Friday 17 May 2013

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

မဟာစင်ကြောင့် ထိခိုက်ပျက်စီးမှု ခန့်မှန်းထားသည်ထက် များစွာသက်သာ

အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်


အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်
Friday, May 17, 2013

ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀သာ တို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင်တို့ဟာ နှစ်ဖက်သောမိဘတို့ဝတ္တရားနဲ့အညီ ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ဖြစ်ပါသဖြင့် ၁၈-၅-၂၀၁၃ရက် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီ အချိန်အထိ ရန်ကုန်မြို့ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာ၊ မဟာကုသလကာရီ ဓမ္မသာလာခန်းမမှာ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားကို ကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ ၂၆-၅-၂၀၁၃ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီမှ ၁၂နာရီအထိ Strand ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

The first Media
ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်း တို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀သာ တို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင်

ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ် ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ်

မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ

Photo: မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ
Friday, May 17, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ လူသွားလူလာပြတ်တဲ့ နေရာဖြစ်တဲ့ အတွက် ဗုံးကြောင့် သေဆုံးသူဟာ သူကိုယ်တိုင် ဗုံးလာထောင်ရင်းနဲ့ မတော်တဆ ပေါက်ကွဲသွားတယ်လို့ တာဝန်ရှိသူတွေက ယူဆနေကြပါတယ်။ သေဆုံးသူဟာ လူလတ်ပိုင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဒဏ်ရာများကြောင့် ဘယ်ဘက် ခြေလက်၊ မျက်နှာနဲ့ ဝမ်းဗိုက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ထို့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မိုးလုံလေလုံ အားကစားကွင်း အနီးမှာ ပေါက်ကွဲခြင်း မရှိသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိရလို့ မနက် ၈ နာရီကျော်မှာ လုံခြုံရေး တာဝန်ရှိသူများက အလွယ်တကူပဲ လာရောက်ဖြုတ်ယူသွားကြတယ်လို့ သိရပါတယ်။

မိုးလုံလေလုံ အားကစားကွင်း အနီးမှာတော့ အရင်နှစ်တွေကလည်း လူသူထိခိုက်မိမရှိတဲ့ ဗုံးပေါက်ကွဲမှု အသေးစားလေးတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။

အစိုးရတပ်က RCSS/SSA တပ် အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မတာကို မေလ ၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူစယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ အမည်မသိ အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့တဲ့ ဗုံးကွဲမှုများ၊ လူသေဆုံးအောင် လက်နက်ငယ်များနဲ့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ကော့လီမီဒီယာ
ရှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ သစ်တောဦးစီးဌာနရုံး အနီးမှာ မေလ ၁၆ ရက်နေ့ မနေ့ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

Photo: အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဘာသာရပ်အား မူလတန်းမှ စတင်ကာ အလယ်တန်း၊ အထက်တန်း အဆင့်များအထိ သင်ရိုးညွှန်းတမ်းများတွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် ထည့်သွင်းသင်ကြား ပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် တစ်ပတ်လျှင်နှစ်ကြိမ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် တစ်ပတ်လျှင် တစ်ကြိမ်စီ သင်ကြားမည်ဖြစ်သည်။

''စိုက်ပျိုးရေး ဘာသာရပ်ကို မူလတန်းကနေ အထက်တန်းထိ ထည့်သွင်းသင်ကြား ပေးမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ သင်ရိုးတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာရပ်များ၊ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရသည်။ အခြေခံပညာကဏ္ဍ၌ တွဲဖက်သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှု၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။

အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့လာနေစဉ်
အခြေခံပညာ အထက်တန်းအချို့မှ ကျောင်းသူ ကျောင်းသားအချို့ ပျိုးပင်ခြံများသို့ သွားရောက်လေ့ လာနေစဉ်
ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် သင်ကြားပေးနိုင်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး
Friday, May 17, 2013

မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

ယမန်နေ့ ညနေ ၉ နာရီ အချိန်ထိ ကောက်ယူစုဆောင်းတဲ့ စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူဟာ ၁၅ ဦး ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ခရိုင်တွေက ဖြစ်ကြပါတယ်။ သေဆုံးသူတွေ အထဲမှာ ဘာရ်ဂုန ခရိုင်က ၇ ယောက်၊ ဘိုလာခရိုင်က ၂ ယောက်၊ စစ်တကောင်းက တစ်ယောက် ၊ ပေါတ၀ါခါလီက ၃ ယောက် ၊ ပီရိုဂျပူရ်က တစ်ယောက် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ နုန်းနဲ့ စတင် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်း ကုန်တွင်းပိုင်းကို စတင် ဖြစ်သန်းစဉ်မှာတော့ မုန်တိုင်းဟာ အထူး အားပျော့သွားခဲ့ပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဖို့ အထူး သက်သာရာ ရခဲ့ပါတယ်။
မုန်တိုင်း တိုက်ခတ်စဉ် အတွင်းမှာ ပင်လယ် ကမ်းခြေ ဒေသတွေမှာ ဒီရေဟာ ၆ ပေ အထိ မြှင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သက်ကယ်မိုးအိမ် ထောင်ချီပြီး ပျက်စီးသွားခဲ့သလို သစ်ပင်တွေ အများအပြားလည်း ပြိုလဲသွားခဲ့ပါတယ်။ နွေစပါး စိုက်ခိုင်းတွေ အများအပြားလည်း လဲပြို ညွှတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
မဟာစင်တာ မုန်တိုင်းဟာ ဘင်္ဂလာ ဒေသ စံတော်ချိန် ညနေ ၄ နာရီမှာ စစ်တကောင်းနဲ့ န၀ါခါလီ မြို့အကြားကနေ ဖြတ်ကျော်ပီး အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထဲက တစ်ခု ဖြစ်တဲ့ ထရိပူထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

မဟာစင်ဟာ သူစတင် မွေးဖွားရာ ဘင်္ဂလာ ပင်လယ်အော်ကနေ ကီလိုမီတာ ၁၇၀၀ ကျော် ခရီးကို ၇ ရက်ခန့် ချီတက်ပြီးနောက် အိန္ဒိယ ထရိပူရ ပြည်နယ်မှာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်း အန္တရာယ်ကို စိုးရိမ်တဲ့ အတွက် မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ပေးခဲ့သလို ဘင်္ဂလာဒေခ်ျ့မှာတော့ လူပေါင်း တစ်သန်းကျော်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

မုန်တိုင်းရဲ့ ဒဏ်ကိုတော့ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့က ခံခဲ့ကြရပါတယ်။ အထူးသဖြင့် မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး ရေတွေ ဖုံးလွှမ်းခဲ့တဲ့ အတွက် သီရိလင်္ကာမှာလည်း အနည်းဆုံး လူ (၈) ယောက် သေဆုံးခဲ့ရပါတယ်။

မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာ မှာ ဖေါ်ပြ ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက် တိုက်ခတ် ၁၂ ဦး သေဆုံး

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး နေအိမ်တဲပေါင်း သောင်းနှင့်ချီ၍ပျက်စီးကာ လူပေါင်းတစ်သန်းခန့်မှာ ၎င်းတို့၏ အရပ်ဒေသအား စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည့် အဆင့်အနီရောင်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခုအခါ အန္တရာယ်မရှိသည့် အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးအပြောင်းအလဲနဲ့ သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီး

Photo: နိုင်ငံရေးအပြောင်းအလဲနဲ့ သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီး

သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘောခရီး ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။

ယင်းသည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်၌ မေ ၂၀ ရက် (တနင်္လာနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံပေးသွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့်ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန်အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် မျော်လင့်စောင့်စားနေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ မြန်မာနိုင်ငံသို့ အမေရိကန် အစိုးရ၏ ဒုတိယသမ္မတ အဆင့်သာ အမြင့်ဆုံး လာရောက်ခဲ့ဖူးပြီး ၎င်းမှာ မြန်မာနိုင်ငံသို့ ၁၉၅၃ ခုနှစ်က လာရောက်ခဲ့သည့် ဒုတိယ သမ္မတရစ်ချက်နစ်ဆင်ဖြစ်ကာ နှစ်ရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်သည်။

စစ်အေးတိုက်ပွဲ အရှိန်မြှင့်နေချိန်မှာ ဘက်မလိုက်နိုင်ငံများ၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး နေ၀င်း ကို အမေရိကန်က အိမ်ဖြူတော်သို့ ဖိတ်ခေါ် တွေ့ဆုံခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကို အကောင်အထည်ဖော်နေသည့် အတွက် ချီးမြှင့်သည့်အနေဖြင့် သမ္မတ ဦး သိန်းစိန်ကို အမေရိကန်က အိမ်ဖြူတော် သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးသည်ဟု ယူဆနိုင်သလို တစ်ဖက်တွင်လည်း အာရှ-ပစိဖိတ်ဒေသကို အဓိက အာရုံစိုက်လာသည့် အမေရိကန်အနေဖြင့် ဒေသတွင်းမှာ ကျား တစ်ကောင်ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လိုသည့် သဘောဖြင့် ဖိတ်ခေါ်သည်ဟုလည်း ယူဆနိုင်ပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော် ခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်လာနိုင်ရုံ သာမက စစ်ရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြင့်တက်လာနိုင်ပြီး နှစ်နိုင်ငံ ပြည်သူများကြား ကူးလူးဆက်ဆံမှုများလည်း တိုးတက်လာနိုင်ပါသည်။

 မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် (Photo: AFP)
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် (Photo: AFP)
သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘောခရီး ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။

မဟာစင်နဲ့ပတ်သက်ပြီး ကုလနဲ့ NGO တွေ သတင်းစာ ရှင်းလင်း


မဟာစင်နဲ့ပတ်သက်ပြီး ကုလနဲ့ NGO တွေ သတင်းစာ ရှင်းလင်း
Friday, May 17, 2013

မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း မုန်တိုင်းသင့်ဒေသက ပြည်သူ ၂သိန်းခွဲအတွက် တစ်လစာ ဆန်တန်ချိန် ၄၀၀၀ ကျော်ကို အဆင်သင့်စီစဉ်ထားပြီး ဆေးဝါးတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအပြင် တခြားအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ဖြည့် ဆည်းနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ လူသားချင်း စာနာမှုဆိုင်ရာအသိုင်းအဝန်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်းအန်ဂျီအိုတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

RFA


မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။