Tuesday 7 April 2015

Asia World ကုမ္ပဏီ စီမံကိန်းမြေကို ပန်းခြံဆောက်မည်


အများပြည်သူ အနားယူအပန်းဖြေနိုင်ရန်အတွက် ကြည့်မြင့်တိုင် ကမ်းနားလမ်းမကြီး၏ ဘေးဗားကရာ လမ်းထိပ်မှဈေးကြီးလမ်းထိပ်အထိ အရှည်ပေ (၁၁၀၀) ခန့်ရှိသော နောက်ခံမြေ ဧရိယာ (၂) ဧကခန့်အား ပန်းခြံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

တီကရစ်မြို့ အနီးတဝိုက်၌ အိုင်အက်စ်တို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သင်္ချိုင်းနေရာများ တွေ့ရှိ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်များက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားသည့် သင်္ချိုင်းနေရာ အချို့ကို အီရတ်နိုင်ငံ၊ တီကရစ်မြို့တွင် တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။
တီကရစ်မြို့ကို အိုင်အက်စ် တပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်က ၎င်းတို့ ဖမ်းဆီးရမိသည့် အီရတ် အစိုးရစစ်သားများကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ကြသည်။ ယခုအခါ တီကရစ်ကို အီရတ်အစိုးရ တပ်များက ပြန်လည် သိမ်းယူလိုက်ပြီးနောက် သင်္ချိုင်းနေရာဟောင်းများကို ရှာတွေ့လာခဲ့သည်။

အေးရွာတွင် တံတားထိုးမည် ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြန်လည်လှုပ်ခတ်ဟုဆို

ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာတို့ကို မြစ်ကူးတံတား တည်ဆောက်မည် ဆိုခြင်းကြောင့် အဆိုပါကျေးရွာရှိ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာကြောင်း အဆိုပါ ကျေးရွာ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းပေးရန် ခြိမ်းခြောက်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စု၊ ပန်ပွဲစားကျေးရွာသို့ ဧပြီလ ၅ ရက်နေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကျေးရွာအတွင်းမှ လူသစ်စုဆောင်းပေးရန် ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း ဒေသခံ ရွာသားများထံမှ သတင်းရရှိသည်။

မော်လမြိုင်အကျဉ်းထောင် အဆောက်အဦးနှင့် မြေနေရာအားပုဂ္ဂလိကသို့ ရောင်းချရန်မရှိ

မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင် အဆောက်အဦးများနှင့် မြေနေရာများအားပုဂ္ဂလိက အဖွဲ့အစည်း များသို့ ရောင်းချရန် အစီအစဉ်မရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဌေးမြင့်အောင်က ပြောသည်။

ဘိုကလေးမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် ညီမကို အစ်ကိုက ဓားဖြင့်ခုတ်သတ်

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတွင် ဧပြီလ ၃ ရက်နေ့က အသက် ၁၃ နှစ်အရွယ် ညီမဖြစ်သူကို အစ်ကိုဖြစ်သူက ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဘိုကလေးမြို့မ ရဲစခန်းထံမှ သိရသည်။

သေတ္တာများထဲ ထည့်ပြီး ပန်းခြံအတွင်း လာပစ်သွားသည့် အလောင်းများကိစ္စ အိန္ဒိယ ရဲတပ်ဖွဲ့ စုံစမ်းနေ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများကို သေတ္တာထဲထည့်ပြီး လူစည်ကားရာ ပန်းခြံ ထဲသို့ လာပစ်သွားသည့် ဖြစ်ရပ်အတွက် အိန္ဒိယ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရှိရသည်။

သင်္ကြန်အထူးရထားခရီးစဉ်များ ဧပြီ ၁၀ ရက်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်-နေပြည်တော်-မန္တလေးသင်္ကြန်အထူးရထား ခရီးစဉ်များကို ဧပြီ ၁၀ ရက်မှ စတင် ပြေးဆွဲမည်ဖြစ် ကြောင်း သတင်းရရှိသည်။ နေပြည်တော် မှ ရန်ကုန် ခရီးစဉ်ကို အစုန် (၁) နှင့် အစုန် (၂) ဟူ၍ ဧပြီ ၁၀ ရက်ည ၇ နာရီ ခွဲနှင့် ၉ နာရီတွင်လည်း ကောင်း၊ ရန်ကုန်မှ မန္တလေးသို့ အဆန်အထူး (၁)၊ (၂) ခရီးစဉ် များကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက် များတွင် ညနေ ၄ နာရီ၌လည်း ကောင်း၊ မန္တလေးမှ ရန်ကုန်သို့ အစုန်အထူး (၁)၊ (၂) ကို ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်များ၌ ညနေ ၄ နာရီတွင် လည်းကောင်း၊ ရန်ကုန်-နေပြည်တော်အဆန် အထူး (၁) (၂) ခရီးစဉ်များအား ဧပြီ ၂၁ ရက် ည ၇ နာရီခွဲနှင့် ၈ နာရီတွင် လည်းကောင်း၊ အထူးရထား ခရီးစဉ် ရှစ်ခုပြေးဆွဲပေးမည်ဖြစ် ကြောင်း အထက်မြန်မာပြည် မြန်မာ့ မီးရထားလုပ်ငန်း သွား လာရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

နစ်မြုပ် ရုရှား ငါးဖမ်းသင်္ဘောသို့ မြန်မာ ၄၂ ဦး စေလွှတ်သည့် ကုမ္ပဏီ ၅ ခု အရေးယူခံရ

ရုရှားအရှေ့ဖျားဒေသ Okhotsh Sea အတွင်း ဧပြီလ၂ ရက်နေ့ က နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၄၂ ဦး ပါရှိ အလုပ်လုပ်ကိုင်ခဲ့ရာ ယင်းသင်္ဘောတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံသား များကို တရားမ၀င် စေလွှတ်ခဲ့သည့် ပြည်တွင်း သင်္ဘောသားအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီ ၅ ခုကို လုပ်ငန်း လုပ် ကိုင် ခွင့် အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

မယ်မြန်မာ ဖြစ်ဖို့ ကျမ ကြိုးစားမည်

ဖက်ရှင်ရှိုးပွဲ တခု၏ စင်မြင့်နောက်တွင် အမျိုးသမီး ငယ်လေးများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မော်ဒယ်လ်များက အဝတ်လဲခန်း အတွင်းမှ မှန်ထဲကို ကြည့်ရင်း သူတို့၏ မျက်နှာများကို စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင် ခြယ်သနေကြ သည်။
မြန်မာနိုင်ငံမှ ထိပ်တန်း ဒီဇိုင်နာများ ချုပ်လုပ် ပေးထားသည့် ဂါဝန်များကို ဝတ်ဆင်ပြီး လျှောက်လမ်းပေါ်သို့ မတက်မီ နောက်ဆုံး ပြင်ဆင်မှု ပြုလုပ်နေ ကြခြင်း ဖြစ်သည်။ ပြည်တွင်း ဒီဇိုင်နာများ စုပေါင်းပြုလုပ်သည့် ယခုရှိုးပွဲတွင် တကြိမ် လျှောက်လျှင် သူတို့ ကျပ် ၁ သိန်းခန့် ရပါသည်။ ပျမ်းမျှ တလ လုပ်အားခ ကျပ် ၁ သိန်းခွဲကျော်ခန့်သာ ရရှိသည့် နိုင်ငံတနိုင်ငံတွင် နည်းပါးသည့် ပမာဏတော့ မဟုတ်ပါ။ သို့သော်လည်း သူတို့က ငွေကြေး အတွက် သက်သက် လုပ်နေကြခြင်း မဟုတ်ပါ။ သူတို့ကို လူသိများစေဖို့ လုပ်နေကြခြင်း ဖြစ်ပါသည်။

လွှတ်တော်အမတ်များ နေထိုင်ရေးကိစ္စ စီစဉ်ပေးရန် လွှတ်တော်သို့ အရေးကြီးအဆိုတင်မည်

လွှတ်တော်အမတ်များ နေထိုင်ရေးအတွက် အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စ စီစဉ်ပေးရန်ကို လွှတ်တော်တွင် အရေးကြီးအဆိုတင်မည် ဖြစ်ကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက The Voice သို့ ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ အစည်းအဝေးအပြီးတွင် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်



တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေး ထိုးနိုင် ခဲ့ခြင်းအား ကြိုဆိုထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီး မြို့နယ်တွင် ဧပြီ(၆)ရက် နံနက်(၉)နာရီက ခွင့်ပြုချက်ရယူပြီး ပြုလုပ်ခဲ့ကြောင်းသိရသည်။

ငါးထောင်တန်အသစ်သုံးစွဲသူများကြား ပြဿနာရှိနေ


လုံခြုံရေးဆိုင်ရာတိုး မြှင့်ပြီး ထုတ်လုပ်ထားသည့် ငွေ စက္ကူကျပ် ငါးထောင် တန်အသစ် သုံးစွဲရာတွင် ပြဿနာများရှိနေ၍ လူအများပိုမိုသိရှိရန် ဗဟိုဘဏ်က ထပ်မံကြေညာပေးသင့်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် များက ပြောကြားသည်။

ချယ်ရီဦးမှတင်သွင်းသည့်နာရီများ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူခွင့်ပေးသည့် လေဆိပ်ကုန်လှောင်ရုံတာဝန်ခံအား အရေးယူမည်

ချယ်ရီဦးကုမ္ပဏီမှတင် သွင်းလာသည့်နာရီများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်း မရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထုတ်ယူ ခွင့်ပေးခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကုန်လှောင်ရုံတာဝန်ခံကို ဝန်ထမ်း စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာ ဝန်ရှိသူများထံမှသိရသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အတွက် ပြင်ဆင်လျှောက်ထားချက် တရားလွှတ်တော်ချုပ်က လက်ခံ

ယုံကြည်မှု အလွဲသုံးစားလုပ်မှု အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ အမှုအတွက် ပြင်ဆင်မှု လျှောက်ထားချက်ကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။
ယနေ့ နံနက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး The Voice သို့လည်း ထပ်မံအတည်ပြု ပြောဆိုသည်။

လွှတ်တော်အမတ်တွေ အတွက် သီးသန့် အဆောက်အဦ ဆောက်မယ်

နေပြည်တော်ကို လွှတ်တော် လာတက်ရတဲ့ လွှတ်တော်အမတ်တွေ နေထိုင်ဖို့ လွှတ်တော်ဝင်း တနေရာမှာ သီးသန့် အဆောက်အဦကို လွှတ်တော်က ရရှိထားတဲ့ ငွေကြေးတွေထဲက သုံးစွဲ တည်ဆောက်မယ်ဆိုပြီး လွှတ်တော် ၂ ရပ်ပေါင်းရဲ့ အလှည့်ကျ နာယကဖြစ်တဲ့ သူရ ဦးရွှေမန်းက ပြောပါတယ်။
တနင်္လာနေ့က လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်းမှာ သူရ ဦးရွှေမန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ချက် ကျောင်းသားများ၏ လိုလားချက်နှင့် ကွဲလွဲမှု ကြီးမားလျှင် တိုက်ပွဲအသစ်များ ထပ်ဖြစ်မည်ဟုဆို

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း နောက်ဆုံးအတည်ပြု ပြင်ဆင်ပြီး၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံတောင်းဆိုချက်များနှင့် ကွဲလွဲမှု ကြီးမားပါက တိုက်ပွဲအသစ်များ ထပ်မံဖြစ်လာနိုင်သည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောကြားသည်။
“ကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ ကွဲလွဲမှုများနေတယ် ဆိုရင် အလကားဖြစ်သွားပြီ။ တိုက်ပွဲတွေလည်း ထပ်ဖြစ်နိုင်တယ်။ ကော်မတီရဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်သေးဘူး။ ပုံစံမျိုးစုံ ဖြစ်နိုင်တယ်” ဟု ကိုပိုင်ရဲသူက ပြောဆိုသည်။

တရုတ်-မြန်မာနယ်နိမိတ်အား နိုင်ငံတော်အဆင့် တတိယအကြိမ်ပူးတွဲ စစ်ဆေးပြီး ရေရှည်ပြဿနာမဖြစ်ပွားရေးဆောင်ရွက်မည့်အပြင် လက်ရှိအငြင်း ပွားမှုများပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့်ပူးတွဲစစ်ဆေးခြင်း ကို ရေတိုနည်း အဖြစ် ဦးစွာဆောင်ရွက်မည်ဟုဆို

တရုတ်-မြန်မာနှစ် နိုင်ငံနယ်စပ် အငြင်းပွားမှုပြဿ နာ များကြောင့် တရုတ်-မြန်မာ နယ်နိ မိတ်အား နိုင်ငံတော် အဆင့် တတိယ အကြိမ် ပူး တွဲစစ်ဆေးပြီး ရေရှည် ပြဿ နာမဖြစ်ပွားရေး ဆောင်ရွက် မည့်အပြင် လက်ရှိအငြင်းပွားမှုများ ပြေပျောက်ရန် ကျွမ်းကျင်သူ အဆင့် ပူးတွဲ စစ်ဆေးခြင်းကို ရေတိုနည်းအ ဖြစ် ဦးစွာဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။