Friday 20 March 2015

အပစ်ရပ်ဆွေးနွေးပွဲ တတိယနေ့တွင် အထစ်အငေါ့ ဖြစ်နေသည့်အချက်များ သဘောတူညီမှုရ

အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ဆွေးနွေးပွဲ သုံးရက်မြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ‘‘တော်လှန်ရေး’’ဆိုသည့် စကား လုံးအပါအ၀င် ယခင် အထစ်အငေါ့ဖြစ်နေခဲ့သောအချက် အများအပြားကို ညှိနှိုင်းသဘောတူညီ လိုက်ကြောင်း သတင်းရရှိသည်။ 

KIA အဖွဲ့ဖမ်းဆီးသွားသော လီဆူးလူငယ်များ ပြန်လွတ်လာသော် လည်း ကြောက်ရွံ့ ထိတ်လန့်နေ

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ လမုန်းကျေးရွာအနီးတွင် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဒေသခံလီဆူး လူငယ် (၆)ဦးသည် ပြန်လည်လွတ်မြောက်လာသော်လည်း ကြောက်ရွံ့ထိတ်လန့် နေကြ ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှု လျော့ကျစေရေး တစ်နိုင်ငံလုံးတွင် စီမံချက်ဖြင့် ဆောင်ရွက်မည်

လူငယ်အများစု အပျော်လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားလေ့ ရှိနေရာ လာမည့် ၂၀၁၅ ခုနှစ် မဟာသင်္ကြန် ပွဲတော်တွင် မှုခင်း ဖြစ်ပွားမှု လျော့ကျစေရေး အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် သင်္ကြန်အကြိုကာလ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေး တို့အတွက် စီမံချက်ဖြင့် ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။

ကိုယ်ထိ လက်ရောက်ကျူးလွန်မိသည့် ရွာသားကို DKBA ပြန် လည်တောင်းပန်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်သားနှစ်ဦးသည် ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က မြဝတီမြို့နယ်၊ ကွင်းကလေး ရွာသား စောအောင်နိုင်ထွန်းကို မြဝတီ-ကော့ကရိတ် ဖောက်လုပ်ဆဲ အာရှ လမ်းမ တနေရာ၌ ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှုအပေါ် ကာယကံရှင်ထံ ယနေ့ ပြန်လည် တောင်းပန် ခဲ့သည်ဟု နှစ်ဖက် စလုံးက ပြောသည်။

သုံးဦးဖွဲ့ လိင်ပျော်ပါးရန် ကျောင်းသူတစ်ဦးကို မန်ယူကစားသမား ပီရိုင်းရာ ကမ်းလှမ်း

အသက် ၁၉ နှစ်အရွယ် မန်ယူလူငယ် ကွင်းလယ်ကစားသမား အန်ဒရေးစ်ပီရိုင်းရာသည် ကယ်လီမက် ကင်နေး အမည်ရ ကျောင်းသူတစ်ဦးကို သုံးဦးဖွဲ့ လိင်ဆက်ဆံပျော်ပါးရန် ပေါင်တစ်သောင်း ပမာဏရှိ ငွေကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ဖူးကြောင်း Daily Mail က ဖော်ပြထားသည်။

သမ္မတ၏ ပညာသင်ဆု ရွေးချယ်သည့် စနစ်သည် နိုင်ငံတကာပုံစံနှင့် ပြောင်းပြန်ဖြစ်နေဟုဆို

နိုင်ငံတော် သမ္မတ၏ ပညာသင်ဆုရွေးချယ်သည့် စနစ်သည် နိုင်ငံတကာ ပညာသင်ဆု ရွေးချယ်သည့် စနစ်နှင့်  ပြောင်းပြန်ဖြစ်နေသည်ဟု   Crown Education မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရန် ကျင့်ဝတ်များ ထုတ်ပြန်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ အစည်းများ လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်က ထုတ်ပြန်ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ် အတွက် သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိခဲ့ကြောင်း ပြည်နယ် အစိုးရပြော


ရခိုင်ပြည်နယ် အစိုးရအသစ် လက်ထက်တွင် ပြည်ထောင်စု အစိုးရအား သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိ ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူ ဥပဒေချုပ် ဦးလှဟန်က အောင်တံခွန် (၃) သင်္ဘော တိမ်းမှောက်မှုနှင့် ပတ်သက်၍ The Messenger Media သို့ ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီ အများအပြား ပါဝင်

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီများ ဖြစ်သည့် Asia World ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အပါအ၀င် ကုမ္ပဏီ အများအပြား ပါဝင် နေကြောင်း ယမန်နေ့က (MCRB) မြန်မာ့ စီးပွားရေး လုပ်ငန်းကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူ ဌာနမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

တူနီးရှား ပြတိုက် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

တူနီးရှားနိုင်ငံ၊ တူးနစ်မြို့တော်တွင် ဖြစ်ပွားသည့် အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်မတိုက်ဖို့ NCCT ခေါင်းဆောင်တွေ တားခဲ့ဖူးသလား?

မကြာမီရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ UPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာ ဖုန်ကြားရှင်ကို ငြိမ်းချမ်းရေးစားပွဲဝိုင်း ထဲထည့်ဖို့ NCCT ခေါင်းဆောင်တွေပြောဆိုနေတာ ကြားရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစေချင်တာ အကောင်းဘက်ကတွေးပေးရင် လက်ခံနိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် မေးစရာ ရှိတာက ဖုန်ကြားရှင်ကရော ငြိမ်းချမ်းရေးတကယ် လိုချင်ခဲ့ရဲ့လားဆိုတာပါပဲ။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း 'ဒီ'အဆင့်ရရှိသူများ မေးခွန်းသစ်များဖြင့် မေ ၁၄ တွင် ပြန်ဖြေရမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲတွင် 'ဒီ'အဆင့်ရရှိသူများကို မေ ၁၄ ရက်တွင် ပြန်လည်ဖြေဆို ရမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကို စောင့်ကြည့်၍ ၄၃၆ ပြင်ဆင်ရေး NLD ပါတီ လှုပ်ရှား သွားမည် ဟုဆို

၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍  လွှတ်တော်မှ လုပ်ဆောင်နေပြီး အခြေအနေကို ကြည့်ကာ ပါတီဘက် အပိုင်းမှ လှုပ်ရှား သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က The Messenger Media သို့ ပြောသည်။

ချစ်သူနှစ်ယောက်စလုံး သတ်သေဖို့ ကြိုးစားချိန်မှာ ဘယ်သူ့ကို ကယ်တင်ခဲ့သလဲ

ချစ်သူနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သတ်သေဖို့ ကြိုးစားနေချိန်မှာ ဘယ်သူ့ကို အရင်ကယ်တင်မလဲဆိုတဲ့ မေးခွန်းက စိတ်ဝင် စားစရာပါပဲ။  တရုတ်နိုင်ငံက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ်ရှိ ၀ူဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ချစ်သူဟောင်းနဲ့ လမ်းခွဲပြီးနောက် ချစ်သူသစ်နဲ့ လက်တွဲတာ သုံးလခန့်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည်

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) အား တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဖွဲ့စည်းရေး ကော်မတီ ထံမှ သိရသည်။

ဖုန်ကြားရှင် ကလေးစစ်သားသုံးတာ လူ့အခွင့်ရေးနဲ့ညီပါသလား ??

မနေ့က အင်တာနက်သတင်းတွေလိုက်ရှာဖတ်ရင်းနဲ့ သတင်းဓါတ်ပုံတစ်ချို့ကိုကြည့်မိပြီး တော်တော် လေးစိတ် မကောင်းဖြစ်ရသလို၊ ခံပြင်းဒေါသလည်းထွက်မိတယ်။ ဘာလို့လဲဆိုတော့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် သောင်းကျန်းသူတပ်တွေဟာ လူမမယ်ကလေးအရွယ်တွေကို သေနတ်ပေးပြီး စစ်တိုက်ခိုင်းနေတဲ့ ဓါတ်ပုံတွေ ဖြစ်နေလို့ ပါပဲ။ ဘာလို့ လူမမယ်လို့ပြောရသလဲဆိုရင် ကလေးစစ်သား တွေဟာ တော်တော်ကို ငယ်ရွယ်သေးတဲ့ အရွယ်တွေဖြစ် နေလို့ပါပဲ။

ယနေ့ခေတ် မင်းသားတွေ အရပ် ပိုနိမ့်လာ သလား

ရှေးခေတ် မင်းသားတွေနဲ့ ယနေ့ခေတ် မင်းသားတွေရဲ့ အရပ်အမောင်းကို နှိုင်းယှဉ်ရာမှာ ကွာခြားမှုတွေ အတော်ရှိနေ တယ်လို့ ဆိုထား ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးခေတ် မင်းသားတွေဟာ သန်မာ ထွားကြိုင်း ကြပြီး ယနေ့ခေတ် မင်းသားတွေ ကတော့ အရပ်အမောင်းသာ နေတာကြောင့် ဖြစ်ပါတယ်။

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ရာသီချိန်အား တိုးမြှင့်ရန် လိုအပ်

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ခရီးသွား ရာသီချိန်အား ပွင့်လင်း ရာသီ၌သာ မဟုတ်ဘဲ ကျန်ရာသီချိန်များ အထိ တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် သဘာဝ အခြေခံများ၊ တိုင်းရင်းသားရိုးရာ ဓလေ့များနှင့် အထိမ်းအမှတ် ပွဲတော် များဖြင့် နိုင်ငံခြား ခရီးသွား များအား ဆွဲဆောင်ရမည်ဟု ၎င်းက ဆိုသည်။

UWSA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသားမိသားစုများအား နေရာထိုင်ခင်းစီစဉ်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသား မိသားစု များအား တာဝန်ရှိအဖွဲ့အစည်းများမှ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြောင်း ယင်းမိသားစုများထံမှ သိရသည်။

အငြင်းပွားမှု ဖြစ်ပေါ်နေသော စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ်

လှိုင်သာယာ စက်မှုဇုန်တွင် အငြင်းပွာ မှု ဖြစ်ပေါ်နေသော Midus အထည်ချုပ် စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများ ထံမှ သိရသည်။ ၎င်းစက်ရုံသည် အော်ဒါ ပြတ်လပ်မှုကြောင့် စက်ရုံ ယာယီနှစ်လ ပိတ်မည် ဖြစ်ပြီး၊ စက်ရုံပိတ် ထားသည့် ရက်များကို အလုပ်သမား များအား လစာ (၅၀) ရာခိုင်နှုန်း ပေးချေရန် ညှိနှိုင်းနေသော်လည်း အလုပ်သမားများနှင့် သဘောတူညီမှု မရရှိဘဲ အငြင်းပွား နေသော စက်ရုံ တစ်ရုံလည်းဖြစ်သည်။

သင်္ဘောတိမ်းမှောက်မှုကြောင့် နစ်နာသူများကို ရခိုင်ပြည်နယ်အစိုးရ ထောက်ပံ့ကြေးပေး

ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ကျောက်ဖြူကယ်ဆယ်ရေးစခန်း သို့ မတ် ၁ရ ရက်တွင် လာရောက်ပြီး သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံး သူများ၏ မိသားစုဝင်များနှင့် အသက်ရှင် လွတ်မြောက် ကျန်ရစ်သူများကို ထောက် ပံ့ကြေးပေးအပ်ကြောင်း သိရသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း

အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုနိုင်ရေးအတွက် တင်သွင်းလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ ယင်းစနစ် ကျင့်သုံးနိုင်ရေးကို အကောင်အထည်ဖော်ရေး ကော်မရှင် ကိုယ်စား ကော်မရှင်ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို စမ်းသပ်နေသော မြန်မာပြည်

၂၀၁၄ ခုနှစ်တွင် တယ်လီနော ဆင်းကတ်များကို စတင်ရောင်းချခဲ့စဉ်က (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) 
ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor တို့ ပထမဆုံးသော နိုင်ငံခြား တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်အချိန်တွင် ပြည်သူများက ၎င်းတို့၏ ဈေးနှုန်းချိုသာသော ဝန်ဆောင်မှုများကို တန်းစီပြီး အလုအယက် ဝယ်ယူခဲ့သည့်အတွက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ဆင်းမ်ကတ်များ ကုန်သွားကာ ကုမ္ပဏီ အမှုဆောင်များအတွက် ဝမ်းမြောက်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။

အဝေးဂိုး စည်းမျဉ်းကို ပြင်ဆင်သင့်ပြီဟု ဝင်းဂါးတိုက်တွန်း

အဝေးဂိုး စည်းမျဉ်းသည် ခေတ်နောက်ကျနေပြီဖြစ်ပြီး ခေတ်သစ် ဘောလုံးလောကနှင့် ကိုက်ညီ ဆီလျော်မှုရှိအောင် အဆိုပါ အခြေအနေကို ပြင်ဆင်သင့်ကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက တိုက်တွန်း တောင်းဆိုလိုက်သည်။

ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်းများ

အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။

ဒဏ်ရာကြောင့် ပေါ့ဂ်ဘာ နှစ်လနီးပါး အနားယူရဖွယ်ရှိ

ဘိုရပ်ရှားဒေါ့တ်မန်နှင့် ပွဲစဉ်တွင် ဒဏ်ရာရသွားသည့် ဂျူဗင်းတပ်စ် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ အနေဖြင့် နှစ်လနီးပါးမျှ အနားယူရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကျေးလက်များတွင် ကျောင်းဆောင်များ ပျက်စီးမှု ဓာတ်ပုံတကွ တိုင်ကြားရန် ဦးခင်အောင်မြင့် ပြော

ကျေးလက်ဒေသများရှိ ဆိုးရွာသည့် ကျောင်းအဆောက်အအုံများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များက ဓာတ်ပုံနှင့်တကွ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပေးကြရန် ညွှန်ကြားပြီး လွှတ်တော်က လက်မှတ် ရေးထိုးပြီး သမ္မတထံ တိုက်ရိုက်တင်ပြသွားမည်ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

အောင်တံခွန် (၃) ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ၀န်ကြီးဌာန၏ ရှင်းလင်းချက်သည် မဖြစ်နိုင်၍ လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား

မတ် ၁၉ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တွေ့ရစဉ်
အောင်တံခွန်(၃)ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရှင်းလင်း ချက်သည် မဖြစ်နိုင်သဖြင့် လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပုသိမ်ထီးကို ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းသာ ဥရောပသို့ ထုတ်လုပ်တင်ပို့ နိုင်ဟုဆို

ဥရောပနိုင်ငံများက မြန်မာ့ရိုးရာ ပုသိမ်ထီးများကို အလက်ပေါင်း ထောင်ချီ မှာယူလျက် ရှိသော်လည်း ပုသိမ်မြို့ရှိ ပုသိမ်ထီး လုပ်ငန်းရှင်များသည် ငွေကြေးစိုက်ထုတ်နိုင်မှု အပြင် သဘာဝကုန်ကြမ်း ပစ္စည်းများ ရရှိရန်နှင့် သိုလှောင်ရန် အခက်အခဲများကြောင့် ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းခန့်သာ တင်ပို့ရောင်းချ နိုင်ကြောင်း ပုသိမ်ထီး လုပ်ငန်းရှင်များက ပြောကြားသည်။

မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးရွာလေးတွင် ရင်ချင်းဆက် အမြွာကို သားဖွားဆရာမလေးက အောင်မြင်စွာမွေးဖွားပေးခဲ့

မြို့ပြနှင့် အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှု အသုံးအဆောင် ဆေးဝါးနှင့် အ ကူကိရိယာ ပြည့်စုံစွာ မရှိသော်လည်း သားဖွား ဆရာမလေး မြတ်ကေသီဝင်းက ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာ အုပ်စုထုံးဘိုကျေးရွာနေ သားသည်မိခင်တစ် ဦးထံမှ ရင်ချင်းဆက် အမြွှာ ကလေးငယ် နှစ်ဦး ကို မတ် ၁၆ ရက် နံနက် ၈ နာရီက အောင်မြင် စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု မြို့ကြီး ၁၉ မြို့တွင် စတင်

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားနှင့် ပြည်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ် တန်ပြန်လှုပ်ရှားမှုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီး ၁၉ ခု၌ မတ်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုကို ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

အပစ်ရပ်ဆွေးနွေးပွဲ တတိယနေ့တွင် အထစ်အငေါ့ ဖြစ်နေသည့်အချက်များ သဘောတူညီမှုရ

အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ဆွေးနွေးပွဲ သုံးရက်မြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ‘‘တော်လှန်ရေး’’ဆိုသည့် စကား လုံးအပါအ၀င် ယခင် အထစ်အငေါ့ဖြစ်နေခဲ့သောအချက် အများအပြားကို ညှိနှိုင်းသဘောတူညီ လိုက် ကြောင်း သတင်းရရှိသည်။

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု လိမ်မပြောရန် သူရဦးရွှေမန်းပြော

အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ရသည့် အ ကြောင်းရင်းမှန်ကို မပြောဘဲ မမှန်မကန်ပြောဆိုမှုများမှာ ပြည်သူ များမကြိုက်သည့်အတွက် အဖြစ် မှန်ဖော်ထုတ်သွားရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောကြားလိုက်သည်။

တိုက်လေယာဉ်မှ ဗုံးများ တရုတ်နိုင်ငံတွင်းသို့ ကျရောက်နိုင်ဖွယ်မရှိဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးပြောကြား

တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သော တရုတ်နိုင်ငံတွင်း သို့ကျရောက်ခဲ့သည့် ဗုံးမှာမြန်မာ့ တပ်မတော် တိုက်လေယာဉ်များမှ ဗုံးမဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ် နိုင်ငံဆိုင်ရာ သံအမတ် ကြီးအား ခေါ်ယူတွေ့ဆုံ ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းသားသပိတ်ဖြိုခွင်းမှု ဆန့်ကျင်လှုပ်ရှားမှု စစ်ကိုင်းတွင် စတင်ပြုလုပ်


စတစ်ကာများ ဝေငှနေစဉ်
လက်ပံတန်းကျောင်း သားသပိတ်အကြမ်းဖက်ဖြိုခွင်းမှု ကို ဆန့်ကျင်သည့်စတစ်ကာလှုပ် ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်းဒေ သကြီးတွင်စတင်ခဲ့ပြီး တက္ကသိုလ် ၀င်တန်းဖြေဆိုနေသောကျောင်း သားများကိုပါ စတစ်ကာ များ ပထမဆုံး စတင်ဝေငှခဲ့ကြောင်း သ တင်းရရှိသည်။

တပ်မတော်စစ်ကြောင်းများက ပွိုင့်-၁၄၇၉ တောင်ကုန်းအား သိမ်းပိုက်ရရှိ

ကိုးကန့်သောင်းကျန်းသူများအနေဖြင့် နယ်စပ်ဒေသ၏ ကန့်သတ်ချက်များကို အခွင့်ကောင်းယူ၍ ထူထပ် ရှုပ်ထွေးသော တောတောင် သဘာဝအနေအထားကို ကြိုတင်ပြင်ဆင်အသုံးချကာ ချဉ်းကပ် နိုင်သော လမ်းကြောင်းများ တစ်လျှောက် သတ်ကွင်းများ ကြိုတင်စီမံထားခြင်း၊ အခြေပြုရာ တောင်ကုန်းများ တွင် ဘန်ကာများ အခိုင်အခံ့ တည်ဆောက် ထားခြင်း၊ ပုန်းခိုရှောင်တိမ်းနိုင်ရန် မြေခွေးကျင်းများ တူးထားခြင်း၊ ၎င်းတို့ လွယ်ကူစွာ လှုပ်ရှားသွား လာနိုင်ရန် လမ်းကြောင်းများ ဖောက်လုပ်ထားခြင်း တို့ကို ဆောင်ရွက်၍ ခုခံတိုက်ခိုက် လျက်ရှိရာ တပ်မတော်သားများ အနေဖြင့် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်လျက်ရှိသည်။