယ်ကလေးတစ်ဦး မီးဟပ်တာလား၊ မီးခိုးမွှန်လို့လားတော့ မသိဘူး။ သတိမေ့သွားလို့ အရေးပေါ်ကားနဲ့ ခေါ်ထုတ်သွားတာ တွေ့လိုက်တယ်” ဟု ဆိုသည်။

သုံးခန်းတွဲအိမ်မှ အိမ်ငှား ကို---(စိစစ်ဆဲ) နေထိုင်သော အိမ်ခန်းမှ စတင်လောင်ကျွမ်းကြောင်း ကနဦးသိရသည်။

နေအိမ်ထူထပ်သော အဆိုပါရွှေနှင်းဆီလမ်းတွင် နေထိုင်သော ရပ်ကွက်သားများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မီးသတ်ကားများ ရောက်လာချိန်တွင် မီးလုံးဝငြိမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသို့ မီးသတ်ကား စုစုပေါင်း ၁၃ စီးခန့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး မီးသတ်ကားတစ်စီးမှာ လမ်းဘေးတွင် ဘီးကျွံကျမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ထောင်စု ၁၀ စုခန့်အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့၍ မီးဘေးကယ်ဆယ်ရေး စခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်လူကြီးများမှ စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အုပ်စု (၃)တွင် ဇွန် ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်က နေအိမ်သုံးလုံးမီးလောင်ကျွမ်းရာမှ ကလေးနှစ်ဦး သတိမေ့ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။

တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

Photo: တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု
Tuesday, June 3, 2014

လက်ရှိကျင့်သုံးနေသည့် ပြည်ထဲရေး ၀န်ကြီးဌာန၏ တည်ဆဲဥပဒေများအပြင် တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုချက်များ ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ဇွန် ၂ ရက်တွင် အတည်ပြုခဲ့သည်။

အစီရင်ခံစာတွင် ပြည်ထောင်စု လွှတ်တော်သက်တမ်း စတင်သည့်အချိန်မှ လက်ရှိအချိန်အထိ ဥပဒေပေါင်း ၉၈ ခုကို ထုတ်ပြန်ခဲ့ရာတွင် အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၈ ခု၊ ပြင်ဆင်သည့် ဥပဒေ ၃၅ ခု၊ ရုပ်သိမ်းသည့် ဥပဒေ ၁၁ ခု၊ အစားထိုးပြဋ္ဌာန်းသည့် ဥပဒေ ၂၄ ခုနှင့် စီမံကိန်း၊ ဘဏ္ဍာရေး အရ အသုံးဆိုင်ရာနှင့် အခွန်ဆိုင်ရာဥပဒေ ၁၀ ခုတို့ ပါဝင်ကြောင်း ပါရှိသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကော်မတီ အသီးသီး၏ လေ့လာစိစစ်မှုစာရင်းအရ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း ဆောင်ရွက်သင့်သည့် ဥပဒေပေါင်း ၁၃၇ ခုရှိကြောင်း၊ ၎င်းစာရင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် ဥပဒေ ၁၃၄ ခု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့်ဥပဒေ ၂ ခု၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်သက်ဆိုင်သည့် ဥပဒေ ၁ ခုတို့ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါဝင်သည်။

အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများအနက် ကျန်းမာရေးဝန်ကြီးဌာနမှ ဥပဒေပေါင်း ၁၅ ခုပါဝင်ပြီး အများဆုံးဖြစ်သည်။ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယအများဆုံးအဖြစ် ဥပဒေပေါင်း ၁၃ ခုပါဝင်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဥပဒေ ၁၁ ခု၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေ ၁၂ ခုနှင့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနမှ ဥပဒေ ၆ ခုတို့ အသီးသီးပါဝင်ကြသည်။

လွှတ်တော်မှစိစစ်တွေ့ရှိသည့် ရုပ်သိမ်းသင့်သော ဥပဒေများတွင် ၁၉၄၇ ခုနှစ်၊ အမိန့်ထုတ်ဆင့်တောင်းဆိုခြင်း (အရေးပေါ်ပြဋ္ဌာန်းချက်များ) အက်ဥပဒေ၊ ၁၉၆၀ ပြည့်နှစ်၊ ကျေးလက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ရန်ပုံငွေအက်ဥပဒေနှင့် ဗိုလ်ချုပ်ရန်ပုံငွေအက် ဥပဒေ စသည်တို့ အသီးသီးပါဝင်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြင်ဆင်ရေးဆွဲသင့်သော ဥပဒေများတွင် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ၊ အထူးစုံစမ်းစစ်ဆေး မှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေး ရေးဌာနအက်ဥပဒေ၊ မြေသိမ်းအက်ဥပဒေ နှင့် လောင်းကစားဥပဒေတို့ အသီးသီးပါဝင် သည်။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ဥပဒေကြမ်းများကို ဦးစားပေးအလိုက် ကာလသတ်မှတ်ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့တင်သွင်းကြရန်နှင့် ဥပဒေကြမ်းများကို ကျန်ရှိသည့်လွှတ် တော်သက်တမ်းကာလအတွင်း လွှတ်တော် အသီးသီးတွင် ဆွေးနွေးအတည်ပြုပြဋ္ဌာန်း နိုင်ရေးအစီရင်ခံကြောင်း ပါရှိသည်။

၎င်းအစီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

Eleven Media Group 

ဇွန် ၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဥ်
ဇွန် ၂ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
လက်ရှိကျင့်သုံးနေသည့် ပြည်ထဲရေး ၀န်ကြီးဌာန၏ တည်ဆဲဥပဒေများအပြင် တည်ဆဲဥပဒေပေါင်း ၁၃၇ ခုအား ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်း ပြင်ဆင်ရန်လိုအပ်ကြောင်း အကြံပြုချက်များ ပါဝင် သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်က ဇွန် ၂ ရက်တွင် အတည်ပြုခဲ့သည်။

သီလ၀ါအထူး စီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဒေသခံများမှ JICA ၏ စစ်ဆေးရေး အရာရှိထံသို့ ကန့်ကွက်လွှာပေးပို့

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံတွေ့နေရသည့် မြေယာဆုံးရှုံးမှုများနှင့် ပတ်သက် ကာ ဒေသခံများမှ JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်း အေဂျင်စီ) စစ်ဆေးရေး အရာရှိထံသို့ ဇွန် ၂ ရက်တွင် ကန့်ကွက်လွှာ ပေးပို့ခဲ့သည်။

လက်ပံတောင်းစီမံကိန်း လုပ်ဆောင်နေသည့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေဟု ရှင်းလင်း

Photo: လက်ပံတောင်းစီမံကိန်း လုပ်ဆောင်နေသည့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေဟု ရှင်းလင်း
Tuesday, June 3, 2014

လက်ပံတောင်းတောင်စီမံကိန်း လုပ်ဆောင်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေသည်ဟု ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဇွန် ၂ ရက်က ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒေသခံတွေကို စီးပွားဖက်အဖြစ် ဆက်ဆံသင့်ပေမဲ့ လက်ရှိအခြေအနေမှာ သူတို့က ပါဝင်ခွင့်မရဘူး။ ဒေသခံတွေကို ရန်သူလို မြင်နေတယ်။ ခြိမ်းခြောက်ခံနေရတယ်။ စီမံကိန်းကြောင့် ဘာသာရေးဆိုင်ရာ နစ်နာမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နစ်နာမှုတွေဖြစ်ခဲ့တယ်။ လယ်ယာလုပ်တဲ့ဝင်ငွေနဲ့ ၀မ်ပေါင်ကုမ္ပဏီမှာ ၀န်ထမ်းလုပ်တဲ့ငွေက ကွာဟတော့ အကြွေးတွေထပ်တင်တယ်။ လယ်ယာသိမ်းခံရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ကုစားနိုင်ဖို့လိုတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရပ်ရွာထိခိုက်မှုအတွက် ဒေသခံတွေရဲ့ သဘောတူညီချက် စစ်တမ်းမပါဘဲ စီမံကိန်းလုပ်ခွင့်ပြုခဲ့တဲ့ ၀န်ကြီးဌာနတွေ ကြားမှာလည်း အကျင့်ပျက်လာဘ်စားမှုတွေ တွေ့ခဲ့ရတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် တရုတ်ကုမ္ပဏီတွေကို မြန်မာပြည်သူတွေက ယုံကြည်မှုမရှိတော့ဘူးဓ ဟု ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုမှ ဦးပြေငြိမ်းကျော်က ဆိုသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆန်းစစ်ချက်များ ပြုလုပ်ရာတွင် ၎င်းတို့လိုလားသော အချက်များကိုရရှိနိုင်သည့် ကျေးရွာများကိုသာရွေးချယ်၍ အချက်အလက်များ ကောက်ယူခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွာသစ်သို့ ပြောင်းရွှေ့မည်ဆိုပါက ကြေးနီစီမံကိန်းတွင် အနည်းဆုံးတစ်အိမ်ထောင် တစ်ယောက်နှုန်းဖြင့် အလုပ်ရရှိစေမည် ကတိက၀တ် ပြုထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြောင်းရွှေ့ရန် ကျန်ရှိနေသည့် ရွာဟောင်းများတွင် ပြောင်းရွှေ့လိုသူနှင့် မပြောင်းရွှေ့လိုသူ နှစ်ပိုင်းကွဲနေပြီး မပြောင်းရွှေ့လိုသူများမှာ လယ်ယာမြေများ သိမ်းယူထားပြီး တန်ရာတန်ကြေးမပေးခြင်း၊ ကုမ္ပဏီရှိ ၀န်ထမ်းများအနေဖြင့် ကျေးရွာများအပေါ်တွင် တာဝန်မဲ့မှုနှင့် ရန်သူကဲ့သို့ ဆက်ဆံခြင်း၊ ကျေးရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း စသည့်အဖြစ်များကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသခံများက ၎င်းတို့၏ အနာဂါတ် ဘ၀လုံခြုံမှုအပေါ် စိုးရိမ်နေပြီး ကုမ္ပဏီနှင့် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ မကြာခဏ ကြုံတွေ့နေသည်။ ကျန်ရှိလယ်မြေများ ထပ်မံသိမ်းဆည်း မခံနိုင်သဖြင့် လယ်မြေများအပေါ် ညအိပ်စောင့်နေရသည့် အလုပ်တစ်ခု တိုးလာနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝမ်ပေါင်ကုမ္ပဏီက ဒေသခံတို့၏ လူနေမှုဘ၀ အရည်အသွေး တိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လျှပ်စစ်မီး၊ ရေကောင်းရေသန့်ရရှိမှု၊ ပညာရေး၊ လမ်းဖောက်ခြင်းနှင့် ဘာသာတရားအတွက် ဘုန်းတော်ကြီးကျောင်းများ အသစ်ပြန်လည် တည်ဆောက်ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း ကုမ္ပဏီ၏ တရားဝင်အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း လက်တွေ့တွင် တကယ်ဖြစ်မနေဘဲ ကွာဟနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လယ်သိမ်းခံ ဒေသခံများအနေဖြင့် လယ်မြေဆုံးရှုံးခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ဥပဒေမဲ့ပြုလုပ်ခြင်းစသည့် မတရားမှုများခံခဲ့ရပြီး ယင်းတို့၏ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိရန်အတွက် မည်သည့်ဥပဒေ၏ အကူအညီမျှ ရရှိမှုမရှိခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင် အနေဖြင့် နိုင်ငံခြားကုမ္ပဏီဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုသည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားခြင်းမရှိဘဲ စည်းမျဉ်းနှင့် ကိုက်ညီမှု မရှိသော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ပြီး တည်ဆဲဥပဒေများကို လေးစားမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ကာ သတ္တုတွင်း ၀န်ကြီးဌာနသည်လည်း နိုင်ငံတော်အဆင့်စီမံကိန်းကို မသိကျိုးကျွံပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နော်ဝေပြည်သူများ ထောက်ပံ့ရေးအဖွဲ့၏ ထောက်ပံ့မှုဖြင့်ကောက်ခံခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအား ငွေကြေးနှင့် လူသားအရင်းအမြစ် အခက်အခဲကြောင့် ကျေးရွာငါးရွာသာ စစ်တမ်းကောက်ယူနိုင်ခဲ့သည်။ ထိုစစ်တမ်းအတွက် ဒေသခံများ၏ ဖြေဆိုမှုများအပေါ် လက်ရှိဖြစ်ပျက်နေမှုများနှင့် အနေအထားများအပေါ် ချိန်ဆက်၍ အစီရင်ခံစာအား ရေးသားခဲ့ပြီး အမှန်တရားအပေါ်သာ အခြေခံထားကြောင်း ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုမှ ဦးပြေငြိမ်းကျော်က ဆိုသည်။ ယင်းအစီရင်ခံစာကို မြန်မာ့စီးပွားရေးဦးပိုင်၊ ၀မ်ပေါင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် အခြားသော တာဝန်ရှိသူများထံ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မေ ၂၃ ရက် ၀မ်ပေါင်၏ ပလောင်ရွာစည်းရုံးရေး ခရီးစဉ်တွင် ကန့်ကွက်နေ သည့် ဒေသခံဦးညိုနှင့် ၀မ်ပေါင်မှ တာဝန်ရှိသူများကို တွေ့ရစဉ်
မေ ၂၃ ရက် ၀မ်ပေါင်၏ ပလောင်ရွာစည်းရုံးရေး ခရီးစဉ်တွင် ကန့်ကွက်နေ သည့် ဒေသခံဦးညိုနှင့် ၀မ်ပေါင်မှ တာဝန်ရှိသူများကို တွေ့ရစဉ်
လက်ပံတောင်းတောင်စီမံကိန်း လုပ်ဆောင်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် တာဝန်ရှိသူများက ဒေသခံများကို ရန်သူသဖွယ် ဆက်ဆံနေသည်ဟု ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုက ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ဇွန် ၂ ရက်က ပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ စက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရ

Photo: မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ စက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရ
Tuesday, June 3, 2014

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ ရထားစက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရရှိမှု ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ မိုင်တိုင်အမှတ် ဗဗ-၁၀၂၊ မီးပွိုင့်အမှတ် ဗ -၉၅ တွင် မီးပွိုင့်မီးနီ၍ ရပ်ထားသော စက်ခေါင်းအမှတ် RBE-2540 (အင်ကြင်း-၂) သီလ၀ါ-ရန်ကုန်ရထား၏ နောက်တွဲအား ရွာသာကြီးဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-918 (မင်းသား -၇) မြို့ပတ်ရထားမှ ၀င်တိုက်မိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အင်ကြင်း-၂ ရထားပေါ်ပါခရီးသည် ကျားသုံးဦး၊ မတစ်ဦးနှင့် မင်းသား-၇ မြို့ပတ်ရထား စက်ခေါင်းမောင်းသူတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော အင်ကြင်း-၂ ပါခရီးသည် ကိုဥာဏ်မင်းသန့် (၃၂) နှစ်၊ ကိုနိုင်ဖြိုးဝေ (၂၁) နှစ်၊ ဦးသက်ပိုင် (၄၄)နှစ်၊ ဒေါ်ခင်ပြုံးလွင် (၄၆) နှစ်နှင့် မြို့ပတ်ရထားမောင်းသူ ဦးမူတူး (၆၀) နှစ်တို့ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာ (မစိုးရိမ်ရ) များအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။          

အဆိုပါမတော်တဆမှုကြောင့် ရထားတွဲများ လမ်းချော်သွားခဲ့ကြောင်းသိရပြီး စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

"ရထားနှစ်စီးတိုက်မိတဲ့ဖြစ်စဉ် ကျွန်တော်တို့ဆီမှာ အမှုလာဖွင့်ထားတာ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်တော့ ရှိခဲ့ပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဦးက ဇွန် ၂ ရက် ည ၈ နာရီခန့်က ပြောကြားခဲ့သည်။

Eleven Media Group

မတော်တဆမှုဖြစ်ပွားခဲ့သည့် စက်ခေါင်းအမှတ် RBE 2540 ရထားအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police )
မတော်တဆမှုဖြစ်ပွားခဲ့သည့် စက်ခေါင်းအမှတ် RBE 2540 ရထားအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရထားနှစ်စီးတိုက်မိရာမှ ရထားစက်ခေါင်းမောင်းသူတစ်ဦးနှင့် ခရီးသည်လေးဦးဒဏ်ရာရရှိမှု ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့သည်။

ရွှေတြိဂံနယ်မြေ ဘိန်းအထွက် ၂ ဆပြန်တိုး

Photo: ရွှေတြိဂံနယ်မြေ ဘိန်းအထွက် ၂ ဆပြန်တိုး
Tuesday, June 3, 2014

ရွေတြိဂံဒေသ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဟာ ၆ နှစ် ဆက်တိုက် တိုးများလာနေတယ်လို့ နယ်သာလန်အခြေစိုက် TNI Transnational Institute ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် ဒေသတွင်း အစိုးရတွေရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမူဝါဒ အားနည်းမှုတွေရှိနေပြီး ဒီအတိုင်းဆိုရင်တော့ ၂၀၁၅ ခုနှစ် မူးယစ်ဆေးဝါး ကင်းလွတ်ဇုံ ဖြစ်ရမယ်ဆိုတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ မဟာဗျူဟာမျှော်မှန်းချက် အကောင်အထည် ပေါ်လာမှာမဟုတ်ဘူး ဆိုပြီးတော့ ထောက်ပြလိုက်ပါတယ်။

ဒါကြောင့်လည်း ကျေးလက်ဆင်းရဲမွဲတေမှုအပါအ၀င် မူးယစ်ဆေးဝါးကုန်သွယ်မှုဖြစ်စေတဲ့ အကြောင်းတရားတွေကို အဓိကထား ကိုင်တွယ်ဖြေရှင်းနိုင်မယ့် မူဝါဒမျိုးတွေ ပြုပြင်ပြောင်းလဲသွားဖို့လိုတယ်ဆိုပြီးတော့လည်း အစီရင်ခံစာမှာ အကြံပေးတိုက်တွန်းထားပါတယ်။

အခုလို ဘိန်းနဲ့ အခြားမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာ မြန်မာနိုင်ငံဟာ အဓိကလိုဖြစ်နေပြီး အဲဒီ မူးယစ်ဆေးဝါးအများစုဟာ တရုတ်နဲ့ ထိုင်းနိုင်ငံဖက်ကို ရောက်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ဘိန်းစိုက်ခင်းဧက ဟက်တာ ၂၄,၀၀၀ ကနေ ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၅၈,၀၀၀ အထိ တိုးလာတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်ကို ကိုးကား ထားပါတယ်။
ဒီ ခန့်မှန်းချက်အရဆိုရင် အာဖဂနစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ ဘိန်းစိုက်ဧက အများဆုံးဖြစ်ပါတယ်။

အာဖဂန်မှာတော့ ဘိန်းစိုက်ဧကဟာ ၂၀၁၃ ခုနှစ်မှာ ဟတ်တာ ၂၀၀,၀၀၀ ကျော် ရှိခဲ့တာပါ။ တချိန်တည်းမှာ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်ဖက်တွေမှာ အက်ဖာတမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေလည်း တိုးလာတယ်လို့ထောက်ပြပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ အခြေခံအကြောင်းတရားတွေဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ ဒေသတွင်းပဋိပက္ခတင်းမာမှု၊ တရုတ်နိုင်ငံဖက်ကို ဘိန်းဖြူတင်ပို့မှု စတာတွေကို ဒေသတွင်းအစိုးရတွေနဲ့ နိုင်ငံတကာက ထိထိရောက်ရောက်မဖြေရှင်းဘဲနဲ့တော့ ဘိန်းနှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ ဒီ အစီရင်ခံစာကို ပြုစုသူ Tom Cramer က ပြောပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးမူဝါဒတွေကို ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ ဒေသငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဦးစားပေးတဲ့ မူဝါဒတွေအဖြစ် ပြုပြင်ပြောင်းလဲမှုလုပ်သွားဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်။ Boucing Back လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို  မြန်မာ လာအို၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယအရှေ့ဖက်ခြမ်းက လယ်သမားတွေ မူးယစ်ဆေးဝါးသုံးစွဲသူတွေ မူးယစ်ကုန်သည် ရာဂဏန်းကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း မေးမြန်းပြီး ပြုစုထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ရွေတြိဂံဒေသ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဟာ ၆ နှစ် ဆက်တိုက် တိုးများလာနေတယ်လို့ နယ်သာလန်အခြေစိုက် TNI Transnational Institute ရဲ့ အစီရင်ခံစာ သစ်မှာ ဖော်ပြပါတယ်။

ယူကရိန်းအရှေ့ဖက်ဒေသ တိုက်ပွဲ ပြင်းထန်ဆဲ

Photo: ယူကရိန်းအရှေ့ဖက်ဒေသ တိုက်ပွဲ ပြင်းထန်ဆဲ
Tuesday, June 3, 2014

 ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။

နယ်ခြားစောင့်တပ် က၊ တပ်ဖွဲ့ဝင် ၇ ယောက် ဒဏ်ရာ ရပါတယ်။ ဒေသခံတွေ ကတော့ တိုက်ပွဲ နဲ့ဝေးရာ ထွက်ပြေးကုန်ပါတယ်။ ဒါကို ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ယူရီဆာဂေးယက်ဖ် က အစိုးရ တပ်အနေ နဲ့ ဒေသခံ တွေ မထိခိုက်အောင် တိုက်ခိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဗဟို အစိုးရရဲ့ ကွပ်ကဲရေး စစ်ဆင်ရေး ဟာ ပြည်သူတွေ ထိခိုက်မှု မရှိအောင် သတိထားပြီး စစ်ဆင်တာပါ။ ခက်တာက အကြမ်းဖက် သမားတွေ က ဒေသခံ ပြည်သူတွေ ရဲ့ နောက်ကွယ်မှာ ပုန်းအောင်း နေရာယူထားတဲ့ အတွက် သတိထားပြီး တိုက်နေရတာပါ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က လည်း၊ ရုရှလိုလားသူ၊ ခွဲထွက်ရေး သမားတွေ စီးနင်း သိမ်းပိုက် ထားတဲ့ အဆောက်အအုံ ထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့ အတွက် လူ အသေအပျောက် ရှိခဲ့ ပါတယ်။ ရုရှ လိုလားသူ တွေ ဘက်ကတော့ အထက်ပါ တိုက်ခိုက်မှု တွေ ကို ယူကရိန်း လေတပ် က တိုက်ခိုက်မှု လို့ စွပ်စွဲပါတယ်။

ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ဗ် ကိုယ်တိုင် က၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ယူကရိန်း အစိုးရရဲ့ တိုက်ခိုက်မှု တွေ ကို ချက်ချင်းရပ် ဖို့ မနေ့က မူကြမ်းစာ တစောင် ပြင်ဆင်လိုက်ပါတယ်။ ဒီတင်သွင်းမဲ့ မူကြမ်းစာ ပါ အကြောင်းအရာ ထဲမှာ အကြမ်းဖက်မှု တွေ ချက်ချင်းရပ်ပြီး၊ စစ်မှန်တဲ့ ညှိနှိုင်း ဆွေးနွေးမှု ပြုဖို့၊ ဒါမှ သာ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် ရနိုင်မယ်၊ နောက်ပြီး ဒေသခံ ပြည်သူတွေ စစ်မက်ဇုံ ကနေ ထွက်ခွာ လိုရင်၊ ထွက်နိုင်မဲ့ လမ်းကြောင်း လည်း အချိန်မဆွဲဘဲ၊ ဖွင့်ပေးဖို့ လိုတဲ့ အကြောင်း ထည့်သွင်း ထားတာကို ပြောတာပါ။

ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကို ကလည်း အပြစ်မဲ့ ဒေသခံ ပြည်သူတွေ ကို အကြမ်းဖက်သမား သူပုန်တွေ လက်မှာ အသက် မဆုံးရှုံးအောင်၊ အစွမ်းကုန် ကာကွယ်မယ် လို့ ဆိုယင်း၊ အရှေ့ဖက် နယ်စပ် က တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ရေး ဟာလည်း၊ သူ ဦးစားပေး ဆောင်ရွက်မဲ့ အကြောင်း ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 ယူကရိန်း အရှေ့ဘက် ရှိ ရာဂဏန်း ချီတဲ့ ခွဲထွက်ရေး သမားတွေ ဟာ လူဟန့်စ်မြို့ အနီးက၊ နယ်စပ် ဗဟို ကွပ်ကဲရေး စခန်း ကို တိုက်ခိုက်တဲ့ အခါ မှာ စစ်သွေးကြွ ၅ ယောက် သေဆုံးပြီး၊ ၈ ယောက် ဒဏ်ရာ ရတဲ့ အကြောင်း နယ်စပ် အေဂျင်စီ သတင်း က ပြောပါတယ်။