Friday 19 December 2014

အင်ဂျင်နီယာ၊ ဆရာဝန်၊ ဥပဒေ၊ စိုက်ပျိုးရေး ဘွဲ့ရသူများထဲမှ မြို့တော်ဝန် အကြံပြုထောက်ခံသူလေးဦး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဖြစ်မည်

မန္တလေး မြို့တော်စည်ပင်သာ ယာရေးကော်မတီကို ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ မြို့တော်စည်ပင်သာယာရေးဥပဒေ ပြဋ္ဌာန်းခဲ့ရာ ကော်မတီတွင် မြို့တော်ဝန်၏ ထောက်ခံအကြံပြုချက်ဖြင့် အင်ဂျင်နီယာဘွဲ့ရပညာရှင်တစ်ဦး၊ ဆရာဝန်ဘွဲ့ရ ပညာရှင် တစ်ဦး၊ ဥပဒေဘွဲ့ရ ပညာရှင်တစ်ဦး၊ စိုက်ပျိုးရေး(သို့မဟုတ်) သစ်တော(သို့မဟုတ်) ပတ်ဝန်းကျင် ထိန်း သိမ်း ရေး ပညာရှင်တစ်ဦးတို့ ဖြင့် ရွေးချယ်ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။

ငွေကျပ် သန်းခြောက်ထောင် ကုန်ကျမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းစတင်

Photo: ငွေကျပ် သန်းခြောက်ထောင် ကုန်ကျမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းစတင်
Friday, December 19, 2014

ငွေကျပ်သန်းခြောက်ထောင် အကုန်ကျခံတည်ဆောက်သွားမည့် အင်းစိန် မီးရထားခုံးကျော် တံတားစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်တွင် ကျင်းပခဲ့သည်။

စီမံကိန်းပန္နက်ရိုက် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဌေးတို့ တက်ရောက်ခဲ့သည်။ ထိုစီမံကိန်းကို မီးရထားဝန်ကြီးဌာနနှင့် မြန်မာရွှေသရဖူ ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၅ မေလတွင် အပြီး တည်ဆောက်သွားမည်ဟု မီးရထား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မဇ္ဈိမကို ပြော သည်။

"တံတားတည်ဆောက်ဖို့ ဒီနှစ်ဇူလိုင်လကစပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ၊ စပြီးလုပ်လို့ရတာတွေ အကုန်လုံးကို လုပ်ခဲ့တယ်။ ကွန်ကရစ် တံတားဘောင်တွေကို မီးရထားကပဲ လုပ်ပါတယ်။ အားလုံးပေါင်း အချောင်းရေ ၁၄၀ လောက် လုပ်ရမယ့်နေရာမှာ ၇၀လောက် လုပ်ပြီးသွားပါပြီ။ အလားတူပဲ သံဘောင်တွေကိုတော့ အပြင်ကုမ္ပဏီတွေကို တင်ဒါပေးပြီးသွားပါပြီ။ အဲဒီသံဘောင်တွေလည်း တပ်ဆင်ရမယ့်အချိန်မှာ အချိန်ကိုက်ပြီးပါလိမ့်မယ်" ဟု ဦးသန်းဌေးက ပြောသည်။

အင်းစိန်ပန်းခြံလမ်း လေးခွဆုံနေရာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ထိုခုံးကျော်တံတား စီမံကိန်းကို မီးရထားဝန်ကြီးဌာနက
အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတံတားဟောင်းနှင့် ကပ်လျက်တွင် ပင်မနှစ်လမ်းသွား တံတားတစ်စင်းနှင့် လက်တက် တစ်လမ်းသွား တံတားတစ်စင်းတို့ကို အပြိုင် တည်ဆောက်သွားမည်ဖြစ်သည်။

ပင်မနှစ်လမ်းသွား ခုံးကျော်တံတားမှာ အင်းစိန်လမ်းသစ်လမ်းအတိုင်း အင်းစိန်ဈေးရှေ့မှ စော်ဘွားကြီးကုန်း၊ နံသာလမ်းထိပ် အထိ တောင်-မြောက် တည်ဆောက်သွားမည်ဖြစ်ပြီး အလျား ၁၅၅၇ပေ၊ အနံ ၃၄ပေ၊ အမြင့် ၁၉ပေ ၄ လက်မရှိမည် ဖြစ်သည်။

လက်တက်တစ်လမ်းသွားခုံးကျော်တံတားမှာ အင်းစိန်ဈေးရှေ့မှ ရန်ကုန်မြို့သို့ အတက်၊ မင်းကြီးလမ်းအတိုင်း "ပ" ပုံ တည်ဆောက်သွား မည်ဖြစ်ပြီး  အလျား ၆၀၃ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၉ပေ ၄ လက်မရှိမည် ဖြစ်သည်။

အင်းစိန်ရထားလမ်းခုံးကျော် နှစ်လမ်းတံတား အဟောင်းကို နဝတအစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၈၀၅ ပေ၊ အမြင့် ၁၅ ပေသာ ရှိသည်။

Mizzima - News in Burmese 

အင်းစိန် မီးရထားခုံးကျော် တံတားစီမံကိန်း လုပ်ငန်းခွင်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဇေယျာချမ်းအေး၊ မဇ္ဈိမ)
အင်းစိန်မီးရထားခုံးကျော် တံတားစီမံကိန်း လုပ်ငန်းခွင်ကိုတွေ့မြင်ရစဉ်။(ဓာတ်ပုံ -ဇေယျာချမ်းအေး၊ မဇ္ဈိမ) 
ငွေကျပ်သန်းခြောက်ထောင် အကုန်ကျခံတည်ဆောက်သွားမည့် အင်းစိန် မီးရထားခုံးကျော် တံတားစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်တွင် ကျင်းပ ခဲ့သည်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် သမ္မတထံစာတင်

Photo: တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဆောက်အဦ ပြန်ဆောက်ခွင့်ပေးရန် သမ္မတထံစာတင်
Friday, December 19, 2014 

ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အဦနေရာ တွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ဒီဇင်ဘာ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်၊ ဒု-သမ္မတနှစ်ဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံ ဆောက်လုပ်ခွင့်လျှောက်ထားစာ တင်လိုက်သည် ဟု ဒေါက်တာ အောင်ခင်ဆင့်က မဇ္ဈိမသို့ ပြောသည်။

"ဒီအဆောက်အဦပေါ်မှာ ကျောင်းသားတွေရဲ့ လုပ်ငန်းတွေပေါ်ပေါက်မယ်၊ ကျောင်းသားထုအတွက်လည်း ကောင်းမယ်၊ တကယ်လို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရမယ်ဆိုလည်း သွားလျှောက်ပါမယ်" ဟု ၎င်းက ပြောသည်။

သမဂ္ဂအဆောက်အဦသစ် ပြန်ဆောက်လုပ်ရန် အစိုးရကသာ ခွင့်ပြုချက်ပေးပါက ပညာရှင်များ၊ စေတနာရှင်များ၊ တက်ကျွမ်းသူများ ပါဝင်သည့် အဖွဲ့တစ်ခုကို အများသဘောဖြင့် ဖွဲ့စည်းသွားမည်ဟု ဒေါက်တာအောင်ခင်ဆင့်က ဆိုသည်။

၎င်းက ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ်ခွင့်ကို တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်တွင် ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းကလည်း တကိုယ်တော် ဆန္ဒပြခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်၊ ဇူလှိုင် ၈ ရက် နံနက်ပိုင်းက ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်း ခံခဲ့ရသော သမဂ္ဂအဆောက် အဦ နေရာတွင် ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

ကျောင်းသားသမဂ္ဂ အဆောက်အဦကို မူလည်နေရာတွင် ပေါ်ပေါက်လာရန် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားများက ဒီဇင်ဘာ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သေးသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တည်ထောင်သူ ကိုစည်သူမောင်ကလည်း "ဒီ အဆောက်အဦး ပြန်လည် တည်ဆောက်ရေးက ကျွန်တော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အမှတ်သင်္ကတ တစ်ခုလည်းဖြစ်တယ်၊ သမ္မတကြီး
ပြန်လည်ခွင့်ပြုပေးသင့်တယ်၊ ကျွန်တော်တို့ ဒီအဆောက်အဦး ပေါ်ထွန်းရေးကို တစ်ထောင့် တစ်နေရာကနေ ကျိုးပမ်းသွားမယ်။"ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်တက္ကသိုလ်အတွင်း ၁၉၂၀ ခုနှစ် မှ ၁၉၆၂ ခုနှစ်အထိ ကျောင်းသားသမဂ္ဂသည် ၁၉၆၂ ခုနှစ် ကျောင်းသား အရေးအခင်းတွင် သမဂ္ဂအဆောက်အအုံကြီး ဖြိုခွဲခံလိုက်ရခြင်းနှင့် ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းကို ဖိနှိပ်ဖြိုခွဲခံလိုက်ရသည့် နောက်ပိုင်းတွင် ကျောင်းသား လှုပ်ရှားမှုများ အစဉ်မပြတ်ရှိသော်လည်း ကျောင်းသားသမဂ္ဂကို တရားဝင် ရပ်တည်ဖွဲ့စည်းခွင့် မရခဲ့ပေ။

Mizzima - News in Burmese 

ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ရန်ကုန်တက္ကသလိုလ် အတွင်းရှိ အဓိပတိလမ်းပေါ်တွင် ပြုလုပ် နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ရန်ကုန် တက္ကသလိုလ် အတွင်းရှိ အဓိပတိလမ်းပေါ်တွင် ပြုလုပ် နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
ဦးနေဝင်း အစိုးရလက်ထက်က ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းခံခဲ့ရသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အဦနေရာ တွင် အဆောက်အဦသစ် ဆောက်လုပ်ခွင့်ပေးရန် အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ဒီဇင်ဘာ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်၊ ဒု-သမ္မတနှစ်ဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံ ဆောက်လုပ်ခွင့်လျှောက်ထားစာ တင်လိုက်သည် ဟု ဒေါက်တာ အောင်ခင်ဆင့်က မဇ္ဈိမသို့ ပြောသည်။

တစ်နိုင်ငံလုံးတွင် တစ်လလျှင် မုဒိမ်းမှု (၅၀) ကျော်ဖြစ်ပွား

၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ အတွင်း တစ်နိုင်ငံလုံးတွင် ပျမ်းမျှအားဖြင့် တစ်လ လျှင် မုဒိမ်းမှု (၅၀) ကျော် ဖြစ်ပွား နေပြီး၊ ယင်းထဲတွင် သက်ငယ် မုဒိမ်းမှုမှာ (၁၀) မှုကျော်ပါ နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မှုခင်းဌာန) မှသိရသည်။ အဆိုပါ အမှု များမှာ ရဲစခန်းနှင့် အလှမ်း ကွာဝေးပြီး၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးလတ် ဒေသ များတွင် အများဆုံး ဖြစ်နေကြောင်း သိရသည်။ 

ဟားမတ်အုပ်စုကို အကြမ်းဖက် အုပ်စုစာရင်းမှ EU တရားရုံး ပယ်ဖျက်

Photo: ဟားမတ်အုပ်စုကို အကြမ်းဖက် အုပ်စုစာရင်းမှ EU တရားရုံး ပယ်ဖျက်
Friday, December 19, 2014 

ဟားမတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ အထွေထွေတရားရုံးက ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဟားမတ်ကို အကြမ်းဖက်အဖွဲ့ စာရင်းမှ ဖယ်ရှားလိုက်ခြင်းသည် နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်ပြီး ဟားမတ်အဖွဲ့အပေါ် အမျိုးအစား သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်မှု မဟုတ် တရားရုံးက ပြောကြားသည်။

ထို့အပြင် ဟားမတ်အဖွဲ့အပေါ် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းထားရန် ဥရောပသမဂ္ဂတရားရုံးက ဆုံးဖြတ်ထားသည်။

ဟားမတ်အုပ်စု၏ စစ်ရေးအဖွဲ့ ဖြစ်သော အတ်အယ်ဒင်ကွက်ဆန် တပ်မဟာများကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥရောပသမဂ္ဂအဖွဲ့က ၂၀၀၁ ဒီဇင်ဘာလတွင် သတ်မှတ်လိုက်ပြီး ဟားမတ်အုပ်စုကိုလည်း အကြမ်းဖက်စာရင်းတွင် နောက်နှစ်နှစ် အကြာတွင် ထည့်သွင်းလိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဟားမတ်အုပ်စုက ကန့်ကွက်ထားသည်။

ဆုံးဖြတ်ချက်များသည် စွမ်းရည်ပြည့်ဝသော အာဏာပိုင်များ၏ ဆုံးဖြတ်ချက်များ၊ စစ်ဆေးတွေ့ရှိမှုများအပေါ် အခြေပြုထားခြင်း မဟုတ်ဘဲ သတင်းမီဒီယာများနှင့် အင်တာနက်တွင် တွေ့ရှိရသည့် အချက်အလက်များ အပေါ်တွင်သာ အတည်ပြုထားခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ အထွေထွေတရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ တွေ့ရှိပြီးနောက်တွင် ဟားမတ်အဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ တရားရုံးက ဆုံးဖြတ်လိုက်ပြီး အနာဂတ် ရန်ပုံငွေ ထောက်ပံ့မှုများကို ကာကွယ်နိုင်ရန် လက်ရှိ အရေးယူမှုများကို ယာယီ ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားသည်။

ဟားမတ်အုပ်စုနှင့် ပတ်သက်သည့် အရေးယူမှုများကို သုံးလကြာ ဆက်လက်ထားရှိမည် ဖြစ်ပြီး ဥရောပသမဂ္ဂ တရားမျှတမှု တရားရုံးတွင် အယူခံဝင်နိုင်ကြောင်း တရားရုံးက ဖော်ပြထားသည်။

ဥရောပတရားရုံး၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်အမှားကို ပြန်လည်ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း ဟားမတ်အဖွဲ့၏ ဒုတိယ နိုင်ငံရေးခေါင်းဆောင် အဘူမာဆွက်က မှတ်ချက်ပြုလိုက်သည်။

“ဟားမတ်က ခုခံတွန်းလှန်ရေး လှုပ်ရှားမှုအဖွဲ့ပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေ သတ်မှတ်ချက်တွေ အရလည်း သိမ်းပိုက်အုပ်စိုးမှုကို ခုခံပိုင်ခွင့် ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဟားမတ်အုပ်စုကို ၁၉၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၆ ခုနှစ် ပါလက်စတိုင်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ ယင်းနောက် တစ်နှစ်အကြာတွင်လည်း ဂါဇာဒေသရှိ ပြိုင်ဘက် ဖာတာအဖွဲ့ကို ဖယ်ရှားနိုင်ခဲ့သည်။

အစ္စရေးနိုင်ငံ ဖျက်သိမ်းနိုင်ရေး လုပ်ဆောင်မည်ဟု ဟားမတ်အဖွဲ့၏ ကြေညာစာတမ်းတွင် ဖော်ပြထားသလို တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုကို မလိုလားကြောင်း ထုတ်ပြန်ရန် ငြင်းဆိုခြင်း စသည့် အချက်များကြောင့် အစ္စရေး၊ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများက ဟားမတ်ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

The Voice Weekly
ဟားမတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အုပ်စု စာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ အထွေထွေ တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် လူ ၁၂ ဦးကို တရားစွဲ

Photo: ထိုင်ဝမ် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု အတွက် လူ ၁၂ ဦးကို တရားစွဲ 
Friday, December 19, 2014 

ထိုင်ဝမ်တွင် လူ၏ အမှားများကြောင့် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဓာတုဗေဒ ကုမ္ပဏီ အကြီးအကဲနှင့် အစိုးရ အရှိများ အပါအ၀င် လူ ၁၂ ဦးကို တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

ကောင်းရှန်မြို့ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းပေါက်ကွဲ မှုကြောင့် လူ ၃၂ ဦး သေဆုံးခဲ့သည်။ မြေအောက်ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲ မှုကြောင့် မီးလောင်မှုများ ဖြစ်ပေါ် ခဲ့သည့် အပြင် လမ်းမအချို့၏ အလယ်တွင် ကျင်းချိုင့်များ ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များသည်လည်း အဆောက်အုံခေါင်း မိုးပေါ် ထိအောင် လွင့်စင်ထွက် သွားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်မှစ၍ ပထမဆုံး အကြိမ် တရားစွဲ ဆိုမှုတွင် အစိုးရ ရှေ့နေများက  ပြည်သူ့ လုံခြုံရေးအပေါ် လျစ်လျူ ရှုခဲ့သည့် အတွက် ထိခိုက် ဒဏ်ရာရာ သေဆုံးမှုများကြောင့် ပိုက်လိုင်းကို လည်ပတ်လုပ်ကိုင်သော LCY ဓာတုကော်ပိုရေးရှင်း ဥက္ကဌနှင့် အခြား ၁၁ ဦးကို တရားစွဲဆို ခဲ့သည်။

"လူသားတွေရဲ့ အမှားတွေကြောင့် လူ ၃၂၁ ဦး ဒဏ်ရာ ရရှိမှုနဲ့ လူ ၃၂ ဦးအသက် ဆုံးရှုံး ခဲ့တဲ့ ၀မ်းနည်ဖွယ် ဖြစ်ရပ်ကို ဖြစ်ပေါ် ခဲ့ပါတယ်"ဟု အစီရင်ခံ စာတွင် အစိုးရ ရှေ့နေများက ပြောကြားထားသည်။

ကောင်းရှန်မြို့ အခြေစိုက် LCY ဓာတုဗေဒကုမ္ပဏီသည် ပရိုပိန်း ဓာတ်ငွေ့များ ပေးပို့ သည့်မြေအောက် ပိုက်လိုင်း များကို ပုံမှန် ထိန်းသိမ်း ပြုပြင် မှုများ မရှိ ခဲ့ခြင်းကြောင့် ပိုက်လိုင်းများ သံချေး တက်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ခြင်းက အင်းအား ပြင်းသော ပေါက်ကွဲ မှုများကို ဖြစ်ပေါ် စေကြောင်း ခရိုင်အစိုး ရရှေ့နေရုံးက ပြောကြားသည်။

ကုမ္ပဏီသည် မှားယွင်းသော လုပ်ထုံး လုပ်နည်း များနှင့် အတူ ဓာတ်ငွေ့ယိုစိမ့် နိုင်ဖွယ် ရှိမှုကို သတိပြုမိခဲ့သော်လည်း ဓာတ်ငွေ့ ပို့်ဆောင် မှုများကို ဆက်လက် လုပ် ဆောင်ခဲ့ကြောင်း အစီရင်ခံ စာတွင်ပြော ကြားထားသည်။

LCY ဓာတု ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသော ကုမ္ပဏီ တစ်ခုမှ အလုပ်သမား သုံးဦးက ပရိုပိန်း ဓာတ်ငွေ့များကိုပို့ဆောင်ခဲ့ ကြောင်းနှင့် ယခင် အရာရှိ သုံးဦး သည် ၁၉၉၀ ပြည့်လွန်နှစ်က တည်ဆောက် ခဲ့သော ဓာတ်ငွေ့ ပိုက်လိုင်းများ ကို စစ်ဆေးခြင်းများ လုပ်ဆောင် ခဲ့ခြင်းမရှိပေ။

LCY ကုမ္ပဏီသည် ပထမဆုံး အကြိမ် ပေါက်ကွဲမှု မဖြစ်ပေါ်မီ နာရီပေါင်း များစွာ အလိုက မြေအောက် ဓာတ်ငွေ့ ပိုက်လိုင်းမှ ပရိုပိန်း ဓာတ်ငွေ့ ၁၀ တန်ခန့် ယိုစိမ့် ခဲ့ကြောင်း မြို့ အရာရှိများက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ဓာတုလောင်စာစက်ရုံ ဒါဇင်ပေါင်းများစွာ ရှိသော နေရာတွင် ကပ်လျက် တည်ရှိပြီး ကောင်းရှန်မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း အများအပြား လည်ပတ် လုပ်ကိုင်လျက် ရှိသည်။ ယင်းဖြစ်ရပ်ကို တာဝန်ယူသည့် အနေဖြင့် ကောင်းရှန်မြို့ ဒုတိယ မြို့တော်ဝန်နှင့် အခြားအရာရှိ သုံးဦးလည်း ရာထူးမှ နှုတ် ထွက်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ထိုင်ဝမ်တွင် လူ၏ အမှားများကြောင့် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ဓာတုဗေဒ ကုမ္ပဏီ အကြီးအကဲနှင့် အစိုးရ အရှိများ အပါအ၀င် လူ ၁၂ ဦးကို တရားစွဲဆို ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

မူဆယ် နယ်စပ်ဂိတ်များတွင် တတိယနိုင်ငံသားများ ဝင်ထွက်ခွင့်ရှိသင့်ဟု ဆို

Photo: မူဆယ် နယ်စပ်ဂိတ်များတွင် တတိယနိုင်ငံသားများ ဝင်ထွက်ခွင့်ရှိသင့်ဟု ဆို
Friday, December 19, 2014 

တရုတ်-မြန်မာ အဓိကကုန်းလမ်း ဝင်ပေါက်ဖြစ်သော ကြယ်ဂေါင်-မူဆယ် ဝင်ပေါက်များကို နှစ်ဖက်ဒေသခံ မဟုတ်သည့် တတိယနိုင်ငံသားများကိုပါ ဝင်ထွက်နိုင်သည့် ကုန်းတွင်းလမ်းကြောင်း (Land Route) ပေးသင့်သည်ဟု နှစ်ဖက်ကုန်သည် များနှင့် လုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံ ဒေသခံများကိုလည်း သွားခွင့်ရ ဧရိယာများ ကန့်သတ်ထားသည်။

“မြန်မာပြည်ကို အလုပ်ကိစ်္စနဲ့ သွားချင် သူတွေနဲ့ အလည်သွားချင်သူတွေ အများကြီးရှိတယ်။ မြန်မာပြည် ၀င်ခွင့်ဗီဇာရပေမယ့် မူဆယ်က အ၀င်အထွက်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့အထိ ခွင့်ပြုချက်တင်ရ တော့ အချိန်အကြာကြီးစောင့်ရတယ်။ အဆင်မပြေဘူး။ မန္တလေးကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ခွန်းမင် (ကူ မင်း)ကနေ ရန်ကုန်ကို အရင်ဝင်ပြီးမှ မန္တလေးကို ပြန်တက်ရတယ်။ မူဆယ်က ၀င်ခွင့်ရရင် ယွမ် ၂၀၀ ပဲ ကုန်တယ်။ ခွန်းမင်ကလှည့်ပြီး လေယာဉ်နဲ့သွားရတော့ ယွမ် ၃,၇၀၀ ကျော်ကုန်တယ်။ စရိတ်က အဆ ၂၀ လောက်များတယ်။ အချိန်လည်း ပိုပေးရတယ်” ဟု မြန်မာနိုင်ငံ အတွက် ကြွေပြားအဓိကနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ပြီး မန္တလေး ကိုယ်စားလှယ် ထံ ဖြန့်ချိနေသော ကြယ်ဂေါင်မြို့ နေ ဦးရီရှန်းဆိုင်က မဇ္ဈိမကို ပြောသည်။

မူဆယ်-ကြယ်ဂေါင် ဂိတ်သည် တတိယ နိုင်ငံသားတို့ကိုသာမက ဒေသခံ နှစ်ဖက်မြို့ သားများကိုပင် သွား ခွင့်ရသတ်မှတ်ဧရိယာ အတွင်းသာ ကူးသန်းခွင့်ပေးထားရာ တရုတ် ဘက်သွားသည့် မြန်မာတို့အတွက် ခြောက် ညအိပ် ခုနစ်ရက် မန်စီမြို့ကို မကျော်ရဘဲ ကတ်ဖိုး ကျပ် ၅၀၀၊ ဖြတ်သန်းခွင့် ကျပ် ၅၀၀၊ ပေါင်း ကျပ် ၁,၀၀၀ စည်းကမ်းချက် ဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ရရှိခြင်းဖြစ် သည်။ မြန်မာဘက်သို့ ၀င်လာ သည့် တရုတ်တို့က မူဆယ်မြို့မှ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိသာ သွားခွင့်ရပြီး မြန်မာဘက်၌ ညအိပ်ခွင့်ပေးမထားသဖြင့် တရားမဝင် လာရောက်မှုများရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

“တရုတ်ဘက်ကလည်း မူဆယ်မှာ ခြောက်ညအိပ် ခုနစ်ရက်နေခွင့်ရတဲ့စာအုပ် အညိုနဲ့ ညအိပ်ခွင့်မရှိတဲ့ စာအုပ်အပြာဆိုပြီး နှစ်မျိုးရှိတယ်။ ၀င်ခကတော့ နှစ်မျိုးစလုံးအတွက် တရုတ်ငွေ ငါးယွမ်စီပါပဲ။ မူဆယ် ခရိုင်ဆိုပေမယ့် သူတို့ကို ၁၀၅ မိုင်အထိတော့ သွားခွင့်ပေးထား ပါတယ်”ဟု မူဆယ် ခရိုင် လ၀ကဦးစီးမှူးက မဇ္ဈိမကို ရှင်းလင်း ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ်ကို ထိုင်း-မြန်မာ နယ်စပ်ကဲ့သို့ တတိယနိုင်ငံသားများပါ ဖြတ် သန်းသွားခွင့်ရသည့် Land Route ပေးရန် နိုင်ငံတော်က ရည်မှန်းချက်ရှိသော်လည်း မြန်မာဘက်ဝင်ထွက်ဂိတ်တွင် ရှိသင့်ရှိထိုက်သည့် အသုံးအဆောင်များနှင့် အခြေခံအဆောက်အအုံများ အဆင်သင့်မရှိခြင်း၊ အထွေထွေ လုံခြုံရေးအတွက် လုံလောက်သည့် အစီအစဉ်နှင့် အင်အားများ ထပ်ဖြည့်ဆည်းရန် လိုအပ်ခြင်း တို့ကြောင့် လောလောဆယ်၌ မဖြစ်နိုင်သေးဟုလည်း ၎င်းင်းက အတည်ပြုပြောကြားသည်။

Mizzima - News in Burmese 

မူဆယ်-ကြယ်ဂေါင် နယ်စပ်တွင် သွားလာနေကြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ -
ကြယ်ပြာ၊ မဇ္ဈိမ)
မူဆယ်-ကြယ်ဂေါင် နယ်စပ်တွင် သွားလာနေကြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ) 
တရုတ်-မြန်မာ အဓိကကုန်းလမ်း ဝင်ပေါက်ဖြစ်သော ကြယ်ဂေါင်-မူဆယ် ဝင်ပေါက်များကို နှစ်ဖက်ဒေသခံ မဟုတ်သည့် တတိယနိုင်ငံသားများကိုပါ ဝင်ထွက်နိုင်သည့် ကုန်းတွင်းလမ်းကြောင်း (Land Route) ပေးသင့်သည်ဟု နှစ်ဖက်ကုန်သည် များနှင့် လုပ်ငန်းရှင်များက ပြောသည်။

HIV ပိုးရှိသူ အသက်ရှစ်နှစ်အရွယ်ကလေးငယ်ကို ရွာမှနှင်ထုတ် ရန် တရုတ်ကျေးရွာသားများ ကြိုးပမ်း

Photo: HIV ပိုးရှိသူ အသက်ရှစ်နှစ်အရွယ်ကလေးငယ်ကို ရွာမှနှင်ထုတ် ရန် တရုတ်ကျေးရွာသားများ ကြိုးပမ်း
Friday, December 19, 2014 

တရုတ်နိုင်ငံမှ ကျေးရွာတစ်ခု တွင် HIV ပိုးရှိသော ကလေးငယ် တစ်ဦးကို ရွာမှနှင်ထုတ်ရန် ကျန်ရွာ သား ၂ဝဝခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည့် အကြောင်းအရာ ကြောင့် ကြာသပတေးနေ့တွင် အင် တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ အကြား ၄င်းတို့နိုင်ငံသားများ၏ အခြေအနေနှင့် ပတ်သက်သည့်မေးခွန်း များစွာ ပေါ်ထွက်လာသည်ဟု AFP သတင်းအရ သိရသည်။

တရုတ်နိုင်ငံမှ HIV ပိုးရှိသူ အများစုသည် ခွဲခြားဆက်ဆံမှုဒဏ် ကို ပြင်းထန်စွာ ခံစားနေရပြီး ယခုဖြစ် ရပ်မှာ တရုတ်နိုင်ငံသားတို့၏ AIDS ရောဂါသည်များ အပေါ် ဆက်ဆံသည့် သဘောထားကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင်းမှ Global Times သတင်းစာ၏ ဖော်ပြ ချက်တွင် စီချွမ်ပြည်နယ် အနောက် တောင်ပိုင်းရှိ ရူဖန်ဂျာကျေးရွာတွင် နေထိုင်သည့် အသက်ရှစ်နှစ်အ ရွယ် HIV ပိုးရှိသူကလေး၏ အုပ် ထိန်းသူဖြစ်သော ၄င်း၏ အဘိုးဖြစ် သူကလည်း ကလေးကို ရွာမှ နှင် ထုတ်ရန် လက်မှတ်ရေးထိုးသူများ တွင် ပါဝင်သည်ဟု သိရသည်။

ထိုကလေးငယ်လေးကို ကန် ကန်ဟု ဖော်ပြထားပြီး ၄င်းသည်မိ ခင်ဖြစ်သူထံမှ HIV ပိုးကူးစက်ခံခဲ့ ရကာ ယင်းကို ၂ဝ၁၁ခုနှစ် ဒဏ်ရာ ဖြစ်ချိန်၌ သိခဲ့ရသည်။

Global Times ၏ဖော်ပြထား မှုတွင် ကန်ကန်အား ဒေသတွင်း ကျောင်းများမှ လက်ခံရန် ငြင်းဆန် ကြကြောင်းနှင့် ၄င်းအား မည်သူမှ အဆက်အဆံ မလုပ်ဟုလည်း သိရ သည်။

''ဘယ်သူမှ သားနဲ့ မကစား ကြဘူး၊ အမြဲတမ်း သားတစ်ယောက် တည်းပဲ နေနေရတယ်''ဟု ကန်ကန် ၏ ပြောကြားမှုကို Global Times တွင် ဖော်ပြထားသည်။

ထိုအကြောင်းအရာက Sina Weibo ကဲ့သို့ တရုတ်နိုင်ငံ၏ ထင် ရှားသော လူမှုကွန်ရက်တွင် ကြာသ ပတေးနေ့မနက်ပိုင်းမှစကာ ရေပန်း အစားဆုံး ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပြီး အသုံးပြုသူအများစုက ကန်ကန်အား ပစ်ပယ်ရက်သည့် ရွာသားများ၏ အ ပြုအမူကို မေးခွန်းထုတ်ကြသည်။

ထိုသို့ HIV / AIDS ရောဂါ သည်များကို ကျောင်းများ၊ ဆေးရုံများ၊ လုပ်ငန်းခွင်များနှင့် တရုတ်နိုင်ငံတစ် ဝန်းလုံးရှိ အခြားကဏ္ဍများတွင် ခွဲ ခြားဆက်ဆံလေ့ရှိကြောင်းနှင့် ယင်း HIV ပိုးကို ကုသရေးနှင့် တိုက် ဖျက်ရေးကို တားဆီးနေသည့် အရာ ဟု ကျွမ်းကျင်သူများက ဆိုသည်။

Ref : AFP
Democracytoday
တရုတ်နိုင်ငံမှ ကျေးရွာတစ်ခု တွင် HIV ပိုးရှိသော ကလေးငယ် တစ်ဦးကို ရွာမှနှင်ထုတ်ရန် ကျန်ရွာ သား ၂ဝဝခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည့် အကြောင်းအရာ ကြောင့် ကြာသပတေးနေ့တွင် အင် တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ အကြား ၄င်းတို့နိုင်ငံသားများ၏ အခြေအနေနှင့် ပတ်သက်သည့် မေးခွန်း များစွာ ပေါ်ထွက်လာသည်ဟု AFP သတင်းအရ သိရသည်။

ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တိုက်တွန်း

ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်စေဘဲ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဖြတ်သန်းရန် မြန်မာနိုင်ငံသို့ တိုက်တွန်းကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စဂရိုဟာလမ် ဘရန့်တ်လန်းက ပြောကြားသည်။

ဘင်္ဂလားစစ်သွေးကြွအဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ထားမှုအား ဖော်ထုတ်

Photo: ဘင်္ဂလားစစ်သွေးကြွအဖွဲ့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ထားမှုအား ဖော်ထုတ်
Friday, December 19, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလား စစ်သွေးကြွအဖွဲ့ ( Ansarullah Bangla Team - ABT ) မှ နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ အရေးပါသူများနှင့် အဆောက် အဦးများကို မောင်းသူမဲ့လေယာဉ် (drone) ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှု တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒက္ကား မြို့တော် ရဲတပ်ဖွဲ့ ပူးတွဲ ကော်မရှင်နာ မိုနီရူ အစ္စလာမ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

အသက် ၂၆ နှစ်အရွယ် တန်ဂျီ ဟူစိန် ဘာဘူနှင့် အသက် ၂၅ နှစ်အရွယ် ဂိုလမ်မော်လမိုဟန် တို့အား မောင်းသူမဲ့လေယာဉ်နှင့် အတူ ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

Ref : AP
Yangon Media Group
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလား စစ်သွေးကြွအဖွဲ့ ( Ansarullah Bangla Team - ABT ) မှ နိုင်ငံရေး သမားများ၊ သတင်းထောက်များ၊ အရေးပါသူများနှင့် အဆောက် အဦးများကို မောင်းသူမဲ့လေယာဉ် (drone) ဖြင့် ဗုံးခွဲ တိုက်ခိုက်ရန်ကြံစည်ထားမှု တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ကြောင်း ဒက္ကား မြို့တော် ရဲတပ် ဖွဲ့ ပူးတွဲ ကော်မရှင်နာ မိုနီရူ အစ္စလာမ်က မီဒီယာများသို့ ပြောကြားခဲ့သည်။

အိုဘားမားက IS အဖွဲ့အတွက်နားခိုစရာ နေရာမရှိစေရဟုကြိမ်းဝါး ပြောဆို

Photo: အိုဘားမားက IS အဖွဲ့အတွက်နားခိုစရာ နေရာမရှိစေရဟုကြိမ်းဝါး ပြောဆို
Friday, December 19, 2014

ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်သမ္မတအိုဘားမားက အမေရိကန်စစ်
ဌာနချုပ်တစ်ခုသို့သွားရောက်လည်ပတ်ရာတွင် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့က IS အဖွဲ့အတွက် နားခိုစရာနေရာမရှိအောင်ပြုလုပ် သွားမည့်အပြင်
တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း IS အဖွဲ့ကို ပြင်းပြင်းထန်ထန်သတိပေး
ချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဖို့တ်ဒစ်ရှိလေယာဉ်ရုံ၌ ရာနှင့်ချီသောစစ်သားများကိုမိန့်ခွန်းပြောဆိုခဲ့ရာတွင် အို
ဘားမားက ကမ္ဘာတစ်ဝှမ်း၌ အမေရိကန်စစ်သားများ၏လုပ်ဆောင်မှုအ
တွက် ကျေးဇူးတင်ပါကြောင်း ဆိုခဲ့သည်။ အိုဘားမားနှင့်အတူ ၂၀၁၆ ခုနှစ်တွင် အိုဘားမားနေရာကိုဆက်ခံနိုင်မည့်ကိုယ်စားလှယ်လောင်းအဖြစ် ရေပန်းစားနေ
သည့်နယူးဂျာဆီရီပတ်ဘလီကန်ပြည်နယ်အုပ်ချုပ်ရေးမှူးခရစ္စခရစ္စတီးလည်း ပါဝင်လာခဲ့သည်။ အမေရိကန်ဦးဆောင်သောမဟာမိတ်အဖွဲ့သည် အီရတ်နှင့်ဆီးရီးယားတွင်အောင်မြင်မှုများရရှိနေသည်ဆိုသော်
လည်း အကြမ်းဖက်သမားများအား ထိထိရောက်ရောက်နှိမ်နှင်းရခြင်းမရှိသေးပေ။
အိုဘားမားက “ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒီရက်စက်ကြမ်းကြုတ်တဲ့အကြမ်း
ဖက်အဖွဲ့အစည်းကို အင်အားနည်းသွားအောင်ပြုလုပ်ရုံတင်မကဘဲ လုံးဝနှိမ်နင်း
သွားမှာပါ၊ ရာနဲ့ချီတဲ့စစ်ကားတွေ၊ တင့်ကားတွေနဲ့စစ်သား ၁၀၀၀ ကျော်ကို နေ
ရာချထားပြီးပါပြီ။ သူတို့ကိုယ်သူတို့အောင်မြင်မှုတွေလျင်လျင်မြန်မြန်ရရှိနေတယ်
လို့ ထင်နေကြမှာပါ။ ကျုပ်တို့အရှုံးမပေးပါဘူး။ အမေရိကန်ကိုခြိမ်းခြောက်နေရင်
နားခိုစရာနေရာတောင်မရှိစေရပါဘူး။ အကြမ်းဖက်သမားတွေကို မရမကရှာဖွေနှိမ်နှင်းသွားမှာပါ။ ကမ္ဘာကြီးက သူတို့လိုအ
ကြမ်းဖက်သမားတွေမပါဘဲ ရှေ့ဆက်သွားမှာပါ””ဟု ဆိုခဲ့သည်။ အိုဘားမားက အာဖဂန်တွင် ယခုနှစ်ကုန်၌ အမေရိကန်တပ်ဖွဲ့များရုတ်သိမ်းကာ အာဖဂန်လုံခြုံ
ရေးအဖွဲ့ဝင်များကိုလေ့ကျင့်ပေးရန်သာထားရှိမည်ဟုဆိုသော်လည်း မူလစီစဉ်
ထားသည့်အမေရိကန်စစ်သားအရေအအတွက်ကို အနည်းငယ်တိုးမြင့်ခဲ့ပြီး အာဖဂန်သည် အန္တရာယ်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

Pyimyanmar
ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်သမ္မတအိုဘားမားက အမေရိကန်စစ်ဌာနချုပ် တစ်ခုသို့ သွားရောက် လည်ပတ်ရာတွင် အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲ့က IS အဖွဲ့အတွက် နားခို စရာနေရာ မရှိအောင်ပြုလုပ် သွားမည့်အပြင် တိုက်ခိုက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း IS အဖွဲ့ကို ပြင်းပြင်း ထန်ထန်သတိပေး ချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ကျောက်တောင်ထိပ်ကနေ လေဟုန်စီးပြသည့် သြစတြေးလျ စတန့်သမား ၂ ဦး

Photo: ကျောက်တောင်ထိပ်ကနေ လေဟုန်စီးပြသည့် သြစတြေးလျ စတန့်သမား ၂ ဦး
Friday, December 19, 2014

သြစတြေးလျနိုင်ငံက စတန့်သမားနှစ်ဦးဟာ အတောင်ပံဝတ်စုံကိုဝတ်ပြီး ကျောက်တောင်ထိပ်ကနေ တောင်ခြေကို အသည်းယားစရာ လေဟုန်စီး ခုန်ပြခဲ့ကြပါတယ်။

တောင်ပံဝတ်စုံဝတ် ခုန်သမားတွေဖြစ်ကြတဲ့ Nathan Jones နဲ့ Sam Hardy တို့ဟာ ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်သစ်နိုင်ငံ၊ Chamonix မြို့အနားက Alps တောင်ထိပ်ပေါ်ကနေ ခုန်ချပြီး ကျောက်ဆောင်၊ ကျောက်တုံးတွေနဲ့ ပေအနည်းငယ်အကွာကနေ လေဟုန်စီးပြခဲ့ကြတာပါ။

လမ်းကြောင်းတလျှောက် သူငယ်ချင်းတွေ ထောင်ထားတဲ့ လက်ပုံစံအရုပ်တွေနဲ့လည်း ရိုက်သွားခဲ့ကြပါသေးတယ်။

အခုလို ကျောက်ဆောင်တွေနဲ့ ကပ်ပြီး ၂ ယောက်တွဲ လေဟုန်စီးခုန်ခဲ့တာဟာ ကမ္ဘာမှာ ပထမဆုံးလည်းဖြစ်ပါတယ်။

သူတို့တွေဟာ အခုလို လှည့်လည်လေဟုန်စီးခုန်ပြပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သောက်သုံးရေရရှိဖို့ အလှူခံနေကြတာလို့လည်း ဆိုပါတယ်။

အခုတခေါက်ကတော့ အီသီယိုးပီးယားနိုင်ငံမှာ သောက်ရေတွင်းတွေတူးဖို့ အလှူခံနေပြီး လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၅၆၀၀ ကျော် လှူဒါန်းပြီး ဖြစ်ပါတယ်။

ဒီလေဟုန်စီးခုန်နည်းကို Base ခုန်ချနည်းလို့ခေါ်ပြီး တကယ်ခက်ခဲ အန္တရာယ်ကြီးတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။

Base ခုန်နည်းဟာ တံတားတွေ၊ ကျောက်တောင်တွေ၊ မိုးမျှော်တိုက်ကြီးတွေရဲ့ ထိပ်ကနေ ခုန်ပြရတာဖြစ်ပြီး လေယာဉ်ပေါ်က ခုန်နည်းထက် သေဆုံးနှုန်း ၄၃ ဆ ပိုများပါတယ်။

ဒီဗွီဘီ
သြစတြေးလျနိုင်ငံက စတန့်သမားနှစ်ဦးဟာ အတောင်ပံဝတ်စုံကိုဝတ်ပြီး ကျောက်တောင်ထိပ်ကနေ တောင်ခြေကို အသည်းယားစရာ လေဟုန်စီး ခုန်ပြခဲ့ကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ထံ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အတည်ပြု

Photo: မြောက်ကိုရီးယားနိုင်ငံအား နိုင်ငံတကာရာဇ၀တ်ခုံရုံး ထံ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အတည်ပြု
Friday, December 19, 2014

မြောက်ကိုရီးယား နိုင်ငံအား လူသားမဆန်သော ရာဇ၀တ်မှု ကျူးလွန်ခဲ့မှု များနျှင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ထံလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ မဲပေး အတည်ပြုခဲ့သည်။

အထွေထွေညီလာခံတွင် ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၀၊ ကြားနေမဲ ၅၀ ကျော်နှင့် မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်၍ ယခင် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော ကုလ အစီရင်ခံစာတွင် မြောက်ကိုရီးယားပြည်သူများသည် ဖော်ပြနိုင်စွမ်းမရှသော ရက်စက်ကြမ်းကြုပ်မှုများနျှင့် ရင်ဆိုင်နေရ
ကြောင်း ရေးသားသွားခဲ့သည်။

Ref: Xinhua
Yangon Media Group
မြောက်ကိုရီးယား နိုင်ငံအား လူသားမဆန်သော ရာဇ၀တ်မှု ကျူးလွန်ခဲ့မှု များနျှင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံး (ICC) ထံလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ မဲပေး အတည်ပြုခဲ့သည်။

တရားစီရင်ရေးစနစ် အားနည်းနေဆဲပဲလို့ ဦးအောင်ကို ဝေဖန်

Photo: တရားစီရင်ရေးစနစ် အားနည်းနေဆဲပဲလို့ ဦးအောင်ကို ဝေဖန်
Friday, December 19, 2014

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ဒီနေ့ခေတ် မြန်မာ့တရားစီရင်ရေးစနစ်အပေါ် ဘယ်လိုရှုမြင်သလဲဆိုတာကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဂတိလိုက်စားမှုတွေ အတော်များများရှိနေကြောင်း ပြောသွားပါတယ်။

"အဓိကကတော့လေ တရားရေးနယ်ပယ်မှာပေါ့၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုတွေဟာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးအားကောင်းနေဆဲ ဖြစ်ပါတယ်၊ ငွေများတရားနိုင် အင်အားကြီးသူ အနိုင်ယူ"

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောသွားတာပါ။

ဒါ့အပြင် အခုအခါ သတင်းတွေထဲမှာ အဆက်မပြတ် ကြားနေကြရတဲ့ လယ်မြေ ယာမြေသိမ်းခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လယ်သမားတွေကိုအပြစ်ပေး ထောင်ချနေတာတွေကလည်း နိုင်ငံအတွက် အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ သူကပြောပါတယ်၊
နို်င်ငံအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့လည်း ၄-ပွင့်၊ ၆-ပွင့်၊ ၁၂-ပွင့် ဆိုပြီး အမျိုးမျိုးပြောဆိုနေကြပေမယ့် ပဏာမအဆင့်အနေနဲ့ လူနည်းနည်းနဲ့ စတင်ပြုလုပ်ပြီး အရှိန်ရလာတဲ့အခါမှ တိုးချဲ့သွားသင့်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။

RFA
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့် တရားစီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ပထမတန်း ကျောင်းသူ၊ ကျောင်းသားများ သက်သေအဖြစ် စစ်ဆေးမှုကို ကန့်ကွက်

Photo: ပထမတန်း ကျောင်းသူ၊ ကျောင်းသားများ သက်သေအဖြစ် စစ်ဆေးမှုကို ကန့်ကွက်
Friday, December 19, 2014 

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၊ ပထမတန်း ကျောင်းသူ၊ ကျောင်းသား လေးဦးကို မိဘ အုပ်ထိန်းသူ များကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စစ်ကိုင်း မြို့မရဲစခန်းက ဒီဇင်ဘာ ၁၁ ရက်တွင် သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုကို စစ်ကိုင်းခရိုင် ကျောင်းသား များသမဂ္ဂက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကန့်ကွက်ထားသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စခန်းကို ခေါ်စစ်ဖို့ ဆရာမတွေက လိုက်ပို့တယ်။ ဒီလုပ်ရပ် ဟာ ကျောင်းသား ထုကိုရော မိဘတွေကိုရော စော်ကားလိုက်တာပဲ။ ကလေး သူ ငယ်အခွင့် အရေးကို ချိုးဖောက်တာပဲ” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသားငယ်များကို ခေါ်ယူစစ်ဆေးခြင်းသည် အမှတ် (၇) အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ထိုက်စံက အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးဝေကို တိုင်ကြားထားမှုနှင့် ပတ်သက်၍ ခေါ် ယူစစ်ဆေးသည်ဟု ခေါ်ယူစစ်ဆေးခံရသည့် ကလေး၏ မိခင်ဒေါ်ခင် မြတ်သူက ပြောသည်။

စစ်ကိုင်း မြို့မရဲစခန်းမှူး၊ ဒု-ရဲမှူး သိင်္ခဝင်း က “ကလေးတွေ ခေါ်စစ် တယ်ဆိုတာ ကျောင်းအုပ်ကို ခွင့်တောင်း ပြီး မေးတာပါ။ ဆရာမတွေ လိုက်ပို့တာပါ။ အရွယ်မရောက် သေးတဲ့သူတွေဆိုပေမယ့် ပြောနိုင်ဆိုနိုင်တဲ့ အရွယ်သက်သေအနေနဲ့ စစ်မေးခွင့်ရှိပါတယ်” ဟု ပြောသည်။

စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ထားသော ကြေညာချက်တွင် ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၌ ပထမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူလေးဦးကို ပြစ်မှုတစ်စုံတစ်ရာ မရှိဘဲစစ်ကိုင်းမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းကြောင့် ကလေးသူငယ်ဥပဒေနှင့် တည်ဆဲဥပဒေများကို တိုက်ရိုက်ကျူး လွန်ဖောက်ဖျက်သည်ဟု ပါရှိသည်။

ဤကဲ့သို့ ပြုလုပ်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ၊ ကျောင်းသားမိဘများကို လျစ်လျူရှု စော်ကားသည့် အတွက် စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ဆက်လက်ဖော်ပြပါရှိသည်။

Mizzima - News in Burmese  

ကျောင်းအုပ်ဆရာမကြီး တိုင်တန်းထားသည့်အပေါ် ကာယကံရှင်ဆရာမက သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ကျောင်းအုပ်ဆရာမကြီး တိုင်တန်းထားသည့်အပေါ် ကာယကံရှင်ဆရာမက သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ အမှတ် (၇) အခြေခံပညာ မူလတန်းကျောင်း၊ ပထမတန်း ကျောင်းသူ၊ ကျောင်းသား လေးဦးကို မိဘ အုပ်ထိန်းသူ များကို အသိပေးအကြောင်း ကြားခြင်းမရှိဘဲ စစ်ကိုင်း မြို့မ ရဲစခန်းက ဒီဇင်ဘာ ၁၁ ရက်တွင် သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှုကို စစ်ကိုင်းခရိုင် ကျောင်းသားများ သမဂ္ဂက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကန့်ကွက်ထားသည်ဟု စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

Photo: နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း
Friday, December 19, 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေလိုကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။

လက်ရှိရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် တစ် သိန်းနှစ်သောင်းမှ နှစ်သိန်း အတွင်းဖြစ်သင့်သည်ဟု သူရဦး ရွှေမန်းက ပြောကြားခဲ့ပြီး လူနေ မှုကုန်ကျစရိတ်၏ သုံးဆကို လစာအဖြစ်ပေးရမည့်တွက်ချက်မှုအရ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာ သည် ယင်းပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်းအစည်းအဝေးတွင် သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အနိမ့်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသည့် လစာသည် ကျပ်ခြောက်သောင်းခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှန်ကြား ရေးမှူးချုပ်အဆင့်သည် ကျပ်သုံးသိန်းခန့်သာ ရှိသည်။

‘‘လွှတ်တော်အမတ်တွေတိုး ဖို့ ဆုံးဖြတ်တာမြန်တယ်။ ကျွန်မ တို့ကျတော့ ဟိုထိုး၊ ဒီထိုးနဲ့ မပြီး တော့ဘူး’’ဟု တက္ကသိုလ်နည်းပြ ဆရာမ တစ်ဦးကပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟို ဘဏ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက်က တွေ့ ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အနိမ့်ဆုံးအနေအထားက ဘယ်လောက်ရှိမယ်၊ အမြင့်ဆုံး ဘယ်လောက်ပေးမယ်ဆိုတာကို ဆွေးနွေးတာ၊ သေချာတာက ပေး ဖို့တော့ လွှတ်တော်ဘက်က အတင်း တွန်းတွန်းတိုက်တိုက် ပြောနေတာပေါ့။ အနိမ့်ဆုံးလစာ က တစ်သိန်းနှစ်သောင်းကနေ နှစ်သိန်းထိ၊ သူ့အဆင့်နဲ့ သူပေါ့။ နိုင်ငံ့ဝန်ထမ်းက စုစုပေါင်း ၁၂ ဆင့်ရှိတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါက်တာ စိုးမိုး အောင်ကပြောသည်။

လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏကိုမူ ယနေ့အစည်းအဝေး ၌ အစိုးရအဖွဲ့က မပြောကြားနိုင် သေးဘဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည့် လွှတ်တော်အစည်း အဝေးမှ တင်ပြမည်ဟုဆိုသော် လည်း ဘတ်ဂျက်တွင် မထည့် သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ်မှသာ အဆင်ပြေနိုင်မည် ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်လွှတ်တော်တွင် အရေးကြီးအဆိုတင်၍ အစိုးရ အဖွဲ့သို့ တိုက်တွန်းခဲ့သော်လည်း အစိုးရအဖွဲ့က ညှိနှိုင်းဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့်မည်ကို မပြောကြားနိုင်သေးကြောင်း ပြန် ကြားခဲ့သည်။

7Day DAILY
နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေ လို ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနများသို့ တိုက်တွန်းလိုက် ကြောင်း သတင်းရရှိသည်။

ရုရှားသမ္မတကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူ အယောက် ၂၀ ဖမ်းဆီးခံရ

Photo: ရုရှားသမ္မတကို ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူ အယောက် ၂၀ ဖမ်းဆီးခံရ
Friday, December 19, 2014

ရုရှားရဲတွေက သမ္မတဗလာဒီမာပူတင် နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ ကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ အခွင့်မရဘဲ ဆန္ဒပြသူ အနည်းဆုံး အယောက် ၂၀ ကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲ မစမီအချိန်တိုအတွင်း ဆန္ဒပြဖို့ လူမှုကွန်ရက်ကတဆင့် ဆော်သြခဲ့ကြတာပါ။ ရဲတွေက ဆန္ဒပြသူတွေကိုဖမ်းပြီး ဆန္ဒပြပွဲကို အမြန် နှိမ်နင်း လိုက်ပါတယ်။

putinပူတင်ဟာ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒကနေ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝအထိ သတင်းထောက်တွေမေးသမျှကို ၃ နာရီကျော်ကြာ ဖြေဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံတွင်း ရူဘယ်ငွေတန်ဖိုးကျဆင်းမှုနဲ့ စီးပွားရေးပိတ်ဆို့မှုအပါအဝင် လတ်တလော အကျပ်အတည်းတွေကနေ ပိုသန်မာ တဲ့ နိုင်ငံ အဖြစ် ပြန်ပေါ်ထွက်လာမယ်လို့ ပူတင်က ပြောပါတယ်။

ဒါ့အပြင် ၂၀၁၈ မှာ သမ္မတအဖြစ် ပြန်ရွေးကောက်ခံဖို့ သူ့ဆုံးဖြတ်ချက်ဟာ တိုင်းပြည်ရဲ့အခြေအနေပေါ် မူတည်တယ်လို့ ပြောပါတယ်။

ပူတင်က ရုရှားအစိုးရကို ကောင်းကောင်း အခိုင်အမာဖွဲ့စည်းထားပြီး သူ့ကို လူထုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေလို့ အာဏာသိမ်းမှု ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ယူကရိန်း သမ္မတ ယာနူကိုဗစ်ခ်ျက အင်အားသုံးဖို့ တွန့်ဆုတ်နေလို့ ယူကရိန်းမှာ အာဏာသိမ်းမှုကတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောပါတယ်။

ရုရှားသမ္မတက သူ့ဘဝမှာအချစ်ကို တွေ့ခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါသေးတယ်။ ပူတင်ဟာ မနှစ်က အစိုးရရုပ်သံမှာ သူ့ဇနီးနဲ့အတူ ပြည်သူရှေ့ထွက်ခဲ့တာပါ။

အိမ်ထောင်သက် နှစ် ၃၀ ကျော်ကြာခဲ့အပြီး သူတို့ ၂ ယောက် ခွဲနေတယ်လို့ ပြောခဲ့ပြီးတဲ့နောက် ကွာရှင်းခဲ့ပါတယ်။ သူတို့ ၂ ယောက်ဟာ ခင်မင်ရင်းနှီးသူတွေအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ပုံမှန်တွေ့ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူ့ဘဝမှာ အချစ်ရှိကြောင်း ပြောပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ မပြောပါဘူး။ အသက် ၆၂ နှစ်အရွယ် ပူတင်ဟာ သူ့ဘဝကို လူသိရှင်ကြားနေလေ့မရှိပါဘူး။ အသက် ၂၀ ကျော်အရွယ် သမီး ၂ ယောက်ရှိတာကိုလည်း လူသိနည်းပါတယ်။

DVB
ရုရှားရဲတွေက သမ္မတဗလာဒီမာပူတင် နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ ကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ အခွင့်မရဘဲ ဆန္ဒပြသူ အနည်းဆုံး အယောက် ၂၀ ကို မနေ့က ဖမ်းဆီးလိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှု ဗြိတိန်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရန် မြန်မာတောင်းဆို

Photo: လိပ်ကျွန်းလူသတ်မှု ဗြိတိန်နိုင်ငံသား နှစ်ဦးကို စစ်ဆေးရန် မြန်မာတောင်းဆို
Friday, December 19, 2014

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုံတွဲ အသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုတွင် အဓိကသက် သေဖြစ်နိုင် သည်ဟု ယူဆရသူ သေဆုံးသူနှစ်ဦး၏ သူငယ်ချင်း ရှောင်မတ်အန်နာနှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူစစ်ဆေးပေးရန် ကော့စမွေ တရားရုံးသို့ လျှောက်ထားပြီးဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

လျှောက်ထားမှုကို ဒီဇင်ဘာ ၁၂ ရက် တွင်ပြုလုပ်ထားပြီးဖြစ်သည်ဟု ၎င်းကပြောသည်။ ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၁၈ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

ခရစ္စတိုဖာနှင့် ရှောင်မတ်တို့သည် လူသတ်မှု မဖြစ်ပေါ်ခင်နှင့် ဖြစ်ပေါ်ပြီး အချိန်အထိ ဗြိတိန်နိုင်ငံသားသေ ဆုံးသူစုံတွဲနှင့် အတူတကွ ရှိခဲ့သူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် အမှုနှင့် ပတ်သက်သူများ မဟုတ်ဟု ယူဆကာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ခွာခွင့် ပေးလိုက်ပြီး ဖြစ်သည်။

စကော့တလန် စုံစမ်းရေးအဖွဲ့က လာရောက်စုံစမ်းမှုများ၊ သက်သေရယူမှုများတွင် မြန်မာအဖွဲ့က ပူးပေါင်းခွင့် မရရှိခဲ့သည့်အပြင် တောင်းဆိုထားသည့် နှစ်ဦးကို စကော့တလန်ရဲက မစစ်ဆေးခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သေဒဏ်ချမှတ်နိုင်သည့် အမှုအတွက်မျက်မြင် သက်သေအထောက်အထားရရှိရန် လိုအပ်သော်လည်း မျက်မြင်မရှိသဖြင့် ဒီအင်န်အေ၊ စီစီတီဗီမှ အထောက်အထားတို့အပေါ် အခြေပြုကာ သက်သေအဖြစ် တင်ပြထားကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က တင်ပြခဲ့သည့် စီစီတီဗီမှတ်တမ်းများတွင် မူလထက် ၂၄ ကွက်ထိလျော့ နေပြီး ဒီအင်န်အေ စစ်ဆေးမှုတွင်လည်း သက်သေအဖြစ်သတ်မှတ်နိုင်သည့် လုံလောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးကို ခေါ်ယူစစ်ဆေးခွင့်ရ မရကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည့် အမှုရုံးချိန်းတွင် ကော့စမွေ ခရိုင် တရားသူကြီးက ဆုံးဖြတ်မည် ဖြစ်သည်။

မြန်မာ၊ ထိုင်းနှင့် အင်္ဂလန်နိုင်ငံတို့ ပတ်သက်နေသည့် လိပ်ကျွန်းလူသတ်မှု အရေးလိုက်ပါဆောင်ရွက်နေ သည့် မြန်မာ သံရုံးအထူးအဖွဲ့များကို ထိုင်းရဲတပ်ဖွဲ့က သွယ်ဝိုက်ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဦးထူးချစ်က ဆိုသည်။

မြန်မာနှစ်ဦး အမှုအတွက် မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ခေါင်းဆောင်ကာ ရှေ့နေဦးအောင်မျိုးသန့်၊ ထိုင်းရောက် မြန်မာနိုင်ငံသားများ ကူညီရေးအဖွဲ့အမှုဆောင် ဦးကျော်သောင်း၊ ဦးထူးချစ်နှင့် ဦးမင်းဦးတို့က ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာ နှစ်ဦး၏ အမှုကို မြန်မာသံရုံးအထူးအဖွဲ့နှင့် အတူ ထိုင်းလူ့အခွင့်အ ရေး ကော်မရှင်၊ ထိုင်းရှေ့နေများ ကောင်စီတို့က လိုက်လံကူညီနေပြီး ချေပနိုင်မည့် သက်သေများကို အဖွဲ့ အလိုက်ခွဲကာ ပြင်ဆင်ပြီး ဖြစ်သည်ဟု ကိုအောင်မျိုးသန့်က ဆိုသည်။

မြန်မာနှစ်ဦးအမှုအပေါ် လိုက်လံထွက်ဆိုပေးမည့် သက်သေများကလုံခြုံရေးကြောင့် ဆောင်ရွက်ပေးရန် အခက်အခဲရှိနေပြီး လိုအပ်သည့် ကူညီထောက်ပံ့ပေးနိုင်မည့် ဒီအင်အေနှင့် မှုခင်းနားလည်တတ်ကျွမ်း သူ အဖွဲ့များကို မြန်မာအစိုးရကစေလွှတ်ပေးရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၆ ရက် ရုံးချိန်းတွင်အမှု ရင်ဆိုင်နေရသူ မိသားစုဝင်များ တွေ့ဆုံရေးအတွက် ဒုတိယအကြိမ် ခေါ်ဆောင်ရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သည့် လပြည့်ည ပွဲတော်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုကို မြန်မာနှစ်ဦး ကျူးလွန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

Mizzima - News in Burmese
ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်စုံတွဲ အသတ်ခံခဲ့ရသည့် ထိုင်းနိုင်ငံ၊ လိပ်ကျွန်းအမှုတွင် အဓိကသက် သေဖြစ်နိုင် သည်ဟု ယူဆရသူ သေဆုံးသူနှစ်ဦး၏ သူငယ်ချင်း ရှောင်မတ်အန်နာနှင့် ခရစ္စတိုဖာတို့ကို ခေါ်ယူစစ်ဆေးပေးရန် ကော့စမွေ တရားရုံးသို့ လျှောက်ထားပြီးဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ မှားယွင်းဖော်ပြမှုသည် ပညာရေးလောက ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ဟုဆို

ဒီဇင်ဘာလ ၁၆ရက်က ခရိုင်အဆင့် စတုတ္ထတန်းစာမေးပွဲ ရန်ကုန်တိုင်းအတွင်း မြန်မာစာမေးခွန်းလွှာရှိ ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကို ဖေဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်းဖော်ပြမှုသည် ပညာရေးလောကတွင် အန္တရာယ်ရှိလာသည့် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်သည်ဟု ဆရာ၊ ဆရာမများ သမဂ္ဂမှ ဒေါက်တာ အာကာမိုးသူက ပြောသည်။

ပြည်တွင်းသို့ ကျပ်သိန်းလေးထောင် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သယ်လာသော အမျိုးသမီးနှစ်ဦး ဖမ်းမိ

တရုတ်လူမျိုးတစ်ဦးက အခကြေးငွေပေးကာ မြန်မာ နိုင်ငံတွင်းသို့ မူးယစ်ဆေး သယ်ဆောင်ခိုင်းသည့် အမျိုး သမီး နှစ်ဦးကို လားရှိုးမူးယစ် တပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို

Photo: မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို
Friday, December 19, 2014

စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိအခွင့်အလမ်းကို ဖမ်းဆုပ်ကြပါ ဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။

The Elders အဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးစဉ်များအပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့
ဆီဒိုနားဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အသစ်တစ်ဖန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍  “တိုက်ခိုက်မှုတွေကို ယခုချက်ချင်းနှင့် အပြီးသတ်ရပ်စဲခြင်းက ပထမခြေလှမ်းဖြစ်ရပါမယ်။ ဘက်ပေါင်းစုံ က ဒီလိုဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ခရီးစဉ်အတွင်းမှာ ကြားသိခဲ့ရပါတယ်။ ယုံကြည်အာားကိုး နိုင်လောက်တဲ့ စောင့်ကြည့်ထိန်းကျောင်းမှု စနစ်နဲ့ အခြား ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ဆောင်ချက်တွေက ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အထောက်အကူပေးပါလိမ့်မယ်” ဟု The Elders အဖွဲ့ဝင် မာတီအာတီဆာရီက ပြောသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အနေဖြင့် အရပ်သား အုပ်ချုပ်မှုအတွက် လမ်းဖွင့်ပေးကာ နိုင်ငံသားများ ပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ဆီ
အရောက်လှမ်းရန် အားထုတ်လုပ်ဆောင်မှုများ ဆက်လုပ်ရမည် ဆိုသည်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် ဥာဏ်အမြော်အမြင် ကြီးကြသည်ဟုလည်း The Elders အဖွဲ့ဝင် ဟီနာဂျီလာနီက မှတ်ချက်ပြုပြောကြားခဲ့သည်။

The Elders အဖွဲ့၏ ယခုခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၊
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခဲ့သည်။

ကာ/ချုပ် မင်းအောင်လှိုင်နှင့် The Elders အဖွဲ့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ဖြေရှင်းရန် ခက်ခဲသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများ အပေါ်
သိရှိနားလည်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရာတွင်လည်း Federal Union Army ဆိုသည်မှာ နိုင်ငံတကာတွင်
မရှိပါကြောင်းနှင့် သူတစ်လူငါတစ်မင်း လုပ်၍ မရသည်ကိုလည်း ရှင်းပြပါကြောင်း ၊ အပစ်အခတ်ရပ်စဲရေးအတွက် တပ်မတော်၏
ကြိုးပမ်းမှုများကိုလည်း သိရှိနားလည်ပါကြောင်း The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဂရိုဟာလမ်ဘရန့်တ်လန်းက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြခဲ့သည်။

The Elders အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်တွင် စစ်မှန်၍ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်နိုင်မည့်
အလားအလာ ကောင်းများအတွက် အားတက်ခဲ့ကြောင်း၊ နောက်နှစ် ရွေးကောက်ပွဲများအတွင်း ၎င်းတို့၏ အဓိကကျသည့် အခန်းကဏ္ဍကို
ထမ်းဆောင်နိုင်ရန်အတွက် လွတ်လပ်မှုကို ရယူကျင့်သုံးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို
ခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

The Elder အဖွဲ့သည် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ အခရာကျသည့် သူများအကြား မတူညီသော နောက်ခံအခြေအနေများ၌ နိုင်ငံတော်အဆင့် ဆွေးနွေးပြောဆိုမှုများ၏ အကျိုးကျေးဇူးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၏ အရေးပါမှုတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယခု မြန်မာနိုင်ငံ လာရောက်လည်ပတ်သည့် The Elders ကိုယ်စားလှယ်အဖွဲ့ကို ဂရိုဟာလမ် ဘရန့်တ်လန်းက (ယခင် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ) က ဦးဆောင်ပြီး မာတီအာတီဆာရီ (ဖင်လန်နိုင်ငံ သမ္မတဟောင်း)၊ လက်ခ်ဒါ ဗရာဟီမီ (အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ်) နှင့် ဟီနာဂျီလာနီ (ပါကစ္စတန် တရားလွှတ် တော်ချုပ် ရှေ့နေနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ)တို့ ပါဝင်သည်။  ယခုခရီးစဉ်သည် ၁၅ လအတွင်း The Elders အဖွဲ့၏ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ စက်တင်ဘာနှင့် ၂၀၁၄ မတ်လတို့တွင် လာရောက်ခဲ့ဖူးသည်။

Mizzima - News in Burmese 

The Elders (ရပ်မိရပ်လူကြီးများ အဖွဲ့စည်း) ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
The Elders (ရပ်မိရပ်လူကြီးများအဖွဲ့စည်း)၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိ အခွင့်အလမ်းကို ဖမ်းဆုပ်ကြပါ ဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက် နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။

တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော

Photo: တပ်မတော်က ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း ကာချုပ်ပြော
Friday, December 19, 2014

ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုက ရေစီ သက်တမ်းအရ နိုင်ငံရေး လို အပ်ချက်များ၊ ခိုင်မာသည့် ဒီမို ကရေစီလမ်းကြောင်းသို့ ရောက် ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မ တော်အနေဖြင့် အပစ်အခတ်ရပ် စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးရ ရန် မှန်မှန်ကန်ကန် လုပ်ဆောင် နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက်က ကမ္ဘာ့ ရပ်မိရပ်ဖများအဖွဲ့ (The Elders) နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ် မတော်က တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး တိုင်းရင်းသားအား လုံး စုစုစည်းစည်းဖြင့် ဖွံ့ဖြိုးတိုး တက်အောင် ရည်ရွယ်ကြိုးစားနေ ပြီး ဒီမိုကရေစီသက်တမ်းအရ နိုင်ငံရေးလိုအပ်ချက်များကို လွှတ် တော်တွင် ဥပဒေနှင့်အညီ တင်ပြ ဆောင်ရွက်နိုင်ကြောင်း ကာကွယ် ရေးဦးစီးချုပ်က ပြောကြားသည်။

ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က လည်း မြန်မာနိုင်ငံ၏ ခက်ခဲရှုပ် ထွေးသော စိန်ခေါ်မှုများကို နား လည်ပြီး တိုင်းရင်းသားလက်နက် ကိုင်များနှင့် တွေ့ဆုံရာတွင် ဖက် ဒရယ်ပြည်ထောင်စု တပ်မတော် နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း ယင်းအဖွဲ့မှ နော်ဝေး၀န်ကြီးချုပ် ဟောင်း ဒေါက်တာ ဟာလမ်ဘ ရန်ထ်လန်က ပြောကြားခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြ ထားသည်။

မစ္စတာဟာလမ်ဘရန်ထ် လန်က ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ နိုင်ငံတကာတွင် လည်း မရှိဘဲ သူတစ်လူ ငါတစ် မင်းလုပ်၍ မရဟု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ရှင်းပြခဲ့သည်ဟု အဆိုပါ ထုတ်ပြန် ချက်က ဆိုသည်။ ထို့ပြင် အပစ် အခတ်ရပ်စဲရေးအတွက် တပ်မ တော်၏ ကြိုးပမ်းမှုများကို သိနား လည်ကြောင်းလည်း ၎င်းက ပြော ကြားခဲ့သည်။

The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ မလာရောက်မီ ဒီဇင်ဘာ ၁၅ ရက်က ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

UNFC နှင့် နီးစပ်သည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်(FUA) ဖွဲ့စည်းရေးကို အစဉ်တစိုက် တောင်းဆိုထား သည်။

‘‘ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မှတော့ ဖက်ဒရယ်တပ်မတော် ဆိုတာလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တောင်းဆိုနေရ ခြင်းဖြစ်ပါတယ်’’ဟု UNFC ဒုတိ ယဥက္ကဋ္ဌ (၁) နိုင်ဟံသာကဆို သည်။

တပ်မတော်ဘက်က မူလ လက်ရှိမြန်မာ့တပ်မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင် သည့် ပြည်ထောင်စုတပ်မတော် ဖြစ်ကြောင်း အတိအလင်းပြော ကြားထားသည်။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်(UWSA) အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မ တော်(FUA)သည် လက်တွေ့ မကျသောကြောင့် လက်မခံနိုင် ကြောင်း ပြောကြားထားခဲ့ပြီး သဘောထားကွဲလွဲမှုများ ရှိနေ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် FUA ကို UNFC၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဖွဲ့စည်းထားပြီး ဦးစီးချုပ်မှာ ဗိုလ်ချုပ်ဘီထူးဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း FUA ကိစ္စမှာ အဓိက အခက်အခဲဖြစ်နေခဲ့သည်။

‘‘နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးပါ့မယ်လို့ပြော ထားတာကို အတင်းလုပ်နေတော့ အဟန့်အတားဖြစ်နေတာ’’ဟု တပ်မတော်အပြင် တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ် နှင့် မတွေ့ မီ ဒီဇင်ဘာ ၁၃ ရက်ကထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး များအဖွဲ့ချုပ်နှင့် တွေ့ဆုံစဉ်က မြန်မာ့နိုင်ငံရေး ရှေ့မတိုးခြင်းမှာ တပ်မတော်က နိုင်ငံရေးတွင် ကြီးစိုးနေဆဲဖြစ်ခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တပ်မတော်ကတိုင်းရင်းသား အမျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ ကျူးလွန်နေခြင်းရှိနေ ကြောင်း ကိုလည်း မြန်မာအမျိုးသ မီးများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ထုတ်ဖော် ဆွေးနွေးခဲ့သည်။

သို့သော် တပ်မတော်သည် လက်ရှိ မြန်မာနိုင်ငံတွင် အားအ ကောင်းဆုံး အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုရန် လိုပြီး တပ်မတော်၏ လိုအပ်ချက်များကို အပြုသဘောဆောင်ကာ ထောက် ပြပေးရန်လည်း လိုကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က WLB ၏ တင်ပြချက်များအပေါ် ပြန် လည်တိုက်တွန်းခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့တို့ တွေ့ဆုံ မှုတွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအပါအ၀င် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ တပ်မ တော်၏ အခန်းကဏ္ဍနှင့် တိုင်း ရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းရရှိ သည်။ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့သည် မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာ ရောက်ခြင်းမှာ သုံးကြိမ်မြောက် ရှိပြီဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၌ သ တင်းစာရှင်းလင်းပွဲတစ်ရပ် ပြု လုပ်ခဲ့သည်။

7Day  DAILY 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ−မြ၀တီ)
ရန်ကုန်-မြန်မာနိုင်ငံတွင် ဒီမိုကရေစီ သက်တမ်းအရ နိုင်ငံရေး လိုအပ်ချက်များ၊ ခိုင်မာသည့် ဒီမိုကရေစီ လမ်းကြောင်းသို့ ရောက်ရှိရန် စိန်ခေါ်မှုများရှိနေပြီး တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးရရန် မှန်မှန်ကန်ကန်လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု

Photo: ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု
Friday, December 19, 2014

ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

“ယူကရိန်း လွတ်မြောက်ရေး အားပေးမှု ဥပဒေ ၂၀၁၄” ကို လက်မှတ်ရေးထိုး လိုက်တဲ့ သမ္မတ အိုဘားမားက အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒမှာ အပြောင်းအလဲ တစုံတရာ မရှိပါဘူးလို့ ကြာသပတေးနေ့ မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အစီအစဉ်မရှိသေးပေမယ့် ဒီဥပဒေအရလိုအပ်ရင် အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုး လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။

ဒီဥပဒေအရ ယူကရိန်းကို ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားသိမ်းပိုက်ခဲ့တာနဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးပေးနေတာနဲ့ ပါတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒဏ်ခတ် အရေးယူမှုတွေ ထပ်တိုးလုပ်နိုင်မှာ လည်းဖြစ်ပါတယ်။ဒါ့အပြင် သံချပ်ကာ ကား ပစ်တဲ့လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ထောက်လှန်းရေး drone တွေ အပါအဝင် လူသေစေနိုင်တဲ့ စစ်ရေးအထောက်အပံ့တွေနဲ့ တခြား စစ်ရေး အထောက်အပံ့တွေ အတွက်ပါ ဒေါ်လာသန်း ၃၅၀ ဖိုး ယူကရိန်း အစိုးရကို ထောက်ပံ့ဖို့လည်း ပါဝင်ပါတယ်။

ယူကရိန်းနဲ့ သက်ဆိုင်တဲ့ ရုရှားရဲ့လုပ်ရပ်နဲ့ ပါတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ နဲ့ သေချာ ဆွေးနွေး တိုင်ပင်ပြီး လက်ရှိ ယူကရိန်းရဲ့ အနေထားနဲ့ ကိုက်ညီအောင် သေသေချာချာ ချမှတ်ရေးဆွဲထားတာ လို့လည်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှု သင်တန်းပေးရန်စီစဉ်

ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်းကို သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား လေ့ကျင့် သင်ကြားပေးရန် စီစဉ်နေကြောင်းသတင်းရရှိသည်။

ဂေါက်ရောဂါနှင့် ချယ်ရီသီး

Photo: ဂေါက်ရောဂါနှင့် ချယ်ရီသီး
Friday, December 19, 2014

ခြေချောင်းအဆစ်အမြစ် နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝနည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေနဲ့ ကုသတာအပြင်ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ဂေါက်ရောဂါသက်သာအောင်လို့ ချယ်ရီသီးတွေက ကူညီပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ချယ်ရီသီးကို စားပေးတာပဲ ဖြစ်ဖြစ်၊ ဖျော်ရည်သောက်တာပဲဖြစ်ဖြစ် အဆစ်အမြစ် နာကျင်သက်သာဖို့ ထောက်ကူပေးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ချယ်ရီသီးကို နေ့စဉ် ၁၃ လုံးမှ အလုံး၂၀ အထိ စားပေးသင့်တယ်လို့ဆိုပါတယ်။

ချယ်ရီသီးမှာ သဘာဝဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် သွေးတွင်းယူရစ် အက်စစ်ပမာဏများတာကို လျှော့ချပေးနိုင်တယ်။ ဂေါက်ရောဂါရဲ့ လက္ခဏာတွေစပြပြီဆိုတာနဲ့ ချယ်ရီသီးစားပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အပူအအေးမျှတဖို့ လိုတာကြောင့် နေ့စဉ် နေ့တိုင်း ရေများများ သောက်ပေး ရမှာပါ။

သဘာဝချယ်ရီသီး ဖျော်ရည်ကို ကိုယ်တိုင်ဖျော် သောက်နိုင် ဖို့အတွက် လတ်လတ်ဆတ်ဆတ် ချယ်ရီသီးတစ်ပေါင်၊ သဘာဝပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရေအနည်းငယ်လိုအပ်ပြီး ဆိုဒါရည်တို့၊ သံပရိုရည်တို့ ထည့်ချင်လည်း ထည့်နိုင်ပါတယ်။

ချယ်ရီသီးတွေကို အစေ့ဖယ်ကြိတ်ခြေပြီး ပျားရည်နဲ့ ရောကာဒယ်ပြားတစ်ခုထဲမှာ ကျိုချက်ပါ။ အနှစ်ရလာပြီဆိုရင် မီးဖိုကချ၊ ဒယ်အိုးအဖုံးပိတ်ပြီး ၂ နာရီလောက် ထားရပါမယ်။ ပြီးရင်ရေအနည်းငယ်ထည့်ပြီး ပွက်လာ၊ပျစ်လာတာနဲ့ ပုလင်းထဲထည့်သိမ်းထားနိုင်ပါပြီ။ ချယ်ရီသီးအနှစ်ရည်ကို ကြက်ဥမုန့်(ပန်ကိတ်) ပေါ်မှာ သုတ်ပြီး စားနိုင်သလို ဖျော်ရည်လုပ်မယ်ဆိုရင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။

7Day DAILY
ခြေချောင်းအဆစ်အမြစ် နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝ နည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး

Photo: အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာ မသန်စွမ်းသူများက အခွင့်အရေး အဆုံးရှုံးဆုံး
Friday, December 19, 2014

အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာများကို ပြောသည်။

"အာဆီယံနိုင်ငံ ၁၀ ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင်မတူဘူး၊ ကျွန်တော်တို့နိုင်ငံ အနေနဲ့ တော်တော်လိုက်ရမယ်။ လာအို၊ ကမ္ဘောဒီးယားတို့ ဆိုရင်လည်း မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက ကျွန်တော်တို့ထက်သာတယ်၊ မသန်စွမ်းနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမားရေး ဘယ်အပိုင်းပဲ ပြောပြော အဘက်ဘက်က အားနည်းနေသေးတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံရှိ မသန်စွမ်းသူများသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ အာဆီယံနိုင်ငံများနှင့် ယှဉ်လျင် အနိမ့်ဆုံးရောက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအတွက်ကြောင့် ဒီဇင်ဘာ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာ ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ မသန်စွမ်းဖိုရမ်၌ အာဆီယံ မသန်စွမ်းသူများ၏ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေးကောက်ပွဲ နှင့် နိုင်ငံရေးဖြစ်စဉ်များ၌ ပါဝင်ခွင့်၊ ပြည်သူ့ရေးရာမှုဝါဒများ၊ ပဋိပက္ခဖြစ်စဉ်အတွင်း မသန်စွမ်း ဖြစ်သွားရသူများ၏ အခွင့်အရေး၊ မသန်စွမ်း အမျိုးသမီးများ၏ အခန်းဂဏ္ဍ၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများအပြင် ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ စသည့် အချက်များကို အာဆီယံ ၁၀နိုင်ငံမှ မသန်စွမ်းခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။
 
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအတွက် ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရန် ရှိနေသည်။

အာဆီယံ မသန်စွမ်းသူများဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အချက်များကို အာဆီယံထိပ်သီးအစည်းအဝေးပွဲ အပါအဝင် မသန်စွမ်းသူများနှင့် ပတ်သက်၍ မူဝါဒများချမှတ်ရာ၌ အသုံးပြုသွားမည်ဟု အာဆီယံ မသန်စွမ်းဖိုရမ်ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ပြောသည်။

အာဆီယံတွင် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီပွားရေး မဏ္ဍိုင်နှင့် လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်ကြီး (၃)ခု၌ မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင် ထားခဲ့သည် မှာမသန်စွမ်းသူတွေကို ခွဲခြားထားခြင်းဖြစ်သည်ဟု၎င်း ကဆိုသည်။

မသန်စွမ်းသူများကို ခွဲခြားမှု ဆိုရာ၌ အာဆီယံတွင်လည်း နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု မဏ္ဍိုင်ဟူသည့် မဏ္ဍိုင်သုံးရပ်တွင် မသန်စွမ်းသူများကို ယဉ်ကျေးမှု မဏ္ဍိုင်အောက်တွင်သာ ထားရှိခြင်းသည် ခွဲခြားရာ ရောက်နေပြီး မသန်စွမ်းသူများအား နိုင်ငံရေး၊ စီးပွားရေးမဏ္ဍိုင်များတွင် ပါဝင်ခွင့် မရှိသည့် သဘော သက်ရောက်နေသည်။ ယင်းအချက်များကို အာဆီယံ မသန်စွမ်းဖိုရမ်၌ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့ကို မဏ္ဍိုင်တိုင်းနဲ့ဆိုင်တယ်။ ထည့်စဉ်းစားဖို့လိုတယ်။ မူဝါဒ ပြဋ္ဌာန်းတိုင်းမှာလည်း ဒါကိုတောင်းဆိုမယ်"ဟု ဦးနေလင်းစိုးက ဆိုသည်။

အာဆီယံ မသန်စွမ်း ဖိုရမ်ကို မြန်မာနိုင်ငံတွင် (၄)ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီယား၊ ထိုင်းနိုင်ငံတို့တွင် ကျင်းပခဲ့သည်။ လာမည့် ၂၀၁၅ခုနှစ်တွင်မူ မလေးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အာဆီယံ မသန်စွမ်းသူများ ဖိုရမ် မြန်မာကို ဒီဇင်ဘာလ ၁၇ ရက် နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် စတင်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) 
အာဆီယံ ၁၀ နိုင်ငံရှိ မသန်စွမ်းသူများ အခွင့်အရေးရရှိမှုတွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့် အရေး ရရှိမှုသည် အနိမ့်ဆုံးအဆင့်တွင်ရှိသည်ဟု အာဆီယံ မသန်စွမ်းဖိုရမ် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးနေလင်းစိုးက ဒီဇင်ဘာ ၁၈ ရက်က အာဆီယံ မသန်စွမ်းဖိုရမ်အပြီးတွင် ဆီဒိုးနားဟိုတယ်၌ မီဒီယာ များကို ပြောသည်။

အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်

Photo: အနိမ့်ဆုံးလုပ်ခလစာ စစ်တမ်းကို ၂ လအတွင်း အပြီးကောက်ရန် ဆုံးဖြတ်
Friday, December 19, 2014

မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လအတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ်လိုက်တယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီရဲ့ ပဉ္စမအကြိမ်အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့အတူ ကော်မတီဝင်တွေ သဘောတူကြတာလို့ ကော်မတီရဲ့ အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ပြောပါတယ်။

“စစ်တမ်းကို နှစ်လအတွင်း ပြီးအောင်ကောက်ပါဆိုပြီးတော့ ၀န်ကြီး ဦးအေးမြင့်က ပြောသွား တယ်။ နောက်ထပ်ပြောတာက စစ်တမ်းကောက်တာ ကောက်တဲ့ အပြင် ပြည်နယ်နဲ့တိုင်းမှာ ရှိတဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်တွေကိုလည်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေ က တွေ့ဆုံပြီးတော့မှ နှုန်းထားတခု ရအောင် တောင်းပေးဖို့ပေါ့ဗျာ။ စစ်တမ်းကောက်တာလည်း အမျိုးသားကော်မတီကို တက်လာမယ်။ ပြည်နယ်နဲ့တိုင်းက တင်တဲ့ကိစ္စတွေလည်း တက်လာမယ်။ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူနိုင်တဲ့ နှုန်းထားမျိုးတွေလည်း တက်လာမယ်ပေါ့။ နောက်တခုက ကုန်ဈေးနှုန်းစစ်တမ်းတွေ အဖွဲ့အသီးသီးက လုပ်ထားတာရှိတယ်။ အဲဒီ သုံးဖွဲ့ကို ကြည့်ပြီးတော့မှ ကော်မတီက အနိမ့်ဆုံးလုပ်ခလစာနှုန်းထားတခုကို စဉ်းစားမယ်ပေါ့ဗျာ။ စစ်တမ်းကောက်မယ့် ၂ လအတွင်း ဆိုတာကတော့ မနက်ဖြန် (ဒီဇင်ဘာ ၁၉) က စပြီးရေတွက်မှာပေါ့” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာအတွက် နိုင်ငံတ၀န်း မြို့နယ် ၁၀၈ မြို့နယ်မှာ စစ်တမ်းကောက်ဖို့ လွန်ခဲ့တဲ့ ခြောက်လခန့်ကတည်းက ဆုံးဖြတ်ချက်ကျပြီးဖြစ်ပြီး အခု ဒီဇင်ဘာလမှာ ထုတ်ပြန်နိုင်ဖို့ လျာထားပေမယ့် ဘတ်ဂျက်နဲ့ပတ်သက်တဲ့အခက်အခဲကြောင့် စစ်တမ်းကောက်ယူနိုင်ခြင်းမရှိ ဖြစ်နေတာပါ။

ဒီကနေ့ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ဘတ်ဂျက်ပြဿ နာကို သူဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့တာကြောင့် အခြေအတင်မဆွေးနွေးဖြစ်တော့ဘဲ ပြေလည်သွားတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူရာမှာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရပိုင်းသာ မကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပါဝင်ဆောင်ရွက်ကြစေဖို့ ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြတာကြောင့် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဝန်ကြီးဌာနတွေ တွေ့ဆုံပွဲမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခသတ်မှတ်ချက် ထုတ်ပြန်ပေးမယ့်အချိန်ကို တာဝန်ရှိရှိလုပ်ဆောင်ကြဖို့ ဖိအားပေးပြောဆိုခဲ့ပါသေးတယ်။

ဒီကနေ့ ဆွေးနွေးရာမှာ အလုပ်ရှင်ကိုယ်စားလှယ် UMFCCI (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အနိမ့်ဆုံးလုပ်စာနဲ့ ပတ်သက်လို့ ဆွေးနွေးချက်ကို ဦးနော်အောင်က ခုလို ပြောပါတယ်။

“အလုပ်ရှင်ကိုယ်စားလှယ်ဘက်ကလည်း အနိမ့်ဆုံးလုပ်အားခကို အမြန်ဆုံးပေါ်ထွက်စေချင်တာပေါ့။ နိုင်ငံတကာမှာ စံနှုန်းတွေက အများကြီးရှိတယ်။ သတ်မှတ်မယ်ဆိုရင် အချက်အလက်တွေ စုံစုံလင်လင်လုပ်ဖို့ လိုတယ်လို့ ဆွေးနွေးတယ်။ ဒေါ်ခိုင်ခိုင်နွယ်ဆွေးနွေးတာ နောက်တခုက အနိမ့်ဆုံးလုပ်ခ လစာဆိုတာ No Skill ကျွမ်းကျင်မှုလည်း မလိုဘူး၊ ဘာမှ သိစရာမလိုဘူး။ အဲဒီလူတွေကို ပေးတဲ့လစာဖြစ်တယ်ပေါ့ဗျာ၊ ဘယ်လိုလည်းဆိုတော့ အနိမ့်ဆုံးတခုကို သတ်မှတ်ပြီးတော့ ကျန်တဲ့ဟာက ကျွမ်းကျင်မှုအလိုက်ပေါ့ဗျာ၊ လုပ်ငန်းကဏ္ဍအလိုက် သပ်သပ်ထပ်ဆွေးနွေးပေါ့ဗျာ။ အဲဒါကို အသားပေးပြီး ဆွေးနွေးသွားတယ်။”

အလုပ်သမားကိုယ်စားလှယ်တဦးအနေနဲ့ သူ့ဆွေးနွေးချက်ကတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကို အမြန်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တင်ပြတာကတော့ ၂၀၁၅ မှာ အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးဖို့ရှိတယ်၊ ခံစားခွင့်တိုးဖို့ရှိတယ်။ အဲဒီဟာကြီးမထွက်လာခင် ဒါကို အမြန်ဆုံးသတ်မှတ်ဖို့တော့ လိုအပ်တယ်လို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် စိမ်ခေါ်မှုအသစ်တရပ်လည်းဖြစ်တော့ အမျိုးသားကော်မတီမှာပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေက ဒါကို တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ လုပ်သွားဖို့ လိုအပ်တယ်လို့ ကျနော် ဆွေးနွေးခဲ့ပါတယ်။”

စစ်တမ်း survey ကို မြို့နယ်ပေါင်း ၁၀၈ မြို့နယ်မှာ ကောက်ယူနိုင်ဖို့အတွက် မြို့နယ်အတော်များများမှာ ဖွဲ့စည်းထားရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူမယ့်အဖွဲ့မှာ သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အလုပ်သမားဝန်ကြီးဌာန၊ စာရင်းစစ်ရုံး၊ လူမှုဖူလုံရေးဌာန၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်မယ်လို့ ဦးဇော်နောင်က ရှင်းပြပါတယ်။

လက်ရှိမှာ နိုင်ငံတော်သမ္မတ ရဲ့ လစာဟာ သိန်းငါးဆယ်။ ဒုတိယသမ္မတတွေရဲ့ လစာငွေဟာ ကျပ်သိန်းလေးဆယ်ဖြစ်ပါတယ်။ ဒီနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို လစာငွေ သုံးသိန်းအစား ၁၀ သိန်းခံစားဖို့ တိုးမြှင့်ခဲ့သလို တရက်စာနေ့တွက်ခကိုတော့ ကျပ် ၂ သောင်း ရရှိခံစားဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် မြန်မာပြည်သား သန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်နေကြပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အနိမ့်ဆုံးတရက်လုပ်အားခအဖြစ် မြန်မာကျပ်ငွေ ကိုးထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ သုံးရာသတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

DVB 

လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတခုတွင်ရသည့် အထည်ချုပ် အလုပ်သမားများ (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံမှာ အလုပ်သမား အနိမ့်ဆုံးလုပ်ခစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုကို နှစ်လ အတွင်း အပြီးဆောင်ရွက်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီက ဆုံးဖြတ် လိုက်တယ်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

Photo: Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းပြန်ထုတ်ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး
Friday, December 19, 2014

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်းသိရသည်။

“ကျွန်တော်တို့လည်း ဦးကျော်မြင့်ကို ဖမ်းဆီးရမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ဦးကျော်မြင့်ကို အာမခံပေးတဲ့ လူနှစ်ယောက်ကိုတော့ တရားရုံးကပဲ ကိုင်တွယ်ဖြေရှင်းမှာပါ” ဟု ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ၁ဝဝ×၆ဝ ပေ ပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး......နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီလေးခန်းတွဲ ၁၂ ထပ်ခွဲ တိုက်အား နှစ်နှစ်အတွင်းဆောက်လုပ်ပေးရန် စာချုပ်ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။ သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်းမဟုတ်ဘဲ ဦးကျော်မြင့်က ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ်အတုများဖြင့် စည်ပင်မှခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်အတွက် စက်တင်ဘာ ၉ ရက်တွင် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ ၄၂ဝ/၄၆၈ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အမှုဖွင့်ခံရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို နိုဝင်ဘာ ၁ဝ ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဝရမ်းထုတ်ပြီး ၁၄ ရက်အကြာတွင် ကျောက်တံတားရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကာ ယခုအကြိမ် ဖမ်းဝရမ်းထုတ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

“အာမခံပေးထားတဲ့သူက တရားရုံးက ချိန်းဆိုတဲ့ ရုံးချိန်းကို လာကိုလာရမှာပါ။ ခုမလာလို့ ဖမ်းဝရမ်းထုတ်တယ်။ ပြီးတော့ ဦးကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေတာ မှန်ကန်ရင် တရားရုံးအနေနဲ့ သူ့ကို ကျပ်သိန်း တစ်ထောင်နဲ့ အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက ဆင့်ခေါ်လိမ့်မယ်။ ပြီးရင် အာမခံပေးတဲ့လူနှစ်ဦးကို တရားရုံးက လျော်ကြေးတောင်းပိုင်ခွင့် ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ဆိုသည်။

ယင်းအပြင် အမှုရင်ဆိုင်နေရသော ၎င်းမြေပေါ်ရှိ အဆောက်အအုံတွင် ရခိုင်ပြည်နယ်နေ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦး----က ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းနှစ်ခန်းကို ကျပ် သိန်း ၃၄ဝဝ ဖြင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီထံမှ ဝယ်ယူထားပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဝယ်ယူထားသူထံ အခန်းအပ်ရန် သတ်မှတ်ထားခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ ယင်းတိုက်ခန်းကို အခြားသူတစ်ဦးထံသို့ ရောင်းလိုက်ကြောင်း ပြောကြားခဲ့သောကြောင့် တိုက်ခန်းဝယ်ယူထားသူ ဦး---က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ဗိုလ်တထောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကလည်း “ဒီဘက်မှာလည်း ဦးကျော်မြင့်ကို အာမခံပေးလို့မရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာကြောင့် သူ့ကိုကျွန်တော်တို့လည်း အလိုရှိနေပါတယ်။ သူ့ကိုဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲပါပဲ။ ကျောက်တံတားရဲစခန်းဘက်ကလည်း ဖမ်းမိရင် ကျွန်တော်တို့ဘက်ကို ဆက်သွယ်မှာပါ” ဟု ဆိုသည်။

လက်ရှိတွင် Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Eleven Media Group 

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် အာမခံရပြီးနောက် တရားရုံးမှ ပြန်လည်ထွက်ခွာလာသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ်
Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ကျောက်တံတားတရားရုံးမှ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရုံးချိန်းလာရောက်ခြင်းမရှိသောကြောင့် ဖမ်းဝရမ်း ပြန်လည်ထုတ်ခဲ့သော်လည်း ဖမ်း ဆီးရမိခြင်း မရှိသေးကြောင်း ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျောက်တံတားမြို့နယ်ရဲစခန်း မှ စုံစမ်း သိရသည်။

ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော

Photo: ထိုင်းနိုင်ငံသည် အာဆီယံ မူးယစ်ကုန်သွယ်မှု၏ အချက်အခြာဒေသ ဖြစ်လာဟု တရားရေး ၀န်ကြီးပြော
Friday, December 19, 2014

ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

နိုင်ငံရှိ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ ရုံး ONSB နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရို NSB တို့၏ ထုတ်ပြန်ချက်များ အရ နိုင်ငံသား ၁ ဒသမ ၃ သန်း သို့မဟုတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် မူးယစ်ဆေးစွဲနေသူများဖြစ်ကြသည်ဟု ၎င်းကပြောသည်။ ၎င်းတို့ထဲမှ ၂၅၀,၀၀၀ ကို စွဲချက်တင်ပြီး ထောင်ဒဏ်ချမှတ်ထား ခဲ့သော်လည်း အခြားဆေးစွဲသူ တစ်သန်းခန့်သည် ဆေးကုသမှု ခံယူမှု သို့မဟုတ် ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိဟု သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သူ အချို့သည်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ဆေးဝါး သုံးစွဲနေမြဲပင်ဖြစ်သည်။

ထိုင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံများတွင် မူးယစ်ဆေးစွဲမှုများကို ငယ်ရွယ်သည့် လူငယ်ပိုင်းတွင်သာ အများဆုံး တွေ့နေရသည်ဟု ၎င်းကပြောသည်။ တရုတ် နိုင်ငံတွင်လည်း အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်များသည်ပင် မူးယစ်ဆေးစွဲ နေသည်ကို တွေ့ရှိနေရသည်။

မူးယစ်ဆေးစွဲမှုများမှ ပြုပြင်မရသူ ဦးရေ များပြားလာခြင်းကြောင့် ဆေးစွဲသူများအတွက် ကုသမှု နည်းလမ်းများကို ပြန်လည် ပြောင်းလဲရန် ပိုင်ဘွန်က ONBC နှင့် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ ထို့ပြင် လက်ရှိ အသုံးပြုနေသည့် မူးယစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများကိုလည်း ပြန်လည် စစ်ဆေးရန် ၎င်းက ညွှန်ကြားထားသည်။

“ခုချိန်ကစပြီးတော့ မူးယစ်မှုတွေနဲ့ တစ်နေ့ တစ်နေ့ လူတွေ ဘယ်လောက် အဖမ်းခံနေရလဲဆိုတဲ့ ထုတ်ပြန်ချက်တွေကို ကျွန်တော် အလေးထား စောင့်ကြည့်သွားပါတော့မယ်၊ အဓိကကျတဲ့ မူးယစ် ကုန်သည်တွေ တစ်နှစ်ကို ဘယ်နှစ်ဦးတောင် အဖမ်းခံနေရတယ်ဆိုတာနဲ့ အဲဒီလို ဖမ်းဆီးမှုတွေက မူးယစ်ကုန်သွယ်မှုတွေကို ဘယ်အတိုင်းအတာထိ ကျဆင်းစေမလဲဆိုတာကို ကျွန်တော် အလေးထား စောင့်ကြည့် သွားမှာပါ” ဟု ပိုင်ဘွန်ကပြောကြားသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စောင့်ကျပ်နေသည့် ထိုင်းရဲတစ်ဦး
ထိုင်းနိုင်ငံသည် အာဆီယံဒေသ မူးယစ်ကုန်သွယ်မှုတွင် အဓိကအချက်အချာ ဒေသဖြစ်လာပြီး နိုင်ငံတွင် တရားမ၀င် မူးယစ်ကုန်သွယ်မှု တိုးပွားမှုနှုန်း အမြင့်ဆုံးဖြစ်နေသည်ဟု ထိုင်းတရားရေးဝန်ကြီး ပိုင်ဘွန် ခွန်ချာယာက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။

သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်

Photo: သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်
Friday, December 19, 2014

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၄ခုနှစ်ထဲမှာ သတင်းသမားတွေကို ထောင်အချဆုံး နိုင်ငံများ စာရင်းကို ပြုစုခဲ့တဲ့ CPJ က မြန်မာနိုင်ငံကို အဆင့် ၈မှာ ထည့်ထားတာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သားတပိုင်း အစိုးရအဖြစ် ပြောင်းလဲပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပေမဲ့ သတင်းသမားတွေကို ဖမ်းဆီးမှု ကတော့ ပြောင်းလဲ မသွားဘူးလို့ CPJ အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ -Bob Dietz က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ပြန်ပြီး တိုး-လုပ်လာနေတဲ့ နိုင်ငံဖြစ်နေတာတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက စပြီး သတင်းသမားတွေကို ပြန် ဖမ်းဆီးထောင်ချမှု လုပ်လာတာဖြစ်ပြီ အခုထိ အနည်းဆုံး ၁၀ ဦးလောက် ရှိနေပါတယ်။ အဲ့ဒီသတင်းသမားတွေ အားလုံးကို အစိုးရ ဆန့်ကျင်မှုနဲ့ ထောင်ချခဲ့တာပါ။ ဇူလိုင် လတုန်းက ယူနတီဂျာနယ်က သတင်းသမား ၅ ယောက်ကို ထောင် ၁၀ နှစ် ချခဲ့တာဟာ နိုင်ငံတော် လျို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဖြစ်ပြီး ဒီဥပဒေဟာ အရင် ကိုလိုနီခေတ် ၁၉၂၃ ခုနှစ် တုန်းက ဥပဒေဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရက ဒီဥပဒေမျိုးကိုပြုပြင်ပြောင်းလဲဖို့ မကြိုးစားတာဟာ သတင်းသမားတွေ ကိုလိုတဲ့ အချိန် ထောင်ထဲ ပြန် ထည့်နိုင်အောင်လုပ်ထားတာမျိုးလို့ ကျွန်တော်တို့ မြင်ပါတယ်။"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်နေချိန်မှာ သတင်းသမားတွေဟာ ဒီမိုကရေစီလူ့ဘောင်အသိုင်းအဝိုင်းအတွက် လိုအပ်တဲ့ ကဏ္ဍတခုလို့ အာဏာပိုင်တွေဘက်က ယုံကြည်မှု မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။

"အစိုးရက ကိုလိုနီခေတ်က ဥပဒေတွေကို ဆက်သုံးနေတာဟာ သူတို့မှာ သတင်းသမားတွေ အပေါ် ဆန့်ကျင်တဲ့ အမြင်မျိုး ရှိနေလို့ပါ။ အစိုးရဟာ သတင်းမီဒီယာတွေ အပေါ် လိုလားတဲ့ သဘော မရှိတဲ့အတွက် သတင်းသမားတွေကို အချိန်မရွေး ထောင်ထဲပြန် ဖမ်းထည့်ထားနိုင်တဲ့ ဒီဥပဒေတွေကို ပြောင်းလဲ ပစ်ဖို့မကြိုးစားသလို သတင်းမီဒီယာဆိုတာဟာ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်း အတွက် လိုအပ်တဲ့ ကဏ္ဍ တရပ်လို့ ယုံကြည်သတ်မှတ်ထားတာမျိုးလည်းမတွေ့ရပါဘူး။"

 စက်တင်ဘာလထဲမှာ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီး ဟာ မြန်မာစစ်တပ်က ဖမ်းဆီးထားစဉ်မှာပဲ အသတ်ခံ ခဲ့ရတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ တာမို့ လက်ရှိအစိုးရရဲ့ သတင်းမီဒီယာအပေါ်မှာ ထားတဲ့ အမြင်ကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာမျိုး လုပ်နေတာဟာ လက်ခံနိုင်စရာ မရှိဘူးပဲ ဒါဟာ အရင်အပြောင်းအလဲ မလုပ်ခင် အချိန်မျိုးကို ပြန်ပြီးသွားနေ တာလို့လည်း ပြောပါတယ်။

"မြန်မာနိုင်ငံဟာ သတင်းသမားတွေကို ထောင်ချမှုမှာ အဆိုးဆုံး အဖြစ်ကျော်ကြားခဲ့တာပါ။ အခု အရင် အတိုင်း ပြန်သွားနေတာတွေ့ရပါတယ်။ ဒီမိုကရေစီရေး အပြောင်းအလဲတွေ မလုပ်ခင်အချိန်တုန်းကလိုပဲ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာမို့ သတင်းသမားတွေအပေါ်မှာ အစိုးရရဲ့ သဘောထားနဲ့ လုပ်ဆောင်မှုတွေ ပြောင်းလာပြီ လို့တော့ ပြောလို့ မရသေးပါဘူး။"

သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး လုပ်ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ထိပ်တန်းဆယ်နိုင်ငံထဲမှာ အီရန်၊ အီရစ်ထရီယက်စ်၊ အီသီယိုပီးယား၊ အီဂျစ်၊ ဆီးရီးယားနဲ့ တူရကီနိုင်ငံတွေအပြင် အာရှတိုက်က ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ပါ ပါဝင်နေတာဖြစ်ပါတယ်။

VOA

မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄)
မြန်မာသတင်းထောက်များ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ။ (ဇန်နဝါရီ ၇၊ ၂၀၁၄) 
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက် ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ

Photo: တရားမ၀င် ပြည်ပ ငါးဖမ်းသင်္ဘော ၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဆိုမာလီလန်း တာဝန်ရှိသူများ ကြေငြာ
Friday, December 19, 2014

ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

ဒေသမှ ကမ်းခြေစောင့် တပ်ဖွဲ့များသည် အဆိုပါ ရေယာဉ်များပေါ်ရှိ အမှုထမ်း ၂၅၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု  အဆိုပါဒေသ မှ ရေတပ်ဗိုလ်ချုပ်ကြီး အာရှ်မက် အော်စမန် ကပြောကြားသည်။ ယခုကိစ္စသည် ဆိုမာလီလန် ကမ်းခြေစောင့်တပ်ဖွဲ့ ၏ အကြီးမားဆုံး ဖမ်းဆီးမှုပင်ဖြစ်သည်။ ယင်း၏ ကမ်းရိုးတန်းပြင်ပတွင် တရားမ၀င်ငါးဖမ်းမှုများနှင့် ပင်လယ်ဓားပြတိုက်မှုများမှ ကာကွယ်ရန် အနောက်နိုင်ငံ များက အဆိုပါ ဒေသ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကို လေ့ကျင့်မှုများပြုလုပ်ပေးထားသည်။

တရားမ၀င် ငါးဖမ်းမှုများသည်  ဆိုမာလီကမ်းရိုးတန်းတစ်လျောက်ရှိ ရေထွက် သယံဇာတများကို လျော့နည်းစေပြီး ပြည်ပမှ လှေ၊ သင်္ဘောများ၏ တရားမ၀င် ၀င်ရောက်ငါးဖမ်းမှုများကြောင့် ဒေသတွင်နေထိုင်သူ လူပေါင်းများစွာ၏ စားဝတ်နေရေးကို ထိခိုက်စေခဲ့သည်။ ယင်းတို့ထဲမှ အချို့သည် နောက်ပိုင်းတွင် ပင်လယ်ဓားပြများဖြစ်လာကြပြီးနောက် သင်္ဘောများကို တိုက်ခိုက်လုယက်ခဲ့ကြသည်။

အဆိုပါ ဒေသတွင် နိုင်ငံပေါင်းစုံပါဝင်သော ရေတပ်တစ်ခု တပ်ချထားခဲ့ပြီးနောက်ပိုင်း ပင်လယ်ဓားပြတိုက်မှုများမှာ လည်း လျော့နည်းလာ ခဲ့သည်။ ပြီးခဲ့သည့်လက အီးယူ ရေတပ် သည် ဆိုမာလီလန်း ကမ်းခြေစောင့်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးမှုများနှင့် လေ့ကျင့်မှုများ ပြု လုပ်ခဲ့သည်။

ဆိုမာလီလန်းဒေသသည် ၁၉၉၁ ခုနှစ်က ဆိုမာလီယာ နိုင်ငံထံမှ လွတ်လပ်ရေးကို တစ်ဘက်သက် ကြေညာခဲ့သော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ယင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားသည်။

Ref: BBC

ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီလန်း ကမ်းခြေစောင့် တပ်ဖွဲ့မှ တပ်သားများ
ဆိုမာလီယာ နိုင်ငံထံမှ တစ်ဘက်သတ် လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်း ဒေသ အာဏာပိုင်များက ၎င်းတို့ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော ယီမင် ငါးဖမ်းလှေ ၅၁ စီးနှင့် အီဂျစ် ငါးဖမ်းသင်္ဘော တစ်စီးကို ဖမ်းဆီးထား သည်ဟု ပြောကြားသည်။

အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

Photo: အိန္ဒိယနိုင်ငံက အကြီးဆုံးဒုံးပျံနှင့် လူထိန်းချုပ်စရာ မလိုသည့် အာကာသ ယာဉ်ကို အောင်မြင်စွာ လွှတ်တင်
Thursday, December 18, 2014

အိန္ဒိယနိုင်ငံသည် အာကာသ ယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာ မလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၆၃၀ တန်ရှိ အဆိုပါ GSLV MK III ဂြိုဟ်တုလွှတ်တင်ယာဉ်ကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက တောင်ပိုင်းပြည်နယ် အန်ဒရာ ပရာဒက်ရှ် ပြည်နယ် ဆရီဟာရီကိုတာ စခန်းမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒုံးပျံသစ်သည် ပိုမိုလေးလံသော ဂြိုလ်တုများကို အာကာသ ထဲသို့ သယ်ဆောင်သွားနိုင်မည်ဖြစ်သည်။

အိန္ဒိယသည် ပြီးခဲ့သည့်နှစ်များက ပေါ့ပါးသော ဂြိုလ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သော်လည်း ဂြိုလ်တု တွင် ပါရှိသော ပိုမိုလေးလံ သည့် ပစ္စည်းကိရိယာများကို သယ်ယူရာတွင် အခက်အခဲများရှိခဲ့သည်။ယခု ဒုံးပျံသစ်သည် ကီလိုဂရမ် ၄,၀၀၀ ရှိ ဆက်သွယ်ရေး ဂြိုလ်တုများ ကို သယ်ဆောင်နိုင်မည်ဖြစ်သည်ဟု သတင်းများကဖော်ပြသည်။

“GSLV MK III ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်မှုဟာ ကျွန်တော်တို့ သိပံ္မ ပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်” ဟု ဒုံးပျံ လွှတ်တင်ပြီးနောက် အိန္ဒိယ ၀န်ကြီးချုပ်နာရင်ဒရာမိုဒီက တွစ်တာမှတဆင့် ချီးကျူးပြောကြားသွားသည်။ အိန္ဒိယ အာကာသ နှင့် သုသေတန အဖွဲ့အစည်း Isro ၏ ဥက္ကဌ ကေ ရက်ဟာခရစ်နန်ကလည်း ယခု ဒုံးပျံသစ် လွှတ်တင်နိုင်မှုသည် နိုင်ငံ၏ အာကာသ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်သည်ဟု ပြောကြားသွားသည်။

ယခု ဒုံးပျံတွင် အာကာသယာဉ်မှူး နှစ်ဦး သို့မဟုတ် သုံးဦး ကို အာကာသတွင်းသို့ သယ်ဆောင်သွားနိုင်မည့် အိန္ဒိယနိုင်ငံလုပ် အာကာသ ယာဉ် တစ်ခု လည်း ပါဝင်သည်။ အဆိုပါ အာကာသာယာဉ် သည် အက်ဒမန် ပင်လယ်ပြင် အပြင်ဘက်ရှိ ဘင်္ဂလား ပင်လယ်အော် တွင်းသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့သည်ဟု Isro က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိသော အာကာသ ဈေးကွက်တွင် အဓိက ပါဝင်နေပြီး ဒုံးပျံ လွှတ်တင်မှုများစွာ ပြုလုပ်ထား သည်။ ပြီးခဲ့သည့် စက်တင်ဘာလက မားစ်ဂြိုလ် ပတ်လမ်းကြောင်းတွင်းသို့ ဂြိုဟ်တုတစ်ခုကို အောင်မြင်စွာ လွှတ်တင်ထားနိုင်ခဲ့သည်။

Ref: BBC
အိန္ဒိယနိုင်ငံသည် အာကာသယာဉ်မှူးများ လိုက်ပါနိုင်သည့် လူထိန်းချုပ်စရာမလိုသော အာကာသယာဉ် တစ်စင်းနှင့် ယင်း၏ အကြီးဆုံးသော ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ သောကြောင့် အာကာသ လေ့လာမှု နယ်ပယ်တွင် ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။