Tuesday 9 February 2016

လွှတ်တော်သတင်းယူခွင့် ကန့်သတ်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဟု လွှတ်တော်ရုံး တုံ့ပြန်

လွှတ်တော်အစည်းအဝေးခန်းမ အပြင်ဘက်ရှိ တီဗီတွင် သတင်းသမားများ သတင်းယူနေပုံ။ (ဓာတ်ပုံ- သက်ကို-မဇ္ဈိမ)
နေပြည်တော်ရှိ လွှတ်တော် သုံးရပ်တွင် သတင်းထောက်များ သတင်းရယူခွင့် တင်းကြပ်လိုက်ခြင်းနှင့် ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်နေကြပြီး ယင်းသို့ကန့်သတ်ရခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးက တုန့်ပြန်ပြောကြားလိုက်သည်။

တသက၏ မူအရ ပုဒ်မ ၁၈ကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းမည်မဟုတ်ဟု တသက ကျောင်းသားများပြော

တကသ၏ မူအရ ပုဒ်မ(၁၈)ကို အယုံအကြည်မရှိသဖြင့် အဆိုပါ ပုဒ်မဖြင့် စွဲဆိုထားသည့်အမှုများကို တရားခွင်၌ ရင်ဆိုင်ဖြေရှင်းသွားမည် မဟုတ်ကြောင်း တကသကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူက ပြောသည်။ဖေဖော်ဝါရီ ၉ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။"ဒီနေ့ပန်းဘဲတန်းအမှုမှာ ပန်းဘဲတန်းရဲမှူးကို ကျွန်တော်တို့ရှေ့နေတွေက ပြန်လှန်မေးခွန်းမေးပါတယ်။ နောက် ကျွန်တော်တို့ သုံးယောက်ကို ကျောက်တံတားက လာပြောပါတယ်။ ပုဒ်မ၁၈နဲ့ ကြသပတေးနေ့ ရုံးထုတ်မယ် ပြောတယ်။ ကျွန်တော်တို့ တကသရဲ့ မူအရ ပုဒ်မ၁၈ကို အယုံအကြည်မရှိတဲ့အတွက် အမှုရင်ဆိုင်မှာ မဟုတ်ဘူး" ဟု ကိုပိုင်ရဲသူက ပြောသည်။

တာဝန်ကျေစပါး မရောင်း၍သိမ်းခံရသည့်လယ်ယာမြေကိစ္စဖြေရှင်းပေးရန် ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌသစ်ထံတိုင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ပေါက်တိန်းကျေးရွာတွင် ၁၉၉၈ - ၉၉ခုနှစ်က တာဝန်ကျေ စပါးမရောင်း၍ တောင်သူ ၁၂ ဦးထံမှ လယ်မြေဧက ၁၀၀ကျော် သိမ်းဆည်းထားမှုအား ဖြေရှင်းပေးရန် ဖေဖော်ဝါရီ ၉ ရက်နေ့ကလွှတ်တော်ဥက္ကဌသစ်ဦးအောင်ကျော်ခိုင် ထံသို့တိုင်ကြားထားကြောင်း တောင်သူများကပြောကြားသည်။
"ကျွန်တော်တို့လယ်တွေကို တာဝန်ကျေစပါး မရောင်းလို့ဆိုပြီး၊လူတွေကို အချုပ်ထားတယ်၊ကျွန်တော်တို့ လယ်တွေကို ရ.ဝ.တ လူကြီးတွေသိမ်းယူတယ်၊အခု ရပ်ကျေးတိုင်တယ် မရဘူး မြို့နယ်ကို လယ်ယာမြေစီမံခန့်ခွဲရေး ကိုဆက်တိုင်ထားတယ်၊အခုထိ ဘာမှအကြောင်းမပြန်ဘူး"ဟု လယ်ယာမြေများသိမ်းဆည်းခံရမှုအား ၁၁ ဧကသိမ်းခံရသူ ဦးသိန်းထွန်းက ပြောသည်။

အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲထိမှန်၍ လူတစ်ဦးသေဆုံးခဲ့ လူ့သမိုင်းတွင် ပထမဆုံးဖြစ်ရပ်ဟု ဆို

ဘတ်စကားယာဉ်မောင်းတစ်ဦး သေဆုံးစေခဲ့ပြီး၊ အခြား ၃ ဦးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် ကောင်းကင်မှ ကျဆင်းလာသည့် အရာဝတ္ထုမှာ ဥက္ကာပျံ တစ်ခုဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်ရာ အကယ်၍ မှန်ကန်ခဲ့ပါက မှတ်တမ်းရှိဖူးသမျှ သမိုင်းတလျှောက်တွင် ပထမဆုံး ဥက္ကာပျံကြောင့် သေဆုံးမှု ဖြစ်လာမည်ဖြစ်သည်။

တစ်ဖက်နိမ့်ဆင်းခဲ့သည့် ကြိုးတံတားမှာ မူလီများ ပြတ်ထွက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပြင်ဆင်မှုများ စတင်နေပြီ

၃ လက်မခန့် တစ်ဖက်သို့ နိမ့်ဆင်းသွားသည့် ပုသိမ်မြို့၊ ကြိုတံတားမှာ မူလီများပြတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်တွင် ပြန်လည်ပြင်ဆင်နေမှုများ စတင်ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီဌာနမှ တိုင်းဒုတိယညွန်ကြားရေးမှူး ဦးအေးထွန်းမော်က ပြောသည်။"ဖြစ်တာ ရာသီဥတုဒဏ်၊ သံချေးတက်တာ၊ ဆားငွေ့ရိုက်တာတို့ရှိလို့ ဖြေးဖြေးခြင်း မူလီတွေ ပြတ်ထွက်သွားတာ။ သံဘောင်တွေ ပြန်မတင်ဖို့ လုပ်နေပါပြီ။ သံဘောင်တွေ နက်တွေတည့်သွားရင်ရပြီ။ တပြိုင်တည်း ကျန်တဲ့စစ်ဆေးစရာရှိတာတွေ စစ်သွားမယ်"ဟု ဦးအေးထွန်းမော်က ပြောသည်။

TNLA တအာင်းပလောင်အဖွဲ့က ကျောက်မဲမြို့နယ်ရှိ ရှမ်းရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ် ရွာမီးရှို့ ဟု ဒေသခံများဆို

TNLA / PSLFအဖွဲ့ က ကျောက်မဲမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်သည့် တော့ဆန်ကျေးရွာအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ပြီး ရှမ်းရွာသား အချို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက The Ladies News သို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင်ပြောလာပါသည်။
အနီးနားရှိတောင်ကုန်းပေါ်တွင်RCSS/SSA တပ်ဖွဲ့အချို့ရှိနေသော အဆိုပါ ရှမ်းကျေးရွာသို့တအာင်းတပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ဒေသခံ ၁၀ ဦးလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းတွင် အဆိုပါ ကျေးရွာမှ ဒေသခံအချို့ထံ The Ladies မှ ထပ်မံဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရတော့ပေ။

အူရီးဒူး၏မြန်မာနိုင်ငံကွန်ရက်များအတွက် ADB နှင့် IFC ဒေါ်လာသန်း ၃၀၀ ကူညီမည်

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် သော အူရီးဒူးအား မြန်မာနိုင်ငံတစ် ဝန်းတွင် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များတိုးချဲ့နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)တို့က အမေရိကန် ဒေါ်လာသန်းသုံးရာ ကူညီမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။အဆိုပါသဘောတူညီချက် ကို အူရီးဒူးကုမ္ပဏီများရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အူရီးဒူးမြန် မာမှတစ်ဆင့် မြန်မာနိုင်ငံ၌ ဆက် သွယ်ရေးကဏ္ဍအတွက် ADB နှင့် IFC တို့က ကန်ဒေါ်လာ သန်း ၁၅၀စီကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် မန်ယူ သရေကျ၊ နာပိုလီနှင့် ဂျူဗီ စီးရီးအေကို ဆက်လက်ဦးဆောင်

ယခုရာသီတွင် ချယ်လ် ဆီးနှင့် မန်ယူတို့ ဒုတိယအကြိမ် သရေကျခဲ့သောကြောင့် ယင်းမှာနှစ်သင်းလုံးအတွက် အနည်းငယ် သာ အထောက်အကူဖြစ်စေခဲ့ သည်။
ချယ်လ်ဆီးအိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျခဲ့သောကြောင့် မန်ယူသည် ပရီးမီးယားလိဂ် အ မှတ်ပေးဇယား ပဉ္စမနေရာ၌ ဆက် ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေမည့် နံပါတ် (၄) နေရာနှင့် ခြောက်မှတ်အထိ ကွာဟသွားသည်။ချယ်လ်ဆီးသည် ယင်းရ လဒ်ကြောင့် တန်းဆင်းဇုန်နှင့် မဝေးကွာသော နံပါတ် (၁၃) နေ ရာတွင် ဆက်ရှိနေပြီး ပုံမှန်မဟုတ်ဘဲ ထိပ်ဆုံးလေးသင်းနေရာသို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။

ပဲခူးတက္ကသိုလ် ဗိုလ်ချုပ်အောင်ဆန်း(၁၀၁)နှစ်ပြည့်အကြိုပွဲတွင် ကျောင်းသားများဆန္ဒထုတ်ဖော်

ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဟောပြောနေခိုက် ကျောင်းသာများ ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ - ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ပဲခူးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက်မွေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပွဲ တွင် ပါမောက္ခချုပ်ဟောပြောနေ စဉ် ကျောင်းသားအချို့က ဗီနိုင်း များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အကြိုဟောပြောပွဲအတွက် စာ ရေးဆရာများအား ဖိတ်ခေါ်ရန် ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါမောက္ခချုပ်ထံ စာတင်ခဲ့သော်လည်း စာရေးဆရာများ ၏ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာကို တောင်းခံခဲ့သော ကြောင့် ဟောပြောပွဲနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂဒုဥက္ကဋ္ဌ မပန်ပန်ဖူးသက်နိုင်က ပြောသည်။

တရုတ်ဘောလုံးအသင်းများ ငွေကို ရေလိုသုံးမှု အစသာရှိသေးဟု ကာဟေးလ်ပြောကြား

ဥရောပအခြေစိုက် ထိပ်တန်းအရည်အချင်းရှိ ဘောလုံး သမားများကို ခေါ်ယူရေး တရုတ် အသင်းများ၏ ငွေအမြောက်အ မြား သုံးစွဲမှုမှာ ရူးသွပ်မှုတစ်ခုဖြစ် ပြီး ပြောင်းလာသော ကစားသမား အတွက် (သို့မဟုတ်) တရုတ် ဘောလုံးပြိုင်ပွဲများအတွက် ကျေး ဇူးအနည်းငယ်သာ ရှိလိမ့်မည်ဟု သြစတြေးလျလက်ရွေးစင် ရှန် ဟိုင်းအခြေစိုက် တိုက်စစ်မှူး တင်ကာဟေးလ်က ပြောသည်။

အခြေခံဥပဒေနှင့်အညီ ဥပဒေများ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ရုပ်သိမ်းရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတသ၀ဏ်လွှာပို့

ပြည်ထောင်စု လွှတ်တော်က ဥပဒေများအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်၊ ရုပ်သိမ်းခြင်းများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အလေးထား ဆောင်ရွက်စေလိုကြောင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်က လွှတ် တော်သို့ ပေးပို့သည့်သ၀ဏ်လွှာ ၌ ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတတင်မြှောက်နိုင် ရေး အဟန့်အတားဖြစ်နေသော အခြေခံဥပဒေပါပုဒ်မ ၅၉(စ)ကိုဆိုင်းငံ့နိုင်သည်ဆိုသည့် သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်တွင် လက်ရှိသမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သ၀ဏ်လွှာ၌ အထက်ပါအတိုင်းထည့် သွင်းရေးသားခဲ့ခြင်းဖြစ်သည်။