ကျား၊မအခြေပြု အကြမ်းဖက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု ဖြစ်ခြင်းကြောင့် အကြမ်းဖက်မှု ရပ်တန့်ရန် လှုံ့ဆော်နေသည့် အမျိုးသမီးငယ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသော အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း စုစုပေါင်း ၂၂ ခုတို့ ပူးပေါင်း ပြုလုပ်မည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်က စတင်လိုက်ပြီဖြစ်သည်။