Saturday 28 February 2015

ဘူးသီးတောင် - မောင်တော ကားလမ်းရှိ ဥမင်လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်း စတင်ဖောက်လုပ်

ဘူးသီးတောင်- မောင်တောကားလမ်းပေါ်ရှိ ဥမင် လိုဏ်ခေါင်းငယ် ရှောင်ကွင်းလမ်းကို ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီ ယာအဖွဲ့ ကြီးကြပ်မှုဖြင့် ဖောက်လုပ်နေပြီဖြစ်ကြောင်း မောင်တောခရိုင်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းထိုက်ကပြောသည်။
လက်ရှိ ရှောင်ကွင်းလမ်း ဖောက်လုပ်မည့် ဥမင်လိုဏ်ခေါင်းငယ်မှာ အလျား ၉၈ ပေ ရှည် လျားပြီး အမြင့် ၁၃ ပေရှိကြောင်း သိရသည်။ ကားလမ်းပေါ်တွင် မော်တော်ယာဉ်များ ပြေးဆွဲမှု များလာခြင်းနှင့်အတူ ယာဉ်များ ရှောင်တိမ်းရန် လမ်းအကျယ်အ ၀န်းမရှိခြင်းနှင့် အမြင့် ၁၃ ပေ အထက်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရခြင်းတို့ ကြောင့် ရှောင်ကွင်းလမ်းဖောက်လုပ်ရခြင်းဖြစ်ကြောင်း ဦးလင်းထိုက်ကပြောကြားသည်။

ရွာလုံးကျွတ် မီးလောင်ခဲ့သည့် ရွာသားများ စိုက်စရိတ်ပြန်မပေးနိုင်သဖြင့် တရားစွဲမခံရရန် ၀န်ကြီးချုပ်ထံ တောင်းဆို

ရွာလုံးကျွတ်နီးပါး မီး လောင်ခဲ့မှုကြောင့် စိုက်စရိတ်ချေး ငွေပြန်ဆပ်ရန် အခက်အခဲရှိနေ သည့် မကွေးတိုင်းဒေသကြီးဆင် ပေါင်ဝဲမြို့နယ်အတွင်းရှိ သပွတ် ကျောကျေးရွာမှ တောင်သူလယ် သမားများ တရားစွဲဆိုခြင်းမခံရ စေရေး ကြားဝင်စေ့စပ်ပေးရန် မ ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦး ဖုန်းမော်ရွှေထံဒေသခံလူငယ်များ က စာရေးသားတောင်းဆိုခဲ့သည်။
သပွတ်ကျော ကျေးရွာတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်က မီးလောင်ကျွမ်းခဲ့ပြီး ရွာအတွင်းရှိအိမ်ခြေ ၆၀နီးပါး မီးဘေးသင့်ခဲ့ကာ လူ ၂၅၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးဆိုသည့် ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ကြောင်း ‘၀’နှင့်မိုင်းလားအဖွဲ့ သမ္မတထံစာပေးပို့

ကိုးကန့်ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့များက ငြိမ်းချမ်းရေး နည်းလမ်းဖြင့်ဖြေရှင်းရန် တိုက်တွန်းပြီး ‘၀’နှင့်မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း အဆိုပါနှစ်ဖွဲ့က သမ္မတထံစာပေးပို့သည်။
ဖေဖော်ဝါရီ ၂၆ရက်စွဲဖြင့် ထုတ်ပြန်သည့်အဆိုပါစာကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ထံမှတစ်ဆင့် သမ္မတထံပေးပို့ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ နှစ်ဖွဲ့က တိုက်ပွဲတွင်ပါဝင်ပတ် သက်နေကြောင်းပြောကြားချက် အပေါ် တုံ့ပြန်ရန်ဖေဖော်ဝါရီ ၂၄ မှ ၂၆ရက်အထိ ဗဟိုကော်မတီအ စည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ စာပေးပို့ခဲ့ခြင်းဖြစ် သည်။

ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် စောဆန်းအောင်အဖွဲ့ တိုက်ပွဲပြင်းထန်

အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့တို့နှင့် ဒီကေဘီအေက ထုတ်ပယ်လိုက်သည့် စောဆန်း အောင်၏ လက်နက်ကိုင်အဖွဲ့ တို့အကြား ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း သတင်း ရရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံကျေးရွာအုပ်စုတွင် ဖေ ဖော်ဝါရီ ၂၇ ရက် နံနက်မှစတင် ကာ ယင်းနေ့တစ်နေ့လုံး တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ဖေဖော်ဝါရီ ၂၇ရက်ညနေ အထိ တပ်မတော်မှတစ်ဦးနှင့် နယ်ခြားစောင့်တပ်မှ နှစ်ဦးကျဆုံး ခဲ့ပြီး စောဆန်းအောင်၏အဖွဲ့မှ ကျဆုံးစာရင်းမသိရသေးသော် လည်း လက်နက်နှင့်အတူအစိုးရ တပ်က လူတစ်ဦး ဖမ်းဆီးထား နိုင်ကြောင်းသတင်းရရှိသည်။

ဘဏ်ရှေ့ ရပ်ထားသော ကားပေါ်မှ ကျပ်သိန်း ၁၀၀ ခိုးယူခံရ

ကမာရွတ်မြို့နယ် အ မှတ်(၁)ရပ်ကွက်အတွင်း လှည်း တန်း၊ အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ် ရှေ့တွင် ရပ်ထားသည့် ကားပေါ် မှ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်၌ ကျပ်သိန်း ၁၀၀ ကျော်ခိုးယူခံရကြောင်း သတင်းရရှိ သည်။
အဆိုပါကားပိုင်ရှင်သည် ဧရာဝတီဘဏ်မှ ငွေထုတ်ယူပြီး ကမ္ဘောဇဘဏ်တွင် ငွေလွှဲခဲ့ကာ ပိုသည့် သိန်း ၁၀၀ ကျော်ကို ကား အတွင်းထားခဲ့ပြီး ငွေထပ်လို သည့်အတွက် နောက်တစ်ကြိမ် ဧရာဝတီဘဏ်မှ ငွေထုတ်ပြီးပြန်ထွက်လာစဉ် ကားပေါ်တွင်ထားခဲ့သည့် ငွေမရှိတော့ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘ကားတံခါးကို သူမောင်းတဲ့ ဘက်တော့ ပိတ်ခဲ့မယ်လို့ သိရ တယ်။ ငွေထုပ်ထားတဲ့ဘက်က သော့ကိုလည်း ပိတ်ခဲ့တယ် ထင် တော့ ပြန်မစစ်မိဘူး ပြောတယ်။ အဲဒီဘက်အခြမ်းမှာလည်း သော့ ပိတ်ထားတာမဟုတ်တော့ ခိုးတဲ့ သူကအလွယ်တကူယူသွားနိုင် တယ်လေ’’ဟု ကမာရွတ်မြို့နယ် မှ အမှုစစ်အရာရှိက ပြောသည်။

ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပင်မသပိတ်စစ်ကြောင်း မတ်လ ၁ ရက် ရန်ကုန်သို့ ချီတက်လာမည်

လက်ပံတန်းမြို့တွင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းသည် သတ်မှတ်တောင်းဆိုထားသည့် ရက် အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် တစ်စုံတစ်ရာမရရှိသော ကြောင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ချီတက်မည်ဟု ပင်မသပိတ် ကျောင်းသား ခေါင်းဆောင်များကပြောသည်။
မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပ ညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှစတင် ကာ ၁၉ရက် ရပ်နားခဲ့သည်။ ထိုသို့ ရပ်နားချိန်အတွင်း အမျိုးသားပ ညာရေးဥပဒေကို အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့သည်။