Thursday 24 March 2016

(၇၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း


"အညတရမိုးကောင်းကင်"ထုတ်လွှင့်ပြသမည်

မီးလောင်သည့် မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်


မန္တလေးမြို့တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို အန္တရာယ်ရှိ အ ဆောက်အုံအဖြစ် သတ်မှတ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာအသင်း(မန္တလေး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းအ ဆင့် အင်ဂျင်နီယာများ၊ ဆည် မြောင်းဦးစီးဌာနမှ တိုင်းအဆင့် အင်ဂျင်နီယာများနှင့် နည်းပညာ တက္ကသိုလ်မှ ကထိက အင်ဂျင်နီ ယာများပါဝင်သော အဖွဲ့သည် မီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး အဆောက်အအုံ၏ကြံ့ခိုင်မှုကို မတ်လ ၂၃ ရက်၌ စစ်ဆေးခဲ့ပြီး နောက် အန္တရာယ်ရှိအဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်ဟု စည်ပင်သာယာတာဝန် ရှိသူများက ပြောကြားသည်။
‘‘ဈေးရဲ့ကြံ့ခိုင်မှုအတွက် အင်ဂျင်နီယာတွေက အာမမခံ ဘူး။ အဲဒါကြောင့် လောလော ဆယ်အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်လိုက်တယ်။ အမြင်နဲ့ကြည့်ပြီး ဆုံးဖြတ်ထားတဲ့ သဘောပါ။ နောက်ပြီးရင် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း(ရန် ကုန်)နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာရှိတဲ့ စက်ကိရိယာတွေနဲ့ အသေးစိတ်ထပ်မံတိုင်းတာ စစ် ဆေးဦးမှာဖြစ်ပါတယ်။ စက်တွေ နဲ့ ထပ်မံစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ဆွေးနွေးပြီး ဆက်လုပ်ရမှာပါ’’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။ မင်္ဂလာဈေးကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်လုပ်မည့်အစီ အစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ အ တိအကျမပြောနိုင်သေးကြောင်း ဦးသက်နိုင်ထွန်းက ဆိုသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်သည့်အတွက် ဈေးအ သစ်ပြန်ဆောက်မည့် အနေအ ထားဟု ထင်မြင်ကြောင်း မင်္ဂလာ ဈေးမှ ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
ဈေးသစ်ဆောက်မည်ဆို လျှင် လက်ရှိ ဈေးသည်များအဆင် ပြေစေရေးအဓိကထား၍ စဉ်းစား တည်ဆောက်ရန်နှင့် လတ်တ လောတွင် မီးလောင်ဒဏ်ခံနေရ သည့်ဈေးသည်များအဆင်ပြေစေ ရန် ယာယီဈေးတစ်ခု သတ်မှတ် ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်အ ချို့က ပြောသည်။

ကျပ် ၃၂ ဘီလီယံဖြင့် ခုံးကျော်တံတားစီမံကိန်းနှစ်ခု ဆောက်မည့်အစား ကျေးလက်လမ်းများဖောက်ရန် အကြံပြုထားဟုဆို


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ရန်ကုန်တိုင်းဒေသကြီး တွင် ခုံးကျော်တံတားများစွာ တည်ဆောက်ခဲ့သော်လည်း ယနေ့အချိန်အထိ ယာဉ်ကြောပိတ်ဆို့သဖြင့် တံတားတည်ဆောက်ရေး ကို ဆက်မလုပ်ဘဲ အမှန်တကယ် လိုအပ်နေသည့် ကျေးလက်လမ်း ဖောက်လုပ်ရေးအတွက် အသုံး စရိတ်ပြောင်းရွှေ့ရန် အကြံပြုခြင်းဖြစ်သည်ဟု ဦးသိန်းမြင့်က ပြောသည်။ ‘‘ဘတ်ဂျက်က ချထားပြီး သားဆိုတော့ စီမံကိန်းဖျက်ခိုင်းဖို့ မဖြစ်နိုင်ဘူး။ ခေါင်းစဉ်ပြောင်းသုံး ဖို့ပဲ ရမယ်။ ကျေးလက်လမ်းတွေ ကလည်း အရေးကြီးတော့ ဒါတွေ လုပ်ဖို့ပဲ အကြံပြုရတာပါ’’ဟု ဦးသိန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံး စရိတ်များသည် ပြည်သူလူထုအ တွက် အရေးကြီးလုပ်ငန်းများ ထက် ဆောက်လုပ်ရေးလုပ်ငန်း များဖြစ်သော ခုံးကျော်တံတား တည်ဆောက်မှုများတွင်သာ အ များဆုံးအသုံးပြုနေခြင်းကို ပြန် လည်စဉ်းစားသုံးသပ်သင့်သည် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက် အစီရင်ခံစာ၌ ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကို အ ကြောင်းပြုပြီး မြောက်ဥက္ကလာပ မြို့နယ် မြောက်ဥက္ကလာလမ်း ဆုံတွင် ကျပ် ၁၆ ဘီလီယံကျော်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံတွင် ကျပ် ၁၅ ဘီလီယံ ကျော် တန်ဖိုးရှိ ခုံးကျော်တံတား များ တည်ဆောက်ရန် တိုင်းဒေသ ကြီးအစိုးရအား အဆိုပြုထား သည်။ ခုံးကျော်တံတားများတည် ဆောက်ပြီး ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းခြင်းသည် နိုင်ငံတော် ငွေကြေးများ ဆုံးရှုံးပြီး တည် ဆောက်ရေးကုမ္ပဏီကြီးများအ တွက် အခွင့်အလမ်းများ ဖန်တီး ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ် သက်၍ ဦးသိန်းစိန်အစိုးရသည် ကျပ်ဘီလီယံ ၁၃၀ ကျော် အသုံး ပြုပြီး ခုံးကျော်တံတားများ တည် ဆောက်ခဲ့သည်။