Saturday 25 April 2015

ရခိုင်တပ်မတော်နဲ့ဆက်နွယ်ကြောင်း သံသယရှိသူအများအပြား ဖမ်းဆီးစစ်ဆေးခံနေရ


ရခိုင်တပ်မတော်(AA) တပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့သူတွေကို အစိုးရတပ်မတော်နဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးဖမ်းဆီးရာမှာ ၆၅ ဦးရှိပြီး ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။
ဖမ်းဆီးရရှိထားတဲ့သူတွေကို အစိုးရတပ်မတော်ဖက်က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလာပါက မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်မှုနဲ့ ထောင်ကျနေသူ ၇ဝဝဝ လောက်ရှိ


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၇ဝဝဝ လောက် ရှိနေကြောင်း မြစ်ကြီးနား မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ တစ်နှစ်ပြည့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားမှာ မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတူးရော်က RFA ကို ပြောကြားခဲ့တာပါ။

အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို – မေးမြန်းချက်


ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။
အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။

တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသော ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲကို စတင်ကြုံတွေ့ရတော့မည်ဖြစ်သည်။
၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်စနစ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပြီဖြစ်သည်။ အဆင့်မြင့်ပညာဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကျောင်းသားများ၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အခြေခံ၍ တက္ကသိုလ်ဝင်ခွင့်ပြုသော စနစ်ကို နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သည်။

လောက်ကိုင်ကို ပြန်ဖို့ တကယ်အချိန်တန်ပြီလား


လောက်ကိုင်ဒေသသို့ ပြန်နေကြသော စစ်ပြေးဒုက္ခသည်များ(ဓာတ်ပုံ−MOI)
အစိုးရတပ်မတော်သည် ကိုးကန့်အဖွဲ့ အခိုင်အမာခြေကုပ်ယူ ထားနိုင်သည့် တောင်ကုန်းများကိုသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် လားရှိုးမြို့တွင် ခိုလှုံနေသော စစ်ရှောင်ဒုက္ခသည်   နှစ်ရာကျော်လောက်ကိုင်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။
လားရှိုးမြို့ သီရိမင်္ဂလာမန် ဆူရှမ်းကျောင်းတွင် ခိုလှုံနေရာမှ ဧပြီ ၂၁ ရက်၌ လောက်ကိုင်မြို့ သို့ ပြန်လည်ထွက်ခွာသွားကြခြင်း ဖြစ်သည်။ ၎င်းတို့ပြန်လည်ထွက် ခွာသွားပြီးနောက် မြန်မာနိုင်ငံအနှံ့ မှ ဒေသခံအချို့ကလည်း လောက် ကိုင်ဒေသသို့ နေ့စဉ်သွားလာနေ ကြကြောင်း လားရှိုး၊ ကွမ်းလုံနှင့် ချင်းရွှေဟော် ဒေသခံများက ပြောသည်။

ဗာတီကန် နန်းတော်ကို အကြမ်းဖက်သမားများ ပစ်မှတ်ထားခဲ့ဟု အီတလီ သံသယရှိနေ




အကြမ်းဖက်သမားများက အီတလီနိုင်ငံထဲ ဝင်ရောက်လာပြီး ဗာတီကန် နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ဖူးသည်ဟု ယုံကြည်ရသည့် အခြေအနေအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီပုံတံဆိပ် အသုံးပြုထားသော အရက်ပုလင်းများ မရောင်းချရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကန့်ကွက်



မလေးရှားနိုင်ငံတွင် ရွှေတိဂုံစေတီပုံ တံဆိပ်ကပ်၍ အ ရက်ပုလင်းထုတ်လုပ်နေသည့် ကုမ္ပဏီကို ဆက်လက်ရောင်းချ ခြင်းမပြုရန် မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးက သွားရောက် ကန့်ကွက်ထားကြောင်း သတင်း ရရှိသည်။

မိုးကုတ်-ပြင်ဦးလွင် ကားလမ်းဘေး ကြိုးတုပ် အသတ်ခံထားရတဲ့ အလောင်းသုံးလောင်းတွေ့၊ သံဃာတစ်ပါးပါဝင်


ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုးကုတ်-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် ၄၃ နားမှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီက သံဃာတစ်ပါး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ကားလမ်းဘေး လျှို ထဲမှာ လက်ပြန်ကြိုးတုတ် ရိုက်နှက် သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ရုံးကနေ သိရပါတယ်။
"ကားလမ်းဘေး လျှိုထဲက လူသေအလောင်းတွေကို တောထဲ ထင်းသွားခွေသူတွေ တွေ့ခဲ့တာ။ လူသတ်မှုဖြစ်တဲ့ နယ်မြေက လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတာမို့ ခုထိ အလောင်းတွေကို ပြန်ယူခွင့် မရသေးဘူး" လို့ အဲဒီရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

အကျပ်အတည်းနိုင်ငံရေးနှင့် ညွန့်ပေါင်းအစိုးရ



လက်ငင်း မြန်မာ့အခြေအ နေကို နိုင်ငံရေး အကျပ်အတည်း ကာလဟု သတ်မှတ်မည်ဆိုလျှင် ညွန့် ပေါင်းအစိုးရသည် သော့ချက်ကျ သော စဉ်းစားမှုတစ်ခု ဖြစ်နိုင် သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ယုံကြည်မှု တည် ဆောက်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးတို့ကို ပွင့်လင်းမြင်သာ စွာ တည်ဆောက်မည်ဆိုလျှင်၊ နိုင်ငံရေး အကျပ်အတည်းကို ဖြတ်ကျော်မည်ဆိုလျှင် ညွန့်ပေါင်းအစိုးရသည် အစွမ်းထက် ကုထုံးဖြစ်နိုင်သည်။ လှည့်စားမှုဟု ဆိုနိုင်သော လူထုကို အကျိုးမပြု၊ လူတစ်စုကိုသာ အကျိုးပြုသော ညွန့်ပေါင်းအစိုးရဖြစ်လာမည်ကို မျက်စိဖွင့်၊ နားစွင့်စောင့်ကြည့်ရမည် ဖြစ်သည်။