Thursday 11 April 2013

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ…….

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ…….


မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။

ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage

-       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်

-       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်

-       Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်

-       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်

-       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်

-       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်

-       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်

-       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်

Video streaming

Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming

Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။

Google maps

ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook

ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email

ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။

Apps and games

Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music

Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။

Standard web pages

အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype

Skype အတွက် typical data usage တွေကတော့

Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်

Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်

Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်

Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်

Viber

Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း

(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)

100 Kb (2 ကျပ်)

1 MB  (20 ကျပ်)

100 MB  (1500 – 1800 ကျပ်)

Credits to Sun Thurain Moe 

http://myanmarplay.com/?p=3908 မှ ကူးယူဖေါ်ပြပါသည်။

မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။

မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ ပြည်သူ့အသံ သိရှိနိုင်ရန် ကွင်းဆင်း စစ်တမ်းကောက်ယူ


မိုဘိုင်းဖုန်းနှင့် ပတ်သက်၍ ပြည်သူ့အသံ သိရှိနိုင်ရန် ကွင်းဆင်း စစ်တမ်းကောက်ယူ

ရန်ကုန် ၊ ၁၁-၄-၂၀၁၃

MMRD ( Myanmar Marketing Research and Development Co., Ltd ) မှ ကုမ္ပဏီ ၀န်ထမ်း များသည် ပြည်သူများ မိုဘိုင်းဖုန်း အသုံးပြုမှု အခြေအနေ များအား သိရှိနိုင်ရန် ဧပြီလ အတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ပဲခူး ၊ ပုသိမ် ၊ မကွေး ၊ မော်လမြိုင် နှင့် တောင်ကြီး အစရှိသော မြို့များတွင် သုတေသနပြု စစ်တမ်း ကောက်ယူလျက် ရှိကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ နန်းတော်ရာ ၊ ကျွန်းသာယာ ၊ ဥဿခွန် ၊ မြို့တွင်းကြီး ၊ ရွာသစ် ဘုရားကြီး ၊ ပေါက်တော ၊ သာယာကုန်း ကျေးရွာများရှိ မိုဘိုင်းဖုန်း အသုံးပြု နေသူများ နှင့် အသုံးမပြု ဖြစ်သေးသော သူများနှင့် တွေ့ဆုံ၍ ၄င်းတို့၏ ထင်မြင်ချက် ၊ ယူဆချက် ၊ လိုအပ်ချက် ၊ အခက်အခဲ နှင့် အကြံပေးချက် များအား မေးမြန်းပြီး စစ်တမ်း ကောက်ယူလျက် ရှိကြောင်း သိရှိရသည်။
MMRD ( Myanmar Marketing Research and Development Co., Ltd ) မှ ကုမ္ပဏီ ၀န်ထမ်း များသည် ပြည်သူများ မိုဘိုင်းဖုန်း အသုံးပြုမှု အခြေအနေ များအား သိရှိနိုင်ရန် ဧပြီလ အတွင်း ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ပဲခူး ၊ ပုသိမ် ၊ မကွေး ၊ မော်လမြိုင် နှင့် တောင်ကြီး အစရှိသော မြို့များတွင် သုတေသနပြု စစ်တမ်း ကောက်ယူလျက် ရှိကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ နန်းတော်ရာ ၊ ကျွန်းသာယာ ၊ ဥဿခွန် ၊ မြို့တွင်းကြီး ၊ ရွာသစ်

သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်

သင်္ကြန်တွင်မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်
...................................................................................

မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀ ကျပ်၊ ပုဒ်မ ၂၉၄ အရ ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေစာအုပ်တွင် ဖော်ပြပါရှိသည်။
သင်္ကြန်ရေပက် ကစားရာတွင် မြန်မာ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုပိုင်းတွင် လွန်ကျူးလာသည် ကို တွေ့မြင်ရကြောင်း ဒေသခံအချို့က သုံးသပ်ပြောကြားသည်။

"အရင်နှစ်တွေ ကတည်းက လွန်လွန်ကျူးကျူး ဝတ်စားထားရင် ပြန်လဲခိုင်းတယ်။ ပြန်လဲခိုင်းလို့ မရရင် လက်မှတ်ခကို ပြန်အမ်းပေးလိုက်တယ်။ ဒီနှစ်လည်း အဲဒီလိုပဲ လုပ်မှာပါ" ဟု ဒိုမီနိုရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးများ အနေနှင့် ခေတ်မီမီ လုံလုံ ခြုံခြုံ ဝတ်စားဆင်ယင် သင့်ကြောင်း အသက် ၃၀ အရွယ် ဒေသခံအမျိုးသား တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့တော့ စည်းကမ်းချက် ထုတ်ထားတာမျိုးတော့ မရှိပါဘူး။သိပ်ပြီး ဟော့ဟော့ရမ်းရမ်း မဖြစ်တာမျိုး ဆိုရင် ဝတ်လို့ရပါတယ်" ဟု Maritime ရေကစားမဏ္ဍပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ် သဖြင့် အခပေး ရေကစားမဏ္ဍပ် အများဆုံး ရှိသည့် မန္တလေးကျုံးပတ်လည်တွင် ညဦးပိုင်းကာလ၌ မဏ္ဍပ်ချင်းအပြိုင်အဆိုင် ကြော်ငြာနေသည် ကိုလည်း တွေ့ရသည်။
"ကျွန်တော်တို့ ခုချိန်ထိတော့ ဘာစည်းကမ်းမှ မထုတ်ရသေးဘူး။ ဒါပေမဲ့ ကြိုက်တာဝတ်လို့ ရပါတယ်" ဟု Festival 9.9 ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခပေးမဏ္ဍပ်တွင် ရေကစားလိုသူများ အနေဖြင့် သင်္ကြန်လေးရက် ကာလပတ်လုံး နှစ်သောင်းကျပ်မှ ငါးသောင်းကျပ် အထိ ဈေးရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။ မြန်မာ့ရိုးရာသင်္ကြန်ရေ ကစားရာ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင် သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်း များ တွေ့ရှိ ပါက ပြစ် မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။
မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ် မရာပြုမူခြင်းများ တွေ့ရှိပါက ပြစ်မှုပုဒ်မ ၂၉၀ အရ ဒဏ် ငွေ ၂၀၀