Sunday 18 May 2014

မျိုးစောင့်ဥပဒေရေးဆွဲနေဆဲကာလ၌ ဝေဖန်မှုများသည်ရည်ရွယ်ချက်ပါသော လုပ်ရပ်များသာဖြစ်ဟု မဘသဆို

မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်က နိုင်ငံတော်သမ္မတ အပါ အဝင် ပြည်သူများ၏အကြံပြုတင်ပြချက်များနှင့်ရေးဆွဲနေဆဲ ဖြစ်သော မျိုးစောင့်ဥပဒေမူကြမ်းကို ဝေဖန်အကြံပြုကန့်ကွက်နေမှုများ ပြုလုပ်နေ ခြင်းမှာ သဘာဝမကျ၍အခြားမသမာသောရည်ရွယ်ချက်များသာဖြစ် သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)က သတင်း ထုတ်ပြန်ခဲ့သည်။

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်

Photo: ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက်
Sunday, May 18, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်းမြို့နယ်ခွဲ ဓမ္မိကာရုံကျောင်း တိုက်ဆရာတော် ဦးဉာဏက မိန့်ကြားသည်။

“ဦးကျော်မြင့်ဆိုတဲ့ ဒကာကြီးက အမဲသတ်လိုင်စင် ၂၇ ခုကို အမည်အမျိုးမျိုးနဲ့ ရထားတယ်။ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲနဲ့ ငရုတ်ကောင်း မြို့နယ်ခွဲတွေမှာလည်း သားသတ်လိုင်စင်တွေ ရထားတယ်။ ဒီစည်သွတ်စက်ရုံ ဖွင့်ပြီဆိုရင် နေ့စဉ် ကျွဲ၊ နွားကောင်ရေ ၁၅၀ ထက်မနည်း အသတ်ခံရတော့မယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ၊ ငပုတောမြို့နယ် မော်တင်စွန်း ဒေသနှင့် မြစ်တစ်ရာ တိုက်နယ်အတွင်းရှိ ကျေးရွာများရှိ တောင်သူများမှာ လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားများကိုသာ အားထားနေရကြောင်း ရေနက်ကွင်းနှင့် တောတောင်လျှိုမြောင် များပြားသောဒေသ ဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) စိုက်ပျိုးခြင်းနှင့် တောတောင်ကို အမှီပြု၍ လုပ်ကိုင် နေရခြင်းတို့ကြောင့် ကျွဲနွားရှားပါးမည်ကို စိုးရိမ်လျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ဦးနှစ်ဦးက အချိန်တိုအတွင်းမှာ အလွန်ချမ်းသာ သွားနိုင်ပေမယ့် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေကတော့ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

The Voice Weekly
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား


Photo: ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
Sunday, May 18, 2014

ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့် စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင်သည်ဟု တောင်းဆိုစာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို့ ရမယ်ဆို ကောက်ခွင့်ပြုမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်အရ သတ်မှတ်ကာလနောက် ရက်သတ္တပတ် ရှစ်ပတ်အတွင်း ထပ်မံကောက်ယူနိုင်ပြီး ယင်းကာလအတွင်း ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အိုနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး အတိအကျ မသိရှိသေးကြောင်း ဦးခင်ရီက ပြောဆိုထားသည်။

ကေအိုင်အို နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ညွှန်ကြားထားမှု မရှိကြောင်း၊ ဆက်ကောက်မည် ဆိုပါက ဝန်ကြီးဌာနနှင့် ကေအိုင်အိုအကြား ညှိနှိုင်းဆောင်ရွက်မှု အရသာ လုပ်ဆောင်မည် ဖြစ်ပြီး တပ်မတော်က ပါဝင်ဆောင်ရွက်ရန် မရှိသေးကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ကချင်ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရန် ၉၇ ရွာ ကျန်ရှိနေကြောင်း ဝန်ကြီးဦးခင်ရီက ပြောဆိုသော်လည်း ကျေးရွာ ၄၀ ခန့်တွင် အမှန်တကယ် လူနေထိုင်မှု မရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းများလည်း ကျန်ရှိနေသည့်အတွက် နည်းလမ်းနှစ်ခု စဉ်းစားရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်လောင်း ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဒေသအချို့၌ သန်းခေါင်စာရင်း ကောက်ယူရေးမှ အစပြုကာ တပ်မတော်နှင့် ကေအိုင်အေ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသော်လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အို အဖွဲ့တို့က သန်းခေါင်စာရင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဟု နှစ်ဖက်ခေါင်းဆောင်များက ငြင်းဆိုထားသည်။

The Voice Weekly 
 ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က

အခြေခံ ဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

Photo: အခြေခံ ဥပဒေကို လွှတ်တော်တွင်း ကသာ ပြင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား
Sunday, May 18, 2014 

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောခဲ့ကြပါတယ်။

အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသည့် ပြည်ထောင်စုအရေးတို့နဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ပုဒ်မ ၄၃၆ ကို ပြည်သူက ရွေးကောက်တင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်

ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်တွေ ကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလအားဖြင့် လာမယ့် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်လနီးပါးကြာ ကောက်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဗိုလ်စိန်မှန်ကွင်းမှာ အခုလို ကြေညာခဲ့ပါတယ်။

"ကျနော်တို့ ဒီလက်မှတ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြီးတော့ ကောက်ခံမှာပါ၊ ပြည်သူတွေ လက်မှတ်ရေးထိုးဖို့အတွက် ကျနော်တို့ လက်မှတ်စာအုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးတွေနဲ့ ရပ်ကွက်ကျေးရွာရုံးတွေမှာ ထားရှိမှာဖြစ်ပါတယ်၊ တချို့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကျနော်တို့ရုံး မရှိတဲ့အခါကျတော့ အဲဒီရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့အိမ်မှာ မြို့နယ်စည်းရုံးရေးအဖွဲ့တွေ ရပ်ကွက်ကျေးရွာက ကျနော်တို့ အမှုဆောင်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ခံပြီးတော့ ထားရှိပေးမှာဖြစ်ပါတယ်၊ လက်ကမ်းစာစောင်နည်းတွေ ကြေငြာတဲ့နည်းတွေနဲ့ လက်မှတ်စာအုပ်ထားရှိတဲ့နေရာကို သိရှိအောင် ကြေညာဆောင်ရွက်ပေးမှာဖြစ်ပါတယ်"

ဗိုလ်စိန်မှန်ကွင်း လူထုဟောပြောပွဲကို ပရိသတ် တစ်သောင်းနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဟာ မနက်ဖြန်မှာတော့ မန္တလေး အောင်ပင်လယ်ကွင်းမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပွဲကို လာမယ့်မေလ ၁၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲကို မိုးညှင်းမြို့အရှေ့ကျောင်းတိုက်က ရွှေသာလျောင်းကျောင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ မိုးညှင်းမြို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်အေးက RFA ကို ပြောပါတယ်။

RFA Burmese
 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။

အများပြည်သူ သိရှိစေရန် ကြေညာချက်

၁။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အမှတ် ၁၂၈- ၁၃၂ ပန်းဆိုးတန်းလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တွင် အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးကို ၁-၄-၂၀၁၄ ရက်မှစ၍ တည်ထောင် ဖွင့်လှစ် ထားပါသည်။ အဆိုပါ အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးသည် ဝင်ငွေ ခွန်ဥပဒေ၊ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေနှင့် ယင်းဥပဒေတို့၏ နည်းဥပဒေများ၊ စည်းမျဉ်းများပါ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ 

တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး

Photo: တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး
Sunday, May 18, 2014

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီး နောက် သောကြာနေ့က တရုတ်မြို့ ချင်းတောင်၌ ကျင်းပခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြခဲ့ရာ တရုတ်နိုင်ငံက အဆိုပါနှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော်နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်သြ လိုက်သည်။ ယင်းအဓိကရုဏ်း၌ ဆက်နွှယ်သူ ၅ဝဝ အား ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆိုလိုက်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုဆိုခွင့်ရှိသူ ရှန်ဒန် ရန်းကပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလအတန်ကြာကပင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင်နက် နယ်မြေအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ရှိလိမ့်မည်ဟု ယုံကြည် ထားကြသည်။

ဘီဘီစီ
တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

စပိန် လာလီဂါးဘောလုံးပွဲမှာ Atletico Madrid ချန်ပီယံဖြစ်

Photo: စပိန် လာလီဂါးဘောလုံးပွဲမှာ Atletico Madrid ချန်ပီယံဖြစ်
Sunday, May 18, 2014 

စပိန်လာလီဂါ အမှတ်ပေးဘောလုံးပွဲမှာ အက်တလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံဖြစ်သွားပါပြီ။ စပိန်အမှတ်ပေးပြိုင်ပွဲရဲ့ ဖိုင်နယ်လို့ ခေါ်နေကြတဲ့ နောက်ဆုံးပွဲစဉ် ၃၈ ကို ဘာစီလိုနာ နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ ကစားကြတာမှာ ၁ ဂိုးစီ သရေဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားတာပါ။

ဘာစီလိုနာက ဂိုးအရင်သွင်းပြီး အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်မှာဖြစ်ပေမယ့် အက်တလက်တီကိုက ဒုတိယပိုင်းအစမှာ ချေပဂိုးပြန်သွင်းသွားတာကြောင့် အက်တလက်တီကိုက ဘာစီလိုနာထက် ၃ မှတ်အသာရပြီး အမှတ် ၉၀ နဲ့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ အက်တလက်တီကိုမက်ဒရစ်အတွက်တော့ ၁၉၉၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံ ပြန်ဖြစ်တာဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ်အသင်း အခုလို ချန်ပီယံဖြစ်သွားခဲ့တဲ့အတွက် ၂၀၀၄ ခုနှစ်ကစပြိး ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် ၂ သင်းပဲ ဗိုလ်စွဲခဲ့တဲ့ အစဉ်အလာကို အဆုံးသတ်သွားစေခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အမှတ်ပေးချန်ပီယံဆုဖလားနဲ့ လွဲခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ ဖလားတလုံးမှ မရဘဲဖြစ်ခဲ့ပြီး နည်းပြ Gerardo Martino လည်း နည်းပြကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

လန်ဒန်မြို့က ၀င်ဘလေမှာကစားတဲ့ FA ဖလားဖိုင်နယ်မှာ အာဆင်နယ်က ဟားလ်စီးတီးကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဟားလ်က ပွဲစပြီး ၁၀ မိနစ်မှာ ၂ ဂိုးအရင်သွင်းခဲ့ပြီး အာဆင်နယ်က နောက်ကနေ လိုက်ချေရတာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးကိုတော့ အချိန်ပိုမှာ Ramsey က သွင်းခဲ့တာပါ။ ဒါဟာ အာဆင်နယ်အတွက်တော့ ၉ နှစ်အတွင်း ပထမဆုံးဆုဖလားလည်းဖြစ်ပါတယ်။

ဘာလင်မှာ ကစားတဲ့ ဂျာမန်ဖလားဖိုင်နယ်မှာတော့ ဘိုင်ယန်မြူးနစ်က ဘိုရုစီးယားဒေါ့မန်ကိုအချိန်ပိုကစားပြီး ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။ ဂိုးတွေကိုတော့ ရော်ဘင် နဲ့ မူလာတို့ သွင်းပေးခဲ့တာပါ။ ဘိုင်ယန်အတွက်တော့ ဒါဟာ အခုနှစ်အတွက် ဒုတိယမြောက် ဖလားဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Atletico အသင်းသားတွေ ချန်ပီယံဆုရပြီးနောက် အသင်းနည်းပြကို Diego Simeone ကို မြှောက်ချီထားကြစဉ်။ (မေ ၁၇၊ ၂၀၁၄)
Atletico အသင်းသားတွေ ချန်ပီယံဆုရပြီးနောက် အသင်းနည်းပြကို Diego Simeone ကို မြှောက်ချီထားကြစဉ်။ (မေ ၁၇၊ ၂၀၁၄)
စပိန်လာလီဂါ အမှတ်ပေးဘောလုံးပွဲမှာ အက်တလက်တီကိုမက်ဒရစ်အသင်း ချန်ပီယံဖြစ်သွားပါပြီ။ စပိန် အမှတ်ပေးပြိုင်ပွဲရဲ့ ဖိုင်နယ်လို့ ခေါ်နေကြတဲ့ နောက်ဆုံးပွဲစဉ် ၃၈ ကို ဘာစီလိုနာ နဲ့ အက်တလက်တီကိုမက်ဒရစ်တို့ ကစားကြ တာမှာ ၁ ဂိုးစီ သရေဖြစ်ပြီး အက်တလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးချန်ပီယံဖြစ်သွားတာပါ။

ဂျယ်ကောင် ရွှေလီရောက် မြန်မာပြည်သားများအား တရုတ် အာဏာပိုင်များ ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် တလျှောက် တရုတ်ပြည်ဘက်၌ ရွှေလီမြို့အသွား လမ်းမကြီးပေါ် တွင် တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားများအား မတရားဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူ မိသားစုများထံမှ စုံ စမ်းသိရှိရသည်။ 

ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ

Photo: ဘော်လ်ကန်ဒေသ ရေကြီးမှု ၂၀ ကျော် သေ
Sunday, May 18, 2014 

Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး
ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

ဥရောပအလယ်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၄ လစာနဲ့ညီမျှတဲ့ မိုးရေပမာဏနဲ့ မိုးရွာသွန်းခဲ့တဲ့အတွက် အကြီးအကျယ်ရေကြီးနေတာကြောင့် သေဆုံးတဲ့အရေအတွက် ပိုများလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ လေယာဉ်ပျံတွေနဲ့ ဝေဟင်ကနေ မြင်ရတဲ့အတိုင်းဆိုရင် အိမ်တွေ၊ လမ်းတွေ ရထားလမ်းတွေအပါအဝင် Bosnia ဒေသရဲ့ ၃ ပုံဟာ ရေလွှမ်းနေတယ်လို့ တာဝန်ရှိသူတွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

ရေကြီးနေတဲ့ ဒေသမှာ လူပေါင်း ၁ သန်းလောက် နေထိုင်ကြမယ်လို့ Bosnia အစိုးရပြောခွင့်ရသူက ခန့်မှန်းပါတယ်။ ရေကြီးမှုကြောင့် မြေပြိုကျတဲ့ အန္တရာယ်လည်း ပိုများလာသလို ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Bosnia စစ်ပွဲအတွင်း ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲနိုင်တဲ့အန္တရာယ်လည်း ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Bosnia အရှေ့မြောက်ဖက်နား ဆင့်ကဲဗုံးတွေနဲ့ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေရှိတဲ့ နေရာတွေနားမှာ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ အများအပြား ရေနဲ့အတူ မျောပါသွားတယ်လို့ AP သတင်းက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Balkan ဒေသမှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် ဆားဘီးယားနဲ့ Bosnia-Herzegovina မှာ လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခရောက်နေကြပါတယ်။

အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား

Photo: အမေရိကန်ရဲ့ ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြမယ်လို့ အစိုးရပြောကြား 

အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော်ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ 

ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေရေးနည်းဥပဒေ ပြဌာန်းရေးဆွေးနွေးပွဲမှာ သတင်းထောက်တစ်ဦးက အမေရိကန်က ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုး လိုက်တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အခုလို ဖြေကြားခဲ့တာပါ။ 

"အဓိကကတော့ ကျနော်တို့က ဒီပိတ်ဆို့မှုကို တတ်နိုင်သမျှ အကုန်လုံး ဖယ်ပေးစေချင်တယ်ဆိုတာက ဒါကျမှ ပြည်သူတွေရဲ့ လူမှုစီပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မြန်လုပ်လို့ရမှာ သို့သော် အခုအကုန်တော်တော်များများ ဖယ်ထားပြီးပြီ ဥရောပသမဂ္ဂဆိုရင် အားလုံးနီးပါး ဖယ်လိုက်တယ်၊ ကျနော်တို့ကတော့ လက်ရှိရှိတဲ့အတိုင်းအတာနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေပြီ၊ တစ်ကတော့ သူတို့သက်တမ်းတိုးပေမယ့်လည်း ကျနော်တို့လုပ်စရာရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရအောင်ဆက်လုပ်သွားမယ်၊ နှစ်ကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ပိုပြီးတော့ ယုံကြည်လာအောင် အလုပ်နဲ့သက်သေပြသွားမယ်" 

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့်တွေ လမ်းပွင့်ကာစ အခြေအနေမှာပဲရှိသေးသလို၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပေါ်ပေါက်နေ ပြီး၊ နိုင်ငံရေးနဲ့  စီးပွါးရေးကဏ္ဍမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် အမျိုးသားအရေးပေါ်အက်ဥပဒေနဲ့ ဆက်လက်အရေးယူရန် လိုအပ်တယ်လို့ မိမိအနေနဲ့ ဆုံးဖြတ်ကြောင်း စတဲ့အချက်တွေနဲ့ အမေရိကန်သမ္မတ အိုဘားမားက မေလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာလို့ သိရပါတယ်။ 

တပြိုင်နက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ရှင်သန်ထွန်းကားပြီး နောက်ကြောင်းပြန် လှည့်မသွားအောင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့လည်း သမ္မတ အိုးဘားမားက ပြောပါတယ်။

RFA
အမေရိကန်သမ္မတ အိုဘားမားက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်လိုက်တယ်ဆိုတာဟာ အမေရိကန် လွှတ်တော် ဖက်က ပြဌာန်းထားတဲ့ ဥပဒေကို သက်တမ်းတိုးတာသာဖြစ်ပြီး အိမ်ဖြူတော်ဖက်က ချမှတ်ခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပြီးဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်တွေဖက်က ယုံကြည်မှုရအောင် အလုပ်နဲ့သက်သေပြသွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြော ကြား လိုက်ပါတယ်။

အိန္ဒိယ ရွေးကောက်ပွဲတွင် နာရန်ဒါမိုဒီ၏ BJP လက်ယာယိမ်း ပါတီ အနိုင် ရရှိ

Photo: အိန္ဒိယ ရွေးကောက်ပွဲတွင် နာရန်ဒါမိုဒီ၏ BJP လက်ယာယိမ်း ပါတီ အနိုင် ရရှိ
Sunday, May 18, 2014 

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပခဲ့သော ရွေးကောက်ပွဲ ၏ ရလဒ်များအရ နာရန်ဒါမိုဒီ ဦးဆောင်သော BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများက ရွေးကောက်ပွဲတွင် အနိုင် ရရှိကြောင်း မေ ၁၆ ရက် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

ရွေးကောက်ပွဲတွင် BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများ၏ အနိုင်ရရှိမှုသည် အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် ၁ဝ နှစ်ကြာ တာဝန်ယူခဲ့သည့် မန်မိုဟန်ဆင်းနှင့် ဂန္ဒီမိသားစု ဦးဆောင်သော ကွန်ဂရက်ပါတီကိုလည်း အထိ နာစေခဲ့သည်ဟု နိုင်ငံရေး ကျွမ်းကျင် ပညာရှင်များက ပြောကြားထားခဲ့သည်။ BJP ပါတီသည် လွှတ်တော် အမတ်နေရာ ၂၇၆ နေရာကို ရရှိခဲ့ပြီး မိုဒီအနေဖြင့် လက်ရှိ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ နေရာကို ဆက်ခံရန် မေ ၂၁ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှု၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာမှု၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာမှုနှင့် အကျင့်ပျက် ခြစားမှုများတွင် ပါဝင် ပတ်သက်နေသည် ဟူသော လက်ရှိ အစိုးရအဖွဲ့၏ မကောင်း သတင်းတို့သည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ကာလအကြာဆုံး ဖြစ်သော ရွေးကောက်ပွဲကြီးကို ကျင်းပ ခဲ့ရသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု သိရသည်။

မြ၀တီ
အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပခဲ့သော ရွေးကောက်ပွဲ ၏ ရလဒ်များအရ နာရန်ဒါမိုဒီ ဦးဆောင်သော BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများက ရွေးကောက်ပွဲတွင် အနိုင် ရရှိကြောင်း မေ ၁၆ ရက် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက်

Photo: ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက်
Sunday, May 18, 2014 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ မဂ္ဂနာမြစ် အတွင်း၌ မေ ၁၅ ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်၍ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသည် ၂ဝဝ ဝန်းကျင်ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

M.V. Miraj-4 အမည်ရှိ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် မည်မျှ လိုက်ပါလာသည်ကို အတိအကျ မသိရှိသော်လည်း ၎င်းတို့အနက် အများစုမှာ သီတင်းပတ် အကုန်တွင် အိမ်သို့ ပြန်လာကြသည့် အစိုးရ အမှုထမ်းများနှင့် ကျောင်းသားများ ဖြစ်ကြောင်း၊ ၎င်းတို့အနက် ၄ဝ ဦးခန့်သည် ကူးတို့ယာဉ် နစ်မြုပ်ပြီး နောက် ကမ်းခြေသို့ ရေ ကူးခပ်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့မှ ရေငုပ်သမား တစ်ဦးသည် ငါးနှစ် ဝန်းကျင်ရှိ ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းကို ၎င်း ကူးတို့ယာဉ် အတွင်းမှ ဆွဲထုတ်ခဲ့ပြီး ၎င်း ယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၂၆ ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကူးတို့ယာဉ် တိမ်းမှောက်မှုသည် မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်း အားနည်းသောကြောင့် ဖြစ်ကြောင်း Munshiganj ခရိုင်မှ လက်ထောက် ရဲမှူးကြီး Saiful Hassan Badal က ရိုက်တာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

မြ၀တီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ မဂ္ဂနာမြစ် အတွင်း၌ မေ ၁၅ ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်၍ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသည် ၂ဝဝ ဝန်းကျင်ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

စီးပွားရေး ကျပ်တည်းလာမှုနှင့် ခိုးမှု၊ လုယက်မှုများဖြင့် ပြစ်ဒဏ် ကျခံရပြီး ပြန် လည်လွတ်မြောက်လာသူများကြောင့် ရန်ကုန်မြို့အတွင်း လုယက်မှုများ ပိုမိုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း လုယက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီ မှ မေအတွင်း လစဉ်လုယက်မှုဖြစ်စဉ်များအား နှိုင်းယှဉ်ပါက ဖြစ်ပွားမှုနှုန်း တိုးလာကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး မြင့်ထွေးက မေ ၁၆ ရက်က ဆိုသည်။

.မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့အား RSO သောင်းကျန်းသူများ ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တစ်ဖက်နိုင်ငံမှ RSO သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ အား ချုံခိုပစ်ခတ်မှုကြောင့် မေ ၁၇ ရက် နံနက်ပိုင်းတွင် ထပ်မံပစ်ခတ်မှုဖြစ်ပွား ခဲ့ပြီး မြန်မာ နယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နှစ်ဦးပျောက် ဆုံးနေကြော င်း မောင်တော မြို့မရဲစခန်းမှ သတင်းရရှိသည်။

အစိုးရသစ် တာဝန်ယူခဲ့သည့် ဘဏ္ဍာရေးနှစ် လေးနှစ်အတွင်း ဘတ်ဂျက် လိုငွေ ကျပ် ဘီလျံ ၉၈၀၀ ခန့်အထိ ရှိနေသဖြင့် ပြည်သူများ ၀န်ထုပ် ၀န်ပိုးဖြစ်စေနိုင် သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများ ဆက်လက်ဖြစ်လာစေနိုင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် သက်တမ်းသုံးနှစ်ကျော်ကာလနှင့် ဘဏ္ဍာနှစ် လေးနှစ် တာ ကာလအတွင်း ဘတ်ဂျက်လိုငွေပေါင်း ကျပ် ဘီလျံ ၉၈ဝဝ ခန့်အထိ ရှိလာနေ သဖြင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့် ငွေဖောင်းပွမှုများ၊ ကုန်ဈေးနှုန်းမြင့်တက်မှုများ ဆက် လက်ဖြစ် လာစေနိုင်သဖြင့် နိုင်ငံ့အတွက် အမှန်တကယ်အကျိုးပြုနိုင်မှုမရှိသည့် ဝန်ကြီးဌာနများ၏ စီမံကိန်း များအား စိစစ်ရပ်ဆိုင်းနိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များ၊ လွှတ်တော်အမတ်များက ဝေဖန်ပြော ကြားသည်။