Wednesday 13 February 2013

သမ္မတ၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်း KIO ကြိုဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က တုန့်ပြန်ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ချစ်သူများနေ့တွင် လိင်ပညာပေးနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝ လက်ကမ်း စာစောင် ဝေမည်


ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။
ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦး ခြောက်လွှာမှ ခုန်ချမှု ကမာရွတ်မြို့နယ်အတွင်း ဖြစ်ပွား

ခုန်ချခဲ့သည့်နေရာအား တွေ့ရစဉ်
crime-feb-13ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေငါးဆယ်လမ်း၊ တိုက် ၃၄၊ ၆ လွှာ၊ အေတွင် နေထိုင်သူ အမျိုးသားတစ်ဦး ၎င်း၏ ခြောက်လွှာအထပ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား



မိမိအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ယခု ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကတိပြုခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို ပြည်ထောင်စုနေ့ အခမ်းအနားကြီးသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဆင့်တူညီသည်ဟု ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့်အညီ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊ မကြာမီ အကောင်အထည် ပေါ်လာတော့မည် ဖြစ်ပါကြောင်း။

လက်ဖက်လုပ်ငန်းကျဆင်းလာခြင်းကြောင့် ရှမ်း၊ ပလောင် အမျိုးသမီးများ၊ တရုတ်လူမျိုးများနှင့် တရားမ၀င်လက်ထပ်မှု မြင့်မားလာဟု သိရ


ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ဝိုက်ရှိ ရှမ်းနှင့် ပလောင်အမျိုးသမီးငယ်များ တရုတ်လူမျိုးများနှင့်
တရားမ၀င် လက်ထပ်ခြင်းနှင့် လူကုန်ကူးမှုများ မြင့်မားလာခြင်းသည် အဓိကစီးပွားရေး ဖြစ်သော
လက်ဖက်လုပ်ငန်းကျဆင်းပြီး တရုတ် လက်ဖက်ချိုခြောက်များဝင်ရောက်လာခြင်းကြောင့်ဖြစ်
ကြောင်း လက်ဖက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ဖေဖော်ဝါရီလ ၆ ရက်တွင် ကျင်းပ
သော ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းဖွဲ့စည်းခြင်း အစည်းအဝေးပွဲ၌
ပြောသည်။

နွေတွင် ဓာတ်အားလိုအပ်ချက် ၇၅ ရာခိုင်နှုန်းသာ ပေးနိုင်မည်

ယခုနှစ် နွေရာသီရေနည်းကာလဖြစ် သော မေလတွင် ယခုလက်ရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ
များသာရှိပါက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကိုသာ ဓာတ်အားပေး
နိုင်မည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် တည်
ဆောက်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"နိုင်ငံတွင်းမှာ လုံလောက်တဲ့ တည် ဆောက်မှုတွေ မပြုနိုင်သေးဘူး။ နွေ ရာသီမှာလည်း ဓာတ်အား
လိုအပ်ချက် ရှိလာနိုင်တော့ ကြိုတင်ပြီး ချွေတာနိုင် သလောက် ချွေတာနေတာပါ"ဟု ဒုတိယ