Thursday 9 April 2015

‘နောက်သင်္ဘောတက်မယ့်သူတွေ သေသေချာချာလေ့လာစုံစမ်းပြီးမှ သွားကြပါလို့မှာချင်ပါတယ်။ ကျွန်တော်တို့လို မဖြစ်စေချင်လို့ပါ’’

ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင် လွတ်မြောက်ခဲ့သူတစ်ဦးနှင့်တွေ့ဆုံခြင်း
သင်္ဘောသား ၁၃၂ ဦးလိုက်ပါ သည့် ရုရှားအခြေစိုက်ငါးဖမ်း သင်္ဘော Dal'nij Vostok သည် ဧပြီ ၁ ရက် နံနက်က ရုရှားနိုင်ငံ အရှေ့ဘက် ကမ်းလွန် ပင်လယ် ပြင် (မုဆိုးပင်လယ်ပြင်)တွင် တိမ်းမှောက်ခဲ့သည်။
ထိုသင်္ဘောပေါ်၌ မြန်မာသင်္ဘောသား ၄၂ ဦး လုပ်ကိုင်နေရာ သင်္ဘောတိမ်းမှောက်မှုတွင် မြန်မာ သင်္ဘောသား ၁၆ ဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကာ ၂၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့သည်။ ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးသည် ဧပြီ ၇ ရက်က ရုရှားနိုင်ငံတောင်ပိုင်း Sakhalin မြို့ရှိ ပစိဖိတ်ပလာဇာဟိုတယ်သို့ ရောက်ရှိလာခဲ့သည်။

ဘော်စတွန်မာရသွန် ဗုံးခွဲမှုအတွက် ဆုံးဖြတ်ချက် ထွက်လာ

အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန် ပြေးပွဲကို ဗုံးခွဲ တိုက်ခိုက်ခဲ့သူ အဖြစ် အမှုကြားနာ စစ်ဆေးခံနေရတဲ့ ဂျက်ခါး ဆာနားယက်ဗ်မှာ အပြစ်ရှိကြောင်း ဂျူရီ လူကြီးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစိုးရ ပိတ်

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်မှ အလံစိုက်သောကြောင့် အငြင်းပွားနေစဉ်(fb.com/Zaai HomMai )
မြစ်ကူးတံတားတည် ဆောက်ရန် တရုတ်ပြည်သူ့သမ္မ တနိုင်ငံတော်အလံကို မြေတိုင်းသည့်အနေဖြင့် လာ ရောက်စိုက် ထူရန်ကြိုးပမ်းသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ်အတွင်း ကုန်းဆာကျေးရွာ ကူးတို့ဆိပ်လမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

ဗုဒ္ဓ၏ အဆုံးအမတော်များ-၂၁၇

ရခဲသောအရာ ဆယ်ပါး - ၂
===============
- မင်းနန်(မော်ကျွန်း)

ပြုပြင်ခြယ်သမှုပြုခြင်းသည် ရုပ်အဆင်းလှပတင့်တယ်ခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်သည်။
လောကနီတိတွင် မိန်းမတို့၏ဥစ္စာကား အဆင်းတည်းဟု ဖော်ပြထားပါသည်။ ရုပ်ဆင်းသဏ္ဌာန် လှပ တင့်တယ်ခြင်းသည် နှစ်သက်ဖွယ်ဖြစ်ပြီး အလိုရှိ အပ်သောအရာ ဖြစ်ပါ၏။ အမှန်တော့ အမျိုးသမီးတို့သာ လျှင် ရုပ်ဆင်းသဏ္ဌာန် လှပတင့်တယ်ဖို့ လိုအပ်သည် မဟုတ်ပါ။ အမျိုးသားတို့သည်လည်း ယောက်ျားပီပီ၊ ကျက် သရေရှိရှိ ကြည့်ကောင်းသော ရုပ်ရည်ရှိဖို့လိုပါသည်။

နောက်ထပ် ကျောင်းသူတစ်ဦးကို ဖမ်းဆီး၊ ကိုဝေဠုကို ထောင် တစ်နှစ် ချမှတ်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့က ပင်မကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ သန်လျင် နည်းပညာ တက္ကသိုလ် ကျောင်းသူ မပိုပိုကို ဒီနေ့ ညနေမှာ သန်လျင်မြို့နယ်ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။

အလောင်းတော်ကဿပ ဥယာဉ်၌ လေပြင်းတိုက်၍ သစ်ပင်လဲကျမှုကြောင့် ၁၁ ဦး ဒဏ်ရာရပြီး တစ်ဦးသေ

ဧပြီ ၅ ရက်က လေပြင်းတိုက် ခတ်မှုကြောင့် ယင်းမာပင်ခရိုင် အလောင်းတော်ကဿပသပိတ်ဆေး ယာဉ် ရပ်နားစခန်းရှိ လုံးပတ် ၁၁ ပေ၊ အမြင့်ပေ ၇ဝ ရှိ အင်ပင်ကြီးလဲကျခဲ့ရာ စားသောက်ဆိုင်နှစ်ဆိုင်နှင့် ယာဉ် သုံးစီးပေါ်ပိမိ ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ရိုးတစ်လျှောက်တွင် တရားမ၀င် သစ်တန်ချိန် ၁,၀၀၀ ကျော် ဖမ်းဆီးရမိ

ရွှေလီမြစ်ရိုး မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတစ်လျှောက်တွင် တရားမ၀င် သစ်ရှာဖွေဖမ်းဆီး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ သစ်မျိုးစုံ တန်ချိန် ၁,၀၂၃ တန် ဖမ်းဆီးရရှိခဲ့သည်ဟု သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် မှောင်ခိုကူးမှုများ ယူနန်အစိုးရနှိမ်နင်းမည်

မြန်မာနိုင်ငံမှ တရားဝင်ပို့ကုန်ဖြစ်သော်လည်း တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်ပြုမထား၍ မြန်မာ−တရုတ်နယ်စပ်တွင် လယ်ယာထွက်ကုန်အချို့ကို ကားချင်းကဲ့ယူ၍ တရုတ်သို့တင်ပို့ရန် ပြင်ဆင်နေစဉ်
 မြန်မာ-တရုတ်နယ်စပ်တွင် မှောင်ခိုကုန်ကူးမှုများကို ပထမဆုံးအကြိမ် ထိရောက်စွာ တားဆီး နှိမ်နင်း မှုများပြုလုပ်မည်ဟု တရုတ်နိုင်ငံယူနန်အစိုးရက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ စာပေးပို့ထား ကြောင်း သတင်းရရှိသည်။မြန်မာ−တရုတ် နယ်စပ်ရှိ တုန်ဟို၊ ၀န်စန်း၊ စစ်ဆောင်ပန်း နာ၊ တယ်ဟုန် စသော ဒေသများ တွင် မှောင်ခိုကုန်ကူးမှုများကို ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်ထိ နှစ်လကြာ သီးသန့်တား ဆီးမှု ဆောင်ရွက်မည်ဟု မြန်မာကောင်စစ်ဝန်ရုံးသို့ ပေးပို့ထားသော စာ၌ ဖော်ပြထားသည်။

5network က ထုတ်လွှင့်မယ့် IC ဖျော်ဖြေပွဲများ

မေလတွင် စတင်ပြုလုပ်မည့် အိုင်းရင်းခရော့စ်တီးဝိုင်း အဖွဲ့ ပင်တိုင် အဆိုရှင်များ၏ တစ်ကိုယ်တော် ဖျော် ဖြေပွဲများကို ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိကြောင်း သတင်း ရရှိသည်။

ဒေါ်လာ တစ်သန်းကျော်နဲ့ ရောင်းလိုက်တဲ့ American Pieသီချင်း


American Pie တေးအယ်လ်ဘမ်အတွက် ဒွန် မက်ကလင်း ရေးသားထားသော မူရင်းသီချင်းစာသားကို နယူး ယောက်မြို့တွင် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် လေလံတင် ရောင်းချလိုက်ပြီဖြစ်သည်။

ကာလာစုံ သင်္ကြန်အတွက် ဖက်ရှင်ရင်ခုန်သံ

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေပက်ခံနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နှစ်ကူးသင်္ကြန်ရောက်ရန် ရက် အနည်းငယ်သာ လိုတော့သည်။ သည်လိုအချိန် ရောက်လာတိုင်း သင်္ကြန်မှာ အပီအပြင် ကဲနိုင်ဖို့ အစီအစဉ်တွေ ဆွဲပြီးနေကြပါပြီ။ ၀တ်မယ့် အ၀တ်အစား ဖက်ရှင်ဒီဇိုင်းများကို သူများထက် တစ်မူထူးအောင် ဘယ်လိုဝတ်မလဲ၊ ဆံပင် ပုံစံကို အားလုံးထက် ထင်းနေ အောင် ဘယ်လိုပုံ၊ ဘယ်လိုအ ရောင်ဆိုးမလဲ စသည်ဖြင့် စိတ်ကူး ပုံဖော်နေကြသည့် အချိန်လည်း ဖြစ်သည်။

(၁၄)ကြိမ်မြောက် ရုံးထုတ်သော်လည်း စာရေးဆရာထင်လင်းဦး၏ သက်သေများမစစ်ဖြစ်

စာရေးဆရာထင်လင်းဦး၏ (၁၄)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကို ဧပြီ ၈ ရက်က ချောင်းဦးမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သော်လည်း ဦးထင်လင်းဦး၏ သက်သေများကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာ တည်ဆောက်ရန်အဆို ရပ်ဆိုင်းခံရ

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာအဆောက်အအုံများကို ၂၀၁၆ နှစ်ဆန်း မတိုင်မီ  အပြီးတည်ဆောက်ရန် ဧပြီ ၈ ရက်က ကျင်းပသောပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးနန်းအောင်တင်မြင့်က အဆိုတင်သွင်းခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်ဖြင့် ငြိစွန်းနိုင်သဖြင့် ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် ခေါင်းချင်းဆိုင်တိုက် တစ်ဦးသေ၊ ၂၁ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
 ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် ဘုရားဖူးလိုက်ထရပ်ယာဉ်နှင့် ဖရဲ၊ သခွားများ တင်ဆောင်လာသော ကုန်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိရာမှ ခရီးသည်တစ်ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ယာဉ်များအား မန္တလေးမြို့တွင် မြို့ဝင်ကြေး ကောက်မည်

မန္တလေးမြို့တွင် ယာဉ် ကြောရှုပ်ထွေးပိတ်ဆို့မှုလျော့ နည်းရန် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာဉ်များကို ကျပ်နှစ်ထောင်မှ ကျပ်နှစ်သောင်း အထိ   မြို့ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

NCA မူကြမ်းပါ အချက်အချို့ အကောင်အထည်ဖော်မှသာ အပြီးသတ် သဘောတူလက်မှတ်ထိုးမည်ဟု UNFC ထုတ်ပြန်

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ် ရေးထိုးခြင်း အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ− MPC)
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်(NCA)အတည်ပြုမူကြမ်းပါ အကြောင်းအရာ အချို့ကို ဆက်လက်ဆွေးနွေးပြီးနောက် လိုအပ်သည့် အကောင်အထည်ဖော်မှုရှိမှသာ အပြီးသတ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည် ဖြစ် ကြောင်းညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)က သဘောထားထုတ် ပြန်သည်။

ခန္တီးမြို့ မြသိန်းတန်စေတီကမ်းပါး ယခုနှစ်တွင် ပြုပြင်ထိန်းသိမ်းမည်ဟု နိုင်ငံတော်သမ္မတကတိပေး

ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်း ဘေးရှိ ရန်ကင်းတောင်တွင် တည်ထားကိုးကွယ်သောမြသိန်း တန်စေတီသည် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် အန္တရာယ်ရင်ဆိုင်နေရမှုအပေါ် ယခင်နှစ်အတွင်း ပြုပြင် ထိန်းသိမ်း မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပေးခဲ့ကြောင်း မြသိန်းတန်စေတီ ဂေါပက ဦးစိုင်းအုန်းလွင် ကပြောသည်။

အရေးပါသော တောင်ကုန်းများကို တပ်မတော်က ဆက်လက်သိမ်းယူ

မြန်မာ့တပ်မတော်စစ်ကြောင်းများက ကိုးကန့်တိမ်း ရှောင်အဖွဲ့ နေရာယူထားသော အရေးပါသည့် တောင် ကုန်းများကို ဧပြီ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ် တောင်ကြီးသင်္ကြန်တွင် မဏ္ဍပ်ကြီး ၁၁ ခုခန့် ရှိမည်

တောင်ကြီးသင်္ကြန်မဏ္ဍပ်တစ်ခု စီစဉ်ဆောက်လုပ်နေစဉ် (ဓာတ်ပုံ − စိုင်းမိုင်းလုံ)
တောင်ကြီးသင်္ကြန် တွင် မဏ္ဍပ်ကြီး ၁၁ ခုခန့်ရှိမည်ဖြစ်ပြီး စတင်တည်ဆောက်နေပြီဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးကပြောသည်။

ပိတ်ပင်ခံထားရသော်လည်း ရွှေည၀ါဆရာတော် တရားဟောမည်

တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော ရွှေည၀ါဆရာတော်သည် ဧပြီ ၁၂ ရက်တွင် ရွှေပြည်သာမြို့ နယ် ၌ တရားဟောကြားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မဲဆန္ဒနယ် အသိပေးလုပ်ငန်းများ ဒီချုပ် စတင်လုပ်ဆောင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းမှန် ကန်တိကျစေရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူထုအား မဲဆန္ဒရှင်အသိပေးမှုလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေကြသည့်တိုင် လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရမျှော်မှန်းချက်မလျော့

၂၀၁၄−၁၅ ဘဏ္ဍာနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးကဏ္ဍ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်နေသည် (offshore-technology)
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်ရှိသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက ရင်းနှီးမြှုပ်နှံ မှုများ စောင့်ကြည့်နေသည် ဆိုသော်လည်း လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ခြောက်ဘီလီယံထိ အစိုးရကမျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိ သည်။

ချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့်မညီဟု နိုင်ငံရေး ပါတီကြီးများပြော

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်)ကျင့်သုံးခြင်းသည် အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးရန် မသင့်ကြောင်း အမျိုးသား လွှတ်တော်၌ ကျင်းပနေသည့် ကြားနာပွဲတွင် နိုင်ငံရေးပါတီကြီးအချို့ကပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

အိုက်စလန် ကမ္ဘာလှည့်ခရီးသွားများ ပထမအကြိမ် လာရောက်လည်ပတ်

ယခုနှစ်ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ အိုက်စလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်အဖွဲ့လိုက် ပထမဆုံး လာရောက် လည်ပတ်ခဲ့ကြောင်းသတင်းရရှိ သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို ဖမ်းဝရမ်းထုတ်

ကိုးကန့်လက်နက်ကိုင် အဖွဲ့ အတွင်းရေးမှူး၊ ဖုန်ကြားရှင်၏ သားမက်ဦးထွန်းမြတ်လင်းကို ကိုးကန့်ဒေသနှင့် ပတ်သက်၍ တပ်မတော်၏ဆောင်ရွက်မှုများ အောင်မြင်မှုပျက်ပြားစေရန်ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပ မီဒီယာ များအား မဟုတ်မမှန်သတင်းပေး မှုဖြင့် တပ်မတော်စစ်ခုံရုံးက အ ရေးပေါ်စီမံမှုဥပဒေဖြင့် တရားစွဲ ကာ ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။