Thursday 5 March 2015

မကွေးမြို့က နာမည်ကျော်ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများအား တိုင်တန်းသူရှိလျှင် အရေးယူမည်ဟုဆို

တရားဝင်ခွင့်ပြုထားခြင်းမဟုတ် သည့် မကွေးမြို့မှနာမည်ကျော်ချစ်သူ လမ်းကြားရှိ အလုံပိတ်တဲများအား တိုင်း တန်းသူရှိမှသာ အရေးယူ ပေးနိုင်ကြောင်း မကွေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်တိုင်းမ်သို့ပြောသည်။
''ဒီတဲအိမ်တွေကို တရားဝင်ဖွင့် ခွင့်မပေးထားဘူး။ လူနေတဲပုံစံနဲ့ဖွင့် ထားတာဖြစ်မယ်။ လာတိုင်တဲ့သူရှိရင် တော့ ကျွန်တော်တို့နဲ့ နယ်မြေအဖွဲ့မှ တာဝန်ရှိသူတွေပေါင်းပြီး အရေးယူပေး နိုင်ပါတယ်''ဟု အဆိုပါ တာဝန်ရှိသူတစ် ဦးက ပြောသည်။မကွေးမြို့တွင် ယင်းကဲ့သို့ အလုံ ပိတ်တဲများကို တရားဝင်ဖွင့်ခွင့်ပေးထား ခြင်းမရှိသလို ကေတီဗွီများ၊ မာဆတ် များကိုလည်း တရားဝင်ဖွင့်ခွင့်မပေး ထားသည့်အတွက် ဖွင့်လှစ်ထားသည် ကိုတွေ့ရှိပါက ဖမ်းဆီးအရေးယူလျက် ရှိကြောင်းလည်း ၄င်းကဆိုပါသည်။