Tuesday 19 February 2013

လက်ပံတောင်းတောင် မီးဘေး ဒုက္ခသည် များကို ဝမ်ပေါင် ကုမ္မဏီ ငွေကြေး ထောက်ပံ



လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး မိုးကြိုးပြင် မြောက်ရွာမှ မီးဘေး ဒုက္ခသည် များကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅သိန်းစီ မြန်မာဝမ်ပေါင် ကုမ္မဏီက ထောက်ပံ ခဲ့ကြောင်း ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဒု ဦးစီးမှူး နှင့် ဒေသခံ ရွာသား များက ပြောကြားသည်။

ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး  ဗိုလ်မှူးချုပ်အော်သော်သည်  ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့သည့် အပတ်က ပြောသည်။

မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအပေါ် လီမြောင်ဘတ် သတိပေး

lee

(သမ္မတလီမြောင်ဘတ်၏ မိန့်ခွန်းပြောကြားမှုကို ကြည့်ရှုနေသည့် တောင်ကိုရီးယားပြည်သူများ)
မြောက်ကိုရီးယား၏ လတ်တလော နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခြင်းမှာ ၎င်းတို့ဘာသာ ချောင်ပိတ်မိသွားစေမည့် လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း ရာထူးမှ စွန့်ခွာတော့မည့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် က သတိပေး ပြောကြား

ပြည်ပမှ ရွှေ့ပြောင်းသူများကို တိုးမြှင့်လက်ခံမည့် စင်ကာပူအစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာ ရှားရှားပါးပါး ကန့်ကွက်ဆန္ဒပြ

feb-18-2-3
    Speaker's Corner  တွင် ဆန္ဒပြမှုသို့ တက်ရောက်လာသူများကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်
အာဏာရပါတီ တစ်ခုတည်းက ဆယ်စုနှစ်များစွာ အုပ်စိုးလာခဲ့သော စင်ကာပူနိုင်ငံတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ ပုံမှန်ဆိုလျင် ဖြစ်ပေါ်လေ့ မရှိပေ။ သို့သော် စင်ကာပူတွင် လူဦးရေတိုးတက်မှုနှုန်း ကျဆင်းနေမှုကို ဖြည့်ဆည်းရန်အတွက် လာမည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ပြည်ပမှ ရွှေ့ပြောင်းလာသူများကို တိုးမြှင့်လက်ခံမည့် အစိုးရ၏ အစီအစဉ်အား ပြည်သူထောင်ပေါင်းများစွာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ရှားရှားပါးပါး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟုကချင်ဘင်လာဒင်အမည်ဖြင့်အသက်အန္တရာယ်ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။

တစ်နှစ်ခွဲကျော် ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှုနှင့် တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရမှုများတွင် စုစုပေါင်းရဲတပ်ဖွဲ့ဝင် လေးထောင်နီးပါးရှိပြီး ရဲအရာရှိ ၁၀၅၇ ဦးပါဝင်

တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊ အမှုကြန့်ကြာမှု၊ တရားခံသေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့် ရဲဝန်ထမ်းဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရသည်။

စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ တစ်နေရာတည်း စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သဖြင့် အချက်အခြာကျသည့် မြို့များတွင် စီးပွားရေး စင်တာများ၊ စက်မှုဇုန်များ တည်ထောင်သွားရန် စီစဉ်နေ


စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ နေရာဒေသတစ်နေရာတည်းတွင် စုပြုံနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံအတွင်းရှိ အချက်အခြာကျသည့် မြို့များတွင် စီးပွားရေးတိုးတက်မှု ဌာနများ၊ စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် နေရာများကို သတ်မှတ်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။

အစိုးရစစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးတဲ့အပေါ် ကုလသမဂ္ဂ ကြိုဆို


မြန်မာနိုင်ငံ အစိုးရစစ်တပ်က ကလေးစစ်သား ၂၄ ယောက် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ဆိုင်းရေးအတွက် မြန်မာအစိုးရအနေနဲ့ မနှစ်က ကတိက၀တ် ပြုထားခဲ့တဲ့အတိုင်း ကလေးစစ်သား ပြန်လွှတ်ပေးတဲ့ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။