Friday 31 May 2013

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား
Friday, May 31, 2013

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

နှစ်ဘက် အပစ် အခတ် ရပ်စဲရေး ဆိုတဲ့ အဆင့်ကို မရောက်သေး ပေမဲ့ တပ်တွေ နေရာချထားရေးနဲ့ နောက်ထပ် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေးကို နှစ်ဘက် စလုံးက သဘော တူညီခဲ့ကြပါတယ်။
မြစ်ကြီးနား မြို့မှာ ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ် အဖွဲ့ ထားရှိပြီး အခု ရရှိခဲ့တဲ့ သဘောတူညီချက်တွေ အကောင် အထည်ဖော်ရေး ဆက်လက် လုပ်ဆောင်ဖို့ လည်း သဘောတူညီခဲ့ကြ ပါတယ်။

အခု ဆွေးနွေးပွဲကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် မစ္စတာ ဗီဂျေး နမ်ဘီးယားကတော့ မြစ်ကြီးနား မြို့က မနော ကွင်းမှာ ဆွေးနွေးပွဲ ကျင်းပ နိုင်တာ ကိုက ထူးခြားတယ်၊ ခိုင်မာတဲ့ ငြိမ်ချမ်းရေး ရရှိနိုင်ဖို့ မျှော်လင့် စရာတွေ ရှိလာတယ် လို့ ပြောပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက အခု ရလဒ်ကို ထူးခြားတဲ့ အောင်မြင်မှုလို့ ခေါ်ဆိုပါတယ်။

ဒီသဘော တူညီချက်မှာ ပါဝင်တဲ့ အချက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်က လက်မှတ်ထိုး ခဲ့တဲ့ သဘော တူညီချက် တွေထက် ပိုပြီး ကျယ်ပြန့်တယ်လို့ သူက ပြောပါတယ်။

စောစောပိုင်းက ပြောထားခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး လာမယ့် တစ်လ နှစ်လ အတွင်း ဖြစ်နိုင်ချေ ရှိမရှိ ဘီဘီစီရဲ့ အမေးကို ဝန်ကြီး ဦးအောင်မင်းက အတိအကျ ဖြေဆိုခြင်း မရှိခဲ့ ပေမဲ့ အခု လက်မှတ် ထိုးချိန်က စတင်ပြီး နှစ်ဘက် တပ်တွေ တိုးချဲ့ခြင်း မပြုဖို့နဲ့ တိုက်ပွဲတွေ မဖြစ်အောင် နှစ်ဘက်လုံးက ထိန်းသိမ်း သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် ရပ်ရေးဆိုတာ ကေအိုင်အိုက အရင် တောင်းဆို ခဲ့တာ ဖြစ်လို့ အစိုးရဘက်က ဆောင်ရွက်မယ့် ဆန္ဒကို ကြိုဆိုကြောင်း ပြောပါတယ်။

ဒါပေမယ့် မြန်မြန် ဆန်ဆန် ဖြစ်နိုင်ဖို့ ဆိုတာ ကတော့ နှစ်ဘက် ဆောင်ရွက် နိုင်မှုနဲ့ ပြည်သူတွေရဲ့ ပါဝင်မှု အပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခံရသူ အဖြစ် ဆွေးနွေးပွဲ တက်ရောက် လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကတော့ တပ်မတော် အနေနဲ့ သူတို့ဘက်က ပေးထားတဲ့ ကတိကို ဖျက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

BBC
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဘာဘရာ မုန်တိုင်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ဝါဟာကာ ပြည်နယ်အနီး ရှေးဟောင်း သုတေသန လုပ်ငန်းများ ပြုလုပ်ရာ ဒေသတစ်ခုဖြစ်သည့် ချီအာပတ်စ် ပြည်နယ်ရှိ ကုန်းတွင်းပိုင်းသို့ တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပီနိုတီပါမြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ကာပူကို ဆိပ်ကမ်းမြို့ရှိ အချို့လမ်းများတွင် မြစ်ရေများ ပေ ၂ဝ အထိ မြင့်တက်ခဲ့သောကြောင့် အနည်းဆုံး ကားသုံးစီး ရေစီးနှင့် အတူမျောပါခဲ့ကြောင်း AFP သတင်းဌာနမှ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။

Ref:မြ၀တီ
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါ အဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

မသေနိုင်သော သတ္တဝါ - Immortal Jellyfish

မသေနိုင်သော သတ္တဝါ - Immortal Jellyfish
=============================
31 May 2013  | By ရိုးရာလေး 

Jellyfishဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

တကယ်မသေနိုင်ပါဘူး။ ဇီဝဗေဒပညာရှင်တို့ လက်တွေ့ကျကျ လေ့လာမှု အရ ဓာတ်ခွဲခန်းမှာ စောင့်ကြည့်တာတောင် တစ်ကောင်မှ မသေဖူးပါတယ်။ အရွယ်အစားလည်း သေးပါတယ်။ အချင်း ၀.၁၈ လက်မ က အကြီးဆုံးပါပဲ။ အငယ်ဆုံးကတော့ ၂ မီလီမီတာလောက်ထိ ရှိနိုင်ပါတယ်။ ပင်လယကြမ်းပြင် မှာ လင်းလိုက်၊ မိန်လိုက်နဲ့ သွားနေတဲ့အထဲမှာ ယင်း ဂျယ်လီ ငါးသေးသေးလေးများ ပါဝင်နေမှာ ဖြစ်ပါတယ်။

စတင်ပေါက်ဖွားရာကတော့ ကာရေးဘီးယမ်းပင်လယ်က ဖြစ်ပေမယ့် ကမ္ဘာ့ ဘယ်ပင်လယ်ရေ ဘယ်နေရာမှာမဆို ပြန့် နှံ့တတ်တဲ့ ဂျယ်လီငါး ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် နေတတ်ပါတယ်။ အကောင်ပေါက် ပြီးချိန် ရေအောက်မှာ သန္တာကျောက်တန်းကို တွယ်ညှိနေတတ်ပြီး sexual reprodutuction process ကိုကျော်လွန်ပြီး နောက် ဂျယ်လီငါးလို သွားလာနေထိုင်နိုင်ပါတယ်။ ဆဲလ် အဟောင်းနဲ့ ဆဲလ်အသစ် အမြဲ လဲလှယ်နေတတ်ပြီး ဘယ်တော့မှ မသေသတ် ပါဘူး။

သေမယ်ဆိုရင်တောင် ငါးစားလို့ သို့မဟုတ် အခြား ပယောဂများကြောင့် သာ ဖြစ်ပြီး ကိုယ်တိုင်သာ နေထိုင်ရင် ဘယ်လိုမှ မသေနိုင်ဘူး လို့ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း Immortal jellyfish လို့အမည်ပေးထားပါတယ်။ သေပြီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ် ပြန်ပြန်အစားထိုးသွားတဲ့ ဖြစ်စဉ်ကို ဆေးပညာရှင်နဲ့ သိပ္ပံပညာရှင် တို့ လေ့လာပြီး လူသားများအတွက် အသုံးပြုရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။
--
Ref: wiki,rarefacts
ရိုးရာလေး ဗဟုသုတ

Jellyfishဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ Turritopsis nutricula အမည်ရ သတ္တဝါ ဖြစ်ပြီး သူ့ကို Immortal Jellyfish လို့လည်း ခေါ်ပါတယ်။

“ရီးယဲလ်တွင် ကစားလိုကြောင်း ဆွာရက်ဇ် ဖွင့်ဟ”


Photo: “ရီးယဲလ်တွင် ကစားလိုကြောင်း ဆွာရက်ဇ် ဖွင့်ဟ”

လီဗာပူးလ် အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ်သာ အမှန်တကယ် ကမ်းလှမ်းမှု ရှိလာပါက မိမိ ကြိုဆိုမည်ဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်း ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုကြောင့် FA၏ (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံထားရသည့် ဥရုဂွေး လက်ရွေးစင်က ရီးယဲလ်ကဲ့သို့ အသင်းမျိုးကို မငြင်းနိုင်ဟု ဆိုသည်။ 

ရီးယဲလ်သည် ပေါင်စတာလင် သန်း(၄၀)မျှ ပေါက်ဈေးရှိနေသော ဆွာရက်ဇ်ကို ခေါ်ယူမည်ဟု သတင်းကြီးလျှက် ရှိသည်။ ရီးယဲလ်သည် ဆွာရက်ဇ်အပြင် တော့တင်ဟမ် ဟော့စပါး ဘယ်တောင်ပံ တိုက်စစ်သမား ဂါရတ်သ်ဘေးလ်ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်သည်။ ဆွာရက်ဇ်က မိမိသည် ဘာနေဗျူး အိပ်မက်ကို မက်နေကြောင်း ပြောဆိုခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21652

လီဗာပူးလ် အသင်း တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ်သာ အမှန်တကယ် ကမ်းလှမ်းမှု ရှိလာပါက မိမိ ကြိုဆိုမည်ဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်း ခံစစ်မှူး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကိုက်ခဲ့မှုကြောင့် FA၏ (၁၀)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံထားရသည့် ဥရုဂွေး လက်ရွေးစင်က ရီးယဲလ်ကဲ့သို့ အသင်းမျိုးကို မငြင်းနိုင်ဟု ဆိုသည်။

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမဟာ မိသားစု ဝင်တွေ မသိဘဲ တားမြစ်ထားတဲ့ အဆီကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွား တယ်လို့ သိရပါတယ်။

သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာ ကို တွေ့ရှိတာကြောင့် စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမ ရဲ့ သွေးထဲမှာ ဆေးတွေကို တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ မသေ ဆုံးခင် တစ်ရက် အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့ ငြင်းပယ် ခဲ့ပါတယ်။

သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့ အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။

Read More==> http://www.todaymyanmar.net/2013/05/blog-post_5643.html
Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများအပေါ် မကျေနပ်၍ သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ ဖိလစ်ပိုင် စေလွှတ်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပ မည်ဖြစ်သော အားကစားနည်းများအပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ယင်းပြိုင်ပွဲကို သပိတ်မှောက်သည့်

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း
Friday, May 31, 2013

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ်တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန် ကျရာ ရွှေလီ တာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် အဖွဲ့တို့ လှုပ် ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည်  အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများ တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားပါသည်။

ရွှေဟင်္သာသတင်းဌာန
တအာင်း (ပလောင်) ဒေသတခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

Thursday 30 May 2013

ဖာဘရီဂက်စ်ကို ခေါ်ဖို့ နီးစပ်နေတဲ့ မန်ယူ

ဖာဘရီဂက်စ်ကို ခေါ်ဖို့ နီးစပ်နေတဲ့ မန်ယူ
--------------------------------------------------
မန်ယူ အသင်းသည် ဘာကာကွင်းလယ်လူ ဖာဘရီဂက်စ် အတွက် ပေါင် သန်းလေးဆယ် ဖြင့် ကမ်းလှမ်းရန် ရှိပြီး .. ကစားသမား အတွက် တစ်နှစ်ပေါင် ၇သန်း လစာပေးပြီး ဆွဲဆောင်မည်ဖြစ်သည်။ အခြားသတင်းများ အရ .. ဘာစီလိုနာ အသင်းသည် အသင်းလူငယ် ကွင်းလယ်လူ သီယာဂို ကို ကျောနံပါတ် လေး ၀တ်ဆင်စေကြောင်း သိရပြီး အဆိုပါ နံပါတ်လေးမှာ လက်ရှိ ဖာဘရီဂက်စ် ၀တ်ဆင်သော နံပါတ်ဖြစ်ကြောင်းသိရသည်။

http://myanmarsoccerfocus.com
မန်ယူ အသင်းသည် ဘာကာကွင်းလယ်လူ ဖာဘရီဂက်စ် အတွက် ပေါင် သန်းလေးဆယ် ဖြင့် ကမ်း လှမ်း ရန် ရှိပြီး .. ကစားသမား အတွက် တစ်နှစ်ပေါင် ၇သန်း လစာပေးပြီး ဆွဲဆောင်မည်ဖြစ်သည်။ အခြား

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှုသည် လုံခြုံရေးအတွက်ဖြစ်

လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည် နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရ အမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင် ရခြင်း သာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ “ပြည်နယ်နဲ့ နိုင်ငံရဲ့ လုံခြုံရေးအတွက် လုပ်တာပါ” ဟု ဦးဝင်းမြိုင်က

အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

Photo: အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

International က မုန်တိုင်း အဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်းဝင်တော့မယ် ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင်၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

 လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

 နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်းရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန်ထားပါသည်။

ဒီနေ့ည ပါ - Bulletin မူရင်း PDF လင့်ပါ http://www.imd.gov.in/section/nhac/dynamic/cwind.pdf

Posted From mmweather Page
International က မုန်တိုင်းအဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်း ဝင်တော့မယ်ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊

အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး

Photo: အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး
Thursday, May 30, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်တပ် နေရာချထားရေးအပါအဝင် စစ်တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းရာမှာ ရလာဒ်ကောင်းတွေရရှိခဲ့ကြောင်း၊ မေလ ၃၀ ရက် မနက်ဖြန်မှာလုပ်မယ့် အပြီးသတ်ဆွေးနွေးပွဲပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

"တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အပိုင်းကတော့ ဒီနေ့မှာပြီးသွားပါပြီ၊ နှစ်ဦးနှစ်ဖက် တပ်နေရာချထားမှုက စပြီးတော့ပေါ့၊ အားလုံးညှိနှိုင်းပြီးဖြစ်ပါတယ်၊ နက်ဖြန်ခါ အပြီးသတ်ဆွေးနွေးပွဲပြီးတော့ ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန်သွားမှာပါ၊ အခုထိကတော့ အားလုံးအဆင်ပြေပါတယ်၊ တိုးတက်တဲ့လက္ခဏာတွေပဲတွေ့ရတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်၊ အခုကျနော်တို့ နှစ်ဦးနှစ်ဖက်တပ်တွေ ဆွေးနွေးကြမှာက ရှမ်းမြောက်ကိစ္စတွေ၊ ကချင်ပြည်နယ်ကိစ္စတွေရော အားလုံးကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ နက်ဖြန်ခါတော့ ကျနော်တို့ အသေးစိတ်ကလေး ထုတ်ပြန်ပါ့မယ်"

ကေအိုင်အိုဖက်ကလည်း လောလောဆယ်အထိ နှစ်ဖက်ဆွေးနွေးမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆွေးနွေးပွဲအပြီးမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခေါင်းဆောင်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လေ့လာသူအဖြစ်ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတော့ မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်ကွာဝေးတဲ့ မေခ၊ မလိခမြစ်ဆုံကို လေ့လာရေးခရီး သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့ ကေအိုင်အေ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများနဲ့ သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

Wednesday 29 May 2013

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ

Photo: အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ Wednesday, May 29, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတော် အစိုးရဘက်ကနေ ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိကမူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေးကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။
"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။
မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ဆုံသော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲများတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင်အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြောကြတယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီနဲ့ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦးမယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော်လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆွေးနွေးမှုကို ရပ်နားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။
မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ 

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ
By mmweather.ygn, on May 29th, 2013
http://blog.mmweather.com/2013/05/29/invest-94b-bay-of-bengal-9/

မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်းပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်ရှိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေပေါ်သို့ ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေကို စောင့်ကြည့်လျှက်ရှိပါသည်။ လက်ရှိတည်နေရာမှာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်ကွာဝေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းပေါ်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94B
29 May 2013 0000Z
Location: 21.7 89.3
Winds: 25 knots
Central Pressure: 1004 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြးမှုဦးစီးဌာနမှ ယနေ့ နံနက် ဝ၇းဝဝ နာရီအချိန်တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

MMweather Page
မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်း ပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုနောက်ပိုင်း ဖြစ်ပွားခဲ့သော ဗလီမီးရှို့မှုများကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ-၁၄၄ ထုတ်ပြန် larshiocase-may29


larshiocase-may29
ည ၈ နာရီ ၀န်းကျင်ခန့်က လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း မီးလောင်နေစဉ်
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ နယ်မြေ (၇)၊ အမှတ် ၈ ရပ်ကွက်၊ သန္နီလမ်းပေါ်တွင် မေ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာ အဆောက် အအုံ နှစ် လုံးနှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ပြီး ညပိုင်းတွင် အရေးပေါ်အခြေအနေ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Tuesday 28 May 2013

ကန်စွန်းရွက် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာများ အစားအသောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးနေ ကြသည့် ကန်စွန်းပင်၏ အိမ်သုံး တိုင်းရင်းဆေးဝါး အဖြစ် အသုံးပြုနိုင်သည့် စနစ်များကို ရေးသားဖော်ပြ လိုက်ပါသည်။ ကန်စွန်းကြီး၊ တရုတ်ကန်စွန်း၊ ကန်စွန်း ရိုးနီများကို မကြာခဏ စားသုံးတတ် ကြပါသည်။ အမှန် တကယ်တွင် သက်သာစေသည့် အပြင် စားသုံးရာတွင် လည်း အာဟာရ ဓာတ်ကိုဖြစ်လွယ်စေ ပါသည်။

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့် အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များအကြောင်း တစ်ခုခုဖြင့် သူ့မြေး ကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက် တစ်ခုလည်း ဖြစ်သည်။ “သူတို့နေထိုင် မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွား သလားဆိုပြီး အရမ်းကို ထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေး ထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါ စစ်တာပါတွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြော သည်။

မိုးပျံရထား စီမံကိန်း အပါအ၀င် မြို့တွင်း သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်ရန် သမ္မတခွင့်ပြု

မိုးပျံရထားစီမံကိန်းအပါအ၀င် မြို့တွင်းသယ်ယူပို့ဆောင်ရေးအဆင့်မြှင့်ရန် သမ္မတခွင့်ပြု

ရန်ကုန်မြို့၏ သယ်ယူ ပို့ဆောင်ရေး အတွက် မိုးပျံရထား စီမံကိန်း အပါအ၀င် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ အားလုံးကို အဆင့်မြှင့် တင်တိုးချဲ့ရန် နိုင်ငံတော် သမ္မတက ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ “ကျွန်တော်တို့ ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး အတွက် သမ္မတဆီကို အချက် ၁၀ ချက်တင်ပြတာ သဘောတူညီ လိုက်ပါပြီ။ စီမံကိန်းကို ရေတိုရေရှည် နှစ်မျိုး ဆောင်ရွက် သွားမှာပါ” ဟု အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အဖွဲ့ဝင်ဦးခင်မောင်ဌေးက မေ ၂၇ ရက်တွင်ပြောသည်။

ဓါတ်ဆီပက် မီးရှို့ခံခဲ့ရသော ဒေါ်အေးဝင်း၏ ဆေးကုသခံနေပုံမြင်ကွင်းများ

လားရှိုးသတင်း

Photo: လားရှိုးသတင်း

28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။

 ဒေါ်အေးဝင်းကို ဆေးရုံအရေးပေါ်ဌာနသို့ ပို့ထားပါတယ်။ ညနေ(၆း၀၀)နာရီကျော်မှာ ရဲစခန်းရှေ့ လူစုလူဝေးနဲ့ ကိုနေဝင်းကို ထုတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုနေဝင်းက ကျိုင်းတုံကလာသည့် ဧည့်သည်ဖြစ်ပြီး၊ တည်းခိုခန်းတစ်ခုမှာ တည်းတယ်လို့ သိရပါတယ်။ 

မှတ်ပုံတင်အရ မူဆလင်ဟု သိရပြီး၊ ပန်ချာပီမဟုတ်ကြောင်း၊ မြို့ခံတွေက အတည်ပြုကြပါတယ်။ ည(၇း၀၀)နာရီကျော်မှာ မြို့မဗလီနှင့် ဟံသာဝတီလမ်းမှ ကုန်မာဆိုင်တစ်ဆိုင်တို့ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ 

သမ္မတရုံးဝန်ကြီးများ၊ ပြည်ထဲရေးဌာန၊ လားရှိုးတိုင်းမှူးတို့ ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲ လုံခြုံရေးချပြီး၊ ထိန်းသိမ်းနေတယ်လို့ သိရပြီး၊ အခြေအနေအားလုံးကို ညတွင်းချင်း တည်ငြိမ်အောင် ထိန်းနိုင်လောက်တယ်လို့ ခန့်မှန်းနေကြပါတယ်။

 ဒေါ်အေးဝင်း သေဆုံးသည့်သတင်း မမှန်ပါဘူး။ ဆေးကုသဆဲဖြစ်ပါတယ်။ မနေ့က ၂၇-၅-၂၀၁၃-ည (၈း၀၀)နာရီမှာ ကျူခုံစောင့် ကောင်လေး မောင်ဆန်းဝင်းကို ကျူခုံမဖွင့်လို့-ဆိုကာ မူဆလင်ငါးယောက်က ရန်လုပ်ကြလို့ ကျူခုံဖွင့်ပေးခဲ့ပေမယ့် ကျူခုံထဲအရောက်မှာ မူဆလင်ငါးယောက်က ဝိုင်းဝန်းထိုးကြိတ်ကြလို့ ဗမာကောင်လေး မောင်ဆန်းဝင်း ဆေးရုံတက်နေရပါတယ်။

 မောင်ဆန်းဝင်းဖြစ်ပြီး နောက်နေ့ ဒေါ်အေးဝင်းဖြစ်တာဆိုတော့ ပြဿနာကို တမင်ဖန်တီးနေကြတာလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဗမာတွေ အကြမ်းဖက်တုန့်ပြန်ရင် ထောင်ချောက်ထဲရောက်သွားနိုင်လို့ ဆင်ခြင်ကြဖို့ မြို့သံဃာနှင့် ရပ်ဖိရပ်ဖများက မေတ္တာရပ်ခံနေကြောင်း သိရပါတယ်။ 

စုံစမ်းရန်= 082-23304 (အမှတ်-၁ ရဲစခန်း) 082-23009 (ပြည်နယ်ရဲတပ်ဖွဲ့) 082-23078 (ရဲမှူး) 09-403768595 (ဦးအကုင်္ရ) 09-73056077 (ဦးခေမာ) ဦးဝီရသူ
28.5.2013- ညနေ (၄း၅၀)မှာ မူဆလင် ကိုနေဝင်းဆိုသူက ဒေါ်အေးဝင်း(၃၈)နှစ်ကို ဓာတ်ဆီပက်မီးရှို့ ပစ်လိုက်လို့ မြို့လူထုက ကိုနေဝင်းကို ဖမ်းပြီး ရဲစခန်းပို့လိုက်ပါတယ်။

မုန် တိုင်း သန္ဓေ သ တင်း

Photo: မုန်တိုင်းသန္ဓေသတင်း

မုန်တိုင်းသန္ဒေအား မြန်မာစံတော်ချိန် ၁၀း၁၄ မိနစ်တွင် Navy Satelite မှ မြင်တွေ့ရပုံ

လေဖိအားနည်းဆဲလ် 94B အားကောင်းလာပြီး တောင်ဘက်သို့ ပြန်လည် ရွေ့လျားနေ

မေလ(၂၈)ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRLdata များအရ လေဇိအားနည်းဆဲလ် 94B သည် ဗဟိုဖိအား 1004hPa သို့ ကျဆင်းကာ ပိုမိုအားကောင်းလာပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေအား ကျော်ဝင်ရန် တာစူနေရာမှ တောင်ဘက်တည့်တည့်သို့ ပြန်လည်ချိုးကွေ့လာကြောင်း အံ့အားသင့်ဘွယ် တွေ့ရပါသည်။

 တောင်ဘက်သို့ ချိုးကွေ့ပြီးနောက် ရွေ့လျားမှုနှုန်း တစ်နာရီ ၁၄ မိုင်နှုန်းခန့်ရှိနေပါသည်။ လေဖိအားနည်းဆဲလ်၏ ဗဟိုတွင်လေတိုက်နှုန်း မှာလည်း ၂၅ နော်တီကယ်မိုင်(တစ်နာရီ ၂၈ မိုင်နှုန်းခန့်)အထိ ရှိလာပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ 94B သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ တောင်-အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုပြီး ဆက်လက်ရွေ့လျားမည့် အခြေအနေနှင့် အင်အား အခြေအနေတို့ကို စောင့်ကြည့်တင်ပြပေးသွားပါမည်။

လေဖိအားနည်းဆဲလ် 94B
28 May 2013 1200Z
Location: 20.3 89.6
Winds: 25 knots
Central Pressure: 1004 hPa

JTWC မှ ထုတ်ပြန်ချက်အရ INVEST 94B သည် ပိုမို၍ အားကောင်းလာနေပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် LOW ဖြစ်ကြောင်း ထုတ်ပြန်ထားပြီ ဖြစ်ပါသည်၊ 

ထုတ်ပြန်ချက်တွင် မုန်တိုင်း ဖြစ်လာနိုင်ခြေရှိနေသော်လည်း ကွန်ပျူတာ မော်ဒယ် ခန့်မှန်းတွက်ချက်မှုများအရ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း ဘင်္ဂလားဒေ့ရှ့်ကမ်းခြေကို ဝင်ရောက်သည့်အခါ အင်အားပျော့ သွားနိုင်ကြောင်း ရှင်းလင်းထားပါသည်။

Posted From mmweather Page
မုန်တိုင်းသန္ဒေအား မြန်မာစံတော်ချိန် ၁၀း၁၄ မိနစ်တွင် Navy Satelite မှ မြင်တွေ့ရပုံ

လားရှိုးမြို့ မီးရှို့ခံရသည့် မိန်းကလေး၏ အခြေအနေမြင်ကွင်းအမှန်

Photo: လားရှိုးမြို့ မီးရှို့ခံရသည့် မိန်းကလေး၏ အခြေအနေမြင်ကွင်းအမှန်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦးအားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။ 

ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဟုတ်ပါ တယ်” ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော ကြားသည်။ မီးရှို့ခံရသော အမျိုးသမီးသည် အသက်(၂၉)နှစ်ခန့်ရှိပြီး လားရှိုးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

မီးရှို့သောသူမှာ ကိုနေဝင်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့မှလာရောက်သူတစ်ဦး ဖြစ်ကြောင်း လာရှိုးမြို့ခံမြန်မာ့ခေတ် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ 

အဆိုပါ အမှတ်(၁)ရဲစခန်းရှေ့တွင် လူ(၂၀၀)ခန့်စုရုံးရောက် ရှိနေပြီးသံဃာတော်တချို့မှာ ရဲစခန်းတွင်းသို့ဝင်ရောက်ညှိ နှိုင်းနေကြောင်း၎င်းရဲစခန်းရှေ့ ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။ 

“အဖမ်းခံထားရတဲ့သူကိုသူတို့လက်ထဲ အပ်ဖို့လူ အုပ်ကြီးက အော်ဟစ်တောင်းဆို နေကြတယ်” ဟု ၎င်းက ပြောကြားသည်။ ယခုအချိန်၌ လားရှိုးမြို့မဈေးအနီးရှိ ဗလီအပါအဝင် တစ်မြို့ လုံး၌ လုံခြုံရေးအင်အားထူထပ်စွာ ချထားကြောင်း သိရသည်။ 

ထက်နောင်နောင်

See More Photo Here
https://www.facebook.com/media/set/?set=a.581890321851100.1073741826.281180298588772&type=1
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က အမျိုးသမီးတစ်ဦး အားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းလားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှတာဝန်မှူး ဒုရဲအုပ်တစ်ဦးကပြောကြားသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားတစ်ဦးကို ကျွန်တော်တို့အမှတ်(၁)ရဲစခန်းမှာ ဖမ်းထားပါတယ်။

သရုပ်ဆောင် ရဲတိုက် တကိုယ်တော် ဆန္ဒပြ

 ဓာတ်ပုံ- ရဲတိုက်ရဲ့ ဖေ့စ်ဘုတ်
မြန်မာ့အနုပညာရှင် တဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ဒီကနေ့ မနက်ပိုင်းက တကိုယ်တော် ဆန္ဒပြခဲ့ တယ် လို့ သိရပါတယ်။ 

KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့

Photo: KIO နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆန့်ကျင်ဖက် အမြင်ဖြင့် ဆွေးနွေးပွဲ စတင်ခဲ့ 

မေလ ၂၈ ရက် ၂၀၁၃ 

ယနေ့ ကျင်းပသော ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ပထမရက် ဆွေးနွေးပွဲ၌ ဆွေးနွေးမှု မတင်မကျ ဖြစ်ကာ ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့တစ်ဝက်ဖြင့် ဆွေးနွေးပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦး အဖြစ် တက်ရောက် ခဲ့သူ ရှမ်းပြည် တိုးတက်ရေး ပါတီ အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။ 

“KIO ဖက် ကတော့ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲ ကိစ္စကို အရင် ဆွေးနွေးပေးဖို့ တင်ပြခဲ့သလို အစိုးရ ကိုယ်စားလှယ် ဘက်ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ပြုလုပ်သွားဖို့ ဆွေးနွေးခဲ့တာ တွေ့ရတယ်။ အဲဒါကြောင့် အမြင် မတူတဲ့အတွက် မတင် မကျနဲ့ နေ့တစ်ဝက်လောက်မှာ ဆွေးနွေးပွဲကို ရပ်ထား ခဲ့ရပါတယ်။” ဟု ဆိုပါသည်။

ဤကဲ့သို့ မတင်မကျ ဖြစ်နေသည့် အတွက် အစိုးရဘက်က အဆိုပြုထားသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စကို ကချင် ပြည်သူများ၏ သဘောထား အတိုင်း ခံယူရမည်ဟု KIO ဖက်က တောင်းဆို ထားပါသည်။ ထို့အပြင် လက်ရှိ ကိုယ်စားလှယ်များ မဆုံးဖြတ်နိုင်သည့် အရေးကြီးသော ကိစ္စများကိုမူ KIO ဗဟို ဌာနချုပ်သို့ တင်ပြနိုင်ရန် အတွက် ဤတွေ့ဆုံ ဆွေးနွေးပွဲကို တစ်ရက်ခန့် ရပ်နား ထားမည် ဖြစ်ပါသည်။

အစိုးရ ဖက်ကမူ တပ်နေရာ ချထားရေး၊ ရှေ့တန်း နေရာများ စောင့်ကြည့်ရေးနှင့် စစ်ရှိန် လျှော့ချရေးကို ဆွေးနွေး ခဲ့ပါသည်။ ဤကိစ္စအတွက် KIO ကိုယ်စားလှယ်များနှင့် မနက်ဖြန်၌ သီးသန့် ဆွေးနွေးရန် အစိုးရ ကိုယ်စားလှယ်များက အဆိုပြု ထားပါသည်။

KIO တင်ပြရာတွင် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြေလည် သွားပါက အပစ်အခတ် ရပ်စဲရေးသည် အလိုလို တည်တံ့ ခိုင်မြဲ သွားမည် ဖြစ်သည်ဟု ဆိုပါသည်။ အစိုးရ ကမူ အပစ်အခတ် ရပ်စဲပြီးမှ နောက်တဆင့် နိုင်ငံရေး ကိစ္စများကို ဆွေးနွေးရန် တောင်းဆိုခဲ့ပါသည်။

KIO နှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရသည် အပစ်ရပ် အဖွဲ့များကို နိုင်ငံရေးအရ ပြေလည်ရန် ဆွေးနွေးခဲ့ခြင်း မရှိဘဲ ၄င်းတို့ အလိုကျ နယ်ခြားစောင့်တပ် အသွင်ကို ပြောင်းလဲရန် ဖိအားပေးခဲ့ပါသည်။ ဤဖိအားကို လက်မခံသဖြင့် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ဂတိကို ဖေါက်ဖျက်ပြီး (၂၀၁၁) ခုနှစ် ဇွန်လတွင် KIO အား စစ်ဆင် တိုက်ခိုက် လေတော့သည်။ ဤအဖြစ်မျိုး ဖြစ်မလာရန် KIO သည် နိုင်ငံရေးအရ အရင် ဆွေးနွေးရန် တောင်းဆို နေခြင်း ဖြစ်ကြောင်း KIO ဖက်က ဆိုပါသည်။

အစိုးရ ဖက်ကမူ အစီအစဉ်အရ အပစ်အခတ် ရပ်စဲရေးသည် အရင် လုပ်ဆောင် သင့်ကြောင်း၊ ပြီးမှ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားရန် ဖြစ်သည်ဟု နိုင်ငံတကာ စံနှုန်းနှင့် အညီ တင်ပြခဲ့ပါသည်။ သို့သော် KIO သည် အစိုးရ အာဘော်အပေါ် ယုံကြည်မှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ အမြင်မတူမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူ အဖြစ် တက်ရောက်သူများက ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်တို့သည် KIO အဖွဲ့၏ တောင်းဆိုချက်များကို လာမည့် ဇူလိုင်လ ပထမပတ် အတွင်း အားလုံး ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖယ်ဒရယ်မူဖြင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကိုလည်း အကောင်အထည် ဖော် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောကြား သွားသည်ဟု ဗိုလ်မှူးစိုင်းလက ဆိုပါသည်။

သို့သော် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရယူထားသော အဖွဲ့များအား တမင် တိုက်ခိုက်ခြင်း၊ အကြောင်း အမျိုးမျိုးပြပြီး ရာဇသံပေး တိုက်ခိုက် နေခြင်းနှင့် နိုင်ငံရေး အရ ဆွေးနွေးမှု မရှိခြင်း တို့ကြောင့် အစိုးရ အပေါ်အယုံအကြည် နည်းနေခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ရသည်နှင့် အမြတ်ထုတ်ရေး လမ်းစဉ်ကိုသာ ဆောင်ရွက်နေပြီး တိုင်းရင်းသား အရေး ကိစ္စအပေါ်လျစ်လျူရှု ခဲ့ကြောင်း ဆိုပါသည်။

ယခုလည်း၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မှု မရှိဘဲ တိုင်းရင်းသားများအား ဖက်ဒရယ် ပေးမည်ဟု ပြောလာပြန်ပါသည်။ လက်ရှိ ဥပဒေကို ပြင်ဆင်ရန် မရှိဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ၏ ဦးတည်ချက် (၈) ရပ်တွင် ဖေါ်ပြ ထားပြီးဖြစ်ပါသည်။ ဤအခြေအနေတွင် ဦးအောင်မင်းသည် တိုင်းရင်းသားများကို ဖက်ဒရယ် ပေးမည် ပြောနေခြင်းသည် ပိုပြီး ယုံကြည်စရာ ကင်းမဲ့နေသည်ဟု ဆွေးနွေးပွဲ လေ့လာ သူများက ဝေဖန်နေကြပါသည်။

ဤကဲ့သို့ အမြင်မတူမှု များကြောင့် KIO ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ များသို့ အပြန်အလှန် တင်ပြ ဆွေးနွေးနိုင်ရန် အချိန်တစ်ရက် လိုအပ်မည်ဟု တင်ပြပါသည်။ ဤသို့ကြောင့် မနက်ဖြန် မေလ (၂၉) ရက်နေ့သည် ဆွေးနွေးပွဲ မရှိဘဲ တစ်ရက် နားမည် ဖြစ်သည်ဟု ဆိုပါသည်။

ဤဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံမှူး လုရှီနှင့် သံရုံးပြောရေး ဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်ဘို တို့လည်း တက်ရောက် ခဲ့ပါသည်။

ရွှေဟင်္သာ
ယနေ့ကျင်းပသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တို့၏ ပထမ ရက်ဆွေးနွေးပွဲ၌ ဆွေးနွေးမှုမတင်မကျဖြစ်ကာ ယနေ့မွန်းလွှဲ ၁ နာရီ အချိန်တွင် နေ့ တစ်ဝက် ဖြင့် ဆွေးနွေး ပွဲကို ရပ်နား လိုက်ရကြောင်း ဆွေးနွေးပွဲသို့ လေ့လာသူ တစ်ဦးအဖြစ် တက်ရောက် ခဲ့သူ ရှမ်းပြည်တိုးတက်ရေး ပါတီ အဖွဲ့မှ ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု  
==================================== 
Tuesday, 28 May 2013 19:20


ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီး အနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။


၎င်း၏ အေးဂျင့်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဒေါ့တ်မန်တို့ အရေးနိမ့်ခဲ့သည့် ပြည်တွင်း ခါးသီး ပြိုင်ဘက်ထံ ပိုလန် လက်ရွေးစင် ပြောင်းရွှေ့ရန် အသင့် အနေအထားဟု အတည်ပြု ပြောကြားခဲ့သည်။ အေးဂျင့် ဆီဇာရီ ကူချာစကီက "လီဝင်ဒေါစကီးဟာ ဒီနွေရာသီမှာ ဘိုင်ယန်ကို ပြောင်းပါမယ်။ ဘိုင်ယန်ကို မပြောင်းပါဘူးလို့ ဘာကိစ္စနဲ့မှ ဖုံးကွယ် ဟန်ဆောင် နေစရာ မလိုဘူးလေ။ လီဝင်ဒေါစကီးက အသင်းက ထွက်ချင်တယ်။ ပြီးရင် ဒါတွေ ဖြစ်လာမှာပဲ" ဟု မှတ်ချက်ပြု သွားခဲ့သည်။

[ဘိုင်ယန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် လီဝင်ဒေါစကီး]
၎င်းက "ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်။ လီဝင်ဒေါစကီးက စိန်ခေါ်မှု အသစ်တွေကို လိုချင်တယ်။ သူ့ဘေးမှာ နည်းပြသစ်၊ စိတ်ဓာတ်မြှင့်တင်မှုသစ်၊ ကစားဖော်သစ်တွေ ရှိနေစေချင်တယ်။ ကျွန်တော်တို့ စိတ်ကူးက ရှင်းပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ဘယ်အသင်းနဲ့မှ စာချုပ်မထားဘူး" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်...
အသက်(၂၄)နှစ်ရှိ ကစားသမားကို ဘိုင်ယန်ထံ လက်လွှဲပေးရခြင်းသည် ဒေါ့တ်မန်အတွက် တတိယမြောက် ထိုးနှက်မှုသဖွယ် ဖြစ်လာနိုင်သည်။ ၎င်းတို့၏ အဓိက ကစားသမား တစ်ဦးဖြစ်သော တက်သစ်စ ကွင်းလယ် တိုက်စစ်သမားလေး မာရီယို ဂေါ့ဇီမှာလည်း ခါးသီးလှသည့် ပြိုင်ဘက်အသင်းထံ နွေရာသီတွင် ပြောင်းရွှေ့ရန် ကြိုတင် သဘောတူညီထားသလို စနေနေ့ ညပိုင်းကလည်း ဝင်ဘလေတွင် ဒေါ့တ်မန်တို့ ဘိုင်ယန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ဆုဖလားကြီးနှင့် လက်တစ်ကမ်း အကွာမှ လှည့်ပြန်ခဲ့ရသည်။

Ref: Sky Sports
ဘိုရပ်ရှားဒေါ့တ်မန်အသင်း၏ တိုက်စစ်မှူး ရောဘတ်လီဝင်ဒေါစကီးအနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။

လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်

Photo: လာမည့်ရာသီ ပရီးမီးယား လိဂ်တွင် ယှဉ်ပြိုင်ခွင့် ရသွားပြီဖြစ်သည့် ပဲလေ့စ်
==========================================

ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လုပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင် ရပြီးနောက် လာမည့် ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ယခုရာသီ (၄၆)ပွဲစာ ဖြတ်သန်း ရုန်းကန်ပြီးနောက် ပဲလေ့စ်သည် ဝင်ဘလေ ကွင်းကြီးတွင် ဝတ်ဖို့ဒ်ကို (၁-၀)ဖြင့် အနိုင် ရရှိခဲ့သည်။ ပဲလေ့စ်အတွက် တစ်လုံးတည်းသော ဂိုးကို အချိန်ပို (၁၀၅)မိနစ်တွင်မှ တိုက်စစ်မှူး ကီဗင်ဖိ လစ်က ပင်နယ်တီမှ တစ်ဆင့် ကန်သွင်းသွားခြင်း ဖြစ်သည်။ အသက်(၃၉)နှ စ်ရှိ ကစားသမားသည် တစ်ချိန်က ၎င်းကျင်လည်ခဲ့သည့် အသင်းဟောင်း၏ ဂိုးပေါက်ထဲ ဘောလုံးကို အရောက် ပို့ဆောင်လိုက်ချိန်သည် ပဲလေ့စ် အတွက် ပေါင်စတာလင် (၁၄၅)သန်းတန် ဆုလာဘ် အတွက် လမ်းပွင့်သွားစေခဲ့သည်။ ဝတ်ဖို့ဒ် ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာ အနေဖြင့် ဘောလုံး လမ်းေ ကြာင်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည့်တိုင် ဘောလုံးက လက်လှမ်း မမီနိုင် သည့် ဂိုးတိုင်အပေါ် ထောင့်ထဲ ဝင်သွားခြင်း ဖြစ်သည်။

ပဲလေ့စ်အနေဖြင့် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရခြင်းကြောင့် ရုပ်သံ ထုတ်လွှင့်မှု ခွဲတမ်းများ အပါအဝင် ဝင်ငွေအရပ်ရပ်တွင် ပေါင်စတာလင် (၁၄၅)သန်းမျှ တိုးပွား လာမည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ယခုပွဲသည် ဂန္ထဝင် တွင်လောက်သည့် ပွဲကောင်းတစ်ခု မဟုတ်ခဲ့လျှင်ပင် အားထုတ်မှု အပြည့်ဖြင့် ရင်ဆိုင် ကစားခဲ့ပြီး ပြိုင်ဘက် နှစ်သင်းကြား တင်းမာမှုများလည်း ရှိနေခဲ့သည်။ မန်နေဂျာ အီယန်ဟော်လိုဝေးနှင့် ပဲလေ့စ် အသင်းသားများ သည် ပွဲအပြီးတွင် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင် ခွင့်ရကြောင်း တရားဝင် ကြေညာချိန်ထိ အောင်ပွဲခံမှုကို မရပ်တန့်နိုင်ခဲ့ချေ။

ယခုပွဲတွင် ပဲလေ့စ် ရရှိခဲ့သည့် ပင်နယ်တီသည် မန်ချက်စတာ ယူနိုက်တက် သို့ ရာသီကုန်တွင် ပြောင်းရွှေ့မည့် ဝီလ်ဖရိုက်ဒ် ဇာဟာ၏ ထိုးဖောက်မှုမှ တစ်ဆင့် အခွင့်အရေး ပိုင်ဆိုင်လာခြင်း ဖြစ်ပြီး ယင်းကို ဘလက်ပူးလ်မှ အငှားရောက်နေသည့် ဖိလစ်က ကန်သွင်း ပေးခဲ့ခြင်း ဖြစ်သည်။ 
Ref: Daily Mail
ခရစ္စတယ်လ် ပဲလေ့စ် အသင်း အနေဖြင့် ပရီးမီးယားလိဂ် တန်းတက်ရေး ရှုံးထွက် ကစားရသည့် ဗိုလ်လု ပွဲတွင် ဝတ်ဖို့ဒ်ကို အနိုင်ရပြီးနောက် လာမည့်ရာသီ ပရီးမီးယားလိဂ်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွား ပြီ ဖြစ်သည်။

အာနိုး ဘယ်တုန်းက ချမ်းသာသွားသလဲ


arnold
တော်တော်များများ သတိမထားမိလိုက်တဲ့ အကြောင်းအရာ လေးပါ။ အများစု သိထားတာက Arnold Schwarzenegger ဟာ ရုပ်ရှင်စရိုက်မှ ငွေဗကြး ချမ်းသာသွားတယ် လို့ပဲ ဖြစ်ပါတယ်။

လူသတ်ဇတ်လမ်းတွေထဲကလို လူသတ်တဲ့သူ

လူသတ်ဇတ်လမ်းတွေထဲကလို လူသတ်တဲ့သူ
Re-post By ACM 28-5-2013

David Parker Ray ဆိုတဲ့လူတစ်ယောက်ဟာ လူသတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။သူဟာ လူတွေအများအပြားကို သတ်ဖြတ်ပြီး အလောင်းကို အစဖြောက်ပစ်ပါတယ်။သူက လူသတ်မှုကွင်းဆက်ကြီး
တစ်ခုကိုကျူးလွန်ခဲ့ပါတယ်။သူ့ရဲ့အိမ်ကို ရဲတွေဝင်ရှာတဲ့အခါမှာတော့
SAW ရုပ်ရှင်ဖတ်ကားတွေထဲကလို နှိပ်စက်ညှင်းပန်းတဲ့ကိရိယာတွေနဲ့ လူ့ခန္ဒာကိုယ်အပိုင်းအစတွေ၊အရိုးခေါင်းတွေကို တွေ့ရပါတယ်။

သူဟာစိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး လူသတ်ရုပ်ရှင်ကားတွေကို အထူး
သဘောကျပါတယ်။

SAW ကဲ့သို့ လူကို နှိပ်စက်ပြီး အပိုင်းပိုင်းဖြတ်တဲ့ ဇတ်ကားတွေကို စွဲလန်းနေသူတစ်ဦးပါ။

သူပိုင်ဆိုင်တဲ့အခန်းထဲက နှိပ်စက်တဲ့ကိရိယာတွေကို ဒေါ်လာ ၁၀၀၀၀၀
ပေးပြီးလိုက်လံစုဆောင်းဝယ်ယူထားတယ်လို့သိရပါတယ်။သူ့ကိုလူတွေ
ကတော့ "မိန်းမတွေကို နှိပ်စက်တဲ့သူ"ဆိုပြီးလူသိများပါတယ်။

မောင်စိုင်း
(ကနောင်)

အေးချမ်းမွန် Credit & Copy From >Scientist Myanmar< Thank For Your Post
David Parker Ray ဆိုတဲ့လူတစ်ယောက်ဟာ လူသတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။သူဟာ လူတွေ အများ အပြားကို သတ်ဖြတ်ပြီး အလောင်းကို အစဖြောက်ပစ်ပါတယ်။သူက လူသတ်မှုကွင်းဆက်ကြီး

ဂျပန်က ကြွေးကျန်ဒေါ်လာ နှစ်ဘီလီယံခန့် ပယ်ဖျက်၍ ၅၀၄ သန်း ထပ်မံချေး

Photo: ဂျပန်က ကြွေးကျန်ဒေါ်လာ နှစ်ဘီလီယံခန့် ပယ်ဖျက်၍ ၅၀၄ သန်း ထပ်မံချေး

ရန်ကုန်၊ မေ- ၂၆

ဂျပန်အစိုးရသည် နှစ်ပေါင်း ၂၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးချေးငွေအကူအညီနှင့် ကြွေးကျန်ဒေါ်လာ ၁ ဒသမ ၇၄  ဘီလီယံအားပယ်ဖျက်ပေးပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများကို အရှိန်မြှင့်လိုက်သည်။

ဂျပန်က မြန်မာသို့ ပေးသော ချေးငွေသဘောတူညီချက်ကို နေ ပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့တွေ့ဆုံအပြီး လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ စာချုပ်အရ ဂျပန်သည် မြန်မာသို့ ယန်းငွေ ၅၁ ဘီလီယံ (ဒေါ်လာ ၅၀၄ သန်း) ပေးအပ်ကူညီသွားမည်ဖြစ်သည်။

အတိုးနှုန်းသက်သာစွာ (၀.၀၁ အတိုးနှုန်း) ထုတ်ချေးသည့် ယင်းချေးငွေသဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မီကီယိုနူမာတာနှင့် မြန်မာဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာလင်းအောင်တို့က လက်မှတ်ရေးထိုးခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ချေးငွေနှင့်အတူ မြန်မာက ရယူထားသည့် ကြေးကျန် ယန်း ၁၇၆ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ)ကိုလည်း ပယ်ဖျက်ပေးခဲ့သည်။ ယင်းမှာ ဂျပန်က ပြီးခဲ့သည့် ဇန်န၀ါရီတွင် မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီယန်း ၃၂၆ ဒသမ ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၅၈ ဘီလီယံ)ကို လျှော်ပစ်အပြီးတွင် နောက်ထပ် ကြွေးမြီ
ပမာဏ အများအပြားကို လျှော်ပစ်ခဲ့သည်။ ဂျပန်နိုင်ငံ၏ မြန်မာသို့ ယခုချေးငွေ ဒေါ်လာ ၅၀၄ သန်းမှာ
မူ ၁၉၈၇ မှစ၍ ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ချေးငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တွင် “ဂျပန်အစိုးရဟာ မြန်မာ့ပြုပြင် ပြောင်းလဲမှုတွေ တိုးတက်ရေးဆက်လက်ထောက်ခံပေးသွားဖို့ ဒီချေး ငွေတွေက အရေးကြီးတယ်လို့ ယူဆပါတယ်။ အစိုးရဟာ မြန်မာနိုင်ငံကို ဆက်လက်ထောက်ပံ့အားပေးမှုတွေ လုပ်သွားမှာပါ”ဟု ဖော်ပြထားသည်။ တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များအရ ယန်း
၁၇ ဘီလီယံ (ဒေါ်လာ ၁၆၈ သန်း) မှာ မြန်မာ့အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် သုံးစွဲရန် ယန်း ၁၄ ဘီလီယံ (ဒေါ်လာ ၁၃၈ သန်း) ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အတွက်သုံးရန်၊ ယန်း ၂၀ ဘီလီယံ ကို သီလ၀ါအထူးစီးပွားရေးဇုန်၌ စွမ်းအင်ဖြန့်ဝေရေး၊ ပို့လွှတ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးရေးတို့အတွက် သုံးစွဲရန်ဖြစ်သည်ဟု သိရသည်။ ဧကပေါင်း ၅၉၀၀ ကျယ်ဝန်းသော ရန်ကုန်မြို့အနီးရှိအဆိုပါသီလ၀ါအထူး စီးပွားရေးဇုန်မှာ ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ မာရူဘီနီကော်ပိုရေးရှင်းနှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့က ဦးဆောင်လုပ်ကိုင်မည့် မြန်မာနိုင်ငံတွင် ဂျပန်၏ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှု
စီမံကိန်းလည်း ဖြစ်လာမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ကြေညာချက်တွင် ချေးငွေများ၊ ထောက်ပံ့ရေးငွေများပေးအပ်ခြင်း နှင့် ပတ်သက်၍ “မြန်မာနိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ရေးနဲ့ မြန်မာနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ကြွေးကျန်ရှင်းလင်းရေးကိစ္စ တွေကို ဆောင်ရွက်ခြင်းအားဖြင့် ဂျပန်အစိုးရဟာ ယန်းနဲ့ပေးတဲ့ ချေးငွေအသစ်တွေကိုရော၊ ထောက်ပံ့ရေးအကူအညီ    Grant Assistance   တွေကိုပါ ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ဂျပန်အစိုးရသည် ယန်း၂ ဒသမ၄ ဘီလီယံ( ဒေါ်လာ ၂၃ သန်း တန်ဖိုးရှိသည့်  ရန်ကုန်မြို့ ရေပေးဝေရေးစီမံခန့်ခွဲမှု အစီအစဉ်နှင့် နိုင်ငံ၏ လူငယ်အုပ်ချုပ်ရေးသမားများ တိုင်းပြည်၏စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက် စီမံနိုင်အောင် ဖန်တီးပေးမည့် ပညာတော်သင်အစီအစဉ် တစ်ခုကိုလည်း ပေးအပ်ခဲ့သည်။ ဂျပန်၏ အကူအညီများ
နှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတြေးလျပညာရှင် ရှောင်တန်နယ်က “မြန်မာမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ တကယ်ကိုထူးခြားလှပါတယ်။ တော်တော်များများကို အံ့သြသွားစေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု မှတ်ချက်ပေးခဲ့ပြီး စီးပွားရေးသာမက ပထ၀ီနိုင်ငံရေးအရပါ မြန်မာနိုင်ငံသို့ဂျပန်၏ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာခြင်းသည် တရုတ်နှင့် ပြိုင်ဘက်ဖြစ်နေသည့် ၎င်းတို့ပေါ်လစီကြောင့် ဖြစ်ကြောင်း သုံးသပ်သည်။ ၎င်းက
ဂျပန်သည် မြန်မာတွင် သြဇာကြီးသည့် အဓိကနိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း၊ တရုတ်မှာမူ  ၎င်း၏ အခြေခံ
အဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် လူမှုရေးနှင့် သဘာ၀၀န်းကျင်ဆိုင်ရာ ပြဿနာများကြောင့် စိုးရိမ်နေသော သက်ဆိုင်ရာပြည်သူများ၏ အတိုက်အခံပြုမှုများကို ရင်ဆိုင်လာရကြောင်း ဆိုသည်။ ၎င်းက “တရုတ်က ဘာမှမကြည့်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ လူကြိုက်နည်းတဲ့ အခြေအနေထဲကနေ ရုန်းထွက်နေခဲ့ရတယ်။ အနောက်တိုင်းကတော့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ငွေတွေ အခုထိစားပွဲပေါ်မှာပဲ တလည်လည်ရှိနေပါသေး တယ်”ဟု ထောက်ပြပြောဆိုသည်။
 
မြန်မာသို့ နှစ်ပေါင်း ၃၆နှစ်အတွင်း ပထမဆုံးလာရောက်သည့် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ရှင်ဇိုအာဘေးသည် ၎င်း၏ ခရီးစဉ်တွင် ဂျပန်ထိပ်သီးစီးပွားရေးကုမ္ပဏီကြီးများဖြစ်သော မစ်ဆူဘီရှီ၊ မာရူဘီ နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီကြီးများဖြစ်သော တိုင်ဆိုင်းနှင့် ဂျေဂျီစီကဲ့သို့သော လုပ်ငန်းများမှ ကိုယ်စားလှယ်တော် ၄၀ ခန့်ကို လည်းခေါ်ယူလာခဲ့သည်။ ဂျပန်သည် မြန်မာနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များသာမက နှစ်ဖက်စစ် ဘက်ဆိုင်ရာအရာရှိများ အပြန်အလှန်လည်ပတ်ဆက်ဆံရေး၊ မြန်မာ စစ်တပ်အရာရှိများကို ဂျပန်တွင် လေ့ကျင့်သင်ကြားပေးရေးစသည့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကိုလည်း အကောင်အထည် ဖော်သွားရန် ရှိနေကြောင်း ဝေါလ်စထရိသတင်းတစ်ရပ်ကလည်း ဖော်ပြခဲ့သည်။

—Ref: AP/Time/Wallstreet
ဂျပန်အစိုးရသည် နှစ်ပေါင်း ၂၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးချေးငွေ အကူအညီနှင့် ကြွေး ကျန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံအားပယ်ဖျက်ပေးပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများကို အရှိန်မြှင့်လိုက်သည်။

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မူ သတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ
Tuesday, May 28, 2013

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။

နိရဉ္စရာ သတင်းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေခ်ျ့မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်သော (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ်တ၀င့် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထားဘူးလားဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ  မွတ်ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ်တင် ဝေဖန် လိုက်ကြောင်း  သတင်းစာများက ဆိုသည်။

“ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်းကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆလင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။

ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ  လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိကြောင်း  ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွားလာမူကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး  န၀တနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက်  ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေသန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု  များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။


နိရဉ္စရာ
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူအပေါ် သူမအနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့်သတင်းကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။

မြန်မာ သတင်းဌာန အများစုက မဖေါ်ပြရဲတဲ့ ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား

Photo: မြန်မာ သတင်းဌာန အများစုက မဖေါ်ပြရဲတဲ့ ရဟန်းတော်တစ်ပါး မီရှို့ ဆန္ဒပြမူ သီရိလင်္ကာတွင် ဖြစ်ပွား
Tuesday, May 28, 2013

မြန်မာ သတင်းဌာန အတော်များများက သတင်း အဖြစ် မဖေါ်ပြရဲတဲ့ ရဟန်းတော် တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့  ဆန္ဒပြမူ တစ်ခု သီရိလင်္ကာ နိုင်ငံမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဲသလို ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြမူဟာ ဗုဒ္ဓဘာသာ နိုင်ငံတစ်ခု ဖြစ်တဲ့ သီရလင်္ကာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရဟန်းတော်ရဲ့ ဘွဲ့နာမည်က Bowatee Indaratna (၃၀) နှစ်ဖြစ်ပြီး သူဟာ လူဦးရေ သန်း ၂၀ ခန့်ရှိတဲ့ ဗုဒ္ဓဘာသာ အများစု နေထိုင်တဲ့ သီရိလင်္ကာ နိုင်ငံ အတွင်းမှာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်မူကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ခုလို မီးရှို့ ဆန္ဒပြပြီး အဆုံး စီရင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ သောကြာနေ့က ကန်ဒီ ( Kandy) လို့ အမည်ရတဲ့ မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ဘုရားပွဲတော်အတွင်း ဘုရားဖူးလာသူ အများစုရှေ့မှာ မိမိခန္ဓာကိုယ်ကို ရေနံဆီ သွန်လောင်းပြီး မီးရှို့ကာ ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို တားမြစ်ပေးဖို့ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် သီရိလင်္ကာမှ ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန် ဘာသာထဲကို သွတ်သွင်းနေတာတွေကိုလည်း တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

မီးရှို့ ဆန္ဒပြပြီးတဲ့ နောက်မှာ သူ့ကို ကိုလံဘိုမြို့ အမျိုးသား ဆေးရုံကြီးကို လေယာဉ်နဲ့ ယူသွားပေမယ့် ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စနေနေ့မှာ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရဟန်းတော်ကို နိုင်ငံတော် အခမ်းအနားနဲ့ ဈာပန ပြုလုပ်ပေးဖို့ တောင်းဆိုတာကို အစိုးရက ပယ်ချလိုက်တဲ့ အပေါ်  ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းခန့်ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေဟာ လမ်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေဟာ သီရိလင်္ကာ သမ္မတ အိမ်တော်အနီးမှာ ထိုင်ဆန္ဒပြပြီး Bowatee Indaratna ရဟန်းတော်ဟာ ပထမဆုံး မိမိကိုယ်ကို အဆုံးစီရင်ပြီး ဆန္ဒပြတဲ့ ရဟန်း တစ်ပါး ဖြစ်တဲ့ အတွက် ကိုလံဘိုမြို့က လွှတ်လပ်ရေး ရင်ပြင်မှာ နိုင်ငံတော် ဈာပန အဖြစ် သဂြိုလ်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပေမယ့် ကျွဲနွား တိရစ္ဆာန်တွေကို သတ်ဖြတ်တာနဲ့ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းနေတာတွေကို တားဆီးဖို့ အစိုးရကို ဆက်လက် ဖိအားပေး တောင်းဆိုသွားမယ်လို့ ဂတိ က၀တ် ပြုခဲ့ကြတယ်လို့ သိရပါတယ်။

နိရဉ္စရာ
မြန်မာ သတင်းဌာန အတော်များများက သတင်းအဖြစ် မဖေါ်ပြရဲတဲ့ ရဟန်းတော်တစ်ပါး မိမိကိုယ်ကို မီးရှို့ သတ်သေတဲ့ ဆန္ဒပြမူ တစ်ခု သီရိလင်္ကာ နိုင်ငံမှာ မေလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

Monday 27 May 2013

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား

Photo: မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူတူ တွဲကစားခွင့်ရရှိတာဟာ ဂုဏ်ယူ စရာပါ ဟု နေမာပြောကြား
==========================================

ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်း တို့စ် အသင်းတိုက်စစ်မှူး နေမာ ကမိမိ အနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့်ရရှိရန်မှာမိမိ၏ရည်မှန်းချက်တစ်ခုဖြစ်ပြီး မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နှင့်အတူတွဲဖက်ကစားခွင့်ရရှိသည်မှာ ဂုဏ်ယူဖွယ် ကိစ္စ တစ်ခုဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဆန်းတို့အသင်းအတွက် နောက် ဆုံးကစားပေးခဲ့ပြီးနောက် နေမာသည် ငါးနှစ် စာချုပ်ဖြင့် ဘာစီလိုနာ အသင်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ “မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တို့နဲ့အတူ တွဲဖက်ကစားခွင့် ရရှိတာဟာ ဂုဏ်ယူစရာ ကိစ္စတစ်ခုပါ။ ကျနော့်အနေနဲ့ ဘာစီလိုနာအသင်း မှာကစားခွင့်ရရှိဖို့ကို စိတ်ကူးယဉ်ခဲ့ရပါတယ်။ ဆန်းတို့စ် အသင်းလိုပဲ ဘာစီလိုနာအသင်းဟာ ကျနော့်အတွက်တော့ ဒုတိယအိမ်တစ်ခုဖြစ်လာဖို့မျှော်လင့်မိပါတယ်” ဟု နေမာ ကပြောကြားသွားခဲ့သည်။

Ref:Yatanarpon
ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သော ဆန်းတို့စ် အသင်း တိုက်စစ်မှူး နေမာက မိမိအနေဖြင့် ဘာစီလိုနာ အသင်း သို့ပြောင်းရွှေ့ခွင့် ရရှိရန်မှာ မိမိ၏ ရည်မှန်းချက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာ
Re-post By ACM 27-5-2013

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မေ ၂၅ ရက် ညနေပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရ၀ ပြုခဲ့သလို ဂျပန်သင်္ချိုင်းသို့လည်း သွားရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အဖွဲ့သည် ဂျပန်ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ သီလ၀ါ ဆိပ်ကမ်းသို့လည်း သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးပွဲသို့လည်း တက်ရောက်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၆ ရက်က သမ္မတဦးသိန်းစိန်အား နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းဧည့်ခံပွဲတွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများ ၀တ်ဆင်ရန် ဂျပန်ဒီဇိုင်းပညာရှင် ကိုရှီနိုဂျွန်ကို ရေးဆွဲသည့် အားကစား ၀တ်စုံများကို ဂျပန်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်ခဲ့သည်။
ထို့နောက် ဂျပန်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မေ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီမှုများနှင့် ပတ်သက်၍ အချက်လေးချက်ပါ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
၁။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ခြင်း
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များ အပါအ၀င် လက်ရှိဆောင်ရွက်ချက်များကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားရန် မြန်မာအစိုးရက ထပ်မံအတည်ပြု ပြောကြားသည်။
ပြည်သူများ၊ ပုဂ္ဂလိက ကဏ္ဍတို့၏ အင်အားဖြင့် ပေါင်းစပ်ကာ အဆိုပါ လုပ်ငန်းစဉ်များကို အကူအညီပေးမည့် ဂျပန်အစိုးရ၏ ရည်ရွယ်ချက်ကို ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်လောင်းပြောကြားခဲ့သည်။
၂။ နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး
အခြေခံ အဆောက်အဦ၊ အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး တည်ဆောက်မှု၊ ကျေးလက်နှင့် တိုင်းရင်းသား လူနည်းစု ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အပါအ၀င် စီးပွားရေးနှင့် လူမှုအရင်းအနှီး တိုးတက်ဖွံ့ဖြိုးမှုသည် မြန်uမာပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာသည့် နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများ ဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရေးနှင့် ကြွေးမြီများ ရှင်းလင်းရာတွင် ဂျပန်အစိုးရ အနေဖြင့် ချေးငွေအသစ်များနှင့် ထောက်ပံ့ငွေများပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်အတွက် ဂျပန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရအကြား ငွေကြေးလဲလှယ်မှု အနည်းငယ် ပြုလုပ်ခဲ့သည်။
ထို့ပြင် မြန်မာအစိုးရ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ အရည်အသွေး တည်ဆောက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ချက်များကို အတည်ပြုခဲ့ကြသည်။
နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် တစ်ခုကို စောစီးစွာ လက်မှတ်ရေးထိုး နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန်၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်သဘောတူ စာချုပ်ချုပ်ဆိုရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်ရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဖြင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် သီလ၀ါ အထူးစီးပွားရေးဇုန်ကို တိုးမြှင့်အကောင်အထည် ဖော်ရန်လည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေများ တိုးတက်ကောင်းမွန်လာရန် ဆောင်ရွက်ချက်များကို ဆက်လက်ထိန်းသိမ်းသွားရန် မြန်မာအစိုးရ၏ သဘောဆန္ဒကိုလည်း သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
၃။နှစ်နိုင်ငံအကြား လူငယ်များ အပြန်အလှန် စေလွှတ်ရေး JENESYS 2.0 
အစီအစဉ်ကိုလည်း လုပ်ဆောင်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ စီးပွားရေး ဆက်ဆံမှုနှင့် မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်လည်ပတ် သူများအတွက် ကူညီမှုများ လုပ်ဆောင်ပေးရန် မြန်မာအစိုးရ၏ ရည်ရွယ်ချက်ကို သမ္မတ ဦးသိန်းစိန်က အတည်ပြု ပြောကြားခဲ့သည်။
သမိုင်းအရ ကြာမြင့်ပြီဖြစ်သည့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အားကစားကဏ္ဍ ပူးပေါင်းမြှင့်တင် လုပ်ဆောင်ရန်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အကူအညီများပေးရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
၎။ နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး
အာရှ-ပိစိဖိတ် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးတို့အတွက် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ အရာရှိများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် စေလွှတ်ရေး များကိုလည်း ပိုမိုလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အထက်ဖော်ပြပါ အကြောင်းအရာများကို တိုးမြှင့်ဆောင်ရွက်မှုအပေါ် မူတည်၍ ဂျပန်အစိုးရက ကြေညာထားသည့် စီမံကိန်း အများအပြားဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမူများ တိုးမြှင့်လုပ်ဆောင်ရာတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပြည်စုံကောင်းမွန်သည့် အကူအညီ စီမံကိန်းများကို လုပ်ဆောင်နေခြင်း သို့မဟုတ် ဂျပန်အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက လုပ်ဆောင်ရန် စဉ်းစားနေခြင်းကို နှစ်နိုင်ငံ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ပိုမိုပူးပေါင်း ဆောင်ရွက်ရန်လည်း အတည်ပြုခဲ့ကြသည်။
ထို့ပြင် ယခုနှစ်သည် နှစ်(၄၀) မြောက် အာဆီယံ-ဂျပန် မိတ်ဖွဲ့မှု နှစ်လည်းဖြစ်သောကြောင့် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြ ပါရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)

EMG
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံနေစဉ် (Photo:AFP)
 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန် တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး သောင်တင်နေသော ကားများနှင့် ဒေသခံ လူရာပေါင်းများစွာကို အကူအညီ ပေးရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ကားအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးသည် ကားခေါင်မိုးပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့သော်လည်း ကားမှာ ရေစီးနောက် မျောပါခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။

ထို့အပြင် အသက် ၃ဝ ခန့်ရှိ အခြား အမျိုးသမီး တစ်ဦးသည် ဒေသစံတော် ချိန် နံနက် ၇ နာရီခွဲက ရေဘေးသင့်၍ သေဆုံးခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မြစ်ရေတက်နေသော မြစ်ကိုဖြတ်ကူးရန် ကြိုးပမ်းနေစဉ် ရေစီးနောက် မျောပါသွားသော ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးနှင့်

http://bit.ly/13XERVS
 အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူနှစ်ဦး သေဆုံး ခဲ့ပြီး သောင်

တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အတျိုး

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။  ကော်ဖီကို ယင်း ကဲ့သို့ သောက် သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။

Sunday 26 May 2013

နေ့စဉ်မိုးလေ၀သသတင်း(၂၀၁၃ ခုနှစ်၊ မေလ(၂၆)ရက်နေ့ နေ့လည်(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက ဧရာဝတီတိုင်းဒေသကြီးတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် နေရာ

ယာဉ် စည်းကမ်း ဖောက်ဖျက်မှု များ တရားရုံး ဒဏ်ငွေ အပြင် အထူး ဒဏ်ငွေ ပါ ပေးဆောင် ရမည်

Photo: ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ တရားရုံး ဒဏ်ငွေအပြင် အထူးဒဏ်ငွေပါ ပေးဆောင်ရမည်
Sunday, May 26, 2013

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင် အထူးဒဏ်ငွေကို ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။

၂၀၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အထက်ပါကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိစေရန်အတွက် လူစည်ကားရာ နေရာများတွင် တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"ဌာနဆိုင်ရာတွေ ကိုလည်း စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ရိုက်မယ်" ဟု ၄င်းက ဆိုသည်။

ကျိုင်းတုံမြို့ပေါ် ယာဉ်စီးနင်းသူ တို့သည် ယာဉ်ထိန်းရဲများ ဖမ်းဆီးသည့် နေရာများကို ရှောင်ကွင်းသွားလာကြကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မေလ ၂၄ ရက် နေ့ထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ် ၂၁၈၂ စီးကို အရေးယူခဲ့ကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly
ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင် အထူးဒဏ်ငွေကို ပေးဆောင် ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။

ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို

Photo: ပြည်သူ့ရေးရာ ကိစ္စတွေဆောင်ရွက်ပေးဖို့လိုဟု လွှတ်တော်အမတ်အချို့ ဆို  
Sunday, May 26, 2013

လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်းကဏ္ဍများ အားကောင်းလာသော် လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

 “ဝန်ကြီးဌာနတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာတော့ ကျွန်တော်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့  ပြည်သူလူထုရဲ့အမြင် ပြည်သူလူထုရဲ့ သဘော ထားတွေကို ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပေးတယ်။ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ပေးတယ်။ အဓိကကတော့ ပြည်သူလူထုကြားမှာ ရှင်သန်နိုင်ဖို့နဲ့ ပြည်သူ့ရေးရာကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်နိုင်ခွင့်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ အခက်အခဲများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သော်လည်း ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည် အားနည်းနေသေးကြောင်း ချင်ပြည်နယ် အမှတ်သုံး မဲဆန္ဒနယ်မြေမှ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု အကျိုးဆောင်ရွက်မှုအားနည်းပြီး မှေးမှိန်နေရခြင်းသည် လွှတ်တော်တွင်း၌ ပြည်သူ့အတွက် အဆိုတင်သွင်းနိုင်ခြင်း မရှိသော ကိုယ်စားလှယ်များ များပြားနေခြင်းလည်း ပါဝင်သည်ဟု မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

အောင်သိုက်
မြန်မာ့ခေတ်
လတ်တလောတွင် ပြင်ပနိုင်ငံရေး လှုပ်ခြားများတွင် အရပ်ဖက်လူ့ အဖွဲ့အစည်းများ၏ ဆောင်ရွက်မှု အခန်း ကဏ္ဍများ အားကောင်းလာသော်လည်း လွှတ်တော်တွင်း နိုင်ငံရေးကို ဖော်ဆောင်လျက်ရှိသော အမတ်များ ၏ အခန်းကဏ္ဍသည် ပြည်သူလူထုကြား၌ အားနည်းနေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းသည် ကိုယ် စားလှယ်များသည် ပြည်သူလူထု၏ ရေးရာကိစ္စများ ဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ

Photo: ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင်
ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ
Sunday, 26 May 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။

၎င်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆုတံဆိပ်ပေါင်း ၁၅၅၇ ခုချီးမြှင့်မည်ဖြစ်ပြီးအားကစားနည်း ၃၃ နည်းအတွက် ရွှေတံဆိပ်၄၆၀၊ ငွေတံဆိပ် ၄၆၀၊ ကြေးတံဆိပ်၆၃၇ စုစုပေါင်း ၁၅၅၇ခုချီးမြှင့်မည်ဖြစ်ကြောင်းSeagames2013မှသိရသည်။

Popular Myanmar News Journal
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း) အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။

ဆေးလိ ပ်နှင့် ဆေး ရွက်ကြီး နည်း ဥပဒေ ယခုနှစ် ထွက် ဖွယ်ရှိ

Photo: ဆေးလိပ်နှင့် ဆေးရွက်ကြီး နည်းဥပဒေ ယခုနှစ်ထွက်ဖွယ်ရှိ
Sunday, May 26, 2013

ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

အဆိုပါနည်းဥပဒေ မရှိသည့်အတွက် အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်နိုင် သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ဥပဒေပညာရှင် များနှင့် တိုင်ပင်ကာ ရေးဆွဲရခြင်း ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။
“အခုထိ ဥပဒေထဲက အချက်တော် တော်များများကို လက်တွေ့အကောင် အထည် မဖော်နိုင်သေးဘူး”ဟု ဒေါက်တာ နန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ကြီး ဌာနများနှင့် အများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်မသောက်သုံးရန် နေရာများ သတ်မှတ်ထားသော်လည်း လိုက်နာမှု မရှိသေးသည့်အတွက် သေချာ ကြပ်မတ်ဆောင်ရွက်သွားရန် ရှိကြောင်း ၄င်း၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် နိုင်ငံအသီးသီးမှ အစိုးရ များသည် ဆေးရွက်ကြီးထွက်ပစ္စည်းများ ကုန်သွယ်ရာမှ ရရှိသော အခွန်များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းလျက် ရှိပြီး နှစ်စဉ် ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ အတွက် အခွန်ငွေနှစ်ဆမှ သုံးဆ ကျော်အထိ သုံးစွဲနေရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာ ညိုညိုကြိုင်က The Voice သို့ ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ ဆေးလိပ်သောက် သုံးသူတွေရဲ့အချက်အလက်တွေနဲ့ ပတ်သက် ပြီး စာရင်းအတိအကျ မရှိပေမယ့် ကွမ်းစားတဲ့ သူအရေအတွက်က ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရောက်နေတယ်။ နှစ်တိုင်းလည်း ထပ်တိုးနေတာက တကယ့်စိုးရိမ်ရမယ့် အခြေအနေပါပဲ” ဟု ၄င်းကဆိုသည်။

၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း .aသာက်သုံးမှုထိန်းချုပ်ရေး ဥပဒေတွင် ကျူးလွန်သည့် ပြစ်မှု အလိုက် ငွေ ဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်နိုင်ပြီး ငွေဒဏ်အတွက် ကျပ် ၁၀၀၀ မှ ၂၀၀,၀၀၀ အထိသတ်မှတ်ထားသည်။

The Voice Weekly
ပြဋ္ဌာန်းပြီးနောက် ခုနစ်နှစ်ကြာ အသက်မဝင်ခဲ့သော ဆေးလိပ်နှင့် ဆေးရွက် ကြီး ထွက် ပစ္စည်းသောက်သုံး မှု ထိန်းချုပ်ရေး ဥပဒေ၏ နောက်ဆက်တွဲ နည်း ဥပဒေကို ယခုနှစ်အတွင်း အပြီးသတ်ထွက်ရှိရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (အခြေခံ ကျန်းမာ) .aဒါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အနေ ကဇာတင် ကျင်းပ

Photo
နေပြည်တော် ဥဒယရံသီကုန်းတော်ပြင်၌ တည်ထားသည့် သတ္တသတ္ထာဟမဟာဗောဓိစေတီတော် မြတ်ကြီး အထက် ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ နေပြည်တော် ဥဒယရံသီကုန်းတော်ပြင်တွင် တည်ထား ကိုးကွယ်သည့် သတ္တသတ္ထာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်း၊ ရွှေထီးတော် တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကို မေ ၂၄ ရက်နေ့ နံနက်(၇) နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့ တက်ရောက် ကြည်ညိုကြသည်။