Friday 9 May 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်

Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်
Friday,May 9, 2014 

ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ (Yang Hee Lee)ကို ဇွန် ၁ ရက်နေ့က စတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

မေ ၉ ရက်နေ့က ရွေးချယ်ခဲ့တာ ဖြစ်ပြီး ရွေးချယ်မယ့်လူစာရင်းတွေထဲမှာ သံတမန်ဟောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်ခဲ့ဖူးသူ ဂျာရစ် ဂျင်ဆာ (Jared Genser)နဲ့ ဗြိတိန်က တက်ကြွလှုပ်ရှားသူ ပညာရှင် ဂိုင်းဟော်တန် တို့လည်း ပါဝင်နေပါတယ်။

မစ္စလီဟာ ကလေးစိတ်ပညာနဲ့ ပညာရေးဘက်မှာ အတွေ့အကြုံရှိသလို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီက နာမည်ကျော် ဂျော့ရှ်တောင်းတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ကလေးအခွင့်အရေးကော်မတီမှာ ရွေးချယ်ခံရပြီး ဥက္ကဋ္ဌ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံနဲ့ အုပ်ချုပ်သူ အစိုးရနဲ့ ပတ်သက်ပြီး ဆက်ဆံရာမှာ အတွေ့အကြုံ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ ဘယ်နိုင်ငံသားကိုပဲ ခန့်အပ် တစုံတရာ ပြောဆိုဖို့ မလိုပေမယ့် ဘယ်သူပဲလာလာ မျှတတဲ့ အမြင်သဘောထားရှိဖို့ လိုတယ်လို့ ပြောပါတယ်။

“မည်သူပဲလာသည်ဖြစ်စေ မျှတတဲ့အမြင်သဘောထားရှိဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ရဲ့ ပကတိအခြေအနေ တကယ့်ဖြစ်ရပ်မှန်တွေပေါ်မှာ မူတည်ပြီးတော့ လူ့အခွင့်အရေး တိုးတက်လာဖို့ ဆောင်ရွက်တာမျိုးကို ကျနော့်အနေနဲ့ လိုလားပါတယ်။”

ပမာဏ ရွေးချယ်ခံထားရတဲ့ ဂိုင်းဟော်တန်ကတော့ မစ္စလီကို ခန့်အပ်ခဲ့တာကို ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့ အရမ်းခက်ခဲတဲ့ အခြေအနေကို သူက ရယူလိုက်တယ်လို့ ပြောပါတယ်။

ဒါအပြင် ကင်တားနားက မြန်မာနိုင်ငံက လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာကို သတိထားပြီး လီက ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးသံတမန်ဟောင်း မစ္စတာ ကင်တားနား ကတော့ တာဝန်က အနားမယူခင် မြန်မာ့ရဲ့ အခြေတည်စ ဒီမိုကရေစီက လာမယ့် နှစ်တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ် ၊ ၂၀၁၁ စစ်အာဏာရှင်ကနေ အရပ်သား အစိုးရ ခေါင်းဆောင်မှုကို လွှဲပြောင်းပေးပြီးကတည်းက တိုးတက်မှုတွေကို ဖျက်ဆီးမယ့် စွမ်းရည်ဟာ တချို့လူတွေဆီမှာ ရှိနေတယ်လို့ အစီရင်ခံစာ ရေးသားခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွတ်ပေးခဲ့တာ၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာတာ၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ပွင့်လင်းလာတာ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာနဲ့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကို အဆုံးသတ်စေတာတွေကို သူတာဝန်ယူခဲ့တဲ့ ၆ နှစ်အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုတွေကို ယူဆောင်ပေးတဲ့ မြန်မာမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲအဖြစ် မှတ်ယူခဲ့တယ်လို့ ကင်တားနားက ဆိုပါတယ်။

DVB Tv News

မစ္စ ရန်ဟီးလီ
မစ္စ ရန်ဟီးလီ
ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ် လိုက်ပါတယ်။

ပျူမြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလအတွင်း တင်ပြမည်

နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေး မြို့တော် ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီး သည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။

မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်

Photo: မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်
Friday,May 9, 2014 

ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စရပ်များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

ရေထုတ်မြောင်းများတူးဖော် ရာတွင် ရပ်ကွက်များအတွင်းရှိ လမ်းများကိုယန်္တရားများဖြင့် ဖြတ် တောက်တူးဖော်လျက်ရှိပြီး ယင်း တူးဖော်ထားသောနေရာများတွင် တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်နိုင်မှုမရှိခြင်းများရှိနေ သောကြောင့် ယင်းသို့အခက်ကြုံ နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

““ကျွန်တော်တို့ ဒဂုံအရှေ့ပိုင်း ၄ ရပ်ကွက်ဗိုလ်ပျိုလမ်းဆိုရင် ဆယ်ပေအကျယ်လောက်ဖြတ် တောက်ထားပြီး လုပ်ငန်းရပ်ဆိုင်း ထားတာ တစ်လလောက်ရှိနေပြီ ဆိုတော့ ရပ်ကွက်နေပြည်သူတွေ သွားရေးလာရေးခက်ခဲပြီး ညရေး ညတာကျန်းမာရေး၊ အဘိုးအဘွား တွေ သွားလာရေး၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ စီးပွားရေးအကုန် အခက်အခဲတွေ့နေရပါတယ်။ အကာအရSafety side  များ မထားခြင်းကြောင့် တစ်လောကပဲ ညအချိန်မှာ လူငယ်တစ်ဦးစက်ဘီး နဲ့အတူပြုတ်ကျပြီး ပြင်းထန်ဒဏ် ရာတွေရရှိခဲ့ပါတယ်။ ၈ ရက်နေ့ ကလည်း လမ်းအတွင်းဘက်က လူတစ်ယောက် ၉၆ ပါးရောဂါနဲ့ သေဆုံးသွားလို့ အလောင်းထုတ် ဖို့ရာ နာရေးကူညီမှုကားလာလို့ မရဘူးဖြစ်နေတယ်။ လယ်ကွင်း တွေရှိတဲ့ဘက်ကလှည့်ထုတ်ရမှာ ဆိုတော့ ဖြတ်သန်းရမယ့်အိမ် တွေကိုလည်း ဆယ်အိမ်ရှိရင် ကန်တော့ပွဲဆယ်ပွဲပေးရမယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆို သည်။

“လေးမြို့နယ် စီမံကိန်းဆိုပြီး ယန်္တရားတွေနဲ့ အနက်ကြီးတူးထား ပြီး ဆက်မလုပ်ဘဲထားတော့ လမ်းသူလမ်းသားတွေအကုန်လုံး ဒုက်္ခတွေ့နေရတယ်။ အခြားလမ်း တွေကပတ်ပြီး အလုပ်သွားအလုပ် ပြန် ကျန်းမာရေး၊ စီးပွားရေးကိစ်္စ တွေအတွက် မလိုအပ်ဘဲ အချိန် ကုန်ပင်ပန်းနေရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကစောင့်ရှောက် မှုလုံးဝမပေးထားလို့ လူတစ် ယောက်လည်းပြုတ်ကျသွားပြီးပြီ။ မေလ ၂၁ ရက်နေ့ အစိုးရကို အပြီးအပ်ရမယ်လို့ ကန်ထရိုက် တစ်ယောက်ဆီကတော့ ကြား ထားတယ်။ လုပ်ငန်းကျတော့ အခုအချိန်ထိရပ်ထားတုန်းပဲ”ဟု ၎င်းလမ်းတွင်နေထိုင်သNLD ပါတီဝင်တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင်လည်း ဖြတ်တောက်တူးဖော်ထားသော လမ်းနေရာများတွင် ဆက်လက် တည်ဆောက်မှုမရှိပဲ ကြန့်ကြာ နေခြင်း၊ တည်ဆောက်ပြီးသော် လည်း မြေကြီးပုံများဖယ်ရှားရှင်း လင်းမှုမပြုသေးခြင်းများကြောင့် လမ်းပိတ်ဆို့ကာအခက်အခဲများ ကြုံနေရကြောင်း သိရသည်။

““သွားရေးလာရေးခက်တယ်။ ကွေ့ဝိုက်သွားနေရတယ်။ ရေ ရောင်းတဲ့သူတွေတော်တော်နဲ့ လမ်းထဲမရောက်လာလို့ သောက် ရေ၊ သုံးရေအခက်အခဲဖြစ်တယ်။ ပွင့်လင်းရာသီဖြစ်လို့ အိမ်အပြောင်း အရွှေ့ပစ္စည်းသယ်ဖို့ခက်တယ်။ လမ်းထဲကားဝင်လို့မရဘူး။ ပြန်ခင်း ပြီးတဲ့ လမ်းတချို့လဲ မြေကြီးပုံ တွေ ပိတ်ထားတုန်းပဲ””ဟု အဆိုပါ အိမ်ရာနေသူတစ်ဦးက ပြော သည်။

မြို့နယ်နေသူများအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ပေးသည်ကို ၀မ်းမြောက်ကြိုဆိုကြသော်လည်း ရပ်ကွက်လမ်းများကိုဖြတ်တောက် တူးဖော်ပြီးသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်စေလိုပြီး တည်ဆောက်ပြီးသည့်လမ်းများကို လည်း လုပ်ငန်းခွင်မှပစ္စည်းပစ္စယ များ ဖယ်ရှားရှင်းလင်း၍ အမြန် ပြန်လည်ဖွင့်လှစ်ပေးရန်လိုလား လျက်ရှိကြောင်း သိရသည်။

Hot News
ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေး ကိစ္စရပ် များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ

Photo: သီလရှင်များအသိတတ်အောင်ကျင့်ပြီး နိုင်ငံတကာသာသနာပြုနိုင်ပြီ
Friday,May 9, 2014 

မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား သို့ ကလေးဝဆရာတော်၊ ရွှေသု ၀ဏ် ဆရာတော်၊ ရွှေတွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ယင်းစင်တာတွင် ပထမ အကြိမ်အဖြစ် သီလရှင်အပါး ၃၀ လက်ခံသင်ကြားသွားမည်ဖြစ်ပြီးDhamma moli International Buddhist Education Centre (DIBEC)  အဖြစ် နိုင်ငံတကာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်များမှ အသိအမှတ်ပြုထားကြောင်း၊ မြန်မာနိုင်ငံအစိုးရကလည်း လိုအပ် သည့် အကူအညီများကိုပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ယင်းအခမ်း အနားသို့ ကြွရောက်ချီးမြှင့်သည့် ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။

“ဒီနေ့အော်နေတဲ့ လူ့အခွင့် အရေးဆိုနှစ် ၇၀ ပဲရှိသေးတယ်။ ဗုဒ်္ဓအဖွဲ့အစည်းမှာ နှစ်ပေါင်း ၂၆၀၀ ရှိနေပြီ။ လိင်ခွဲခြားမှုမရှိ ဘူး။ ဒါကြောင့် အခုဆရာလေး တွေလည်း ကျင့်မယ်ဆိုရင် အရိယာဖြစ်နိုင်တယ်။ ရဟန္တာ အထိဖြစ်နိုင်တယ်။ ဆရာတော် ကြီးတွေ သြ၀ါဒပေးသလိုစာတတ် စကားတတ်ပြီး သာသနာပြုကြ ပါ။ အဓိက အသိတတ်အောင် ကျင့်ပြီး သာသနာပြုဖို့တိုက်တွန်း ချင်တယ်။ ဒီစင်တာက ထေရ၀ါဒ ကို အကောင်းဆုံးသာသနာပြုနိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါ တယ်”ဟု ဆရာတော်က မိန့်သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တွင် အမျိုးသမီးများအတွက် ဘိက်္ခူနီ သာသနာကို ခွင့်ပြုတော်မူခဲ့ပြီး နှစ်ပေါင်း ၅၀၀ တည်တံ့ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ်မင်းတုန်းမင်း လက်ထက်၌ သီလရှင်သာသနာ အဖြစ်စတင်ပေါ်ထွန်းခဲ့ကြောင်း ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။  

Hot News
မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကလေးဝဆရာတော်၊ ရွှေသုဝဏ် ဆရာတော်၊ ရွှေ တွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

နန်းတော်ရာကန်မြေပေါ်ရှိ ကျူးကျော်နေထိုင်သူများထဲမှ တစ်ဦးတည်းသာ တရားစွဲခံရ

ဒိုက်ဦး၊ မေ ၈- ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံ ကျေး ရွာအုပ်စု မြို့ရိုးကျေးရွာရှိ ကွင်း အမှတ်(၃၃၁/ကခ) ကောလိယမြို့ အမည် ရှိသော မြို့ရိုးကျေးရွာကျက် သရေဆောင် နန်းတော်ရာကန်ကြီး ရှိ မြေနေရာ ၌ နေထိုင်သူတစ်ဦးကို ကျူးကျော်နေသည်ဟုဆိုကာ ကျေး ရွာအုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖတစ် ဦးတို့မှပူးပေါင်း၍ ဧပြီ၅ရက်က တရား စွဲဆိုမှုပြုလုပ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?

Photo: KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?
Friday,May 9, 2014

အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အရေအတွက် ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀ % သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော် နေထိုင်ကြတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ရှုပ်ထွေးမှု တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး သိထားတာကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်လာခဲ့တဲ့ မြန်မာနိုင်ငံ ထဲမှာ ကချင်ပြည်နယ်က လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုချင်တာလား၊ ဒါမှမဟုတ် ကချင်လူမျိုးတွေ သီးခြားနေထိုင်ချင်တဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ခွင့် မရလို့ လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုတာလား မေးစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ရဲ့စကားဟာ KIA ဒုစစ်ဦးစီးချုပ်တစ်ယောက်ဆီက ထွက်သင့်တာမဟုတ်ဘဲ KIA တပ်သားတစ်ယောက်ဆီက ပြောထွက်သင့်တဲ့ စကားဘဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ KIA ဟာ ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတာဆိုတဲ့ ၀ါဒမှိုင်းတွေ အသွင်းခံ ရပြီး တောထဲမှာပဲ ကျင်လည်နေရလို့ ဖြစ်ပါတယ်။

ကချင်လူထုအများစုကတော့ သီးသန့်နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီမိုကရေစီလမ်းကြောင်း အရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကိုပဲ လိုလားခဲ့ကြတာပါ။ အတိတ်ဆီ ကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်ရေးအယူအဆကို ကိုင်စွဲခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးပါပြီ၊ အခုလည်း သူများနဲ့ထူးပြီး အာချောင်လာတဲ့ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ စကားကြောင့် အတိတ်ကလို တိုက်ပွဲတွေနဲ့ အရုပ်ဆိုး အကျည်းတန်မှာကို စိုးရိမ်မိပါတယ်။

လွတ်လပ်ရေးလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကာယကံရှင် KIA ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော်သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence လို့ သုံးနှုန်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ I ဆိုတာ Freedom ကို ဆိုလိုတာ ဖြစ်ကြောင်း သူကိုယ်တိုင် မြစ်ကြီးနားက ကချင်လူထုနဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့ပါတယ်။ အဲဒီစကားအတိုင်းပဲ ကချင်လူထုက သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်ရရေးအတွက် တောင်းဆိုတာဆိုရင် လက်ခံ မှာဖြစ်ပြီး ပြည်ထောင်စု က ခွဲထွက်ရေးအတွက် တောင်းဆိုလာရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောကြားချက် ဟာ ပြည်ထောင်စုမှ ခွဲထွက်ရေးကို မဆိုလို ပေမယ့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်မဟုတ်သော ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားများအတွက် လက်မခံနိုင်သော အခြေအနေဖြစ်နေပြီး လူမျိုးရေး စိတ်ဓာတ်လွန်ကဲမှုနဲ့ အစွန်းရောက်နေသူလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ 

အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ အစွန်းရောက်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူမျိုးရေးမုန်းတီးစိတ်နဲ့လုပ်ရင် ဒီမိုကရေစီ လမ်းကြောင်းထဲက နေ ဘေးထုတ်ခံရတော့မှာ ဖြစ်သလို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလဆီက အတိတ်ဆိုးမျိုးတွေကိုပဲ ကချင်လူမျိုး တွေ ခံစားရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် အဲ့ဒီလို အကျိုးမဲ့ဖြစ်ရပ်တွေ ဖြစ်လာ မယ်ဆိုတာ သိနေရက်နဲ့ KIA လွတ်လပ်ရေးတောင်းဆို ပြီလား မေးစရာ ဖြစ်နေပါတော့တယ်။ 

အင်ခွန်နော်
အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ် လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင် တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့ မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။

"အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"

Photo: "အမျိုးသမီး ၁၂ ယောက် ပါဝင်သော ဒါဇင်လေဒီရှိုး စီစဉ်သူ မေဆွိ"
Friday,May 9, 2014

မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။ 

“စတိတ်ရှိုးတွေမှာ မိန်းကလေးတွေ အများကြီးနဲ့ မလုပ်ဖူး သေးဘူး။ အရင်တုန်း က အယောက် ၄ဝ ကျော်လောက် လုပ်တော့ လုပ်ဖူး ပါလိမ့် မယ်။ ကျွန်မက ဘယ်လို စီစဉ်ဖြစ်တာ လဲဆိုတော့ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း အဆိုတော်တွေကို ပြေပြေပြစ်ပြစ် နဲ့ဆိုတာကို မြင်စေချင်တဲ့ အတွက် စီစဉ်ဖြစ်တာပါ။ နောက်တစ်ခု က မတွဲဖူးသေးတဲ့ သူတွေရော၊ ဆိုထားတဲ့ အထဲမှာပါ ပုံစံလေးတွေ မတူအောင် ရသပေးစွမ်းနိုင်မယ့် ပွဲလေး ဖြစ်စေချင်လို့ပါ။ အများဆုံး ဆိုရမှ တစ်ယောက်ကို ၃ပုဒ်၊ ၄ပုဒ်ပါပဲ။ သီချင်း လေးတွေကို အရင်တုန်းက ပုံစံမျိုး မဟုတ်ဘဲ၊ တစ်ယောက် နဲ့ တစ်ယောက် ခေါ်တဲ့ အခါကျရင် ထူး ထူးခြားခြားလေးဖြစ်အောင် Perform လုပ်မယ် လို့တော့ စိတ်ကူး တယ်။ အဓိကက သီချင်းလေးတွေ လှလှပပလေး တွေဖြစ်အောင်၊ အားလုံး ကလည်း ဆိုနိုင်ကြတဲ့ သူတွေ ချည်းပဲဆိုတော့ ရသကောင်းကောင်း ပေးဖို့တော့ စိတ်ကူးရှိပါတယ်”ဟု မေဆွိက ရှင်းပြသည်။

မျိုးမောင်
Popular Journal
မေဆွိ၊ ထွန်းအိန္ဒြာဗို ၊မေခလာ၊ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် စသည့် အမျိုးသမီး အဆိုတော် ၁၂ယောက် ပါဝင်သည့် ဒါဇင်လေဒီရှိုးကို Myanmar Event Park (MEP) တွင် မေလ ၁၁ ရက်နေ့၌ ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တေးသံရှင် မေဆွိထံမှ သိရသည်။

ရှမ်းပါတီကြီးနှစ်ခု ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိ

ရှမ်းအမျိုးသား ဒီမိုကရေစီပါ တီ (SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့၏ တွေ့ဆုံဆွေးနွေးပွဲ တွင် နှစ် ပါတီ ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်နှင့် ကဏ္ဍအသီးသီးတွင် လက်တွဲလုပ်ကိုင် သွားကြရန် သဘော တူညီမှုရရှိခဲ့ကြကြောင်း အဆိုပါ ပါ တီနှစ်ခုမှ ပြောရေးဆိုခွင့်ရှိသူများက ပြောခဲ့သည်။

အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူးယာဉ်လိုင်းတွေမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့ စီစဉ်နေပြီး လက်ရှိမှာ  အမျိုးသမီးယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါနေပြီလို့ သိရပါတယ်။  မကြူကြူခိုင် ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင် လာတာဖြစ်ပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

Photo: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ
Friday, May 9, 2014

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
 
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးဆက်လက် ထစ်ချုန်းရွာပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။
 
MRTV-4
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း မှာ နေ ရာ စိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ် တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရ

Photo: အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရ
Friday, May 9, 2014

ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကိုကိုင်တွယ်နေသံကို 
အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

ရန်ကင်းမြို့နယ် ၊မေတ္တာရိပ်သာလမ်းဆုံ ၁၂ ရပ်ကွက်မှာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး (ခ)အကြီးကောင်က သူ့အိမ်မှာ ပုံမှန် မနက် အစောဘက်ဆို ထမင်းချက်၊ရေနွေးတည် လုပ်ပေးသလို သူတို့နေတဲ့အိမ်ရှေ့ ခြံဝန်းကိုသန့်ရှင်းရေးလည်း လုပ်တယ်။

ရပ်ကွက်ထဲမှာလည်း မြောင်းဖေါ်တာတာဘာညာလည်း ကိုမင်းမင်းဦးပါပါတယ်။
အသတ်ခံရသူ ကိုမင်းမင်းဦးရဲ့ဇနီးဖြစ်သူ မဇင်ဇင်အောင်က “သူဆုံးပြီးပေမယ့်လည်း
မနက်သူထနေကျအချိန်ဆိုရင်အဲ့လို အိုးသံခွက်သံ၊ပန်းကန်သံတွေကြား
ရတတ်တယ်။

သူက ခြံထဲမှာ မျက်ရှင်းတယ်။ပြီးရင် သူ့ယောက္ခမဆီက ကွမ်းဖိုးတောင်းတတ်တယ်။သူ့ပါးစပ်ထဲမှာ အမြဲတမ်းကွမ်း
ရှိတယ်။ တနေ့ သူ ပုံမှန်ခြံရှင်းပြီးချိန်လောက်မှာ ဒေါ်ကြီးရေ၊ဒေါ်ကြီးရေ ဆိုတဲ့ ခေါ်သံ
ကြားရတယ်။

ကျွန်မအေမက အော်အကြီးကောင်တော့ ကွမ်းဖိုးလာတောင်းတာလားမသိဘူးလို့
ပြောတယ်” လို့ပြောပါတယ်။

တစ်လပြည့် ဆွမ်းကျွေးတော့ ဘုရားဆွမ်းတော်ကပ်ထားတာကို သွားကျွေးပြီး
ကလေးတွေကြောက်အောင်လာလာမပြနဲ့တော့ဆိုတော့ လာမပြတော့ဘူးလို့ မဇင်ဇင်အောင်ကဆိုပါတယ်။

မဇင်ဇင်အောင်က “ကျွန်မတိုက်ကြီးကို ဧပြီလ ၂၂ ရက်နေ့ကသွားတော့
ကွမ်းငုံပြီးစားထားတဲ့ အသံနဲ့ မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုလာခေါ်တယ်။ ကျွန်မ အမတွေက လည်း ညဘက်ဆိုတော့ တံခါးမဖွင့်ပေးဘူး။နောက် ည ၁ နာရီလောက်မှာ တစ်ခါ လာတယ်။

မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုပြီးလာခေါ်တာမျိုးကြားရတယ်။မနက်ကျတော့ ကျွန်မ အမတို့က သူတို့ ထင်တဲ့သူကို ညဘက်နင်လာသေးလား ဆိုတော့ အဲ့ဒီ့ကောင်လေးက မလာဘူးလို့ ဖြေတယ်။

ကျွန်မကတော့ ကျွန်မ ယောကျာင်္းအသံဆိုတာ မှတ်မိတယ်။သူက သူအသက်ရှိစဉ်ကတည်းက အိမ်လည်တာမျိုးကို မကြိုက်ဘူးလေ” လို့ပြောပါတယ်။
အဲ့သည့်တိုက်ကြီးကိစ္စက တစ်လပြည့် ဆွမ်းကျွေး အပြီးမှ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။
အိမ်နားမှာတော့ အသံဗလံ ကြားရတာမျိုးမရှိတော့ဘူးလို့ဆိုပါတယ်။

The Modern News Journal
ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကို ကိုင်တွယ်နေသံကို အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

တောင်ကြီးအား/ကာသိပ္ပံ ပထမပညာသင်နှစ်တွင် အားကစားနည်း ၁၀ မျိုး သင်ကြားပေးမည်

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကျောင်းသားများအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် တောင်ကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းကို ဇွန်လပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ပထမပညာ သင်နှစ်တွင် အားကစားနည်း ၁၀ မျိုးအတွက် ကျောင်းသားဦးရေ ၁၀၀ ကျော်ကို လက်ခံသင်ကြားပေး မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသည့် ဦးစီး အရာရှိက ပြောကြားသည်။

ကန့်ဘလူမြို့နယ် လေပြင်းတိုက်၊ မိုးသီးကြွေ၊ စာသင်ကျောင်းနှင့် အိမ် ၆၀ ခန့်ပျက်စီး

ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကျီကုန်းတောင်ရွာ၊ ကာဘိုးနှင့်ဘူးကြီး ကျေးရွာတို့တွင် မေလ ၇ ရက်နေ့က မိုးသက်လေပြင်း တိုက်ပြီး မိုးသီးများ ကြွေခဲ့ခြင်းကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် အိမ် ၆၀ ခန့် ပြိုကျ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လို ချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေး မှုများ ပေါ်ပေါက် လာနိုင် သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ဒွဲဘူက ပြော

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲ များလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထို့ပြင် KIA နှင့် ကချင်တိုင်းရင်းသားအချို့အကြား လူမျိုးစွဲအခြေခံသည့် ပြင်းထန်သော အယူအဆများရှိနေပြီး “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်လိုခြင်း အယူဆများလည်း ကာလရှည်ကြာကတည်းက ရှိနေခဲ့သည်။ ထိုအချိန် တွင် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ခါစ ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပါသည်။

အော်ရီဒူးနှင့် MPT ဆက်သွယ်ရေးကွန်ရက် စတင်ချိတ်ဆက်

မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ အော်ရီးဒူးနှင့် မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက်ကာ အပြန်အလှန် ခေါ်ဆိုမှုများ ပြုလုပ်နိုင် ရန် ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။

နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ အငြိမ့်ကမည်

Photo: နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ အငြိမ့်ကမည်
Friday, May 9, 2014

Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါအငြိမ့်ပွဲနှင့်ပတ်သက်ပြီး ဟာသသရုပ်ဆောင် ကျော်ထူးက ''ကျွန်တော်တို့အငြိမ့်ကို ကြိုးစားပြီး တင်ပြသွား မှာပါ။ ခင်ဝင့်ဝါနဲ့ နန်းခင်ဇေယျာကိုလဲ ဆရာ၊ ဆရာမတွေ နဲ့ အကတွေကို သေချာသင်ခိုင်းထားပါတယ်။ ကျွန်တော်တို့ ဘက်ကလဲ ပြက်လုံးတွေကို သေချာဂရုတစိုက် လုပ်ထားပါ တယ်။ အငြိမ့်လောကမှာ ပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် တက်လာတဲ့အဖွဲ့တွေက မော်တော်ပီကယ်မကောင်း ကြောင်း၊ အုပ်ချုပ်ရေးမှူး မကောင်းကြောင်း ပြက်လုံးထုတ်ကြတယ်။ နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ အပ်ကြောင်း တွေ ထပ်နေပါပြီ။ ကျွန်တော်တို့က အဲဒီအပ်ကြောင်းတွေထဲက ခွဲ ထွက်ပြီးတော့ ပရိသတ်တွေရင်ထဲကိုရောက်စေမယ့် ပြက်လုံးတွေ ကို တင်ဆက်သွားမှာပါ''ဟု ပြောသည်။

ထူးထူးခြားခြား တင်ဆက်သွားမည်ဖြစ်သည့် အဆိုပါအငြိမ့် ပွဲကို ဇွန် ၁ ရက် ည ၇ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အခမဲ့အငြိမ့်ပွဲဖြစ်ကြောင်း သိရသည်။

Yangon Media Group
Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အပစ်အခတ်ရပ်စဲရေး မှုကြမ်းပါ အချက်များ ပြည်သူလူထုကိုချပြသင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်မှုကြမ်းပါ အချက်အလက် များကို ပြည်သူလူထုကို ချပြသင့်သည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီ ကပြော သည်။

တရားဝင်ကွာရှင်းခွင့်လျှောက်ထားတာ နှစ်ဦးသဘောတူဖြစ်တယ်လို့ လင်းဇာနည်ဇော်ပြော

Photo: တရားဝင်ကွာရှင်းခွင့်လျှောက်ထားတာ နှစ်ဦးသဘောတူဖြစ်တယ်လို့
လင်းဇာနည်ဇော်ပြော
Friday, May 9, 2014

၁၄နှစ်ကျော်ခွဲနေပြီးမှ ကွာရှင်းခွင့်လျှောက်ထားတာဟာ နှဏ်ဦးသဘောတူ
ပြုလုပ်တာဖြစ်ပြီး သမီးဖြစ်သူအတွက်လည်း ဘယ်လိုပြသနာမျိုးမှ
ဖြစ်လာမှာမဟုတ်ဘူးလို့ ခင်ပွန်းဖြစ်သူရဲကိုကိုနဲ့တရားဝင်ကွာရှင်းခွင့်လျှောက်
ထားမှုနဲ့ပက်သက်ပြီး လင်းဇာနည်ဇော်က ပြောပါတယ်။

လင်းဇာနည်ဇော်က "တရားရုံးမှာတရားဝင်ကွာရှင်းခွင့်လျှောက်ထားရတာ
ကသူကအခုပြည်ပမှာပါ။ကွာရှင်းဖို့လက်မှတ်ထိုးတာက နှစ်ယောက်လုံး
အတူထိုးမှတရားဝင်ဖြစ်မှာ။ရုံးမှာလုပ်မှတရားဝင်ဖြစ်မှာမလို့ တစ်ယောက်
နဲ့တစ်ယောက်နားလည်မှုနဲ့နှစ်ဦးသဘောတူခုလိုလုပ်ဖြစ်တာပါ။မုန်းလို့
မဟုတ်ပါဘူး။အနှောင်အဖွဲ့တွေမဖြစ်စေချင်တာကြောင့်ပါ" လို့ပြောပါတယ်။

The Modern News Journal
၁၄နှစ်ကျော် ခွဲနေပြီးမှ ကွာရှင်းခွင့်လျှောက်ထားတာဟာ နှဏ်ဦးသဘောတူ ပြုလုပ်တာဖြစ်ပြီး သမီးဖြစ်သူ အတွက်လည်း ဘယ်လိုပြသနာမျိုးမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ခင်ပွန်းဖြစ်သူရဲကိုကိုနဲ့တရားဝင် ကွာရှင်း ခွင့်လျှောက် ထားမှုနဲ့ပက်သက်ပြီး လင်းဇာနည်ဇော်က ပြောပါတယ်။

မိုးရာသီကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း သုံးကြိမ်ခန့် ဖြစ်ပေါ်မည်ဟုဆို

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်း စတင် ဝင်ရောက်သည့် နေ့မှစ၍ မိုးနှောင်းကာလအထိ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းများ အားကောင်းလာကာ မုန်တိုင်း သုံးကြိမ် ခန့် ဖြစ်ပေါ်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန် ထားသည်။

အမေ့ခြေရာခံယူနည်း


မိဘခြေရာကို ခံယူကိုးကွယ်လိုသည့် သားသမီးတို့သည် ရှေးဦးစွာ မိဘနှစ်ပါး ကို မြင့်မြတ်သော ကုလားထိုင်၊ ခုတင်ပေါ်တွင်ထိုင်စေ၍ ရိုသေစွာ လက်အုပ်ချီ ကန်တော့ပြီး ခြေရာကို တောင်းခံရပါသည်။( မိဘနှစ်ပါးလုံးမရှိလျှင် ရှိသည့် အမေ သို့မဟုတ် အဖေကို ယူနိုင်ပါသည်)။

ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး

Photo: ကားသွင်းခွင့်မူဝါဒ မပြောင်းတော့ဟု ဦးဝင်းမြင့် ကတိပေး
Friday,May 9, 2014

 အစိုးရသစ်လက်ထက် တွင် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံ အပြောင်းအလဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့် ကပြောကြား သည်။

‘‘ကျွန်တော် ၀န်ကြီး လုပ်တဲ့ ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒ ရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခု ကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်း အလဲဘာမှ မလုပ်တော့ပါဘူး’’ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် မာစီး ဒီးဘင့်ဇ် ကားအရောင်းပြခန်းဖွင့် ပွဲအခမ်းအနားတွင် ပြောသည်။

ကားတင်သွင်းမှု မူဝါဒများ ကို ၎င်းလက်ထက်တွင် ပုံစံ အမျိုးမျိုးဖြင့် ဖြေလျှော့ပေးခဲ့ပြီး ယနေ့အထိ ကားအစီးရေ သုံး သိန်းကျော်အား တင်သွင်းခွင့် ပါမစ် ထုတ်ပေးပြီးဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြော သည်။

‘‘ဒီလိုပြောတာကို ကြိုဆိုပါ တယ်။ ကျွန်တော်တို့ လုပ်ငန်းရှင် တွေက တစ်နေ့၊တစ်နေ့ ကားနဲ့ ပတ်သက်ပြီး ဘာပြောင်းမယ်၊ ညာပြောင်းမယ်ကြားတော့ စိတ်ပူ နေရတာ’’ဟု မြမြင့်မိုရ်ကားအ ရောင်းပြခန်းမန်နေဂျာဦးစိုးမြင့် ကပြောသည်။

ပြီးခဲ့သည့်လကလည်း သမ္မတ ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ကား ဟောင်းတင်သွင်းခွင့် စလစ်များ ဖျက်သိမ်းမည်ဟု မီဒီယာများအားပြောကြားထားဖူးခဲ့သည်။

Author: မိုးညို
7Day Daily

 မာစီဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲ တွင်တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မာစီဒီးကားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 မာစီဒီးဘင့်ဇ် ကားအရောင်းပြခန်း ဖွင့်ပွဲတွင်တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် မာစီဒီးကားတစ်စီးကို တွေ့ရစဉ်
အစိုးရသစ်လက်ထက် တွင် ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်ပြီး မိမိလက်ကျန်သက် တမ်းတွင်ထပ်မံ အပြောင်းအလဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းမြင့် ကပြောကြား သည်။

အိမ်ခြံမြေ တံဆိပ်ခေါင်း အခွန်ကို (၇) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်း သို့ လျှော့ချ ကောက်ခံမည်

Photo: အိမ်ခြံမြေ တံဆိပ်ခေါင်း အခွန်ကို (၇) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်း သို့ လျှော့ချ ကောက်ခံမည်
Friday,May 9, 2014

 မန္တလေးတိုင်း ဒေသကြီး အပါအ၀င် မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ကောက်ခံမှုကို ယခင် ကောက်ခံခဲ့သည့် (၇) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

ယခင်က ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီများ၏ ဧရိယာ အတွင်းတွင်သာ အိမ်ခြံမြေ တံဆိပ် ခေါင်းခွန်ကို ကောက်ခံခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ စည်ပင်သာယာရေး ကော်မတီ ဧရိယာ ပြင်ပအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက် ခံမည် ဖြစ်သည်။၊

အဆိုပါ အိမ်ခြံမြေ တံဆိပ်ခေါင်းခွန်ကောက်ခံမှု(၅) ရာခိုင်နှုန်းတွင်သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ (၂) ရာခိုင်နှုန်း ရရှိမည် ဖြစ် သည်။ ကိုယ့်တိုင်း ဒေသကြီး အတွင်း ပြင်ဆင်စရာ ရှိတာတွေကို ပြည်ထောင်စု အထိ တင်စရာ မလိုတော့ဘူး။ ကိုယ့်တိုင်းဒေသကြီး Authority နဲ့ သုံးလို့ ရအောင်ပေါ့၊ စည်ပင်တွေ ၀င်ငွေတိုးတာပေါ့။ စည်ပင်သာယာ လုပ်ငန်းတွေမှာ များများ ပိုလုပ်နိုင်တာပေါ့ ဟု ၀န်ကြီး ဒေါက်တာ မြင့်ကြူ က ပြောသည်။

ယခင်က မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်း အိမ်ခြံမြေ ရောင်းဝယ်မှု များတွင် တန်ဖိုး အလိုက် တံဆိပ်ခေါင်းခွန် အဖြစ် (၇) ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး၊ စည်ပင်သာယာ နယ်နမိတ် ပြင်ပကိုမူ ကောက်ခံခြင်း မပြု ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ သိရသည်။

ယင်းကဲ့သို့ အိမ်ခြံမြေ တံဆိပ် ခေါင်းခွန်များ လျှော့ချလိုက် ခြင်းကြောင့် အခွန်ဆောင် လိုသူများ ပိုမိုများပြားလာသည် ကို တွေ့ရကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

အခွန်ဆောင်ပြီး အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်တယ်ဆိုတာက နာမည်ပေါက် ရချင်တဲ့အတွက်ပါ။ ပြီးခဲ့တဲ့နှစ်ကဆိုရင် မြေ ကွက်ဈေးနှုန်း ကလည်း မြင့်တယ်။ အခွန် ကလည်း ကောက်တာများတော့ အမည်ပေါက် ရဖို့ထက် သူများ အမည်ပေါက် နဲ့ပဲ ၀ယ်ကြ ရတာပေါ့။

 The Messenger
မန္တလေးတိုင်း ဒေသကြီး အပါအ၀င် မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ကောက်ခံမှုကို ယခင် ကောက်ခံခဲ့သည့် (၇) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။

သတ္တုတွင်း ဥပဒေသစ်အရ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ခံစားခွင့်ပိုရမည်

Photo: သတ္တုတွင်း ဥပဒေသစ်အရ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ခံစားခွင့်ပိုရမည်
Friday,May 9, 2014

အချိန်နှစ်နှစ်ကျော် ပြင်ဆင် ရေးဆွဲ ထားသည့် သတ္တုတွင်း ဥပဒေကို လာမည့်လွှတ်တော်
အစည်းအဝေးများတွင် အတည်ပြုနိုင်ရန် မျှော်မှန်းထားပြီး သတ္တုတွင်း ဥပဒေသစ်အရ
သတ္တုတူးဖော်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အကျိုးခံစားခွင့် ပိုမိုရရှိမည်ဟု
တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိသတ္တုတွင်း ဥပဒေအရ သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်
ခွဲဝေရာတွင် နိုင်ငံတော်က ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်က ၇၀ ရာခိုင်နှုန်းဖြစ်သော်လည်း
ဥပဒေသစ်အရ ပုဂ္ဂလိက လုပ်ငန်းရှင်က ထုတ်လုပ်မှုအပေါ်အကျိုးခံစားခွင့် ၈၅ ရာခိုင်နှုန်းအထိ
ရရှိမည်ဖြစ်သည်ဟု အမျိုးသားလွှတ်တော်၊ သတ္တုနှင့် သယံဇာတ ရေးရာကော်မတီဥက္ကဋ္ဌ
ဦးနေ၀င်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

"အမျိုးသားလွှတ်တော်မှာ ဆွေးနွေးပြီးသွားပြီ။ သယံဇာတကို အလွှာပေါင်းစုံက လူတွေ
အကျိုးခံစားခွင့်ရှိအောင် ဥပဒေမှာ ပြင်ဆင်ထားပါတယ်။ လူသယံဇာတနဲ့ ပစ္စည်းသယံဇာတကို
ချိတ်ဆက်ပေးတဲ့ ဥပဒေဆိုပါတော့။ ဒီဥပဒေပြဋ္ဌာန်းပြီးသွားရင် သတ္တုလုပ်ငန်းက တိုင်းပြည်ရဲ့
ပင်မစီးပွားရေးဖြစ်လာမှာပါ" ဟု ၎င်းက ပြောသည်။

သတ္တုမျိုးစုံ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသည် လွတ်လပ်စွာ
ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည့်အပြင် ဥပဒေသစ်အရ သတ္တုတူးဖော်လုပ်ကိုင်ခွင့်ကာလ
ကိုလည်း အသေးစားသတ္တုလုပ်ငန်းများအတွက် ၁၀ နှစ်၊ အလတ်စား ၁၅ နှစ်နှင့် အကြီးစား
လုပ်ငန်းများအတွက် ၁၅ နှစ်အထက် တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်သည်။

"အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာ သတ္တုတူးဖော်ရေးနဲ့ပတ်သက်လို့ အာဆီယံ နိုင်ငံတွေပဲ
ရှိခဲ့တာ။ အခုကျတော့ တခြားကမ္ဘာ့ နိုင်ငံတွေကလည်း စိတ်ဝင်စားလာကြတယ်။ သူတို့က
မခိုင်မာရင် ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ဥပမာ - လက်ပံတောင်းတောင် ကိစ္စလိုမျိုးပေါ့။
ဒါကြောင့် သတ္တုတွင်းဥပဒေက မဖြစ်မနေပြင်ဆင်ရတဲ့ သဘောပါပဲ" ဟု သတ္တုတွင်းဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ဩစတြေးလျ၊
အမေရိကန်၊ အင်္ဂလန်နှင့် အခြားကမ္ဘာ့ နိုင်ငံများက လာရောက်စုံစမ်းမေးမြန်းနေမှုများလည်း
ရှိသည်ဟု ၎င်းက ပြောသည်။

၁၉၉၄ ခုနှစ်သတ္တုတွင်း ဥပဒေကို အသစ် ပြင်ဆင်ရေးဆွဲရန် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်
ကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် သတ္တုနှင့် သယံဇာတရေးရာကော်မတီက
အမျိုးသားလွှတ်တော်သို့ စတင်တင်ပြ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"ဥပဒေပြင်ဆင်ရေးဆွဲရာမှာ အဓိက ကြန့်ကြာနေရတာကတော့ ကျွမ်းကျင်မှုနဲ့ လေ့လာမှု
အားနည်းတာကြောင့်ပါ။ ကျွန်တော်တို့ သယံဇာတရေးရာကော်မတီအနေနဲ့ ခြောက်လအတွင်း
ဥပဒေကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါတယ်"ဟု ပတ္တမြားနဂါး သတ္တုတူးဖော်ရေးကုမ္ပဏီ ပိုင်ရှင်လည်း
ဖြစ်သူ ဦးနေ၀င်းထွန်း က ပြောသည်။

"သတ္တုတွင်းဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲတာကို ကျွန်တော်တို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြပါတယ်။
အဓိကပြင်ဆင်ခဲ့တဲ့ အကြောင်းအရာတွေကတော့ လက်လုပ်လက်စားနဲ့ အသေးစား
သတ္တုတူးဖော်ရေး လုပ်တဲ့သူတွေကိုလည်း ဥပဒေနဲ့အညီ လုပ်ကိုင်ခွင့်ပေးဖို့၊ နောက်ပြီး အစိုးရ
အနေနဲ့လည်း ထိုက်သင့်အခွန်တိုးရဖို့ပါ ပဲ" ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ
အဖွဲ့အ၀င် တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ သတ္တုသယံဇာတ ရှာဖွေတူးဖော်ရေးလုပ်ကိုင်နေသည့် ပြည်ပကုမ္ပဏီ
၁၂ ခုအနက် တရုတ်ကုမ္ပဏီနှစ်ခု၊ ဗီယက်နမ်တစ်ခုနှင့် ထိုင်းကုမ္ပဏီ တစ်ခုတို့သည် ထုတ်လုပ်ရေး
အဆင့်ရှိ စီမံကိန်းများ ဆောင်ရွက်နေပြီး ပြည်တွင်းလုပ်ငန်းရှင်များအတွက် အကြီးစားနှင့်
အသေးစား သတ္တုတူးဖော်ရေး ခွင့်ပြုမိန့် ၁,၈၀၀ ကျော် ချပေးထားသည်ဟု သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် သတ္တုတူးဖော်ရေး ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ
ခြောက်သန်းကျော် ၀င်ရောက်ခဲ့သည်။

 အောင်ရှင် / မြန်မာတိုင်း(မ်)

လက်ပံတောင်းတောင် သတ္တုတွင်းလုပ်ငန်းခွင်၌ ဒေသခံတစ်ဦး ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
လက်ပံတောင်းတောင် သတ္တုတွင်းလုပ်ငန်းခွင်၌ ဒေသခံတစ်ဦး ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အချိန်နှစ်နှစ်ကျော် ပြင်ဆင် ရေးဆွဲ ထားသည့် သတ္တုတွင်း ဥပဒေကို လာမည့်လွှတ်တော် အစည်းအဝေး များတွင် အတည်ပြုနိုင်ရန် မျှော်မှန်းထားပြီး သတ္တုတွင်း ဥပဒေသစ်အရ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အကျိုးခံစားခွင့် ပိုမိုရရှိမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ပုလဲ - ဂန့်ဂေါလမ်း ကားမှောက် တစ်ဦးသေ ၊ (၂၃) ဦးဒဏ်ရာရ

Photo: ပုလဲ - ဂန့်ဂေါလမ်း ကားမှောက် တစ်ဦးသေ ၊ (၂၃) ဦးဒဏ်ရာရ
Friday,May 9, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ - ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၆ ဖာလုံနေရာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီက ကားတစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများအနက်မှ တစ်ဦးသေဆုံးပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ကားတိမ်းမှောက်ရာအရပ်သို့ လဲကန်နယ်မြေရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ချန်မှုန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကိုလင်းလင်းဇော် ဆိုသူသည် ဖောကားအပြာရောင် အမျိုးအစား ယာဉ်အမှတ် ၇င/၇၁၈၅ ပေါ်တွင် ကျောက်ခွဲစက် ဖရိမ်များတင်ဆောင်၍ ဂန့်ဂေါမြို့နယ်၊ ကျော်ရွာမှ ပခုက္ကူမြို့သို့ မောင်း နင်းလာစဉ် အဆိုပါ ကား၏ လက်ယာဘက်နောက်ဘီး (အပြင်)ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ ယာဉ်တိမ်းမှောက်စဉ် ခင်အေးရေနံမှော်နေရာမှ ၀မ်းဘဲချိုင့်ကျေးရွာသို့ ပြန်ရန် လမ်းကြုံလိုက်ပါသည့် လမ်းလုပ်သား(၂၄)ဦးအနက် အမျိုးသမီးတစ်ဦးမှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်။ လမ်းလုပ်သား အမျိုးသား(၁၃) ဦးနှင့် အမျိုးသမီး(၈)ဦးတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း လဲကန် နယ်မြေရဲကင်းစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခြင်းနှင့် ပတ်သက်၍ ပုလဲမြို့မရဲစခန်းက ယာဉ်(ပ) ၁၁/ ၂၀၁၄ ပြစိမှုပုဒ်မ ၃၀၄ - (က)၊ ၃၃၇ /၃၃၈ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုနေ့ညနေပိုင်းအချိန်ကလည်း ရွှေဘို - ကျောက်မြှောင်းသွားကားလမ်းတွင် ဖောကားယာဉ်တစ်စီး နောက်ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ - ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၆ ဖာလုံနေရာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီက ကားတစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများအနက်မှ တစ်ဦးသေဆုံးပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများကို ဖမ်းမည်

Photo: စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများကို ဖမ်းမည်
Friday,May 9, 2014

 ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ကာ ည ၉ နာရီကျော်တွင် လမ်းပေါ်ထွက်သူများ ရှိနေသဖြင့် လာမည့် ရက်သတ္တတစ်ပတ်မှ စတင်ကာ ညကိုးနာရီ နောက်ပိုင်း လမ်းထွက်သူများကို ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

စစ်တွေမြို့တွင် ည ၉ နာရီကျော်မှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများ သွားလာနေခြင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားခြင်း စသည့်တို့ကို လုပ်ဆောင်နေ၍ မေလ ၅ ရက်နေ့မှ စတင်ကာ သတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။
“ရပ်ကွက်တိုင်းမှာ သတိပေး စာရွက်တွေကို ကပ်ထားတယ်။ ဒီအပတ်ကုန်လောက်မှပဲ ဖမ်းဆီးတာ စမယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

လက်ရှိတွင် ည ၉ နာရီ နောက်ပိုင်း လမ်းပေါ်၌ တွေ့ရှိသူများကို အုပ်ချုပ်ရေး အဖွဲ့များက ပညာပေးမှုများကိုသာ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ဘင်္ဂါလီတွေ ဘက်ကိုတော့ မရောက်သေးဘူး။ အဆင့်ဆင့် လုပ်သွားမှာပါ။ လောလောဆယ် မြို့ပေါ်ပဲ ပညာပေးတာပါ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

ည ၉ နာရီကျော် နောက်ပိုင်းတွင် အပြင်မထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် သတိပေးချက်များကို ရပ်ကွက်တိုင်းရှိ နေရာအသီးသီးတွင် စာရွက်ဖြင့် ကပ်ထားသည်ကို တွေ့ရှိရကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

“ပုဒ်မ ၁၄၄ ဟာ ဘင်္ဂါလီတွေထက် ရခိုင်တွေနဲ့ပဲ သက်ဆိုင်သလို ဖြစ်နေတယ်” ဟု စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှ စတင်ကာ ကျင့်သုံးခဲ့သည့် ညမထွက်ရ အမိန့်ကို အချိန် အတိုးအလျော့ လုပ်ခဲ့သော်လည်း အပြီးသတ် ရုပ်သိမ်းမှု ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။

The Voice Weekly
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက် ကာ ည ၉ နာရီကျော်တွင် လမ်းပေါ်ထွက်သူများ ရှိနေသဖြင့် လာမည့် ရက်သတ္တတစ်ပတ်မှ စတင်ကာ ညကိုးနာရီ နောက်ပိုင်း လမ်းထွက်သူများကို ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ကိုယ်တိုင်အခွန်ထမ်းဆောင်သည့်စနစ် လာမည့်ဘဏ္ဍာနှစ်တွင် ကျင့်သုံးမည်

ရန်ကုန်၊ မေ ၈- လာမည့်ဘဏ္ဍာ နှစ်မှစတင်ကာ အခွန်ထမ်းများကိုယ် တိုင် အခွန်ထမ်းဆောင်မည့်စနစ် စ တင် မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီး ဌာနမှ သိရသည်။

အပင်အားတိုးစေဖို့ နွားသေးရည်ကို လှောင်ကြစို့

နွားသေးရည်သည် အော်ဂဲနစ်ပိုးသတ်ဆေးနှင့် စွန့်ပစ်အမှိုက်များကိုပျော်ဝင်စေကာ အပင်များကို အား တိုးစေသောကြောင့်နွားသေးကို လှောင်ထားသင့်ကြောင်း အော်ဂဲနစ်စိုက်ပျိုးရေးပညာရှင်များက အကြံပြုေ ပာ ဆိုကြသည်။

မန္တလေးတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အက်စစ်ဖြင့်ပက်၍ ထွက်ပြေးသူ စုံစမ်းစစ်ဆေး

မန္တလေးမြို့တော် ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း၊ သိပ္ပံလမ်းဆုံတွင် မေလ ၃ ရက်နေ့ ညပိုင်းအချိန်၌ ဆိုင်ကယ် မောင်းနေသော အမျိုးသမီးတစ်ဦးကို တစ်ဖက်ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးအနက် တစ်ဦးက အက်စစ်ဖြင့် မျက်နှာကိုပက်၍ ထွက်ပြေးခဲ့ရာ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မြန်မာ e-Visa စနစ် စက်တင်ဘာလတွင် စတင်အသုံးပြုခွင့်ရမည်

မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာလှည့် ခရီးသွားများအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည့် e- Visa စနစ်ကို လာမည့် စက်တင်ဘာလ ပထမပတ်မတိုင်မီ စတင်အသုံးပြုခွင့်ရမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကလေးသူငယ်အဓမ္မစေခိုင်းမှု လုံးဝပပျောက်စေရေး စီမံချက်ဖြင့် ဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကလေးသူငယ်အဓမ္မစေခိုင်းမှုလုံးဝ ပပျောက်စေရေးစီမံချက်ကို အပြည် ပြည် ဆိုင်ရာ အလုပ်သမားရေးရာအ ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၁ ရက်တွင်ကျရောက်သည့် အလုပ် သမားနေ့အခမ်းအနား၌ ပြောကြား လိုက်သည်။

လုပ်ငန်းခွင်တွင်းရှိအမျိုးသမီးများသည် အမျိုးသားများထက်ပိုအခွင့်အရေးရသင့်

Photo: လုပ်ငန်းခွင်တွင်းရှိအမျိုးသမီးများသည် အမျိုးသားများထက်ပိုအခွင့်အရေးရသင့်
Friday,May 9, 2014

လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အခွင့်အရေးရသင့်ကြောင်းမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင် ရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

မေ ၉ ရက်တွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင်ပြု လုပ်သော မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအ
သင်း၏၉ ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးတွင် ၄င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ယောက်ကျားရော မိန်းမပါ အလုပ်လုပ်ရတာချင်းအတူတူ မိသားစု အတွင်းမှာ တစ်ဦးဦးမကျန်းမာတာတို့ ဘာတို့ဖြစ်ရင် အမျိုးသမီးတွေကပဲ ခွင့်ယူပြီးပြုစုစောင့်ရှောက်ကြတာတွေ့ရပါတယ် "ဟု ၄င်းကပြောသည်။

ထို့ကြောင့်အမျိုးသမီးများအခွင့်အရေးပိုမိုရရှိစေရန် အသင်းအနေနှင့် အစိုးရသို့တင်ပြသွား၇န်ရှိပြီး လူ့အသိုင်းဝိုင်းတွင်ရှိသောအမျိုးသမီးများ၏ အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်နေကြောင်း ၄င်းကပြောသည်။

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင်
အသင်းသူ ၁၇၅၃ ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ခိုင်သဇင်ဦး
Popular Myanmar News Journal
လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီးများသည် အမျိုးသားများထက်ပို၍ အခွင့်အရေးရသင့်ကြောင်းမြန်မာ အမျိုး သမီး စီးပွားရေးစွမ်းဆောင် ရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးတာဝန် စတင်ထမ်းဆောင်

Photo: အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးတာဝန် စတင်ထမ်းဆောင်
Friday, May 9, 2014

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော INS Vikramaditya မှာ MIG 29K တိုက်လေယာဉ် အုပ်စုနှင့်အတူ စစ်ဆင်ရေး တာဝန်များကို ပထမဆုံးအကြိမ် စတင်တာဝန် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း Brahmand သတင်းတွင် ဖော်ပြထားသည်။

တန်ချိန် ၄၄,၅၀၀ ရှိ လေယာဉ်တင် သင်္ဘောကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၃ ဘီလီယံဖြင့် ရုရှားနိုင်ငံထံမှ အိန္ဒိယက ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံ သို့ရောက်ရှိခဲ့ကာ ကာနတာကာဒေသတွင် အခြေစိုက်စခန်း တည်ဆောက်ထားသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောမှာ အနောက်တိုင်း ရေတပ်များနှင့် မကြာသေးမီက ပူးတွဲလုပ်ဆောင်ခဲ့သည့် ရေကြောင်း လေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့ကြောင်း အိန္ဒိယ ရေတပ်ရင်းမြစ်များက ပြောကြားသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အကြီးဆုံး လေယာဉ်တင် သင်္ဘောတွင် လေကြောင်းရန် ကာကွယ်ရေး လက်နက်စနစ်များ တပ်ဆင့်ထားခြင်း မရှိသဖြင့် အဆိုပါ လက်နက်များ ပြန်လည် တပ်ဆင်ရန် စီစဉ်ထားသည်။

ထို့အပြင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော INS Vikrant ကို ကိုချင် သင်္ဘောကျင်းတွင် တည်ဆောက်နေပြီး ၂၀၁၇ ခုနစ်တွင် စတင်စမ်းသပ် မောင်းနှင်နိုင်မည်ဖြစ်ကာ ၂၀၁၈ ခုနစ်တွင် အိန္ဒိယရေတပ်သို့ ပေးပို့သွားမည် ဖြစ်သည်။

ယင်းကဲ့သို့သော လက်နက်စနစ်များအပြင် နျူကလီးယား စွမ်းအင်သုံး INS Chkra ရေငုပ်သင်္ဘော၊ P-81 တာဝေး ထောက်လှမ်းရေး လေယာဉ်နှင့် ရှီဗလစ်အတန်းအစား ဖရီးဂိတ်သင်္ဘောများကို အိန္ဒိယရေတပ်တွင် စတင်အသုံးပြုနေကြောင်း အိန္ဒိယ ရေတပ် အကြီးအကဲ ရိုဘင်ဒိုဝမ်က ပြောကြားသည်။

လက်ရှိ အိန္ဒိယရေတပ်တွင် INS Vikramadiya နှင့် INS Viraat လေယာဉ်တင်သင်္ဘော နှစ်စင်းထိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

The Voice Weekly
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော INS Vikramaditya မှာ MIG 29K တိုက်လေယာဉ် အုပ်စုနှင့်အတူ စစ်ဆင်ရေး တာဝန်များကို ပထမဆုံးအကြိမ် စတင်တာဝန် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း Brahmand သတင်းတွင် ဖော်ပြထားသည်။

စည်းကမ်းမဲ့ယာဉ် မှတ်သားဖမ်းဆီးရန် မီးပွိုင့်များတွင် သီးသန့်ယာဉ်ထိန်းများ ထားရှိမည်

ရန်ကုန်၊ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား မှတ်သားဖမ်းဆီး အ ရေးယူသွားရန် မီးပွိုင့်များတွင် ယာဉ် ထိန်းရဲ သီးသန့်ထားရှိသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အ မှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ သိ ရသည်။ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် က ''အရင်တုန်းက ဆို မီးပွိုင့်တွေမှာ တာဝန်ထမ်းဆောင် တဲ့ တပ်ဖွဲ့ဝင်တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပဲ လုပ်ပြီးတော့မှ စည်း ကမ်းအရပဲ ဆောင်ရွက်ခဲ့တာ ရှိပါ တယ်။ အခုတော့ မီးပွိုင့်တွေမှာ ယာဉ် စည်းကမ်း လမ်းစည်းကမ်းရှင်းတဲ့ တပ် ဖွဲ့ဝင်သာမက စည်းကမ်းချိုးဖောက် တဲ့ယာဉ်တွေကို မှတ် သား ဖမ်းဆီး အ ရေးယူသွားမယ့် ယာဉ်ထိန်းသီးသန့် ကို မေ ၁ ရက်ကစပြီး ထားရှိထားပါ တယ်'' ဟု ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို ဦးစားပေးရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း

ရန်ကုန်၊ ဒီမိုကရေစီစံနှုန်းနှင့်မညီသည့် အပြင် အမျိုးသမီးများ၏အခွင့်အရေး များကို ချိုးဖောက်နေသော မျိုးစောင့် ဥပဒေကိုရေးဆွဲခြင်းထက် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ ကိုသာ ဦးစားပေး ရေးဆွဲသင့်ကြောင်း ပြည်တွင်းအရပ် ဘက်အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့ ပူး ပေါင်းကာ ပူးတွဲကြေ ညာချက် ထုတ် ပြန်လိုက်သည်။အဆိုပါ အရပ်ဘက်အဖွဲ့အစည်း ၉ရဖွဲ့မှ နိုင်ငံတော် အစိုးရ၏မျိုးစောင့် ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်နှင့် ကော်မရှင် ဖွဲ့စည်းပေးသည့်အပေါ် လက်မှတ်ရေးထိုး ကာ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သံလမ်းပေါ် ကော်ရှူ၍ အိပ်ပျော်နေသည့် လူငယ်နှစ်ဦး ရထားကြိတ်ခံရ

ကော်ဗူးရှူကာ ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသည့် လူငယ်နှစ်ဦးကို ရထားကြိတ်မိသဖြင့် တစ်ဦး သေ ဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ပြည် မီးရထားရဲစခန်းမှူး ရဲအုပ်အောင်ဝင်းက မေ ၈ ရက် က ပြောသည်။

အခွန်များကို မည်ကဲ့သို့ အသုံးပြုနေကြောင်း မသိရသည့် အတွက် ပြည်သူများ အခွန်ပေး ချင် စိတ် မရှိကြခြင်းဖြစ် ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန်၊ မေ ၈- နိုင်ငံတွင် ကောက်ခံလျက်ရှိသော အခွန်များကို မည်သည့်နေရာတွင် မည်သူ့အတွက် အသုံးပြုနေကြောင်း မသိရသည့် အတွက် ပြည်သူများကအခွန်ပေးချင် သည့်စိတ်မရှိကြခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။