Monday 31 March 2014

ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆို

Photo: ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆို

March 31, 2014

ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုပျောက်ဆုံး လျက်ရှိသော မလေးရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပေါ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ယနေ့ ရောက်ရှိလာပြီး ပျောက်ဆုံးလေ ယာဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ အမှန်အတိုင်း ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

MH-370 လေယာဉ် ခရီးစဉ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည် ၁၅၃ ဦးအနက် ၁၈ ဦး၏ ဆွေမျိုး ၃၉ ဦးသည် ကွာလာလမ်ပူသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိလာသည်ဟု မလေးရှား လေကြောင်းလိုင်း၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဟုခ်ျဒန်လေဗီးက ပြောကြားသည်။

တရုတ်ခရီးသည်များ၏ ဆွေမျိုးများသည် ကွာလာလမ်ပူမြို့ မြို့စွန်နားရှိ ၎င်းတို့ တည်းခိုလျက်ရှိသည့် ဟိုတယ်တွင် MH-370 အတွက် ဆုတောင်းကြ ဟူသည့် စာတန်း ပါဝင်သော အဖြူရောင် တီရှပ်များ ဆင်တူ ဝတ်ဆင်ကာ “ငါတို့ကို အမှန်အတိုင်းပြောပါ”၊ “ငါတို့ ဆွေမျိုးတွေကို ပြန်ခေါ်ပေး” ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး တောင်းဆိုမှုများ ပြုလုပ်လျက် ရှိသည်။
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးကို တင်ဆောင်သွားသော MH-370 လေယာဉ်ခရီးစဉ်သည် မတ်လ ၈ ရက်နေ့က စတင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သဖြင့် ပျောက်ဆုံးနေသည်မှာ ရက်သတ္တပတ် သုံးပတ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး သမိုင်းတွင် အထူးခြား အဆန်းကြယ်ဆုံး လေယာဉ်ပျောက်ဆုံးမှု တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

ခရီးသည်များထဲတွင် အရေအတွက် အများဆုံးဖြစ်သည့် တရုတ်ခရီးသည်များ၏ ဆွေမျိုးများက မလေးရှားအစိုးရသည် သတင်းအချက်အလက် ထုတ်ပြန်ရာ၌ အပြည့်အစုံ ထုတ်ပြန်ခြင်း မပြုဘဲ ထိမ်ချန်ထားသည်ဟု စွပ်စွဲထားပြီး ၎င်းတို့ကို အမှန်အတိုင်း ပြောရန်နှင့် အထောက်အထားများ ထုတ်ဖော်ပေးရန် တောင်းဆိုလျက် ရှိသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က MH-370 လေယာဉ်မှာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းသို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ အားလုံး အသက်ဆုံးရှုံးသွားသည်ဟု ဂြိုဟ်တုမှ ရရှိသည့် သတင်းအချက်အလက်များကို သရုပ်ခွဲ စိစစ် လေ့လာမှုများကို ကိုးကားပြီး ကြေညာခဲ့ကာ မလေးရှား လေကြောင်းလိုင်းကလည်း ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများကို အဆိုပါ သတင်းအား မိုဘိုင်းလ်ဖုန်း စာတိုပို့စနစ်ဖြင့် အကြောင်းကြားခဲ့သည်။

မလေးရှား ဝန်ကြီးချုပ်၏ ထိုသတင်း ထုတ်ပြန်ချက်ကို တရုတ်ခရီးသည်များနှင့် မလေးရှား ခရီးသည်များ၏ ဆွေမျိုးများက လက်မခံခဲ့ဘဲ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးလေယာဉ်၏ အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိမှသာ ထိုသတင်းကို ယုံကြည်နိုင်မည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် သြစတြေးလျ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့များသည် လေယာဉ် ၁၀ စင်း၊ သင်္ဘောရှစ်စင်းဖြင့် သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ မိုင်ပေါင်း ၁၁၅၀ မိုင် အကွာရှိ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်တွင် ကြိုးစားပမ်းစား ရှာဖွေလျက် ရှိသော်လည်း ပြင်းထန်ဆိုးရွားသော ရာသီဥတုကြောင့် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
တရုတ်ခရီးသည်များ၏ ဆွေမျိုးများက မလေးရှားအစိုးရကို ဝေဖန် ပြောကြားလျက် ရှိသော်လည်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင်ကမူ မလေးရှားနိုင်ငံ အနေနှင့် လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းတို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ပေးထားသည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နိုင်ငံကို အလွန် တာဝန်ကျေတဲ့ တိုင်းပြည်အဖြစ် သမိုင်းက မှတ်ကျောက်တင်သွားပါလိမ့်မယ်” ဟု မစ္စတာဟီရှာမူဒင်က ပြောကြားခဲ့သည်။ 

The Voice Weekly
ပျောက်ဆုံး လေယာဉ်တွင် ပါသွားသည့် ဆွေမျိုးများက အမှန်အတိုင်း ထုတ်ဖော်ကြေညာပေး ရန် မလေးရှား အစိုးရကို တောင်းဆိုပျောက်ဆုံး လျက်ရှိသော မလေးရှား လေကြောင်း လိုင်းပိုင် ဘိုးရင်း ၇၇၇ ပေါ်တွင် လိုက်ပါသွားသည့် တရုတ်ခရီးသည်များ၏ ကျန်ရစ်သူ ဆွေမျိုးများသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ယနေ့ ရောက်ရှိလာပြီး ပျောက်ဆုံးလေ ယာဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ အမှန်အတိုင်း ကြေညာပေးရန် မလေးရှား အစိုးရကို တောင်းဆိုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ

Photo: သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ
Monday, March 31, 2014

၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ)ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VANအဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကင်းတဲအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော ရဲတပ်သား ဇော်ဇော်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ နှုတ်ခမ်းအပေါ်၊ အောက်ညိုမဲ ဒဏ်ရာများရရှိပြီး သန်လျင်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ၎င်းယာဉ်၏ နောက်ခန်းတွင်စီးနင်းလိုက်ပါလာသူ ဦးစိုးမိုးတွင် ယာလက်ကောက်ဝတ်ကျိုးဒဏ်ရာရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း တက်ရောက်ကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်သူ ယာဉ်မောင်း နေ၀င်းအောင်အား သန်လျင်မြို့မရဲစခန်းယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ) ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VAN အဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအားဝင်ရောက်တိုက်မိခဲ့ ပါ သ ည်။

အခြေခံပညာကျောင်းများတွင် မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထားမည်

အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများကို ခန့်ထားရာ၌ မဟာဘွဲ့ရများကို ဦးစားပေး ခန့်ထား မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ က ပြောကြား သည်။

KIO.ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင်


မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက် ယူနေပြီ ဖြစ်ပေ မယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင် စာရင်း ကောက် ယူနိုင်ခြင်း မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းအားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေ

Photo: ဗိုလ်ချုပ်မှူးကြီးမိန့်ခွန်းအားနိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများရှိနေ
Monday, March 31, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအခြေအနေအချိန်အခါအရပြင် ဆင်ရန်လိုအပ်ပါကဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း၁၂၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဟု ၆၉ နှစ် မြောက်တပ်မတော်နေ့အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကမိန့်ကြားသွားသည့်အပေါ် CSO များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအကြားဝေဖန်သံ များထွက်ပေါ်လျှက်ရှိသည်။

၂၀၀၈ ခုနှစ် လူဦးရေ ၅၇ သန်းကျော်တွင်ဆန်္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက်၊ မဲပေးသူ ၂၆ သန်းကျော်ထဲက ၂၄ သန်း ကျော်ထောက်ခံဆန်္ဒမဲပေးခဲ့သော ကြောင့်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည် ဟူ၍လည်းအဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မတ် ၂၆ ရက်နေ့ကပြော ကြားခဲ့သည့်သမ်္မတမိန့်ခွန်းတွင် လည်းအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင်နိုင်ငံရေးအကျပ် အတည်းဆီသို့ဦးတည်မသွားစေရန် ထည့်သွင်းပြောကြားခဲ့ခြင်းနှင့် ကာ/ချုပ် ၏တပ်မတော်နေ့မိန့်ခွန်း တို့သည်ဆက်နွယ်မှုရှိနေသည်ဟု ဝေဖန်သံများထွက်ပေါ်လာပြီး ““၂၀၀၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့နိုင်ငံရေးအရွေ့ကိုရှုမြင်နေ ကြခြင်းပဲဖြစ်တယ်””ဆိုသည့်စကား ကိုလုံးဝလက်မခံနိုင်ကြောင်းနိုင်ငံ ရေးလေ့လာသူ၊ တက်ကြွလှုပ်ရှား သူများကဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူ တစ်ရပ်လုံးရာခိုင်နှုန်းပြည့်နီးပါး ထောက်ခံထားတာမို့လို့တပ်မတော် အနေနဲ့ပြင်ဆင်ဖို့မသင့်ဘူးလို့ပြော ချင်ပုံရတယ်။ ၂၀၀၈ ကိုပြင်လိုက် ရင်တပ်မတော်ဟာတပ်မတော်နေ ရာမှာပဲရှိပြီး၊ နိုင်ငံတော်ရဲ့အထွဋ် အထိပ်နေရာဘယ်တော့မှပြန်မ ရောက်တော့ဘူး၊ ဒါကိုသူနဲ့သူ့ ဆရာကြီးက ပြောချင်ပုံရတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေ သူနိုင်ငံရေးအကျဉ်းသားဟောင်း ကိုမိုးကြိုးကပြောကြားလိုက်သည်။MDCF အဖွဲ့ခေါင်းဆောင်ကိုထင် ကျော်ကလည်း “ကာချုပ်ကဖွဲ့စည်း ပုံပြင်ဆင်ရေးဆွဲဖို့ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်သေးဘူး၊ ကာချုပ် ဟာပြည်သူ့ဝန်ထမ်း၊ ပြည်သူကို အလုပ်အကျွေးပြုရမယ်၊ ပြည်သူ့ အကျိုးစီးပွားကိုကာကွယ်ရမယ်၊ ဒီယုံကြည်ချက်နဲ့တာဝန်ကိုမျက် ကွယ်ပြုထားတယ်လို့မြင်တယ်”ဟုပြောသည်။

အချို့သောနိုင်ငံရေးပါတီများ ကတော့နိုင်ငံ့ခေါင်းဆောင်များ၏ မိန့်ခွန်းများအပေါ်တွင်တစ်စုံတစ်ရာ ဝေဖန်မှုမရှိဘဲထောက်ခံလိုက်ကြ ကြောင်းသိရသည်။

ဇော်မြင့်
The Hot News Weekly
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုအခြေအနေအချိန်အခါအရပြင် ဆင်ရန်လိုအပ်ပါကဖွဲ့စည်းပုံအခြေ ခံဥပဒေအခန်း၁၂၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် အညီဆောင် ရွက်ရမည်ဟု ၆၉ နှစ် မြောက်တပ်မတော်နေ့အခမ်းအနား တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကမိန့်ကြားသွားသည့်အပေါ် CSO များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ များအကြားဝေဖန်သံ များထွက်ပေါ်လျှက်ရှိသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေး ဖမ်းမိမှု လေးဆ နီးပါး မြင့်တက်

မန္တလေးမြို့တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသ တစ်ခုဖြစ်သည့် ကြယ်ဂေါင်မြို့တို့ကို ဆက် သွယ်ပေးရာ အချက်အချာလမ်း တစ်ခုဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း မူးယစ်ဆေးဝါး ဖမ်းဆီးရေးဂိတ် (နောင်ချို) တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ၂ နှစ်တာ ကာလအတွင်း သိသိသာ သာ မြင့်တက်လာကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း မူးယစ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

Photo: ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

မန္တလေး၊ မတ် ၃၀

နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

အနိမ့်ဆုံး ရှိရမည့် ရေမှတ်ထက် ရေအမြင့် ပေ ၃၀ ခန့် ရှိနေသေးသဖြင့် လက်ရှိနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၉၀ ထိ ထုတ်လုပ်နိုင်သော်လည်း မဂ္ဂါဝပ် ၄၅၀ သာ ထုတ်လုပ်ပေးနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မနက် ၅ နာရီကနေ စက်မောင်းတယ်။ နေ့လယ် ၁၁ ကျရင် ရပ်ထားတယ်။  ညနေ ၅ နာရီမှာ စမောင်းတယ်။ ည ၁၁ နာရီမှာ ပိတ်တယ်၊ ဓာတ်အား လိုအပ်တဲ့ အချိန်မှာ မီးပေးနိုင်ဖို့ပဲ စက်ကို မောင်းတော့တယ်။ ရေချွေတာတဲ့ သဘောပါ” ဟု ဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ရရှိမည့် ဓာတ်ငွေ့ဖြင့် တည်ဆောက်လျက် ရှိသော သဘာဝ ဓာတ်ငွေ့သုံး ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကျောက်ဆည်မြို့နယ်တွင် ဧပြီလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ သိရှိရသည်။

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ သားဖွားသင်တန်းကျောင်းတွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံပွဲတွင် သင်တန်းကျောင်း၌ လျှပ်စစ်မီး အခက်အခဲ ရှိကြောင်း မီးပျက်သည့်အခါ မီးစက်နှိုးထားရပြီး လက်ရှိ ဒုသမ္မတ လာရောက်ချိန်တွင်လည်း မီးပျက်နေသဖြင့် မီးစက်နှိုးထားရကြောင်း ယင်းသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယင်းတွေ့ဆုံပွဲတွင် ပြန်လည် ပြောကြားသည်။
နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ

Photo: KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ
Monday, March 31, 2014

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင် စာရင်း လိုက်လံကောက် ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။

“KIA က တပ်ရင်းမှုးလို့ပြောတယ်…ကျွန်မတို့ကို သန်းခေါင်းစာရင်ကောက်ဖို့ မလာနဲ့၊ လာလို့ သူတို့ဘက်က စစ်သားတွေ တခုခု လုပ်ရင် တာဝန်မယူဘူး ” ဟု ဆိုပြီး လာရောက်ပြောကြားကြောင်း သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဆရာမ တစ်ဦးမှ ပြောသည်။

ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း KIA ရင်း ၂၇ တာဝန်ရှိသူများက သန်းခေါင်စားရင်း အကောက်မခံရန်ပြောကြားခဲ့ သလို ရင်း (၁) လက်အောက်ခံ အင်ဘာပါ ၊ တုန်ဟုန်း၊ လွယ်ဂျယ်အစရှိသည့် ရှမ်းရွာများတွင်လည်း သန်းခေါင်းစာရင်း အကောက်မခံရန် ပြောကြားထားကြောင်း လွယ်ဂျယ်မြို့ခံတစ်ဦးထံမှ သိရသည်။

“ သူတို့တွေ….ကျွန်မနဲ့အတူ ဆရာတစ်ဦးကို သန်းခေါင်းစာရင်း လိုက်ကောက်နေတုန်း ဖမ်းခေါ်သွားတယ်…. မနေ့က တော့ မေးခွန်ပုံစံတွေသိမ်းပြီး လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်….နောက်တစ်ခေါက်ကျရင် ဖမ်းခံရတဲ့သူကို သတ်ပြစ်မယ်လို့ ပြောလိုက်ဆိုပြီးပြောတယ်….ခု ကျွန်မတို့တွေ သန်းခေါင်းစာရင်းတောင် ဆက်မကောက်ရဲတော့ဘူး” ဟု လွယ်ဂျယ်မြို့နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူနေသော ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကာယကံရှင် ဆရာမကပြောသည်။

ယခုကဲ့သို့ KIA မှ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို ခွင့်မပြုသည့်အပြင် ကချင်ပြည်နယ် အတွင်း တခြားကျေးရွာများကို သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဝန်ထမ်းများကိုပါ ဖမ်းဆီးနေခြင်းကြောင့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာမျာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင်စားရင် လိုက်လံကောက်ယူမည့် ဆရာမများမှာ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်လျှက်ကြောင်း ဒေသခံဆရာမ တစ်ဦးက ပြောကြားသွားခဲ့ပါသည်။

ခိုင်မြဲအောင်

https://www.facebook.com/profile.php?id=100004684952735
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာ များတွင် သန်းခေါင် စာရင်း လိုက်လံကောက်ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း ကောက်ယူမှုခံယူ

Photo: သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်၌ သန်းခေါင်စာရင်း
ကောက်ယူမှုခံယူ|
Monday, March 31, 2014

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှ စတင်
ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်း
နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု၏ လူဦး
ရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမြင့်ဦးဆောင်၍
နေပြည်တော်ကောင်စီနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးချိုထွန်း၊ ဇမ္ဗူသီရိမြို့နယ် ဦးစီးမှူး ဦးမံဇာ
ခုပ်၊ စာရင်းကောက် ဒေါ်ဟေမာန်မြတ်တို့ ပါဝင်သည့် သန်းခေါင်စာရင်း
ကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်သမ္မတ အိမ်တော်၌ လာရောက်၍ သန်းခေါင်စာရင်း ကောက်ယူခဲ့ကြရာ သန်းခေါင်စာရင်း မေးခွန်း ၄၁ ချက် ကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး
မြေပြင်စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း
အင်အား ၁၁၁၂၅၄ ဦးအား သင်တန်းများပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်း
ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုရန် သန်းခေါင်စာရင်း မေးခွန်း ပုံစံပေါင်း ၁၄၈၃၅၆၀၀ နှင့် လက်စွဲစာစောင်များ၊ လုပ်ငန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် စာရွက်စာတမ်း အပြည့်အစုံအား
နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာဒေသ၊ရပ်ကွက်၊ ကျေးရွာကွပ်ကဲရေးရုံးများ
တွင် ဖြန့်ဝေ ထားပြီး သန်းခေါင်စာရင်းမေးခွန်းများကို အိမ်ထောင်စု တစ်စုလျှင် မေးခွန်း ၄၁ ချက်၊ အဖွဲ့အစည်းများတွင် ၁၁ချက် မေးမြန်း
ကောက်ယူမည်ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာ ရင်း ကောက်ယူခြင်းအား မတ် ၂၉ ရက် ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကာ မတ် ၃၀ မှ ဧပြီ
၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူလျက်ရှိသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက် ယူခြင်းလုပ်ငန်းကို မတ် ၃၀ ရက်မှစတင်ဆောင်ရွက်ရာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ယင်းနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်သမ္မတအိမ်တော်တွင် ကောက်ယူခဲ့ သည်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက် ၌ ဖော်ပြခဲ့သည်။

မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်

Photo: မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်
Monday, March 31, 2014

အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ် ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီး လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တောင် ကုန်းလောကမာရဇိန်စေတီအတွင်းရှိ ဗုဒ္ဓဆင်းတု တော်သည် မတ်၂၃ ရက် သန်းခေါင်ယံအချိန်၌ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်ပြီး တန်ခိုးပြသ ခဲ့ပြီးနောက်ပိုင်း နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်ပေါင်း ၅ဝဝကျော်ခန့် လာရောက် ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း ဂေါ ပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

''အခြားမြို့ကြီးတွေက ဘုရားဖူးတွေ ရော ကားတွေနဲ့ လာဖူးကြတာကိုတွေ့ရတယ်။ နေ့စဉ် ၅ဝဝနီးပါးရှိတယ်ဆိုတာ ဒီမှာလှူသွား ကြတဲ့ အလှူငွေဖြတ်ပိုင်းကိုကြည့်ပြီး ပြောတာ။ စပြီးပွင့်တဲ့နေ့ကဆို အတွင်းမှာလူပြည့်လို့ နောက် ပိုင်းသံဆန်ခါပိတ်လိုက်ပြီး အပြင်ကပဲဖူးမြော် စေခဲ့ရတယ်။ သုံးရက်အတွင်း လာရောက်ဖူးမြော် သူတွေရဲ့ လှူဒါန်းငွေ၁၅သိန်းကျော်ရှိပါပြီ''ဟု ¤င်းက ဆက်လက်ပြောသည်။

အဆိုပါဆင်းတုတော်အား တပို့တွဲ လပြည့်နေ့တွင် ရွှေသင်္ကန်းပူဇော်ကာ ရောင်တော် ဖွင့်ပြီးနောက်ပိုင်း ယခုကဲ့သို့ မျက်လုံးတော်ဖွင့် တန်ခိုးပြသခဲ့ခြင်းကို ကြုံတွေ့ရကြောင်း ဂေါပက အဖွဲ့မှ ပြောသည်။

''၂၃ရက် မွန်းလွဲ၂နာရီလောက်ကတည်း က ဒီဘုရားကိုလာတဲ့ကလေးတွေကစပြီး ဝဲ ဘက်မျက်လုံးတော်ပွင့်လာတာကို သူတို့မိဘတွေ ပြန်ပြောပြရင်း ဒီဖြစ်ရပ်ကို သိသွားတာ။ လွန်ခဲ့ တဲ့နှစ်ပေါင်း၃ဝကျော်ကလဲ မျက်တောင်လှုပ်ခတ် ပြီး ရောင်ခြည်တော်ကွန့်မြူးခဲ့သေးတယ်။ ဝဲ ဘက်မျက်လုံးကစပွင့်ပြီး ညပိုင်းကျတော့ နှစ် ဖက်စလုံးပွင့်လာတာ။ မျက်ဆန်တွေကအစ အား လုံး ထင်ထင်ရှားရှားဖူးတွေ့ရတော့ အကုန်အံ့သြ သွားကြတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစေတီတော်ကို မူလတည်ထားသူ မှာ ကောဇာသက္ကရာဇ် ၄၇၉ခုနှစ်၊ ပုဂံနန်းစံ ၄၅ ဆက်မြောက်မင်းဖြစ်သော အလောင်းစည်သူမင်း ကြီး ဗဒုံ(ခေါ်) အလုံမြို့သို့ ဖောင်စကြာဖြင့်ဆိုက် ရောက်စဉ် ဗဒုံမြို့တောင်ဘက် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်မှတစ်ဆင့် အရှည်နှစ်မိုင်ခန့် ရှိ သော လှေကူးအင်းအတွင်း လှည့်လည်ရှုစား စဉ် တောင်ဘက်ကုန်းကမူအရပ်၌ ဆိုက်ကပ်ပြီး အထိမ်းအမှတ်အဖြစ် သဲပုံစေတီတစ်ဆူတည် ထား၍ တောင်ကုန်းလောက မာရဇိန်ဘုရားဟုဘွဲ့ သမုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရသိရသည်။

အဆိုပါဘုရားသမိုင်းကို ပြုစုသူ အသက် ၈၃နှစ်အရွယ် မုံရွာမြို့ခံစာရေးဆရာကြီး သုဓမ္မ မဏိဇောတဓရ ဦးစန်းမောင်(မုံရွာစန်းမောင်)က ''ဟိုတုန်းက ဗဒုံ(အလုံ)နဲ့ မုံရွာမြို့ကြားမှာ လှေ ကူးအင်းကြီးခြားတယ်။ အခုမြေတွေဖို့လိုက်တော့ လှေကူးအင်းရဲ့ လက်ကျန်က ကန်သာယာကန်ပဲ ကျန်တော့တာ။ အဲဒီနောက် ကုန်းဘောင်ခေတ် မှာ ဗဒုံမြို့စားဖြစ်ခဲ့တဲ့ ဘိုးတော်ဦးဝိုင်းက လှေ ကူးအင်းကိုလာတော့ လှေကူးအင်းအလယ် တည့် တည့်မှာရှိတဲ့ ဘေးလောင်းတော် ဖောင်စကြာ ရှင်တည်ခဲ့တဲ့ သဲပုံစေတီရှိကြောင်း အမတ်ကြီး စိန္တကျော်သူဦးသြက တင်လျှောက်လို့ အဲဒီနေ ရာမှာ ကိုးတောင်ပြည့်အုတ်စေတီ ထပ်မံတည် ထားတာ။ နောက်ပြီး အင်းထဲက သားငါးမျိုးစုံ ငှက်မျိုးစုံကိုလဲ ဘေးမဲ့ပြုတော် မူပေးခဲ့တယ်။ နောက် ချုံနွယ်တွေထူထပ်လာပြီး သားကောင် မျိုးစုံ ခိုအောင်းလာတယ်။ အင်းကလဲ ကောလာ တယ်ပေါ့။ နောက်တော့ လယ်တီဆရာတော် ဘုရားကြီးရောက်လာပြီး လောကမာရဇိန်ဘုရား ကို ကျောပေးလျက် အင်းကိုမျက်နှာမူပြီး နေ့စဉ် တရားအားထုတ်ခဲ့တယ်။ နေဝင်ချိန်တိုင်း ဆရာ တော်ကြီး ပျောက်ပျောက်သွားလို့ တပည့်တွေက လိုက်ရှာရင် ဆရာတော်ကြီး မလှမ်းမကမ်းမှာ ကျားသစ်ကြီးနှစ်ကောင် ဝပ်ပြီး ဖူးမြော်နေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကြီး နှစ်ပေါင်း များစွာ တရားအားထုတ်ခဲ့တဲ့ နေရာဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဆရာတော်နဲ့ ကုလားလူမျိုး၊ မြန် မာလူမျိုးတွေ စုပေါင်းပြီး Óဏ်တော်ပေ ၃ဝ ထပ်မြှင့်တည်ခဲ့တာ၊ ဘွဲ့တော်ကို မူလဘွဲ့တော်ပဲ မှည့်ခေါ်ခဲ့တာပါ''ဟု ပြောသည်။

ယခင် လောကမာရဇိန်ဘုရား တည်ရှိရာ နေရာတွင် ကိုလိုနီခေတ်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သော ဟိန္ဒူလူမျိုးများ၊ မြန်မာလူမျိုး များသည် ဒေါနပန်းပင်များစိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းပြုခဲ့ရာ နေရာဖြစ်သောကြောင့် ဒေါနခြံရပ်ကွက်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရ သည်။

Yangon Media Group
အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓ ဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ်ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကွင်းလယ်ဒိုင်ကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်အသင်းမန်နေဂျာကို ထုတ်ပယ်

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် ဟံသာဝတီ ယူနိုက်တက်နှင့် ရခိုင်ယူနိက်တက် အသင်းတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးကို လက်သီးဖြင့် ထိုးခဲ့သည့် ရခိုင်ယူနိုက်တက် အသင်းမန်နေဂျာ ကို ထုတ်ပယ်လိုက်ကြောင်း ယင်းအသင်း အမှုဆောင် အရာရှိ ဦးရဲလှိုင်ဝင်းက ပြောကြားသည်။

ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်

Photo: ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်
Monday, March 31, 2014

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

ယင်းအဖွဲ့များသည် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးတွင် ဝင်ရောက် ဖမ်းဆီးသည်ကို တွေ့လျှင်ဖြစ်စေ၊ သတင်းရရှိလျှင် ဖြစ်စေ၊ ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းကာ သက်သေ အထောက်အထား ခိုင်လုံမှု ရှိစေရန် မှတ်တမ်းဓာတ်ပုံ ရယူစေခြင်း၊ သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနများသို့ သတင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောကြားသည်။
“မေလ ပထမပတ်မှာ စဖွဲ့ဖြစ်မယ်။ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတိုင်းမှာ ဖွဲ့စည်းသွားမယ်။ ကမ်းနီး ငါးဖမ်းကွက်ကို ကိုယ့်ဟာကိုယ် စောင့်ရှောက် ကာကွယ်နိုင်အောင် လုပ်ဆောင်တာပါ” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအေး မေးမြန်းခဲ့သည့် ဥပဒေမဲ့ တရားမဝင် ငါးဖမ်းနေမှုများအပေါ် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန အနေနှင့် မည်ကဲ့သို့ ထိရောက်စွာ စစ်ဆေးကြပ်မတ် အရေးယူနေသည်ကို သိရှိ လိုပါကြောင်းနှင့် အဆိုပါ စစ်ဆေး ကြပ်မတ်မှုများ မထိရောက်ပါက အနာဂတ် သယံဇာတများ မပြုန်းတီးရေးနှင့် ကမ်းနီး ရေလုပ်သားများ ရှေ့ရေးအတွက် ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဝန်ကြီးမှ ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပါကျဉ်းကျန် ပိုက်ကွက် (ခြင်ထောင်ဇာ) ဖြင့် ငါးဖမ်းဆီးခြင်း၊ စည်းကမ်းမဲ့ ကမ်းဝေးဝါးလတ်၊ ဝါးတန်းလှေများမှ ကမ်းနီး လုပ်ကွက်တွင် ဖမ်းဆီးခြင်း၊ ဗုံးခွဲလှေများဖြင့် ငါးဖမ်းဆီးခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကြောင့် ရေသယံဇာတများ ရှားပါးလျက် ရှိသည့်အပြင် ကမ်းနီး လှေငယ်များ၏ ငါးဖမ်း ကိရိယာများ ပျက်စီးဆုံးရှုံးခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဦးထွန်းအေးက ပြောဆိုသည်။
“တရားမဝင် ငါးခိုးဖမ်း လှေများကို အချိန်မီ ဖမ်းဆီးနိုင်ရေးကို ပင်လယ်ပြင် စိုးမိုးရေးတပ်များ၊ တပ်မတော် (ရေ) တပ်များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ကမ်းဝေး ငါးဖမ်းစက်လှေများသည် စက်လှေ နံပါတ်ပြားများကို သံပြားများဖြင့် ဖုံးအုပ်ကာ ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းဆီးခြင်း၊ အမှောင်ကို အမှီပြုကာ ညအချိန်များတွင် ဝင်ရောက်လေ့ ရှိခြင်းကြောင့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူရန် အခက်ကြုံတွေ့ရသည်ဟု ရေလုပ်သားများက ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း တရားမဝင် ထိုင်းငါးခိုး ဝါးလတ်တစ်စီး၊ ထိုင်းစာတန်းပါ ငါးခိုးလှေတစ်စီး၊ ထိုင်း ကဏန်းဖမ်းလှေ တစ်စီး၊ ဗုံးခွဲလှေသုံးစီး၊ အမည်မဲ့ ဗုံးခွဲလှေ နှစ်စီး၊ တရွတ်ဆွဲလှေ ၄စီး၊ ထိုင်းငါးကဲ့လှေနှစ်စီး၊ ငါးသယ်လှေ နှစ်စီး၊ ဝါးလတ် နှစ်စီး၊ ပါကျဉ်း ကျန်ပိုက်ပါစည်းပျက်လှေ လေးစီး၊ ကမ်းဝေးစည်းပျက်လှေ တစ်စီး၊ ပြည်ပ ကျူနာငါးခိုးလှေငါးစီး၊ စည်းပျက် တရွတ်ဆွဲပိုက် တစ်စီး၊ ဝိုင်းချုပ် စည်းပျက်လှေ တစ်စီး၊ စည်းပျက်လှေ နှစ်စီးတို့ကို ဖမ်းဆီးရမိပြီး တည်ဆဲ ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါ လွှတ်တော် အစည်းအဝေးထံမှ သိရှိရသည်။

The Voice Weekly
ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ေ ရာက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား

Photo: တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား
Monday, March 31, 2014

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာသဖြင့် အဆိုပါ တရားမဝင် ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“သတ္တုမတူးဖော်ရတဲ့ ကန့်သတ် မြေနေရာတွေက လွဲရင် တရားဝင် လျှောက်ထားခွင့် ပြုထားတယ်။ ခိုးတူးရင် စိစစ်ဖော်ထုတ် အရေးယူသွားမယ်” ဟု ဝန်ကြီး ဦးသန်းစိုးမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သစ်ပင်ကြီးများ ပေါက်ရောက်သော ဒေသများ၊ ဓမ္မတာ မျိုးဆက် ဧရိယာများ၊ ရေဝေရေလဲ ဧရိယာများကို ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့် မပြုသည့်အပြင် ပုသိမ်ကြီး မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဓာတ်သတ္တု တူးဖော်ခွင့် မပြုတော့ကြောင်း၊ အဆိုပါ ကန့်သတ်နေရာများတွင် တူးဖော်နေသူများနှင့် လုပ်ပိုင်ခွင့် လျှောက်ထားခြင်း မရှိဘဲ ဓာတ်သတ္တု ခိုးယူတူးဖော်သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့များက စိစစ်ဖော်ထုတ်ပြီး သတ္တုတွင်း ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အခြား ဓာတ်သတ္တုထွက်သော နေရာများတွင် သတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရန် သတ္တုတွင်း ဥပဒေများနှင့်အညီ အကြီးစားလုပ်ကွက်၊ အလတ်စား လုပ်ကွက်များ ချပေးကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“တရားမဝင် ခိုးပြီး သတ္တုထုတ်ယူတာကတော့ ဒေသခံတွေ အများစုပါ။ တရားဝင် လုပ်ငန်းရှင်တွေကတော့ ခိုးတူးစရာမှ မလိုဘဲ။ သူတို့ကလည်း ဒီအလုပ်မှ မလုပ်ရရင် လုပ်ကိုင်စားစရာမှ မရှိတာ။ အရင်ကတော့ တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေ ဒေသခံတွေကို ချပေးမယ်ဆိုပြီး အခုထိ ချမပေးသေးတော့ လုပ်စရာမရှိလို့ ခိုးတူးနေကြတာပါ” ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် လင်းသန့် သတ္တုတူးဖော်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်သတ္တုတူးဖော်ရေး လုပ်ကိုင်နေကြသည့် ဒေသများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဥ့်ကူး၊ ပြင်ဦးလွင် စသော ဒေသများတွင် မိရိုးဖလာအရ ရွှေတူးဖော်ရေး လုပ်ငန်းများကို အများစု လုပ်ကိုင်နေကြပြီး အဆိုပါ အလုပ်ကို လုပ်ကိုင်နေကြသည့် လူအများစုမှာ လိုင်စင်မရှိဘဲ ရွှေထွက်သည့် ဒေသများသို့ အုပ်စုလိုက် ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာ သဖြင့် အဆိုပါ တရားမဝင်ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ် အုပ်ချုပ်ရေးမှူး များ မှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

Photo: မိုင်ယာမီ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့ ဆုံတွေ့မည်

March 31, 2014

အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ စပိန်တင်းနစ် ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယား တင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံ ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် နာဒယ်လ်သည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ၎င်းနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ဖြစ်သူ သောမက်စ်ဘာဒိုက်ခ်ျမှာ ဒဏ်ရာရရှိပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ အလားတူ သီးခြား ဆီမီးဖိုင်နယ်ပွဲစဉ် တစ်ခုတွင် ဂျိုကိုဗစ်သည် ပြိုင်ဘက်ဖြစ်သူ ကေနီရှီကိုရီမှာ အစာအိမ်ရောဂါကြောင့် ပြိုင်ပွဲမှ ထွက်ခွာသွားသဖြင့် ဗိုလ်လုပွဲစဉ်သို့ အလို အလျောက် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် နာဒယ်လ်နှင့် ဂျိုကိုဗစ်တို့သည် တင်းနစ် ချန်ပီယံ ပြိုင်ပွဲ တစ်ခု၏ ဆီမီးဖိုင်နယ် ပွဲစဉ်တို့တွင် ယှဉ်ပြိုင်ခြင်း မရှိဘဲ ဗိုလ်လုပွဲစဉ်သို့ တစ်ပြိုင်တည်း အလို အလျောက် တက်ရောက်လာသည့် ATP သမိုင်းတွင် ပထမဆုံးသော တင်းနစ် ကစားသမားများ ဖြစ်လာ သည်ဟု သိရသည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု မိုင်ယာမီမြို့၌ ကျင်းပမည့် မိုင်ယာမီ ATP မာစတာ တင်းနစ်ချန်ပီယံ ပြိုင်ပွဲ ဗိုလ် လုပွဲစဉ်တွင်ကမ္ဘာ့နံပါတ်တစ်အဆင့်ရှိ စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်လ်နှင့် ကမ္ဘာ့နံပါတ်နှစ် အဆင့်ရှိ ဆားဘီးယားတင်းနစ် ကစားသမား နိုဗက်ဂျိုကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်ကြော င်း သိရ သည်။

မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား

Photo: မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား
Monday, March 31, 2014

မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံ တောင်သူ ၅၀ ဦးခန့်ထံမှ မြေဧကပေါင်း ၁၄၂ ဒသမ ၇၈ ဧက သိမ်းဆည်းခဲ့ပြီး မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက ပေ ၈၀၊ ပေ ၆၀ ရှိသည့် မြေကွက်နှစ်ကွက် ပြန်လည် ရရှိမည်ဟု တာဝန်ရှိသူများနှင့် သဘောတူထားသူ ၃၇ ဦးရှိရာ ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။
“ဒီမြေတွေက စိုက်ပျိုးလို့ မကောင်းတဲ့အတွက် အစပိုင်းကတည်းက မြို့ကွက်သစ် ရိုက်ဖို့ အားလုံးနီးပါး သဘောတူညီခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အုံတုံပင် ကျေးရွာက ဒေသခံ ၁၃ ဦးက သဘောမတူဘူး ဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ လုပ်ပါတယ်။ စပြောတုန်းကတည်းက ထန်းပင်အတွက် လျော်ကြေး မပါပါဘူး။ အခုတော့ ထန်းတစ်ပင်အတွက် လျော်ကြေး ကျပ်တစ်သောင်းခွဲ ပေးမယ်လို့ ကြားတယ်” ဟု မြို့ကွက်သစ် စီမံကိန်း ဖော်ဆောင်ရန် သဘောတူသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ရဲတပ်ရင်း(၂၈) မှာ မုံရွာ- ပုသိမ် ကားလမ်းမကြီး၏ အနောက်ဘက်တွင် ရှိပြီး သိမ်းဆည်းခဲ့သည့် မြေဧက ၁၄၂ ဒသမ ၇၈ ဧကအနက် ဧကပေါင်း ၈၀ ကျော်သုံးစွဲမည် ဖြစ်ကြောင်း၊ မြို့ကွက် သစ်အတွက် ဧက ၅၀ ကျော် ပြန်လည် အသုံးပြုမည်ဖြစ်ကာ ယခင်က လျော်ကြေးပေးရန် သဘောတူညီမှု မရှိခဲ့သော်လည်း ထန်းပင်တစ်ပင်လျှင် တစ်သောင်း ငါးထောင်ကျပ် လျော်ကြေးပေးမည် ဖြစ်ကြောင်း ယင်းစီမံကိန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းယာမြေများပေါ်တွင် မြို့ကွက်သစ် ဖော်ဆောင်၍ အကွက်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးရန် ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြေပိုင်ရှင် ၄၁ ဦး စုပေါင်း လက်မှတ်ထိုး၍ တိုင်းအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ် တင်ပြခဲ့ကြောင်း၊ မြေပုံအညွှန်းအရ ယခု မြေယာများမှ အကွက်ရိုက်လျှင် အကွက်ပေါင်း ၃၃၄ ကွက်ရမည်ဟု မြေယာ ပြန်လည် ချထားပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းက ပြောဆိုသည်။

မတ်လ ပထမပတ်အတွင်းက ထန်းပင်များ ဖြိုလှဲခံရခြင်း၊ မြေယာ ညှိခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်မှုကို ကန့်ကွက်သည့် အုံတုံပင် ဒေသခံများနှင့် မတ်လ ဒုတိယပတ်တွင် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မတ်လ အတွင်း၌ပင် မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းရမ်း စားသောက်သည့် ပုံသဏ္ဌာန်များလည်း ပြုလုပ်ခဲ့ကြသည်။

The Voice Weekly
မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေ လိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ဆရာတော်ဦးဝီရသူက နိုင်ငံသား အစ္စလာမ်ဘာသာအသိုင်းအဝိုင်း ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟုကြေညာ

အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံအပေါ် သစ္စာစောင့်သိမှုကို အခြေခံသည့် ''နိုင်ငံသား'' အစ္စလာမ် ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဧပြီ ၁ စဖွင့်မည်

Photo: အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဧပြီ ၁ စဖွင့်မည်
Monday, March 31, 2014 

မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်သူများအနက်မှ အများဆုံး အခွန်ထမ်းဆောင်သူများနှင့် အခွန်ထမ်းကြီးများ စာရင်းတွင် ပါဝင်သင့်သော ကုမ္ပဏီကြီးများကို ကိုယ်တိုင် စည်းကြပ်စနစ်နှင့် အခွန်ကောက်ခံရန် ရည်ရွယ်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါရုံးကို အခွန်ထမ်းကြီးများ အများဆုံးရှိနိုင်သည့် ရန်ကုန်မြို့တော် ပန်းဆိုးတန်းလမ်းရှိ GEC ရုံးနေရာတွင် ဖွင့်လှစ်မည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန နည်းပညာ အကူအညီပေးရေးရုံးမှ အကြံပေးတစ်ဦးလည်း ရုံးထိုင်မည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

အခွန်ထမ်းကြီးများ စာရင်းတွင် မပါဝင်သော်လည်း ပွင့်လင်းမြင်သာမှု ရှိပြီး အခွန်ကို တိတိကျကျ ပေးဆောင်မှု ရှိသူများအနေနှင့် ကိုယ်ပိုင်သဘော ဆန္ဒနှင့် ပူးပေါင်း ဆောင်ရွက်လိုပါက အဆိုပါ စာရင်းတွင် ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါရုံးတွင် အခွန်ထမ်းကြီးများကို အခွန်ထမ်း တစ်ဦးချင်း၏ အချက်အလက်များ ပါဝင်သည့် TIN (Tax-payer Identification Number) ထုတ်ပေး၍ ကိုယ်တိုင် အခွန်စည်းကြပ်စနစ်ကို စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

အခွန်ထမ်းကြီးများစာရင်း၌ ပါဝင်သင့်သည့် အခွန်ထမ်းများ စာရင်းတွင် အခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်သူများ၊ ပွင့်လင်းမြင်သာမှု ရှိပြီး တာဝန်ခံမှု ပိုများသော အများပိုင် ကုမ္ပဏီများကို ထည့်သွင်းမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် တစ်နိုင်ငံလုံး ဂျီဒီပီနှင့် အခွန်အချိုး မြင့်တက်ရန်နှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုကို ခေတ်မီစနစ်သစ် ပြောင်းလဲရန် ဆောင်ရွက်လျက် ရှိပြီး အခွန်ရုံးများကို အခွန်ထမ်း အမျိုးအစားအလိုက် ခွဲခြားကာ လုပ်ငန်းတာဝန် အခြေခံ ဖွဲ့စည်းထားသော ရုံးအဖြစ် အသွင်ကူးပြောင်းရေးကို စတင်လုပ်ဆောင်မည် ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် အခွန်ထမ်းဆောင်သူများအနက်မှ အများဆုံး အခွန်ထမ်းဆောင်သူများနှင့် အခွန်ထမ်းကြီး များ စာရင်းတွင် ပါဝင်သင့်သော ကုမ္ပဏီကြီးများကို ကိုယ်တိုင် စည်းကြပ်စနစ်နှင့် အခွန်ကောက်ခံရန် ရည်ရွယ်သည့် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ဧပြီလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် မည် ဖြစ်ကြော င်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန်း၌ လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ(၁၈)ဖြင့်အရေးယူ

မန္တလေး၌ လျှပ်စစ် မီတာခ လျှော့ချရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူလေးဦးကို မတ် ၂၈ ရက်တွင် ချမ်း အေးသာဇံ မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ ကြောင်း အမှတ်(၈)ရဲစခန်းရှိ တာဝန်ရှိသူ များထံမှ သိရသည်။
မတ်လ ၂၇ ရက် ညနေပိုင်းက ဖြစ်ပေါ်ခဲ့သည့် လျှပ်စစ်မီတာခလျှော့ချရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော်ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ ခံရခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ လေးဦး အား ညတွင်းချင်း အမှတ်(၈) မြို့မရဲစခန်းမှ တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

ထိရှလွယ်သည့်ဒေသများတွင် INGO များ ဆင်ဆင်ခြင်ခြင်လုပ်ကိုင်ရန် ဦးရဲထွဋ်တိုက်တွန်း

Photo: ထိရှလွယ်သည့်ဒေသများတွင် INGO များ ဆင်ဆင်ခြင်ခြင်လုပ်ကိုင်ရန် ဦးရဲထွဋ်တိုက်တွန်း
Monday, March 31, 2014

ရခိုင်ပြည်နယ်ကဲ့သို့ သော ထိရှလွယ်သည့်ဒေသများတွင် INGO များအနေဖြင့် သတိထား၍ ဆင်ခြင်ဆောင် ရွက်သင့်သည်ဟု နိုင်ငံတော် သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တိုက်တွန်းပြော ကြားခဲ့သည်။

မတ် ၂၉ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရရုံး၌ ဦးရဲထွဋ်နှင့် တွေ့ဆုံ စဉ် သတင်းထောက်များက ရခိုင်ပြည်နယ် တွင် ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်သည်များကို မေးမြန်းရာ' INGO တွေအနေနဲ့ ထိခိုက်ရှလွယ်တဲ့ ဒေသတွေ မှာ ဆင်ဆင်ခြင်ခြင်လုပ်ဖို့လိုတယ်။ INGO တွေရဲ့မူအရအဖွဲ့အစည်းတစ်ခုရဲ့သင်္ကေတ ကို ထားလို့မရဘူးဆိုတာ မှန်ပါတယ်။ ဒါ ပေမယ့် ဒေသရဲ့ထိခိုက်ရှလွယ်မှု ကို သိရ မယ်။ သူကိုယ်တိုင်သွားလုပ်တော့ နားလည် မှု လွဲတာပေါ့။ အမှန်က အိမ်ရှင်ကို ပြောရ မယ်။ သာသနာရေးအရ တာဝန်ရှိသူတွေ ကို နားလည် အောင်ရှင်းပြပြီးမှ လုပ်မယ်ဆို ရင် ဒီလိုမဖြစ်ဘူး''ဟု ဦးရဲထွဋ်က ပြောကြား ခဲ့သည်။

INGO အားလုံးသည် ဘက်မ လိုက်မှုနှင့် လူသားချင်းစာနာမှုကို မူဝါဒ အ တိုင်း ဆောင်ရွက်နေသော်လည်း ဝန်ထမ်း တချို့တွင် အားနည်းချက်ရှိနေကြောင်း၊ ယင်း ကိစ္စကိုဖြေရှင်းရန် နည်းလမ်းများလည်း ရှိ ကြောင်း၊ သို့သော်ဖြေရှင်းနည်း မမှန်ကန် သောကြောင့် မိမိတို့လူမျိုး၏ပုံရိပ်ကို ထိခိုက် စေနိုင်ကြောင်း၊ တစ်ဖက်ကျူးလွန်သူ၏ပုံ ရိပ်က ပျောက်ကာ ကိုယ်ကအပြစ်ဖြစ်သွား ကြောင်း တို့ကို လည်း ထောက်ပြပြော ဆိုခဲ့ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ရ ခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုးက ''ဒီကိစ္စကို တစ်စုံတစ်ယောက် ရဲ့ ပယောဂများလားဆိုပြီး ကျွန်တော် သံသ ယဖြစ်မိတယ်။ သန်းခေါင်စာရင်း သပိတ် မှောက်ဖို့ လုပ်နေတဲ့အချိန်မှာ ဒီပြဿနာက ဗြုန်းကနဲ ထဖြစ်တာဆိုတော့ ပိုပြီးသံသယ ဝင်တယ်''ဟု ယင်း၏ထင်မြင်ချက်ကို ပြော ကြားခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မတ် ၂၆ ရက်တွင်ြေူအနမျနမ ဝန်ထမ်း အမျိုး သမီးတစ်ဦးက သာသနာ့အလံဖြုတ်သည့် ကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Yangon Media Group
ရခိုင်ပြည်နယ်ကဲ့သို့ သော ထိရှလွယ်သည့်ဒေသများတွင် INGO များအနေဖြင့် သတိထား၍ ဆင်ခြ င်ဆောင် ရွက်သင့်သည်ဟု နိုင်ငံတော် သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တိုက်တွန်းပြော ကြားခဲ့ သည်။

မိတ္ထီလာ ဆိုင်ကယ်ဈေးကွက်တွင် တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ကျဆင်း

သင်္ကြန်ပွဲတော်နီးသည့် ကာလများ၌ အရောင်းအဝယ် ကောင်းလေ့ရှိသည့် မိတ္ထီလာ မော်တော် ဆိုင်ကယ် ဈေးကွက်တွင် တစ်ပတ်ရစ် ဆိုင်ကယ် အရောင်းအဝယ်မှာ အဆိုးဝါးဆုံး ကျဆင်းနေကြောင်း ဆိုင်ကယ် ဝယ်ရောင်းလုပ်ငန်းများ၊ ဆိုင်ကယ် ပွဲစားတန်းများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မှမြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြသူများ ပြည်မြို့သို့ရောက်ရှိ

Photo: ရန်ကုန်မှမြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြသူများ ပြည်မြို့သို့ရောက်ရှိ
Monday, March 31, 2014

မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ် ဆိုင်းရေးအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှဦးဆောင် ၍တက်ကြွလှုပ်ရှားသူ ၈ဝခန့်သည် ယခုလ၂၃ရက်မှစတင်ထွက်ခွာလာ ရာ လမ်းခရီးရှိ တိုက်ကြီး၊ သာယာ ဝတီ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့ များကိုဖြတ်သန်း၍ ပေါင်းတည်၊
ရွှေတောင်မြို့တို့မှတစ်ဆင့် ဆက် လက်ထွက်ခွာ၍ ယနေ့မွန်းတည့် ၁၂နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိခဲ့သည်။

''ဒီမြစ်ဆုံစီမံကိန်းက ကျွန် တော်တို့ မြန်မာနိုင်ငံအတွက်အကျိုး မရှိဘူးလို့ထင်ပါတယ်။ စီမံကိန်း ကြောင့် ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ဂေဟစနစ်တွေပျက်စီးနိုင်ပါတယ်။ အခု CPI ကုမ္ပဏီကမြစ်ဆုံစီမံကိန်း ကိုစတင်ဖို့ကြိုးစားနေချိန်မှာ ဒီ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်း ရေးအတွက် အခုလိုလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်ပါတယ်''ဟုရန်ကုန် မြို့မှစတင်၍ အဖွဲ့တွင်ပါဝင်သူ ဦးသီဟကရှင်းပြသည်။

ရန်ကုန်မြို့မှ မြစ်ဆုံသို့လမ်းလျှောက်သူများ နှင့်အတူ ပြည်မြို့ရှိ နိုင်ငံရေး
တက် ကြွသူများပါပူးပေါင်းပါဝင်၍ပြည် မြို့တွင်းသို့လမ်းလျှောက်ခဲ့ပြီးခေတ္တ တည်းခိုမည့် ပြည်မြို့ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ အနောက် ဘက်မုခ်အနီးရှိ သတ္တဌာနဘုန်းကြီး ကျောင်းဝင်းသို့ ရောက်ရှိရပ်နားခဲ့ သည်။ ၄င်းတို့ခေတ္တရပ်နားသည့် သတ္တဌာနကျောင်းဝင်းသည် လွန်ခဲ့ သော ၁၃ဝဝပြည့်အရေးတော်ပုံ ရေနံမြေသပိတ်တပ်သားများချောက် မြို့မှ ရန်ကုန်မြို့အရောက်ချီတက် စဉ် ဝင်ရောက်ရပ်နားသွားသော သမိုင်းဝင်အောင်မြေနေရာဖြစ်သည်။

The Union Daily
မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ် ဆိုင်းရေးအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှဦးဆောင် ၍တက်ကြွလှုပ်ရှားသူ ၈ဝခန့်သည် ယခုလ၂၃ရက်မှစတင်ထွက်ခွာလာ ရာ လမ်းခရီးရှိ တိုက်ကြီး၊ သာယာ ဝတီ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့ များကိုဖြတ်သန်း၍ ပေါင်းတည်၊ ရွှေတောင်မြို့တို့မှတစ်ဆင့် ဆက် လက်ထွက်ခွာ၍ ယနေ့မွန်းတည့် ၁၂နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိခဲ့သည်။

နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်

Photo: နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်
Monday, March 31, 2014

(၁) ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်း မယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်းအတိုင်း ချေမှုန်းခဲ့ပါတယ်။ ဒီနေ့အချိန်မှာ BCP က ပျက်သုဉ်းသွားပြီး KNU က ယိုင်နဲ့နဲ့ ဖြစ်နေပါပြီ။

ဖြတ်လေးဖြတ်ဆိုတာ ကိုယ့်ရဲ့ရန်သူကို ရိက္ခာမရှိအောင်၊ ဘဏ္ဍာငွေ မရှိအောင်၊ သတင်းအဆက်အသွယ်၊ လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိအောင် ဖြတ်တောက်တားဆီးပြီး အင်အားချည့်နဲ့အောင် ပြု လုပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ရန်သူကို ချေမှုန်းတဲ့ အခါ ဖြတ်လေးဖြတ်နည်းကိုပဲ အာဏာရှင်တွေ တောက်လျှောက် သုံးခဲ့ပါတယ်။ စစ်ဆင်ရေးတွေ အသုံးပြုခဲ့သလို စိတ်ဓာတ်စစ်ဆင်ရေး အပါအ၀င် နိုင်ငံရေးနယ်ပယ်က သူတွေကိုလည်း ဖြတ်လေးဖြတ်နည်းနဲ့ အင်အားချည့်နဲ့အောင် လုပ်ခဲ့တယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလလို့ ကြွေးကြော်ထားတဲ့ ဒီနေ့ကာလမှာလည်း ဦးနေ၀င်း မျိုးစေ့ချပေးခဲ့တဲ့ ဖြတ်လေးဖြတ်နည်းကို အာဏာရှင်တွေက အသွင်ပြောင်း သုံးစွဲလာတာ တွေ့နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေထဲက အချို့သောသူတွေဟာ ရပ်တည်ချက် မခိုင်မာတော့ပါဘူး။ ကိုယ်ရပ်တည်ရှင်သန်ရေး တစ်ခုတည်းကိုကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုမယ့် ခြေလှမ်းတွေ မြင်လာရပါတယ်။

(၂)
အာဏာရှင်တွေရဲ့ ခေတ်သစ်ဖြတ်လေးဖြတ် နည်းဗျူဟာမှာ ခရိုနီတွေက အဓိကကျပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ငွေရှိမှ လုပ်ချင် တာ ဖြစ်နိုင် မယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေကြား အရင်ရိုက် သွင်းပါတယ်။ အခြားတစ်ဖက်မှာတော့ ငွေလိုအပ်နေတဲ့ နိုင်ငံရေးသမားတွေကို ငွေမရှိအောင် ပိတ်ဆို့ခဲ့ပါတယ်။

ဘဏ္ဍာရေး အခက်အခဲကြုံတဲ့ နိုင်ငံရေးသမားတွေအတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခုက နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီက ထောက်ပံ့တာကို လက်ခံတာ ဖြစ်ပါ တယ်။ နောက် တစ်ချက်က ခရိုနီတွေကတစ်ဆင့် ကမ်းလှမ်းလာတဲ့ ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေကို လက်ခံတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံး ကို ရွေးချယ်မှုမလုပ်ဘဲ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိသလို နည်းလမ်းနှစ်ခုစလုံးကို ရွေးချယ်လိုက်သူတွေ ရှိပါတယ်။ တချို့က ခရိုနီအောက်ကိုမ၀င်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ထောက်ပံ့ငွေ ကိုယူပြီး ရပ်တည်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဆီက သက်သာခွင့်တွေရပြီး အခွင့်ထူးခံတွေ ဖြစ်ခဲ့တဲ့ ခရိုနီတွေက အာဏာရှင်တွေအလိုကျ နည်းလမ်းကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေနဲ့ မီဒီယာက အရေးပါတဲ့နေရာမှာ ရှိပါတယ်။ အာဏာရှင်တွေ က နိုင်ငံရေးသမားတွေနဲ့ မီဒီယာကို တိုက်ရိုက်ထိန်းချုပ်တာမျိုး မလုပ်တော့ပါဘူး။ သူတို့ရဲ့ လက်ဝေခံ ခရိုနီတွေကတစ်ဆင့် ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

(၃) ဒီသုံးနှစ်တာကာလကို ပြန်ကြည့်မယ် ဆိုရင် ခရိုနီတွေ ဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ခဲ့ကြပါတယ်။ ရပ်တည်ချက် အခိုင်အမာဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာတောင် ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိနေပါပြီ။ NLD ပြီးရင် ပြည်သူလူထုက ယုံကြည်မျှော်လင့်မှု အများဆုံးထားခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှာလည်း ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိခဲ့ပါတယ်။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့ငွေကိုလည်း သူတို့တွေ ရရှိထားပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေပေးပြီး ချဉ်းကပ်ဝင်ရောက်နေကြတဲ့ ခရိုနီတွေထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ ထိပ်ဆုံးရောက်နေ တာက ရွှေသံလွင် ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်သုံးစကားက လှူဒါန်းငွေဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲမှာ ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပါတယ်။ ဒါ့အပြင် လေလံတင်ရောင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒီအချိန်နောက်ပိုင်း NLD ကပြုလုပ်တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွေကို ရွှေသံလွင်ပိုင်တဲ့ ရွှေထွဋ်တင်ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာပဲ ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲမှာလည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့တဲ့ ဂစ်တာကို ရွှေသံလွင် ကုမ္ပဏီကပဲ လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။

၂၀၁၃ မှာလုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှာ လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေး ဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါ တယ်။ ဒီနောက်မှာ ထင်သာမြင်သာမရှိတဲ့ ထောက်ပံ့မှုတွေလည်း ရှိနေနိုင်ပါတယ်။

(၄) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းနဲ့ ပတ်သက် ရင် ပြည်သူလူထုရဲ့ အားမလိုအားမရဖြစ်တဲ့ အသံတွေက ကျယ် ကျယ်လောင်လောင် ထွက်နေခဲ့ပါတယ်။ သူတို့လွတ်ခါစ မှာ ပြည်သူလူထုက မျှော်လင့်ခဲ့ပေမဲ့ အခုချိန်မှာ အားမဲ့နေပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆုံးဖြတ်ချက်တွေ ချခဲ့ကြပါတယ်။ ဒီအချိန်အထိ အဲဒီဆုံးဖြတ်ချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးပါဘူး။ ပြည်သူလူထု အဓိကရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေမှာလည်း သူတို့ရဲ့ ၀င်ရောက်ရပ်တည်ပေးမှုက အားပျော့နေပါတယ်။

ဒီကြားထဲမှာပဲ အဖွဲ့တွင်း ငွေကြေးကိစ္စတွေ ရှိနေခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ ဆိုတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ကို မကြာသေးခင်က ရေးခဲ့ပါတယ်။ News Watch ဂျာနယ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက ငွေကြေးအရှုပ်အရှင်းတွေကိုသူက ဖွင့်ထုတ်ခဲ့ပါတယ်။

လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် နာမည်ကောင်းမရှိလှတဲ့ (Open Society Foundations-OSF) ရဲ့ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာတဲ့အခါ ၈၈ ကျောင်းသားတွေနဲ့ တွေ့ခဲ့ပါတယ်။ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့တယ်၊ ဒီလိုရခဲ့တာကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်တွေကို မပြောတဲ့အတွက် မေးခွန်းထုတ်မှုတွေကြုံပြီး ဖြေရှင်းမှုတွေ လုပ်ခဲ့ရတယ်၊ နောက်ဆုံး စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရတယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

(၅)
ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားတွေနဲ့ ငွေကြေးကိစ္စဟာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာခဲ့ပေမဲ့ သူတို့ရဲ့ အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နဲ့ ဆင်တူတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ပေးခဲ့တာကို မေးခွန်းထုတ်သူတွေ ရှိခဲ့ပါတယ်။

အခု နောက်ဆုံးမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အစိုးရခရိုနီ ရွှေသံလွင်ကုမ္ပဏီတို့အကြား ဆက်နွှယ်မှုတွေအပေါ် မေးခွန်းထုတ်လာကြပါပြီ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ မင်္ဂလာဆောင် လုပ်ခဲ့တာကလွဲလို့ တခြားကြီးကြီးမားမား မင်္ဂလာဆောင်တွေ လုပ်ခဲ့တာ မရှိပါဘူး။

ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလုပ်တာက ပြဿနာမ ဟုတ်ပါဘူး။ နိုင်ငံရေးသမားတစ်ဦးက ရွှေသံလွင်ကုမ္ပဏီပိုင်တဲ့ Sky Star ဟိုတယ်မှာ ဘာကြောင့်လုပ်တာလဲ ဆိုတာက မေးခွန်းဖြစ်နေပါတယ်။ ဦးကိုကိုကြီးနဲ့ နီးစပ်သူတွေက ဈေးသက်သာလို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Sky Star ဟိုတယ်ရဲ့ မင်္ဂလာဧည့်ခံပွဲစရိတ်က ဈေးသက်သာတဲ့ ဟိုတယ်တွေစာရင်းမှာ မပါပါဘူး။ ဈေးနှုန်းသက်သာခွင့် အခွင့်အရေး ပေးခဲ့သလားဆိုတာ မေးစရာရှိပါတယ်။ ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးတယ်ဆိုရင် ဒါဟာ လာဘ်ထိုးမှု ဖြစ်ပါတယ်။

(၆)
အာဏာရှင်တွေရဲ့အိမ်ကို အခုချိန်အထိ ၀င်ထွက်ပြီး အခွင့်အရေးတွေ ယူနေဆဲဖြစ်တဲ့ ခရိုနီတွေက ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးသမားတွေကို ချဉ်းကပ်နေတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တချို့ခရိုနီတွေဆိုရင် အာဏာရှင်တွေကို တစ်ဖက်မှာ ခြေဆုပ်လက်နယ်ပြုပြီး တစ်ဖက်မှာလည်း နိုင်ငံရေးသမားတွေနဲ့ အနီးကပ်နေထိုင်၊ အခွင့်အရေးတွေပေးပြီး ဟိုစကားဒီပို့၊ ဒီစကားဟိုပို့ လုပ်နေကြသူတွေပါ။

ခရိုနီပဲဖြစ်ဖြစ်၊ စီးပွားရေးသမားကြီးလို့ပဲခေါ်ခေါ် ခရိုနီတိုင်းက ဆိုးတဲ့သူတွေချည်း မဟုတ်ပါဘူး။ ခရိုနီတွေထဲမှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အမည်မခံဘဲ သာမန်ပြည်သူတွေလို နိုင်ငံရေးသမားတွေကို ကူညီနေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ နောင်အစိုးရလက်ထက်မှာ ဒီနိုင်ငံရေးသမားတွေ အာဏာရလာရင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုချိတ်တာ ဖြစ်ပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လာရင် ရွှေသံလွင်ကုမ္ပဏီကို ဦးတည်ပြောနေရတာက သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ခရိုနီတချို့ သူတို့ပေးသင့်ပေးထိုက်တဲ့ အခွန်ငွေကိုပေးဖို့ ပြင်ဆင်နေချိန်မှာ ရွှေသံလွင်က ဒီလိုမဟုတ်ပါဘူး။ အခွင့်အရေးတွေကို ဆက်ယူနေတဲ့အပြင် နိုင်ငံရေးသမားတွေကို ချုပ်ကိုင်၊ မီဒီယာကို လွှမ်းမိုးပြီး အာဏာရှင်တွေအလိုကျ လုပ်ကိုင်နေတဲ့ ခြေလှမ်းတွေကို တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ စီးပွားရေးရည်မှန်းချက်အပြင် နိုင်ငံရေးရည်မှန်းချက်ပါ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

ရုပ်သံမီဒီယာကို ချုပ်ကိုင်ထားတဲ့ သူတို့ဟာ ပုံနှိပ်မီဒီယာကိုပါ ချုပ်ကိုင်ဖို့ ခြေလှမ်းပြင်ထားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ ဒီမိုကရေစီတူဒေးရဲ့ နောက်ကွယ်မှာ ရွှေသံလွင်ကုမ္ပဏီ ရှိနေပါတယ်။ ငြင်းချက်ထုတ်တာတွေ ရှိနေပေမယ့် ဒီသတင်းစာတွေကို Sky Net ရုံးခွဲတွေကတစ်ဆင့် ဖြန့်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိက သတင်းစာအများစု ရှုံးနေကြပေမဲ့ ဒီမိုကရေစီတူဒေးကို တစ်ရက်သိန်းခြောက်ဆယ် အရှုံးခံထုတ်နေပြီး စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်းကျော် အရှုံးခံပြီး ထုတ်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ ကျပ် ၂၀၀ ၀န်းကျင်ဖြစ်နေတဲ့ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ သူတို့သတင်းစာရောင်းဈေးက ကျပ် ၁၀၀ ပါ။ ဈေးကွက်ဖျက်တဲ့ သဘောပါပဲ။

ဒါဟာ ငွေကြေးအင်အား ချည့်နဲ့လာတဲ့ လွတ်လပ်တဲ့မီဒီယာတွေ ယိုင်နဲ့လာချိန်မှာ အာဏာရှင်တွေရဲ့ လက်ဝေခံခရိုနီတွေ ၀င်ရောက်နေရာယူတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

(၈)
ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းဟာ အရင်က အစိုးရလက်ထက် တာဝန်ရှိသူတွေနဲ့ ရင်းနှီးပြီး အခွင့်အရေးများစွာ ရခဲ့သူဖြစ်ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရရဲ့ ထိပ်တန်းခရီးစဉ်တွေမှာ လိုက်ပါခွင့်ရနေပြီး သူပိုင်တဲ့ Sky Net ရုပ်သံလိုင်းက နိုင်ငံပိုင်မီဒီယာတွေနဲ့ တန်းတူအခွင့်အရေး ရနေပါတယ်။

ဒါတွေအပြင် ဦးကျော်ဝင်းဟာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း စက်မှုဝန်ကြီးဌာနကို တာဝန်ယူချိန်ကရော၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာပါ ကန့်သတ်ကုန်စည်တွေဖြစ်တဲ့ ဘီယာထုတ်လုပ်ခွင့်၊ စီးကရက်ထုတ်လုပ်ခွင့် (ရွှေသံလွင်စက်မှုဇုန်တွင်) တွေကို ဦးကျော်ဝင်း ရခဲ့ပါတယ်။

နောက်ပြီး ၉၂၆ ဧကကျယ်တဲ့ စစ်တောင်းစက္ကူစက်ရုံကို တစ်လငှားရမ်းခ ကျပ်သိန်း ၁၈၀ တည်းနဲ့ လုပ်ကိုင်ခွင့်ရခဲ့ပေမဲ့ ရှုံးလို့ဆိုပြီး ငှားရမ်းခပေးသွင်းစရာ မလိုဘဲ လျှော့ပေးခဲ့တဲ့ အခွင့်အရေးရခဲ့ပါတယ်။ နောက် မြေဧရိယာ ၁၀၅ ဧကကျော် ကျယ်ဝန်းတဲ့ ဘီလင်းသကြားစက်ရုံကို တစ်လငှားရမ်းခ ကျပ်၂၅ သိန်းတည်းနဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

တစ်ဖက်မှာ ဘီယာ၊ စီးကရက်စက်ရုံ တည်ထောင်ခွင့်တွေရပြီး လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မီဒီယာအနေနဲ့ Sky Net နဲ့ Shwe FM ကို လုပ်ခွင့်ရနေပါတယ်။

Sky Net ရုပ်သံလိုင်းကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့အခါ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အကျိုးအမြတ် ခွဲဝေတဲ့အခါ စတင်ခွဲဝေတဲ့ နှစ်တွေမှာ နိုင်ငံတော်က လေးရာခိုင်နှုန်းပဲ ရခဲ့ပြီး ရွှေသံလွင်က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ် ရတဲ့အထိ အခွင့်အရေးများစွာ ရခဲ့ပါတယ်။ Sky Net ရုပ်သံလိုင်းမှာဆိုရင် တပ်မတော်ခေါင်းဆောင်ပိုင်းက ပါဝင်ပတ်သက်နေတာ ရှိသလို အဲဒီမှာရှိတဲ့ ၀န်ထမ်းအများစုက အငြိမ်းစားတပ်မတော် အရာရှိတွေ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီဟာ BOT စနစ်နဲ့ လမ်းတံတားကြေးကောက်ခံတဲ့ လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ စက်မှုဇုန်ထောင်ပြီး ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကအစ ဘတ်စ်ကားလိုင်း ပြေးဆွဲသည့်လုပ်ငန်းအဆုံး လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အဲဒါတွေအပြင် ရွှေသံလွင်ကုမ္ပဏီ နာမည်နဲ့ ရှမ်းပြည်နယ် ရွာငံမှာလည်း စိုက်ပျိုးရေးခေါင်းစဉ် အမည်ခံပြီး မြေဧရိယာ ၁၃၇၅ ဧကကျော်ကို သိမ်းယူခဲ့တယ်လို့ လွှတ်တော်အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ သင်္ဘောနဲ့ စက်သုံးဆီ မှောင်ခိုတင်သွင်းလို့ ဖမ်းခံခဲ့ရတာလည်း ရှိပါတယ်။

ပိုဆိုးတာက ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်တိမ်းရှောင်မှုတွေ ဖြစ်ပါတယ်။ ရွှေသံလွင်ကုမ္ပဏီနာမည် အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ အထိ (လက်လှမ်းမီသမျှ) တည်ထောင်လုပ်ကိုင်ခွင့်ရပြီး အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ထိပ်တန်းဝင်ငွေခွန်ဆောင်တဲ့ ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီ ၂၀ စလုံး ပါဝင်လာတာ မရှိပါဘူး။ ထိပ်တန်းကုန်သွယ်လုပ်ငန်းခွန်ဆောင်သည့် ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီတစ်ခုပဲ ပါခဲ့ပါတယ်။ နံပါတ် ၅၀၀ ဆိုတာကလည်း သိန်းတစ်ရာလောက်ပဲ ရှိတာဆိုတော့ ရွှေသံလွင်ဟာ အခွန်မဆောင်သလောက်ပါပဲ။

၁၉၉၅ ခုနှစ်လောက်က စတင်ပြီး အခုချိန်ထိ လုပ်ငန်းလုပ်ကိုင်လာတဲ့ ရင်းနှီးမြှုပ်မှုဟာ ကျွန်တော်တို့ ခန့်မှန်းရသလောက် ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိပါတယ်။ သူတို့ လက်ရှိပိုင်ဆိုင်မှုတွေအရ ပေးဆောင်မယ့် အခွန်ငွေက ဘီလျံ ၃၀ နဲ့ ဘီလျံ ၅၀ ကြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရခဲ့တဲ့ စာရင်းတွေအရ Sky Net ရုပ်သံလိုင်းဟာ စက်အလုံးရေ ငါးသိန်းကျော် ရောင်းခဲ့ပါတယ်။ ဒီပမာဏအတိုင်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ဘီလျံပေါင်းများစွာ ပေးဆောင်ရမှာပါ။ တခြားအရက်ဘီယာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ပေးဆောင်ရမှာတွေ ရှိပါသေးတယ်။

သူတို့အနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ ဘယ်လိုကိန်းဂဏန်းတွေပြပြီး လုပ်ကိုင်နေသလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ MIC က ဒီအချက်အလက်တွေကို ကောင်းကောင်းသိပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေက ဘယ်ကလာနေသလဲ။ သူတို့နောက်မှာ ဘယ်သူတွေ ရှိနေတယ်။ ငွေကြေးခ၀ါချမှု ဥပဒေကို ဘယ်လိုမျိုး လက်တစ်လုံးခြား ပြုလုပ်ထားသလဲဆိုတဲ့ ကိစ္စတွေက ဆန်းစစ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

(၉)
ဒီအချိန်မှာ တချို့ခရိုနီ လုပ်ငန်းရှင်တွေက ပြုပြင်ပြောင်းလဲလာကြပါတယ်။ အခွန်ဆောင်မှုနဲ့ CSR ကိစ္စတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အခွင့်ထူးတွေ မယူကြတော့ဘူး။ ကိုယ့်လုပ်ငန်းတွေကို ထင်သာမြင်သာရှိအောင် လုပ်လာကြတယ်။ ရွှေသံလွင်က ဒီလိုလုပ်မယ့်ပုံ မရှိသေးပါဘူး။ ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်ဆောင်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ မှားတယ်ဆိုရင် ရွှေသံလွင်ကုမ္ပဏီ၊ အခွန်ဦးစီးဌာနနဲ့ ကျွန်တော်တို့အကြား ငြင်းခုံရပါလိမ့်မယ်။ အကောင်းဆုံးကတော့ အခွန်ဦးစီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ပေါင်းပြီး AGD ဘဏ်က သတင်းစာရှင်းလင်းပွဲ လုပ်သလိုလုပ်ပြီး အများပြည်သူကို ချပြရပါလိမ့်မယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။

ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။

ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေ အပြီးမသတ်နိုင်သေးခင်မှာ အစိုးရကပေးတဲ့ ကားပါမစ်ယူခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးသိက္ခာမဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။ ဒါဟာ လတ်တလောဖြစ်ခဲ့တဲ့ သာဓကပါ။

အာဏာရှင်တွေ နောက်ကွယ်မှာရှိနေတဲ့ ခရိုနီတချို့ဟာ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက မီဒီယာတွေနေရာကို အစားထိုး ၀င်ရောက်လာပါပြီ။ သူတို့ရဲ့ ထောက်ချောက်ခြေလှမ်းတွေက နိုင်ငံရေးသမားတွေဆီကိုလည်း ဦးတည်ထားပါတယ်။

မကြာသေးမီက ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်မိန့်ခွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွေကိုကြည့်ရင် သူတို့ပြောဆိုချက်တွေဟာ အဖြစ်မှန်နဲ့ ဝေးကွာနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် အာဏာသိမ်း လုပ်ရပ်တွေဟာ မှန်ကန်တယ်ဆိုတဲ့ သဘောထားမျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတယ်။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တပ်မတော်ရဲ့ အာဏာသိမ်း လုပ်ရပ်တွေကြောင့်ပါ။ ဒါကို ကာကွယ်ရေးဦးစီးချုပ်က လျစ်လျူရှုပြီး အာဏာသိမ်းလုပ်ရပ်တွေ မှန်တယ်လို့ပြောတာဟာ အမှန်တရားကို ဖုံးကွယ်လိုစိတ် ရှိနေပြီး အမှားကို ၀န်မခံလိုတဲ့စိတ် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကြောင့် မြန်မာနိုင်ငံဟာ အချိန်မရွေး စစ်အာဏာရှင်အောက်ကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကို ပြည်သူတွေက သံသယ ရှိနေပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ခက်ခဲတဲ့ ရေဆန်ခရီးကို ဖြတ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရေစုန်ခရီးရောက်ပြီလို့ မပြောနိုင်သေးပါဘူး။ အရပ်သားအစိုးရ ပီပီပြင်ပြင် မဖြစ်သေးဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေ မရှိသေးပါဘူး။ စစ်အာဏာရှင်အောက်ကို ပြန်ရောက်နိုင်ခြေတွေလည်း ရှိနေသေးတယ်။

ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်။

ဒီလိုပါပဲ။ ပြည်သူတွေကရော ကိုယ့်ရဲ့ခေါင်းဆောင်တွေ နှောင်ကြိုးကင်းကင်းနေနိုင်အောင် ဘယ်လိုကူညီပေးကြမလဲ။ ဝေဖန်နေရုံနဲ့ တော့မဖြစ်ပါဘူး။ ဒီလိုထောင်ချောက်တွေကို နားလည်ဖို့လည်း လိုပါတယ်။

ရွှေသံလွင်မိသားစု ပိုင်ဆိုင်သည့်၊ ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီအချို့စာရင်း

၁။ Shwe Than Lwin Gems Co.,Ltd
၂။ Shwe Than Lwin Media Co.,Ltd
၃။ Shwe Than Lwin Mining Co.,Ltd
၎။ Shwe Than Lwin Trading Co.,Ltd
၅။ ECO Communication Public Co.,Ltd (trsm;ydkif)
၆။ Golden Pyit Taing Htaung Services Co.,Ltd
၇။ Golden Pyit Taing Htaung Trading Co.,Ltd
၈။ Golden Thazin Construction Co.,Ltd
၉။ It Is Myanmar Trading Co.,Ltd
၁၀။ People Media Public Co.,Ltd (trsm;ydkif)
၁၁။ Shwe Nanda Trading Co.,Ltd
၁၂။ Shwe Nay Minn Gyi Co.,Ltd
၁၃။ Shwe Shan Pyi Public Co.,Ltd (trsm;ydkif)
၁၄။ Than Lwin Aye Yar Export Import Co.,Ltd
၁၅။ Than Lwin Aye Yar Gems Co.,Ltd
၁၆။ Than Lwin Aye Yar Industrial Production & Construction Co.,Ltd
၁၇။ Than Lwin Aye Yar Travels & Tours Co.,Ltd
၁၈။ Myanmar Towards Co.,Ltd
၁၉။ Shwe Thanlwin Highway Co.,Ltd
၂၀။ Shwe Thu Kha Mein Trading Co.,Ltd
မှတ်ချက်။ ။ ကုမ္ပဏီများအားလုံး ၀င်ငွေခွန်ပေးဆောင်သည့် ၅၀၀ ဦးစာရင်းတွင် ပါဝင်ခြင်း လုံးဝမရှိပေ။

Eleven Media Group
(၁) ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်း မယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်း ကျင် တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်း အတိုင်း ချေမှုန်းခဲ့ပါတယ်။ ဒီနေ့အချိန်မှာ BCP က ပျက်သုဉ်းသွားပြီး KNU က ယိုင်နဲ့နဲ့ ဖြစ်နေပါပြီ။

ယူကရိန်းအစိုးရနဲ့အတူ ယူကရိန်းအရေး အလုပ်တွဲလုပ်ရန် ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သဘောတူ

Photo: ယူကရိန်းအစိုးရနဲ့အတူ ယူကရိန်းအရေး အလုပ်တွဲလုပ်ရန် ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး သဘောတူ
Monday, March 31, 2014

ရုရှားနဲ့ အမေရိကန်အစိုးရတွေဟာ ယူကရိန်းနိုင်ငံတွင်းက ပြည်သူတွေ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ယူကရိန်းအစိုးရနဲ့အတူ အလုပ်တွဲလုပ်ဖို့ သဘောတူလိုက်ကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆွေးနွေးအပြီးမှာ မတ် ၃၀ ရက်နေ့က ပြောပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ၄ နာရီကြာ အစည်းအဝေးအပြီးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အကျပ်အတည်းဖြစ်ရတဲ့ အကြောင်းရင်းအပေါ် မတူတဲ့အမြင်တွေကို ဖော်ပြခဲ့ကြတယ်။
ဒါပေမယ့် ယူကရိန်းပြည်သူတွေ အကျိုးစီးပွားအခြေအနေအပေါ် သံတမန်နည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာရေး ဘုံတူညီချက်တွေကို ရှာဖို့ လိုကြောင်း သဘောတူခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အရင်အပတ်ကတော့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုကာ စစ်အေးခေတ်အပြီး အရှေ့အနောက် မတိုးသာ မဆုတ်သာဖြစ်မှု အဆိုးဆုံးအခြေအနေအတွင်း တင်းမာမှုတွေ ပြေလျော့ရေး ၃ ဖက်လုံးက ကြိုးစားခဲ့ကြတယ်လို့ မီဒီယာတွေက ရေးပါတယ်။

DVB

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်

ရုရှားနဲ့ အမေရိကန်အစိုးရတွေဟာ ယူကရိန်းနိုင်ငံတွင်းက ပြည်သူတွေ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ယူကရိန်းအစိုးရနဲ့အတူ အလုပ်တွဲလုပ်ဖို့ သဘောတူလိုက်ကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆွေးနွေးအပြီးမှာ မတ် ၃၀ ရက်နေ့ က ပြော ပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မွေးမြူထုတ်လုပ်မှု နည်းစနစ် သင်တန်းပေး

အမေရိကန်အခြေစိုက် INGO တစ်ခုဖြစ်သည့် Winrock International က ရန်ကုန်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ မွေးမြူရေးခြံတို့တွင် မွေးမြူ ထုတ်လုပ်မှု နည်းစနစ် သင်တန်းများ မတ်လ ၂၇ ရက်နေ့က စတင် သင်ကြား ပေးနေကြောင်း Winrock International က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်များ ပြန်လည်သုံးသပ်ဆွေးနွေးနေ

ပြီးခဲ့သည့် ဇန်န၀ါရီလက ပုဂံတွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ် များ အကောင်အထည်ဖော်မှုအခြေအနေများ ပြန်လည်သုံးသပ်သည့် အစည်းအဝေးတစ်ရပ်ကို နေပြည် တော် ရှိ နိုင်ငံတော် ဧည့်ဂေဟာ၊ တော်ဝင်အေစီအီးဟိုတယ်တွင် ကျင်းပနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာရေးတက္ကသိုလ်နှင့် ကောလိပ်မှဆရာများ အင်္ဂလိပ်စာသင်ကြားရန် ဗြိတိန် ပေါင်လေးသန်း ကူညီမည်

ဗြိတိသျှကောင်စီက မြန်မာနိုင်ငံရှိ ပညာရေး တက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များရှိ ဆရာ၊ ဆရာမ များကို အင်္ဂလိပ်စာ သင်ကြားရေး နှစ်နှစ်စီမံချက်အတွက် ပေါင် ၄ ဒသမ ၂ သန်း ကူညီသွားမည်ဟု ပညာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။

မန္တလေးမြို့လယ်တွင် မူးယစ်တရားခံ ဖမ်းရာ၌ သေနတ်ပစ်ဖောက်ခြောက် လှန့်

မန္တလေးမြို့လယ် တစ်နေရာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူတစ်ဦးကို ရဲတပ်ဖွဲ့တာဝန်ရှိသူများက အရပ်ဝတ်ဖြင့် ဖမ်းဆီးစဉ် ထွက်ပြေးရန် ပြင်ဆင် ခဲ့သည့်အတွက် သေနတ်ပစ်ဖောက်၍ ခြောက်လှန့် ခဲ့ရကြောင်း သတင်းရရှိသည်။

PMG အလုပ်သမား အလုပ်ထုတ်ခံရမှု ၀န်ထမ်းများ သပိတ်မှောက်မည်

PMG ကုမ္ပဏီမှ အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရသဖြင့် အလုပ်ပြန်ခန့်ပေးရန် အဆိုပါကုမ္ပဏီမှ ၀န် ထမ်းများက မတ်လ ၃၁ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်ဟု အလုပ်ထုတ်ခံရသူ ဦးကြည်မင်းထိုက် က မဇ္ဈိမကို ပြောသည်။

တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ

Photo: တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ
Monday, March 31, 2014

နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။

သန်းခေါင်စာရင်းကို စာရင်းကောက်ဦးရေ တစ်သိန်းဝန်းကျင် အသုံးပြုကာ မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ကောက်ယူနေပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းများ ရေးဆွဲရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် အဆင်မပြေသည့် ကိစ္စများ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

“ကုတ်နံပါတ် (လူမျိုးသင်္ကေတ) မရထားတဲ့ မျိုးနွယ်စုတွေက ၉၁၄ မှာ ထည့်လို့ရှိရင် ဘယ်လောက်အထိ စိတ်ချရမလဲ ဆိုပြီး စိုးရိမ်ကြတယ်။ ၉၁၄ မှာ ထည့်လိုက်ရင် မျိုးနွယ်စု အမည်တွေ ပျောက်သွားမှာ စိုးရိမ်နေကြတယ်။ ၉၁၄ ကို မယုံကြည်တာ” ဟု ၎င်းကဆိုသည်။
၉၁၄ ဆိုသည်မှာ တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သူများအတွက် သတ်မှတ်ထားသည့် သင်္ကေတ ဖြစ်သည်။

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ထိန်းချုပ်နယ်မြေတွင် ကောက်ယူနိုင်ခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရန် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ယင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်တွင်ရှိသူ အားလုံးကို သန်းခေါင်စာရင်းတွင် ထည့်သွင်းကောက်ယူမည် ဖြစ်ကာ ရည်ညွှန်းချိန် နောက်ပိုင်းတွင် မွေးဖွားသူများကို ထည့်သွင်းကောက်ယူမည် မဟုတ်ပေ။ သန်းခေါင်စာရင်း ကောက်ရာတွင်လည်း မတ်လ ၂၉ ရက်နေ့ ညတွင် ရှိနေခဲ့သည့် နေရာတွင် ရှိနေခဲ့သူကို စာရင်းသွင်း ကောက်ယူမည် ဖြစ်သည်။

“သန်းခေါင်စာရင်း အကောက်ခံတာ ဘာမှ ပြဿနာ မရှိပါဘူး” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဝင်းက ဆိုသည်။

သန်းခေါင်စာရင်း အချက်အလက် ပမာဏစာရင်းကို ၂၀၁၄ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး အပြီးသတ် စာရင်းများကို ၂၀၁၅ ခုနှစ် ပထမ လေးလပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အချက်အလက်များ အပေါ် သုံးသပ်ထားသည့် ရလဒ်များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်က အဆက်မပြတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးပါက မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အသက်အုပ်စုအလိုက် ဦးရေ၊ အလုပ်လက်မဲ့နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ လုပ်သားအင်အား၊ လူနေမှု အဆင့်အတန်း၊ အိမ်အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ သက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရန် အခြေခံအချက် အလက်များကို ရရှိမည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး မြေပြင်စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း အင်အား ၁၁၁၂၅၄ ဦးကို သင်တန်းများ ပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နေကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

The Voice Weekly
နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံ တွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ထားမယ်ဟု သမ္မတပြောကြား

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ထားမယ်ဟု သမ္မတပြောကြား
Monday, March 31, 2014

၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာ အာဏာကို ထိခိုက်စေနိုင်သည့်အချက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက် မည်ဆို သည့် အချက်များမှလွဲ၍ အခြားကိစ္စ များအားလုံး ကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

သမ္မတနှင့် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် တွေ့ဆုံပွဲကို မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင်ပြုလုပ် ခဲ့ပြီး နိုင်ငံတော်သမ္မတက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ၍ သမ္မတက ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ ဆွေး နွေးနိုင်အောင် လမ်းဖွင့်ထားမယ်။ ဆွေးနွေး တဲ့အခါမှာ အချုပ်အခြာအာဏာကို ထိခိုက် စေနိုင်တဲ့ဟာနဲ့ ပြည်ထောင်စုကနေ ခွဲထွက် မယ်ဆိုတဲ့ဟာကလွဲရင် အခြားကိစ္စအားလုံး ကို ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်''ဟု ပြောကြားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်း သည် ဖက်ဒရယ်စနစ် ထွန်းကားစေရေးကို ဦးတည်၍ ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ပြည် ထောင်စုမှခွဲထွက်ရန် အစီအစဉ်မရှိကြောင်း ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားက ''တိုင်းရင်း သားတွေက ခွဲထွက်ဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်စနစ်ကို အကောင်အ ထည်ဖော်ဖို့က အရေးကြီးဆုံး အချက်ဖြစ် တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ် ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်အုပ်ချုပ် မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်တာပါ။ ဖက်ဒရယ်ကို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားချင်ပါတယ်'' ဟု ဖလားဝါးနယူးစ်သို့ ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင် ရာတွင် အဓိကအစိတ်အပိုင်းသုံးခု ရှိကြောင်း လည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံရေးဆွေးနွေး ပွဲများမှ ရရှိလာမည့် သ ဘောတူညီမှုများကို ဖွဲ့စည်းပုံအခြေခံ တွင် ဖြည့်စွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ပွင့် လင်းသည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ်ရန် ဒီမို ကရေစီစံနှုန်းများကို လိုအပ်သလို ပြင်ဆင်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ပတ်သက်သည့်ပြောကြားမှုအပေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ''သမ္မတကြီးရဲ့ ပြော စကား တည်၊ မတည် နောက်မှကြည့်ပြီး ပြော လို့ရ မယ်။ ဒီကိစ္စက သမ္မတနဲ့တင် မပြီးဘူး။ လွှတ်တော်နဲ့ တပ်ကရှိသေးတယ်။ ဒီကိစ္စ တွေက တော်တော်ကြီး နက်နဲနေတယ်''ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ပါတီများအားလုံးပါဝင်သည့် ပထမဆုံးတွေ့ ဆုံမှုတွင် ၆၅ ပါတီရှိသည့်အနက် ၆၃ ပါတီ ကတက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားပါ တီနှစ်ခုမှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

[ The Flower News Journal ]
Yangon Media Group
၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည့် အချက်နှ င့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက်မည်ဆိုသည့်အချက်များမှလွဲ၍ အခြားကိစ္စများအားလုံး ကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်း သား များ ဆန္ဒပြ

ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့် ကွက်ကြော င်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးဖွဲ့ ပူးပေါင်းကာ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း (ဦးထွန်းလင်းခြံလမ်းထိပ်)၌ ဆန္ဒပြပွဲတစ်ခုကျင်းပခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္က သိုလ် ကျောင်းသားသမဂ္ဂဝင် ကိုမင်းသူကျော်က ပြောကြားသည်။

မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော

Photo: မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော
Monday, March 31, 2014

ဧရာဝတီတိုင်း    မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက်အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု  ဧရာဝတီ တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအစား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေးအသုံးပြုထားသော အမျိုးအစား ၁၆ ခု  စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ   ဒေါက်တာပြည့်ဖြိုးက  ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်းဘက်ကလာတာ များတယ်။ မူလလုပ်တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည်လက်ထဲရောက်မှဆိုး သလားဆိုတာပြောလို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အဆိပ် အတောက်ရှိလို့ပါ’’ဟု ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့်   ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှုပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကို ယခုနှစ်ဖေဖော်ဝါရီအတွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Author: ရဲနောင်

7DAY DAILY
ဧရာဝတီတိုင်း    မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု  ဧရာဝတီ တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

တရားမဝင် ဟန်းဆက် တင်သွင်းလမ်းကြောင်း အခွန်ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီများ ပူးပေါင်း ဖော်ထုတ်မည်ဟုဆို

Photo: တရားမဝင် ဟန်းဆက် တင်သွင်းလမ်းကြောင်း အခွန်ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီများ ပူးပေါင်း ဖော်ထုတ်မည်ဟုဆို
Monday, March 31, 2014

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက် ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ တရားမဝင် ဟန်းဆက် တင်သွင်းသည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရန် ပြည်ပမှ ဟန်းဆက်များ တရားဝင် တင်သွင်းခွင့် ရထားသော ပြည်တွင်း မိုဘိုင်းလ်ကုမ္ပဏီကြီး ၁၀ ခုကို အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က မတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“ဒီလိုလုပ်တာ တရားမဝင် ဟန်းဆက်တွေ များနေလို့ပါ။ အခွန်ပေးပြီး လုပ်နေတဲ့ လူတွေက နည်းနေလို့ပါ” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် တရားဝင် တင်သွင်းခွင့် ရရှိထားသည့် HTC ဟန်းဆက်၏ မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ် KMD ကုမ္ပဏီနှင့် Huawei ဟန်းဆက် ကိုယ်စားလှယ်များလည်း ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ယင်းသို့ တွေ့ဆုံမည့် အစီအစဉ်ကို ကြိုတင် ဖိတ်ကြားထားခြင်း မရှိ၍ ၎င်းအနေနှင့် မသိရှိသေးကြောင်း အဆိုပါ အစည်းအဝေး ပြုလုပ်မည် ဆိုပါက KMD ကုမ္ပဏီအနေဖြင့် တက်ရောက်သွားမည် ဖြစ်ကြောင်း KMD ကုမ္ပဏီဈေးကွက် မန်နေဂျာ ဦးဇာနည်ဟိန်းက The Voice သို့ ပြောကြားသည်။

ပြည်တွင်း၌ ရောက်ရှိ သုံးစွဲနေသော မိုဘိုင်းလ် ဟန်းဆက်များ၏ ၉၉ ရာခိုင်နှုန်းခန့်သည် တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်ထားသော ဟန်းဆက်များ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းကလည်း ပြည်တွင်းဈေးကွက်များ အတွင်းသို့ သန်းနှင့်ချီသော တယ်လီဖုန်း ဟန်းဆက်များ မှောင်ခို ဝင်ရောက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

The Voice Weekly
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဟန်းဆက် ဝင်ရောက်မှု များပြားနေခြင်းကြောင့် အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် မိုဘိုင်းလ် ကုမ္ပဏီကြီးများ ပူးပေါင်း၍ ဟန်းဆက် ဝင်ရောက်နေသည့် လမ်းကြောင်း များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

သုံးနှစ်သားအစိုးရ နှင့် အပြောင်းအလဲ ဗျူဟာသုံးရပ်

၂၀၁၄ ခု၊ မတ်လ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီအကူးအပြောင်း ပုံဖော်နေသည့် သမ္မတဦးသိန်းစိန် အစိုးရ သုံးနှစ်ပြည့်မြောက်သွားပြီ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ လေ့လာသူများက တော့ အစိုးရ ၏ သုံးနှစ်တာကာလ အပြောင်းအလဲ မဟာဗျူဟာကြီးသုံးရပ်အပေါ် မေးခွန်းပေါင်းများစွာဖြင့် ဆန်း စစ်ကြည့်ကြ မည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင် မည်၍ မည် မျှ ရွေ့ နေ ပါသနည်း။

အခြေခံဥပဒေ ပြင်ဆင်ရေး ပန်းဘဲတန်း မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပန်း ဘဲတန်း မြို့နယ်အတွင်း နေထိုင်သူ ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော် သူများထံမှ သိရသည်။

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ်

Photo: ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏဖြစ် 
Monday, March 31, 2014

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများကပြောကြားသည်။

ရန်ကုန်မြို့တော် မြို့နယ်များတွင် မတ်လ ၂၆ ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်အထိ နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးဝါးလာနေကြောင်း ၎င်းတို့က ပြောကြားသည်။ 

“မီတာခ တိုးကောက်တာကို ဖယောင်းတိုင်ကိုင် ဆန္ဒပြတဲ့ မတ်လ ၂၆ ရက်နေ့က ကျောက်တံတား မြို့နယ်မှာ ညဦးပိုင်းက မီးပြတ်နေတယ်” ဟု ၃၈ လမ်းတွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် သက်ဆိုင်ရာ မြို့နယ်များတွင် သစ်ပင်များ ခုတ်ခြင်း၊ ဓာတ်အားတိုင်များ လဲလှယ်ခြင်းနှင့် ဓာတ်ကြိုး အသစ်များ သွယ်တန်းခြင်းများကြောင့် ဖြစ်နိုင်ပြီး ယခင်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာ မရှိတော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

“ဒီကိစ္စက သက်ဆိုင်ရာ မြို့နယ်တွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဌာနတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဆီကတော့ အလုံအလောက် ပေးထားတာပဲ” ဟု ရန်ကုန်မြို့ကို အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။ 

အချို့ မြို့နယ်များတွင် တစ်ကြိမ်ပျက်လျှင် သုံးနာရီခန့်ပင် ကြာမြင့်တတ်ပြီး ထမင်းဟင်း ချက်ပြုတ်ရာနှင့် အခြားသော နေထိုင်ရေး ကိစ္စများတွင် အခက်အခဲများ ဖြစ်ရကြောင်း မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများက ဆိုသည်။

“တစ်ခါပျက်ရင် တစ်နာရီလောက် ကြာတယ်။ မနက်ပိုင်း၊ နေ့ပိုင်း၊ ညပိုင်း သုံးခါ ပျက်တယ်” ဟု မြောက်ဒဂုံမြို့နယ် ၃၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၉၀၀ မဂ္ဂါဝပ်အထိ ရှိပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်းပမာဏ ၄၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သေးကြောင်း၊ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ၂၃၀ KV ဓာတ်အားလိုင်းဖြင့် ရယူသုံးစွဲပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ပြုလုပ်သော ၁၃ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် ၁၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Combined Cycle Power Plant)၊ သာကေတ၊ ရွာမနှင့် လှော်ကားတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ (Gas Engine Power Plant) တစ်ရုံစီ တည်ဆောက်လျက်ရှိရာ ပြီးစီးခါနီး ဖြစ်သောကြောင့် ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုခဲ့သေးသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခများကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်သတ်မှတ်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးနောက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်၌ ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၇ ရက်နေ့က အတည်ပြု ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တော်တွင် မတ်လ တတိယပတ်မှ စတင်ကာ မီးပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံများ ကပြော ကြားသည်။

လွယ်ဂျယ်မြို့ လွယ်ဟိုးကိုက်တောင်ပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်များပင့်ဆောင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ရှမ်းဘာသာဖြင့် လွယ်ဟိုးကိုက်တောင်(ခေါ်) ကြက် မောက်တောင် ယခုအခါ(ဘုရား ကုန်း)ပေါ်တွင် ကိန်းဝပ်စံပယ်တော် မူသည့် ဗုဒ္ဓရုပ်ပွားတော်အဆူ ၂ဝ နှင့် ရဟန္တာရုပ်တုတော် ရှစ်ဆူတို့အား မန္တလေးမြို့မှ ပင့်ဆောင်ခဲ့ပြီး မြို့သူမြို့သားများစုပေါင်း၍ ဝန်ချီ စက်ကြီးများ အသုံးပြုကာ ယခုလအတွင်း အောင် မြင်စွာဖြင့် တည်ထားကိုးကွယ်နိုင်ခဲ့ ကြသည်။

မော်တော်ယာဉ် စလစ်စနစ် ဖျက်သိမ်းမည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

မော်တော်ယာဉ်အို ယာဉ်ဟောင်းများကို မော်တော်ယာဉ်သစ်များဖြင့် အစားထိုး လဲလှယ်ရေး စီမံချက်အရ ထုတ်ပေးနေသော စလစ်စနစ်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ရေဒါ ဖမ်းမမိသော တတိယမြောက် ဖရီးဂိတ်စစ်ရေယာဉ် ရေချ

မြန်မာ့တပ်မတော် (ရေ)ကတည်ဆောက်ခဲ့သော တတိယမြောက် Frigate (ဖရီးဂိတ်)စစ်ရေယာဉ် ရေချပွဲ ကို မတ်လ ၃၀ ရက်တွင် သီလ၀ါဆိပ်ကမ်း ရှိ ရေတပ်သင်္ဘောကျင်း၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရေကစားမဏ္ဍပ်ပါမစ်လက်လွှဲဈေး အမြင့်ဆုံး ကျပ်သိန်း ၃၀၀ ၀န်းကျင် ဈေးပေါက်

ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ ရေကစားမဏ္ဍပ်ပါမစ်များကို ပါမစ်လက်ဝယ်ရှိသူ ပွဲစားများက တစ် ဆင့်ခံ ရောင်း ချမှု များဖြစ် ပေါ်နေပြီး မဏ္ဍပ်ပါမစ်ပေါက် ဈေးမှာ အမြင့်ဆုံးကျပ်သိန်း သုံး ရာဝန်းကျင် အထိ ဖြစ်နေကြောင်း သတင်းရရှိသည်။

အသဲကွဲလျှင် အမျိုးသားများက ပိုခံစားရ

Photo: အသဲကွဲလျှင် အမျိုးသားများက ပိုခံစားရ
Monday, March 31, 2014

လန်ဒန်ရှိ တက္ကသိုလ်တစ်ခုမှ စိတ်ပညာ ပါမောက္ခ ဦးစီးလို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ ဖြစ်ပါတယ်။ Relation တစ်ခု ပြီးစုံ သွားတဲ့ အခါတိုင်း ချစ်သူနဲ့ ပြတ်ဆဲ သွားတဲ့ အခါတိုင်း အမှန်တကယ် အခံစားရဆုံးက အမျိုးသားဘက်က ဖြစ်ကြောင်း သိရ ပါတယ်။

အပေါ်ယံမှာ အမျိုးသမီးများက ပိုမို ခံစားရတယ်လို့ ထင်ရပေမယ့် အမှန်တော့ အမျိုးသမီးများက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပြန်လည် ဖြေသိမ့် နိုင် ပါတယ်။ အချို့ ဆိုရင် နောက်ထပ် Relation တစ်ခုကို အချိန်သိပ်မကြာပဲ နဲ့တောင် ထပ်မံ စတင်နိုင်ကြောင်း တွေ့ရှိခဲ့ ပါတယ်။ အမျိုးသား အများစု အနေနဲ့ ကတော့ ချစ်သူနဲ့ ပြတ်ဆဲတိုင်း စိတ်ဝေဒနာ ခံစားရပြီး ရင်ကွဲနာ ကျတဲ့ အချိန်က ပိုမို ကြာမြင့်တတ် ပါတယ်။ ယင်းကာလ အတွင်း အခြား လုပ်ဆောင်ချက်တွေပါ အမျိုးသမီးနဲ့ သာမန်လူများထက် လျော့ကျ တတ်ပါတယ်။

အချို့ အမျိုးသားဆိုရင် အပေါင်းအသင်း မိတ်ဆွေများနဲ့ ဆက်ဆံရေး ရော့ရဲ တဲ့ အထိ ဖြစ်တတ် ပါတယ်။ ဒါကြောင့်မို့ အမျိုးသား များအဟာ အသဲကွဲရင် အမျိုးသမီးများထက် ပိုမို ထိရှ ခံစားလွယ်ကြောင်း အသိအမှတ် ပြုခဲ့ကြ ပါတယ်။

Ref:dyknow
အောင်ခမ်း (ရိုးရာလေး)
လန်ဒန်ရှိ တက္ကသိုလ်တစ်ခုမှ စိတ်ပညာ ပါမောက္ခ ဦးစီးလို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ ဖြစ်ပါတယ်။ Relation တစ်ခု ပြီးစုံ သွားတဲ့ အခါတိုင်း ချစ်သူနဲ့ ပြတ်ဆဲ သွားတဲ့ အခါတိုင်း အမှန်တကယ် အခံစားရ ဆုံးက အမျိုးသားဘက်က ဖြစ်ကြောင်း သိရ ပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ

Photo: သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ
Monday, March 31, 2014

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်သူ ကိုပေါက်က အခုလိုပြောပါတယ်။

"ဆရာဝန်အပိုင်းတွေ ပြောတာတော့ ကျနော်လည်း ဆေးပညာစကားတွေတော့ နားမလည်ဘူးပေါ့၊ ကျနော်တို့ နားလည်အောင်ပြောတာကတော့ မနေ့ကထက်တော့ တိုးတက်လာတယ်လို့ သူတို့သုံးသပ်တယ်ပေါ့၊ ဒါပေမဲ့ စိတ်ချရတယ်လို့ မပြောနိုင်သေးဘူးပေါ့၊ လူငယ်တစ်ယောက်လို မြန်မြန်ဆန်ဆန် ပြန်အားပြည့်ဖို့က အရမ်းခက်တယ်ပေါ့၊ သူကလူကြီးဖြစ်တဲ့အတွက် တိတိကျကျ သူတို့မပြောရဲဘူးတဲ့"

ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာကနေ မတ်လ ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံ ကို ပြောင်းရွှေ့ လိုက်တာဖြစ်ပြီး အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးဝါး ကုသမှု ခံယူနေတာပါ။

RFA Burmese
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စောင့် ကြည့် ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ

Photo: နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ
Monday, March 31, 2014

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။

“ဒီလို အမှုမျိုးက ရဲလက်စွဲအရ တိုင်ချက်ဖွင့်ပေးရမယ်။ နောက်မှ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ချက် ပို့ပေးရမှာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦးက မှတ်ချက်ပြုသည်။

တစ်လလျှင် လစာ နှစ်သောင်းခွဲ ရရှိပြီး အလုပ်စဝင်သည့် နေ့ရက်ကို မမှတ်မိသော်လည်း သုံးလခန့် ရှိပြီဟု ထင်ကြောင်း၊ အိမ်ရှင်၏ခွေး လည်ကြိုးပတ်ပြီး သေသည်ကို တွေ့၍ ခေါ်ပြရာ အိမ်ရှင်၏ အမျိုးသားဖြစ်သူက ညာဘက်မျက်နှာကို လက်သီးဖြင့် နှစ်ချက်၊ ဘယ်ဘက်ကို တစ်ချက် ထိုးခဲ့သည်ဟု မထက်ထက်က ပြောကြားသည်။

“ပထမနေ့က ဝက်သားဟင်းအိုး တူးလို့ဆိုပြီး အဲဒီဟင်းအိုး အပူထဲကို လက်နှစ်ဖက်လုံး စိမ်တယ်။ ကတ်ကြေးနဲ့လည်း ထိုးတယ်။ အိမ်ရှင်အမျိုးသမီးက ခြေထောက်တွေကို ရိုက်ပြီး ပလာယာနဲ့ ညှပ်ပြီး ကြိုယူထားတဲ့ နှစ်လစာ ပြန်မဆပ်တော့နဲ့လို့ ပြောပြီး ပြန်ခိုင်းတယ်။ ပုသိမ် မပြန်ခင် အခန်းတစ်ခုထဲမှာ ပိတ်ထားပြီး ရေတစ်ပုလင်းနဲ့ ထမင်းသက်သက်ပဲ ကျွေးတယ်” ဟု မထက်ထက်က ပြောဆိုသည်။

“ကျွန်တော့်သမီးက ဒီကလေးကို လာခေါ်ဖို့ ပြောပြောချင်း ရုံးအလုပ်တွေနဲ့ ချက်ချင်း မသွားနိုင်ခဲ့ဘူး။ သမီးအိမ်မှာ ခုလို ဖြစ်သွားတာကိုလည်း မသိလိုက်ဘူး။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် ကလေးကိုခေါ်ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုပေးတယ်။ ကလေးကျန်းမာရေး ကောင်းတဲ့အထိ တာဝန်ယူ ကုပေးပါ့မယ်” ဟု အိမ်ရှင် ဒေါ်သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ တိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိင်ကို ပုသိမ်မြို့နယ် အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်မေးစဉ် ထွက်ဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၏ တရားမျှတမှုကို နစ်နာသူမှ ခံစားနိုင်ရေးအတွက် ပုသိမ်မြို့ရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ လူမှုကွန်ရက်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်များက လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းအမှုကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ရမည် ဖြစ်ရာ နစ်နာသူ ကာယကံရှင်၏ မိဘများက တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ မှတ်တမ်းသာ ယူထားသည်ဟု ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက် မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေ ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ရန်ကုန်သင်္ကြန်အကြိုမြင်ကွင်း


နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကား ရောက်ရှိတော့မည်။ သင်္ကြန်တေးများ လည်းဟိုမှသည်မှ ပျံ့လွင့်နေပြီး သင်္ကြန်ပွဲတော်အတွက် အတွေး ကိုယ်စီဖြင့် လူတိုင်းပြင်ဆင်နေကြ ပြီဖြစ်ရာ အရွယ်စုံမျှော်လင့်ရသော သင်္ကြန်၊ ပျော်ရွှင်ရသော သင်္ကြန် ပွဲတော်ကာလပင်။

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်

Photo: ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း သပိတ်လှန်၊ ဘင်္ဂါလီများ စတင် သပိတ်မှောက်
Monday, March 31, 2014

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင် စတင် ကောက်ယူသည့် သန်းခေါင်စာရင်းကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ကာ ကြီးကြပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်လိုက်သဖြင့် လဝက်ခန့်ကြာ သပိတ်မှောက်ထားမှုကို ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ) မှ ပြန်ကြားရေး ဦးခင်မောင်ကြီးက ဆိုသည်။

အဆိုပါ စာထုတ်ပြန်မှုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း စစ်တွေမြို့သို့ ရောက်ရှိပြီး တစ်နာရီခန့် အကြာတွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားဝင် ထုတ်ပြန်ချက်သည့် လုံလောက်သည့် ကတိကဝတ် ဖြစ်သည်ဟု ယူဆသဖြင့် သပိတ်လှန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

“အိမ်တွေမှာ ကပ်ထားတဲ့ စာရွက် (သန်းခေါင်စာရင်း သပိတ်မှောက်သည့် စာရွက်) တွေကို ဖြုတ်ဖို့၊ သန်းခေါင်စာရင်း အကောက်ခံဖို့ စစ်တွေမှာ အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးပြီ၊ ကားတွေနဲ့ လိုက်လံ အသိပေးနေတယ်။ အခြားမြို့နယ်တွေကိုလည်း အသိပေးထားပြီ” ဟု အဆိုပါ ကော်မတီမှ ကော်မတီဝင် တစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်း သပိတ်မှောက်မှုကို ရခိုင်တိုင်းရင်းသားများ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂါလီများကမှု သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံခြင်း မပြုသဖြင့် သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်နေကြောင်း ရိုဟင်ဂျာဟု ဆိုသူများက ပြောဆိုကြသည်။

“ကျွန်တော်တို့က ရိုဟင်ဂျာလို့ ထည့်ချင်တယ်။ စာရင်းကောက်တွေက ရိုဟင်ဂျာလို့ အထက်က ထည့်ခွင့် မပြုထားဘူးလို့ ပြောတယ်။ ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ အကောက်မခံဘူး” ဟု စစ်တွေမြို့ ဘင်္ဂါလီများ နေထိုင်သည့် အနောက်စံပြကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မောင်တင်က ဆိုသည်။

အလားတူ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်ကလည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရပါက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားသည်။

မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်မရသဖြင့် ဘင်္ဂါလီများက သန်းခေါင်စာရင်း အကောက်မခံကြောင်း၊ စာရင်းကောက် အဖွဲ့လည်း တိုက်ခိုက်ခံရမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဘူးသီးတောင် မြို့ပေါ်မှာရော၊ နယ်မှာရော ရိုဟင်ဂျာလို့ ထည့်ခွင့်မရလို့ ဘင်္ဂါလီတွေ စာရင်းအကောက်မခံဘူး” ဟု ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက စာရင်းကောက် အဖွဲ့များထံမှ ရရှိသည့် သတင်းကို ကိုးကားပြန်လည် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူရာတွင် လုံခြုံရေး အင်အားကို အပြည့်အဝ ချထားပြီး လုပ်ပိုင်ခွင့်များလည်း ပေးထားကြောင်း၊ စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် ဘာဆာကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများက ဘင်္ဂါလီဟု စာရင်းကောက်ခံခဲ့ကြောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် မတ်လ ၃၀ ရက်နေ့ နေ့လယ် တစ်နာရီမှ စတင်ကာ သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောဆိုသည်။

“ဒုတိယသမ္မတ ကိုယ်တိုင် ဘင်္ဂါလီရွာတွေ၊ ဒုက္ခသည် စခန်းတွေကို သွားပြီး သန်းခေါင်စာရင်း အကောက်ခံဖို့ အားပေးတယ်” ဟု ၎င်းကဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မတ်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်လျှင် ထည့်သွင်းကောက်ယူမည် မဟုတ်ဟု နှုတ်ဖြင့်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်သဖြင့် ယင်းပြောဆိုမှုမှာ ခိုင်လုံသော အထောက်အထား မဟုတ်ဟု ဆိုကာ ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်ရာမှ သပိတ်လှန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူသည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့် မပြုဟု အစိုးရက တရားဝင် ထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ သပိတ်မှောက်မှုကို ရုပ်သိမ်းလိုက်သော်လည်း ဘင်္ဂါလီများက စတင် သပိတ်မှောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များကို တပ်မတော်တွင် ပြန်လည် ခန့်အပ်မည်ဟုဆို

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည် အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။

ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း

Photo: ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း
Monday, March 31, 2014

ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။

၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံ ရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ ကိုင်ထားသော လှံများပင် လှုပ်ရမ်း သွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီတိုးတက်သော ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက် နေသယောင်ရှိသည်ဟု ခန့်မှန်းရသည်။

Acre ပြည်နယ်တွင် နေထိုင်သော အဆိုပါ မျိုးနွယ်စုတွင် လူဦးရေ ၂ဝဝနီးပါးခန့် ရှိသည်ဟု သိရပြီး ဘရာဇီး အစိုးရသည် ၎င်း၏ မျိုးနွယ်စုနှင့် အဆက်အသွယ် ပြတ်တောက် နေသည်မှာ မှန်ကန်ကြောင်း လက်ခံသော်လည်း ၎င်းဒေသတွင် သစ်ပင် ခုတ်လှဲခြင်း၊ ဓာတ်သတ္တု တူးဖော်ခြင်း၊ မွေးမြူရေး ခြံလုပ်ငန်း လုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်း စသည့် ခြိမ်းခြောက် မှုများနှင့် ရင်ဆိုင် နေရသည့်အတွက် ယင်းဒေသကို စောင့်ကြည့် ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အသစ်ရှာဖွေ တွေ့ရှိသော မျိုးနွယ်စုများ နေထိုင်သည့် ဒေသတွင် နေထိုင်လျက်ရှိသော Ashaninka မျိုးနွယ်စုခေါင်း ဆောင်များက ၎င်းတို့ ပိုင်ဆိုင်သည့် နယ်နိမိတ်တွင် သစ်ခုတ် လှဲခြင်း၊ သတ္တု တူးဖော်ခြင်းနှင့် အမဲလိုက်ခြင်း များကို ထိန်းချုပ်ပေးရန် အစိုးရနှင့် NGO အဖွဲ့အစည်းများအား တောင်းဆို ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အမေဇုန်ချိုင့်ဝှမ်း အတွင်း နေထိုင်သော ခေတ်မီ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်နေသည့် မျိုးနွယ်စု များသည် ကောက်ပဲ သီးနှံများ၊ မြေပဲများ၊ ငှက်ပျောသီးများ၊ ဂျုံနှင့် ပြောင်းများ အစရှိသည် တို့ကို စိုက်ပျိုး၍ နေထိုင်လျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မျိုးနွယ်စုများ၏ လူ့အခွင့်အရေး အတွက် လှုပ်ရှားသည့် Survival International အဖွဲ့အစည်းက ပြောပြခဲ့ကြောင်း သိရသည်။

မြ၀တီ
ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။

ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်

Photo: ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်
Monday, March 31, 2014

MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်းစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုးကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြကြောင်း ပြောခဲ့သည်ဟု သိရသည်။

ကျွန်တော်တို့က ဒီလေယာဉ်ကြီး ဘာဖြစ်သွားတာလဲ ဆိုတာသိချင်တာ။ အမှန်တကယ်က ဘာဖြစ်သွားတာလဲ။ တရုတ်ပြည်ဆိုင်ရာ မလေးရှား သံအမတ်ကြီး ဒါတွတ်အစ္စကန် ဒါဆာရူဒင် အပါအဝင် မလေးရှား ကိုယ်စားလှယ်အဖွဲ့အား အင်္ဂလိပ်ဘာသာဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ဖြစ်ပုံက အဆိုပါ မလေးရှားသံရုံးမှ သံအမတ်ကြီး ခေါင်းဆောင်သော အဖွဲ့သည် လီဒိုဟိုတယ် ဘောလရွမ်း (Ball Room) တွင် နေ့စဉ်ရှင်းလင်းပြသ မှု ပြုလုပ် ခဲ့သော်လည်း သိလိုသော မေးခွန်း များ မေးခွင့်မရဘဲနှင့် အစည်းအဝေးကြီး ပြီးဆုံးသွားသဖြင့် စိတ်မရှည်ဖြစ်ရာမှ ဒေါသဖြစ်ကာ ခရီးသည်များ၏ မိသားစု များနှင့် ဆွေမျိုးများထဲက ခင်ဗျားတို့ မသွားနဲ့ဦး။ ခင်ဗျားတို့ ဒီအခန်းထဲက မထွက်နဲ့ဦး။ ကျုပ်တို့စောင့်နေတာ အရမ်းကိုကြာသွားပြီ။ ကျုပ်တို့က ခင်ဗျားတို့ ပြောတာကိုပဲ နားထောင်ဖို့ လာတာမဟုတ်ဘူး ဟု အော်ဟစ်ပြောဆို ခဲ့ကြကြောင်း သိရသည်။ AP သတင်းဌာန အဆိုအရ မိသားစုများက နောက်ပိုင်းကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် မိသားစုများမှာ အကြီးအကျယ် မချင့်မရဲဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ''ကျုပ်တို့ကို ဘာမှလှုပ်လို့မရအောင် လုပ်ထားတယ်။ အမှောင်ထဲမှာထားပြီး မလေးရှား အစိုးရက လိမ်ညာပြောနေကြတယ်။ မိသားစုတွေအားလုံး တစ်သဘောတည်းဖြစ် တဲ့ အချက်က မလေးရှား အစိုးရဟာ ကြန့်ကြာပြီး အချိန်ဆွဲနေတယ်။ ဖုံးကွယ်ထားတယ်။ လိမ်ညာနေတယ်''ဟု AP ကဆိုသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်က ပြောသွားသည်မှာ Boeing 777 လေယာဉ်ကြီး ဘာကြောင့် မူလပျံသန်းနေသည့် လမ်းကြောင်းမှ ချက်ချင်းပြောင်း ပျံရသလဲဆိုတာကို စုံစမ်း စစ်ဆေးရေးမှူးတွေက ဖြစ်နိုင်ခြေရှိသမျှ အားလုံးကို စစ်ဆေးနေကြောင်းနှင့် အာဏာ ပိုင်တွေအနေဖြင့် လေယာဉ်ပြန်ပေးဆွဲခံရ တာဟုတ်၊ မဟုတ် သေချာပေါက် မပြောနိုင် သေးကြောင်း၊ ယခုလေယာဉ်သည် လေယာဉ်ပေါ်က တစ်ယောက်၏ တမင်သက်သက် လုပ်ခိုင်းခြင်းကြောင့် လိုက်လုပ်နေရတာ ထင်ကြောင်း BBC သတင်းဌာနက ပြန်ပြောပြသည်။ သြစတြေးလျနှင့် နိုင်ငံတကာ လေယာဉ်မှူးများအသင်း ကော်မတီဝင် မိုက်ဂလင်းက ယခုလေယာဉ်ကြီး ပျောက်ဆုံးရခြင်း၏ အဓိက အဖြစ်နိုင်ဆုံးမှာ လေယာဉ်မှူးက မိမိကိုယ်ကိုယ် သတ်သေခြင်းဟူ၍ စဉ်းစားမိကြောင်း သာဓကနှစ်ခုရှိရာ ပထမတစ်ခုမှာ ၁၉၉၇ ခုနှစ်က စင်ကာပူမှ ဂျာကာတာသို့ သွားသော Silk Air လေယာဉ် ပျက်ကျမှုနှင့် နောက်တစ်ခုက ၁၉၉၉ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ကိုင်ရိုသို့ပျံသွားသော Egypt Air လေယာဉ်ပျက်ကျမှုတို့ ဖြစ်သည်ဆို၏။

မလေးရှား ဝန်ကြီးချုပ် ပြောပြရာ၌ လေယာဉ်နှင့်ဂြိုဟ်တုအကြား နောက်ဆုံး Signal ကိုလေယာဉ် ထွက်ခွာပြီးနောက် နံနက် ၈ နာရီ ၁၁ မိနစ် (၇ နာရီနှင့် ၃၁ မိနစ်) ကြာ သည်အထိ နောက်ဆုံးအဆက် အသွယ်ရသည်မှ ထရန်စပေါင်းဒါ ခလုတ်ပိတ်ထား သော်လည်း ထရန်စမစ်တာက ပိတ်မရသဖြင့် Signal တွေ ပုံမှန်ထုတ် လွှင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဂြိုဟ်တုက နာရီဝက်တစ်ကြိမ် ဖမ်းယူရရှိသည့် အတွက်ကြောင့် ရေတွက်လျှင် နောက်ထပ်ငါးနာရီအထိ ဂြိုဟ်တုက အဆက်အသွယ် ရရှိကာ ဆက်ပျံနေခဲ့သည်။ လေယာဉ်မှာ ပါသွားသောဆီကလည်း နောက်ထပ် ရှစ်နာရီကြာအောင် မောင်းနှင် နိုင်သေးသည် အထိ လုံလောက်သေးသည်။ အိန္ဒိယ သမုဒ္ဒရာကြီးပေါ် စနေ၊ တနင်္ဂနွေနေ့ များက ပျံသန်းရှာဖွေနေကြသော လေယာဉ်များနှင့် ဂြိုဟ်တုဓာတ်ပုံများအရ ရေပြင်ပေါ်တွင် MH370 လယာဉ်ပျောက်နေသော နေရာ တွင် ပေါလောမျောနေသော အရာဝတ္ထုများကို တွေ့ရှိရသော်လည်း တနင်္လာနေ့ နံနက်ပိုင်းအထိ ရှာဖွေရေးအဖွဲ့မှ ရယူနိုင်ခြင်းမရှိ၍ ထိုမြင်နေရသော အရာဝတ္ထုသည် MH370 Boeing 777 လေယာဉ်မှ ဟုတ်၊ မဟုတ် ဆုံးဖြတ်ခြင်းမပြုနိုင် ခဲ့သေးပေ။ မတ် ၂၄ ရက်က မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဂြိုဟ်တု အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာမှု အသစ်အရ လေယာဉ်သည် သြစတြေးလျ နိုင်ငံပတ်သ်မြို့ ကမ်းခြေမှ မိုင် ၁၅ဝဝ ကျော် ကွာဝေးသော အိန္ဒိယသ မုဒ္ဒရာထဲသို့ ပျက်ကျသွားဖွယ်ရာကို ပြသနေကြောင်း ကြေညာလိုက်သည်။ MH370 ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြားလိုက်သည်။ မလေးရှား ဝန်ကြီးချုပ်က ကြေညာသွားသော်လည်း ကျန်ရစ်သူ မိသားစု များနှင့် ဆွေမျိုးများက စိတ်တွင် ဘဝင်မကျကြပေ။ လေယာဉ်ပျက်သည့် အထောက်အထား အပိုင်းအစများကို သေချာစွာ မဖော်ပြနိုင် သေးသည့်အတွက် ကျန်ရစ်သူ မိသားစုတွေကို အရူးလုပ်နေသည့် အပြင် တစ်ကမ္ဘာလုံးက လူတွေကိုပါ အရူးလုပ်နေသည်ဟု စွပ်စွဲပြောဆို နေကြကြောင်းကို သိရှိနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါ သည်။

မြ၀တီ
MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်း စစ်ဆေးနေခြ င်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုး ကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြေ ကြာင်း ပြောခဲ့သည်ဟု သိရသည်။

စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း အား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို

Photo: စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း အား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို
Monday, March 31, 2014

စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန်ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင်က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်မှုများအား အစိုးရသစ်လက်ထက်တွင် အများဆုံး ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်အကြာဖြစ်သည့် ယခုနှစ်ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

“မြန်မာနိုင်ငံ အထက်ပိုင်းမှာ စစ်ဖြစ်လာတော့ သစ်တောပြုန်းတီးမှုတွေ အများကြီး ဖြစ်လာတယ်။ ဒီလို ပြည်တွင်းစစ်ဖြစ်လာတော့ ပွဲလန့်တုန်း ဖျာခင်းတဲ့သူတွေ အများကြီးဖြစ်လာတယ်။ အထူးသဖြင့် ခရိုနီတွေပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စစ်ကတော့ ဖြစ်နေဆဲဖြစ်ပေမယ့် သစ်ခိုးထုတ်မှုကတော့ ဆက်လက်ဖြစ်နေတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှာဆိုရင် နေ့လယ်တော့ ဖွင့်ပေးထားတယ်။ ညနေဆိုရင် ၅ နာရီခွဲလောက် ကတည်းက ဘယ်သူမှ သွားလာလို့မရတော့ဘူး။ အဲဒီအချိန်မှာ ညအချိန်မှာ သစ်တွေခိုးထုတ်ပါတယ်” ဟု ဦးခွန်နောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏသည် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနှင့် ညီမျှသည့် ကုဗမီတာ ၁၆ ဒသမ ၅ သန်းခန့်ရှိကြောင်း သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)၏ ‘အချက်အလက်ခြစားမှု’ အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာတွင် မြန်မာအစိုးရက ၁၅ နှစ်အတွင်း ထုတ်ပြန်ထားသည့် သစ်လုံးထုတ်လုပ်မှုနှင့် သစ်တင်ပို့မှု အချက်အလက်များနှင့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက်များအား ခြားနားထားခြင်းဖြစ်ပြီး ၁၃ နှစ်တာကာလအတွင်း တရားမ၀င် သစ်တင်ပို့မှု ပမာဏများသည် ဒေါ်လာဘီလျံနှင့်ချီ၍ ကွာဟနေကြောင်း ဖော်ပြထားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် သစ်ထုတ်လုပ်မှုဆိုင်ရာ မှတ်တမ်းများသည် နိုင်ငံတကာ သစ်ကုန်သွယ်မှုများ၏ ၂၈ ရာခိုင်နှုန်းသာ ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ တရားမ၀င်သစ်တင်ပို့မှု ရာခိုင်နှုန်းသည် ၇၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းသစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း (MTE) က စီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်အတွင်း ယင်းဌာနမှ ခွင့်ပြုချက် ရယူထားခြင်းမရှိသော သစ်ထုတ်လုပ်မှု ပမာဏသည် သစ်ကုဗမီတာ ရှစ်သန်းနှင့် ညီမျှကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံတကာသို့ အမှန်တကယ် တင်ပို့ခဲ့သည့် သစ်များ၏ ၆၂ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယူနန်နှင့် သစ်ကုန်သွယ်မှု အပါအ၀င် တရားမ၀င် သစ်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်လျှင် ပျှမ်းမျှ ဒေါ်လာ ၄၁၃ သန်းခန့် ရှိနေပြီး EIA မှ ရရှိထားသည့် အချက်အလက်များအရ မြန်မာအစိုးရ ပြောဆိုနေသော တိုင်းရင်းသားနယ်မြေများအတွင်းမှ တရားမ၀င် သစ်ထုတ်ယူမှု ဖြစ်ပေါ်နေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း EIA တွင် ဖော်ပြထားသည်။

Eleven Media Group 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှု ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှု ကို တွေ့ရစဉ်

စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန် ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှု များ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင် က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။