Sunday 17 February 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

2.17.7ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင်


မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး ခရိုင်၊ ပုသိမ်ကြီး မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ရွှေတစ်ချောင်းမြောင်း အနီးတွင် ယနေ့ နံနက် ၁၁နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ၁၂ ပွဲ ဈေးသည်များ နေထိုင်သည့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည် နံကပ်အိမ် ၁၇အိမ် မီးလောင်ကျွမ်းခဲ့ ပြီး လူအသေအပျောက် မရှိကြောင်း အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က The Voice Weekly သို့ ပြောကြားသည်။

အာရှပစိဖိတ်တွင် အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်


အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှပစိဖိတ်ဒေသတွင်း အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် Cobra Gold ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ပတ္တယားမြို့အနီး Sattahip ခရိုင်ရှိ ရေတပ်စခန်းတစ်ခု၌ အမေရိကန်နှင့် ထိုင်းမရိန်းတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပါဝင်သော ကုန်းရေနှစ်သွယ် လေ့ကျင့်မှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စတင် ပြုလုပ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကို ဟားခါးလူထု ဝမ်းပန်းတသာ ကြိုဆို

Photo: RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဟားခါးခရီးစဉ်ကို ဒေသခံများ ကြိုဆိုခဲ့ကြပုံ





နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ရဟတ်ယဉ်သုံးစီးနဲ့ ဒီနေ့ ညနေ ၃ နာရီမှာ ချင်းပြည်နယ်ရဲ့ မြို့တော်၊ ဟားခါး ကို ရောက်ရှိသွားကြပါတယ်။