Thursday 10 April 2014

KIA အဖွဲ့မှ ပယင်းမှော်အတွင်း သန်းခေါင်စာရင်း ကောက်ယူမည်ကို မလို လား၍ ခြိမ်းခြောက်နှင်ထုတ်မှုကြောင့် တနိုင်းမြို့သို့ မှော်သူမှော်သားများ ထွက်ပြေးတိမ်းရှောင်

Photo: KIA အဖွဲ့မှ ပယင်းမှော်အတွင်း သန်းခေါင်စာရင်း ကောက်ယူမည်ကို မလို လား၍ ခြိမ်းခြောက်နှင်ထုတ်မှုကြောင့် တနိုင်းမြို့သို့ မှော်သူမှော်သားများ ထွက်ပြေးတိမ်းရှောင်
Thursday, April 10, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်ကိုင်နေသော မှော်သူမှော်သားများအား KIA အဖွဲ့မှ အေပြီ ၂ ရက်နေ့မှစ၍ လာရောက်ခြိမ်းခြောက်နှင်ထုတ်နေမှုကြောင့် တနိုင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြဆဲ ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအား မတ်လ ၃၀ ရက်နေ့မှစ၍ ကောက်ယူလျက်ရှိရာ တနိုင်းမြို့ နယ်အတွင်းရှိ ပယင်းမှော် လုပ်ငန်းခွင်ထဲမှ မှော်သူမှော်သားများအား ယနေ့အချိန်ထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေများ၌ KIO/KIA ခေါင်းဆောင်ပိုင်း က နယ်မြေဒေသ မအေးချမ်းမှုကို အကြောင်းပြကာ ကောက်ခံရန် ငြင်းပယ်ခဲ့သလို ၎င်းတို့ ထိန်းချုပ်နယ်မြေ မဟုတ်သော ကျေးရွာများအထိပါ သန်းခေါင်စာရင်း မကောက်ရန် လာရောက်ခြိမ်းခြောက်တားမြစ်နေကြောင်း မန်စီမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ဆရာမတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ ဒီနေ့ဟာ သန်းခေါင်စာရင်းကောက်ယူရမယ့် နောက်ဆုံးရက်ပါ၊ အခုချိန်ထိ ကချင်ပြည်နယ်ထဲမှာ သန်းခေါင် စာရင်း မကောက်နိုင်သေးတဲ့နေရာတွေ အများကြီးကျန်ပါသေးတယ်၊ ညှိနှိုင်းတာလည်း အဆင်မပြေပါဘူး၊ ဒီကြားထဲ သန်းခေါင်စာရင်းကောက်တဲ့ ၀န်ထမ်းတွေကို လုံခြုံရေးလိုက်ပေးတဲ့ အစိုးရတပ်က ဒုတပ်ရင်းမှူးကို ကချင်အဖွဲ့က ချောင်းပစ်လို့ ကျသွားတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်မယ်ဆိုပြီး အကြောင်းပြချက်နဲ့ ကောက်လို့ မရပါဘူး ” ဟု တနိုင်းမြို့ခံ ဆရာတစ်ဦးက ဆိုသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွာလေးရွာအပါအ၀င် ပယင်းမှော်လုပ်ငန်းခွင်မှ မှော်သူမှော်သားများအား သန်းခေါင်စာရင်း ကောက်ယူရန် KIA က လက်မခံဘဲ လာကောက်ပါက ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ထား၍ သန်းခေါင်စာရင်းကောက်အဖွဲ့များလည်း မသွားနိုင်ပဲ ဖြစ်နေကြောင်း အဆိုပါအဖွဲ့မှ လ၀က ဦးစီးအရာရှိက ပြောသည်။

“ ပယင်းမှော်ထဲက မှော်သူမှော်သားတွေ ထွက်ပြေးလာတာ KIA ကနှင်ထုတ် လို့ပါ ၊ အဲဒီမှော်ထဲကို သန်းခေါင် စာရင်းလာမကောက်နိုင်အောင် KIA က လှည့်ကွက်သုံးလိုက်တာပါ၊ တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ်ဆိုပြီး ပြောတော့ ကြောက်လန့်ပြီး ပြန်ပြေးလာကြတာပေါ့၊ အစိုးရတပ်တွေလာတယ် ဆိုတာက လည်း သန်းခေါင်စာရင်း ကောက်နေတဲ့ ၀န်ထမ်းတွေ အန္တရာယ်မရှိအောင် လုံခြုံရေး လုပ်ပေးတာပါ၊ KIA ကို ညှိနှိုင်းပေမယ့် လက်မခံပဲ ပစ်ခတ်တာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်နေတာကြောင့် အစိုးရတပ်တွေ လိုက်ပေးနေရ တာလို့ ပြောချင်ပါ တယ်၊ တကယ်တော့ ဒီသန်းခေါင်စာရင်း ကောက်တယ် ဆိုတာ စစ်ရေးစစ်ရာနဲ့ မဆိုင်ပါဘူး၊ နိုင်ငံဖွံ့ဖြိုးရေးလုပ် ငန်းတွေအတွက် ကောက်တာပါ၊ ဒါပေမယ့် ဒီဒေသမှာတော့ KIA ကသန်းခေါင်စာရင်း အကောက်မခံတဲ့ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ကျကျန်နေ ခဲ့တော့မှာပါ ” ဟု မြို့နယ် လ၀ကရုံးမှ ဦးစီးအရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။ 

ကေကေ (တနိုင်း)
Credit : KDN
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်တွင် လုပ်ကိုင်နေသော မှော်သူမှော်သားများအား KIA အဖွဲ့မှ အေပြီ ၂ ရက်နေ့မှစ၍ လာရောက်ခြိမ်းခြောက်နှင်ထုတ်နေမှုကြောင့် တနိုင်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် လာကြဆဲ ဖြစ်ကြောင်း ယင်းမြို့ခံများထံမှ သိရ သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ငွေကြေးကောက်ခံမှုများရှိ

လားရှိုးမြို့၊ ရပ်ကွက် (၁၂)တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ စာရင်းစစ်၊ စာရင်းကောက်များ အား ကျွေးမွေးရန်ဟုဆိုကာ တစ်အိမ်လျှင် ၁၅ဝဝ ကျပ်နှုန်းဖြင့် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း ယင်းရပ်ကွက် ဒေသခံများက ပြောသည်။

လင်မယားချင်း စကားများရာက လက်ပစ်ဗုံးနဲ့ထပစ်

Photo: လင်မယားချင်း စကားများရာက လက်ပစ်ဗုံးနဲ့ထပစ်
Thursday, April 10, 2014

လင်မယားချင်း စကားများကြတဲ့ နောက်ဆက်တွဲအနေနဲ့ ယောကျာ်းဖြစ်သူက လမ်းထဲမှာရှိနေတဲ့ မိန်းမကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ အမှုတစ်ခုတက်လာပါတယ်။ အဲ့ဒီ့နောက်မှာတော့ မိန်းမဖြစ်သူရဲ့ ၀မ်းဗိုက်က ဗုန်းဆန်တွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

Switzerland, Aargau ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အမှုနဲ့ပတ်သတ်ပြီး အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ Bosnia နိုင်ငံသားဟာ အစစ်ဆေး အမေးမြန်းခံနေရပါတယ်။

SDA သတင်းအေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ အသက် ၅၉နှစ်ရှိ အမျိုးသမီးဟာ သူ့ယောကျာ်းရဲ့ ခပ်တန်းတန်း ဆက်ဆံမှုကို ခံခဲ့ရပါတယ်။ သူမဟာ အခင်းဖြစ်ပြီး ၁နာရီလောက် ကြာမှ ရဲတွေဆီ အကြောင်းကြားတယ်လို့ သိရပါတယ်။

သူမဟာ အစပိုင်းမှာတော့ လက်ချောင်း တစ်ချောင်းပဲ ဒဏ်ရာရတာပါဆိုပြီး အမှုကို သေးအောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ဆေးရုံးရဲ့ ဖြောင့်ချက်မှာတော့ သူမရဲ့ ၀မ်းဗိုက်မှာ ဗုံးဆန်များထိထားပြီး ဝေဒနာ ခံစားနေရတယ်လို့ တင်ပြထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ လမ်းပေါ်က လက်ပစ်ဗုံး အစအနတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ့ လက်ပစ်ဗုံးရဲ့ ပေါက်ကွဲမှုအားပြင်းလွန်းလို့ အနီးအနားက ပြူတင်းပေါက်ကိုပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Trend Myanmar
လင်မယားချင်း စကားများကြတဲ့ နောက်ဆက်တွဲအနေနဲ့ ယောကျာ်းဖြစ်သူက လမ်းထဲမှာရှိနေတဲ့ မိန်းမကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တယ်ဆိုတဲ့ အမှုတစ်ခုတက်လာပါတယ်။ အဲ့ဒီ့နောက်မှာတော့ မိန်းမဖြစ်သူရဲ့ ၀မ်းဗိုက်က ဗုန်းဆန်တွေကို ဖယ်ရှားဖို့အတွက် ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။

အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်

Photo: အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်
Thursday, April 10, 2014

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။

“မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေ အပြည့်အ၀မရရှိသေးဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီိကို မရနိင်ဘူး။ ဥပဒေတွေမှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ အများကြီးရရှိလာနိင်တယ်။ နိုင်ငံရေးခေါင်းဆောင်မှုတွေ လူမှုရေးခေါင်းဆောင်မှုတွေ လုပ်လာနိင်မယ်”ဟု ဖန်တီးအိမ်အမျိုးသမီးခေါင်းဆောင်မှု တိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။ 

မြန်မာ့လူဦးရေသန်း(၆၀)၀န်းကျင်ရှိသည့် မြန်မာနိုင်ငံမှ အမျိုးသမီးအများစုမှာ ခွဲခြား ဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ခံနေရသည့်အတွက် မြန်မာအမျိုးသမီးများကို ပညာသင်ကြားပေးခြင်း ၊ အသက်မွေးမှုပညာများ သင်ကြားပေးခြင်း နှင့် ဥပဒေများဗဟုသုတများ သိထားစေခြင်းဖြင့် ကာကွယ်သွားနိင်မည်ဖြစ်ကြောင်း သိရသည်။

“ အမျိုးသားနဲ့ အမျိုးသမီးကို ပညာသင်ပေးရင် အမျိုးသမီးတွေ မိသားစုနဲ့အပေါင်းအသင်းတွေကိုပြန့်ပွားပေး တာတွေ ရှိ တယ်။ ယောကျာင်္းတွေက စကားပြောတာနည်းလို့ ပြန့်ပွားမှုနည်းတယ်။ မိန်းမတွေသင်ပေးလို့ကလေး တွေတတ်သွားရင် နိင်ငံ တိုးတက်လာမယ်။ နိင်ငံရေးအပိုင်းတွေဆိုရင်လည်း အမျိုးသမီးတွေက ငြိမ်းချမ်းရေးကို ရှေးရှုလို့ ကိုင်တွယ်တာမှာ ညင်သာ တယ်။ နိင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ခွင့်ရှိမှာသာ လူများစုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဆန္ဒအမှန်ကို သိမှာလေ” ဟု Lotus Hom,LLC ,New York ဖက်ရှင်ကုမ္ပဏီ CEO ဒေါ်မိုဟန်က ပြောသည်။

အမျိုးသမီးများသည် နိင်ငံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လာပါက တန်းတူလုပ်ခခံစားခွင့်များ ၊ကျေးလက်များတွင် ဖြစ်ပေါ်နေသည့် မြေယာပိုင်ဆိုင်ခွင့်များ၊ ကျေးလက်ဒေသများနှင့် မြို့ရွာများရှိအမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ၊ အစိုးရဌာနနှင့် ပုဂ္ဂိလိကဌာနများ၌ အမျိုးသမီးရာထူးတိုးတက် လာမည်ဖြစ်ကြောင်း ဟိန္ဒူအမျိုးသမီးအဖွဲ့အစည်း (Oxford English Language Centre)က ဒေါ်ကက်သရင်းသိန်းက ဆိုသည်။

ကြယ်စင်လင်း (မြစ်မခ)
Myit Ma Kha Media Group
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုး သမီး အခွင့် အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။

မတ် ၃၀ ရက်မှ ဧပြီ ၈ ရက်အထိ တစ်နိုင်ငံလုံး၌ အိမ်ထောင်စု ၁၀ သန်းကျော် သန်းခေါင်စာရင်း ကောက်ယူပြီးဖြစ်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ စတင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဧပြီ ၈ ရက်အထိ တစ်နိုင်ငံလုံး၌ အိမ်ထောင်စု ၁၀,၀၇၈,၈၅၅ စု ကောက်ယူပြီးစီး နေပြီဖြစ်ကြောင်း ဧပြီ ၉ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ယူကရိန်းအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပမည်

Photo: ယူကရိန်းအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပမည်
Thursday, April 10, 2014

ယူကရိန်းပဋိပက္ခ တွင် သံတမန်ရေး တိုးတက်မှုရှာ ရန်မျှော်လင့်ချက်ဖြင့် အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူ ကရိန်းတို့ ရှေ့လာမည့် သီတင်း ပတ်တွင် လေးပွင့်ဆိုင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားသည်။

ယင်း အစည်းအဝေးတွင် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ ဂျီလက်ဗ်ရော့၊ အီးယူနိုင်ငံခြား ရေးပေါ်လစီအကြီးအကဲ ကက် သရင်းအက်ရှ်တန်နှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အင်ဒရီ ဒက်ရှ်ချီရှားတို့ တက်ရောက်မည် ဟု အီးယူကပြောသည်။

အစည်းအဝေးကို ဥရောပရှိ တိတိကျကျ မသတ်မှတ်ရသေး သော နေရာတစ်ခုတွင် ကျင်းပ မည်ဖြစ်ကာ အခြားအသေးစိတ် အချက်အလက်များကို ဆက် လက်ရေးဆွဲနေဆဲဖြစ်သည်ဟု မစ္စစ်အက်ရှ်တန်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ယင်းမှ သီးခြားအကြောင်း အရာတစ်ခုတွင် ယူကရိန်းအနေ ဖြင့် ၎င်း၏ အခြေမခိုင်သော စီး ပွားရေးနှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးလုပ်ဆောင်ရာ တွင် ကူညီရန် အထူးအကူအညီ ပေး ရေးအဖွဲ့ထူထောင်ရန် အီးယူက စီစဉ်နေသည်ဟု ဥရောပသံတ မန်တစ်ဦးက ပြောသည်။

ယူကရိန်းအရေး လေးပွင့် ဆိုင် အစည်းအဝေးအကြောင်း အီးယူက ကြေညာစဉ်မှာပင် ယူ ကရိန်းအရှေ့ပိုင်းတွင် ခွဲထွက် ရေးမတည်ငြိမ်မှုများဖြစ်စေရန် ရုရှားထောက်လှမ်းရေးနှင့် အထူး တပ်ဖွဲ့များက ပါဝင်လုပ်ဆောင် နေသည်ဟု ဂျွန်ကယ်ရီက စွပ်စွဲ ပြောကြားသည်။

‘‘မစ္စစ်အက်ရှ်တန်ဟာ ယူ ကရိန်းတင်းမာမှု လျော့ပါးရေး ရည်မှန်းချက်နဲ့ သံတမန်ရေး ကြိုး ပမ်းအားထုတ်မှု ဆက်လက်လုပ် ဆောင်နေပါတယ်။ သူဟာ လာ မယ့် သီတင်းပတ်အတွင်းမှာ အ မေရိကန်၊ ရုရှား၊ ယူကရိန်း နိုင်ငံ ခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပါ မယ်’’ ဟု မစ္စစ်အက်ရှ်တန်၏ ပြောခွင့်ရ အမျိုးသမီးက ပြော ကြားသည်။   

7daynewsjournal

ဧပြီ ၈ ရက်က ယူကရိန်းပါလီမန်အစည်းအဝေးတွင် အမတ်များ ခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (Valentyn Ogirenko/REUTERS)
ဧပြီ ၈ ရက်က ယူကရိန်းပါလီမန်အစည်းအဝေးတွင် အမတ်များခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (Valentyn Ogirenko/ REUTERS)

ယူကရိန်းပဋိပက္ခ တွင် သံတမန်ရေး တိုးတက်မှုရှာ ရန်မျှော်လင့်ချက်ဖြင့် အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူ ကရိန်းတို့ ရှေ့လာမည့် သီတင်း ပတ်တွင် လေးပွင့်ဆိုင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားသည်။

ရာသီဥတုပူပြင်းချိန်တွင် သေဆုံးမှုပိုမြင့်နိုင်၍ သင်္ကြန်လည်သူများ သတိထား

Photo: ရာသီဥတုပူပြင်းချိန်တွင် သေဆုံးမှုပိုမြင့်နိုင်၍ သင်္ကြန်လည်သူများ သတိထား
Thursday, April 10, 2014

ရာသီဥတုပူပြင်းချိန်တွင် အရက်သောက်သုံးမှုသည် အ သက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင် သောကြောင့် သင်္ကြန်ကာလတွင် အရက်သေစာသောက်သုံး၍ ရေ ကစားသူများအနေဖြင့် အထူးသ တိထားရန် လိုအပ်သည်ဟု ကျန်း မာရေးဆိုင်ရာ ပညာရှင်များက သတိပေးပြောကြားသည်။

အရက်သေစာ သောက်သုံး ထားချိန်တွင် ခန္ဓာကိုယ်အပူအ အေးညှိနှိုင်းမှုစနစ်ကို အဟန့်အ တားဖြစ်စေပြီး ရေဓာတ်ဆုံးရှုံးမှု ပိုမိုဖြစ်ပွားစေကြောင်း၊ ပူပြင်း သောရာသီဥတုတွင် အဆိုပါအ ခြေအနေသည် ပို၍ ဆိုးရွားတတ် ပြီး အသက်အန္တရာယ် ပေးနိုင် သည်ဟု ဆိုသည်။ ထို့အပြင် ရုတ် တရက်လေဖြတ်၍ အသက်သေ ဆုံးမှုများလည်း ဖြစ်ပွားနိုင်သည် ဟု သတိပေးပြောကြားမှုများ ပြု လုပ်ထားသည်။

‘‘အပူချိန်ပြင်းတော့  ရေဓာတ် ဆုံးရှုံးမှုများတယ်။ အရက် ကလည်း ရေဓာတ်ကိုပိုပြီး ဆုံးရှုံး စေတယ်။ နှစ်ခုပေါင်းလိုက်ရင် အရက်သောက်ပြီး သင်္ကြန်မှာကဲ မယ့်သူတွေအတွက်တော့ အန္တ ရာယ်က လက်တစ်ကမ်းမှာပဲ’’ ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာစည်သူ က ပြောသည်။

အရက်သောက်သုံးမှုကြောင့် ခန္ဓာကိုယ်အတွင်း သကြားဓာတ် နည်းလာပြီး ဇီဝကမ္မဖြစ်စဉ်များ လုပ်ဆောင်နိုင်မှု လျော့ပါးခြင်းနှင့်အတူ ရာသီဥတုပူပြင်း၍ ရေ ဓာတ်ဆုံးရှုံးမှုတို့ကြောင့် အသက် အန္တရာယ်ပေးနိုင်မှုနှုန်းက ပိုမိုမြင့် တက်လာသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး WHO က ထုတ်ပြန် ထားသည်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က လည်း သူငယ်ချင်းတစ်ယောက် နေ့လယ်ပိုင်းအရက်သောက်ပြီး သူ့ အိမ်ပြန်သွားတယ်။ အဲဒါ အိမ် သာတက်မယ်ဆိုပြီးသွားတာ မ ထွက်လာ၊ မထွက်လာနဲ့ လိုက်ရှာ တော့ အိမ်သာထဲမှာ ငုတ်တုတ် ကြီးနဲ့ သေနေတယ်’’ ဟု တက္ကစီ ဒရိုင်ဘာတစ်ဦးဖြစ်သူ ဦးဝင်းသူက ပြောသည်။

ရန်ကုန်၊ မန္တလေးအပါအ၀င် ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့ နယ်များတွင် နေ့အပူချိန်များ မြင့် တက်လျက်ရှိပြီး ကျန်းမာရေးဝန် ကြီးဌာနကလည်း သတိပေးချက် များ ထုတ်ပြန်ထားရသည်။ မြန် မာနိုင်ငံအလယ်ပိုင်းဒေသများ တွင် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၃၅ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရိတ် စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိသည်။

လှိုင်သာယာ စက်မှုဇုန်မှ ကုမ္ပဏီယာဉ်မောင်း  ဖြစ်သူ ကိုဖြိုးပိုင်က ‘‘မနေ့က သူငယ် ချင်းတစ်ယောက် နေ့ခင်းပိုင်းဘီ ယာနှစ်ခွက်သောက်ပြီး အိမ်ပြန် အိပ်တယ်။ ကျန်တဲ့သူနဲ့အတူတူ သောက်တဲ့သူတွေ လာနှိုးတော့ နှိုးမရတော့ဘူး။ ဦးနှောက်သွေး ကြောပြတ်ပြီး သေတယ်လို့တော့ ပြောတာပဲ’’ ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နေ့ညအ ချိန်မရွေး အရက်သောက်သုံးမှု သည် အမျိုးသားများတွင် ၁၈ ရာ ခိုင်နှုန်းအထိ ရှိနေသည်။ ထို့အ ပြင် အရက်သောက်၍ အရွယ်မ တိုင်မီ ရုတ်တရက်သေဆုံးမှုသည် တစ်နှစ်လျှင် လူဦးရေ ငါးထောင် ခန့်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ကြီးက ခန့်မှန်းထား သည်။

‘‘သင်္ကြန်ဆိုတော့ ယောက်ျား လေးတွေတင်မဟုတ်ဘူး။ မိန်းက လေးတွေပါ သောက်ကြတာ။ မိန်းကလေးတွေက အရက်ရဲ့ဒဏ် ကို ပိုပြီးမခံနိုင်ဘူးဆိုတာ သိဖို့လို မယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝေဖြိုးက မှတ်ချက်ပြုသည်။

အရက်သောက်သုံးမှုကြောင့် ဖြစ်ပွားသည့် ရေဓာတ်ဆုံးရှုံးမှု နှင့် သကြားဓာတ်ဆုံးရှုံးမှုများကို ကာကွယ်ရန် ရေများများသောက် ရန်၊ အစားအသောက်များများ စားရန်လိုအပ်ပြီး သွေးတိုး၊ ဆီးချို နှင့် နှလုံးရောဂါရှိသူများအနေ ဖြင့် အထူးရှောင်ကြဉ်ရန် လိုအပ် သည်ဟု ဆေးပညာရှင်များက ပူ ပြင်းသော ရာသီဥတုတွင် ကျင်းပ သည့် သင်္ကြန်ပွဲတော်အတွက် အ ကြံပြုကြသည်။

7day daily

သင်္ကြန်ရေကစားနေရင်း ဘီယာသောက်သုံးနေသူအချို့ ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)
သင်္ကြန်ရေကစားနေရင်း ဘီယာသောက်သုံးနေသူအချို့ ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)

ရာသီဥတုပူပြင်းချိန်တွင် အရက်သောက်သုံးမှုသည် အ သက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင် သောကြောင့် သင်္ကြန် ကာလတွင် အရက်သေစာသောက်သုံး၍ ရေ ကစားသူများအနေဖြင့် အထူးသ တိထားရန် လိုအပ် သည်ဟု ကျန်း မာရေးဆိုင်ရာ ပညာရှင်များက သတိပေးပြောကြားသည်။

ဧပြီ ၁၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်

Photo: ဧပြီ ၁၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာ ထွန်းလွင်
Thursday, April 10, 2014

ဧပြီ ၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အနောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။
weather10042014ဧပြီ ၁၀ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတမ်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်ပါတယ်။ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကို ရောက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးဒေသက မြန်မာပြည် တောင်ဘက်စွန်း ကော့သောင်းမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄ ဒဿမ၊ ၄ လောက် ရှိနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အနိမ့်ဆုံးမြို့ကတော့ မြစ်ကြီးနားမြို့ ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအနိမ့်ဆုံး တန်ဖိုး ၁၁ ဒဿမ၊ ၄ ထိ ရှိနိုင်ပါတယ်။

ကျန်မြို့တွေမှာတော့ ၁၂ နဲ့ အထက်ကနေ ၁၄ အထိ မြင့်တက်နိုင်ပါတယ်။ ပရိသတ်များအနေနဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိထားကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတွေမှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်း ထားပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်တောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမြောက်ပိုင်းမှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဒေသတွေမှာ မိုးရွာဖို့ သေချာမှု ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းစွန်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၂၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီ ၁၀ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဧပြီ ၁၀ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
ဧပြီ ၁၀ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

DVB
ဧပြီ ၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်အနောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဘင်္ဂလား ပင် လယ်အော် မှာတော့ တိမ်ကင်းစင်နေပါတယ်။

ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျိုက်ကာ ကူမည်

Photo: ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျိုက်ကာ ကူမည်
Thursday, April 10, 2014

ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ)က ကူညီဖို့ အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ ဧပြီ ၁၀ ရက် ဒီနေ့မှာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။

စီမံကိန်းမှာ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦတွေနဲ့ ဧည့်လမ်းညွှန်တွေ စတဲ့ အပိုင်းလိုက် လေ့လာသုံးသပ်မှုတွေ လုပ်သွားမှာ ဖြစ်ပြီး ဂျိုက်ကာက နည်းပညာနဲ့ ကုန်ကျစရိတ် အကူအညီပေးမယ်လို့ နေပြည်တော် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒီ စီမံကိန်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ အကြား လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ အသွားအများဆုံးဖြစ်တဲ့ ပုဂံဒေသဟာ ဒီကနေ့အချိန်ထိ ကုလသမဂ္ဂ ယူနက်စကိုရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသ တခုအဖြစ် သတ်မှတ်ထားခြင်း မခံရသေးပါဘူး။

DVB
ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) က ကူညီဖို့ အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ ဧပြီ ၁၀ ရက် ဒီနေ့မှာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ယူကရိန်းက ခွဲထွက်လိုတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေး

Photo: ယူကရိန်းက ခွဲထွက်လိုတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ဆွေးနွေး
Thursday, April 10, 2014

ယူကရိန်းနိုင်ငံက ခွဲထွက်လိုကြတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ ယူကရိန်း အာဏာပိုင်တွေကြား ဒီးငှက်စ်မြို့မှာ ဆက်လက်ဆွေးနွေးနေကြတုန်းလို့ ဒီးငှက်စ်မြို့ အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေ ဧပြီ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ခွဲထွက်ရေးလိုလားသူ ဒယ်နစ်ပူစ်ရှလင်က မေ ၁၁ ရက်နေ့ ဆန္ဒခံယူပွဲကို ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခု လောလောဆယ် ယူကရိန်းနိုင်ငံက ခွဲထွက်မလား၊ တခြားနိုင်ငံနဲ့ ပူးပေါင်းမလား၊ ကိုယ်ပိုင်လွတ်လပ်ရေးကိုပဲ ကြေညာမလား အဲဒီအခြေခံ ၃ ချက်ကို ဆန္ဒခံယူဖို့ စီစဉ်ထားတယ် လို့ ရုရှားလိုလားသူတွေ သိမ်းပိုက်ထားတဲ့ ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးမှာ ပြုလုပ်ထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒီးငှက်စ်မြို့အုပ်ချုပ်ရေးရုံးဟာ ရုရှားလိုလားသူ ဒီးငှက်စ်မြို့ခံတွေ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦး ၃ ခုထဲက တခု ဖြစ်ပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီး အာဆင် အဗာကော့လ် (Arsen Avakov)က ပြဿနာကို ဆွေးနွေး ညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ ကြိုးစားနေပြီး ၄၈ နာရီအတွင်း မပြတ်ရင် အင်အားသုံးမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားသူ ဒီးငှက်စ်မြို့ခံတွေက ယူကရိန်းအစိုးရရဲ့ အင်အားသုံးမှာကို မျှော်လင့်ထားပြီး သူတို့တွေကလည်း ပြန်ခုခံမယ်လို့ ဒယ်နစ် ပူစ်ရှလင်က ပြောပါတယ်။

ခွဲထွက်ရေးအဖွဲ့ကိုယ်စားလှယ် ဒယ်နစ် ပူစ်ရှလင်က ယူကရိန်းအစိုးရက စွပ်စွဲနေတဲ့ ဆန္ဒပြသူတွေဟာ ယူကရိန်းနိုင်ငံ ပြိုကွဲဖို့ ဖန်တီးနေသူတွေလို့ ပြောဆိုမှုကို ငြင်းဆန်ခဲ့ပြီး

ဒီပြဿနာတွေကို ဖန်တီးသူဟာ ကီယက်အစိုးရသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီပြဿတွေအားလုံးကို ရုရှားနိုင်ငံက စီစဉ်နေတာ ဖြစ်တယ်ဆိုတဲ့ ယူကရိန်းအစိုးရက စွပ်စွဲထားပေမယ့် ရုရှားနိုင်ငံကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

DVB
ယူကရိန်းနိုင်ငံက ခွဲထွက်လိုကြတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသခံတွေနဲ့ ယူကရိန်း အာဏာပိုင်တွေကြား ဒီးငှက်စ်မြို့မှာ ဆက်လက်ဆွေးနွေးနေကြတုန်းလို့ ဒီးငှက်စ်မြို့ အုပ်ချုပ်ရေးရုံးကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေ ဧပြီ ၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၌ ညမထွက်ရအမိန့် ထပ်မံလျှော့ပေါ့

၂၀၁၄ခုနှစ် မတ်လ ၂၇ရက်က ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို ဧပြီလ ၉ရက်မှစ၍အချိန်ပြောင်းလဲ ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။

မိန်းကလေးများ သတိထားရမည့် နည်းပညာထောင်ချောက်

Photo: မိန်းကလေးများ သတိထားရမည့် နည်းပညာထောင်ချောက်
Thursday, April 10, 2014

ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။

မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။

ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင် ရပြီး သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် မိသားစုဆွေမျိုး အသိုင်း အဝိုင်းအတွင်း တစ်သက်တာ ခေါင်းမဖော်ဝံ့အောင် လက် မြှောက် အရှုံးပေးလိုက်ရသူများ လည်း ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းက မိဘများ သဘောတူ လက်ထပ်ပေးခဲ့သည့် အမျိုးသားနှင့် အိမ်ထောင်တစ်ခုထူထောင်ခဲ့ပါသည်။ အိမ်ထောင်ကျပြီး သုံးလခန့်အကြာတွင်တော့ ၎င်းနှင့် အခြားအမျိုးသားတစ်ဦး လိင်ဆက်ဆံနေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါဖိုင်တွင် ၎င်း၏ နာမည်နှင့် လက်ရှိသုံးနေသည့် ဖုန်းနံပါတ်ပါ ဖော်ပြထားပြီး ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူဖြစ်ကာ လိုအပ်ပါက ခေါ်ဆိုနိုင်ကြောင်း ရေးသားထားသည်။

နောက်ဆက်တွဲ ရလဒ်က တော့ ကြေကွဲစရာ ကောင်းပါ သည်။ အိမ်ထောင်သည်အမျိုး သားနှင့် ကွာရှင်းပြတ်စဲခဲ့ရသလို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တစ်ခု လပ်ဘဝ ရောက်ခဲ့ရသည်။ ဗီဒီယို ဖိုင်မှာ ၎င်း အသက်(၁၈)နှစ်အ ရွယ် လွန်ခဲ့သည့်လေးနှစ်ခန့်က လက်တွဲခဲ့သည့် ချစ်သူအမျိုးသား က တည်းခိုခန်းတစ်ခုတွင် အတူ နေကြစဉ် အမှတ်တရအဖြစ် သိမ်းဆည်းထားချင်သည်ဆိုသော ကြောင့် ဖုန်းကင်မရာဖြင့် ရိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအိမ်ထောင် ကျပြီးနောက် အင်တာနက်ပေါ်သို့ အတင်ခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးကိုယ် တိုင် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ချစ်သူကို ယုံကြည်မှုလွန်ကဲ မိရာက မှားယွင်းခဲ့သည့် လွန်ခဲ့ သော လေးနှစ်ခန့်က ဖြစ်စဉ်တစ် ခုကြောင့် ကာယကံရှင်အမျိုးသမီးမှာ ဂုဏ်သိက္ခာပိုင်းအရ နေထိုင် ရာ ပတ်ဝန်းကျင်တွင် ရပ်တည်၍ မရတော့အောင် ရင်ဆိုင်ခဲ့ရသော်လည်း ကျူးလွန်သူအမျိုးသားကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီး၍မရခဲ့ပါ။ အဆိုပါအမှုမှာ တည်ဆဲဥပဒေများအရ ရဲအရေးမပိုင်သည့် အမှုဖြစ်နေခြင်းကြောင့် တရားရုံးသို့ သာ ဦးတိုက်လျှောက်ထားခဲ့ရ သည်။ ၎င်းအား ညစ်ညမ်းသောပုံများ ဖြန့်ဝေသည့် ဥပဒေပုဒ်မ ၂၉၂(က)နှင့် အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ဖြင့်သာ တရားစွဲဆိုခဲ့သည်။ အမျိုးသမီးငယ်တစ်ဦး ဂုဏ်သိက္ခာနှင့် ဘဝကစဥ့်ကလျားဖြစ်စေသည်အထိ ကျူးလွန်ခဲ့သူ၏ ပြစ်ဒဏ်မှာ ဤမျှလောက်နှင့် ထိုက်တန်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

‘‘ဒီလိုအမှုတွေက လက်ရှိ ရောက်နေတဲ့ ခေတ်အခြေအနေ နဲ့ ဆိုင်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကဆွဲခဲ့တဲ့ တချို့ဥပဒေတွေက ဒီဘက်ခေတ်မှာ သိပ်အံမဝင်တာတွေရှိတယ်။ တချို့နေရာတွေမှာ ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးထားသလို ဖြစ်နေတယ်’’ဟု ဦးမြင့်အေးက လက်ရှိ တည်ဆဲဥပဒေအချို့အပေါ် ထောက်ပြဝေဖန်သည်။

အဆိုပါမှုခင်းမျိုးကို ဆိုက် ဘာပြစ်မှု (Cyber Crime)အဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး လက်ရှိ ပြည်တွင်း၌ အဆိုပါမှုခင်းမျိုး အ များအပြား ဖြစ်ပွားနေသည်ကို သိရှိသော်လည်း အကြောင်းအမျိုး မျိုးဖြင့် ရဲတပ်ဖွဲ့သို့ လာရောက် တိုင်ကြားမှု အလွန်နည်းနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် ရဲမှူးချုပ်ဝင်းခေါင်က ရန် ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် (UMFCCI)တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လူတိုင်းသိခဲ့ပြီး သတင်းစာ စာမျက်နှာများပေါ်အထိ ရောက် ခဲ့သည့် အနုပညာရှင်အချို့နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားအချို့၏ ဗီဒီယိုဖိုင်များတွင်လည်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့သော ကြောင့် လက်ရဲဇက်ရဲရှိပြီး နည်း ပညာကို တလွဲအသုံးချမည့်သူ များအား တွန်းအားပေးသလိုဖြစ်ခဲ့ သည်။ ကာယကံရှင်မိသားစုများ မှာ နေရပ်ကို စွန့်ခွာတိမ်းရှောင် သွားရသည်အထိ သက်ရောက်မှု ကြီးမားခဲ့သော်လည်း အချို့စီးပွား ရေးသမားများမှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ရုပ်/သံဖိုင်များကို ကူးယူ၍ ဗီဒီယိုခွေအဖြစ် ရောင်းဝယ်ဖြန့်ကားပြီး စီးပွားဖြစ်ခဲ့ကြပါသည်။

‘‘အဓိကကတော့ ကိုယ့်ချစ် သူဖြစ်စေ၊ ကိုယ့်အမျိုးသားပဲဖြစ် စေ အဲဒီလိုကိစ္စတွေမှာ ယုံကြည်မှု မလွန်ကဲဖို့လိုတယ်။ ချစ်သူကို ချစ်တိုင်း အလိုမလိုက်သင့်ဘူး။ တစ်နေ့မှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဒုက္ခရောက်နိုင်တယ်’’ဟု အမျိုး သမီးအရေး ဆောင်ရွက်သူ ရန်ကုန် နိုင်ငံရေးသင်တန်းကျောင်းမှ ဒေါ်ဇင်မာအောင်က ပြောပါသည်။

ထို့အပြင် နှစ်ဦးတည်းသာ သိသင့်သည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စကို အများပြည်သူထံ ဖွင့်ချပြသူကို ထိထိရောက် ရောက် အရေးယူသင့်ပြီး လက်ရှိ အနေအထားများအရလည်း အ မျိုးသမီးများ၏ အခွင့်အရေးအ တွက် အကာအကွယ်ပေးသည့် ဥပဒေမှာ အားနည်းချက်များရှိနေ ကြောင်း ၎င်းကသုံးသပ်သည်။

‘‘မြန်မာ့ဆိုရိုးစကားလည်းရှိ နေပါတယ်။ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ မျိုးလေ။ ဒါကြောင့် မိန်းကလေး တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ဖို့လိုတယ်။ မဟုတ်ရင် တော့ တစ်ဘဝစာ နောင်တရ သွားရလိမ့်မယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က သတိပေးပါသည်။

အင်တာနက်စာမျက်နှာများ တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံအများစုမှာ ဖုန်းကင်မရာ ဖြင့် အများဆုံးရိုက်ကူးထားပြီး ဖုန်းအသုံးပြုသူ သန်းနှင့်ချီ၍ ရှိ နေချိန်တွင် ရဲတပ်ဖွဲ့သို့ တိုင်သည့် Cyber မှုခင်းမှာ ခြောက်မှုသာရှိ ကြောင်း ပြည်ထဲရေးဌာနမှ သ တင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ဖြစ် ခြင်းမှာ ကာယကံရှင်အများစု သည် ရာဇဝတ်မှုမြောက်ကြောင်း နားမလည်သောကြောင့် အမှုမ ဖွင့်ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဝင်း ခေါင်က ပြောသည်။

ထို့အပြင် ဥပဒေအရ အသိ ပညာအားနည်းခြင်းအပြင် ဆိုက် ဘာမှုခင်းများနှင့် ပတ်သက်၍ ရဲ တပ်ဖွဲ့သို့ တိုင်ကြားပါက ဖြေရှင်းရန် ခက်ခဲနိုင်ပြီး နည်းပညာသဘောတရား နားမလည်ခြင်းများက ရဲတပ်ဖွဲ့သို့ မတိုင်ကြားခြင်း၏ အခြေခံအချက်များ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။

လူ့အဖွဲ့အစည်းအတွင်း ထို ကဲ့သို့ ဖြစ်စဉ်များပေါ်ပေါက်လာ ပါက ယဉ်ကျေးမှုစံနှုန်းများအရ လူသိမခံချင်ကြသောကြောင့် ကာယကံရှင်များက ရဲတပ်ဖွဲ့သို့ မ တိုင်ကြားခြင်းမှာ လူမိုက်အားပေး သလိုဖြစ်နေကြောင်း အထက် တန်းရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း)က ပြောသည်။ ထို့အပြင် အဆိုပါအမှုမျိုးအား ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ထိထိမိမိတိုင်ကြားသင့်ကြောင်း ၎င်းက အကြံပေးသည်။

‘‘မြန်မာနိုင်ငံမှာ Cyber Crime Law မထွက်သေးပေမယ့် အဲဒီလိုမှုခင်းတွေမှာ ထိထိရောက် ရောက် တိုင်လို့ရတဲ့ အခြေအနေ တွေရှိပါတယ်။ ပြည်ထဲရေးက အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဆီမှာ တရားစွဲဆိုခွင့်တောင်းပြီး အမှုဖွင့်လို့ရတယ်။ ဒါကို နားလည်ဖို့လိုတယ်’’ဟု ဦးခင်ဇော်(မရမ်း ကုန်း)က ပြောသည်။

အီလက်ထရွန်နစ် ဆက် သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့သည် ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားကာ ပြည်ထဲရေးဝန်ကြီး ဌာန အရာရှိများအပါအဝင် နည်းပညာကျွမ်းကျင်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပြီး ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အ်ီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပ ဒေဖြင့် အမှုဖွင့်စစ်ဆေးပေးနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းစိန်က ပြောသည်။

သို့သော် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီး ကြပ်မှုအဖွဲ့မှ တရားစွဲဆိုခွင့်ပြုရန် စိစစ်ရာတွင် ခွင့်ပြုချက်ရရန် အ ချိန်ပေးရခြင်းနှင့် ယခုကဲ့သို့ တိုင် ကြား၍ ရသည်ကို လူအများစု မသိကြခြင်းသည် ရဲတပ်ဖွဲ့သို့ Cy-ber မှုခင်းများ မတိုင်ကြားကြခြင်း ၏ အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။ ဥပမာဆိုရလျှင် ရဲတပ် ဖွဲ့သို့ တိုင်ခဲ့သည့် Cyber မှုခင်း အချို့အနက် ၂၀၁၂ ခုနှစ်က ရန်ကင်းမြို့တွင် ဖြစ်ခဲ့သည့်အမှုမှာ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သို့ တရားစွဲဆိုခွင့် တင်ပြထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မကျသေးကြောင်း ယင်းအမှုနှင့် နီးစပ်သည့် ရဲအရာရှိကြီးတစ်ဦးက ပြောပြသည်။

မည်သို့ပင်ဖြစ်စေ နည်း ပညာကို တလွဲအသုံးချသူတို့၏ သားကောင်များဖြစ်ခဲ့ရသည့် မိန်း မသားအများစုကတော့ ဥပဒေ၏ အကာအကွယ်ကိုမရရှိဟု ယုံ ကြည်နေကြပါသည်။ အင်တာ နက်စာမျက်နှာများပေါ်တွင် လက်ရှိ ရှိနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များတွင်လည်း မသမာသူ တို့က နည်းအမျိုးမျိုးဖြင့် ရိုက်ကူး ထားသည့် မြန်မာအမျိုးသမီးအ ချို့၏ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အလွယ်တကူရှာဖွေကြည့်ရှုနိုင် နေသည်။ နာမည်မျိုးစုံဖြင့် အသုံး ပြုနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များစွာ ရှိနေသည်။ ညစ် ညမ်းဝက်ဘ်ဆိုက်အချို့ဆိုလျှင် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်း ဝတ် စုံဝတ်ထားသည့် အမျိုးသမီးဓာတ် ပုံများ တင်ထားပြီး လုပ်ဖော်ကိုင် ဖက်အချင်းချင်း ဖုန်းကင်မရာဖြင့် မသိအောင်ရိုက်၍ အင်တာနက် ပေါ် တင်နေခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင် အင်တာနက် ဆိုင်ဖွင့်ထားသူ ကိုလူမော်က ပြောသည်။

အဆိုပါ ညစ်ညမ်းဝက်ဘ် ဆိုက်များတွင် အတင်ခံထားရ သည့် မိန်းကလေးအချို့ဆိုလျှင် ဂုဏ်သိက္ခာရှိသော အသိုင်းအ ဝိုင်းမှ ပါဝင်နေပြီး ၎င်းတို့၏ ဖုန်း နံပါတ်များကိုပါ မသမာသူတို့က တင်ထားသည့်အတွက် ၎င်း၏ ဖုန်းနံပါတ်ကိုခေါ်၍ ၎င်းတို့နှင့် ပျော်ပါးရန် အမျိုးသားအချို့က ခေါ်ခြင်းကို ရင်ဆိုင်ခဲ့ဖူးကြောင်း မြောက်ဒဂုံမြို့နယ်မှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

‘‘ကျွန်မမှာ အမျိုးသားလည်း ရှိတယ်။ ကလေးနှစ်ယောက် လည်းရှိတယ်။ ဆရာဝန်အသိုင်း အဝိုင်း မိသားစုဝင်တစ်ယောက် ပါ။ ကျွန်မဖုန်းကို မကြာခဏခေါ် ပြီး မကြားဝံ့မနာသာတွေ ပြော တော့ ဖုန်းကို ပိတ်ထားရတယ်။ နောက်ပိုင်းတော့ ပြောနေကျ မိတ်ဆွေတွေကလွဲလို့ ဖုန်းနံပါတ်အ သစ်ဆိုရင် ကိုင်ကိုမကိုင်တော့ တာ။ ဒီလိုဖြစ်စဉ်ကျတော့ ရဲကို ဘယ်လိုတိုင်လို့ သူတို့က ဘယ်လို အရေးယူပေးမှာလဲ’’ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။

များမကြာမီအချိန်တွင် အ မျိုးသားနှင့် အမျိုးသမီးလူငယ်ထု အကြား စိတ်ရှိတိုင်းပျော်ကြမည့် သင်္ကြန်ပွဲတော် လာပါတော့မည်။ မြန်မာ့ရိုးရာရေသင်္ကြန်ပွဲတော်ဟု ညွှန်းဆိုရန် မရနိုင်တော့အောင် ဝတ်စားဆင်ယင်မှု ပုံရိပ်များ ကြမ်းတမ်းနေသည့် ယင်းပွဲတော်တွင် နည်းပညာကို အသုံးချကာ ညစ် ညမ်းရုပ်ပုံများ အင်တာနက်စာ မျက်နှာပေါ် တင်မည့်သူများ သား ကောင်ကို ရှာဖွေနေမည်မှာ သေ ချာနေပါသည်။ လာမည့်နှစ်သစ် ၏ အင်တာနက်စာမျက်နှာပေါ် တွင် အမျိုးကောင်းသမီးတစ်ဦး ညစ်ညမ်းဝက်ဘ်ဆိုက်များ၏ သားကောင်မဖြစ်စေရန် ကာယ ကံရှင်နှင့် လူ့အဖွဲ့အစည်းကပါ ထိန်းကျောင်းပေးရန် တာဝန်ရှိနေ ပါသည်။      ။

Author: အောင်သစ်လွင်
7Day Daily
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ
ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာသည့် နည်း ပညာခေတ် တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။

ဖမ်းဆီးခံထားရသော ကိုနိုင်စိုးဖခင် စစ်တွေဆေးရုံတွင် သတိလစ်နေ

Photo: ဖမ်းဆီးခံထားရသော ကိုနိုင်စိုးဖခင် စစ်တွေဆေးရုံတွင် သတိလစ်နေ
Thursday, April 10, 2014

စစ်တွေမြို့ NGO များတိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ စစ်တွေထောင်ထဲတွင် ဖမ်းဆီးခံထားရသော ဓည၀တီရပ်ကွက်မှ ကိုနိုင်စိုး ဖခင် ဦးမောင်သိန်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး အချိန်အကြာကြီး သတိလစ်နေသဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ရွှေ့ပြောင်းကုသထားရကြောင်း သိရသည်။

အသက်(၅၉)နှစ်ရှိပြီဖြစ်သော ဦးမောင်သိန်းမှာ ဆေးရုံရောက်ပြီး(၃)ရက်မြောက်သည်အထိ သတိပြန်မရသေးသည့်အတွက် မနေ့က ညည့်အချိန်မှာ စစ်တွေဆေးရုံဆရာဝန်ကြီးခွင့်ပြုချက်အရ အရေးပေါ်လူနာအဖြစ် ကုသနေရသည်ဟု မိသားစုဝင်များက ပြောသည်။

“ထောင်ထဲမှာဖျားတယ်ကြားပါတယ်။ ဖျားပြီးသွေးတိုးတယ်။ ကျွန်တော်တို့ အပြင်ကနေ ပေးလိုက်တဲ့ စောင်တွေ၊ ပုဆိုး၊ အကျီတွေ၊ အိပ်ရာခင်းတွေ၊ စားစရာတွေက ကျွန်တော့အဖေဆီကို မရောက်ဘူး။အဲဒါကြောင့် ဖြစ်သလို ထောင်ထဲမှာ အိပ်ရတယ်။ ပုဆိုးခြုံပြီး ထောင်ထဲမှာ အိပ်ခဲ့ရတော့ စိတ်ဖိစီးမူကြောင့် အအေးပတ်ပြီး ဦးနှောက်သွေးကြောပေါက်သွားတာလို့ ဆရာဝန်က ကျွန်တော်တို့ကို ပြောတယ်”ဟု ဦးသိန်းမောင်၏ သားဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းကိုနိုင်စိုးက နိရဉ္စရာကို ပြောသည်။

“ဧပြီလ(၇)ရက်နေ့ ကကျွန်တော့အမေက ထောင်ဝင်စာ တွေ့ခွင့်တောင်းတော့မှ အဖေသတိ မေ့နေတယ် ဆိုတာကို သိရတာပါ။ အဲဒီမှ ကျွန်တော်တို့မိသားစုဝင်တွေက တောင်းဆိုတော့မှ ထောင်ကနေ စစ်တွေ ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသပေးတာပါ” ဟု သူကဆက်ပြောသည်။

ဦးမောင်သိန်းသတိလစ်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကာ ယခုအချိန်တွင် မိသားစုဝင်များက အနီးကပ်ပြုစုကုသပေးနေရသည်။

စစ်တွေမြို့NGOများတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မတ်လ(၃၁)ရက်နေ့တွင် ရခိုင်လူမျိုး အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၆)ဦး ပေါင်း(၁၂)ဦးဖမ်းဆီးခံခဲ့ရပြီး လူမှားဖမ်းမိသည်ဟု ဆိုကာ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

နိရဉ္စရာ
စစ်တွေမြို့ NGO များတိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ စစ်တွေထောင်ထဲတွင် ဖမ်းဆီးခံထားရသော ဓည၀တီ ရပ် ကွက်မှ ကိုနိုင်စိုး ဖခင် ဦးမောင်သိန်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး အချိန်အကြာကြီး သတိလစ်နေ သဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ရွှေ့ပြောင်းကုသထားရကြောင်း သိရသည်။

နေပြည်တော်သန်းခေါင်စာရင်း ကရင်/ဗုဒ္ဓကို ကယန်းလူမျိုးအဖြစ် ပြောင်း ထည့်ရန် ထွေ/အုပ် ခြိမ်းခြောက်

Photo: နေပြည်တော်သန်းခေါင်စာရင်း ကရင်/ဗုဒ္ဓကို ကယန်းလူမျိုးအဖြစ် ပြောင်း ထည့်ရန် ထွေ/အုပ် ခြိမ်းခြောက်
Thursday, April 10, 2014

နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ အရှေ့ခြမ်းတောင်ပေါ်ကျေးရွာ ပြည်ထောင်ကိုးအုပ်စု၊ သန်း ခေါင်စာ ရင်း ကောက် ယူရာတွင် ဦး ဆောင်ပါဝင်သူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင် ကိုးအုပ်စု စာရေး(၁)အဖြစ် တာဝန် ထမ်းဆောင်သူ ဦးအောင်ကျော် ဆန်းသည် ဒေသခံကရင်/ဗုဒ္ဓပြည် သူများကို ကယန်းလူမျိုး ပြောင်းထည့်ရန် ခြိမ်းခြောက်လျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

ကယန်းလူမျိုးပြောင်းမထည့် ပါက မိမိတို့၏ လက်ရှိကျင့်သုံး နေသော ရိုးရာဓလေ့၊ ဘာသာ စကားလုံးဝ ပြောဆိုကျင့်သုံးခြင်း မပြုလုပ်ရဟု နှုတ်အားဖြင့် မတ်လ ၂၃ ရက်နေ့ ည(၆)နာရီခွဲတွင် တစ်ကြိမ်၊ ဧပြီ ၃ရက်နေ့ နေ့လယ် ၁ နာရီခွဲတွင် တစ်ကြိမ်နှင့် ၎င်းနေ့ ည(၆း၂၀)တွင် တစ်ကြိမ် အိုင် ကွန်စကားပြောစက်ဖြင့် အကြိမ် ကြိမ် ပြောဆိုခြိမ်းခြောက်ခြင်း များ ပြုလုပ်လျက်ရှိေ နကြောင်း ဒေသခံ များက ပြောသည်။…

ထိုသို့ ပြောဆိုခြိမ်းခြောက်ခြင်း ကြောင့် ဒေသခံပြည်သူများအနေ ဖြင့် မိမိတို့၏ လက်ရှိတည်ရှိနေ သော ကရင်/ဗုဒ္ဓမျိုးနွယ်စုတို့မှာ အမှန်အတိုင်း ဖော်ပြရန် အခက် အခဲများ ကြုံတွေ့နေရလျက်ရှိပြီး အဆိုပါ သန်းခေါင်စာရင်းကောက် ယူရာတွင် လူမျိုးနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရ သည့်ကိစ္စကို လိုအပ်သလို ကူညီ ဖြေရှင်းပေးပါရန် မြို့နယ်ပြည်ခိုင် ဖြိုးပါတီသို့ တင်ပြအကူအညီ တောင်းခံထားကြောင်း ဒေသခံ များက မြန်မာသံတော်ဆင့်သတင်း ဂျာနယ်အား အသိပေးပြောကြား ခဲ့သည်။

မိုးယဉ်ညို(နေပြည်တော်)

Myanmartandawsint Newspaper
နေပြည်တော်၊ ပျဉ်းမနားမြို့ နယ်၊ အရှေ့ခြမ်းတောင်ပေါ်ကျေးရွာ ပြည်ထောင်ကိုးအုပ်စု၊ သန်း ခေါင်စာ ရင်း ကောက် ယူရာတွင် ဦး ဆောင်ပါဝင်သူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင် ကိုးအုပ်စု စာရေး(၁)အဖြစ် တာဝန် ထမ်းဆောင်သူ ဦးအောင်ကျော် ဆန်းသည် ဒေသခံကရင်/ဗုဒ္ဓပြည် သူများကို ကယန်းလူမျိုး ပြောင်းထည့်ရန် ခြိမ်းခြောက်လျက် ရှိသည် ဟု ဒေသခံများက ပြောသည်။

K I A မှ စစ်သားစုဆောင်းသည်ဆိုပြီး အမျိုးသမီး တစ်ဦးကို လိမ်ခေါ်မုဒိမ်းကျင့်သူ လေးဦးအနက် နှစ်ဦးဖမ်းမိ

ကေအိုင်အေမှ စစ်သားစုဆောင်းသည် ဟုဆိုကာ ၀ိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာရှိ အိမ်တွင် အိပ်နေသော အမျိုးသမီးကို လယ်ကွင်ထဲသို့ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် လူငယ်လေးဦး ထဲမှ နှစ်ဦးကို  ဖမ်းဆီးရမိပြီဖြစ်ပြီး၊ ကျန်နှစ်ဦးကို ဖမ်းဆီးရမိရန်  ဆက်လက်ကြိုးစားနေဆဲဖြစ်ကြောင်း  ၀ိုင်းမော်မြို့နယ်ရဲစခန်းမှ  သတင်းရရှိသည်။

တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး

Photo: တက္ကဆီ မောင်းသူကို လိင်ဆက်ဆံခိုင်းပြီး အလိုမပြည့်လို့ ဓါးနဲ့ထိုးခဲ့တဲ့ အမျိုးသမီး
Thursday, April 10, 2014

အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုးသမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်း ထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၃၅နှစ်ရှိ တက္ကဆီမောင်းသူ Nicolae Stan နဲ့၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူမဈေးဝယ်ပြန်လာရာကနေ သူမအိမ်ရှိရာ Tulcea မြို့ကို ပြန်ဖို့အတွက် Nicolae ရဲ့ ကားကို ငှားခဲ့ခြင်း ဖြစ်ပါတယ်။ သူမအိမ်ရောက်တဲ့အခါမှာ သူ့ရဲ့ဖုန်းနံပါတ်ကို တောင်းခဲ့ပါတယ်တဲ့။ ဒါကလည်း နောက်တစ်ကြိမ် သူမကားငှားဖို့အတွက်လို့ အကြောင်းပြခဲ့ပါတယ်။

သူ့ဖုန်းနံပါတ်ပေးပြီးနောက် အချိန်အတော်ကြာပြီး သူမက ၀ိုင်ပုလင်းများစွာ သွားယူပြီး သူမထံလာပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါနဲ့ သူသဘောတူပြီး သူမအိမ်ကို သွားပို့ပေးခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ကို သူမက ပွေ့ဖက်ပြီး အိမ်ထဲခေါ်ဆောင်ကာ သူမနဲ့ လိင်ဆက်ဆံဖို့ အတင်းအကျပ် စေခိုင်းခဲ့ပါတယ်။

သူငြင်းဆန်တဲ့အခါမှာတော့ သူမက ၁၀ စင်တီမီတာ ပမာဏရှည်တဲ့ ဓါးကို ထုတ်ပြီး အ၀တ်အစားများ ချွှတ်စေခဲ့ပါတယ် လို့ သူက တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ အိပ်ခန်းထဲကို အတင်းပြေးဝင်ပြီး ရဲကို အကြောင်းကြားနိုင်ခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရဲတွေ ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုယ်တစ်ပိုင်းချွတ်အမျိုးသမီးတစ်ဦးနဲ့ ဒါဇင်ဝက် အရေအတွက်ရှိတဲ့ ဓါးထိုးရာတွေနဲ့ Mr Stan ကိုတွေ့ခဲ့ရပါတယ်။

သူမဟာ တရားခံဖြစ်ကြောင်း သိသာထင်ရှားတဲ့အတွက် တရားရုံးက ထောင်ဒဏ်ငါးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေဲ့ စိတ်ဝေဒနာကြောင့် လေးနှစ် စောင့်ကြည့်ခံရဖို့  ပြင်ဆင်ချမှတ်ခဲ့ပါတယ်။

အဆိုပါ ပြင်ဆင်ချမှတ်လိုက်တဲ့ အမိန့်ကိုတော့ တရားလို Mr Stan က ယခုလို ပြောဆိုခဲ့ပါတယ်။ သူမကို ယခုလို အမိန့်ချမှတ်လိုက်တာဟာ ကျွန်တော့်ကိုတော့ အသိတွေ သူငယ်ချင်းတွေရဲ့ လှောင်ပြောင်ခြင်း ခံရဖို့ တစ်သက်လုံးစာ အမိန့်ချလိုက်သလိုပါပဲတဲ့။ အခုဆိုရင် ကျွန်တော်ဟာ ဖျော်ဖြေရေး သမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ကျွန်တော့်အကြောင်းကို လူတိုင်းက ပြောနေကြပြီလို့ ဆိုပါတယ်။

သူတို့တွေ ကျွန်တော်ဘာလို့ ဒီမိန်းမကို ငြင်းဆန်ခဲ့တယ်ဆိုတာ နားလည်မှာ မဟုတ်ဘူး။ ဓါးထောက် အော်ဟစ်ပြီး လိင်ဆက်ဆံခိုင်းနေတဲ့ အရူးမတစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲ။ ဒါတွေ သူတို့မသိကြဘူးလို့ ပြောပါသေးတယ်။

သူတို့က အဲဒီမိန်းမကို ကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့ ရယ်ကြတယ်ဗျာ။ အဲဒီမိန်းမကလည်း ရူးသာရူးတာ။ နာမည်ကျော် မင်းသမီး အိန်ဂျလီနာ ဂျိုလီနဲ့ တူတာကိုးဗျ။ မသိတဲ့သူကဆိုရင် Miss Romania က လည်ပင်းကို ဓါးထောက်ပြီး လိင်ဆက်ဆံခိုင်းတယ် ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ပြောကြမယ့် သဘောရှိတယ်လို့ သူက ဆိုပါသေးတယ်။

ကလေးသုံးယောက် ဖခင် ကားသမားဖြစ်သူက ထပ်ပြောပါသေးတယ်။ ကျွန်တော်ထင်တယ် ဒီအမျိုးသမီး တစ်ခါမှ အငြင်းမခံရဖူးနဲ့ တူတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ငြင်းလိုက်တဲ့အခါ သူမ အရမ်းကို ဒေါသထွက်သွားတယ်။ ဒါနဲ့ ဓါးနဲ့ထောက်ပြီး ကျွန်တော့်ကို အ၀တ်တွေ ချွှတ်ခိုင်းပြီး သူမနဲ့ ဆက်ဆံခိုင်းတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ နှစ်ကြိမ်တိုင်တိုင် ဆက်ဆံပေးခဲ့ပါတယ်။

ဒါပေမယ့် သုံးကြိမ်မြောက် မှာတော့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒါနဲ့ သူမလည်း အလိုမပြည့်ဘဲ ကျွန်တော့်ကို ဓါးနဲ့ထိုးတော့တာဘဲ။ ကျွန်တော် သူစိတ်ကျေနပ်အောင် oral sex လုပ်ပေးပေမယ့် ကျွန်တော့်ကို ဓါးနဲ့ ဆက်ထိုးနေခဲ့တယ်လို့ ပြောပါတယ်။

သူမဟာဆိုရင် ဂျိုလီရဲ့ ပရိသတ်တစ်ဦး ဖြစ်ပြီး Tomb Raider star မှာ သူမကိုယ်သူမ မော်ဒယ်တစ်ဦး ကဲ့သို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

World Myanmar
အိန်ဂျလီနာ ဂျိုလီနဲ့ ရုပ်ချင်းဆင်တူပြီး အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Luminita Perijoc ဆိုသူ ရိုမေးနီးယန်း အမျိုး သမီးကို တက္ကဆီမောင်း သူအား ရန်ပြုတိုက်ခိုက်ခဲ့တဲ့အတွက် ထိန်းသိမ်းထားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ် ပွားခဲ့ပါတယ်။

ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း

Photo: ပျောက်ဆုံးမလေးရှားလေယာဉ် ရှာတွေ့ဖို့ အလားအလာကောင်း
Thursday, April 10, 2014

အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေ ထပ်ပြီး ကြားနေရတာမို့ လေယာဉ်ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့  ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ  အမေရိကန်ရေတပ်ရဲ့ ရှာဖွေစက် pinger locator က လေယာဉ်ရဲ့ black box က ထုတ်လွှတ်တဲ့ အချက်ပေးသံ ၂ ခုကို ကြားခဲ့ရတာမို့ လေယာဉ်ပျက်ရဲ့ အပိုင်းအစတွေ တွေ့လာနိုင်မယ်လို့ မျှော်လင့်ကြောင်း သြစတြေးလျ ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Huston ကပြောပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ အချက်ပေးသံတွေကြောင့် တွေ့နိုင်တဲ့ အလားအလာ ပိုကောင်းလာတဲ့အပြင် အခု သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ ရှာဖွေနေတဲ့ ကျယ်ပြောတဲ့ နယ်ပယ်ကို နိုင်နိုင်နင်းနင်း အနေအထားအထိ ခြုံ့ပြီး စနစ်တကျ ရှာဖွေနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဒါဟာ မလေးရှားက ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် ဟုတ် မဟုတ် သေချာအောင် နိုင်ငံအများအပြားက ဝိုင်းဝန်းပြီး လေယာဉ်ပျက် အပိုင်းအစတွေကို မျက်မြင်ခွဲခြားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် အချက်ပေးသံတွေ ထပ်ပြီးရဖို့ လိုအပ်နေသလို၊  သမုဒ္ဒရာကြမ်းပြင်ကို စက်ရုပ်ရေငုတ်သင်္ဘောတွေ လွှတ်ပြီးရှာဖို့  အာဏာပိုင်တွေ မစီစဉ်ခင်မှာ ရှာဖွေရမယ့်နေရာ အတိအကျ သတ်မှတ်ပေးဖို့လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

လေယာဉ်ပျံသန်းမှု မှတ်တမ်း Black Box က အချက်ပေးသံ ထုတ်လွှတ်ပေးဖို့ သုံးတဲ့ ဘက္ထရီဟာ ရက်ပေါင်း ၃၀ လောက်အထိပဲ ခံပေမယ့် ရှိသလောက်အားနဲ့ ဆက်ထုတ်ပေးနေသေးတဲ့ ဘက္ထရီ လုံးဝ မရပ်ခင် အမြန်တွေ့နိုင်ဖို့ ဝိုင်းပြီး ကြိုးစားနေကြတာပါ။ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတဲ့ ဘိုးရင်း 777 လေယာဉ်ဟာ ပြီးခဲ့တဲ့လ မတ်လ ၈ ရက်နေ့မှာ ကွာလာလမ်ပူကနေ ဘေဂျင်းကိုအသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အိန္ဒိယသမုဒ္ဒရာထဲမှာ ရှာဖွေနေကြတဲ့ ပျောက်ဆုံးမလေးလေယာဉ်ကနေ ထုတ်လွှတ်တဲ့ အသံလို့ ယူဆ ရတဲ့ အချက်ပေးမှုကို သမုဒ္ဒရာကြမ်းပြင်အောက် အတော်နက်နက်ကနေထပ်ပြီး ကြားနေရတာမို့ လေ ယာဉ် ကို မကြာခင်မှာပဲ တွေ့နိုင်တဲ့ အလားအလာ ရှိလာနေပြီလို့  ရှာဖွေရေးအဖွဲ့ အကြီးအကဲ Angus Houston က ပြောကြားလိုက်ပါတယ်။

NGO တွေ တိုက်ခိုက်ခံရမှု မြန်မာဖြေရှင်းချက် ကုလကြိုဆို

Photo: NGO တွေ တိုက်ခိုက်ခံရမှု မြန်မာဖြေရှင်းချက် ကုလကြိုဆို
Thursday, April 10, 2014

မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ က ဝေဖန်ပြစ်တင် ရှုံ့ချလိုက်ပြီးတော့၊ သမ္မတကိုယ်တိုင် ချက်ချင်းဆိုသလို ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ သဘောရိုးနဲ့ မရည်ရွယ်ဘဲ ဖြစ်ပွားခဲ့ရတာကို တွေ့ရှိတဲ့အကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် လူသားချင်းစာနာမှု အကူညီပေးရေး ဆောင်ရွက်နေသူတွေက အသိအမှတ်ပြုကြောင်း၊ နောက်ပြီး အစိုးရက အကြမ်းဖက် ဖြစ်ရပ်တွေမှာ ပါဝင်ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောဆိုတဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ  Stepphane Dujjaric က ပြောသွားတာပါ။

မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေတုန်းက စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စဟာ အဖွဲ့တဖွဲ့ကနေ မမှန်သတင်းဖြန့်ပြီး လှုံ့ဆော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

စုံစမ်းရေးကော်မရှင် တာဝန်ရှိသူတွေဟာ သူတို့တွေ့ရှိချက် အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ခေါ်ယူရှင်းလင်းမှု လုပ်ခဲ့တာပါ။

ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပုံမှန် ပြန်လည် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လုံခြုံရေး အပြည့်အ၀ အကာအကွယ်ပေးနိုင်အောင် အစိုးရက ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ အသိမှတ်ပြုတဲ့ အကြောင်းကိုလည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာအစိုးရရဲ့ စုံစမ်းရေး ကော်မရှင်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းက ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေ၊ နေအိမ်တွေ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ကြိုဆိုကြောင်း ကုလ သမဂ္ဂ က ပြောပါတယ်။

အတာသင်္ကြန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု၊ သီးသန့်ခန်းနှင့် ပုဒ်မ ၁၈၈

Photo: အတာသင်္ကြန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှု၊ သီးသန့်ခန်းနှင့် ပုဒ်မ ၁၈၈
Thursday, April 10, 2014

မကြာခင် ကျရောက်မည့် မြန်မာအတာသင်္ကြန် ပွဲတော်အတွင်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း မြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေ သည့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများ မဖြစ်စေရေး ရှောင်ကြဉ်ကြရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

““မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ ၀တ်စားဆင်ယင်မှုတွေ မလုပ်ဖို့ အဓိက ထုတ်ပြန်ထားတာပါ။ နှစ်တိုင်းလည်း ထုတ်ပြန်နေခြင်း ဖြစ်ပါတယ်။ သင်္ကြန်ရောက်လို့ရှိရင် သင်္ကြန်မှာ အကုန်လုံး သင်္ကြန်နဲ့ ပတ်သက်တဲ့ နှစ်စဉ် ကြေညာချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အဲဒါပါပဲ””ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သို့သော် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှု ဆိုသည်မှာ မည်ကဲ့သို့သော ၀တ်စားဆင်ယင်မှုမျိုးကို ဆိုလိုသနည်းဟု မေးခွန်းထုတ်မှုများ ရှိသလို မြန်မာ့ရိုးရာ ၀တ်စုံဝတ်၍ သင်္ကြန်ရေပက်ခံထွက်ရန် မဖြစ်နိုင်ကြောင်း ဆိုသူများလည်း ရှိသည်။

““ထဘီနဲ့တော့ ဘယ်လည်လို့ရမလဲ။ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ထားတဲ့ သရုပ်ပျက် အ၀တ်အစားဆိုတာ ဘာကိုပြောတာလဲ။ ဘောင်းဘီရှည်နဲ့တော့ လည်မှာပေါ့။ အတိုမ၀တ်ရဘူးဆို မ၀တ်ဘူးပေါ့။ ဒါမှမဟုတ်လည်း အဖမ်းခံသင့်ရင် အဖမ်းခံလိုက်မယ်လေ”” ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် နေထိုင်သူ မသီရိက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ပုံမှန်ပဲ ကောင်းပါတယ်။ ဘောင်းဘီနဲ့ အင်္ကျီကတော့ လူတိုင်း ၀တ်ကြမှာပဲလေ။ အရမ်းကြီး ဟော့ရှော့ ဖြစ်နေတာတော့ မကောင်းဘူး။ ဒါပေမဲ့ ဘယ်လိုပြောမလဲ။ အရမ်းကြီး သရုပ်ပျက်ကတော့ သင်္ကြန်မှ မဟုတ်ပါဘူး။ ဘယ်နေရာမှ မကောင်းပါဘူး။ အရမ်းကြီး သရုပ်ပျက်ရင်လည်း မကောင်းသလို ထဘီကြီးဝတ်ပြီး တော့လည်း သီချင်းတက်ဆိုလို့ မရဘူးပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတာပေါ့””ဟု အမျိုးသမီး အဆိုတော် စန်္ဒီမြင့်လွင်က သင်္ကြန်တွင်း ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ သုံးသပ်သည်။

““ကျွန်တော်တို့ကတော့ အရေးယူမယ်လို့ မထုတ်ပြန်ပါဘူး။ အရေးယူမယ်၊ မယူဘူးက သက်ဆိုင်ရာ ဒေသကြီးကပဲ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က မလုပ်ကြဖို့ ပန်ကြားတာပါ။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် ဘယ်လို ၀တ်စားဆင်ယင်သင့်တယ် ဆိုတာကို ကိုယ့်ဘာသာကိုယ် ချိန်ပြီးတော့ လုပ်ရမှာ။ ကျွန်တော်တို့က ကိုယ့်ဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုမရှိတဲ့ ဟာလေးတွေ မ၀တ်ကြဖို့ပေါ့။ အဲဒါကို ပြောတာပါ။ အများမြင်လည်း မတင့်တယ်ဘူး။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း မကိုက်ညီဘူး””ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းအေးကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများနှင့် ပတ်သက်ပြီး အင်တာနက် စာမျက်နှာများပေါ်တွင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ တက်လာခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီမှုများကြောင့် ပြည်သူများအကြား ဝေဖန်ရှုတ်ချမှုများ ပြင်းထန်ခဲ့သည်။

၂၀၁၃ ခုနှစ် အတာသင်္ကြန် ကာလအတွင်း အချို့သော အမျိုးသမီးငယ်များမှာ မိမိခန္ဓာကိုယ်ပေါ်ရှိ အ၀တ်များကိုပင် ချွတ်၍ ရေကစားခြင်းများ၊ ရှိသင့်ရှိအပ် ၀တ်သင့်ဝတ်အပ်သည့် အတွင်းခံ အ၀တ်စားများပင် ၀တ်ဆင်ထားခြင်းမရှိဘဲ မဏ္ဍပ်များပေါ်၌ ရေကစားခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ အမျိုးသားအချို့မှာလည်း လူမြင်ကွင်းအတွင်း အမျိုးသမီးများနှင့် ပွေ့ဖက်နမ်းရှုံ့ခြင်း၊ မူးယစ် ရမ်းကားခြင်းများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အကျည်းတန် စေခဲ့သည်။

““မနှစ်က သင်္ကြန်မှာ ဘယ်လောက်ထိ သရုပ်ပျက်ခဲ့သလဲဆိုတာ အင်တာနက်ပေါ်မှာ သင်္ကြန်လို့ ရိုက်ရှာ လိုက်တာနဲ့ကို တွေ့နိုင်တယ်ဗျာ။ ကျွန်တော်တို့လည်း လူငယ်တွေပါပဲ။ ဒါပေမဲ့ အခု ဖြစ်ပျက်နေပုံတွေက တအားကို သရုပ်ပျက်လွန်းတယ်။ ကျွန်တော်တို့ ကြားထားတာ တစ်ခုဆိုရင် မဏ္ဍပ်တချို့ဆိုရင် သူတို့မဏ္ဍပ် လူစည်အောင်ဆိုပြီး အဲဒီလို ဖြစ်အောင်ကို လုပ်ထားတာတဲ့။ ဒီတော့ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်မှုကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်။ မောင်နှသားချင်းတောင် မကြည့်ရဲအောင် ၀တ်နေတာတွေ မြင်နေရတော့ ဒါတွေကို တင်းတင်းကျပ်ကျပ် လုပ်စေချင်တယ်””ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကိုဘိုဘိုထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““အားလုံးက သင်္ကြန်ဆိုတော့ မိန်းကလေးတွေက ကာလာစုံတဲ့ မိန်းကလေးတွေချည်းပဲ ရှိမှာလေ။ အခုလိုမျိုး ကန့်သတ်တာတော့ မကောင်းပါဘူး။ အားလုံးက အဆင်ပြေနေတာပဲ။ အရေးယူမယ် ဆိုတာတော့ မကောင်းဘူး”” ဟု မြောက်ဥက္ကလာပ၌ နေထိုင်၍ မော်ဒယ်လ်သင်တန်း တက်ရောက် နေသူ ကိုကောင်းမြတ်က ပြောသည်။

လက်ရှိတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် သင်္ကြန်ကဏ္ဍပ်များတွင် စောင့်ကြည့်ရေးကင်မရာ (CCTV) များ တပ်ဆင်၍ စောင့်ကြည့်မှုများ ပြုလုပ်သွားရန် အတွက်လည်း ရန်ကုန်တိုင်း ယဉ်ကျေးမှု ၀န်ကြီးဌာနမှ စီစဉ်ထား ပြီး ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

““မဏ္ဍပ်တိုင်းမှာ သရုပ်မပျက်စေဖို့ စောင့်ကြည်သူတွေကို ထားရှိမယ်။ မနှစ်က သင်္ကြန်မှာ အင်တာနက်တွေ ပေါ်အထိ သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ ဖော်ပြတာ ခံရလို့ ဒီနှစ်မှာ အခုလို သတိပေးရတာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေအားလုံး ခေတ်နဲ့အညီ လိုက်လျာညီထွေစွာ ၀တ်တာကို မပြောလိုပါဘူး။ သို့သော် ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတဲ့ သရုပ်ပျက် ၀တ်ဆင်မှုတွေကိုတော့ တားမြစ်ရမှာ ဖြစ်ပါတယ်။ မဏ္ဍပ်ကြီး တွေမှာ စီစီတီဗွီကင်မရာတွေ ရှိပါတယ်။ အဲဒီကနေတစ်ဆင့်လည်း သရုပ်ပျက် ၀တ်စားသူတွေကို ခေါ်ယူ သတိပေးတာမျိုး၊ လဲလှယ်စေတာမျိုး ပြုလုပ်သွားမှာပါ။ အဲဒီအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မဆီလျော်သော ၀တ်စားဆင်ယင်မှု ထိန်းသိမ်းရေး ကော်မတီကို ဆပ်ကော်မတီအနေနဲ့ ဖွဲ့စည်းထားပြီးသား ဖြစ်ပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီး ဒေါ်စန်း စန်းနွယ်၏ ပြောစကားကို ကိုးကား၍ နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

ယင်းသို့ စောင့်ကြည့်နေရုံဖြင့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများအား ထိန်းသိမ်းနိုင်မည် မဟုတ်ဘဲ ဥပဒေအရ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်းလည်း ဥပဒေပညာရှင်များက သုံးသပ်လျက် ရှိသည်။

““အရေးယူလို့ ရတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေမှာ အများကြီး ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဥပဒေပုဒ်မတွေ အများကြီးရှိတယ်။ သင်္ကြန်ယဉ်ကျေးမှုကို ဖျက်ဆီးတာ။ အဲဒီလိုမှ အရေးမယူရင် ကျွန်တော်တို့ သင်္ကြန်က ပြောစရာကြီး ဖြစ်လာမယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပေးသည်။

ယခုကဲ့သို့ ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုများအား မပြုလုပ်ကြရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တားမြစ် နေချိန်မှာပင် တည်ဆောက်ဆဲ သင်္ကြန်မဏ္ဍပ်များ၌ အ၀တ်လဲခန်းမှအပ အခြားသော မလိုအပ်သည့် အခန်းများ ထည့်သွင်း တည်ဆောက်မှုများ မပြုလုပ်ရန်အတွက်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က တားမြစ်ထားသည်။

ယင်းတားမြစ်ချက်များအား လိုက်နာခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ဧပြီလ ၁၁ နှင့် ၁၂ ရက်များတွင် စစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

အစိုးရဘက်မှ တားမြစ်ထားသော်လည်း ရန်ကုန်မြို့ရှိ အချို့သော မဏ္ဍပ်များတွင် အ၀တ်လဲခန်း မဟုတ်သည့် အထူးခန်းများ တည်ဆောက်မှုများ ရှိနေပြီး ယင်းအခန်းသို့ VIP လက်မှတ် ၀ယ်ထားသူများသာ ၀င်ရောက် နားနေခွင့်ပြုကြောင်း သိရသည်။

မဏ္ဍပ် လက်မှတ်များ ရောင်းချရာ၌ ရိုးရိုးတန်းနှင့် VIP တန်း ဟူ၍ ခွဲခြားထားပြီး VIP တန်း လက်မှတ် တစ်စောင်လျှင် သင်္ကြန်ရက်အားလုံး ရေကစားရန် ကျပ် ငါးသိန်းခန့် ဈေးပေါက်နေပြီး မဏ္ဍပ်ပေါ်သို့ အရက်ပုလင်း ယူဆောင်ခွင့်၊ အထူးနားနေခန်းအတွင်း အနားယူခွင့် စသည်တို့ ရရှိမည် ဖြစ်သည်။

““အဲဒါကျတော့ မိန်းကလေးနဲ့ ယောက်ျားလေး အလုံပိတ်ခန်းတွေမှာ မဟုတ်တာတွေ ဖြစ်မှာစိုးလို့ အ၀တ်အစား လဲတာလောက် ဘာညာ ပြဿနာ မရှိပါဘူး။ အလုံပိတ် အခန်းတွေ မဖြစ်အောင် လိုက်ပြီးတော့ ဖျက်ခိုင်းတာ။ ဘယ်မဏ္ဍပ်ရယ်လို့တော့ Target မထားဘူး။ အဘတို့က လိုက်မစစ် သေးဘူးလေ။ စစ်ဆေးမယ့် အဖွဲ့တွေ လာရင်လည်း အဲဒါမျိုးမဖြစ်ပါစေနဲ့။ သတင်းရမယ်ပေါ့။ အဲဒီ အခန်းတွေ ပါတဲ့မဏ္ဍပ်ကို လိုက်ကြည့် ခိုင်းပြီးတော့ အဲဒီလိုဟာတွေ လုပ်ထားရင် ဖြုတ်ပါ။ သွားပြီးတော့ စစ်မယ့်အဖွဲ့ကို ပြောထားပြီးသားပါ””ဟု ရဲမှူးကြီးမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မည်သို့ပင်ဖြစ်စေ မကြာခင် ကျရောက်တော့မည့် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းအတွင်း၌ မဏ္ဍပ်အကြီး အသေးပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီးဖြစ်ရာ အစိုးရအနေဖြင့် လိုက်လံစစ်ဆေးရာ၌ အခက်အခဲများ ရှိနိုင် ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တားမြစ်ထားသော စည်းကမ်းများအား ချိုးဖောက်ပါ ဒေသဆိုင်ရာ အာဏာပိုင်၏ လိုအပ်၍ ထုတ်ပြန်ထားသော အမိန့်ကို ဆန့်ကျင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူနိုင်ကြောင်းလည်း တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးသောင်းမြင့်က မြန်မာ သံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာထားသော အမိန့်အား ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၂၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်သည်။ ထို့ပြင် ယင်းဖီဆန်မှုသည် လူ့အသက်ကိုသော်လည်းကောင်း၊ ကျန်းမာရေးကိုသော်လည်း ကောင်း၊ လုံခြုံရေးကိုသော်လည်းကောင်း ဘေးဖြစ်စေခဲ့ပါက ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်ပြီး ငွေဒဏ် ကိုလည်း ၁၀၀၀ ကျပ်အထိ တိုးမြှင့်နိုင်သည်။ သို့မဟုတ်ပါကလည်း ပြစ်ဒဏ်နှစ်ရပ်စလုံးအား ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

““ဒီလိုမျိုးကြေညာချက် ထုတ်တာကျတော့ ၁၈၈ နဲ့ ဆွဲလို့ မရဘူး။ ဒါက အမိန့်မဟုတ်ဘူးလေ။ သူတို့အားလုံးကို ကန့်သတ်ပြီးတော့ သတိပေးတာပဲ ရှိတယ်။ ထိန်းသိမ်းဖို့ဆိုတာက မိန်းကလေးကလည်း ထိန်းသိမ်းမယ်၊ ယောက်ျားလေးကလည်း ဆင်ခြင်မယ် ဆိုလို့ရှိရင် အဆင်ပြေသွားမှာပဲ။ ညင်သာစွာပဲ ကိုင်တွယ်ကြမှာပဲ။ အရေးယူမှု မရှိဘူး မဟုတ်ဘူး။ လွန်ကဲတာတွေကျတော့ ရာဇ၀တ်မှုနဲ့ ငြိစွန်းရင်တော့ ငြိမှာပဲ။ သာမန်ဖြစ်တဲ့ ဟာတော့ သတိပေး ဆုံးမတဲ့ အဖွဲ့တွေ ရှိတာပဲ။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွေ ရှိတယ်။ သူတို့တွေက ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေနဲ့ ငြိစွန်းလာရင်တော့ အရေးယူသွားမှာပဲ။ ယဉ်ကျေးမှုဌာနက ခေါ်ယူပြီး သတိပေးတယ် ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဥပဒေနဲ့ ငြိရင်တော့ အရေးယူမှာပဲ။ ကိုယ့်ဘက်က ကြည့်မယ်။ သူတို့ဘာသာသူတို့ သာမန်လောက် နမ်းတာ ရှုံ့တာလောက်ကို ရဲက သွားပြီးတော့ ပြဿနာ မရှာပါဘူး။ အဲဒါကို သတိပေးသင့်တဲ့အဖွဲ့က သတိပေးမှာပေါ့”” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်အေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

Myanmartandawsint Newspaper
မကြာခင် ကျရောက်မည့် မြန်မာအတာသင်္ကြန် ပွဲတော်အတွင်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်း သိမ်း မြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေသည့် မြန်မာ့ ယဉ်ကျေး မှု လွန် ၀တ်စားဆင်ယင်မှုများ မဖြစ်စေရေး ရှောင်ကြဉ်ကြရန်အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ထုတ် ပြန် ထားမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

KIA, ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ

Photo: KIA, ထိန်းချုပ်နယ်မြေမှ ရွာလေးရွာ အစိုးရက သန်းခေါင်စာရင်း ကောက်ယူခွင့် တောင်းခြင်း ငြင်းပယ်ခံရ
Thursday, April 10, 2014

ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက် တွင် အစိုးရဘက်က တောင်းဆိုခဲ့ရာ KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီ ၄ရက်ကလည်း တနိုင်မြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနိုင်းပေးရန် အစိုးရဘက်က တောင်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဦးလမိုင်ဂွန်ဂျာက “KIA နဲ့ အစိုးရရဲ့ အနေအထားက လုံးဝကြီးကို အပစ်ရပ်လုပ်ထားတာလဲ မဟုတ်ဘူး။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ KIA က ခွင့်မပြုဘူး။ ဒါကို အတင်း စစ်ကြောင်းနဲ့ဝင်ပြီး ကောက်မယ်ဆိုရင်တော့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေဖြစ်လာမှာပါဘဲ” ဟု ပြောသည်။

KIA တပ်မဟာ ၂ ၏ နယ်မြေ တနိုင်းမြို့တွင် ဧပြီ ၃ရက်မှစ၍ သန်းခေါင်းစာရင်းကောက်ယူမည်ဟု ဆိုကာ အစိုးရတပ်အင်အားများ တိုးမြှင့်ချထားပြီး ၊ ယင်းနယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ယူခွင့် ပေးရန် အချက်နှစ်ချက်ဖြင့် အစိုးရဘက်က တောင်းဆို ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

အစိုးရဘက်မှ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းများပေးထားပြီးဖြစ်သော ဆရာ၊ ဆရာမှများ မှ ၎င်းရွာလေးရွာတွင် ၀င်ရောက်ကောက်ခံခွင့်ပြုရန် သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူး များက ရွာသားများ၏ လူဦးရေစာရင်းနှင့် အချက်အလက် များကို တနိုင်းမြို့တွင်ရှိသော သန်းခေါင်စာရင်း ရုံးများတွင် လာရောက်ပေးပို့ရန်ဆိုသော အချက်နှစ်ချက်ဖြင့် တောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူခွင့် မရှိခဲ့ သော ရွာပေါင်း ၂၃၁ရွာကို တပ်မတော်စစ်ကြောင်းများဖြင့် ဧပြီလ ၂ရက်က စတင်ကောက်ခံခဲ့ရာ ရွာပေါင်း ၁၇၅ ရွာ ကျန်ရှိနေသေးကြောင်း နှင့်KIA ထိန်းချူပ် နယ်မြေ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင်း ရွာပေါင်း ၅၄ရွာကိုလည်း တပ်မတော်စစ်ကြောင်းများဖြင့် ကောက်ယူ ခဲ့ခြင်း ကြောင့် ယခုအခါတွင် ၁၇ရွာသာ ကောက်ခံရန် ကျန်ရှိတော့ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဧပြီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၃၀ရက်နေ့မှ ဧပြီလ ၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ကချင်ပြည်နယ် တွင် အိမ်ထောင်စုပေါင်း ၁၈၀၆၀၂စုကို ကောက်ယူပြီးဖြစ်သည်။

မဇ္ဈိမ
ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင် ၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချူပ် နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီ ၈ရက်တွင် အစိုးရဘက်က တောင်း ဆိုခဲ့ရာ KIA က ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ

Photo: သင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှတစ်ဆင့် ယာဉ်တန်းအဆင်း နေ့တိုင်း နေရပ်ပြန်လာသူ ၃၀၀၀ အထက်ရှိ
Thursday, April 10, 2014

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှ တစ်ဆင့် နေရပ်ရင်း မြန်မာနိုင်ငံသို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာ သူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင်ရှိကြောင်း သောင်ရင်းမြစ်ကမ်း စပ်နေသူ များထံမှ သိရသည်။

“ခုရက်ပိုင်း ပြန်လာသူတွေ အရမ်းများပါတယ်။ အလုပ်သမား ယာယီနယ်စပ်ဖြတ်သန်းခွင့် ပတ်စ်စပို့ စာအုပ်နဲ့  တံတားပေါ်မှ ပြန်လာနေကြလာတာ ထောင်ကျော်ရှိရင် သောင်ရင်းမြစ်ကို ဖြတ်ကူးသွားလာသူက သုံးဆခန့် ပိုပါတယ်။ ဒီရက်တွေမှာ အဆင်းရက်လည်း ပြန်လာကြပါတယ်”ဟု ချစ်ကြည်ရေးတံတားမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

မြ၀တီ ဒေါနတောင်ကျော်ကားလမ်းမှာ မော်တော်ယာဉ်များ အဆင်းတစ်ရက် အတက်တစ်ရက်သာ သွားလာနိုင်၍ ယာဉ်တန်းအတက်နေ့ ပြန်လာသူများ အနေဖြင့် မြ၀တီမှ ကော့ကရိတ်ဆိုင်ကယ်ဖြင့် ဆင်းပြီးမှ နေရပ် သို့ ပြန်နေကြရကာ ငွေကုန်ကြေးကျ များပြားလျက်ရှိသည်ဟု ဆိုသည်။

ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာသူ ထောင်ပေါင်းများစွာ ရှိခြင်းကြောင့် မြ၀တီ -ရန်ကုန် တိုက်ရိုက်ခရီးသွား မော်တော်ယာဉ်လက်မှတ်ခ ဈေးတက်သော်လည်း လက်မှတ်ဝယ်ယူရရှိဖို့  အခက်အခဲရှိကြောင်း။ နေရပ်ပြန် များပြားပြီး လိုင်းတိုမော်တော်ယာဉ်များကြောင်းလည်း ယခုရက်ပိုင်းအတွင်း ချစ်ကြည်ရေးတံတားထိပ်တွင် အဆင်းနေ့ နံနက်တိုင်း မော်တော်ယာဉ်ရှုပ်ထွေးမှု မြင့်တက်လျက်ရှိသည်။

ထို့ပြင် သင်္ကြန်မတိုင်မီ ထိုင်းဘက်ကို ပြန်လည်ထွက်ခွာကြသည့် မြန်မာအလုပ်သမားများလည်း အမြောက်အမြားရှိသည်။

မဲဆောက်-မြ၀တီလမ်းကြောမှ ရောက်ရှိလာပြီး ဒေသစိမ်းနေသူများမှာ နှစ်နိုင်ငံသောင်ရင်း နယ်ခြားမျဉ်းနှစ်ဖက်တွင် ဖြားယောင်းသွေးဆောင်ကာ ပါလာသောငွေကြေးများကိုလည်း လိမ်လည်ခံနေရကြောင်း ချစ်ကြည်ရေးတံတားနေသူများက ပြောကြားသည်။

“ထိုင်းကနေ နေရပ်ပြန်လာကြသူတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ ကိုယ့်ကိုအမြတ်ထုတ်မယ့် လူတွေထဲမှာ ကိုယ့်နိုင်ငံသားတွေ ပါဝင်တာရှိသလို ကိုယ့်နိုင်ငံသား မဟုတ်သူတွေလည်း ပါတယ်။ လက်ရှိအနေအထားအရကတော့ လိမ်ညာခံနေရသူတွေ နေ့စဉ်ဆိုသလိုပဲ အနည်းနဲ့အများရှိနေတယ်” ဟု သောင်ရင်းကမ်းစပ်မှာ ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။

မြ၀တီ-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသော ခရီးသွားယာဉ်လိုင်း ၂၀ ခန့် ရှိပြီး မြ၀တီ -တောင်ငူ၊ မြ၀တီ- သံတောင်၊ ပဲခူး၊ ဖြူး စသည်ဖြင့် အဝေးပြေးယာဉ်လိုင်းများ သင်္ကြန်မတိုင်မှီ ယာဉ်စီးခ မြင့်တက် သလို မြ၀တီ-မော်လမြိုင်၊ မြ၀တီ-ဘားအံ ပြေးဆွဲနေသော ယာဉ်ငယ်များလည်း ယာဉ်စီးခ မြင့်တက်နေပြီဖြစ်၍ နှစ်သစ်ကူး သင်္ကြန်ကာလကို ကားသမားရာသီဟု မြ၀တီဒေသခံများက ပြောဆိုကြသည်။

Eleven Media Group

ထိုင်းနိုင်ငံမှ သောင်းရင်းမြစ်ကိုဖြတ်၍ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား တွေ့ရစဉ်
ထိုင်းနိုင်ငံမှ သောင်းရင်းမြစ်ကိုဖြတ်၍ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားများအား တွေ့ရစဉ်

နှစ်သစ်ကူးသင်္ကြန် နီးကပ်လာသည်နှင့်အမျှ မဲဆောက်-မြ၀တီလမ်းကြောမှ တစ်ဆင့် နေရပ်ရင်း မြန် မာနိုင် ငံ သို့ ယာဉ်တန်းအဆင်း နေ့တိုင်းပြန်လာ သူ မြန်မာအလုပ်သမား ၃၀၀၀ အထက်တွင် ရှိကြောင်း သောင် င်းမြစ်ကမ်း စပ်နေသူ များထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်

Photo: ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ ကန့်သတ်မည်
Thursday, April 10, 2014

လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီလ ၇ ရက်နေ့ကပြုလုပ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ခရိုင်-မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားတာဖြစ်ကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က RFA ကို ပြောပါတယ်။

"သူကပြောခဲ့တဲ့ စကားလုံးအတိအကျက အချိန်၊ နေရာနဲ့ လူပုဂ္ဂိုလ်ကို ကန့်သတ်လို့ရတယ်၊ ကန့်သတ်ပိုင်ခွင့်လည်းရှိတယ်၊ လူပုဂ္ဂိုလ်ဆိုတာကတော့ အရွေးခံမယ့် လူပုဂ္ဂိုလ်ကပဲ သူဘယ်လိုအရည်အချင်းရှိပါတယ်၊ ဘယ်လိုလုပ်ပါမယ်၊ ဒါတွေကို ပြောသင့်တယ်ပေါ့၊ တခြားလူက ဝင်ပြောလို့မရဘူးဆိုတဲ့ သဘောမျိုးပြောသွားတယ်၊ အချိန်အနေနဲ့ကျတော့ မလေးရှားမှာဆိုရင် campaign ရက်ကို ၁၅ ရက်ပဲပေးတယ်လို့ သူပြောတယ်၊ အဲဒီလိုမျိုး ကန့်သတ်လို့ရတယ်၊ ဘယ်နေရာပဲ campaign လုပ်ပါဆိုပြီး ကန့်သတ်လို့ရတယ်၊ နေရာရယ်၊ အချိန်ရယ်၊ လူရယ်ကို ကန့်သတ်မယ်လို့ ပြောပါတယ်"

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ဒီပြောကြားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ်လို့ ယူဆကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ အခုလို မဲဆန္ဒနယ်အလိုက် ဟောပြောမယ့်သူ၊ ဟောပြောမယ့်အချိန်နဲ့ နေရာတွေကို ကန့်သတ်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပဲ လွှတ်တော်ထဲမှာ တပ်မတော် ပါဝင်နေတာဟာ အာဏာလိုချင်လို့မဟုတ်ဘဲ၊ အာဏာမသိမ်းချင်တဲ့အတွက် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးတဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ ဝင်ရောက် အရွေးခံတဲ့ ကိုယ်စားလှယ် လောင်းတွေကိုသာ စည်းရုံး ဟောပြောခွင့် ပြုမယ် လို့ ပြည်ထောင် စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ

Photo: ဖားကန့်မှာ ကျောက်စိမ်းမှောင်ခိုကား ၁၁ စီး ဖမ်းဆီးရမိ
Thursday, April 10, 2014

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

အဲ့ဒီကျောက်စိမ်းကား ၁၁ စီးကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးလိုက်တာဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဦးဗညားဦးက ပြောပါတယ်။

"တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅က ၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ တရားမဝင် ကျောက်စိမ်းကား ၁၁ စီးကိုဖမ်းမိပါတယ်၊ ကျနော်တို့ အမှုဖွင့်မှာပေါ့နော်"

ဒီတရားမဝင် ကျောက်စိမ်းကား ၁၁ စီး ဖမ်းဆီးရမိကြောင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောပါတယ်။

အဲဒီ ကျောက်စိမ်းကား ၁၁ စီးပေါ်က ကျောက်စိမ်းတုံးတွေရဲ့ ကာလတန်ဖိုးပမဏကို မသိရှိရသေးကြောင်းနဲ့ မနေ့က ဖမ်းဆီးမိတာဟာ ဒီနှစ်ပိုင်းအတွင်း အများဆုံးလို့ ပြည်နယ်အစိုးရက ပြောပါတယ်။

RFA Burmese
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှာ မနေ့ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁၁ စီးကို တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းက ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ကား အစင်း ၆ သန်းခွဲ ပြန်အပ်ဖို့ တိုယိုတာ ကြေညာ

တိုယိုတာ ကုမ္ပဏီက ကားအစင်းရေ ၆ သန်းခွဲ နီးပါးကို လုံခြုံရေး စိတ်မချရလို့ ကားတွေ ပြန်အပ်ပေး ဖို့ ကြေညာလိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်

Photo: ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့်ရတော့မည်
Thursday, April 10, 2014

လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အခုလို ရွေးကောက်ပွဲကော်မရှင်က ပြောဆိုမှုအပေါ်မှာ အတိုက်အခံပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားပါတီတွေက ဘယ်လို သဘောထားကြပါသလဲ။ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဒီ ၂၀၁၄ မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ ကိုယ်စားလှယ် ကိုယ်တိုင်ကပဲ မဲဆွယ်ရမယ်ဆိုတဲ့အချက်ကို ကန့်သတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးသောင်းလှိုင် က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“ဥက္ကဌကြီးကတော့ သူက ဒီ Campaign နဲ့ပတ်သက်လို့ပေါ့ သူ အဲ့ဒီမှာပြောတဲ့ဥစ္စာကတော့ လောလောဆယ်ဆယ် သူ အကြမ်းမျဉ်းပေါ့နော် ကျနော်တို့ ကော်မရှင်က ဒီလိုဒီလို ဆောင်ရွက်မယ်ဆိုတဲ့သဘော၊ အဲ့ဒါနဲ့ပတ်သက်လို့ရှိရင် လက်ရှိ Election Campaign နဲ့ပတ်သက်တဲ့ စာ ထပ်ထွက်စရာရှိတယ်။ အဓိကတော့ ညွှန်ကြားချက်ပေါ့နော်။ လောလောဆယ်မှာတော့ မထွက်သေးဘူးပေါ့နော်။ သူက အဲ့ဒီအပေါ်မှာလည်း ဟိုဒင်းဖြစ်တယ်။ နောက်တခါ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါပေမဲ့ အဓိကပြောချင်တာကတော့ဗျာ ဟို Election Campaign ကတော့ ဟို ကာယကံရှင်က မဲဆွယ်စည်းရုံးတာ ပိုပြီးတော့ သင့်မြတ်တယ်ပေါ့နော်။ အဲ့ဒါတော့ ဥက္ကဌကြီးက ဒီခရီးစဉ်ထဲမှာသွားရင်းနဲ့ သူ ကျနော်တို့ ကော်မရှင်အနေနဲ့ လှည့်ရင်းနဲ့ ဒါကို နှုတ်အားဖြင့်တော့ ထုတ်ပြောတာပေါ့နော်။”

ဒီအချက်နဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း ဧပြီလ ၇ ရက်နေ့တုန်းက ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုလို ကန့်သတ်မယ့်အချက်ဟာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်မယ့်သဘော ရှိနေတယ်လို့လည်း အများက ရှုမြင်ကြပါတယ်။

ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီ အမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ်စည်းရုံးခွင့် ရတော့မှာ မဟုတ်ပါဘူးလို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမတ်အချို့က သုံးသပ်နေကြပါတယ်။

ဒီအချက်နဲ့ မဲဆွယ်စည်းရုံးမှုကို ပြောင်ပြောင်တင်းတင်း ကန့်သတ်မယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံက ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိဘူးတဲ့ ကန့်သတ်မှုမျိုး ဖြစ်လာမယ်လို့ ရှုမြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း ဖြစ်ပါတယ်။

“အဲ့ဒါကတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံ သမိုင်းမှာ အစဉ်အလာ လုံးဝ မရှိဘူး အဲ့ဒါ။ ဒီစကားကြားရတာ ကျနော့်အတွက်တော့ အထူးအဆန်းပဲ။ ဘာလို့လဲဆိုတော့ ၄၈ လွတ်လပ်ရေးရပြီးရော၊ တောက်လျှောက်လုပ်လာတဲ့ ပါလီမန်ရွေးကောက်ပွဲတွေ တောက်လျှောက်ရှိတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ၄၇ မှာလုပ်တယ်။ နောက်ပြီးတော့တခါ လွတ်လပ်ရေး ရပြီးတော့လည်း ဖ.ဆ.ပ.လ အစိုးရလက်ထက်မှာ ၅၂ ခုနှစ်မှာ တခါ လုပ်တယ်။ ၅၆ ခုနှစ်မှာ တခါလုပ်တယ်။ နောက်ပြီးတော့ ၁၉၆၀ မှာလည်း ရွေးကောက်ပွဲလုပ်တယ်။ ၉၀ ခုနှစ်မှာလည်း လုပ်တယ်။ တခါမှ အဲ့လိုကန့်သတ်တာမျိုး မရှိဘူး။ အဲ့လိုကန့်သတ်တာဟာ သဘာဝမကျဘူးလို့ ကျနော် မြင်တာပဲ။ ဒါကတော့ အစဉ်အလာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီ တခုနိုင်ဖို့ဆိုတာက သူ့ခေါင်းဆောင်က အဓိကပဲလေ။ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်တာကိုး။ ဟိုတုန်းကလည်း သန့်ရှင်း ဖ.ဆ.ပ.လ ဦးနုကို ကြိုက်လို့ တပြည်လုံး မဲ ပေးတာပဲ။ 90 Election မှာလည်း ဒေါ်စုကို ကြိုက်လို့ ပေးတာပဲ။ ကျနော်တို့ 2010 မှာလည်း ကျနော်တို့ဝင်တာ ခမောက်ဝင်တာ။ ဒေါ်စုအရှိန်နဲ့ နိုင်တာပဲလေ။ ဒါကတော့ ခေါင်းဆောင်ကိုကြိုက်မှ ပါတီကို ကြိုက်မှာပေါ့ဗျာ။ ပါတီရဲ့မူဝါဒကိုလည်း ကြိုက်မယ်။ ခေါင်းဆောင်ကိုလည်း ကြိုက်ရမှာပေါ့။ ခေါင်းဆောင်က အဓိက Main ပဲလေ။”

ပါတီပိုင်းက ဟောပြောသလို၊ ကိုယ်စားလှယ်လောင်းကလည်း ဟောပြောခွင့်ရှိမှသာ ပါတီမူဝါဒတွေကို  ပြည်သူသိအောင် ချပြနိုင်မှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင် က ရှုမြင်သုံးသပ်ပါတယ်။

“မဲဆွယ်စည်းရုံးတာကတော့ နှစ်ပိုင်းရှိတာပေါ့လေ။ ပါတီအပိုင်းဆိုတာ ရှိတယ်ဗျ။ နောက် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့အပိုင်း ရှိမှာပေါ့။ အဲတော့ မဲဆန္ဒနယ် တခုကို သတ်မှတ်တာက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သလို၊ သက်ဆိုင်ရာ ပြိုင်တဲ့ပါတီကလည်း သတ်မှတ်ပေးရတာကိုး။ ဒီမဲဆန္ဒနယ်မှာ ဘယ်လွှတ်တော်ကိုယ်စားလှယ်လောင်းက ၀င်ပြိုင်တယ်ဆိုတာမျိုး၊ အဲတော့ ပါတီပိုင်းက ဆွေးနွေးပိုင်ခွင့် ပြည်သူလူထုကို တင်ပြပိုင်ခွင့်ကတော့ ရှိတယ်။ ဟုတ်ပြီနော်။ ပါတီပိုင်းက မပါဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ မဖြစ်လာနိုင်ဘူး။ မဟုတ်ရင် တသီးပုဂ္ဂလဖြစ်သွားမှာပေါ့။ အဲတော့ ပါတီပိုင်းကို မေ့ထားခဲ့လို့ မရဘူး။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD  လွှတ်တော် ကိုယ်စားလှယ်လောင်း တွေအတွက် မဲဆွယ်စည်းရုံးရေးဆင်းခဲ့ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးမှ ပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်လွန်း၍ တရားမမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်လို့တောင် ပြောဆိုခဲ့ဖူးပါတယ်။

ဗွီအိုအေ မြန်မာပိုင်း
လာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ

Photo: အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ
Thursday, April 10, 2014

အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေ ယာဉ်တင် သင်္ဘော ကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ မှ ၁၉၅၇ ခုနှစ်က ၀ယ်ယူ ခဲ့သော ၄င်းသင်္ဘောကို အိန္ဒိယနိုင်ငံ က ၁၉၇၁ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အင်ဒို - ပါကစ္စတန် စစ်ပွဲအတွင်းက ပါကစ္စတန် အရှေ့ပိုင်းရှိ ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင် ရာတွင် အဓိကကဏ္ဍ တစ်ရပ်အဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။

အိန္ဒိယ ရေတပ်မှ ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။

INS Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလ ပိုင်းက ၄င်း ထမ်းဆောင် ခဲ့သည့် တာဝန်များကို အဆုံးသတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂ ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှု မရှိသောကြောင့် နောက်ပိုင်းတွင် ယင်းကဲ့သို့ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua )

Themyawadydaily
အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေယာဉ်တင် သင်္ဘောကို လေ လံ ပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ

Photo: မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည် ထက် ပိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေး မှုများ ဖြစ်လာနိုင်ကြောင်း ယူဆနေကြ
Thursday, April 10, 2014

မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှုဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

ဈေးကွက်စီးပွားရေးစနစ်အား အောင်မြင်စွာ ကျင့်သုံးလာသည်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာ အစဉ်အလာ မဟုတ်ဘဲ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည့် မဟာသင်္ကြန် ပွဲတော်အတွက် အစိုးရရုံးဌာနများနှင့် နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများအား ရပ်ဆိုင်းကာ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေသည့် မြန်မာနိုင်ငံအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

“လူတစ်ယောက်ကို တစ်နှစ်ကို ရှောင်တခင်ခွင့် ၁၀ ရက်က ရှိပြီးသား။ ဒါ့ပြင် တစ်ပတ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်ပိတ်ပေးတယ်။ တစ်ပတ်မှာ ငါးရက်အလုပ်လုပ်၊ နှစ်ရက်နားခိုင်းတဲ့ သဘောပေါ့။ အဲဒီရက်မှာနားပြီး အားပြန်ဖြည့်တဲ့ သဘောပေါ့။ အခု ၁၀ ရက် ပိတ်ပေးတယ် ဆိုတာလည်း စိတ်ရောကိုယ်ရော နားခိုင်းတဲ့ သဘောပါပဲ။ တရုတ်တွေကတော့ တရုတ်နှစ်သစ်ကူးမှာ နားကြတယ်။ နိုင်ငံခြားသားတွေကတော့ vacation ရက်တွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ အခုလို ၁၀ ရက်ပိတ်တဲ့အတွက် တချို့အလုပ်တွေ pending ဖြစ်တာတွေတော့ ရှိတာပေါ့” ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် အစိုးရရုံးဌာနများ၏ တရားဝင်ရုံးပိတ်ရက်မှာ စနေ၊ တနင်္ဂနွေပိတ်ရက်များနှင့် မဟာသင်္ကြန် ပိတ်ရက်များအပါအ၀င် ၁၄ ရက်အထိ ရှိနေသည်။ မြန်မာနိုင်ငံတွင် ဧပြီလ၏ ရုံးပိတ်ရက်များသည် မဟာသင်္ကြန်ပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေပိတ်ရက်များ ပေါင်းပါက နှစ်စဉ် ၁၃ ရက်နှင့် ၁၇ ရက်ကြားတွင် ရှိနေသည်။

ထိုသို့ ပိတ်ရက်များ များပြားသည့်အတွက် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများသည် ဘဏ္ဍာနှစ်တစ်နှစ်၏ အစဖြစ်သော ဧပြီလအတွက် နှောင့်နှေးမှုများစွာ ဖြစ်ပေါ်စေကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် အချို့က သုံးသပ်မှုများ ရှိနေသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်လုပ်သား ပြည်သူများအတွက် နားရက်ရရှိ၍ ကောင်းမွန်စွာ နားနေနိုင်သည့် အခြေအနေတွင် ရှိသော်လည်း နှစ်ပေါင်းများစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည့် မြန်မာနိုင်ငံအနေနှင့် လက်ရှိကာလသည် နိုင်ငံတကာအား အမီလိုက်နိုင်ရန် စီးပွားရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် လုပ်ကိုင်သင့်သည့် အချိန်ဖြစ်ပြီး ပိတ်ရက်ရှည်ကြာမှုသည် လက်ရှိကာလတွင် မဖြစ်သင့်တော့ကြောင်း ကုန်သည်စက်မှု အသင်းချုပ် တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မဟာသင်္ကြန် ပိတ်ရက်အဖြစ် သတ်မှတ်သည့် အစိုးရရုံးပိတ်ရက် ကာလအတွင်း မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်း အများစုမှာ ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများ အပါအ၀င် ၀န်ထမ်းများ၊ အကျဉ်းထောင်၊ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ရသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ တပ်သားများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စသည့်ဝန်ထမ်းများဖြစ်ပြီး အများသူငါ ရုံးပိတ်ရက်တွင်ပါမကျန် တာဝန်ထမ်းဆောင်ရသည့် နိုင်ငံဝန်ထမ်းများ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်သည် မညီမျှသော နိုင်ငံတော် ရုံးပိတ်ရက်များ ဖြစ်ပေါ်စေကြောင်း သိရသည်။

“ကျွန်မတို့အလုပ်က ပိတ်လို့ရတဲ့ အလုပ်မှ မဟုတ်တာ။ သင်္ကြန်ရက်နားနီးလေ လူနာများလေပဲ။ ဒီအလုပ်ကိုပဲ ကျွန်မတို့ ရွေးချယ်ခဲ့တာ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု ၀န်ထမ်းတစ်ဦးက ဆိုသည်။

အများသူငါ ပျော်ပါးချိန်တွင် ပျော်ပါးချင်သော်လည်း ထိုကဲ့သို့ ပြည်သူများ ပျော်ပါးနေမှုအား ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် တာဝန်ရှိနေသည့်အတွက် အများသူငါကဲ့သို့ ပျော်ရွှင်နိုင်မှု မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ငွေကြေးကြွယ်ဝသူများနှင့် လုပ်ခလစာ အာမခံချက်ရှိသည့် အစိုးရ၀န်ထမ်းများ ပုဂ္ဂလိက ၀န်ထမ်းများအတွက် ပိတ်ရက်များနှင့်အတူ လစာငွေထုပ်မှ လကုန်လျှင် စောင့်ကြိုနေမည် ဖြစ်သော်လည်း သာမန်ကျပန်း လုပ်ကိုင်သူများနှင့် တစ်နေ့လုပ်တစ်နေ့ စားရသူများအတွက် သင်္ကြန်ပိတ်ရက်များပြားမှုမှာ ခက်ခဲသည့်နေ့ရက်များ ဖြစ်ပေါ်စေကြောင်းလည်း သိရှိရသည်။

“ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ပန်းရန်လုပ်ပါတယ်။ သင်္ကြန်ကာလမှာ စုဆောင်းထား တာလေးတွေ နဲ့ပဲ ချွေတာ စားသောက်ရမှာပေါ့။ အိမ်မှာက မိသားစု လေးယောက်ရှိတယ်။ ကျွန်တော်ရယ် ကျွန်တော့်သားအကြီးရယ်က နေ့စားပန်းရန် လုပ်တယ်။ နှစ်ယောက်စလုံး အလုပ်မလုပ်တော့ တစ်ရက်ဆိုတစ်ရက် ၀င်ငွေထိခိုက်တာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေအတွက်ကတော့ သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမယ့် ကျွန်တော်တို့လို လက်လုပ်လက်စားတွေကတော့ သင်္ကြန်ဆိုရင် စားဝတ်နေရေး အတွက်ကတော့ ခေါင်းခဲရတယ်” ဟု မလွှကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးကျော်အုန်းက ဆိုသည်။

“သင်္ကြန် ၁၀ ရက် ပိတ်တဲ့အတွက် ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့ရုံးတွေက ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးတဲ့ ဌာနတွေဆိုတော့ လိုင်စင်အတွက်က သင်္ကြန်ပိတ်ရက်အတွက် ကြိုပြီးလုပ်ထားလို့ ရတယ်လေ။ ကုန်သွယ်ရေးစာချုပ် ချုပ်ဖို့ရှိတာတွေဆိုလည်း ကြိုလုပ်ထားလို့ ရပါတယ်။ အရေးကြီးတာက custom လို ဟာမျိုးတွေမှာတော့ ကြိုလုပ်ထားဖို့ ခက်တယ်။ ပို့ကုန်သွင်းကုန်နဲ့ ကုန်စည်စီးဆင်းနေတဲ့ အပိုင်းကို အကောက်ခွန် စည်းကြပ်ရတာ ဖြစ်တဲ့အတွက် တကယ်လို့သာ custom လိုဌာနမျိုးကို ၁၀ ရက်ပိတ်ရင် နည်းနည်းတော့ ပြဿနာရှိနိုင်ပါတယ်။ ကုန်သွယ်မှု ရပ်ဆိုင်းတာတွေ နှောင့်နှေးတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲလိုမျိုးတွေ မဖြစ်အောင် ရက်အလိုက် တာဝန်ချထားမှုတွေကိုလည်း ကြိုတင်စီစဉ် ထားကြပါတယ်” ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်နွှယ်လုပ်ကိုင်နေ ရသည့် မြန်မာနိုင်ငံရှိ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် မဟာသင်္ကြန် ရုံးပိတ်ရက်တွင် အစိုးရရုံးပိတ်ရက် ကာလအတွင်း ၀န်ထမ်းရုံးပိတ်ရက်များ ပိတ်ထားသော်လည်း အခြားနိုင်ငံများမှ ကုန်မှာယူမှုများ ရှိသည့်အတွက် ကုန်တင်ပို့မှုများ လုပ်ဆောင်ရခြင်းကြောင့် အစိုးရဌာန တစ်ခုဖြစ်သည့် အကောက်ခွန် ဦးစီးဌာနသည်လည်း အစိုးရ ရုံးပိတ်ရက်တွင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အဆင်ပြေစွာ နိုင်ငံတကာ ကုန်သွယ်မှု ပြုလုပ်နိုင်စေရန် ယခုနှစ် မဟာသင်္ကြန် ရုံးပိတ်ရက် ၁၀ ရက်၌ ရုံးဖွင့်ရက် လေးရက်အထိ သတ်မှတ်ထားရသည်။

“ရုံးပိတ်ရက်များတော့ ၀န်ထမ်းတွေ ပျော်တာပေါ့။ လုပ်ငန်းရှင်တွေ ဘက်ကတော့ ရုံးပိတ်ရက်များတော့ အရှုံးတော့ ရှိတယ်။ နေ့စဉ် Cost ကရှိနေတော့ အရှုံးက ရှိတယ်။ ရုံးပိတ်ရက်များတော့ ၀င်ငွေမရှိတဲ့ ဧပြီလကတော့ ပို့ကုန်လုပ်ငန်းတွေ အတွက်ကတော့ အရှုံးရှိတာပေါ့။ နိုင်ငံခြားကို တင်ပို့နေတဲ့ ရေထွက်ကုန်တွေကတော့ ၁၀ တန်မှာရင် ရှစ်တန်လောက်ပဲ တင်ပို့ရတယ်။ အဲဒီကြားရက်မှာက ရသလောက် ကုန်ကိုပဲ တင်ပို့ရတယ်။ ဧပြီလကတော့ ပို့ကုန် Volume ကျမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ရက်များတာကိုး။ ပို့ကုန်ကတော့ နည်းနည်းတော့ ကျသွားနိုင်တယ်။ ရုံးပိတ်ရက် ရှည်တော့လည်း နိုင်ငံခြားနဲ့ ဆက်သွယ်ပြီး လုပ်ရတဲ့ လုပ်ငန်းတွေက အခက်အခဲ ဖြစ်တာပေါ့။ ၀န်ထမ်းတွေ အကုန်လုံးကို ပေးနားရတယ်။ ပေးနားရတော့ နိုင်ငံခြားမှာက ပိတ်ရက်ဒီလောက်မရှိတဲ့ အခါကျ သူတို့နဲ့ ဆက်သွယ်တဲ့ အခါကျတော့ ဒီကပိတ်ရက်ဖြစ်တော့ အရောင်းအ၀ယ် နည်းနည်းတော့ တန့်သွားတာပေါ့။ အမှန်ကတော့ ၁၀ ရက်ကျော်ကြီးက နည်းနည်းတော့ များတယ်။ နိုင်ငံတော်က အခုမှ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အချိန်လေ။ ရုံးပိတ်ရက် များတဲ့အတွက် ထိခိုက်မှုတော့ ရှိတယ်။ ဒီအချိန်မှာ သူများတစ်လှမ်းလှမ်းရင် ကိုယ်ကနှစ်လှမ်းလောက် လှမ်းရမယ့် အချိန်လေ။ ဒီအချိန်မှာ ပိတ်ရက်တွေ များတဲ့အခါကျတော့ လုပ်နေတဲ့စွမ်းအားတွေ လျော့တာပေါ့” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားသည်။

အကောက်ခွန် ဦးစီးဌာန အနေဖြင့် တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာ ရသည့် ရုံးဖွင့်ရက် လေးရက်အပြင် ရုံးမဖွင့်သည့် ရက်များ၌ အရေးတကြီး တင်သွင်းတင်ပို့လုပ်ငန်း လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအတွက်ပါ ပိတ်ရက်များတွင် ပြည်ပသို့ တင်သွင်းတင်ပို့မှုများ ပြုလုပ်နိုင်ရန် လုပ်ငန်းရှင်များအား ကြိုတင်သတိပေးမှုများ ပြုလုပ်ထား ရပြီး လေကြောင်း ပို့ကုန် လုပ်ငန်းများကိုမူ မဟာသင်္ကြန် ရုံးပိတ်ရက်တွင်ပါ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဆိုင်သော ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုတန်ဖိုး ကျပ် ၄၆ ဒသမ ၃၀၇ ထရီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၁ ဒသမ ၀၆၀ ထရီလျံ ရရှိခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၅၉ ဒသမ ၂၄၈ ထရီလျံ ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ပထမ ခြောက်လပတ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့ကာ စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း) 
၂၀၁၃ မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ရေကစားနေကြသူအချို့အား တွေ့ရစဉ် 
မြန်မာနိုင်ငံ၏ နှစ်စဉ်မဟာသင်္ကြန် ပိတ်ရက်များသည် လိုအပ်သည်ထက် ပိုမိုနေပြီး စီးပွားရေး လည်ပတ်မှု ဆိုင်ရာ နှောင့်နှေးမှုများ ဖြစ်လာနိုင်သည်ဟု ယူဆမှု များရှိနေကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ၁၀ သန်းကျော် ကောက်ယူပြီးစီးခဲ့ပြီဖြစ်

မတ်လ ၃၀ ရက်မှ စတင်၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဧပြီလ ၈ ရက်အထိ အိမ်ထောင်စု ၁၀၀၇၈၈၅၅ စု ကို ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရသည်။

ကားဟောင်းများ ကားသင်္ချိုင်းတွင် နိဂုံးမချုပ်ပါ

ရန်ကုန်မြို့မှ ၁၄ မိုင်ကျော်ကွာဝေးသော သီလဝါအထူးစီးပွားရေးဇုန်အလွန်တွင် ဓနိမိုး၊ ထရံကာ မြေစိုက်တဲ အချို့တွင် ကားပစ္စည်းအဟောင်းအချို့ကို ချိတ်ဆွဲထားသည်။ ကားစုတ်ကားဟောင်းအချို့ကို လည်း ပြင်ပ တွင် ပိုင်ရှင်မဲ့တွေ့ရသည်။