Tuesday 19 May 2015

အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ဒီချုပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်

 မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။ မေလ ၁၈ ရက်က အမျိုး သားလွှတ်တော်တွင် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဦးသိမ်းဆွေ၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးကျော်ထွန်းအောင် နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်တို့ ဖြစ်သည်။

အသနားခံထားသည့် ကာလအတွင်း အင်အားသုံးဖယ်ရှားခံရမည်ကို ဒဂုံဆိပ်ကမ်းရှိ ကျူးများစိုးရိမ်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်နေအိမ် ၁,၅၀၀ ခန့်က ၎င်းတို့လက်ရှိနေထိုင်နေသော မြေနေရာကို ပေါက်ဈေးအတိုင်း ဝယ်ယူမည်ဖြစ်၍ ဖယ်ရှားခိုင်းခြင်းမပြုလုပ်ပါရန် ဒုသမ္မတအပါအဝင် သက်ဆိုင်ရာဌာနခြောက်ခုသို့ အသနားခံစာတင်ထားပြီး ပြန်လည်  အကြောင်းမပြန်မီ အချိန်အတွင်း အင်အားသုံးဖယ်ရှားမည်ကို  စိုးရိမ်နေကြကြောင်း  သိရသည်။

ကိုလံဘီယာတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာ နိုင်ငံတွင် ဆိုးရွားသော မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ကိုလံဘီယာ အနောက်မြောက်ပိုင်း လျှိုမြောက်ထူထပ်ရာ ဒေသများတွင် မေလ ၁၈ ရက် နံနက် အရုဏ်မတက်မီ ဖြစ်ပွားသော မြေပြိုမှုများအတွင်း လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ ဆယ်လ်ဂါတွင် မြေပြိုမှုများ ဖြစ်ပွားရာ လူနေဧရိယာ အများအပြားသည် ရွှံ့နှင့်ရေများ ဖုံးလွှမ်းသွားကြောင်း သိရသည်။

မြေပြိုမှုကြောင့် ကိုလံဘီယာနိုင်ငံတွင် လူ ၄၈ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ဘက် တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့က မြေပြိုမှုကြောင့် ရွှံ့တွေနဲ့ ရေတွေက လူနေအိမ်တွေပေါ် ပိကျခဲ့လို့ လူ ၄၈ ယောက် သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ တယ်လို့ အရာရှိတွေက ပြောပါတယ်။

မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများဆုံးနိုင်ငံများ

(၂၁)ရာစုအတွင်း နိုင်ငံများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆုံးအဖြတ်ပေးမည့် အချက်များထဲတွင် မိုဘိုင်းလ်ဖုန်းသုံးစွဲနိုင်မှု မြင့်မားခြင်းက အဓိကအချက်ဖြစ်လာမည်ဟု ပညာရှင်များက သုံးသပ်ထားသည်။ လက်ရှိအတည်ပြုထားသောအချက်အလက်များအရ ကမ္ဘာပေါ်တွင်မိုဘိုင်းလ်ဖုန်းသုံး စွဲသူအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်ဟု သိရသည်။ 

လူမှုကွန်ရက်ကြောင့် လေယာဉ်မောင်းသင်တန်းသူတစ်ဦးကို အချိန်တိုအတွင်း လူသိများလာ

မေပြည့်စုံအောင်
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော လေယာဉ်မောင်းလေ့ကျင့်နေစဉ် Selfie ရိုက်ထားသည့်ဓာတ်ပုံ များကြောင့်အသက် (၁၉)နှစ်အရွယ် လေ ယာဉ်မောင်း သင်တန်းသူ မေပြည့်စုံအောင်ကို ရက်အနည်းငယ် အတွင်း လူသိများလာသည်။

လူသားဟင်းလျားတွေရောင်းချတဲ့ စားသောက်ဆိုင် ရဲမှဝင်ရောက်စီးနင်း

စားသုံးသူတွေကို လူသားလျာတွေ ချက်ပြုကျွေးမွေးခဲ့လို့ Anambra ပြည်နယ်ရှိ နာမည်ကြီး စားသောက် ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က ပိတ်သိမ်းခဲ့ပါတယ်။

တရားဝင်အထောက်အထားသက်တမ်းတိုးခြင်းအစီအစဉ်အရ ပါမစ်သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းများအတွက် မလေးရှားအခြေစိုက် မြန်မာကုမ္ပဏီက လူဦးရေငါးထောင်နီးပါးထံမှ ငွေများယူထားသော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ပါမစ်မရသေး၍ အလုပ်သမားများ နစ်နာလျက်ရှိဟုဆို

မလေးရှားနိုင်ငံ အတွင်း တရားဝင်အထောက်အထား သက်တမ်းတိုးအစီအစဉ်အရ မလေးရှားနိုင်ငံ အခြေစိုက် မြန်မာကုမ္ပဏီတစ်ခုမှ ပါမစ်သက်တမ်းတိုးခြင်းနှင့် အသစ်လျှောက်ထားခြင်းများအ တွက် လူဦးရေ ၅၀၀၀ နီးပါးခန့်ထံမှ ပါမစ်လျှောက်ပေးမည်ဟုဆိုကာ လူ တစ်ဦးလျှင် ရင်းဂစ် ၁၀၀၀ မှ၂၀၀၀ ကျော်အထိ ပေးထားရသော်လည်း တစ်နှစ်ကျော် ကြာသည့်တိုင် ပါမစ်မရရှိသည့်အတွက် အလုပ်သမား များ နစ်နာလျက်ရှိကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးသူများနှင့် ပါမစ် လျှောက်ထားသူများထံမှ သိရသည်။

ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ RCSS/SSA အဖွဲ့မှ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်း တက်ခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော ဒေသခံ တိုင်းရင်းသားများ အား RCSS/SSA အဖွဲ့မှ မေ ၁၅ ရက်မှ စတင်ကာ အတင်းအကြပ် စစ်သင်တန်း တက်ခိုင်းလျက်ရှိကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

မင်းပြား၌ ဖမ်းဆီးရမိသည့် ရွှေရောင်ဆာဖာငါးအား စီးပွားရေးသမားများက ကျပ် ၅၅ သိန်းပေး ဝယ်ယူ

Photo Caption: ရေခဲရိုက်ထားသည့် ရွှေရောင်ဆာဖာငါးကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပျောက်ကွက်လု နီးပါးဖြစ်နေသော ရွှေရောင်အမျိုးအစား ဆာဖာ ငါးတစ်ကောင်အား မေ ၁ရရက်တွင် သင်ပုတ်ချောင်းထဲမှ တံငါသည်များမှ ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဆာဖာငါးအား စီးပွားရေး သမားများမှ စုပေါင်း၍ ကျပ် ၅၅ သိန်းပေးကာ ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါငါးမှာ ရှားပါးကာ ရွှေ ရောင်အဆင်းရှိပြီး ငါးပေ သုံးလက်မ အရွယ်ရှိကာ ၂၂ပိဿာခန့် အလေး ချိန်ရှိကြောင်းနှင့် မြန်မာပြည်တွင်း ငါးဈေးကွက်၌ ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိ အနိမ့်ဆုံးဈေးရနိုင် ကြောင်း ငါးကုန်သည်များဆီမှသိရသည်။

နေရာဒေသအချို့တွင် မိုးများလာနိုင်ခြင်းကြောင့် ကမ်းရိုးတန်းဒေသများ၌ သတိပေးချက်များထုတ်ပြန်ရန် မိုး/ဇလညွှန်ကြားမှုဦးစီးဌာန စီစဉ်နေ

ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းမဖြစ်ပေါ်သေးသော်လည်း စောင့်ကြည့်နေရသည့် အနေအထား တွင်ရှိကာ လတ်တလောတွင် လေထုမငြိမ်မသက်မှုများကြောင့် နေရာဒေသအချို့တွင် မိုးများလာနိုင် ခြင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် သတိပေးချက်များ ထုတ်ပြန်ရန်စီစဉ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦး က ပြောသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြီး

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှူ တိုက်ဖျက်ရေးနေ့တွင် ချိတ်ဆွဲထားသည့် ပိုစတာကို ကြည့်ရှုနေသည့် အမျိုသားတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်းကို ရေးဆွဲပြီးစီးပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး အေးအေးမြင့်က မဇ္ဈိမကို ပြောသည်။

လားရှိုး-မူဆယ်သွားကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား TNLA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် နမ့်မွှေးကျေးရွာသို့ ဆက်သွယ်ထား သော ကားလမ်း ပေါ်ရှိ ကြားတစ်နေရာတွင် မေလ ၁၈ ရက်နေ့၌ TNLA အဖွဲ့မှ ယာဉ်များအား တားဆီး ကာ ဆက်ကြေးငွေများ လာရောက် ကောက်ခံသွားကြောင်း ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

လွှတ်တော်က တာဝန်ပေးပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် သက်ဆိုင်ရာ ဥပဒေအတည်မပြုရသေးခြင်း၊ အချိန် မလုံလောက် တော့ခြင်း တို့ကြောင့် အခက်အခဲရှိနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မေ ၁၄ ရက်တွင် ပြောခဲ့သော်လည်း လွှတ်တော်က တာဝန်ပေးလာပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ပေးပါမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

ရွှေ့ပြောင်းအခြေချလှေပေါ်တွင် အစားအစာလုရင်း သတ်ဖြတ်မှုများ ဖစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံး

ပင်လယ်ကိုဖြတ်၍ နိုင်ငံရွှေ့ပြောင်းအခြေချမည့် လှေပေါ်တွင် လိုက်ပါလာသော လူများ လက်ကျန်အစား အစာကို အချင်းချင်းလုယက်မှုကြရာမှ သတ်ဖြတ်မှုများဖြစ်ပွားကာ လူ ၁၀၀ နီးပါးသေဆုံးကြောင်း အင်ဒို နီးရှားကမ်းလွန်တွင် နစ်မြုပ်မည့်ဘေးမှ ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းလှေတွင်ပါရှိသူများက ပြောကြသည်။

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရန် မသင့်ဟု အတိုက်အခံ ထောက်ပြ

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ  အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မေလ ၁၈ ရက်က အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရာ၌ လက်ရှိအချိန်မှာ ပြဋ္ဌာန်းရန် မသင့်ဟု ဆွေးနွေးမှုရှိသော်လည်း  မဖြစ်မနေ ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ဆွေးနွေးသူများလည်း ရှိသည်။

ကမ္ဘာ့ မိခင်များနေ့ ဂုဏ်ပြုပွဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့် ဇနီးများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်

မေလဒုတိယပတ်အတွင်းကျရောက်သည့်  ကမ္ဘာ့မိခင်များနေ့ ဂုဏ်ပြုပွဲကို  အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ) (WLB)နှင့် အမျိုးသမီးအဖွဲ့များကွန်ရက်(WON)တို့ ပူးပေါင်း၍ မေ ၁၈ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင်ကျင်းပကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့်ဇနီးများကို ဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည့် ရေမျောဘင်္ဂါလီဒုက္ခသည်များ

အင်ဒိုနီးရှားနိုင်ငံတွင် ဘင်္ဂလီဒုက္ခသည်များအတွက် ယာယီစီစဉ်ပေးထားသော စခန်းတစ်ခုတွင် ဘင်္ဂလီ ဒုက္ခသည်များနှင့် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်
ပင်လယ်ထဲ ဦးတည်ရာမဲ့မျောပါနေသည့် ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများကိစ္စတွင် လက်ရှောင်နေမှု အပေါ် အရှေ့တောင်အာရှ နိုင်ငံများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြင်းထန်စွာ ဝေဖန်လိုက်သည်။

ဇာတ်ကားနာမည်ကြောင့် အွန်လိုင်းမှာ အောင်ပွဲခံနေတဲ့ ‘ကျွန်မက နှင်းဆီပါမောင်’

အနမ်းဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးခဲ့ခြင်းကြောင့်မြန်မာ့ရုပ်ရှင်လောကအတွင်း ဂယက်ရိုက်ခဲ့သည့် ‘ကျွန်မက နှင်းဆီပါမောင်’ရုပ်ရှင်ဇာတ်ကားမှာ ရုံတင်ပြသတော့မည့်အချိန်တွင်လည်း လူမှုကွန်ရက်စာမျက် နှာတွင် ဇာတ်ကားနာမည်ကို တစ်ဆင့်ကူးယူ၍ ပရိသတ်များက ခံစားချက်များကို ကူးယူရေးသား ဖော်ပြနေမှုများကြောင့် ရုံမတင်မီ ကပင် ရေပန်းစားနေကြောင်း သတင်းရရှိသည်။

နှစ်လတစ်ကြိမ်ခန့်ပြုလုပ်သည့် နိုင်ငံတကာမှ သံအမတ် များနှင့်တွေ့ ဆုံဆွေးနွေးပွဲကို MPC ၌ ကျင်းပပြုလုပ်

မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှ နှစ်လတစ်ကြိမ်ခန့် ကျင်းပ လေ့ရှိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ထွန်းတိုးတက်မှုများနှင့် အခြားသောကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု များနှင့် စပ်လျဉ်းပြီး နိုင်ငံတကာမှ သံအမတ်များအား ရှင်းလင်းပြောကြား သည့်ဆွေးနွေး ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် Myanmar Peace Center(MPC) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးများဖြစ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီး(၄၁)ဦး၊ UN သံအမတ်များ အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၈၈ ဦးတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သံအမတ်များမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေ၊ White Card၊ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် မေးခွန်းမေးမြန်းမှုများ၊ မှတ်ချက်ပေးမှုများ ပြုလုပ် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်မှသိလိုသည်များ ပြန်လည်ဖြေကြားခဲ့သည်။

Myanmar Peace Center

နေ့ဆိုင်းညဆိုင်းခွဲလုပ်ရသူများ ကျန်းမာရေးနှင့် မညီသော လူနေမှုပုံစံများ ဖြစ်လာနိုင်

နေ့ဆိုင်းညဆိုင်း ပြောင်းလဲလုပ်ကိုင်ရသူများ (သို့မဟုတ်) ပုံမှန်ညပိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အန္တရာယ် ပိုများလာစေသည့် အကြောင်းရင်းအချို့ဖြစ်သော ညံ့ဖျင်းသည့် စားသောက်ပုံနှင့် ကိုယ်လက် လှုပ်ရှားမှု အလွန်နည်းပါးခြင်းတို့ ဖြစ်လာနိုင်သည်ဟု လေ့လာမှုတစ်ခုက ဖော်ပြသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အချို့ ရိုင်းပျစွာ ပြုမူဆက်ဆံမှု၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်မှုများကို မနှစ်မြို့ကြောင်း ခရီးသွားပြည်သူများ ဝေဖန်

ဆူးလေဘုရားလမ်းပေါ်ရှိ မှတ်တိုင်တစ်ခုတွင် လမ်းလယ်၌ ခရီးသည်များ တင်နေသည့် ခရီးသည်တင် ယာဉ်အား တွေ့ရစဉ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့၏ ရိုင်းပျစွာပြုမူ ဆက်ဆံမှုများကို မနှစ်မြို့ကြောင်း ခရီးသွားပြည်သူများက ဝေဖန်ပြောကြားသည်။

လစ်သူယေးနီးယားလေယာဉ်ငယ် ဘော်လ်တစ်ပင်လယ်ပြင်တွင် ပျောက်ဆုံးနေ

ဆွီဒင်နိုင်ငံမှလာပြီး ဘော်လ်တစ်ပင်လယ်ပြင်ထက်၌ ပျောက်သွားသော လေယာဉ်မှူးနှစ်ဦးပါသည့် ပုဂ္ဂလိ က လေယာဉ်ငယ်တစ်စီးကို လစ်သူယေးနီးယားအစိုးရက ရှာဖွေနေကြောင်း မေလ ၁၇ ရက်တွင် ပြော သည်။

အီဂျစ်သမ္မတဟောင်းမော်စီနှင့် အပေါင်းအပါများ သေဒဏ်ချမှတ်ခံရမှု အီးယူနှင့်အမေရိကန်စိုးရိမ်

အီဂျစ်သမ္မတဟောင်းမော်စီနှင့် မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ဝင်များအား တရားခွင်စစ်ဆေးမှုလုပ်စဉ် ကိုင်ရိုမြို့အပြင်ဘက်ရှိ တရားရုံးပြင်ပတွင် နေရာယူစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များကို မေ ၁၆ ရက်က တွေ့ရစဉ် (Mohamed Abd El Ghany/reuters)
ရာထူးမှ ဖြုတ်ချခံထား ရသော အီဂျစ်သမ္မတ မိုဟာမက်မော်စီ၏ မွတ်စလင်ဘရားသား ဟုဒ်အဖွဲ့အပေါ် ပြတ်ပြတ်သားသား စစ်ကြေညာလိုက်ခြင်းဟု ကျွမ်းကျင်သူများက ပြောကြားသော ပြစ်ဒဏ်ချမှတ်မှုအဖြစ် ၎င်းနှင့်အတူ အခြားလူဒါဇင်ပေါင်းများစွာကို သေဒဏ်များချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နှင့် ဥရောပက စိုးရိမ် ကြောင်း ပြောကြားသည်။

မုတ်သုံလေအားကောင်းနေ၍ ပင်လယ်ပြင်တွင် လှိုင်းလေကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေ၍ ကမ်းရိုးတန်းချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင်နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တွင်လည်း လှိုင်းရောလေပါကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

အမေရိကန်လူစွန့်စား ဒိန်းပေါ်တာ စွန့်စားမှုအတွင်း သေဆုံး

အမေရိကန်နိုင်ငံ၏ လူသိအများဆုံး လူစွန့်စားအားကစားသမား ဒိန်းပေါ်တာသည် ကယ်လီဖိုးနီးယား ပြည်နယ်တွင် စွန့်စားသရုပ်ပြမှုတစ်ခုအတွင်း သေဆုံးသွားသည်။

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဟု သမ္မတပြောကြား

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်နေသော သမ္မတဦးသိန်းစိန်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အဓိကကျသောကြောင့် သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေး   အစိုးရအဖွဲ့က အုပ်ချုပ်ရေးနည်းလမ်းဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကတိပြုပြောကြားသည်။

လေပြင်းကြောင့် မြင်းခြံမြို့နယ် ကျေးရွာအချို့တွင် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့ပျက်စီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့ တွင် မေလ ၁၇ ရက်ညက လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိက အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ခြေစမ်းပွဲတွင် မြန်မာယူ-၂၀ အသင်း မဲလ်ဘုန်းစီးတီးလူငယ်အသင်းကို ဂိုးပြတ်အနိုင်ရ

မြန်မာယူ-၂၀ အသင်းနှင့် မဲလ်ဘုန်းစီးတီးလူငယ်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)
မြန်မာယူ-၂၀ ဘောလုံးအသင်း၏ သြစတြေးလျလေ့ ကျင့်ရေးခရီးစဉ် ပထမခြေစမ်းပွဲတွင် မဲလ်ဘုန်းစီးတီး လူငယ်အ သင်းကို ၇-၁ ဂိုးဖြင့် ဂိုးပြတ်အ နိုင်ရရှိခဲ့သည်။

ရုရှားအရာရှိနှစ်ဦးကို ဖမ်းမိထားဟု ယူကရိန်းအစိုးရပြောကြား

ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များထိန်းချုပ်မှုအောက်ရှိဒေသ၌ လှည့်လည်သွားလာနေသော ရုရှား အရာရှိ နှစ်ဦးကို ဖမ်းမိ ထားကြောင်း ယူကရိန်းအစိုးရက မေလ ၁၇ ရက်တွင် ပြောသည်။

ဇွန်လမှ စတင်၍ မိုဘိုင်းဖုန်း ငွေဖြည့်တင်းမှုများမှ အခွန်ငွေဖြတ်မည်

အခွန်ဥပဒေအသစ်အရ ဆက်သွယ်ရေးအော်ပရေတာသုံး ခုစလုံးမှ မိုဘိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် ၀ယ်ယူသူများ အနေဖြင့် ဇွန်လ ၁ ရက်မှစတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး ဖုန်းဘီလ် ဖြည့်သွင်းလိုက်ပါကတိုက်ရိုက်ဖြတ်တောက်မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။

TNLA က ကားများကိုဆက်ကြေးကောက်ခံ၍ တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွား

TNLA တပ်ဖွဲ့များ ယာဉ်များကို ဆက်ကြေးကောက်ခံနေစဉ် 
မူဆယ်နှင့်နမ့်ဖက်ကာ ရွာကြားတွင် TNLA က ယာဉ်များကို ငွေကြေးကောက်ခံသောကြောင့် အစိုးရ တပ်မတော်က နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ယာဉ်စီးရေ ရာချီ၍ ပိတ်ဆို့ ခဲ့ကြောင်းသတင်း ရရှိသည်။

ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်မြို့ လူဦးရေ ကျဆင်းသွားပြီး ဧရာဝတီတိုင်းတွင် အဆိုးရွားဆုံး ကျဆင်း

ဒလဘက်ကမ်းမှ ရန်ကုန်မြို့သို့ ကူးလာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် နှစ် ၃၀ အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်မြို့များမှလွဲ၍ ကျန်ဒေသအားလုံးတွင် လူဦးရေ ကျဆင်းခဲ့ပြီး ဧရာဝတီတိုင်းမှာ လူဦးရေ အဆိုး ရွားဆုံး ကျဆင်းခဲ့ကြောင်း သန်းခေါင်စာရင်း အကြိုစာရင်းဇယားများကို ကိုးကား၍ UMFCCI ၏ တရားဝင် သုတေသနကုမ္ပဏီ New Crossroads Asia (NCRA) က ၎င်းတို့၏ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျရောက်မှု တပ်မတော်၏ ပစ်ခတ်မှု လုံးဝမဟုတ်ကြောင်း တပ်ချုပ်ငြင်းဆို

ပြီးခဲ့သည့်ရက်က တရုတ် နိုင်ငံနယ်နိမိတ်အတွင်းသို့ လူထိ ခိုက်ဒဏ်ရာရမှုများဖြစ်စေခဲ့သည့် လက်နက် ကြီးကျည် ကျရောက် ပေါက်ကွဲမှုများသည် မြန်မာ့တပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင် ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် ငြင်းဆို လိုက်သည်။

အစိုးရသစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်ပါက ဆန္ဒပြမည်ဟု ဦးစိုးသိန်းပြော

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 
လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရမည့်အစိုးရသည် ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ် နိုင်ငံကို တည်ဆောက် ရမည့် တာဝန်ရှိပြီး ယင်းသို့ မလုပ် ဆောင်ပါက ၎င်းကိုယ်တိုင် ဆန္ဒပြ မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာသုံးခုက ဇွန် ၁ ရက်မှစ၍ ငွေဖြည့်ကတ်သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန်ကောက်ခံမည်

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်သော MPT၊ တယ်လီနော၊ အူရီဒူးတို့က ၂၀၁၅ ဇွန် ၁ ရက်မှ စတင်ကာ ငွေဖြည့်ကတ်သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တရုတ်ဘဏ်ချေးငွေဖြင့် နေပြည်တော်တွင် ရထားစက်ခေါင်းစက်ရုံ တည်ဆောက်မည်

တရုတ်နိုင်ငံ Exam Bank မှ အမေရိကန်ဒေါ်လာသန်း ၉၀ ကျော်ချေးယူ၍ နေပြည်တော်တွင် မီးရထား စက်ခေါင်းစက်ရုံတည်ဆောက်ရန်စီစဉ်နေကြောင်း မြန်မာ့မီးရထားပို့ဆောင်ရေးဦးစီးဌာနမှသတင်း ရရှိသည်။

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၆၈ ပါတီမှ ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် မေ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများသည် မေ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။