Friday 27 November 2015

ဖားကန့်မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူများ၏ ဈာပနအခမ်းအနား ယနေ့ပြုလုပ်မည်

ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသွား သူများအားလုံးအတွက် ဈာပနအ ခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၇ ရက်)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လုံးခင်းရဲစခန်းမှ သိရသည်။

ယခုလ နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီခွဲအချိန်ခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လက်မောင်း ကုန်းကျေးရွာတွင် တစ် သုံးလုံးကုမ္ပဏီ၏ စွန့်ပစ်မြေစာအ ကျယ်/အမြင့်ပေ ၁၀၀၀ ခန့်ရှိ မြေ စာပုံပြိုကျခဲ့ရာတွင် ၎င်းမြေစာပုံ အောက် တွင် ရေ မဆေးကျောက်ရှာ ဖွေသူများနေထိုင်သည့်တဲနှင့် ဈေး ဆိုင်များ နစ်မြုပ်သွားခဲ့ကာ ယင်း ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရသည့် လူ ၁၁၄ ဦးအတွက် ဈာပနအခမ်း အနားပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။

ကချင်ပြည်နယ်၊ လုံးခင်းရဲစခန်း မှစခန်းမှူး ဦးထင်ကျော်က '' ဈာပန အခမ်းအနားကို နိုဝင်ဘာ ၂ရ ရက် နံနက်မှာ လုပ်ဆောင်သွားမှာပါ။ မြေ စာပုံပြိုကျတဲ့နေရာမှာပဲ လုပ်ဆောင် သွားမှာပါ''ဟုပြောသည်။

အဆိုပါပြိုကျမှုဖြစ်စဉ်ကြောင့် မြေစာလွှမ်းသွားသောသူများကို ရှာ ဖွေခဲ့ရာ လူပေါင်း ၁၁၄ ဦးတွေ့ရှိပြီး ရှာဖွေမှုများကို နိုဝင်ဘာ ၂၅ ရက် တွင်ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

ဦးထင်ကျော်က ''ကျွန်တော်တို့ ရှာဖွေမှုတွေအားလုံးကိုလည်း ရပ် ဆိုင်းခဲ့ပြီးပါပြီ။ အခုဈာပနအခမ်း အနား ကို လည်း သူတို့ကိုးကွယ်ရာ ဘာသာအလိုက် လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုသွားမှာပါ''ဟု ဆက်လက်ပြော သည်။

ဈာပနအခမ်းအနားက မြို့နယ် အဆင့်မှ တာဝန်ရှိသူများအဆင့် သာ တက်ရောက်သွားမည်ဖြစ်ပြီး သေဆုံးသူ ၁၁၄ ဦးတွင် ပိုင်ရှင်မဲ့ ၃၀ ကျော်ပါဝင်ပြီး သေဆုံးသွားသူများ အတွက် ပိုင်ရှင်ရှိပါက တစ်ဦးလျှင် ငွေကျပ်ခြောက်သိန်း၊ ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ပိုင်ရှင်မရှိသူများအ တွက် ငွေကျပ်လေးသိန်း၊ ဆန်တစ် အိတ်နှင့် ဆီနှစ်ပိဿာထောက်ပံ့မှု များပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဒေသတွင် မြေစာပုံ ပြိုကျမှုများမှာ ယခုနှစ်အတွင်းပင် ငါးကြိမ်ခန့်ဖြစ်ပေါ်ခဲ့ကာ ယခုဖြစ်စဉ် ကြောင့် သေဆုံးသူဦးရေမှာ အများ ဆုံးဖြစ်ကြောင်း သိရသည်။

AA
‎Democracytoday‬

No comments:

Post a Comment