Monday 22 December 2014

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တရုတ်က ဒေါ်လာ သုံးဘီလီယံ ချေးငွေထောက်ပံ့ကူညီမည်

တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီး ချင်းနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံ တို့၏ အခြေခံ လုပ်ငန်း အဆောက်အ အုံများ၊ ကုန်ထုတ်လုပ်မှုနှင့် ဆင်းရဲ မွဲ တေမှု ပပျောက်ရေးတို့ အတွက် ဒေါ် လာ သုံးဘီလီယံ ချေးငွေ ထောက်ပံ့ကူ ညီမည်ဟု သိရသည်။

ကလေးမွေးဖွားပြီးချိန် ခင်ပွန်းက ကိုယ့်ကို လိင်ပျော်ရွှင်မှု မပေးတော့တာဟာ

Photo: ကလေးမွေးဖွားပြီးချိန် ခင်ပွန်းက ကိုယ့်ကို လိင်ပျော်ရွှင်မှု မပေးတော့တာဟာ
Monday, December 22, 2014

အမေး - ကျွန်မ သားလေးမွေးတာ (၃) လတောင်ပြည့်လာနေပြီ ကျွန်မယောက်ျားက ခုထိ ကျွန်မနဲ့ လိင်ပျော်ပိုက်ဖို့ စိတ်မပါသေးပါဘူး။ မီးဖွားသည့်အချိန်မှာလည်း နာကျင်မှု ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ကျွန်မကတော့ သူအဲဒါတွေ နားမလည်းဘူး ထင်တာပဲ။ ကျွန်မအတွက် စိတ်မကောင်းဘူးလို့သာ သူပြောနေပါတယ်။ ကျွန်မ အချက်ပေါင်းများစွာ ချုပ်ခဲ့ရတယ်။ အဲဒါကို ချဉ်းကပ်လာဖို့ သူ မဝင့်မရဲဖြစ်နေပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ ကျွန်မစဉ်းစားလို့ မရတာကြောင့် ဖြေကြားပေးစေချင်ပါတယ်။ 

အဖြေ -ပထမဆုံးသိရမှာက ဒါ လောလောလတ်လတ် ဖခင်ဖြစ်လာသူတွေကြား ဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ဒီအကြောင်းကို ဆွေးနွေးပြောဆိုမှု သိပ်မလုပ်ကြဘူး။ အများအားဖြင့် အမျိုးသားတွေက ကလေးမွေးတဲ့ အချိန် အတောအတွင်းမှာ လျစ်လျူရှုထားတတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် နာကျင်မှုတွေ ခံစားပြီး ခက်ခဲမှုမှန်သမျှကို ရင်ဆိုင်ခံစားရတာ အမျိုးသမီးတွေလေ။ သို့ပေမယ့် ကျွန်တော်တို့က ဖြစ်နေတဲ့အရာတွေကို မမြင်တတ်ကြဘူး။ ဒါ ဝမ်းနည်းစိတ်ပျက်စရာဖြစ်သွားနိုင်တယ်။ စိတ်ပညာအရ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ရဲ့ အသိအမြင်ကို ခဏတစ်ဖြုတ်ပြောင်းလဲစေတတ်တယ်။ ကလေးမွေးဖွားခြင်း၊ နာကျင်မှုဝေဒနာတွေ ခံစားရခြင်းကြောင့် ကိုယ့်အမျိုးသမီး ရဲ့ ရုပ်ရည်ကျသွားတာ သူတို့သတိထားမိခဲ့တယ်။ ပထမဦးဆုံးအနေနဲ့ သင်လုပ်ဆောင်ရမှာက သူ့ကြောင့် ထိခိုက်နာကျင်မှုတွေရှိစေမှာ မဟုတ်ကြောင်း သေသေချာချာ ပြောပေးပြဖို့တော့ လိုအပ်ပါတယ်။ သူ့ဘက်က မျက်နှာချင်းဆိုင်မလာဘူး၊ ရင်မဆိုင်လာပါဘူးဆိုရင် နှစ်ယောက်စလုံးအတွက် စိတ်ခံစားချက်ပိုင်ဆိုင်ရာမှာ ပျက်ဆီးယိုယွင်းမှုတွေ ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုပါ။ မိဘတစ်ဦး စဖြစ်လာတာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဘဝကို လုံးဝပြောင်းလဲစေပြီး ခြေကုန်လက်ပန်းကျစရာလည်း ကောင်းပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ဖိအားတွေ အလွန်အကျွံမပေးပါနဲ့။ လိင်ဆက်ဆံမှုကို တဖြေးဖြေးချင်းနဲ့ ပြန်စပါ။ အလျင်စလိုတော့ မလုပ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်မှုရစေဖို့ တခြားအရာတွေ လုပ်ပါ။ နှစ်ဦးနှစ်ဖက်ဆီက စိတ်ရှည်သည်းခံမှုတွေ၊ နားလည်မှုတွေ ထားရှိဖို့ လိုအပ်တယ်။ သို့ဖြစ်ပါက အဆင်ပြေလာပါလိမ့်မယ့်။ သူ သင့်ကို စိတ်မဝင်စားတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ သူ့ ဘက်က စတင် ချဉ်းကပ်လာမှာကို မဝင့်မရဲ ဖြစ်နေလို့ပါ။

Source:mirror.co.uk
Trend Myanmar
အမေး - ကျွန်မ သားလေးမွေးတာ (၃) လတောင်ပြည့်လာနေပြီ ကျွန်မယောက်ျားက ခုထိ ကျွန်မနဲ့ လိင်ပျော် ပိုက်ဖို့ စိတ်မပါသေးပါဘူး။ မီးဖွားသည့်အချိန်မှာလည်း နာကျင်မှု ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ကျွန်မကတော့ သူအဲဒါတွေ နားမလည်းဘူး ထင်တာပဲ။ ကျွန်မအတွက် စိတ်မကောင်းဘူးလို့သာ သူပြော နေပါတယ်။ ကျွန်မ အချက်ပေါင်းများစွာ ချုပ်ခဲ့ရတယ်။ အဲဒါကို ချဉ်းကပ်လာဖို့ သူ မဝင့်မရဲဖြစ်နေပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ ကျွန်မစဉ်းစားလို့ မရတာကြောင့် ဖြေကြားပေးစေချင်ပါတယ်။ 

ကော့သောင်း ခရီးသွား ၂၀ ရာခိုင်နှုန်းကျော် တက်မည်ဟု ခန့်မှန်း

မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး မြို့ဖြစ်သော ကော့သောင်းမြို့သို့ ယခင်နှစ်ထက် ခရီးသွား ၂၀ ရာခိုင် နှုန်းကျော် တက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ကော့သောင်း) က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရသေ့တောင်နှင့် ကျိုက်ထီးရိုးစေတီတော်သို့ ကေဘယ်လ်ရထားပြေးဆွဲရန် မြေယာပြင် ဆင်မှုများပြုလုပ်

ရသေ့ တောင်နှင့် ကျိုက်ထီးရိုးစေတီတော် သို့ကေဘယ်လ် ရထား ပြေးဆွဲရန် အတွက် အကြမ်းဖျင်းမြေယာ ပြင် ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်

Photo: အလ္လာရှင်မြတ်သာ အကြီးမြတ်ဆုံးဟု ဟစ်ကြွေးပြီး ပြင်သစ်ရဲများကို ဓားကိုင်တိုက်ခိုက်
Monday, December 22, 2014

အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး) ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့်ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်အလယ်ပိုင်း တိုးမြို့အနီးရှိ ဂျို့လတ်တိုး ရဲစခန်းတွင် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ခိုက်သူမှာ အခင်းဖြစ်ပွားရာ ဒေသတွင်ပင် သေဆုံးသွားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနက်က ပြောကြားသည်။

တိုက်ခိုက်သူမှာ ဓားကိုင်တိုက်ခိုက်နေစဉ် အတွင်း “အလာဟုအတ်ကာ” ဟု ဟစ်ကြွေးခဲ့ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

အကြမ်းဖက်အုပ်စုဖြင့် ပူးပေါင်းကာ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှု၊ လူသတ်ရန် ကြံစည်မှုများဖြင့် အမှုဖွင့်ထားကြောင်း ပြင်သစ်အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

“သူတစ်ယောက်တည်း ကျူးလွန်တာလား၊ အခြားအပေါင်းအပါတွေ ရှိသေးလား၊ အသိစိတ်မဲ့ပြီး လုပ်တာလား စစ်ဆေးဖို့ လိုပါတယ်” ဟု အစိုးရရှေ့နေ ဂျင်းလူ့က BFM-TV ကို ပြောကြားသည်။

ဓားကိုင်တိုက်ခိုက်သူမှာ ရာဇဝတ်မှုများ ကျူးလွန်လေ့ ရှိသဖြင့် ပြင်သစ်ရဲတပ်ဖွဲ့များက သတိထားမိပြီး ဖြစ်သော်လည်း ပြင်သစ်ထောက်လှမ်းရေး အဖွဲ့၏ စောင့်ကြည့်ရေးစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဒဏ်ရာရရှိထားသော ပြင်သစ်ရဲအရာရှိ သုံးဦးကို ဆေးရုံတင်ထားသော်လည်း အခြေအနေ စိုးရိမ်ရခြင်း မရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
အလာဟုအတ်ကာ (အလ္လာအရှင်မြတ်သာ အကြီးမြတ်ဆုံး)ဟု ဟစ်ကြွေးပြီး ရဲအရာရှိသုံးဦးကို ဓားဖြင့် ထိုးသူကို ပြင်သစ်ရဲများက ပစ်သတ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို

Photo: လိုင်ဇာကိစ္စ နှစ်ဘက် ညှိနှိုင်းစည်းဝေးရန် အန်စီစီတီ တောင်းဆို
Monday, December 22, 2014

လိုင်ဇာပစ်ခတ်မှုမျိုး ထပ်ပြီးမဖြစ်ပွားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးပွဲ တခုပြုလုပ်ဖို့ တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

NCCT and UPWC 22122014အန်စီစီတီနဲ့ ယူပီဒဗလျူစီ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ပထမနေ့ဆွေးနွေးပွဲမှာ အန်စီစီတီ ဒုဥက္ကဋ္ဌ ၁ ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးပွဲအဖွင့်စကားပြောကြားရာမှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“လိုင်ဇာအဖြစ်အပျက်မျိုး ထပ်မံ မကြုံတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်အားလုံး ပါဝင်တက်ရောက်နိုင်တဲ့ ညှိနှိုင်း အဖြေရှာတဲ့ စည်းဝေးတခု အမြန်ဆုံးပြုလုပ်ဖို့ အန်စီစီတီအနေနဲ့ တိုက်တွန်း အကြံပြုလိုက်ပြီး ဒီညှိနှိုင်းဆွေးနွေးပွဲကတဆင့် အားလုံးကို လွှမ်းခြုံတဲ့ ယန္တရားတခု ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ပထမနေ့ဆွေးနွေးပွဲကို အစိုးရဘက်က ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တက်ရောက်ပြီး အန်စီစီတီဘက်က ဖဒိုကွယ်ထူးဝင်း ခေါင်းဆောင်တက်ရောက်နေပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာနောက်ဆုံးတွေ့ဆုံပွဲတက်ခဲ့တဲ့ အစိုးရစစ်တပ်ကိုယ်စားလှယ်ဒု ဗိုလ်ချုပ်ကြီးခင်ဇော်ဦး တက်ရောက်ခြင်း မရှိသလို အန်စီစီတီဘက်ကလည်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်တို့ မတက်ကြပါဘူး။

ရန်ကုန်ငြိမ်းချမ်းရေးစင်တာမှာ အခုပြုလုပ်နေတဲ့ ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က နစ်နာသူတွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲဆိုတဲ့ အချက်အပါအ၀င် အချက် ၅ ချက်တောင်းဆိုထားပြီး ဒီအချက်တွေနဲ့စပ်လျဉ်းပြီး အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီနောက် ဒီနေ့ ရန်ကုန်ဆွေးနွေးပွဲ စစချင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အန်စီစီတီဘက်က လိုင်ဇာပတ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

DVB
လိုင်ဇာပစ်ခတ်မှုမျိုး ထပ်ပြီးမဖြစ်ပွားဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ညှိနှိုင်း အစည်း အဝေးပွဲ တခုပြုလုပ်ဖို့ တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ)တို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရရန်မလွယ်

ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲဥပဒေကြမ်းတွင် ယာယီသက် သေခံလက်မှတ်(White Card)ကိုင်ဆောင်ထား သူများကို မဲ ပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်မှာ လွှတ် တော်ကော်မတီအနေဖြင့် လက်ခံ နိုင်ရန်ခဲယဉ်းကြောင်းလွှတ်တော် အသိုင်းအ၀ိုင်းမှသတင်းရရှိသည်။

အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်

Photo: အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်
Monday, December 22, 2014

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လုပ်အားခနှုန်းထား အဆိုပြုချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ ပေးနိုင်သည့် နှုန်းထားကို အဆိုပြုရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားတစ်ဦး နေထိုင်အသက်ရှင်ရန် လိုအပ်သည့် လူမှုရေး အကာအကွယ် (Social Protection) ရရှိရေးအတွက် စစ်တမ်းများ ထွက်ပေါ်လာပါက ယင်းစစ်တမ်းပါ လိုအပ်ချက်အတိုင်း ကုန်ကျသည့် ငွေကြေးကို အလုပ်ရှင်များက အနည်းဆုံး လုပ်အားခအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်သမားများကို အနည်းဆုံး လုပ်အားခအဖြစ် ကျပ်တစ်သိန်းဝန်းကျင် ပေးနိုင်သည်ဟု Asia General Electric ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်မြတ်က အဆိုပြုခဲ့သော်လည်း ဖိနပ်စက်ရုံ လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင်အချို့က ယင်းနှုန်းထားကို ၎င်းတို့ လုပ်ငန်းများအတွက် ဆိုလျှင် အဆင်မပြေနိုင်ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်နှင့် ပတ်သက်၍ အဆိုပြုချက်များကို အလုပ်ရှင်များ အနေနှင့် ဇန်နဝါရီလတွင် တင်ပြနိုင်ကြောင်း ဦးအေးမြင့်က အလုပ်ရှင် ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းတွေ့ဆုံပွဲတွင် ပုံမှန်အလုပ်ချိန် ရှစ်နာရီကိုသာ အခြေခံကာ အနည်းဆုံး လုပ်အားခကို သတ်မှတ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး လုပ်အားခများကို သတ်မှတ်ရန် အလုပ်ရှင် ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ဝန်ကြီးဌာနနှင့် အလုပ်သမား အဖွဲ့အစည်းချုပ် ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံရာတွင်မူ အနည်းဆုံး လုပ်အားခကို တစ်ရက်လျှင် အနည်းဆုံး ကျပ်သုံးထောင် ဝန်းကျင်မှ အမြင့်ဆုံး ခုနစ်ထောင် ဝန်းကျင်အထိ အလုပ်သမားများက အဆိုပြုခဲ့ကြကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံကာ အိမ်ထောင်စုများ၏ နေထိုင်စားသုံးမှု ကုန်ကျစရိတ် စစ်တမ်းများ အပါအဝင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် လိုအပ်သည့် စစ်တမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း အပြီးကောက်မည် ဖြစ်ကြောင်း ဦးအေးမြင့်က ပြောဆိုထားသည်။

အလုပ်ရှင်၊ အလုပ်သမားများနှင့် ညှိနှိုင်းကာ ၎င်းတို့ အဆိုပြုသည့် လုပ်အားခ နှုန်းထားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက အမျိုးသားကော်မတီထံသို့ ယင်းနှစ်အတွင်း တင်ပြရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင် ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ပျော်ရွှင်စရာ ခရစ်စမတ် ပွဲတော်ကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား

Photo: ပျော်ရွှင်စရာ ခရစ်စမတ် ပွဲတော်ကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား
Monday, December 22, 2014

ကချင်ပြည်နယ် အတွင်း မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ အကြား တင်းမာ နေသည့် စစ်ရေး ပဋိပက္ခ အခြေအနေ များကြောင့် လာမည့် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ်စမတ် ပွဲတော်ကို ကြီးကြီး ကျယ်ကျယ် ကျင်းပခြင်း မပြု ရန်နှင့် စစ်ရေး သတိဖြင့် ကျင်းပရန် ညွှန်ကြား ထားသည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“အဲဒီ ညွှန်ကြား ချက်က ကျွန်တော်တို့ KIO ထိန်းချုပ် နယ်မြေ အတွက်ဘဲ။ လွန်ခဲ့တဲ့ လရဲ့ အတွေ့ အကြုံ အရ လူစု လူဝေးနဲ့ ပွဲလမ်း သဘင်တွေ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်တဲ့ အခါမှာ အစိုးရ တပ်ဘက်က မထင် မှတ်ဘဲ လက်နက် ကြီးနဲ့ ပစ်ခတ်မယ် ဆိုရင် ထိခိုက်မှုတွေ နစ်နာ မှုတွေ ရှိလာ နိုင်မယ်။ ဒါကြောင့်မို့ ကျေးရွာတွေ ဒုက္ခသည် စခန်း တွေမှာ ပျော်ပွဲ ရွှင်ပွဲ တွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်ဖို့ ညွှန်ကြား မှုတော့ ရှိတယ်” ဟု ဦးလာနန်မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီး များနှင့် ပစ်ခတ် မှုကြောင့် ကေအိုင်အိုစစ်သင် တန်းကျောင်းမှ ဗိုလ်လောင်း (၂၃) ဦး သေဆုံး ခဲ့ပြီး (၂၀) ဦး ဒဏ်ရာ ရရှိ ခဲ့သည့် ဖြစ်စဉ် များကြောင့် စစ်ရေး သတိနှင့် ခရစ်စမတ် ပွဲတော်အား ကျင်းပရန် ကေအိုင်အိုမှ ညွှန်ကြား ထားခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုသည်။

ပုံမှန် အားဖြင့်မူ နှစ်စဉ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ် စမတ် ပွဲတော်အား ကမ္ဘာနှင့် အဝှမ်း၌ ပျော်ရွှင်စွာ ကျင်းပ နိုင်ရေး မျှော်လင့် စောင့်စားလေ့ ရှိသော်လည်း ကချင် ပြည်နယ်တွင် KIO နှင့် မြန်မာ တပ်မတော် တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စစ်ရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ကြပြီး နောက်ပိုင်း၌ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာသည်ဟု မြစ်ဆုံ ဒေသခံ တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“ကျွန်မတို့ မြစ်ဆုံ ဘက်မှာ ရွှေ့ပြောင်း ခံရတဲ့ ရွာတွေပေါ့ ခရစ်စမတ်ပွဲ မလုပ်တာ (၃) နှစ်ရှိပြီ။ ဒုက္ခသည် စခန်း မှာလဲ လုပ်တာ နည်းလာတယ်။ ပြီးခဲ့တဲ့ (၂၀၁၂) က မိုင်ဂျာယန် ဘက်မှာလေ။ စစ်မြေပြင်နဲ့ နီးတယ် ဆိုတော့ ဗုံးသံ၊ သေနတ်သံတွေ ကြောင့် ကြောက်လန့် နေရတယ်။ ဒါကြောင့် တိုက်ပွဲ ဖြစ်လာပြီး နောက်ပိုင်းမှာ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာတယ်” ဟု အမည် မဖော်လိုသည့် မြစ်ဆုံ ဒေသမှ ဒေသခံ တဦးက ရွှေဟင်္သာသတင်းဌာနအား ပြောသည်။

ကချင်ပြည်နယ် အတွင်း၌ အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား စစ်ရေး အရလည်း ဆက်လက် တင်းမာမှု ရှိနေသလို မြန်မာ စစ်တပ်မှ အင်အား တိုးချဲ့ မှုများ ဆက်ရှိ လာနေသဖြင့် ဒေသခံ များမှ တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာမည်ကို စိုးရိမ် နေကြလျက် ရှိကြောင်း ယင်းမြစ်ဆုံ ဒေသခံက ဆက်ပြောသည်။

သို့သော်လည်း ယင်းထုတ်ပြန် ချက်မှာ စိုးရိမ် စိတ်ကို အခြေခံ၍ ထုတ်ပြန်ချက်သာ ဖြစ်ကြောင်း  မြန်မာ့ တပ်မတော်မှ အမည်မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောဆိုသည်။

“သူတို့ (KIA) က ခလရ ၂၁၅ နဲ့ ၂၁၃ ကို ဝိုင်းတိုက် ထားတာကိုး ၊ အဲဒါ ဆိုတော့ တစ်ဖက်က ကျွှန်တော်တို့ တပ်မတော်က အခွင့် အရေး ရရင် ပြန်တိုက် မှာလို့ တွေးပြီး စိုးရိမ် တာလည်း ဖြစ်မယ်၊ တစ်ဖက်က ပြန်ကြည့်ရင် ပွဲတော် ရက်တွေမှာ စစ်ရေး သတိ ရှိဖို့ ထုတ်ပြန် တာတော့ စစ်တပ် အတွက် အထူး အဆန်းတော့ မဟုတ်ပါဘူး” ဟု အမည် မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့က ပြောကြား ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA), တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA), တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA ကိုးကန့် အဖွဲ့ တို့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။

ယခု ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်တို့ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများ လျော့ချ နိုင်ရေး အတွက် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ရေးအတွက် ယနေ့ ဒီဇင်ဘာ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး နေကြလျက် ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း၌ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက်လာရန် ကြိုးပမ်း သွားမည်ဟု ရည်ရွယ် ထားကြောင်းလည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကကာက ယခုလ အတွင်း ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်းချက် တစ်ခု၌ ထုတ်ဖော် ပြောကြား ထားသည်။

ရွှေဟင်္သာသတင်းဌာန

KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် ဓါတ်ပုံ - (Jade Land Kachin)
KIO ထိန်းချုပ်နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ်ပွဲတော်အတွက် မီးဆိုင်းများဖြင့် အလှဆင်ထား သည်ကိုတွေ့ရစဉ် KIO ထိန်းချုပ် နယ်မြေရှိ Liza ဟိုတယ်အား ခရစ်စမတ် ပွဲတော် အတွက် မီးဆိုင်းများဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ် ဓါတ်ပုံ - (Jade Land Kachin) 
ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အကြား တင်းမာနေသည့် စစ်ရေးပဋိပက္ခအခြေအနေများကြောင့် လာမည့်ဒီဇင်ဘာ(၂၅)ရက်နေ့တွင်ကျရောက်မည့် ခရစ်စမတ် ပွဲ တော်ကို ကြီးကြီးကျယ်ကျယ်ကျင်းပခြင်းမပြုရန်နှင့် စစ်ရေးသတိဖြင့်ကျင်းပရန် ညွှန်ကြားထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ရွှေဟင်္သာသတင်းဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်

Photo: ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်
Monday, December 22, 2014

၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်းကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။မောင်ကျော်ဇင်(၂၁)နှစ်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဖားကန့် တက်ပြီးကျောက်တူးနေစဉ် KIA ဘက်မှလက်နက်ကိုယ်စီနှင့်ရောက် လာပြီး ဖမ်းဆီးခြင်းခံရသည်ဟုပြော သည်။ ''နောက်ပိုင်းမှာ လိုင်ဇာကို ပို့ပြီးစစ်သင်တန်းပေးတယ်။ ရှေ့ တန်းထွက်ခိုင်းပြီး တပ်မတော်စစ် ကြောင်းတွေနဲ့ စစ်တိုက်ခဲ့ရတယ်။ KIA လူကြီးတွေကမတိုက်ရင် သူ တို့က သတ်ပစ်မယ်လို့ပြောတော့ မတိုက်ချင်ဘဲတိုက်ခိုက်ခဲ့ရတာလို့ သူက ပြောတယ်။ ဒီလိုနဲ့သူ့ကို ဒုတပ်ကြပ်ရာထူးတိုးပေးခဲ့တယ်။ သူပြောတာတော့ သူတို့ KIA စခန်း မှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ပဲ သူတို့သွားလာလှုပ်ရှားနေရတယ် ပေါ့။ နောက်ပြီး လူမျိုးရေးခွဲခြား ဆက်ဆံခြင်းလဲခံရတယ်။ သူ့ကို တာလောကြီးနဲ့ မိုင် ၂ဝလောက် ဝေးတဲ့ ပန်းတောင်စခန်းကို သွား ရောက်တာဝန်ထမ်းဆောင်ခိုင်း တယ်။ စခန်းမှာ အရမ်းပင်ပန်း ဆင်းရဲပြီး စစ်မတိုက်ချင်တဲ့အတွက် အလင်းဝင်ရောက်ရန် မိမိကိုယ် တိုင် ဆုံးဖြတ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာခြေကျင်ထွက် လာခဲ့တယ်။ လမ်းမှာတာလောကြီး က ရွာသားတစ်ဦးနှင့်တွေ့ပြီးအကူ အညီတောင်းခံခဲ့တယ်။ အဲဒီ ရွာ သားရဲ့အကူအညီနဲ့ပဲ တာလောကြီး ပြည်သူ့စစ်နဲ့ ခလရ(၈၇)တပ်ကို ဆက်သွယ်ပြီး ညနေ ၅ နာရီခွဲ လောက်မှာ အလင်းဝင်ရောက်ခဲ့ တယ်''ဟု တာလောကြီးကျေးရွာမှ ဦးဆန်းဝေက ပြောပြခဲ့သည်။အဆိုပါ မောင်ကျော်ဇင် (ခ) ဆွတ်ငိုင်အလင်းဝင်ရောက်ရာတွင် KIA ယူနီဖောင်းတစ်စုံ၊ ဗုံးပစ်သေ နတ်တစ်လက်၊ ဗုံးသီးတပ်အီနာဂါ ရှစ်လုံးနှင့် ပို့ကျည်ကိုးထောင့်ပါ ဝင်ခဲ့သည်။ ၄င်းအားအစိုးရအဖွဲ့၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင် ပြည်နယ်)နှင့် သက်ဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များက မိဘဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သောပံ့ပိုးကူညီမှုများဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်တွင် (၁၇)နှစ် ကြာ အပစ်အခတ်ရပ်စဲ သဘော တူညီမှုမှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် က ပျက်စီးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့သည်။

The Union Daily
၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်း ကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။

အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့် သွားရမည်ဟု မြောက်ကိုရီးယားက ပြော

Photo: အမေရိကန်၏ ရန်လိုမှုကို ကာကွယ်ရန်အတွက် နျူကလီးယား စွမ်းရည်တိုးမြှင့် သွားရမည်ဟု မြောက်ကိုရီးယားက ပြော
Monday, December 22, 2014

ဒီမိုကရက်တစ် ကိုရီးယားပြည် သူ့သမ္မတနိုင်ငံ (DPRK) မြောက် ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်၌ နျူကလီးယားကင်းမဲ့ရမည် ဆိုသည့်အချက်မှာ ''အဓိပ္ပာယ်မရှိ ကြောင်း''၊ အမေရိကန်ပြည်ထောင် စု၏ ရန်လိုသောမူဝါဒကြောင့် နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည်အားလုံး နျူကလီးယားစွမ်းရည် အပါအဝင်ကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့က မြောက် ကိုရီးယား၏ လူ့အခွင့်အရေးမှတ် တမ်းအား နိုင်ငံတကာရာဇဝတ်မှု ခုံရုံးသို့ တင်သွားရန် ကုလသမဂ္ဂ အထွေထွေညီလာခံက မဲခွဲဆုံးဖြတ် ခဲ့သည်။ ဤအဆိုအား ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့က ပူးတွဲတင်သွင်း ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ဤလူ့အခွင့် အရေး ''ဒုံးပျံ''ကို အမေရိကပစ်ခွင်း ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ ဤကိစ္စမှာ အန္တရာယ်များသော နိုင်ငံ ရေးရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ချက်ဖြစ်ပြီး DPRK အား ကျူးကျော် ခြင်းတစ်ရပ်သာဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အချက်သုံးချက်ပါ ထုတ်ပြန်ကြေညာချက်တွင် ကုလသ မဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ် လိုက်သော လူ့အခွင့်အရေးဆုံးဖြတ် ချက်ကို ပယ်ချကြောင်း၊ မြောက်ကို ရီးယား၏ အမှန်တကယ် လူ့အခွင့် အရေး အခြေအနေနှင့် မကိုက်ညီ ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် ၂ဝဝ၅ ခုနှစ်က ပေကျင်း၌ခြောက် ပါတီ အစည်းအဝေး၌ အမေရိကန် နှင့် DPRK ရေးထိုးခဲ့သည့် သဘော တူညီချက်မှာလည်း ပျက်ပြယ်ကြောင်း၊ ထိုသဘောတူညီချက်နှင့် နှစ်နိုင်ငံ အကြား အပြန်အလှန်လေးစားရေး နှင့် အချုပ်အခြာအာဏာကို အသိ အမှတ်ပြုရေး ပါဝင်သည်။

ကိုရီးယားကျွန်းဆွယ်နျူကလီး ယား ကင်းမဲ့ရမည်ဆိုသည့်အချက် မှာလည်း ပျက်ပြယ်ကြောင်း၊ အမေ ရိကန်၏ ကျူးကျော်ရန်လိုသော အ ပြုအမူကြောင့် ဖြစ်ကြောင်း၊ လူ့အ ခွင့်အရေးကို အကြောင်းပြ၍ လုပ် ဆောင်မှုက ထင်ရှားနေကြောင်း ဖော်ပြခဲ့သည်။ DPRK လူထုနှင့် စစ်တပ်က လူ့အခွင့်အရေး ''ဒုံးပျံ'' ကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ မမျှော်မှန်းနိုင်သော တန်ပြန်မှုကို ခံရလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆိုရှယ်လစ်စနစ်ကို စွဲမြဲစွာကာကွယ် သွားမည်ဟုဖော်ပြခဲ့သည်။

Xinhua
Democracytoday
ဒီမိုကရက်တစ် ကိုရီးယားပြည် သူ့သမ္မတနိုင်ငံ (DPRK) မြောက် ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်၌ နျူကလီးယားကင်းမဲ့ရမည် ဆိုသည့်အချက်မှာ ''အဓိပ္ပာယ်မရှိ ကြောင်း''၊ အမေရိကန်ပြည်ထောင် စု၏ ရန်လိုသောမူဝါဒကြောင့် နိုင်ငံ ၏ ကာကွယ်ရေး စွမ်းရည်အားလုံး နျူကလီးယားစွမ်းရည် အပါအဝင်ကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ဦးနှောက် သေနေသည့် အမျိုးသမီး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့

အီတလီနိုင်ငံ မီလန်မြို့မှ ဆရာဝန်များသည် ဦးနှောက်သေနေသည့် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?

Photo: ကျဆုံးဗိုလ်လောင်း (၂၃)ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေးအက်ကြောင်းသံလား ?
Monday, December 22, 2014

လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်းအမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနောကွင်းမှာ လုပ်ကြတာပါ။

အဲဒီပွဲကို အစိုးရအဖွဲ့မှ ကချင်ရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီကို ခေါ်ယူတွေ့ဆုံပြီး ဆိုင်းဘုတ်ဖြုတ်သိမ်းခိုင်းကြောင်းနဲ့ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်ပြုချက်တောင်းဖို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲကို ကျင်းပတာဟာ ကျဆုံးသူဗိုလ်လောင်းတွေကို အောက်မေ့သတိရခြင်းထက် အခြားသော အရောင်တွေ ပါနေတယ်လို့ပဲ မြင်မိပါတယ်။

ကျွန်တော်လည်း ကချင်ပါပဲ။ အဲဒီ ဗိုလ်လောင်း ၂၃ ယောက်ထဲမှာ ကိုယ့်ကချင်လူမျိုးမပါတဲ့အတွက် စိတ်ထိခိုက်စရာ အကြောင်း မရှိပါဘူး။ ကိုယ်ချင်းတော့ စာတာပေါ့လေ။ ကျွန်တော်တို့ ကိုယ်စီမှာလည်း ဘိုးဘွားမိဘတွေ သေဆုံး သွားတယ်။ ဒါပေမယ့် သူတို့ သေဆုံးတဲ့ တစ်လပြည့်၊ ၆ လပြည့်၊ တစ်နှစ်ပြည်တဲ့နေ့တွေမှာ ဘုရားကျောင်းသွားပြီး ဆုတောင်းပေး တယ်။ ဒါဟာ သွားလေသူတွေအတွက် အင်မတန်ထိရောက်တဲ့ကောင်းမှုပါ။ အခုလိုမျိုး ဆိုင်းဘုတ် ထောင်ပြီး ဆုတောင်းပွဲ လုပ်တာကတော့ သာမန်လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲနဲ့ သွေးထိုးလှုံ့ဆော်ချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဒီကချင်မြေမှာ ဗိုလ်လောင်း ၂၃ ဦးပဲ သေခဲ့တာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အစိုးရတပ်က စစ်သားတွေရော KIA ဘက်က စစ်သားတွေပါ ရာထောင်ချီသေခဲ့ကြရတာပါ။ အဲဒီ လူတွေကိုတော့ အောက်မေ့သတိမရ ကြဘူးလား။ ထားလိုက်ပါ အစိုးရတပ်က စစ်သားတွေကို မအောက်မေ့ချင်ဘူးဆိုလည်း ရတယ်။ ဒါပေမယ့် KIA ထဲက ကျဆုံး အရာရှိ၊ စစ်သည်တွေကိုတော့ အောက်မေ့သတိရ ဆုတောင်းပွဲတွေ တစ်နှစ်ပြည့်၊ နှစ်နှစ်ပြည့် စသဖြင့် လုပ်ကြရမှာပေါ့။

အခုပွဲဟာ အစိုးရတပ်နဲ့ KIA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အမုန်းမီးတွေ ထပ်ပြီးတောက်လောင် အောင် လုပ်တာလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေး မရသေးတဲ့ကာလမှာ ထိလွယ်ရှလွယ်တဲ့ အခြေအနေတွေ မဖန်တီးကြ ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ အလုပ်မရှိရင်လည်း ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါ။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကို ထပ်ပြီး မဖိတ်ခေါ်ကြပါတော့နဲ့လား။ ကျဆုံးဗိုလ်လောင်း ၂၃ ဦးအတွက် တစ်လပြည့် ဆုတောင်းပွဲဟာ ငြိမ်းချမ်းရေး အက်ကြောင်းသံလားဆိုတာ စိုးရိမ်ပူပန်မိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဇော်ဆိုင်း
Credit to KDN
လွန်ခဲ့တဲ့ တစ်လခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတာကို တစ်လပြည့် အောက်မေ့သတိရလွမ်းဆွတ်ခြင်း အထိမ်း အမှတ်ပြုလုပ်နေကြတာ တွေ့ပါတယ်။ ဆိုင်းဘုတ်ထောင်၊ ပန်းခြင်းချ အစီအစဉ်တွေနဲ့ မြစ်ကြီးနားမြို့ မနော ကွင်းမှာ လုပ်ကြတာပါ။

စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများဝေဖန်

Photo: စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများဝေဖန်
Monday, December 22, 2014

နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်အချိန်အထိ မဲပေးခွင့်ရှိသူ များစာရင်း အသေးစိတ် ကို ရေရာစွာမသိရှိရခြင်း၊ ဆိုင်းဘုတ်ထောင် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက် လိုက်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ယဉ်ဝင်းက “အိမ်ထောင်စု ဘယ်နှစုက ဘယ်သူတွေ မဲပေးမှာလဲဆိုတာကို သိချင်လို့ ကျွန်မ မန်နေဂျာကို ကော်မရှင်ဆီ သွားစုံစမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ကော်မရှင်က ထုတ်ပြန်ဖို့ ငြင်းလိုက်ပါ တယ် ” ဟုဆိုသည်

၎င်းယှဉ်ပြိုင်မည့် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ငါးသိန်းဝန်းကျင်ခန့်ရှိပြီး မဲပေးနိုင်သူ ခုနစ်သောင်း ခန့်ရှိသည်ဟုသာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အ လက်များ မရရှိဟု ပြောသည်။

စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေများအရ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိဘဲ သန်းခေါင်စာရင်း တစ်ခုလျှင် တစ်ဦးတည်းသာ မဲပေးနိုင်မည့်။

အခြေအနေသည် နိုင်ငံသားအခွင့်အရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်နေသည်ဟု စည်ပင်ရွေးကောက်ပွဲ လေ့လာသူ ဦးအောင်ထွန်းက ပြောသည်။

ထိုအခြေအနေများကြောင့် အမျိုးသမီးများနှင့်လူငယ်များ၏ အခွင့်အရေးလည်း ဆုံးရှုံးနိုင်ပြီး ရွေးကောက်ပွဲ ကိုကြီးကြပ်မည့် ကော်မရှင်၌လည်း မဲစာရင်းကဲ့သို့သောကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိဟု ကိုယ်စား လှယ်လောင်းတချို့က ဝေဖန်သည်။

မြောက်ဥက်္ကလာပမြို့နယ်၊ မြို့နယ် ကော်မတီအဖွဲ့ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးမော်က ကော်မရှင်က မဲစာရင်းကို တိကျစွာမထုတ်ပြန်ခြင်းသည် မသမာမှုများကိုကြိုတင်ပြုလုပ်ရန် ကြံစည်မှု တစ်ခုသဖွယ် ဖြစ်နေသည်ဟု သုံးသပ်သည်။

“ကျွန်မကို ထောက်ခံမဲပေးကြမယ့်သူတွေကို မဲပေးနိုင်သူစာရင်းမှာ ချန်ထားပါတယ်။ အမည်နှစ်ခါထပ် စာရင်းတွေ၊ သေဆုံး သူတွေ၊ နိုင်ငံခြားခရီးသွားနေသူတွေ၊ ဘုန်းကြီးဝတ်နေသူတွေ စာရင်းကိုတော့ထည့် သွင်းထားပါတယ်” ဟု ၎င်းက ပြောသည်။ ယင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင် ဘာ ၂၃ ရက်၌ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဒေါ်အေးအေးမော်က ဆိုသည်။

အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဝင်းချိုကလည်း ယင်းသို့ပင် ကြံစည်ထားပြီး ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းပြုစု ထုတ်ပြန်ခြင်း၊ မဲဆွယ်စည်းရုံးမှုများတွင် မတရားမှုများ ယခုထက်ပိုမို လွန်ကဲလာပါက မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုမည်ဟု ပြောသည်။

ထို့ပြင် မဲဆွယ်စည်းရုံးရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်(ဘေလ်ဘုတ်)ထောင် ခွင့်ပြုရာတွင် ဘက်လိုက်မှု များရှိသည်ဟုလည်း ကိုယ်စားလှယ်လောင်း တချို့က ထုတ်ပြောကြသည်။ “ဆိုင်းဘုတ်တွေကို သင်္ဃန်း ကျွန်းဘက် လမ်းမကြီးဘေးတွေကဟာတွေ လိုက်ဖြုတ်တယ်၊ ကျွန်တော်တို့က ပြည်သူတွေ သိအောင် သတင်းတော့ပေးရပါမယ်၊ လိုက်ဖြုတ်တဲ့မြို့နယ်တွေက ဖြုတ်တယ် မဖြုတ်တဲ့ သူတွေကကျတော့ မဖြုတ်ဘူး ဖြစ်နေတယ်” ဟု အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

စည်ပင် ကိုယ်စားလှယ်လောင်းများကိုမြို့တွင်း (Down Town) ဧရိယာအတွင်း မြေစိုက်ပိုစတာများ စိုက်ထူခွင့် စည်ပင်က တားမြစ်ထားသော် လည်း တချို့ကစိုက်ထူထားသည်ဟု ဝေဖန်ခြင်း ဖြစ်သည်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံရာ မီးပွိုင့်ထောင့် အဆောက် အအုံတွင် ကြော်ငြာ ဆိုင်းဘုတ်(အကြီး)ဖြင့် အနောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်ရာထူးအတွက် မဲ ဆွယ်ထားသူ အငြိမ်းစားစစ်သံမှူးဟောင်း ဦးစိုးဌေးကမူ အခြားသူ များပြောသကဲ့သို့ အခွင့်အရေးမတူခြင်း မဟုတ်ဟု ဆိုသည်။

“ကျွန်တော် ကျောက်တံတားမှာထောင်ထားတာက အခကြေးငွေပေးရတဲ့ ကြော်ငြာနေရာကို ထောင်ထားတာ၊ ဒီအတွက်တော့ ဖြုတ်ပေး ပါလို့တော့ မပြောသေးဘူး၊ အဲဒီလိုထောင်ရင်တော့ ခွင့်ပြုပါတယ်။ အများပိုင်နေရာမှာ ဗီနိုင်းပိုစတာတွေ ကပ်လို့မရတာပါ၊ ကျွန်တော့် အနေနဲ့တော့ ခွဲခြားတယ် မထင်ပါ ဘူး”ဟု ၎င်းကပြောသည်။

အနောက်ပိုင်းခရိုင်ကပင် ဦးစိုးဌေးနှင့် အတူဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသက်ထွန်းကမူ ယင်းသို့လုပ်ဆောင်ခြင်းမှာလည်း ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်၏ တားမြစ်ချက်နှင့် ကိုက်ညီမှု မရှိဟု သုံးသပ်သည်။

“နောက်ပိုင်း အနိုင်ရရင်တောင် ဒါနဲ့ ကန့်ကွက်တာတွေ လုပ်ရင်လုပ်လာနိုင်၊ လိုက်ဖြုတ်တယ်ဆိုပေမယ့် မြို့နယ်တွေ တော်တော်များများမှာ တွေ့နေပါတယ်၊ အဲဒီတော့ စည်ပင်က ကိုယ်စားလှယ်တွေ အပေါ် တစ် သတ်မတ်တည်း မရှိဘူးလို့ ဆိုလို့ရတယ်” ဟု ဦးသက်ထွန်းက ပြောသည်။

ရန်ကုန်မြို့တော်ဝန်ကမူ ပိုစတာ၊ ဆိုင်းဘုတ်များထောင်၍ မဲဆွယ်ခြင်းကို ခွင့်မပြုဟု ပြီးခဲ့သောရက် သတ္တပတ်အတွင်း မြို့တော် ခန်းမတွင် ပြုလုပ်သော အစည်းအဝေး၌ မီဒီယာများကို ထုတ်ဖော်ပြောဆို ထားသည်။ စည်ပင်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ယင်းနှင့်စပ်လျဉ်း ၍ မေးမြန်းရန်ကြိုးပမ်းရာ၌မူ ဆက်သွယ် နိုင်ခြင်းမရှိခဲ့ပေ။

“တချို့သိလျက်နဲ့မသိသလိုလုပ်နေ တာတွေရှိတယ်၊ မြို့နယ်အလိုက် ခွဲခြားမှုရှိ တယ်၊ အဲဒါက ကော်မရှင် က မဲဆွယ်မှုနဲ့ ပက်သက်ပြီး တိတိကျကျ ထုတ်ပြန်ချက်တွေမရှိလို့ပဲ”ဟု အနောက်ပိုင်းခရိုင် မြို့တော် ကော် မတီဝင်ရာထူးကို ယှဉ်ပြိုင်မည့် ဦးခင်လှိုင်(ဇောတိက) က ပြောသည်။

စည်ပင်ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်းဥပဒေများအရ ယင်းသို့သော အငြင်းပွားမှုများ ကို တိုင်တန်းရန် ကိုယ်စားလှယ်လောင်းတို့ အခက်တွေ့ဖွယ်ရှိသည်ဟု လေ့လာသူ ဦးအောင်ထွန်းက သုံး သပ်သည်။ ထုတ်ပြန်ထားသော ဥပဒေအရ တိုင်တန်းလိုသူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးသွင်း ရမည် ဖြစ်ပြီး စစ်ဆေးမှုပြီးစီး၍ ရှုံးသည်ဖြစ်စေ၊ နိုင်သည် ဖြစ်စေ ပြန်လည်ထုတ်ယူ၍ မရခြင်းသည် အဟန့်အ တားဖြစ်မည်ဟု သုံးသပ်သည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပမည်ဖြစ်ပြီးမြို့ တော်ကော်မတီဝင် လေးနေ ရာ၊ ခရိုင်အဆင့် ၁၂ နေရာ၊ မြို့နယ်အဆင့် ၉၉ နေရာတို့ရွေးချယ်ရမည်ဖြစ်သည်။ မြို့တော်ကော်မတီဝင် နေရာကို ၄၀ ဦး၊ ခရိုင်ကော် မတီဝင်ရာထူးအတွက် ၄၂ ဦး၊ မြို့နယ်ကော်မတီဝင် ရာထူးအတွက် ၂၁၁ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ မဲပေးသူများသည် မြို့တော်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ တစ်ဦး၊ မြို့နယ်နှင့် ခရိုင်စည်ပင် သာယာရေးကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်မည့်သူ သုံးဦးစီ စုစုပေါင်း ခုနစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်က ဆိုင်းဘုတ်ထောင် မဲဆွယ်ခွင့်မပြုဟုဆိုသော်လည်း တချို့ကိုမူ လျစ်လျူရှု ထားသည်ဟု စည်ပင်သာယာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူတချို့က ဝေဖန်ကြသည်။

Mizzima - News in Burmese

ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်တွင် မြို့တော်စည်ပင် ကော်မတီ ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် စိုက်ထူထားသောပိုစတာ တစ်ခုကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်တွင် မြို့တော်စည်ပင် ကော်မတီ ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် စိုက်ထူထားသောပိုစတာ တစ်ခုကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) 
နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်အချိန်အထိ မဲပေးခွင့်ရှိသူ များစာရင်း အသေးစိတ် ကို ရေရာစွာမသိရှိရခြင်း၊ ဆိုင်းဘုတ်ထောင် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက် လိုက်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။

အရှေ့လေပြင်းများကြောင့် လှိုင်းကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း ဒေသများတွင် လုပ်ကိုင်နေသော ငါးဖမ်းလှေများ အန္တရာယ်ရှိ

မုတ်သုံကုန်ဆုံးချိန်တွင် အရှေ့လေပြင်းများ အားကောင်းစွာ တိုက်ခတ်နိုင်သဖြင့် မြန်မာ့ကမ်းရိုးတန်း ဒေသ များရှိ ငါးဖမ်းလှေများအတွက် အန္တရာယ်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦး က ပြောသည်။

အိုင်အက်စ် သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကြော ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိုးဖောက်တိုက်ခိုက်

Photo: အိုင်အက်စ် သိမ်းပိုက်ထားသည့် ဆင်ဂျာတောင်ကြော ကာ့ဒ်တပ်ဖွဲ့ဝင်များ ထိုးဖောက်တိုက်ခိုက်
Monday, December 22, 2014

အိုင်အက်စ်အကြမ်းဖက်တွေ လနဲ့ချီ သိမ်းပိုက်ထားတဲ့ ဆင်ဂျာတောင်ကြောကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ်ကာဒ့်တပ်ဖွဲ့ဝင်တွေက ထိုးဖောက်နိုင်ခဲ့ပြီး ဗျူဟာကျတဲ့ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကြီးကျယ်တဲ့လေကြောင်းပစ်ကူမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ဆင်ဂျာတောင်ကြောဒေသကို စထိုးတာပါ။

အချိန်တိုအတွင်း တောင်ကြောကို ထိုးဖောက်လိုက်နိုင်ပြီး လနဲ့ ချီပြီး ပိတ်မိနေခဲ့တဲ့ ရာဇစ်ဒီဘာသာဝင်လူနည်းစုတွေကို လွှတ်မြောက်စေခဲ့ပါတယ်။

အခုနှစ်လယ်ပိုင်းက ဆင်ဂျာတောင်ကြောကို အိုင်အက်စ်တွေ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ရာဇစ်ဒီလူနည်းစုတွေ ထောင်နဲ့ ချီပြီး သတ်ဖြတ်ခံရ၊ ဖမ်းဆီးခံရပါတယ်။

မနေ့ကတော့ ဆင်ဂျာတောင်ရဲ့ မြောက်ဖက်ပိုင်းက နယ်မြေတွေကို ကာဒ့်တပ်ဖွဲ့ဝင်တွေ ဆက်လက် သိမ်းပိုက်နိုင်ခဲ့ပြီး မကြာခင် တောင်ဖက်က ရာဇစ်ဒီလူနည်းစုတွေရဲ့ ဆင်ဂျာမြို့ကိုလည်း ကာဒ့်တပ်ဖွဲ့တွေ ပြန်သိမ်းပိုက်နိုင်လိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေ ကြပါတယ်။

အခုတော့ ဆီးရီးယားနယ်စပ်ကနေ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် တောင်ကြောဒေသကို ဆေးနဲ့ ရိက္ခာတွေ စတင် ရောက်ရှိ လာနေပြီလို့ ရာဇစ်ဒီလူမျိုးတိုက်ခိုက်ရေးသမားတဦးက ပြောဆိုပါတယ်။

အိုင်အက်စ်တွေ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံမြောက်ပိုင်းက ကာဒ့်နယ်မြေ အများစုကို ကာဒ့်တပ်ဖွဲ့ဝင်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အီရတ်အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ အင်အားချိနဲ့နေတဲ့ အီရတ်စစ်တပ်နဲ့ အိုင်အက်စ်အကြမ်းဖက်တွေ ကတော့ သူနိုင်လိုက်၊ ကိုယ်နိုင်လိုက်နဲ့ ရှေ့မတိုးနိုင်ပဲ ဖြစ်နေပါတယ်။

DVB
အိုင်အက်စ်အကြမ်းဖက်တွေ လနဲ့ချီ သိမ်းပိုက်ထားတဲ့ ဆင်ဂျာတောင်ကြောကို ပြီးခဲ့တဲ့ ၁ ပတ်က အီရတ် ကာဒ့် တပ်ဖွဲ့ဝင်တွေက ထိုးဖောက်နိုင်ခဲ့ပြီး ဗျူဟာကျတဲ့ လမ်းကြောင်း ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီးဆက်ကြေးငွေ ကောက်ခံ

Photo: ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှလက်နက်ဖြင့်ခြိမ်းခြောက်ပြီးဆက်ကြေးငွေ ကောက်ခံ
Monday, December 22, 2014

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော် အတွင်းသို့ ကချင် လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ရွှေမှော်လုပ်ကိုင်သူ လုပ်ငန်းရှင်းတစ်ဦးမှ ပြောပြသည်။

ဖြစ်စဉ်မှာ ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ခန္တီးရွှေမှော်ဝန်းကျင် တစ်ဝိုက်သို့ ဒီဇင်ဘာလ ၁၅ရက် နေ့တွင် KIA အဖွဲ့မှ အရပ်ဝတ်ဖြင့် သေနတ်များ ကိုင်ဆောင်၍ ရောက်ရှိလာပြီး (၆) လုံးထိုး အင်ဂျင်စက်များဖြင့် စက်ဆိုင်း များ လုပ်ကိုင်နေသောသူများထံမှ တစ်ဦးလျှင် ဆက်ကြေးငွေ (၂)သိန်း ပေး ရန်တောင်း ခဲ့ကြောင်း စက်ဆိုင်းပိုင်ရှင် တစ်ဦးထံမှသိရသည်။

၎င်း KIA အဖွဲ့သည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားပြီး ဆက်ကြေးငွေ (၁၃) သိန်းကျော် ရရှိသွားကြောင်းနှင့် ခန္တီးရွှေမှော်အတွင်းသို့ ယခုကဲ့သို့KIAအဖွဲ့များမကြာခဏလာရောက်ဆက်ကြေးကောက်ခြင်းနှင့် ရွှေမှော်လုပ်သားများ အား လူသစ်အဖြစ် ဖမ်း ဆီး ခေါ်ဆောင် ခြင်းများအား ပြုလုပ် လျက်ရှိကြောင်း ရွှေမှော်အတွင်းဖွင့်လှစ်ရောင်းချနေသော ဈေးသည်တစ်ဦးမှ ပြောပြသည်။

ယခုကဲ့သို့ ဆက်ကြေးကောက်၊ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် ခြင်း များပြု လုပ်နေ မှုများကို သက် ဆိုင်ရာ KIA ခေါင်းဆောင်များထံသို့ တိုင်ကြားထားသော် လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ဆက်ကြေး ကောက်သော အဖွဲ့ များမှ ၎င်းတို့အား အထက်မှ အမိန့်ပေး စေခိုင်းသော ကြောင့် လာရောက်ကောက် ခံရခြင်း ဖြစ်ကြောင်း ပြောသဖြင့် KIA ခေါင်းဆောင်များ အနေဖြင့် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း များကို အားပေး အားမြှောက် ပြုနေသလား ဆိုသည်ကို သံသယဖြစ်မိကြောင်း ဒေသခံ တစ်ဦးမှ ပြောပြပါ သည်။

ဇော်လတ် (ဖားကန့်)
Credit to KDN
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ခန္တီးရွှေမှော်အတွင်းသို့ ကချင်လွတ်မြောက်ရေးတပ်မတော် ၀င် ရောက်ပြီး ဆက်ကြေးငွေများကောက်ခံသွားကြောင်း ရွှေမှော်လုပ်ကိုင်သူလုပ်ငန်းရှင်းတစ်ဦးမှပြောပြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့ နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်

Photo: အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေးပွဲသို့
နိုင်ဟံသာ နှင့် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်မည်မဟုတ်
Monday, December 22, 2014

လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲသို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စ သည့် ထိပ်သီးခေါင်းဆောင်တချို့ တက် ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက် နက်ကိုင်များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၏ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုအစည်းအဝေး ကို NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းမှ ဦးဆောင်ကာ တိုင်းရင်း သားများဘက်မှ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင် ရွှေက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

" နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ က တက်မှာ မဟုတ်ဘူး။ ဖဒိုစောကွယ်ထူး ဝင်က ဦးဆောင်မယ်။ ဒါပေမဲ့ ကေအိုင်အို ဘက်က ဒုတိယဗိုလ်မှူးကြီးလအောင် အပါ အဝင် ကိုယ်စားလှယ်တချို့တော့ တက်မယ်'' ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

နိုင်ဟံသာမှာ ဆွေးနွေးပွဲများ တွင် တိုင်းရင်းသား အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ခိုင်ခိုင်မာမာ ပြောဆိုလေ့ရှိကာ တပ်မတော်ကိုလည်း ပွင့် ပွင့်လင်းလင်း ဝေဖန်တတ်သဖြင့် တပ်မတော် ကိုယ်စားလှယ်တချို့မှာ သူ့ကို သဘောကျ ခြင်းမရှိကြောင်းလည်း ဆွေးနွေးပွဲ မကြာ ခဏတက်ရောက်သူများက ပြောသည်။

''ကေအိုင်အိုရော မွန်ပြည်သစ် ရောက မတက်တာတော့မဟုတ်ဘူး၊ NCCT ထဲမှာပါတဲ့ ထိပ်တန်းခေါင်းဆောင်တွေပဲ မလာတာ။ ကျွန်တော်တို့ဆို ရန်ကုန်တောင် ရောက်နေပြီ''ဟု ကေအိုင်အို နည်းစနစ်ပိုင်း အကြံပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ် ကြီး သက်နိုင်ဝင်းတို့ တက်မယ်။ ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အခြေအနေ အရပဲ''ဟု ဦးလှမောင်ရွှေကပြောသည်။

နှစ်ဖက်မကျေလည်မှုများ ရှိခဲ့ သည့် စက်တင်ဘာလ ဆွေးနွေးပွဲနောက် ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တချို့အကြား တင်းမာမှုများ ဖြစ် ပေါ်ခဲ့ကာ ထိတွေ့တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

ယခုဆွေးနွေးပွဲမှာ နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲရေးအတွက် အတည် ဆွေးနွေးခြင်းမဟုတ်ပဲ အကြိုညှိနှိုင်းမှု အ နေဖြင့် ပြုလုပ်ခြင်းသာဖြစ်ပြီး ယင်းဆွေး နွေးမှုအပေါ် မူတည်၍ သတ္တမအကြိမ် မြောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ဖြစ်၊ မဖြစ် ဆုံးဖြတ်သွားမည်ဟု တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ပြောသည်။

The Flower News
လာမည့် ဒီဇင် ဘာ ၂၂ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေး နွေးပွဲ သို့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော် စသည့် ထိပ်သီးခေါင်းဆောင်တချို့ တက်ရောက်မည်မဟုတ်ကြောင်း နှစ်ဖက်တာဝန် ရှိသူများထံမှ သိရသည်။

တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်

Photo: တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်
Monday, December 22, 2014

ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ်တွင် အိုလံပစ် ငွေတံဆိပ်ဆုရှင် ဖြစ်ခဲ့သော အေမာခန်းသည် မွတ်ဆလင်တစ်ဦး ဖြစ်ကာ ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ အဆိုပါကျောင်းအပေါ် တိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသူလည်း ဖြစ်သည်။

အေမာခန်းသည် မကြာသေးမီက ဒေဗွန်အလက်ဇန္ဒားနှင့် ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ရွှေ ၂၄ ကာရက် ထည့်သွင်း ချုပ်လုပ်ထားသော ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကို အဆိုပါကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လေလံတင်ထားပြီ ဖြစ်ကာ အခွင့်ရှိမည် ဆိုပါက ပါကစ္စတန်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ပေးလိုကြောင်းလည်း အေမာခန်းက ဖွင့်ဟပြောဆိုထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးခန့် ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့၏ ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ယင်းကျောင်းကို အကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကျောင်းသား ၁၃၂ ဦးအပြင် ကျောင်းဝန်ထမ်း ကိုးဦးလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။

တာလီဘန်များသည် ၎င်းတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းပေးသူများကို အမြဲတစေ ပစ်မှတ်ထားလေ့ ရှိကာ ယင်းအတွက်ကြောင့်ပင် အေမာခန်းက ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ထိတ်လန့်မှုအချို့ ရှိနေခြင်း ဖြစ်သည်။

အေမာခန်း၏ အဘိုးအဘွားများသည် ပါကစ္စတန်လူမျိုးများ ဖြစ်ကြကာ ၂၀၀၅ ခုနှစ် အတွင်း၌ ကက်ရှ်မီးယား ဒေသတွင် ငလျင်လှုပ်စဉ်ကလည်း ယင်းနေရာရှိ ကျောင်းများနှင့် ဆေးရုံများ ပြန်လည်တည်ဆောက်နိုင်ရန် အတွက် အေမာခန်းက ပါကစ္စတန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ငွေလှူဒါန်းမှုများ လုပ်ပေးခဲ့ဖူးသည်။ အေမာခန်း၏ အားကစား ဘောင်းဘီတိုကို အနိမ့်ဆုံးအနေနှင့် ပေါင်သုံးသောင်းခန့်အထိ ရနိုင်သည်ဟု လေလံဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

The Voice Weekly
ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

ုက်ပွဲအခြေအနေအပါအဝင် တပ်မတော်နှင့်ပတ်သက်သည့်သတင်းများ အချိန်နှင့်တစ်ပြေးညီ အတည်ပြုရေးသားခွင့်ရရန် မီဒီယာများတောင်းဆို

တိုက်ပွဲအခြေအ နေအပါအဝင် တပ်မတော်နှင့် ပတ်သက် သည့် သတင်းရေးသားရာတွင် အချိန်နှင့် တစ်ပြေးညီ အတည်ပြုပြီး သတင်းဖော်ပြ နိုင်ရန်အတွက် တပ်မတော်ဘက်မှ မြန်မြန် ဆန်ဆန်၊ မှန်မှန် ကန်ကန် ထုတ်ပြန်ပေးရန် သတင်းမီဒီယာများမှ တောင်းဆိုလိုက်ကြသည်။

ကျန်းမာရေးနဲ့ အလှအပမှုကို ရရှိပိုင်ဆိုင်စေမယ့် အသီးများ

Photo: ကျန်းမာရေးနဲ့ အလှအပမှုကို ရရှိပိုင်ဆိုင်စေမယ့် အသီးများ
Monday, December 22, 2014

Antioxidant ဆိုတာ ခန္ဓာကိုယ် လည်ပတ်မှုစနစ်အတွက် အန္တရာယ်ပြုခြင်းမှ ကာကွယ်ပေးရာမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့ သဘာဝလောကဓာတ်ပေါင်းစည်းမှု တစ်ခုလို့ပဲဆိုရမှာ ဖြစ်တယ်။

Antioxidant ကို ရရှိနိုင်တဲ့ အဓိကမူလအရင်းမြစ် (၂) ခုမှာ ကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာနဲ့ ကျွန်ုပ်တို့ စားသုံးနေတဲ့ အစားအစာတွေပဲဖြစ်တယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ Antioxidant တွေ လျော့ကျတဲ့အခါ ဘက်တီးရီးယားတွေက အလွယ်တကူတိုက်ခိုက်လာနိုင်ပါတယ်။

Antioxidant ရရှိဖို့ အကောင်းဆုံးအရင်းအမြစ်က လတ်ဆတ်တဲ့ သစ်သီးဝလံတွေပါ။ အရသာရှိရုံတင်မက အလှအပ၊ ကျန်းမာရေး နဲ့ ခန္ဓာကိုယ်သွယ်လျခြင်းအတွက် အသင့်တော်ဆုံးလည်း ဖြစ်ပါတယ်။

Antioxidant အများဆုံးပါဝင်တဲ့ အသီးတွေမှာတော့…

ဆီးသီး - ကိုလက်ထရောလ်မြင့်မားခြင်းကို ခုခံပေးခြင်းနဲ့ အရိုးသန်မာစေဖို့ အကောင်းဆုံးဖြစ်ပါတယ်။

စပျစ်သီးခြောက် - သွားနဲ့ မျက်လုံးကျန်းမာဖို့ အထောက်အကူဖြစ်စေပါတယ်။

ဘလူးဗယ်ရီသီး - ဒီအသီးတွေမှာ antioxidant ကြွယ်ဝသည်သာမက ရောဂါအမျိုးမျိုးတို့ရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။

စတော်ဘယ်ရီသီး- ကယ်လိုရီးအနည်းငယ်သာ ပါရှိပြီး aphrodisiac ကြွယ်ဝစွာ ပါဝင်ပါတယ်။

ရှောက်ခါးသီး - အလေးချိန်ကျစေခြင်း၊ အစာချေစနစ်ကောင်းမွန်စေပြီး အဆီလည်းကျစေပါတယ်။

Source: healthyfoodstar.com
Trend Myanmar
Antioxidant ဆိုတာ ခန္ဓာကိုယ် လည်ပတ်မှုစနစ်အတွက် အန္တရာယ်ပြုခြင်းမှ ကာကွယ်ပေးရာမှာ အရေး ပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့ သဘာဝလောကဓာတ်ပေါင်းစည်းမှု တစ်ခုလို့ပဲဆိုရမှာ ဖြစ်တယ်။

ဘာတေးလစ်တနာနှင့် မြန်မာ့နိုင်ငံရေး တစေ့တစောင်း အပိုင်း (၁)

Photo: ဘာတေးလစ်တနာနှင့် မြန်မာ့နိုင်ငံရေး တစေ့တစောင်း အပိုင်း (၁)
Monday, December 22, 2014

တင်ဇာအောင် တွေ့ဆုံမေးမြန်းသည်။
၂၀၁၅ ရွေးကောက်ပွဲကနေပြီးတော့ အရမ်းကြီး မမျှော်လင့်စေချင်ပါဘူး .. . .။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတွေ လုပ်လာပါတယ်။ အပြောင်းအလဲ ရှိခဲ့တာတွေ ရှိသလို မပြောင်းလဲခဲ့တာတွေလည်း ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အပြောင်းအလဲ ရပ်တန့်လာတယ်။ တုံ့ဆိုင်းနေတယ် ဆိုပြီး လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ အစိုးရသစ် လက်ထက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ လာမယ့်၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ၊ ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ငြိမ်းချမ်းရေးစတဲ့ မြန်မာ့နိုင်ငံရေး အကြောင်းတွေကို
မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ လေ့လာခဲ့သူ၊ တိုင်းရင်းသားအရေးနှင့် မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာနှင့် မဇ္ဈိမက သီးသန့်တွေ့ဆုံခဲ့သည်ကို ကောက်နုတ်တင်ပြထားပါတယ်။

ဘာတေးလစ်တနာသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာအုပ်များကို ရေးသားခဲ့ပြီး ၈၈ အရေးတော်ပုံ အကြောင်းရေးသားခဲ့ သည့် ဒေါမာန်ဟုန် စာအုပ်နှင့် ကချင်ပြည်နယ်နှင့် ပတ်သက်သည်များကို ရေးသားထားသည့် ကျောက်စိမ်းမြေစာအုပ်များမှာ ထင်ရှားသည်။

အမေး။ ။ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက တကယ့်အပြောင်းအလဲ ဖြစ်ရဲ့လား။

အဖြေ။ ။ ကျွန်တော့ရဲ့ မြန်မာမိတ်ဆွေတစ် ယောက်ပြောသလိုမျိုးပြောရမယ် ဆိုရင်တော့ အရာရာကတော့ ခြားနားပါတယ်။ တကယ့် အပြောင်းအလဲတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ပြောရတာမျိုး၊ နိုင်ငံ ရေးပါတီရှိလာ တာမျိုးတော့ ရှိလာပါတယ်။ နောက်တစ်ခုက လွှတ်တော်မှာ ၂၅ ရာခိုင် နှုန်း (တပ်မတော်သားပါဝင်မှု) ဆို တဲ့အချက်က ဗီတိုအာဏာ အခွင့်အရေးလိုမျိုးရှိနေတယ်။ နောက်တစ်ခုက တပ်ကို ကြည့်မယ်ဆိုရင်နောက် ဆုံး အဆုံးအဖြတ်ကို ပြောနိုင်တယ်။ ကာကွယ်ရေးဝန်ကြီး ခန့်အပ်မှု၊ ပြည်ထဲရေးဝန်ကြီး ခန့်အပ်မှု၊ နယ်စပ် ရေးရာဝန်ကြီး ခန့်အပ်မှုတွေဟာ တပ်ကအခွင့်အရေးရှိပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကို ကြီး ကြပ်ရတာမှာ ဒီဝန်ကြီးဌာနသုံးခုက အခရာကျတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုတာလည်း အရမ်းအ ရေးပါတယ်။ ကျွန်တော်တို့ အခြေခံ တည်ဆောက်မှုက မပြောင်းလဲပါဘူး။ နောက်တစ်ခုက လက်နက်ကိုင် အဖွဲ့များအနေနဲ့ ဆိုရင်လည်း ကာကွယ်ရေး ဦးစီးချုပ်ကိုပဲ တာဝန်ခံရတယ်။ ရွေးချယ်ခံ ထားရတဲ့အစိုးရ၊ လွှတ်တော်ကို တာဝန်မခံပါဘူး။ တပ်အနေနဲ့ ကြည့်မယ်ဆိုရင် Autonomous (ကိုယ်ပိုင်အုပ်ချုပ်မှု) ဖြစ်နေတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲ နိုင်မနိုင်တော့ မသေချာပါဘူး။ နိုင်ခဲ့ရင်တောင် တပ်အပေါ်မှာ ပါဝါရှိမှာ မဟုတ်ပါဘူး။ အခြေခံကျတဲ့ အပြောင်းအလဲက လောလောဆယ် မရှိသေးဘူးလို့ ပြောချင်ပါတယ်။

အမေး။ ။ အစိုးရက ဒီမိုကရေစီ အပြောင်းအလဲ လုပ်တယ်လို့တော့ ပြောနေပါတယ်။ ဒါရဲ့နောက်ကွယ်မှာ တစ်စုံတစ် ယောက်ရှိနိုင်မလား။

အဖြေ။ ။ တချို့နိုင်ငံတကာ လေ့လာအကဲခတ်တဲ့သူတွေက ပြောတယ်။ ပြုပြင်ပြောင်းလဲရေးက နှောင့်နှေးနေတယ်။ တချို့ဆိုရင် ရပ်သွားတယ်တောင် ပြောကြတယ်။ တချို့ ဆို နည်းနည်းတောင်နောက်ဆုတ် နေသလားပြော ကြတာရှိတယ်။ တကယ်တော့ ပြောမယ်ဆိုရင် ရပ်သွားတာလည်း မဟုတ်ဘူး။ တုံ့ဆိုင်းသွားတာလည်း မဟုတ်ဘူး။ အဲဒီထက် ပိုမသွားရဘူးဆိုတဲ့ အနေအထားမျိုးပဲ ထားထားတာပါ။ ဒါပါပဲ။ နဂိုကတည်းက ရည်ရွယ်ထားတာက အဲဒီထက်ပိုသွားမယ်လို့ ရည်ရွယ်ထားတာ မဟုတ်တဲ့အတွက် ရပ်သွားတယ်လို့ပြောလို့ မရပါဘူး။

အမေး။ ။ အရင်အစိုးရ လက်ထက်က လမ်းပြမြေပုံ ခုနစ်ချက်နဲ့သွားမယ်လို့ဆိုခဲ့တာပေါ့။ အဲဒီ လမ်းပြမြေပုံမှာ အခု ဘယ်အခြေအနေရောက် နေပြီလဲ။ အဲဒါတွေဟာ မြန်မာ့နိုင်ငံရေး အတွက် ဂိမ်းတစ်ခု ဖြစ်မလား။

အဖြေ။ ။ သွားနေတာကတော့ လမ်းပြမြေပုံနဲ့ပဲ သွားနေတာပါ။ ဒါပေမဲ့ အဆင့်တွေ အနေနဲ့တော့ မတွေ့ပါဘူး။

အမေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအခြေအနေ ဘယ် လိုဖြစ်နိုင်ပါသလဲ။ မြန်မာ့နိုင်ငံရေးမှာ ဖွဲ့စည်းပုံပြင်ဖို့အပြင် အခြားအရေးကြီးတဲ့ အရာတွေ ဘာတွေရှိနေမလဲ။ ကျွန်တော် က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရမလား။

အဖြေ။ ။ ပြင်ခြင်းသည် မှားလားမှန်လား ဆိုတာကိုတော့ ကျွန်တော် မပြောနိုင်ပါ ဘူး။ ဘာလို့လဲဆိုတော့ ဒါကမဖြစ်နိုင်ပါဘူး။ တပ်ရဲ့ထောက်ပံ့မှုမပါဘဲနဲ့ ဘယ်လို ပြင်မလဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းထက် ပိုပြီးလိုတယ်လေ။ ပြီးတော့ ဆန္ဒခံယူပွဲ ကလည်း လုပ်ရဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် အခုလောလောဆယ် မဖြစ်နိုင်သေးပါဘူး။ အတိုက်အခံအနေနဲ့ ရွေးကောက်ပွဲမှာ မဲတွေအများကြီး ရမယ်ဆိုရင် တပ်က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လာ စိတ်ရှိအောင် တွန်းအားပေးကောင်းပေး နိုင်ပါလိမ့်မယ်။

အမေး။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ပြီးနောက်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဖြစ်မယ် မျှော်လင့်ကြပါတယ်။ အဲဒီ အပြောင်း အလဲနောက်မှာ မြန်မာနိုင်ငံအခြေအနေ ဘယ်လို ဖြစ်နိုင်ပါသလဲ။ တပ်ကအာဏာပြန် သိမ်းသွားတာမျိုးရော ဖြစ်နိုင်ပါသလား။

အဖြေ။ ။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး။ တပ်အနေနဲ့ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အခွင့်အရေး အပြည့်အဝ ရှိနေတာလေ။ သမ္မတအနေနဲ့ အနေအထားမထိန်းသိမ်းနိုင်တော့ဘူးဆိုရင် တပ်ကိုအာ ဏာလွှဲပြောင်းပေးတာမျိုး။ အာဏာသိမ်းတာမျိုးက ဟိုးအရင်က ပုံစံမျိုးဖြစ်ချင်မှ ဖြစ်မယ်။ ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ တပ်ကို အာဏာလွှဲပြောင်းပေးတာမျိုးပေါ့။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရ ဘူး။ ဖြစ်နိုင်ခြေ လည်း ရှိပါတယ်။ လူတွေ တော်တော်များများအနေနဲ့ အပြောင်းအလဲဖြစ်ချင်တယ်။ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအ လဲကို မျှော်လင့်ကြတယ်။ ဟုတ်ပါတယ်။ ဒါကိုလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေး ကောက်ပွဲ ကနေပြီးတော့ အရမ်းကြီး မမျှော်လင့်စေချင်ပါဘူး။ တပ်က ၂၅ ရာခိုင်နှုန်း လွှတ်တော်မှာရှိနေ တယ်။ တကယ်လို့သာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်း ရ တယ် ပဲထားပါတော့ ဒါဆို Majority  (အဓိကနေရာ) ရနေပြီလေ။ ရွေးကောက်ပွဲမှာ အင်အားစုက သုံးစု ရှိပါတယ်။ USDP ၊ NLD တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ NLD အနေနဲ့ Majority ရနိုင်တဲ့ အလားအလာက တိုင်းရင်းသား ပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့စည်းခြင်းပဲ ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်လာမယ်လို့ ပြောလို့ မရဘူးလေ။
ဆက်လက်ဖော်ပြပါမည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - တင်ဇာအောင်၊ မဇ္ဈိမ)
(ဓာတ်ပုံ - တင်ဇာအောင်၊ မဇ္ဈိမ)
တင်ဇာအောင် တွေ့ဆုံမေးမြန်းသည်။
၂၀၁၅ ရွေးကောက်ပွဲကနေပြီးတော့ အရမ်းကြီး မမျှော်လင့်စေချင်ပါဘူး .. . .။

လျှပ်စစ်မီးပြဿ နာ နေရောင်ခြည်စွမ်းအင်ဖြင့် အစားထိုးရန် လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာန ကြိုးပမ်း

Photo: လျှပ်စစ်မီးပြဿ နာ နေရောင်ခြည်စွမ်းအင်ဖြင့် အစားထိုးရန် လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာန ကြိုးပမ်း
Monday, December 22, 2014

လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာနနဲ့ ဘေရွက်မြို့တော်မြူနီစပယ်နဲ့ ပူးပေါင်းပြီး ဘေရွတ်မြို့ လျှပ်စစ်မီးပြဿနာကို နေရောင်ခြည်စွမ်းအင်နဲ့ ရနိုင်သလောက် အစားထိုးဖို့ ကြိုးစားနေကြပါတယ်။

လူဦးရေ ၄ သန်းပဲ ရှိတဲ့ လက်ဘနွန်နိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ နေ့စဉ်လိုလို ဖြစ်နေပြီး မီးစက်တွေ၊ ဘက်ထရီဓာတ်မီးတွေ၊ တခါတလေ ဖယောင်းတိုင်နဲ့ လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနေရတာပါ။

ဒါကြောင့် အရေးကြီးဆုံးစီမံကိန်းအဖြစ် ဘေရွက်မြစ်တလျှောက်မှာ ဆိုလာပြားတွေကို ကီလိုမီတာနဲ့ချီ တပ်ဆင်ပြီး ဒုတိယစီမံကိန်းကတော့ ဘေရွတ်မြို့ထဲလမ်းမတွေနဲ့ အဝေးပြေးလမ်းမတွေမှာ ဆိုလာမီးတိုင်တွေ တပ်ဆင်နေတယ်လို့ ဘေရွတ်မြို့ မြူနီစပယ်အာဏာပိုင်က ပြောဆိုပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကျွမ်းကျင်သူတဦးက ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိတဲ့ သန့်ရှင်းစွမ်းအင်ကို မီဂါဝက်ဘ်နဲ့ ချီပြီး မကြာခင်ထုတ်လုပ်နိုင်တော့မှာကြောင့် လက်ဘနွန်နိုင်ငံ အတွက် ရေရှည်အကျိုးအမြတ် ကြီးမားတယ်လို့ ပြောဆိုပါတယ်။

လက်ဘနွန်နိုင်ငံဟာ ဆီးရီးယားပြည်တွင်းစစ်စဖြစ်ကတည်းက ဆီးရီးယား စစ်ပြေးဒုက္ခသည်အများဆုံး လက်ခံထားတဲ့နိုင်ငံ ဖြစ်ပြီး စီးပွားရေးအရရော၊ လူမှုရေးအရပါ ၀န်ထုတ်ဝန်ပိုး ဖြစ်နေရတာပါ။

လက်ဘနွန်နိုင်ငံဟာ နိုင်ငံရဲ့ လူဦးရေအချိုးအစားအရ ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံးနိုင်ငံ ဖြစ်ပြီး လူ ၄ ဦးမှာ ၁ ဦးဟာ ဒုက္ခသည် ဖြစ်ပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ 
လက်ဘနွန်စွမ်းအင်ဝန်ကြီးဌာနနဲ့ ဘေရွက်မြို့တော်မြူနီစပယ်နဲ့ ပူးပေါင်းပြီး ဘေရွတ်မြို့ လျှပ်စစ်မီး ပြဿနာကို နေရောင်ခြည်စွမ်းအင်နဲ့ ရနိုင်သလောက် အစားထိုးဖို့ ကြိုးစားနေကြပါတယ်။

ဥပဒေအရ ဖြေရှင်း၍ မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ ကျူးကျော် တဲများကို ဖျက်ဆီးခဲ့ရဟု ၀ါဝါ၀င်းကုမ္ပဏီ တာဝန်ရှိသူဆို

Photo: ဥပဒေအရ ဖြေရှင်း၍ မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ ကျူးကျော် တဲများကို ဖျက်ဆီးခဲ့ရဟု ၀ါဝါ၀င်းကုမ္ပဏီ တာဝန်ရှိသူဆို 
Monday, December 22, 2014

ဥပဒေအရ ဖြေရှင်းရန် မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ အနော်ရထာ စက်မှုဇုန် ၀ါဝါ၀င်းကုမ္ပဏီပိုင် မြေပေါ်ရှိ ကျူးကျော်တဲများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရသည်ဟု ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ၀ါဝါ၀င်းကုမ္ပဏီ ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကုမ္ပဏီဈေးကွက် မန်နေဂျာ ဒေါ်မိုးမိုးမြင့်က ၎င်းတို့ပိုင်မြေနေရာရှိ ကျူးကျော်တဲများကို ဖျက်သိမ်းမှုများ ပြုလုပ်ရန် လူအင်အား ၃၀၀ ခန့် ငှားရမ်းခဲ့ကြောင်း ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူသတ်ဖို့ မဟုတ်ဘူး။ လူရိုက်ဖို့ မဟုတ်ဘူး။ တဲဖျက်ဖို့သာလျှင် ဖြစ်တယ်ဆိုတာ လူတွေငှားပြီး သေချာစီမံ ပြောပြပြီးမှ ဖျက်တာပါ” ဟု ၎င်းကဆိုသည်။

သို့ရာတွင် စတင်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် ကျူးကျော်တဲများ ဖျက်သိမ်းရန်အတွက် တာဝန်ပေးခံရသော လူ ၃၀၀ ခန့်မှာ နေအိမ်များကို ဖျက်ဆီးခြင်းအပြင် တုတ်၊ ဓား ကိုင်ဆောင်ခြင်း၊ ဆိုင်ကယ်မီးရှို့ခြင်း၊ တဲများကို မီးရှို့ခြင်းများပါ ပြုလုပ်ခဲ့သည်။

“ဒါကတော့ ကျူးကျော်နေတဲ့ သူတွေကပဲ သူတို့အိမ်သူတို့ ပြန်ဖျက်တာတို့ မီးရှို့တာတို့လုပ်ပြီး ဇာတ်နာအောင် လုပ်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့လည်း မျက်မြင်မဟုတ်ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ လူအင်အားငှားပြီး ဖျက်သိမ်းရန် စီစဉ်ခဲ့ရသည်မှာလည်း ဥပဒေအရ ဖြေရှင်းမည်ဆိုပါက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုအရ ဆိုလျှင် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးလသာ ရှိသည့်အတွက် ကျူးကျော်များမှာ ထောင်ကျပြီးပါကလည်း ပြန်လည်ကျူးကျော်လာနိုင်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါနေရာတွင် ၀င်ရောက်နေထိုင်သူများမှာ အမှန်တကယ် နေစရာ အခက်အခဲ ဖြစ်နေသဖြင့် ရွှေ့ပြောင်းလာကြသူများလည်း ရှိသလို ခြံစည်းရိုးများကို ဖျက်ဆီးပြီး အကွက်ရိုက်ကာ ဈေးခေါ်ရောင်းချနေသူများလည်း ရှိခဲ့ကြောင်း လိုက်လံမေးမြန်ခဲ့မှုများအရ သိရသည်။

အနော်ရထာစက်မှုဇုန် အတွင်းရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြေမှာ လမ်းမြေအပါအ၀င် တွက်မည်ဆိုပါက ဧက ၁၆၀ ရှိပြီး မြေကွက် ၄၀၀ ကျော် သတ်မှတ်ထားကာ ယင်းမြေကွက်များကို ၀ယ်ယူပြီးခဲ့သူဦးရေ ၃၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၀ါဝါ၀င်းကုမ္ပဏီမှ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သော်လည်း ဈေးကွက်မန်နေဂျာ ဒေါ်မိုးမိုးမြင့်ကသာ သတင်းစာရှင်းလင်းခဲ့ပြီး အနော်ရထာ စက်မှုဇုန်မြေထဲတွင် ၎င်း၏ မြေကွက်များလည်း ပါဝင်သည်ဟု ပြောကြားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန် မြေကွက်လွတ် ၂၃၃၉ ကွက်နှင့် ဂိုဒေါင် ၁၂၉၉ လုံးရှိနေပြီး အဆိုပါ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန်မြေကွက်လွတ်များ၏ စုစုပေါင်းဧရိယာမှာ ၄၄၁၈ ဧကကျော် ရှိနေသည်။ ယင်းမြေကွက်များပေါ်တွင်၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ လုပ်ငန်းလုပ်ကိုင်နိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ထားသည်။

Eleven Media Group 

လှိုင်သာယာ အနော်ရထာ စက်မှုဇုန်အတွင်း ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ဖျက်ဆီးခံလိုက်ရသည့် ကျူးကျော်တဲများကို တွေ့ရစဉ် (ပုံကြီး)၊ ၀ါဝါ၀င်းကုမ္ပဏီက သတင်းစာရှင်းလင်းစဉ် (ပုံသေး)
လှိုင်သာယာ အနော်ရထာစက်မှုဇုန်အတွင်း ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ဖျက်ဆီးခံလိုက်ရသည့် ကျူးကျော်တဲများကို တွေ့ရစဉ် (ပုံကြီး)၊ ၀ါဝါ၀င်းကုမ္ပဏီက သတင်းစာရှင်းလင်းစဉ် (ပုံသေး)
ဥပဒေအရဖြေရှင်းရန် မဖြစ်နိုင်သဖြင့် လူအင်အား ၃၀၀ ငှားရမ်းကာ အနော်ရထာ စက်မှုဇုန် ၀ါဝါ၀င်း ကုမ္ပဏီပိုင် မြေပေါ်ရှိ ကျူးကျော်တဲများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရသည်ဟု ၀ါဝါ၀င်းကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဒေါ်မိုးမိုးမြင့်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားသည်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့်ပိတ်ပင်

Photo: ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင်
၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့်ပိတ်ပင်
Monday, December 22, 2014

ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင်ပြုလုပ်မည့် တရားပွဲတွင် တရား ဟောခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်မှ ၂၄ ရက် အထိကျင်းပမည့် အဋ္ဌမအကြိမ်မြောက် ဓမ္မ ပူဇာ သဘင်အတွက် တရားပွဲကျင်းပခွင့်ကို မြို့နယ်အဆင့်မှ ခွင့်ပြုချက် ထုတ်ပြီးဖြစ် သော်လည်း ယခုလ ၁၈ ရက်တွင် ခရိုင် သာသနာရေးမှူးမှ အရှင်ပညာသီဟနှင့် အ ရှင်ခေမိန္ဒအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ တရားဟောခွင့် မပေးရန် အ ကြောင်းကြားလာကြောင်း သိရသည်။

''တရားပွဲ ခွင့်ပြုချက်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရော၊ မြို့နယ်သံဃနာယက ကရော ခွင့်ပြုချက်ပေးပြီးသားပါ။ ဒါကို တ ရားပွဲကျင်းပတဲ့ ရက်ကျမှ အရှင်ခေမိန္ဒနဲ့ ရွှေညဝါဆရာတော်ကို ခွင့်မပြုနိုင်ပါဘူးဆို ပြီး မြို့နယ်ကနေ အကြောင်းကြားတယ်'' ဟု တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ် ဦးကပြောသည်။

တရားပွဲခွင့်ပြုမိန့်ရရန် ဒီဇင်ဘာ လဆန်းပိုင်းက တင်ခဲ့ပြီး ရပ်ကျေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သံဃနာယက အဖွဲ့က ၂၄ ရက်အထိ ခွင့်ပြုချက်ထုတ်ပေး ထားပြီးဖြစ်ကြောင်း သိရသည်။

ရွှေညဝါဆရာတော် အရှင်ပညာ သီဟက ''သံဃာ့ဂုဏ်အင် ၁ဝ ပါးဆိုတာ သံဃနာယကက တစ်ဖက်သတ် ထုတ်ထား တာ။ အားလုံး သဘောတူညီချက်နဲ့ မဟုတ် ဘူး။ ငါကလဲ ဓမ္မစရိယမပြီးသေးဘူး။ နည်း နည်းကျန်နေသေးတယ်။ အဲဒီလိုပြောကြေး ဆိုရင် သံဃနာယကအဖွဲ့မှာရော ဘာမှမ ဟုတ်ဘဲ နေရာယူတဲ့ ကိုယ်တော်တွေ အများ ကြီးပဲ။ ဒါက သံဃာတော်ချင်း သွေးခွဲနေ တာ''ဟု မိန့်ကြားသည်။

Yangon Media Group
ရွှေညဝါဆရာတော် အရှင်ပညာသီဟအား သံဃာ့ဂုဏ်အင် ၁ဝ ပါးနှင့် မညီဟုဆိုကာ ကမာရွတ်မြို့နယ် (၈) ရပ်ကွက်တွင်ပြုလုပ်မည့် တရားပွဲတွင် တရား ဟောခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသား(၅)ဦးအား ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ် စက်များတွင် နိုင်ငံခြားသား အချို့မှ ငွေထုတ်ကတ်အတု အသုံးပြု၍ ငွေများလိမ်လည်ထုတ်ယူနေကြောင်း ပြည်သူများ၏ သတင်းပေး ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိ သူများသည် စောင့်ကြည့်ဖော်ထုတ် ဖမ်းဆီးခဲ့ရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နိုင်ငံခြားသား(၁)ဦးမှ ငွေထုတ်ကတ် အတုဖြင့် ငွေထုတ် ယူနေစဉ် ဖမ်းဆီးရမိခဲ့ ပါသည်။

KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Photo: KIA (ကချင်) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ
Monday, December 22, 2014 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ်သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ်ချောင်း အတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဇော်သည် ညာဘက်ခြေချင်းဝတ် ကျိုးပြီး ဘယ်ဘက်ခြေသလုံး၊ ခြေချင်းဝတ်နှင့် ညာဘက်ခြေသလုံး တို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကာ ဖားကန့်ပြည်သူ့ ဆေးရုံ၌ တက်ရောက်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။ 

မြ၀တီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဘွမ်ဂျာရွာနေ ဦးသိန်းဇော် (ဘ)ဦးမြင့်ဆွေ၊ ၂၄ နှစ် သည် ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ဘွမ်ဂျာရွာ၏ အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နမ္မဖြစ် ချောင်းအတွင်း ရွှေကျင်သွားရာ ချောင်းဘေး၌ KIA (ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သည်။

အစိုးရ ငွေတိုက်စာချုပ် လေလံဈေးကွက် လာမည့်ဇန်နဝါရီတွင် စတင်ဖွယ်ရှိ

အစိုးရငွေတိုက်စာချုပ် များ အရောင်းအဝယ်ပြုလုပ်နိုင်မည့် လေလံဈေးကွက်ကို လာမည့် ဇန်နဝါရီတွင် စတင် တည် ထောင်ရန်စီစဉ်နေကြောင်း မြန် မာနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောသည်။

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်အား ၂၀၁၆ ခုနှစ်တွင် စတင်နိုင်ရန် လျာထားလျက်ရှိပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ရန် ရှိနေ

Photo: အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်အား ၂၀၁၆ ခုနှစ်တွင် စတင်နိုင်ရန် လျာထားလျက်ရှိပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ရန် ရှိနေ
Monday, December 22, 2014 

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ် (KG+12) အား ၂ဝ၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ပေးသွားမည့် အစီအစဉ်များ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေခံ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်းနှစ်နှစ်ဖြင့် (၅း၎း၂) စနစ်ဖြင့်၊ အခြေခံပညာ ကဏ္ဍတွင် ၁၁ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေရာ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံအား အသက်ငါးနှစ်ပြည့်ပြီး ကလေးများအတွက် မူလတန်းအဆင့် ပညာရေး၏ အခြေခံအတန်းအဖြစ် သတ်မှတ်သည့် သူငယ်တန်းပညာရေး၊ ပထမတန်းမှ ပဉ္စတန်းအထိ မူလတန်းအဆင့် ပညာရေး၊ ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့် ပညာရေး၊ ဒသမတန်း၊ ဧကဒသမတန်း၊ ဒွါဒသမတန်းတို့ ပါဝင်သည့် အထက်တန်းအဆင့် ပညာရေးဟူ၍ အခြေခံပညာကဏ္ဍ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံအား သူငယ်တန်းမပါ (၅း၎း၃) စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သက်ဆိုင်ရာအတန်းများ ပါရှိသော အခြေခံပညာ ကျောင်းများကိုလည်း အမျိုးအစားများ သတ်မှတ်ရာတွင် သူငယ်တန်းနှင့် မူလတန်းအဆင့်၊ အတန်းများရှိသည့် အခြေခံပညာ မူလတန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့် အတန်းများသာ ပါရှိသော အခြေခံပညာ အလယ်တန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများသာ ပါရှိသော အခြေခံပညာ အထက်တန်းကျောင်း စသဖြင့် ကျောင်းအမျိုးအစားများ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“KG+12 ကို ယာယီမှန်းထားတာကတော့ ၂ဝ၁၆ စနိုင်ဖို့ပါ။ အဲဒါကြောင့် ၂ဝ၁၆ ခုနှစ်မှာ သူငယ်တန်း စနေတဲ့ ကလေးသည် KG+12 ကို မီမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင်ရိုးညွှန်းတမ်း အသစ်တွေကို ကျွန်မတို့ ရေးဆွဲပါတယ်။ အခု လက်ရှိမှာတော့ KG+10 လို့ပြောပေမယ့် KG မှာလည်း စာသင်တဲ့အတွက် လက်ရှိအနေအထားကလည်း ၁၁ တန်းနဲ့ ညီနေပါတယ်။ အဲဒီအတွက်ကိုလည်း သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ လက်ရှိက ၁၁ တန်းနဲ့လည်း ညီနေတယ်။ ဒါပေမဲ့ ဒါက KG+10 ဖြစ်နေတာပေါ့။ အခု KG+12 ဆိုရင် KG က KG အစစ်ပဲ ဖြစ်မယ်။ တစ်တန်းကနေ ၁၂ တန်းအထိပါမှ Regional နဲ့ ညီမယ်ဆိုတာပါပဲ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ဆိုသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများတွင် မူလတန်း ခြောက်နှစ်၊ အလယ်တန်း သုံးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၆း၃း၃) စနစ်ကို လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် မူလတန်းခြောက်နှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း နှစ်နှစ်ဖြင့် (၆း၎း၂) စနစ်ကို လည်းကောင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့တွင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၅း၎း၃) စနစ်ကို လည်းကောင်း အခြေခံပညာကဏ္ဍ၌ ၁၂ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေကြရာ မြန်မာနိုင်ငံ၏ အခြေခံပညာရေး စနစ်မှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ကွာဟမှု ရှိနေခဲ့သည့်အတွက် အခြေခံပညာသင်နှစ်အား နိုင်ငံတကာ အဆင့်မီ ကျင့်သုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အခြေခံပညာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်အား ၁၂ တန်း ပညာစနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။

Eleven Media Group  

အခြေခံပညာကဏ္ဍ၌ စာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်
အခြေခံပညာကဏ္ဍ၌ စာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်
အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ် (KG+12) အား ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရပြီး လက်ရှိပညာရေး စနစ်မှာ လည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ပေးသွားမည့် အစီအစဉ်များ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

အခြေခံဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းကို ဇန်န၀ါရီ အတွင်း ပြန်လည်ကျင်းပမည့် (၁၂) ကြိမ်မြောက် လွှတ်တော် သို့ တင်သွင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိ တွင် ဥပဒေကြမ်းရေးဆွဲမှု ၆၀ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

အလုပ်ရှုပ်သူများ ကိုယ်အလေးချိန် လျှော့ချရန် လမ်းညွှန်ချက်

အလုပ်တာဝန်များ၊ မိသားစုနှင့် အခြားသော ကိစ္စများကို စီမံခန့်ခွဲရန် ကြိုးစားရင်း တစ်ချိန်လုံး ပြေးလွှား အလုပ်လုပ်နေရပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။

လွှတ်တော်များအားလုံး အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဦးရွှေမန်း တိုက်တွန်း

ပြည်ထောင်စုနှင့် ပြည် နယ်၊ တိုင်းလွှတ်တော်များ အသင်းအဖွဲ့စိတ်ဖြင့် ပူးပေါင်းဆောင်ရွက် ရန်နှင့် ဥပဒေ ပြုဇယားများ ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်နယ်၊တိုင်း လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

UPWC နှင့် NCCT တို့၏ ယနေ့ဆွေးနွေးပွဲသို့ တပ်ကိုယ်စားလှယ်များ တက်မည်မဟုတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မြန်မာ့တပ်မတော်မှ ကိုယ် စားလှယ်များ တက်ရောက်ဆွေးနွေး မည်မဟုတ်ကြောင်း သတင်းရရှိ သည်။

ပြေးမလွတ်ကျည်ဆန် ကို အမေရိကန်သိပ္ပံပညာရှင်များ တီထွင်

Photo: ပြေးမလွတ်ကျည်ဆန် ကို အမေရိကန်သိပ္ပံပညာရှင်များ တီထွင်
Monday, December 22, 2014

အမေရိကန်သိပ္ပံပညာရှင်များ က နောက်ဆုံးပေါ်ပြေးမလွတ်ကျည် ဆန်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ Daily Mirror သတင်းဌာန က ရေးသားဖော်ပြခဲ့ ပါတယ်။အဆိုပါပြေးမလွတ်ကျည်ဆန် ကို အမေရိကန်စစ်တပ်မှာ အသုံးပြုဖို့အ တွက် အမေရိကန် စစ်ဘက်ဆိုင်ရာသိပ္ပံ ပညာရှင်တွေက အထူးစမ်းသပ် တီထွင်ထုတ် လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြေးမလွတ်ကျည်ဆန်ရဲ့ထူးခြား ချက်ကတော့ မိမိပစ်မှတ်ထားရာရန်သူရဲ့ ရွေ့လျားလှုပ်ရှားမှုနောက်ကိုလိုက်လို့ ပစ် ခတ်တိုက်ခိုက်လို့ရပါတယ်။ 

အမေရိကန်စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တို့ စမ်းသပ်တီထွင်ထုတ်လုပ် လိုက်တဲ့ ပြေးမလွတ်ကျည်ဆန်ကိုတော့ လက်ဖြောင့်တပ်သားတွေအတွက် သီးသန့် အသုံးပြုစေမယ်လို့သိရပြီး ကျည်ဆန်ဟာ ရန်သူတစ်ဦးကိုပစ်မှတ်ထား ရာမှာ အတော် လေးသက်ရောက်မှုပေးစေတယ်လို့ သိရ ပါတယ်။  

ယင်းပြေးမလွတ်ကျည်ဆန်ဟာ အလျားလေးလက်မ အရှည်ရှိတယ်လို့ သိရ ပါတယ်။ 

Yangon Media Group
အမေရိကန်သိပ္ပံပညာရှင်များ က နောက်ဆုံးပေါ်ပြေးမလွတ်ကျည် ဆန်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ Daily Mirror သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါတယ်။အဆိုပါပြေးမလွတ်ကျည်ဆန်ကို အမေရိကန် စစ်တပ်မှာ အသုံးပြုဖို့အတွက် အမေရိကန်စစ်ဘက်ဆိုင်ရာသိပ္ပံ ပညာရှင်တွေက အထူးစမ်းသပ် တီထွင် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူသုံးဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ

အမြန်လမ်းပေါ်တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်က ခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး လူသုံးဦး သေဆုံးကာ ခုနစ်ဦးဒဏ်ရာ ရခဲ့ကြောင်း နေပြည်တော်အမြန်လမ်းရဲတပ် ဖွဲ့မှသတင်းရရှိသည်။

နေပြည်တော် ဗိုလ်ချုပ်ရာပြည့်ပွဲ အောင်ဆန်း- အက်တလီ စာချုပ် လက်မှတ် ရေးထိုးသော ဇန်နဝါရီလ ၂၇၌ ကျင်းပမည်

လွတ်လပ် ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် အမှတ်တရ အခမ်းအနားအား နိုင်ငံတဝှမ်းလုံး ဇန်နဝါရီလ ၁၃ ရက်တွင် ကျင်းပမည် ဖြစ်သော်လည်း နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်မှသာ စတင် ကျင်းပမည်ဟု NLD အမတ် ဦးမင်းသူက ပြောသည်။

အမေရိကန် နှင့် ဆက်ဆံရေး ပျော့ပြောင်းလာသော်လည်း ကျုးဘားက ကွန်မြူနစ် စနစ်ကို စွန့်လွှတ်မည် မဟုတ်

ကျူးဘားနှင့် ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာရေး အမေရိကန်၏ လတ်တလော ဆောင်ရွက်မှုများကို ကြိုဆို သော်လည်း ကျူးဘားနိုင်ငံအနေဖြင့် နိုင်ငံရေးစနစ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကျူးဘားသမ္မတ ရာအူးလ်ကက်စထရို က ပြောကြား လိုက်သည်။

ဆီးရီးယား - လက်ဘနွန် နယ်စပ်အနီးမှ လက်ဘနွန်ရွာသားများ ကာကွယ်ရေးတပ်များ ဖွဲ့စည်း

Photo: ဆီးရီးယား - လက်ဘနွန် နယ်စပ်အနီးမှ လက်ဘနွန်ရွာသားများ ကာကွယ်ရေးတပ်များ ဖွဲ့စည်း
Monday, December 22, 2014

ဆီးရီးယားနယ်စပ်အနီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဘီကာတောင်ကြား ရွာတွင် စစ်သွေးကြွများ၏ ရန်ကို ကာကွယ် ရန် ရွာသားများက လက်နက်စွဲကိုင်ကာ ကာကွယ်ရေးတပ်များ ဖွဲ့စည်းထား ကြကြောင်း သိရသည်။

ဒေသအတွင်းရှိ အယ်လ်ခိုင်ဒါအဖွဲ့ဖြစ်သည့် ဂျာဟတ်အယ်လ်နူ ဆရာစစ်သွေးကြွများနှင့် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေသည့် အိုင်အက်စ် စစ်သွေးကြွများကို ခုခံကာကွယ်ရန် ရွာသားများက ကိုယ်ပိုင် ကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်။

ဘီကာတောင်ကြားရှိအဆိုပါ ရွာမှ ဒေသခံတစ်ဦးဖြစ်သူ အဘူဂျော့က "စစ်သွေးကြွတွေက ရွာထဲကို ၀င်တိုက်ဖို့ ကြိုးပမ်းခဲ့ကြတာကို ကျွန်တော် တို့ ဟန့်တားနိုင်ခဲ့ပါတယ်။ နောက်နှစ်ပတ်အကြာမှာ ထပ်ပြီး ၀င်ဖို့ကြိုးစားတာကို ကျွန်တော်တို့ ပြန်ပြီးတိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အလုပ်တွေလည်း ပျက်နေပါပြီ။ ကိုယ့်မိသားစုတွေ အန္တရာယ်ရှိနေတဲ့ အချိန်မှာ အလုပ်လည်း မလုပ်နိုင်တော့ပါဘူး" ဟု ပြောကြားခဲ့သည်။

ဂျာဟတ်အယ်လ်နူဆရာ စစ်သွေးကြွများက ရွာကို ၀င်ရောက်တိုက်ခိုက်ခိုက်ကာ ဆီးရီးယားနိုင်ငံ အတွင်းမှ ခရစ်ယာန်ဘာသာ ၀င်များနေထိုင်သည့် မာလူလာမြို့ကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ၀င်ရောက်ဖျက်ဆီးပြီးနောက် ဘီကာတောင်ကြားရွာကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အဆိုပါ စစ်သွေးကြွများနှင့် လက်ဘနွန် စစ်တပ်တို့အကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များအတွင်း လက်ဘနွန် စစ်သားနှင့် ရဲ ၂၇ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

မိမိတို့က တိုက်ပွဲများကို စတင်ဆင်နွှဲရန် ရည်ရွယ်မထားသော်လည်း အိုက်အက်စ် စစ်သွေးကြွများ ဒေသအတွင်းရှိ ရွာများသို့ မ၀င်ရောက်နိုင်ရန် ကာကွယ်သွားမည်ဟု ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ ၀င် များက ပြောကြားသည်။ ၎င်းတို့အနေဖြင့် လက်ဘနွန်စစ်တပ်နှင့် လက်တွဲကာ ကာကွယ်မှုများကို လုပ် ဆောင်သွားပြီဖြစ်ပြီး ရန်သူများ ၀င်ရောက်နိုင်ဖွယ်ရှိသည့် နေရာများတွင် ကင်းစခန်းများကို ဆောက် လုပ်ထားကြောင်း သိရသည်။

Ref: AFP
Mizzima - News in Burmese 

ဆီးရီးယား နယ်စပ်အနီး လုံခြုံရေး ဆောင်ရွက်နေသည့် လက်ဘနွန် စစ်သားများ
ဆီးရီးယား နယ်စပ်အနီး လုံခြုံရေး ဆောင်ရွက်နေသည့် လက်ဘနွန် စစ်သားများ။
ဆီးရီးယားနယ်စပ်အနီး လက်ဘနွန်နိုင်ငံအတွင်းရှိ ဘီကာတောင်ကြားရွာတွင် စစ်သွေးကြွများ၏ရန်ကို ကာကွယ်ရန် ရွာသားများက လက်နက်စွဲကိုင်ကာ ကာကွယ်ရေးတပ်များဖွဲ့စည်းထားကြကြောင်းသိရသည်။

ကရင်လူမျိုးများ နိုင်ငံအတွင်း အခြေချခဲ့သည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဟုဆို

မြန်မာနိုင်ငံအတွင်း ကရင်လူမျိုးများရောက်ရှိ အခြေချသည်မှာ နှစ်ပေါင်း ၂၇၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင် ဘာ ၂၁ ရက်က ပြုလုပ်သော ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဟောပြောပွဲအခမ်းအနား၌ ရန်ကုန်တိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖဒိုစောထွန်းအောင်မြင့်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ အပါအ၀င် မြေနေရာအချို့ကို ပုဂ္ဂလိကသို့ ရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များ ဝေဖန်

Photo: ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ အပါအ၀င် မြေနေရာအချို့ကို ပုဂ္ဂလိကသို့ ရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များ ဝေဖန်
Monday, December 22, 2014

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ အပါအဝင် မြေနေရာအချို့ကို အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များက ဒီဇင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန မြန်မာနိုင်ငံ ဗိသုကာအသင်း ရုံးခန်းတွင် ပြုလုပ်သည့် Save Yangon Forum တွင် ဝေဖန်ခဲ့ကြသည်။

ယခင် သိမ်ဖြူကွင်းအား ပုဂ္ဂလိက လုပ်ငန်းရှင်များအား လွှဲပြောင်းခဲ့ခြင်း၊ တောင်ဥက္ကလာမြို့နယ်ရှိ ရတနာနှင့် မြသီတာ ပန်းခြံများအား ဖျက်သိမ်း၍ ကားပါကင်ဆောက်လုပ်မှု၊ မြကျွန်းသာကဲ့သို့ နေရာမျိုးအား ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်း စသည်တို့အပေါ် ၎င်းတို့က ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

“Public Land တွေကို စနစ်တကျသုံးတာမျိုး မလုပ်ဘဲ ဈေးဝယ်စင်တာတွေဆောက်ဖို့ လုပ်တယ်။ တောင်ဥက္ကလာပ မြို့နယ်ထဲက မြသီတာနဲ့ ရတနာ ပန်းခြံနှစ်ခုကို ခွပြီး ကားပါကင်ဆောက်တယ်။ အဲဒီနေရာမှာ ကားပါကင် အများကြီးလုပ်ဖို့ မလိုသေးပါဘူး။ Public Land ကို လွဲမှားစွာ အသုံးချတယ်။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို ကယ်တင်ဖို့ဆိုရင် အဲဒီ မြေအသုံးပြုမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ အငြိမ်းစား ဦးမြင့်မိုရ်ဆွေက ယင်းဖိုရမ်တွင် ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တွင် အများပြည်သူနှင့် သက်ဆိုင်သည့် Space နည်းပါးလာကြောင်း၊ ပြည်သူ့ရင်ပြင်အတွင်းရှိ တန်ဖိုးရှိသည့် Space ကိုလည်း ရှော့ပင်းစင်တာ ပေးဆောက်ခြင်းနှင့် Trader ဟိုတယ်အနီးရှိ ယခင်ဆူးလေပိုစတာ ပန်းခြံတွင်လည်း အဆောက်အအုံ ဆောက်လုပ်ခွင့် ပေးလိုက်ခြင်းများမှာ မဖြစ်သင့်ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ပြောကြားသည်။

“ရန်ကုန်သူ ရန်ကုန်သားတွေပိုင်တဲ့ Green Area တွေ အခု ကျွန်တော်တို့နဲ့ မသက်ဆိုင်တော့ဘူးလား။ ပိုက်ဆံရှိမှ အဲဒီနေရာကို သွားရမှာလား။ မြကျွန်းသာ ပုဂ္ဂလိကကို ရောင်းစားလိုက်တယ်။ သိမ်ဖြူကွင်းလည်း ပုဂ္ဂလိကလက်ထဲ ရောက်သွားပြီ။ ကျွန်တော်တို့ ရန်ကုန်သူ ရန်ကုန်သားတွေ အလုပ်တွေချည်းပဲ နေ့တိုင်းလုပ်တယ် ဆိုပေမယ့် Open Space၊ Green Area တွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ အခု ကျွန်တော်တို့ တန်ဖိုးထားတဲ့ အဲဒီနေရာတွေ ပျောက်ကုန်ပါပြီ။ ဒါကို ကျွန်တော်တို့ ဘယ်လိုပြန်တင်မလဲ စဉ်းစားရပါမယ်” ဟု ၎င်းက ဆွေးနွေးခဲ့သည်။

အလားတူ ရန်ကုန်မြစ်ကမ်းတစ်လျှောက် အပန်းဖြေ နေရာများမှာလည်း အများပြည်သူနှင့် မသက်ဆိုင်ဘဲ ဝန်ကြီးဌာန တစ်ခုက စီမံခန့်ခွဲနေကြောင်း၊ အဆိုပါ မြစ်ကမ်းမှာ အများပြည်သူအတွက် ဖြစ်သင့်ပြီး အဆိုပါ နေရာများကို ပိတ်ဆို့ထားခြင်းမှာလည်း မဖြစ်သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ဆွေးနွေးခဲ့သည်။

ထို့ပြင် တာမွေမြို့နယ်ရှိ ယခင်ပွဲလမ်းသဘင်များ ကျင်းပခဲ့သည့် ရာပြည့်ကွင်းကိုလည်း ပုဂ္ဂလိကနှင့် အကျိုးတူ အဆောက်အအုံ ဆောက်လုပ်ခဲ့ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဩဂုတ်အတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

Eleven Media Group 

ရန်ကုန်မြို့လယ်ကောင်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်အပန်းဖြေနေသူ များအား ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့လယ်ကောင်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်အပန်းဖြေနေသူများအား ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများအပါအဝင် မြေနေရာအချို့ကို အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များက ဒီဇင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန မြန်မာနိုင်ငံ ဗိသုကာအသင်း ရုံးခန်းတွင် ပြုလုပ်သည့် Save Yangon Forum တွင် ဝေဖန်ခဲ့ကြသည်။

ထွက်ပြေးနေသာ သံဃာတစ်ပါးကို ၀ိုင်းဖမ်းပေးရန် ထိုင်းအာဏာပိုင်များက အခြားနိုင်ငံများသို့ အကူအညီတောင်း

Photo: ထွက်ပြေးနေသာ သံဃာတစ်ပါးကို ၀ိုင်းဖမ်းပေးရန် ထိုင်းအာဏာပိုင်များက အခြားနိုင်ငံများသို့ အကူအညီတောင်း
Monday, December 22, 2014

ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းတော်ကြီး ၀ီရာပိုအား ရှာဖွေဖမ်းဆီးရေးတွင် ပြည်ပနိုင်ငံများက အကူ အညီပေးရန် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ပနိုင်ငံများအား အကူအညီ တောင်းခံလိုက်ကြောင်း သိရသည်။

လူအမည် ၀ီရာပိုဆက်ဖော်ဟု ပြောင်းလဲယူထားသည့် ဘုန်းကြီးလူထွက် လွမ်ပူနန်ခမ်းသည် လိမ်လည်မှု၊ မတော်တတရား ပြုကျင့်မှုတို့ဖြင့် တရားစွဲဆိုမှု များကို ရှောင်ရှားနိုင်ရန် ယခုအခါ အမေရိကန်တွင် ပုန်းအောင်းနေသည်ဟု ထိုင်းအာဏာပိုင်များက ယူဆထားသည်။

ထိုင်း အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့၏ အမျိုးသား လုံခြုံရေးဗျူရို အကြီးအကဲ ရဲမှူးကြီး ဖွန်အင်း အင်တရာခေါင်က ရဲအရာရှိများ က နိုင်ငံ အများအပြားမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် ကာ ၀ီရာပိုအား ရှာဖွေ ဖမ်းဆီးနိုင်ရေး အတွက် လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံသို့ အမြန်ဆုံးပြန်လည် ခေါ်ယူကာ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်ကြောင်း ပြောကြားသည်။

အသက် ၃၅ နှစ်အရွယ် ၀ီရာပိုသည် ဇိမ်ခံ လူ့အသုံးအဆောင် ပစ္စည်းများ အသုံးပြုနေကြောင်း ယမန်နှစ်အတွင်း က ဖော်ထုတ် တွေ့ရှိ ပြီးနောက် ၎င်းအား ထိုင်းသံဃာ့အဖွဲ့အစည်းက ရဟန်းအ ဖြစ် အသိအမှတ်ပြုခြင်းကို ရပ်ဆိုင်းလိုက်သည်။ ၀ီရာပိုမှာ ယခင်ကလည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားသည့် ဓာတ်ပုံကို အွန်လိုင်းပေါ်တွင် တင်ခဲ့သောကြောင့် ကိုယ်ပိုင်လေယာဉ် ရှိသည့် ဘုန်းကြီးဟု အွန်လိုင်း အသုံးပြုသူများ အကြား ရေပန်းစားခဲ့သေးသည်။ ထို့ပြင် အမျိုးသမီး တစ်ဦးနှင့် အိပ်စက်နေသည့် ဓာတ်ပုံမှာလည်း အွန်လိုင်းပေါ် ရောက်ရှိ လာခဲ့သည်။

သို့သော် ၀ီရာပိုသည် အ၀ါရောင်သင်္ကန်းကို ၀တ်ဆင်ကာ ပန်းများ ၀န်းရံထားသည့် စားပွဲခုံတစ်လုံးတွင် ထိုင်နေသည့်ပုံသည် ပြီးခဲ့သည့် လအတွင်းက အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ ၀ီရာပို၏ ၀က်ဘ်ဆိုက်တွင်လည်း ၎င်း၏ နိုင်ငံကူးလက်မှတ်အား ထိုင်းအစိုးရက ဖျက်သိမ်း လိုက်သော် လည်း ယခုအခါ အမေရိကန်တွင် နေထိုင်ကြောင်း ရေးသားဖော်ပြထားသည်။

ယမန်နှစ်အတွင်းက ၀ီရာပိုသည် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီးနောက် ပြင်သစ်တွင် ဒုက္ခသည်အဖြစ် ခံယူပြီး အမေရိကန်သို့ ရောက်ရှိ သွားခြင်းဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post
Mizzima - News in Burmese  

မိန်းမတစ်ဦးနှင့် အိပ်စက်နေသည်မှာ ဦးဇင်းဝီရာပို ဖြစ်ကြောင်း တိုက်ဆိုင် စစ်ဆေးထားပုံ။ ဓာတ်ပုံ - Bangkok Post
မိန်းမတစ်ဦးနှင့် အိပ်စက်နေသည်မှာ ဦးဇင်းဝီရာပို ဖြစ်ကြောင်း တိုက်ဆိုင် စစ်ဆေးထားပုံ။ ဓာတ်ပုံ - Bangkok Post
ထွက်ပြေးတိမ်းရှောင်နေသည့် ဘုန်းတော်ကြီး ၀ီရာပိုအား ရှာဖွေဖမ်းဆီးရေးတွင် ပြည်ပနိုင်ငံများက အကူ အညီပေးရန် ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်ပနိုင်ငံများအား အကူအညီ တောင်းခံ လိုက်ကြောင်း သိရသည်။

ဆူနာမီ ဆယ်နှစ်ပြည့် အောက်မေ့ဘွယ်

Photo: ဆူနာမီ ဆယ်နှစ်ပြည့် အောက်မေ့ဘွယ်
Monday, December 22, 2014

လူပေါင်းနှစ်သိန်းကျော်သေဆုံးခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်း သဘာဝဘေးအန္တာရာယ်ဆိုးကြီးပေါ်ပေါက်ခဲ့တာ (၁၀) နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ဆူနာမီအဆိုးရွားဆုံးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သေဆုံးခဲ့ကြပြီး အခုချိန်ထိ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေဟာ မေ့ပျောက်လို့မရနိုင်ကြဆဲပဲရှိပါသေးတယ်။ AFP သတင်း တပုဒ်ကို အခြေခံပြီးမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် ထိုင်းအနောက်တောင်ပိုင်းမှာ သေဆုံးခဲ့တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှအတိအကျမပြောနိုင်ကြပါဘူး။ သတင်းမီဒီယာ အများစုကလည်း သူတို့တွေနဲ့ပတ်သက်လို့ ဂရုစိုက် ဖေါ်ပြတာမျိုးမရှိခဲ့ပါဘူး။

အဲဒီအချိန်က အသက် (၃၀) အရွယ်ပဲရှိတဲ့ မိဌေးရဲ့ ရှစ်ရက်သားအရွယ်သားငယ်နဲ့ သားသမီးနှစ်ယောက်အပါအ၀င် သူ့မိခင်နဲ့ တူတယောက်လည်း သေဆုံးခဲ့တာပါ။ တနှစ်အကြာမှာ ဖန်ငါးခရိုင် ဘန်နန်ခမ်း ကမ်းရိုးတန်းရွာကလေးကို ပြန်လာပြီး ငါးဖမ်းလုပ်ငန်းမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ဆူနာမီလှိုင်းကြီးဟာ သူရင်ခွင်မှာပိုက်ထားတဲ့ ရက်သားအရွယ်သားငယ်ကို ဆွဲယူသွားခဲ့တဲ့ဖြစ်ရပ်ဆိုးကို မမေ့နိုင်ဘဲ အခြားကလေးငယ်တွေကိုမြင်တိုင်း သတိရနေမိတယ်လို့ မိဌေးက ပြောပါတယ်။

“အလုပ်လုပ်တဲ့အချိန်တွေမှာဆို မေ့ပျောက်ရမှာပေါ့နော်၊ သူများကလေးတွေ စားလို့ သွားလို့မြင်ရင် မိသားစုလေးသွားလို့မြင်တယ်ဆိုရင် ဝမ်းနည်းတယ်။ ဘယ်သူမှလည်းမရှိရင် ဒီလိုပဲ နေရမှာပေါ့နော်၊ မိသားစုစုံစုံလင်လင်- ကိုယ်က တကွဲတပြားနေရတော့ သတိရတယ်။ တရက်မှ မေ့လို့မရဘူး။”

ဆူနာမီလှိုင်းဒဏ်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၀၀၀) ကျော်သေဆုံးခဲ့တယ်လို့ အများက ခန့်မှန်းခဲ့ကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ စပြီးဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက် အတော်များခဲ့တဲ့ သဘာဝဘေးအန္တာရာယ်ကြီး ဖြစ်ခဲ့ပါတယ်။ ဆူနာမီဖြစ်ပြီးနောက် အလောင်းတွေထဲက DNA စမ်းသပ်ချက်အရ အရေအတွက် (၃,၀၀၀) ထောင်ကျော်ကို ပိုင်ရှင်တွေ လက်ထဲ ပြန်ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ မိဌေးရဲ့ပျောက်နေတဲ့ ကလေးသုံးယောက်မပါဝင်ခဲ့ပါဘူး။

“အခုထိ အလောင်းမတွေ့ဘူးဆိုတော့ တကယ်ပဲ သူများတွေဆီပဲ ရောက်နေပလား၊ စုံစမ်းတဲ့သဘောပေါ့နော်၊ တနေ့ကျရင် ပေါ်လာအုံးမလား။ အဲလိုပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်ကလေးတွေရှိတယ်ဆိုတော့ အော်…ကိုယ့်ကလေးတွေပဲ ပါနေမလား၊ စိတ်ထဲမှာ အဲလိုဖြစ်နေတယ်။ တကယ်ပဲ သွားလို့မရဲဘူး၊ ဒီနေရာမှာ…”

ဘန်နန်ခမ်းရွာရဲ့လူဦးရေ (၅,၀၀၀) ထောင်လောက်မှာ တ၀က်လောက်ဟာ ဆူနာမီလှိုင်းဒဏ်သင့်ပြီးသေဆုံးခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲဒီရွာမှာ မိဌေးလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တနေ့ကို (၁၀) ဒေါ်လာနှုန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်နေကြတာပါ။

၂၀၀၄ ဒီဇင်ဘာလမှာ ဆူနာမီလှိုင်းရိုက်ခတ်ပြီးနောက် မြန်မာအလုပ်သမား (၂,၅၀၀) ထောင်ကျော်ကို မြန်မာနိုင်ငံကို ပြန်ပြီးပို့ခဲ့တဲ့ ထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်ကြောင့် သေသွားတဲ့မိသားစုဝင်အလောင်းတွေကို ပြန်ယူဖို့အခက်အခဲတွေဖြစ်ခဲ့တယ်လို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်က ပြောပါတယ်။

“ပြန်ပို့ခံရတဲ့အလုပ်သမားအများစုရဲ့ ဆွေမျိုးသားချင်းတွေဟာ ဒီဆူနာမီလှိုင်းကြောင့် သေသွားကြတာပါ။ ဒါပေမဲ့ ဒီအလောင်းတွေပြန်ရဖို့အတွက် သူတို့ဟာ ထိုင်းကို ပြန်မလာချင်ကြပါဘူး။”

ဖန်ငါးခရိုင်တခုထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁,၀၀၀) ထောင်ကျော်လောက်သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြောင်း ဦးထူးချစ်က ပြောပါတယ်။ ဒါပေမဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ဆူနာမီဒဏ်ခံရတဲ့ ထိုင်းနိုင်ငံက ခရိုင်ခြောက်ခုမှာ မြန်မာ အလုပ်သမား နှစ်ထောင်လောက်သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီရွာနဲ့မနီးမဝေးက Bang Muang သင်္ချိုင်းမှာတော့ ပိုင်ရှင်မဲ့အလောင်း (၄၀၀) နီးပါးမြှုပ်နှံထားပါတယ်။ DNA စစ်ဆေးလို့ မရသေးတဲ့ အတွက် အများစုဟာ မြန်မာတွေဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးပြောဆိုနေကြတာလည်း ရှိပါတယ်ရှင်။

VOA 

၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဆူနာမီလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ ရတဲ့ ထိုင်းနိုင်ငံအတွင်းက မြင်ကွင်းတခု
၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဆူနာမီလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ ရတဲ့ ထိုင်းနိုင်ငံအတွင်းက မြင်ကွင်းတခု
လူပေါင်းနှစ်သိန်းကျော်သေဆုံးခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်း သဘာဝဘေးအန္တာရာယ်ဆိုးကြီး ပေါ် ပေါက်ခဲ့တာ (၁၀)နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ဆူနာမီအဆိုးရွားဆုံးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ အနောက် တောင်ပိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သေဆုံးခဲ့ကြပြီး အခုချိန်ထိ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေဟာ မေ့ပျောက်လို့မရနိုင်ကြဆဲပဲရှိပါသေးတယ်။ AFP သတင်းတပုဒ်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကရင်နှစ်သစ်ကူးနေ့ မြန်မာနိုင်ငံအနှံ့ ကျင်းပ

Photo: ကရင်နှစ်သစ်ကူးနေ့ မြန်မာနိုင်ငံအနှံ့ ကျင်းပ
Monday, December 22, 2014

ဒီကနေ့ ပြာသိုလဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၂၇၅၄-နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်းက ကရင်လူထုတွေအပါအဝင် နဲ့ နိုင်ငံတကာရောက် ကရင်ပြည်သူလူထုတွေကပါ ကျင်းပကြပါတယ်။ ကရင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး ကရင်ပြည်သူလူထုဘဝမြင့်မားရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းစေဖို့ကိုလည်း ကရင်ပြည်သူတွေက ဆုတောင်းကြပါတယ်။ ကရင်ရိုးရာယဉ်ကျေးမှု အလှအကပြိုင်ပွဲတွေနဲ့ ထုံးတမ်းစဉ်လာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ၂၀၁၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်နဲ့ပတ်သက်လို့ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြီးတင်ပြပေးထားပါတယ်။

ဒီနေ့ မှာ ကျရောက်တဲ့၂၀၁၄ ခုနှစ် တနင်္ဂနွေနေ့ ပြာသိုလဆန်းတစ်ရက်နေ့ဟာ ကရင်နှစ် ၂၇၅၃ ခုနှစ် ကုန်ဆုံးလို့ ၂၇၅၄ နှစ်နှစ်ကူးပြောင်းတဲ့ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနားတွေကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီးအသီးသီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ဒေသအသီးသီးမှာ ကရင်လူထုတွေ ကရင်နှစ်သစ်ကူးပွဲတော် ဆင်ယင်ကျင်းပကြတာတွေနဲ့ပတ်သက်လို့ ကရင်ပြည်သူ့ပါတီ-ဒုဥက္ကဋ္ဌ ဦးစောဆေးဝါးက အခုလိုရှင်းပြပါတယ်။

“တိုင်းနဲ့ပြည်နယ်တွေမှာကျတော့ ပဲခူးမှာ တိုင်းအဆင့်လုပ်တယ်။ နောက်တခါ ဧရာဝတီတိုင်းမှာကျ ပုသိမ်မှာစုပြီးတော့လုပ်ကြတယ်။ လေးနေရာရှိတယ်-ရန်ကုန်မှာ။ အာလိန်ငါးဆင့်မှာ တနေရာလုပ်တယ်။ နောက်တခါ အလုံမြို့နယ်မှာလုပ်တယ်။ နောက်တခါ မြောက်ဥက္ကလာပမှာလုပ်တယ်။ တိုင်းရင်းသားရွာပေါ့နော်- သာကေတမှာလုပ်ကြပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်း လုပ်ကြပါတယ်။ အကြီးအကျယ်လုပ်ကြတဲ့သဘော ရှိပါတယ်။”

ကရင်ရုံးရာယဉ်ကျေးမှု ရုံးရာအစဉ်အလာတွေနဲ့အညီ ကျင်းပကြပြီး ကရင်လူထုရဲ့ နှစ်သစ်ကူးမင်္ဂလာဆုမွန်တောင်းကြပုံကိုလည်း ဦးစောဆေးဝါးက ပြောပြပါတယ်။

“နှစ်ဟောင်းကိုထားခဲ့ပြီး နှစ်သစ်ကိုကူးတယ်ဆိုတော့ မကောင်းတဲ့ဥစ္စာတွေအကုန်ထားခဲ့၊ နောက်တခါ လာမယ့်နှစ်အတွက် ရည်ရွယ်ချက်လေးတွေ၊ နောက်တခါ Resolution ပေါ့နော်- ဆုံးဖြတ်ချက်အသစ်လေးတွေနဲ့ အားမာန်အပြည့်နဲ့ လုပ်ဖို့ပြုဖို့ဆိုပြီးတော့ ဆွေးနွေးကြတယ်၊ တိုင်ပင်ကြတယ်။ ပျော်ပျော်ရွှင်ရွှင် ကျင်းပကြတာပေါ့။ ပြီးတော့ နှစ်သစ်ကူးလာပြီဆိုတော့ အားလုံး ကိုယ်၏ကျမ်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့အတူ အမျိုး၊ ဘာသာ၊ သာသနာအတွက် လုပ်ဆောင်နိုင်ဖို့ရယ်၊ အဓိက-က တိုင်းပြည်အတွက် အဓိကလိုအပ်တဲ့ ငြိမ်းချမ်းသာယာမှုအမွေလုပ်နိုင်ဖို့အတွက် ဆုတောင်းမေတ္တာ ပို့ချင်တယ်။”

မဟာရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆေးဝင်္ကဘာကျောင်း၊ အာလိန်ငါးဆင့်ဘုရားမှာ ကျင်းပပြီး ဒီပွဲတော်ကို တက်ရောက်ခဲ့တဲ့ ကရင်သတင်းစဉ် တာဝန်ခံအယ်ဒီတာ နန်းဖော်ဂေကလည်း ကရင်ပြည်သူတွေရဲ့ ရုံးရာအစဉ်အလာနဲ့အညီ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတော်အကြောင်း အခုလိုပြောပြပါတယ်။

“ဒီနေ့က ၂၇၅၃ ကနေ ၂၇၅၄ နှစ်သစ်ကိုကူးတာပေါ့နော်၊ ဒီတော့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ရှိတဲ့ မြို့ရွာ၊ ကျေးရွာတွေအကုန်လုံးကနေပြီးတော့ နှစ်သစ်ကိုကူးတဲ့အခမ်းအနားတွေ၊ နောက်ပြီးတော့ ကောက်သစ်စားပွဲတွေ၊ အဲဒါမျိုးတွေ ကျင်းပတာရှိတယ်။ ဒါကတော့ ကရင်ရိုးရာ ထုံးတမ်းစဉ်လာအရဆိုလို့ရှိရင် ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ၊ တချို့ဒေသတွေမှာ --- နဲ့ပတ်သက်တာတွေ၊ နောက်ပြီးတော့ အားကစားပေါ့နော်။ အားကစားဆိုလို့ရှိရင် အထူးသဖြင့် လက်ဝှေ့ပြိုင်ပွဲတွေ ကျင်းပတာရှိတယ်။”

ကရင်နှစ်ကူးမှာ ကရင်လူထုတွေ လိုလားတဲ့ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ပါစေလို့လည်း နန်းဖော်ဂေက ဆုမွန်တောင်းပါတယ်။

“ကရင်ပြည်သူတစ်ဦးအနေနဲ့ပေါ့နော်- ဆုတောင်းချင်တာက ကရင်လူထုတွေထဲ ကရင်ဒေသတွေထဲမှာ မငြိမ်းချမ်းတဲ့၊ မအေးချမ်းတဲ့ ဒုက္ခသုက္ခတွေကို အများကြီးခံခဲ့ရတာမို့လို့ သူတို့တွေကနေပြီးတော့ နှစ်သစ်ကနေပြီးတော့ လာမယ့်နှစ်ပေါင်းများစွာအထိ ငြိမ်းချမ်းတဲ့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး အပြည့်အဝရရှိပြီးတော့ အေးအေးချမ်းချမ်းနေထိုင်ပြီးတော့ သာယာဝပျောတဲ့ဒီမိုကရေစီတခု ဖြစ်စေဖို့အတွက်ကိုတော့ ဆုတောင်းချင်တယ်။”

ထိုင်း-မြန်မာနယ်စပ်နဲ့ ကရင်ပြည်နယ်တွင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်တွေကို ရုံးရာအစဉ်အလာမပျက်ဆင်ယင်ကျင်းပကြပုံတွေကိုလည်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကိုစောအယ်လဲဘတ်က ပြောပြပါတယ်။

“ကရင်လူထု၊ ဒုတိယနိုင်ငံမှာ ထိုင်းနိုင်ငံမှာရှိတဲ့ ကရင်လူထုတွေရော၊ ပြည်တွင်းမှာရှိတဲ့ကရင်လူထုရော၊ နောက်ပြီး တတိယနိုင်ငံတွေမှာရောက်နေတဲ့ ကရင်လူထုရော အားလုံး ဒီကရင်နှစ်သစ်ကူးကိုတော့ ကျင်းပကြပါတယ်။ အဓိကတူညီတဲ့အရာတခုကတော့ ကျနော်တို့ ကရင်အလံတော်ကို ဒီမနက် ဝေလီဝေလင်းမှာ အလံတိုင်ထိပ်အထိ ဆွဲတင်တယ်။ နောက်ပြီးတော့ ကရင်အမျိုးသား အလံတော်သီချင်းကိုဆိုတယ်။ အလေးပြုတယ်၊ ပြီးရင် နှစ်သစ်ကူးမှာကျတော့ စားတာ သောက်တာဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့ကရင်ဟင်းပေါ့နော်- တာလပေါ့ အဲဒါတွေ ချက်တာများတယ်။”

နိုင်ငံတကာရောက်ကရင်လူမျိုးတွေနဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းက ကရင်ပြည်သူလူထု ဘဝငြိမ်းချမ်းစေဖို့ ကရင်ပြည်သူတွေရဲ့ ဆန္ဒပြည့်ပါစေကြောင်းလည်း ကိုစောအယ်လဲဘတ်က ဆန္ဒပြုပါတယ်တဲ့။

ကရင်နှစ်သစ်ကူးပွဲတော်မှာ ရုံးရာဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ကရင်လူမျိုးတွေရဲ့ ကရင်ရုံးရာ ဒုံးယိမ်းအကပြိုင်ပွဲတွေ၊ လက်ဝှေ့ပြိုင်ပွဲစတဲ့ အားကစားပြိုင်ပွဲအပါအဝင် ကရင်စာပေယဉ်ကျေးမှု ဟောပြောပွဲနဲ့ တေးဂီတ သီချင်းဖျော်ဖြေပွဲတွေ နဲ့ အတူ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင့်ရုံးရာ အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပါတယ်။

VOA

ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ ကရင်ဒုံးယိမ်းအက (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)
ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ ကရင်ဒုံးယိမ်းအက (ဒီဇင်ဘာ ၂၁၊ ၂၀၁၄)
ဒီကနေ့ ပြာသိုလဆန်းတစ်ရက်နေ့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ၂၇၅၄-နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားတွေကို မြန်မာနိုင်ငံတဝှမ်းက ကရင်လူထုတွေအပါအဝင် နဲ့ နိုင်ငံတကာရောက် ကရင်ပြည်သူလူထုတွေကပါ ကျင်းပကြပါတယ်။ ကရင်ဒေသဖွံ့ဖြိုးတိုးတက်ပြီး ကရင်ပြည်သူလူထုဘဝမြင့်မားရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းစေဖို့ကိုလည်း ကရင်ပြည်သူတွေက ဆုတောင်းကြပါတယ်။ ကရင်ရိုးရာယဉ်ကျေးမှု အလှအကပြိုင်ပွဲတွေနဲ့ ထုံးတမ်းစဉ်လာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပနေတဲ့ ၂၀၁၄ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်နဲ့ ပတ်သက် လို့ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြီးတင်ပြပေး ထား ပါတယ်။

ဂွာတာနာမိုအကျဉ်းထောင်ရှိ အာဖဂန် ၄ ဦး လွှတ်

Photo: ဂွာတာနာမိုအကျဉ်းထောင်ရှိ အာဖဂန် ၄ ဦး လွှတ်
Monday, December 22, 2014

ကျူးဘားနိုင်ငံ၊ Guanatanamo Bay စစ်အကျဉ်းထောင်ထဲမှာ အမေရိကန် နိုင်ငံက ဖမ်းဆီးထားတဲ့အာဖဂန်နစ္စတန်အကျဉ်းသား ၄ ယောက်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ နောက်ကြောင်းအချက်အလက် ရှင်းလင်းတဲ့ သူတွေကို ပြန်လွှတ်ပေးလိုက်တာဟာ အာဖဂန်နစ္စတန်အစိုးရရဲ့ သမ္မတအသစ် Ashraf Ghani ကို ယုံကြည်မှုရှိတယ်ဆိုတဲ့ အကြောင်း သက်သေပြတဲ့ အနေနဲ့လည်းဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခုပြန်လွှတ်လိုက်တဲ့အကျဉ်းသားတွေကို လူသားချင်းထောက်ထားမှု ရစေဖို့ သာမက သူတို့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်မယ့်အန္တရာယ်တွေကို အာဖဂန် နစ္စတန် အစိုးရက ကိုင်တွယ် နှိမ်နင်းနိုင်တယ်ဆိုတာကို အပြည့်အ၀ယုံကြည်မှု ရှိတယ်လို့ အာဖဂန်နစ္စတန်၊ ကာဘူးမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလပိုင်းမှာ Uruguay နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချနိုင်အောင် ပြန် လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၆ ယောက်အပါအ၀င် ဒီနှစ်ထဲမှာ အကျဉ်းသား တစ်ချို့ကို အမေရိကန်နိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ Barack Obama တာဝန်စယူခဲ့ချိန်က Guantanamo အကျဉ်းထောင်ထဲမှာ အကျဉ်းသား ၂၄၂ ယောက် ရှိခဲ့ပေမဲ့ ခုလက်ရှိအချိန်မှာ တော့ အကျဉ်းသား စုစုပေါင်း ၁၃၂ ယောက်ပဲ ကျန်ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ လူ ၃,၀၀၀ လောက် သေဆုံးခဲ့ရပြီး ၄ လအကြာ ၂၀၀၂ ခုနှစ် ဇန္န၀ါရီလကစပြီး ဒီ Guantanamo အကျဉ်းထောင်ကို ဖွင့်လှစ်ခဲ့ပြီး ဒီအကျဉ်း ထောင် ကို ကြမ်းတမ်းတဲ့ စုံစမ်းစစ်ဆေးရေး နည်းစနစ်တွေနဲ့အတူ တရား ရုံးတင် စစ်ဆေးမှုမလုပ်ဘဲ အကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့ အချက်တွေ ကြောင့် လူ့အခွင့်အရေးဆောင်ရွက်နေသူတွေကလည်း ရှုတ်ချဝေဖန်မှုတွေ ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ကျူးဘားနိုင်ငံ၊ Guanatanamo Bay စစ်အကျဉ်းထောင်ထဲမှာ အမေရိကန် နိုင်ငံက ဖမ်းဆီးထားတဲ့ အာဖဂန်နစ္စတန်အကျဉ်းသား ၄ ယောက်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ နောက်ကြောင်းအချက်အလက် ရှင်းလင်းတဲ့ သူတွေကို ပြန်လွှတ်ပေးလိုက်တာဟာ အာဖဂန်နစ္စတန်အစိုးရရဲ့ သမ္မတအသစ် Ashraf Ghani ကို ယုံကြည်မှုရှိတယ်ဆိုတဲ့ အကြောင်း သက်သေပြတဲ့ အနေနဲ့လည်းဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူ တွေက ပြောဆိုပါတယ်။

အကြမ်းဖက်မှုအားပေးနိုင်ငံစာရင်း မြောက်ကိုရီးယားထည့်ဖို့ ကန် စဉ်းစား

Photo: အကြမ်းဖက်မှုအားပေးနိုင်ငံစာရင်း မြောက်ကိုရီးယားထည့်ဖို့ ကန် စဉ်းစား
Monday, December 22, 2014

ဆိုနီရုပ်ရှင်ထုတ်လုပ်ရေး အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှု နောက်ဆက်တွဲ အဖြစ်နဲ့ မြောက်ကိုးရီးယားအစိုးရကိုအကြမ်းဖက်မှု အားပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်ထည့်သွင်းရမလားဆိုတာကို အမေရိကန်တို့ သုံးသပ်နေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဆိုနီရုပ်ရှင် ထုတ်လုပ်ရေး အင်တာနက်ဆိုက်ဘာ တိုက်ခိုက်မှုဟာ ကွန်မြူနစ် မြောက်ကိုးရီးယားရဲ့လက်ချက်လို့ အမေရိကန်အရာရှိတို့က စွပ်စွဲ ပြောဆိုနေ တာပါ။ အင်တာနက်ဆိုက်ဘာ ချိုးဖောက်မှုဟာ စစ်ပွဲသဘောမဟုတ်ပေမယ့် ထိခိုက်မှုကြီးတယ်လို့ ယူဆလို့ရတဲ့အကြောင်း CNN ရုပ်သံရဲ့ State of the Nation အစီအစဉ်မှာ သမ္မတ အိုဘားမားကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားတို့ကတော့ ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေး ကွန်ပျူတာ Network ကို ဖောက်ထွင်းဝင်ရောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အီးမေလ်းတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အင်တာနက်ပေါ်မှာတင်ခဲ့တာဟာ သူတို့ လက်ချက်မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ အခု အင်တာနက် ဖောက် ထွင်းသူ Hackers တွေကတော့ သူတို့ကိုယ်သူတို့ ငြိမ်းချမ်းရေးကို စောင့်ရှောက်သူများလို့ အမည်ပေးထားပြီး မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံဖို့ CIA တို့က သတင်းထောက်နှစ်ဦးကို ငှားရမ်းတဲ့ အကြောင်း ရိုက်ထားတဲ့ The Interview ရုပ်ရှင်ကားကို ကြည့်ရှုသူတွေဟာ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါစေမယ်လို့လည်း သတိပေးခဲ့တာပါ။ အခုတော့ ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးက ဒီလ ၂၅ ရက်နေ့ ရုံတင်ပြသမယ့် The Interview ရုပ်ရှင်ကားကို ရုံးတင်မယ့် အစီအစဉ်ကို ဖျက်သိမ်းထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ဆိုနီရုပ်ရှင်ထုတ်လုပ်ရေး အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှု နောက်ဆက်တွဲ အဖြစ်နဲ့ မြောက်ကိုးရီးယား အစိုးရကိုအကြမ်းဖက်မှု အားပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်ထည့်သွင်းရမလားဆိုတာကို အမေရိကန်တို့ သုံးသပ် နေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။