Tuesday 4 February 2014

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနှင့် သတင်းမီဒီယာ

ပြီးခဲ့တဲ့ ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား ရေးသားဖော်ပြခဲ့ပါတယ်။ 

ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အစားအသောက်များ

Photo: ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အစားအသောက်များ
Tuesday, February 4, 2014

လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုပ်ယူ သုံးစွဲ ပါတယ်။

ဒါကြောင့် နေ့စဉ် ကိုယ်စားသောက်တဲ့ အစားအစာ တိုင်းဟာ မိမိ မှတ်ဥာဏ်နဲ့ ဦးနှောက် ကျန်းမာ ဖွံ့ဖြိုးမှု အတွက် အလွန် အရေးကြီး ပါတယ်။ ဦးနှောက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှု အတွက် အရေးကြီးတဲ့ အစားအစာ အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Grain

ဆန်၊ ဂျုံနဲ့ ဆက်စပ် အစားအစာ များက အကောင်းဆုံး ပါပဲ။ တကူးတက ရှာစားစရာတောင် မလိုပါဘူး။ နေ့စဉ် စားသုံးမှုမှာ ပါဝင်နေပြီး သွေးထဲမှာ ဂလူးကိုစ့်ဓာတ် တိုးစေပါတယ်။ ယင်း ဂလူးကိုစ့် များက ဦးနှောက် များထိ လည်ပတ် စီးဆင်းပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။

၂။ ငါး

ငါးထဲမှာကိုမှ အဆီများတဲ့ငါးမျိုးက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ငါးဆီဟာ EPA, DHA လို့ခေါ်တဲ့ ဓာတ်မျိုး ပါဝင်ပြီး ဆေးတောင် တကူးတက သောက် စရာ မလိုပါဘူး။ သူက အယ်လ်ဇိုင်းမား၊ ဦးနှောက် တစ်ခြမ်းသေနဲ့ ဆက်စပ် ရောဂါများကို ကာကွယ်ပြီး မှတ်ဥာဏ် လည်း တိုးစေ ပါတယ်။

၃။ စပျစ်သီး

စပျစ်သီးကို ပုံမှန်စားသုံးဖို့ တိုက်တွန်း ထားပါတယ်။ သူက အတိုမှတ်ရမယ့် မှတ်ဥာဏ်များကို မှတ်သား ပေးမှုမှာ အားကောင်း စေပြီး အခြားသော လုပ်ဆောင်ချက် များလည်း ရှိနေ ပါသေးတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက Lycopeneဟာ သဘာဝအလျောက် Antioxidant ဖြစ်ပြီး ဦးနှောက် ဖွံ့ဖြိုးမှု အတွက် အထောက်အကူ ဖြစ်ပါတယ်။ တစ်ခုခုရယ် ကြောင့်မို့ ဦးနှောက်ကို ထိခိုက်ရင်တောင် သူက ဆဲလ်တွေ ပြန်ရှင်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။

၅။ ဗီတာမင်ဘီ

ဗီတာမင်ဘီ ဓာတ်ကြွယ်တဲ့ အစားအစာ အားလုံးက ဦးနှောက် ကျန်းမာရေး အတွက် အကျိုးပြု ပါတယ်။ ဘီအပြင် ဗီတာမင် ဘီ-၆၊ ဘီ ၁၂၊ ဖိုးလစ် အက်ဆီ တို့လို ဆက်စပ် ဗီတာမင် များလည်း ထိုနည်းတူ ဖြစ်ပြီး ဦးနှောက်နဲ့ ဆက်စပ် ရောဂါကို ကုသတဲ့ အခါ လူနာကို B6,B12 ဓာတ်ကြွယ်ဝတဲ့ အစားအစာ များကို မှီဝဲ ခိုင်းပါတယ်။ ဥပမာ-ပဲ၊ ပြောင်း၊ ငှက်ပျော တို့လို အစားအစာများ ဖြစ်ပါတယ်။

၆။ ဗီတာမင် စီ

ဗီတာမင်စီ ဓာတ်အများစုက သစ်သီးများက ရရှိပါတယ်။ ယင်းဓာတ်က ဦးနှောက်ရဲ့ တုန့်ပြန် မှုအား ကောင်းစေ ပြီး လန်းဆန်း စေပါတယ်။

၇။ ရွှေဖယုံသီး

ရွှေဖယုံသီးလို့ အစားအစာဟာ သံဓာတ် ပြည့်ဝပြီး မှတ်ဥာဏ် ကောင်းလို့ တွေးခေါ်မှု စွမ်းရည် မြင့်တင် ပေးပါတယ်။

၈။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ဗီတာမင်ကေ ဓာတ်ပြည့်ဝပြီး ဦးနှောက်စွမ်းရည် မြင့်တင်ပေးလို့ စာပေ သင်ယူ လေ့လာမှု၊ ကျက်မှတ်မှု၊ မှတ်သားမှု ဥာဏ်ကောင်း စေပါတယ်။

၉။ ကလျာဏီပင်

Sage လို့ခေါ်တဲ့ ကလျာဏီ ပင်မျိုး တစ်ခုရှိပါတယ်။ သူက အသားဟင်း ချက်ရာမှာလည်း ထည့်သုံးနိုင်တဲ့ အရွက်တစ်မျိုး ဖြစ်ပြီး မှတ်ဥာဏ်အား တိုးစေတယ်လို့ ဆိုပါတယ်။

၁၀။ ဝက်သစ်ချသီး

ဝက်သစ်ချသီး တစ်မျိုးတည်း မဟုတ်ပါဘူး။ ဟေဇယ်သီး၊ သစ်အယ်သီး တို့လို အစေ့ အစားအစာ များကို အသက်ကြီးသူမျး စားသုံးဖို့ အမေရိကန် ဆေးပညာရှင် များက တိုက်တွန်း ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယင်းအစေ့ များဟာ ဗီတာမင်အီး ဓာတ်ကြွယ်ဝပြီး အသက်ကြီးတဲ့ ဦးနှောက် လုပ်ဆောင်ချက် နှေးကွေး သွားမှုကို ပြန်လည် မြင့်တင် ပေးပါတယ်။

Ref: medic-facts
လူ့ဦးနှောက်ဟာ နေ့စဉ် စားသုံးတဲ့ အစားအစာ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ဆုပ်ယူ သုံးစွဲ ပါတယ်။

နျူကလိယဗုံး ၂ လုံးစလုံးရဲ့ သေဘေးက လွတ်ခဲ့သူ

Photo: နျူကလိယဗုံး ၂ လုံးစလုံးရဲ့ သေဘေးက လွတ်ခဲ့သူ
Tuesday, February 4, 2014

၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က Tsutomu Yamaguchi ဟာ ဟီရိုရှီးမား ကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ပါတယ်။ သူရောက်ပြီးတော့မှပဲ အမေရိကန် လေတပ်က Little Boy လို့အမည်ရတဲ့ နျူကလိယ ဗုံးကို ကြဲခဲ့ ပါတယ်။

ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိပြီး အမြင်အာရုံကို ထိခိုက်စေခဲ့ ပါတယ်။ ပြီးတော့ သူ့နေရပ်ဖြစ်တဲ့ Nagasaki ကို ပြန်ဖို့ ကြိုးစားခဲ့ပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်တို့ကြဲတဲ့ ဒုတိယမြောက် ဗုံးတစ် လုံးကို ထပ်မံ ကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာလဲ ဒဏ်ရာရရှိခဲ့ပေမယ့် အသက် မသေ ပါဘူ။ ကျန်းမာရေး ပြုစုစောင့်ရှောင့်မှုကြောင့် ဘယ်ချို့ ယွင်းချက်မှ မရှိပဲ မျက်လုံးပါ ပြန်ကောင်းခဲ့ ပါတယ်။

ဒီတော့ သူဟာ အတော်ကံကောင်းတဲ့ သူလို့ပဲ ဆိုရမှာ ဖြစ်ပါ တယ်။ နျူကလိယ ဗုံး ၂ လုံး စလုံးကို ကြုံတွေ့ ခံစားခဲ့ပြီး အသက်ရှင် ကျန်ခဲ့တဲ့ တစ်ဦးတည်းသော လူသား ဖြစ်ပါတယ်။

Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က Tsutomu Yamaguchi ဟာ ဟီရိုရှီးမား ကို အလုပ်ကိစ္စ တစ်ခု နဲ့ ရောက်ပါတယ်။ သူရောက်ပြီးတော့မှပဲ အမေရိကန် လေတပ်က Little Boy လို့အမည်ရတဲ့ နျူကလိယ ဗုံးကို ကြဲခဲ့ ပါတယ်။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအပေါ် ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ဖြစ်ပွား

Photo: နိုင်ငံခြားသားများက မြန်မာနိုင်ငံသားများအပေါ် ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ဖြစ်ပွား
Tuesday, February 4, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းနိုင်ငံသားများထံမှ နိုင်ငံခြားသားအချို့က ငွေကြေးလိမ်လည်မှုသုံးမှု ဖြစ်ပွားခဲ့ပြီး ဂါနာနိုင်ငံမှ ပြစ်မှုကျူးလွန်သူအား ဖမ်းမိရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များတွင် ဂါနာနိုင်ငံမှ နိုင်ငံခြားသား လိမ်လည်မှုဖြစ်စဉ်မှာ မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်း ရင်းနှီးမြုပ်နှံရန် လည်းကောင်း၊ မလေးရှားနိုင်ငံသား လိမ်လည်မှုဖြစ်စဉ်မှာ မလေးရှားနိုင်ငံ လျှပ်စစ်ပစ္စည်းကုမ္ပဏီမှ အရာရှိယောင်ဆောင်၍ လည်းကောင်း၊ ဗဟန်းမြို့နယ်မှ နိုင်ငံခြားသားတစ်ဦး လိမ်လည်သွားမှုဖြစ်စဉ်မှာ ကားများအားတစ်ဝက်ချေစနစ်ဖြင့် ရောင်းချ ဟန်ဆောင်ပြီးလည်းကောင်း ဒေါ်လာများ လိမ်လည်ခဲ့ခြင်းဖြစ်သည်။

ဂါနာနိုင်ငံသားသုံးဦးမှ ငွေကြေးလိမ်လည်သွားသည့် ဖြစ်စဉ်မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး... (၄၉) နှစ်၏ အီးမေးလ်သို့ ဂါနာနိုင်ငံသား Mr. Eduward Makasi ဆိုသူမှ ဟိုတယ်လုပ်ငန်း အကျိုးတူ ဆောင်ရွက်လိုကြောင်း ဆက်သွယ်လာခဲ့ပြီး ၎င်း၏ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် Mr.Morris Parkor နှင့် Mr. Afan Jonah တို့နှင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက် ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ဟိုတယ်လုပ်ငန်း ရင်းနှီးမြုပ်နှံရန် အတွက် အမေရိကန် ဒေါ်လာများကို အမေရိကန်သံရုံး၏ သံတမန်သေတ္တာများဖြင့် ဂါနာနိုင်ငံမှတစ်ဆင့် ပေးပို့ထားပြီး ဖြစ်ကြောင်းနှင့် ရက်အနည်းငယ်အတွင်း ရောက်ရှိမည်ဖြစ်ကာ အမေရိကန်ဒေါ်လာများ ထုတ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၄၆ဝဝ ကျသင့်မည် ဖြစ်ကြောင်း ပြောဆိုသဖြင့် အဆိုပါ ဒေါ်လာများအား ဇန်နဝါရီ ၁၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထပ်မံ၍ လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူ သုံးစွဲနေသည့် အနေအထား ရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ဖြစ်ပြီး ၎င်းဆေးရည်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ဝဝဝဝ နှင့် ကိုက်ညီသည့် မြန်မာငွေ ၄၉၂၅ဝဝဝဝ ကျပ်အား ခေတ္တစိုက်ထားပေးရန် ပြောဆိုသဖြင့် ဇန်နဝါရီ ၂ဝ ရက်တွင် ယင်းငွေပမာဏအား ထပ်မံစိုက်ထုတ် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ဓာတုဆေးရည်ဖြင့် ဆေးကြောခြင်း လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး ယင်းချိန်းဆိုထားသည့်နေ့တွင် ရောက်ရှိလာခြင်း မရှိသဖြင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်မရသဖြင့် စုံစမ်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း ဂါနာနိုင်ငံသား သုံးဦးအား ရန်ကင်းရဲစခန်းက စုံစမ်းနေကြောင်း သိရသည်။

“အဲဒီဖြစ်စဉ်က ကျူးလွန်သူသုံးဦးရဲ့ မြန်မာနိုင်ငံကို အဝင်အထွက်တွေကို လေဆိပ်မှာ စစ်ဆေးနေပါတယ်။ သူတို့ကို ဖမ်းဆီးရမိဖို့အတွက် အင်တာပိုရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် သွားမှာပါ”ဟု ရန်ကင်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

ထို့အတူ ဗဟန်းမြို့နယ်၌လည်း နိုဝင်ဘာ ၁၃ ရက်တွင် Super Triumph Co.Ltd ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ်.... (၄၂) နှစ်သည် မလေးရှားနိုင်ငံမှ လျှပ်စစ်ပစ္စည်း ရောင်းချသည့် Syrikat Jutamotor Assessori Sdn.Bhd ကုမ္ပဏီမှ Ms. Mun ထံသို့ လျှပ်စစ်ပစ္စည်းဈေးနှုန်းများအား အင်တာနက်မှတစ်ဆင့် စုံစမ်းခဲ့ပြီး ပစ္စည်းများ ဝယ်ယူစဉ် မလေးရှား နိုင်ငံသားဖြစ်သူ Mr.Chooileong က အဆိုပါ လျှပ်စစ်ပစ္စည်း ကုမ္ပဏီ၏ အရာရှိယောင်ဆောင်ကာ ဆက်သွယ်ပြီး ဒေါ်လာ ၁၃ဝဝဝ ရယူလိမ်လည်သွားမှု ဖြစ်ပွားခဲ့သည်။ ဗဟန်းမြို့မ ရဲစခန်းက ဇန်နဝါရီ ၂၁ ရက်တွင် အမှုဖွင့်ကာ စုံစမ်းလျက်ရှိသည်။

ယင်းနောက် ဗဟန်းမြို့နယ်၌ပင် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်နေသူ ANG GERIK MASYHUR SDIN BHD ကုမ္ပဏီမှ ဒါရိုက်တာ Mr.Anil R Vays သည် ကားတစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄ဝဝဝ နှုန်းဖြင့် ကားလေးစီးအား တစ်ဝက်ချေစနစ် ဒေါ်လာ ၈ဝဝဝ နှင့် ပါမစ်ပြုလုပ်ရန် ကျပ်ရှစ်သိန်းအား FARMER PHOYARZAR GENERAL SERVICES Co,Ltd မှ မန်နေဂျာ.....(၄၈)နှစ်ထံမှ လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

Eleven Media Group
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းနိုင်ငံသားများထံမှ နိုင်ငံခြားသားအချို့က ငွေကြေးလိမ်လည်မှု သုံး
မှု ဖြစ်ပွားခဲ့ပြီး ဂါနာနိုင်ငံမှ ပြစ်မှုကျူးလွန်သူအား ဖမ်းမိရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ချိတ် ဆက်ဆောင် ရွက်နေကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်မှာ ထူးထူးခြားခြားဖြစ်အောင် ရုပ်ရှင်ရိုက်ဖို့စဉ်းစားနေတဲ့ မိုးစက်ဝိုင်

Photo: ၂ဝ၁၄ ခုနှစ်မှာ ထူးထူးခြားခြားဖြစ်အောင် ရုပ်ရှင်ရိုက်ဖို့စဉ်းစားနေတဲ့ မိုးစက်ဝိုင်
Tuesday, February 4, 2014

အနုပညာ အလုပ် များနှင့် ပရဟိတ လုပ်ငန်းများကို လုပ်ဖြစ် နေသည့် မိုးစက်ဝိုင်သည် ၂ဝ၁၄ ခုနှစ်အတွင်း သူမ၏ ပရိသတ်များ အတွက် ထူးထူးခြားခြား လေးအဖြစ် ရုပ်ရှင်ကား ရိုက်ရန် စဉ်းစား နေကြောင်းကို ပြောပြ ခဲ့သည်။

''မိုးစက်အခု ကြော်ငြာ ဓာတ်ပုံတွေ ရိုက်ဖြစ် နေပါတယ်။ မိုးစက် စဉ်းစား နေတာ တစ်ခုတော့ ရှိတယ်။ အဲဒါက ၂ဝ၁၄ ခုနှစ်ထဲမှာ ပရိသတ်တွေ အတွက် ထူးထူး ခြားခြားလေး ဖြစ်အောင် ရုပ်ရှင်ကား ရိုက်ရင် ကောင်းမလားလို့ စဉ်းစား နေပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာ လှုပ်ရှားမှု ဘာရှိလဲလို့ မေးရင် ထူးထူး ခြားခြားလေး ဖြေနိုင်အောင် စဉ်းစား ထားတာပါ'' ဟု သူက ပြောပြခဲ့သည်။ ရုပ်ရှင် ရိုက်ဖို့ စဉ်းစား နေသည် ဆိုသဖြင့် သူနှစ်သက်သည့် ကာရိုက်တာ ပုံစံလေး မေးကြည့်ရာ ''တကယ်တော့ မိုးစက် ကိုယ်တိုင်လဲ ဘယ်လို ကာရိုက်တာနဲ့ လိုက်သလဲ ဆိုတာကို မသိပါဘူး။ ဒါပေမဲ့ မိုးစက်က ဟာသ ဆန်ဆန်နဲ့ အချစ် ဇာတ်လမ်း ဆန်ဆန် ကားတွေကိုတော့ မကြိုက်ဘူး။ မရိုက်ချင်ဘူး။

ပညာပေး ကားလေး တွေကိုပဲ ရိုက်ချင် ပါတယ်။ အဓိပ္ပာယ် ရှိရှိ ကားတွေ၊ သမိုင်းနဲ့ ဆိုင်တဲ့ ဇာတ်လမ်း တွေကို ရိုက်ချင်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ မိုးစက် ကိုယ်တိုင်က သမိုင်းနဲ့ ဆိုင်တဲ့ ဇာတ်လမ်း တွေကို စိတ် ဝင်စားတယ်။

ဒါကြောင့် ရိုက်ချင်တယ်'' ဟု မိုးစက်ဝိုင်က ပြောပြခဲ့သည်။ ဆက်လက်၍ ဖေဖော်ဝါရီလ ထဲတွင်လည်း တောင် ကိုရီးယား နိုင်ငံသို့ ကြော်ငြာ ရိုက်ကူးရန် သွားရောက် မည်ဟု ပြောပြ ခဲ့ကြောင်း သိရသည်။

Aသူ
မြ၀တီ
အနုပညာ အလုပ် များနှင့် ပရဟိတ လုပ်ငန်းများကို လုပ်ဖြစ် နေသည့် မိုးစက်ဝိုင်သည် ၂ဝ၁၄ ခုနှစ်အတွင်း သူမ၏ ပရိသတ်များ အတွက် ထူးထူးခြားခြား လေးအဖြစ် ရုပ်ရှင်ကား ရိုက်ရန် စဉ်းစား နေကြောင်း ကို ပြောပြ ခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့လောကမာရ်အောင်စေတီ၏ ထီးတော်တွင်ဒုတိယအကြိမ်ရောင်တော်မြူးနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသရှမ်းစုရပ်ကွက်ရှိ သစ်ပျံပရိယတ္တိ စာသင်တိုက် လောက မာရ်အောင် စေတီ၏ ထီးတော်တွင် ဇန်န၀ါရီ ၂၃ရက်နေ့ညနေပိုင်းမှစတင်ပြီး ယနေ့တိုင် ရန်ဖန် ရံခါရောင်တော်မြူးနေသဖြင့် ရပ်ဝေးရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော် ကြကြောင်း စေတီတော်ဂေါပက များက ပြောကြသည်။

လေဆိပ်၌ဒေါ်လာ၅ဝဝအောက်ပစ္စည်းများအခွန်ကောက်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာသောခရီး သည် ဝန်စည်ပစ္စည်းများအနက် အခွန်ကောက်ခံရန် လိုအပ်သော ဒေါ်လာ ၅ဝဝအောက် တန်ဖိုးရှိ ပစ္စည်းများကို လေဆိပ်၌ အခွန် စည်းကြပ်ကောက်ခံသွားမည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ရင်ပြင်ရှေ့တွင်အစပြုရန်ရှာခဲ့သည့်လူငယ်များမှ လမ်းတွင်ကားချင်းလိုက်တိုက်

၃.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ မောင်ကောင်းမြတ်သည် သူငယ်ချင်း (၂)ဦးနှင့်အတူ ဒဂုံမြို့နယ်၊ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ရောက်ရှိအပန်းဖြေနေခဲ့ကြောင်း၊

ဝန်ကြီးချုပ်ပြုတ်ကျသည်အထိ ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲသွားမည်

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ၀န်ကြီးချုပ်ယင်လပ် ရာထူးမှ နုတ်ထွက်ရေးအတွက် လမ်းပေါ် ထွက် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ဖေဖော် ၀ါရီ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင်ရှိ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ခြောက်ပိဿာ လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးရှိ ရွှေဆိုင်နှစ်ဆိုင်မှ ရွှေထည်လက်ဝတ်ရတနာ မျိုးစုံ ခြောက်ပိဿာခန့် လုယက်ခဲ့သည့်ဖြစ်စဉ်မှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားသုံးဦးကို ဖမ်းဆီး ထားပြီး စစ်ဆေးနေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ ရဲမှူးခင်အောင် က ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ဧပြီလအတွင်း စတင်ကျင်းပရန်လျာထား

2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေးပွဲစဉ်များနှင့် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး ဧပြီလအတွင်းကျင်းပရန် လျာထားသည်ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပ ရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။

ရေယာဉ်နှင့် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ပြီးပါက ပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများ ဖမ်းဆီးနိုင်မည်ဟုဆို

အစိုးရအဖွဲ့က ဖွဲ့စည်းခွင့်ပြုထားသောရေကြောင်းရဲတပ်ဖွဲ့ သုံးခုနှင့်ရေကြောင်းရဲတပ်ဖွဲ့စု ရှစ်ခုတို့တွင် ရေ ယာဉ်နှင့်တပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့ခန့်အပ်ပြီး မိုဘိုင်းအဖွဲ့များအတွက် ထိရောက်သောကာကွယ် မှု ပေးနိုင်ပါကပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးကာကွယ်နိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ဖေဖော်ဝါရီ ၃ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် အိန်္ဒိယနိုင်ငံသား ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံ

လှည်းတန်းဂုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အိန်္ဒိယ နိုင်ငံ သား ကျောင်းသားလူငယ်သည် အခင်းဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက် ညနေမှာပင် ကိုယ်တိုင် လာ ရောက် အဖမ်းခံသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။