Monday 24 September 2012

ပါတီထောင်ရန် ၈၈ အဖွဲ့ စဉ်းစားနေ



၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။

“လွတ်ပြီးခါစ သတင်းစာရှင်းလင်းပွဲတွေက စပြီး တောက်လျှောက် ပြောပြီးသားပါ။ တရားဝင် ဆုံးဖြတ်ပြီးတဲ့ အခါကျရင် အားလုံး သိရမှာပါ။ အခု အချိန်အထိကတော့ ကျနော်တို့ လေးလေးနက်နက် စဉ်းစားနေ တုန်းပါ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး က ဧရာဝတီသို့ ပြောသည်။

“ iphone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး”

Monday, 24 September 2012


ဈေးကွက်၌ အသစ်ရောက်ရှိလာသည့် iphone 5 သုံးစွဲရန်အတွက် ဆယ့်ငါးသိန်းတန် ဂျီအက်(စ်)အမ် ကိုင်ဆောင်ထားသူများ ဆင်းကတ် အခက်အခဲ ရှိနေကြောင်းသိရသည်။ ပြည်တွင်း၌ iphone 5 မှာငါးသိန်းနှင့် နှစ်သိန်းတန် ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင် ဆယ့်ငါးသိန်း ဂျီအက်(စ်)အမ် များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်။

အင်္ဂလန်အသင်းနှင့် မန်စီးတီး အသင်း နည်းပြဟောင်း အဲရစ်ဆင်မြန်မာနိုင်ငံသို့ရောက်ရှိလာ

Monday, 24 September 2012

 

(ဓာတ်ပုံ- ရန်ကုန်ယူနိုက်တက်)

ယနေ့ (စက်တင်ဘာလ ၂၄ရက်နေ့) မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။ အဲရစ်ဆင် ရန်ကုန်သို့ ရောက်ရှိစဉ် အတွင်း ရန်ကုန် ယူနိုက်တက် အသင်း လေ့ကျင့်ရေးကွင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းသားများ၏ လေ့ကျင့်မှုကို ကြည့်ရှုမည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက် တက် ဘောလုံးအသင်းဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားပါသည်။ 

၂၄ နာရီအတွင်း ကြိုတင်မှာယူမှု ၂ သန်း ရှိခဲ့သည့် iPhone 5

Monday, 24 September 2012

သြစတြေးလျနိုင်ငံတွင် စတင်ရောင်းချခဲ့ ပြီး သြစတြေးလျနိုင်ငံသား မောင်နှမ နှစ်ဦးဖြစ်သည့် James နှင့် Tamsyn Vohradsky တို့မှာ iPhone 5 ကို လက်လီစတိုးမှ ပထမဦးဆုံး ဝယ်ယူသူ ဖြစ်လာကြောင်း CNET သတင်းဌာနမှ ဖော်ပြခဲ့သည်။ ထို့အပြင် ဆစ်ဒနီမြို့ ဂျော့ခ်ျလမ်းရှိ Apple စတိုးပြင်ပတွင်လည်း တန်း စီစောင့်ဆိုင်းသူများနှင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။

Reference and Credit to -အင်တာနက်ဂျာနယ်

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို


Monday, September 24, 2012


မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီး ဌာန၊ UNAIDS ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015 ''တွင် ဖော်ပြထားချက်များအရ သိရသည်။

ဘီဘီစီကလွှင့်သွားသည့် Aung San Suu Kyi ; The Choice

Monday, 24 September 2012
ဘီဘီစီကလွှင့်သွားတဲ့ Aung San Suu Kyi ; The Choice ကို မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟိုးအရင် အကျယ်ချုပ်ကျနေစဉ်က ပုံရိပ်တွေ ၊ သူ့မိသားစုရဲ့ အခက်အခဲတွေ ၊ မိသားစုနဲ့ တိုင်းပြည်ကြားမှာ လုပ်လိုက်ရတဲ့ ခက်ခဲတဲ့ ရွေးချယ်ချက် စတဲ့အကြောင်းတွေကို ရိုက်ထားတာ.....။

ရခိုင်အရေး ဒုတိယသမ္မတ အပါအဝင် မျက်နှာစုံညီ အဖြေရှာမည်


Monday, 24 September 2012

ယခင်က နေပြည်တော်တွင်သာ ဖြေဆိုရသည့် အစိုးရရာထူးဝင် စာမေးပွဲများကို ယခုအခါ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖြေဆိုနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်


Monday, September 24, 2012

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်)၏ facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။

ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့် တရားစွဲဆိုထားမှုများအပေါ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ


Sunday, 23 September 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုများတွင် NLD ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ


Monday, September 24, 2012
ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ကိုကျော်ဗိုဗို၊ မဖွေး ယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦး ဟာ မြို့နယ် ရဲစခန်းတွေကို ဒီကနေ့သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွက်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

မဲခေါင်မြစ်တွင် တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုအတွက် အဓိက တရားခံဟု စွပ်စွဲခံရသည့် နော်ခမ်းက အပြစ်ရှိကြောင်း ထွက်ဆို


Monday, 24 September 2012
၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်၌ ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုအတွက် အဓိက တရားခံဟု စွပ်စွဲခံရသည့် နော်ခမ်းက ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် ၀န်ခံခဲ့သည်။

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို

 

Sunday, September 23, 2012

 နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်းဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော


2012-09-23
Photo: ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော
2012-09-23

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒီိနောက်မှာ ဒါလုပ်မယ်။ တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။ အဲသလို လုပ်သွားတဲ့အခါမှာ စိတ်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။ ကျွန်မဘဝမှာ ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်"

နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာ ဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရာမှာတော့ “ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်မဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်" လို့ ဟာသနှောပြီး ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေလဲဆိုတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပါ။ ဒါမှသာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သိရှိမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။