Wednesday 25 November 2015

မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူလက်တွဲလုပ်ကြရန် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ − U.S. Embassy Rangoon)
မြန်မာ့နိုင်ငံရေးခေါင်းဆောင်များအားလုံး အတူတကွလက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဦးသိန်းစိန်အား နိုဝင်ဘာ ၂၄ ရက်တွင် တိုက် တွန်းခဲ့သည်။
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ရပ်ဆဲလ်သည် နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် အစိုးရထိပ်ပိုင်း တာဝန်ရှိသူများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ယင်းနေ့တစ်ရက်တည်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် အမေရိကန်ပြည်ထောင်စု ပြည်သူများနှင့် အစိုးရက မိတ်ဖက်အဖြစ်ရပ်တည်ပြီး ဆက်လက်အားပေး ကူညီသွားမည်ဟု မစ္စတာရပ်ဆဲလ်က ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးအပါအ၀င် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ် အရေး စသည့် စိန်ခေါ်မှုများကို ဆက်လက်ကိုင်တွယ်သွားရဦးမည်ဖြစ်ကြောင်း ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသည်။

၎င်းသည် နိုဝင်ဘာ ၂၃ ရက် က ရန်ကုန်မြို့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ လက်ရှိဖြစ်ပွားနေသော စိန်ခေါ်မှုများသည် အသစ်တက်လာမည့် အစိုးရချည်းသာ ရင်ဆိုင်ရန်မဖြစ်နိုင်သည့်အတွက် ၈၈ မျိုးဆက်နှင့် အခြားအဖွဲ့ အစည်းများအနေဖြင့် နိုင်ငံ့အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသောအခန်းကဏ္ဍများမှနေ၍ ဆက်လက် ပူးပေါင်းပါဝင်သွားကြရန်တိုက်တွန်းခဲ့သည်။

‘‘အဓိကကတော့ အိုဘားမား ကိုယ်စားလာပြီး သတင်းစကားပါးတာပါပဲ။ သမ္မတကြီးနဲ့ ရွေးကောက်ပွဲ အကြောင်း၊ တာဝန်လွှဲရေးကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးကိစ္စတွေ ဆွေးနွေးပါတယ်’’ ဟု တွေ့ဆုံမှု နှင့်ပတ်သက်၍ သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မစ္စတာဒန်နီရယ်ရပ်ဆဲလ် ဦးဆောင်သော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုသည် အာရှပစိဖိတ်ဒေသရှိ နိုင်ငံများနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အမေရိကန်ဆက်ဆံရေးတို့ကို ကိုင်တွယ်နေသည့် ဌာနကြီးဖြစ် သည်။ မစ္စတာရပ်ဆဲလ်သည် မကြာသေးမီက ၀ါရှင်တန်တွင်ပြု လုပ်ခဲ့သည့် ကွန်ကရက် လွှတ်တော် ကြားနာပွဲ၌ မြန်မာ့ရွေးကောက်ပွဲရလဒ်သည် မြန်မာပြည် သူလူထုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ထားသကဲ့သို့ မဖြစ်လျှင် အမေရိကန်-မြန်မာဆက်ဆံရေး အပြုသဘောလမ်းကြောင်းဖြင့် ဆက် လက် ဆက်ဆံ ရန် ပိုခက်ခဲစေမည်ဟု ပြောကြား ခဲ့သည်။

အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်ရာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာ အခန်းကဏ္ဍ တိုးမြှင့်ရာတွင်သော်လည်းကောင်း မြန်မာ နိုင်ငံ၏ ဒီမိုကရက်တစ်အကူးအ ပြောင်းတွင် လူ့အခွင့်အရေးဆိုင် ရာ ပြဿနာများအခြေအနေ တိုးတက်ပြောင်းလဲရေးသည် အရေးပါကြောင်း အမေရိကန်ပြည်ထောင်စု အနေဖြင့် ရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်သည် ဟု ကန်အောက်လွှတ်တော်၌ ကြားနာခဲ့ကြသည်။

7Day Daily 

No comments:

Post a Comment