Thursday 24 October 2013

အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့

Photo: အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့
Thursday, October 24, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

ဆွေးနွေးပွဲတွင် KNPP ဘက်မှ တင်ပြလာသော အဆိုပြုချက် လေးချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တင်ပြလာသော အချက်သုံးချက်တို့အား ဦးတည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက် ခုနစ်ချက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံပွဲကြီးသို့ ရောက်ရှိရေးအတွက် ဆောင်ရွက်သွားကြရန်၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ၁၀ ဦးဖြင့် ဖွဲ့စည်းခြင်းအား နှစ်ဖက်သဘောတူ အတည်ပြု၍ ဆောင်ရွက်ကြရန် ၊ မယ်စဲ့မှ ဘီပီ (၁၃)နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအား KNPP ကူညီ ဆောင်ရွက်ပေးရန် စသည်တို့ ပါဝင်သည်။

ထို့ပြင် မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် နှစ်ဖက် တာဝန်ရှိသူများ ပူးတွဲဆောင်ရွက်သွားကြရန် IDP များအတွက် Pilot Project အား ပူးတွဲ ဆောင်ရွက်ရန်တို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တို့ သဘောတူကြသည်။

ဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ Myanmar Peace Center မှ အထူးအကြံပေး ဦးလှမောင်ရွှေက လက်တွေ့ အကောင်အထည်ဖော်ရာတွင် လိုအပ်သော အချက်များကိုသာ သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း၊ KNPP ဘက်မှ လူများသည် အင်မတန် ရိုးသားသောသူများ ဖြစ်သည်ကို တွေ့ရကြောင်း၊ လာမည့် လိုင်ဇာတွင် ပြုလုပ်မည့် ပွဲအတွက် နှစ်ဖက်ပြင်ဆင်နိုင်မည်ကို တွေ့ရကြောင်း သတင်းထောက်များအား ပြောကြားသည်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းကို KNPP ဘက်မှ ပါတီအမြဲတမ်း ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး(ကယားပြည်နယ်)မှ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မျိုးအောင်တို့က လက်မှတ်ရေးထိုး ခဲ့သည်။

ဆွေးနွေးပွဲသို့ KNPP ဘက်မှ ဒုဥက္ကဋ္ဌ ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်မတီဝင်များဖြစ်သော ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်းနိုင်၊ ခူးဒယ်နရယ်၊ အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့် အပါအ၀င် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ ၀န်ကြီး ဦးခင်မောင်စိုး၊ ၀န်ကြီးဦးသန်းဌေး၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးလှမောင်ရွှေတို့အပြင် ဒုတိယ၀န်ကြီးဗိုလ်ချုပ် မောင်မောင်အုန်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး ဇော်မျိုးတင်တို့ တက်ရောက်၍ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်(ရပခ) နှင့် ဒကစမှူး (လွိုင်ကော်) ဗိုလ်ချုပ် ဇော်ထွတ်တို့လည်း တက်ရောက်ခဲ့သည်။   

Eleven Media Group

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့မှ တာဝန်ရှိသူများအား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လွိုင်ကော်မြို့ တွင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နှစ်ရက်တာ ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့သည်။

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

N.24.10.2013
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ

Photo: အခြေခံဥပဒေ ဆွေးနွေးပွဲ တောင်ကြီးမှာ NLDကျင်းပ
Thursday, October 24, 2013

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့အထိ ပြင်ဆင်ဖို့ကို ပြည်သူတွေက လက်ခံကြတယ်လို့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက အခုလိုပြောပါတယ်။

“ဘုံသဘောတူညီချက်ကတော့ ပြင်ဆင်ဖို့ပဲ၊ ကျမတို့အနေနဲ့ အဓိကချပြတာကလည်း ပြုပြင်ရေးပါပဲ၊ ပြင်ဆင်တဲ့နေရာမှာ တစ်ပိုဒ်ပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ တဝက်လေးပြင်ဆင်ရုံနဲ့ မလုံလောက်ဘူး၊ နည်းနည်းလေး ပိုပြီးလေးလေးနက်နက် ဖြစ်သွားတာကတော့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသည်အထိ ပြင်ဆင်ရမယ်ဆိုတာကိုပဲ ပြည်သူအများစုက လက်ခံပါတယ်”

အဲဒီဆွေးနွေးပွဲကို တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ဟဲဟိုး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ ဟိုပုံး၊ ပင်းတယ၊ ဆီဆိုင်စတဲ့မြို့တွေက NLD အဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ရေးဆွဲမလားဆိုတဲ့ ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်ကစပြီး မြန်မာတစ်နိုင်ငံလုံးက ခရိုင် ၆၆ခုမှာ ဒေသခံတွေနဲ့ တွေ့ဆုံကျင်းပနေတာဖြစ်ပါတယ်။

ဒီအတောအတွင်း NLD ပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့ လာရေးကော်မတီဝင် ရှေ့နေ ဦးအောင်သိန်းနဲ့အဖွဲ့ဟာ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်တွေလှည့်ပြီး အခြေခံဥပဒေမှာ ပြင်ဆင်သင်တဲ့ အချက်တွေကို ရှင်းလင်းဟောပြောနေသလို ပြင်ဆင်မလား အသစ်ရေးမလားဆိုတဲ့ သဘောထားတွေကိုလည်း ကောက်ခံနေပါတယ်။

RFA တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပညာပေးဆွေးနွေး ပွဲကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်မှာရှိတဲ့ မြေဖြူစာကြည့်တိုက်မှာ ဒီနေ့မနက်က ကျင်းပ ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးကြောင်း ဗြိတိန် ပြောကြား

O.24.10.2013
ဗြိတိန်မင်းသားချားစ်၊ ဇနီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး အခြေအနေများကို ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်၊ ဖွံ့ဖြိုးရေး ၀န်ကြီး ဂျက်စတင်းဂရင်းနင်းတို့နှင့် လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။