ဒီတစ်ပတ် အားလပ်ရက်မှာတော့ လည်ပတ်စရာ နေရာတွေ၊ စားသောက်စရာဆိုင်တွေ ထက် မြန်မာ့ရိုးရာ ရုပ်သေး ဇာတ်ရုပ်လေးတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခံစားနိုင်ဖို့ နေရာလေးတစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။နေရာကတော့ ရန်ကုန်မြို့ လယ်ကောင်၊ ဆူးလေမှာရှိတဲ့ Eassy Htwe Oo Myanmar ရုပ် သေးရုံပါပဲ။
ထွေးဦးမြန်မာရုပ်သေးရုံကို ဇွန်လကစပြီး ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကြာမြင့်ပါပြီ။ Eassy Htwe Oo Myanmar ရုပ်သေးရုံမှာဆိုရင် မြန်မာ့ရိုးရာ အနုပညာ တစ်ခုဖြစ်တဲ့ ကြိုးဆွဲရုပ်သေးရုပ်မျိုးစုံရဲ့ အလှအပနဲ့ အကမျိုးစုံကို ရင်သပ်ဖွယ်ရှုစားရမှာ ဖြစ်ပါတယ်။
ရုပ်သေးကြည့်ရှုသူတွေကို ပွဲမစခင်မှာ မြန်မာ့ရုပ်သေးသမိုင်း ကြောင်းကို ရှင်းလင်းပြောကြားပါ တယ်။ ပြီးရင်တော့ ရုပ်သေးပွဲကို နတ်ကန်တော့နဲ့စဖွင့်ပါတယ်။
Friday, 6 November 2015
ရုရှားလေယာဉ် ပျက်ကျခြင်းသည် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ဟုဆို
အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်သည် ဗုံးပေါက်ကွဲမှု တစ်ခုကို တွေ့ကြုံခဲ့ခြင်း ဖြစ်နိုင်သည့် အထောက်အထားအချို့ တွေ့ရှိလာကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေး ဌာနများက ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ် ကိုယ်ထည် အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာသည်ဟု ယုံကြည်ရသည့် အခြေအနေများ ရှိနေကြောင်း ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က Airbus 321 အမျိုးအစား လေယာဉ်သည် အီဂျစ်ရှိ ရှမ်အယ်လ်ရှိတ်ခ် အပန်းဖြေစခန်းမြို့မှ ပျံတက်လာပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဆီနိုင်းတွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လေယာဉ်ကို ပစ်ချခဲ့ခြင်းဟု ကြေညာသော်လည်း ယင်းကို ရုရှား စုံစမ်းရေး အရာရှိများက ပယ်ချထားသည်။

Subscribe to:
Posts (Atom)