Friday, 24 August 2012
အာကာသ တွင်းနက်များကို စူးစမ်းပြီး ဂြိုဟ်သားများ ရှိ၊ မရှိကို တရုတ် လေ့လာမည်
တရုတ်နိုင်ငံ
အနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်တွင် အာကာသကို စူးစမ်း လေ့လာမည့် အစီအစဉ်
တစ်ရပ်ကို လုပ်ဆေင်တော့မည် ဖြစ်ကာ အာကာသ တွင်းနက်များ ၊ dark matter ဟု
ခေါ်သည့် အရာများနှင် အခြား ကမ္ဘာများတွင် သက်ရှိများ ရှိ ၊ မရှိတို့ကို
လေ့လာသွားမည် ဖြစ်ကြောင်း နိုင်ငံ အတွင်းရှိ ထိပ်တန်း သိပ္ပံ သုတေသနပြုနေသူ
တစ်ဦး၏ အပြောကို theregister သတင်းတွင် ဖော်ပြသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အမှတ် (၂) ကုန်သွယ်ရေးကားလမ်းမကြီး ဆိုးရွားစွာပျက်စီး
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကလေး-တီအိုနယ်စပ်ကြား အမှတ်
(၂) ကုန်သွယ်ရေးလမ်းမှာ ယခုချိန်ထိ လမ်းပျက်စီးမှု ဆိုးရွား
စွာဖြစ်ပေါ်နေပြီး ခရီးသည်များအခက်တွေ့ကြုံနေရသည်။
မျိုးချစ်မှန်ယင် ကိုယ့်တာဝန် မလစ်ဟင်းပါစေနဲ့
(ခွါနင်း လေသောင်) မျိုးချစ်မည်သည် တိုင်းပြည်နှင့်
လူမျိုးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဘာတွေကို ဘယ်လိုကာကွယ် ရမည်ဆိုတာ
မေးစရာ အများကြီးရှိနေမှာပါ၊ လက်ရှိ ချင်းပြည်မှာ တခြား တိုင်းရင်းသား
ဒေသများနည်း တူ ရေကာတာကြီးများ၊ နိုင်ငံ ကူးလမ်းမကြီးများ၊ သစ်ထုတ်လုပ်မှု
စီးပွါးရေးနှင့် သတ္တုတွင်းလုပ်ငန်း များ စသဖြင့် ရင်းနှီးမြုပ်နှံမှု
အရှိန်အဟုန်မြင့် တက်နေပါပြီ။
မြန်မာမူဆလင်များကို အိန္ဒိယ ကက်သျှမီး ခွဲထွက်များက ဖိတ်ခေါ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ မူဆလင်များအတွက်
ခိုလှုံရန်နေရာ ပေးမည်ဟု အိန္ဒိယနိုင် ငံမြောက်ပိုင်း ဂျမူးနှင့်ကက်သျှမီးယား
Jammu & Kashmir ပြည်နယ်ရှိ ခွဲထွက်ရေးဝါဒီ မူဆလင် အမျိုးသမီးအဖွဲ့က
ပြောဆိုလိုက် သည်။
ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော
![]() |
ရိုဟင်ဂျာအရေးဟာ သည်းမခံမှု၊ ခွဲခြားနှိမ့်
ချမှုတွေ နက်ရှိုင်းတာကြောင့်
လို့ အမေရိကန် သံအမတ်က
ပြောပါတယ် (ဓာတ်ပုံ- Reuters)
|
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း
လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာ လို့ မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ် က ပြောဆိုလိုက်ပါတယ်။
Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ် ပြောင်းလဲ
Microsoft ကုမ္ပဏီသည် ၎င်းတို့၏
အမှတ်တံဆိပ်ကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြောင်းလဲလိုက်ပြီ
ဖြစ်သည်။ Microsoft သည် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင် ကုမ္ပဏီ၏ အမှတ် တံဆိပ်ကို
ပထမဆုံးအကြိမ် ပြောင်းလဲမှတ်ပုံတင် အသုံးပြုခြင်းဖြစ်သည်။ ထုတ်ကုန်သစ်
အများအပြား မိတ်ဆက်သွားမည့် အစီအစဉ်ကို ပြင်ဆင်နေရာ ကုမ္ပဏီအမှတ်တံဆိပ်သစ်
ပြောင်းလဲအသုံးပြုခြင်းလည်း အပါအဝင်ဖြစ်သည်။

(Microsoft ၏ ကုမ္ပဏီအမှတ်တံဆိပ်အသစ်)
နော်ဝေလူသတ်သမား ဘရီဗစ်ခ်အား ထောင်ဒဏ် ၂၁ နှစ်ချမှတ်
နော်ဝေနိုင်ငံတွင် လူ ၇၇ ဦးသေဆုံးခဲ့ရသော
အစိုးရအဆောက်အအုံများကို ပစ်မှတ်ထားကာ ကားဗုံးခွဲတိုက်ခိုက်ခြင်းနှင့်
လူအများအပြားအား ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့သူ အန်းဒရက်စ်
ဘရီဗစ်ခ် (Andres Breivik) အား တရားရုံးက ထောင်ဒဏ် ၂၁ နှစ် ယနေ့ (သြဂုတ်
၂၄) ချမှတ် လိုက်သည်။
ကျွန်းပိုင်ဆိုင်မှုအရေး ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာ
ပိုင်ဆိုင်မှု အငြင်းပွားနေသည့်
ကျွန်းနှင့်ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား
ဆက်ဆံရေးသည် ဆက်လက် တင်မားနေဆဲဟု သိရှိရသည်။ ဂျပန်သည်
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သော်လည်း
ယခုအခါတွင်မူ ဆိုးလ်သို့ ပြန်လည် ပို့ဆောင်ထားပြီဟု သိရှိရသည်။
ဆီးရီးယားတွင် လေယာဉ်မပျံသိန်းရဇုန် သတ်မှတ်ရန် ပြင်သစ်ထောက်ခံ
ဆီးရီးယားတွင် လေယာဉ်မပျံသန်းရဇုန်
သတ်မှတ်ရေးနှင့် ပတ်သက်ပြီး ပြင်သစ် အစိုးရကလည်း ထောက် ခံကြောင်း ထုတ်ဖော်
ပြောဆိုလာခဲ့သည်။
ဂရိနိုင်ငံ၏ ပိုင်နက်နယ်မြေအချို့ကို ရောင်းချမည်
တိုင်းပြည်၏ အကြွေးနွံ နစ်နေမှုကို
ကယ်တင်ရန်အတွက် နိုင်ငံပိုင်နက် နယ်မြေအချို့ကို ရောင်းချရန် ဂရိအစိုးရက
ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။ ဂရိဝန်ကြီးချုပ် အန်တိုနစ် ဆမာရက်စ်က
မိမိတို့သည် နိုင်ငံ၏ ကမ်းခြေနေရာ အချို့နှင့် နိုင်ငံပိုင် ကျွန်းများကို
ရောင်းချရန် စီစဉ်နေကြောင်း အတည်ပြုခဲ့သည်။
ချယ်ရီကိုးလ် နောက်တစ်ကြိမ် အသည်းကွဲမည်ကို မိခင်ဖြစ်သူစိုးရိမ်
![]() |
| (ချယ်ရီကိုးလ်နှင့် သူမ၏မိခင်) |
ချယ်ရီကိုးလ်၏ မိခင်ဖြစ်သူက သူမ၏ သမီးအနေဖြင့်
နောက်တစ်ကြိမ် အသည်းကွဲရမည်ကို စိုးရိမ်လျှက် ရှိနေကြောင်း သိရှိရသည်။
ခင်ပွန်းဟောင်း အက်ရှ်လေကိုးလ်နှင့် ကွာရှင်းစဉ်က အလွန်စိတ်ထိခိုက်
ခံစားခဲ့ရသော အဆိုတော်မလေးသည် ယခုအခါ သူမကို အကူ အညီ ပေးခဲ့သူ အကသမား
ထရီဟော်လိုဝေးနှင့် ချစ်သူများ ဖြစ်လာ ခဲ့သည်။
စိတ္တဇလူသတ်သမားနောက် ကျောက်ပန်းတောင်းရဲ ခြေရာခံလိုက်နေ

မန္တလေးတိုင်း
ကျောက်ပန်းတောင်း မြို့နယ်မှ အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ်ခံခဲ့ရမှုကို
စိတ်မူမမှန်သည့် သတ်ဖြတ်မှုမျိုးဟု ရဲက ယူဆထားပြီး ထိုအမှုမျိုး ထပ်မံ
မဖြစ်ပွားရေး အတွက် ကြပ်မတ်ဆောင် ရွက်နေကြောင်း ရဲကပြောသည်။
ကချင်ဒုက္ခသည်အရေအတွက် တိုးတက်
![]() |
| ကချင်ပြည်နယ် တနေရာမှ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ) |
ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွား သဖြင့် ဒေသခံများ ထပ်မံ ထွက်ပြေးနေကြကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြည်တွင်း MPU Debit Card များ စတင် သုံးစွဲနိုင်မည်

ပြည်တွင်းရှိ
ဘဏ် ၁၇ ဘဏ်က ပူးပေါင်း တည်ထောင်ထားသည့် MPU (Myanmar Payment Union) ၏
Debit Card များကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင်ကာ
သုံးစွဲနိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) မှ သတင်း
ရရှိသည်။
လူမျိုးရေးမုန်းတီးမှုများနှင့် အကြမ်းဖက်မူများဖော်ပြခဲ့သော လူမူရေးဝက်ဘ်ဆိုဒ်များကို အိန္ဒိယအစိုးရ နှိမ်နင်း
အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း အာသံပြည်နယ်တွင်းဖြစ်ပွားခဲ့သော
လူမျိုးစုပဋိပက္ခများနှင့် ပတ်သတ်ပြီး လူမျိုးရေးမှန်းတီးမှုများနှင့်
အကြမ်းဖက်မူများအကြောင်းဖော်ပြခဲ့သည့် လူမူရေးဝက်ဘ်ဆိုဒ်များကို
အိန္ဒိယ အစိုးရအဖွဲ့ က နှိမ်နင်းလျက်ရှိကြောင်း BBC
သတင်းတွင်ဖော်ပြ ထားသည်။အကြမ်းဖက်မူဖြစ် ပွားအောင် လှုံ့ဆော်ပေးသော
အကြောင်းအရာများကို
ဖယ်ရှားမပေးပါက လူမူရေးဝက်ဘ်ဆိုဒ် များကို
တရားဥပဒေအရ အရေးယူသွား မည်ဖြ စ်ကြောင်း အိန္ဒိယအစိုးရက သတိပေးထားသည်။လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး

လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်စာမျက်နှာ တခုဖြစ် တဲ့ Twitter အနေနဲ့
လူမျိုးစု တင်းမာမှုတွေ ကို နောက်ထပ်မီးထိုး ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက
စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူ လုပ်ဆောင်မယ်လို့
အိန္ဒိယ အစိုးရက ခြိမ်းခြောက်လိုက် ပါတယ်။
သာဓုကန်လယ်ယာမြေ လျော်ကြေးကိစ္စ ပြေလည်မှုမရသေး
ရန်ကုန်မြို့ ရွှေပြည်သာ သာဓုကန်ဒေသက လယ်သမား ၇၆ ဦးပိုင် လယ်ယာမြေတွေ
သိမ်းယူခံထားရမှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီ ၄၀ က ပိုင်ရှင်တွေနဲ့
လယ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ဒီကနေ့ ဗဟန်းမြို့နယ်က
M-3 စားသောက်ဆိုင်မှာ လျော်ကြေးကိစ္စ ညှိနှိုင်းခဲ့ကြရာမှာ ပြေလည်မှု
မရခဲ့ဘူးလို့ RFA က စုံစမ်းသိရပါတယ်။
ညှိနှိုင်းဆဲကာလမှာ စီမံကိန်းလုပ်ငန်း အကောင်အထည်မဖော်ဖို့ ဒေသခံများတောင်းဆို
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်
ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အာဏာပိုင်တွေဘက်က
ခြံစည်းရိုး ကာရံနေတာကို ဒီကနေ့ ဒေသခံရွာသား ၆၀၀ ကျော်လောက်
သွားရောက်ပြီး တည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
နယူးယောက်တွင် အငြိမ့်ပွဲ ဖျော်ဖြေရန် ပြင်ဆင်နေကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez) ၊ မိုးမိုး

နယူးယောက်ကို ရောက်ရှိလာကြစဉ်
မြန်မာ လူငယ်
အနုပညာရှင်များ ဖြစ်ကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း
(Examplez) ၊ မိုးမိုးတို့ဟာ ၂၀၁၂ သြဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက
လေကြောင်းခရီးနဲ့ နယူးယောက်မြို့ကို ရောက်ရှိခဲ့ပြီး သြဂုတ် ၂၅ ရက်နေ့တွင်
ကျင်းပမယ့် ရယ်မော ပျော်ရွှင် အငြိမ့်သဘင် ဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက်
ရှိနေပါတယ်။
လာ့စ် ဘေးဂပ်စ်တွင် ရိုက်ကူးတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တုံးလုံး ပုံ

http://www.tmz.com/
အမေရိကန်ပြည်ထောင်စု
လာ့စ် ဘေးဂပ်စ်မြို့တွင် လွန်ခဲ့တဲ့ သောကြာနေ့ (၂၀၁၂ သြဂုတ် ၁၇ ရက်နေ့) က
ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တုံးလုံး
ဓါတ်ပုံနှစ်ပုံဟာ သြဂုတ်လ ၂၁ ရက်နေ့ညပိုင်းက အင်တာနက်စာမျက်နှာတွေပေါ်ကို
ပြန့်နှံ့ခဲ့ပါတယ်။
စည်ကား အောင်မြင်စွာ ပြီးဆုံးသွားတဲ့ Burma Today ဈေးရောင်းပွဲ
အမေရိကန်ပြည်ထောင်စု၊
နယူးယောက်မြို့တွင် ၂၀၁၂ သြဂုတ် ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ Burma Today
ဈေးရောင်းပွဲဟာ စည်ကား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ ထို
ဈေးရောင်းပွဲကို ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာဝံသ တက်ရောက်
ချီးမြှင့်ခဲ့သလို နယူးယောက်ပြည်နယ် လွှတ်တော်အမတ် John A. Messser ၊
American Burma Buddhist Association ဥက္ကဋ္ဌ ဦးစောဝင်း၊ ဒေါ်မေသီခ အပါအ၀င်
နယူးယောက်မြို့မိမြို့ဖများ၊ Burma Today (ယနေ့မြန်မာ) ကို အားပေးသူများ၊
မိတ်ဆွေသင်္ဂဟများ၊ မြန်မာနွယ်ဖွား မဟုတ်တဲ့ နယူးယောက်ပြည်သူများ စုစုပေါင်း
ပရိသတ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ဖွဲ့စည်းပုံခုံရုံး ကြေညာချက်ကိစ္စ လွှတ်တော်မှာဆွေးနွေး
လွှတ်တော်ကော်မရှင်တွေနဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲ
ဥပဒေတွေကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ကြောင်း အခြေခံဥပဒေ ခုံရုံးက
ပြန်လည်ကြေညာပေးရေးအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့
ကြာသတေးနေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး အချိန်ကာလ ၃ လအထိ တိုးမြှင့်
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကာလ အရင်က ၁ လ သတ်မှတ်ထားပေမယ့်
ပထမဆုံး အကြိမ် ကော်မရှင် အဖွဲ့အစည်းအဝေးမှာ အချိန်ကာလ သုံးလအထိ
တိုးမြှင့်လိုက်တယ်လို့ လည်း ကော်မရှင်အဖွဲ့ဝင် ရခိုင်အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။
ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်
ပြောသည့်အတိုင်း မဖြစ်၍ SSA-S ကို ဦးအောင်မင်း အားနာ
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု
ရရှိထားသည့် အချက်များ ကို ဆက်လက် အကောင်အထည်
မဖော်ဆောင်ပေးနိုင်သေးသောကြောင့် အားနာမိကြောင်း အစိုးရ ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း က
ပြောသည်။
Subscribe to:
Comments (Atom)


















