Sunday 16 September 2012

တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား




ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၅ ရပ်ကွက် ပန်းလှိုင်အိမ်ရာအနီး လူတစ်ဦး တိုက်ပေါ်မှာပြုတ်ကျသေဆုံး မှုတစ်ခု ယနေ့ 3:30 Pm ပတ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည်။ ပြုတ်ကျသေဆုံးသူမှာရေပိုက်ပြင်  ရာမှ ရေညှိများနှင့် ချော်ကျသေဆုံးခြင်းဖြစ်သည်ဟုသိရတယ်။သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဖုန်းပြောသူ အမျိုးသမီး အပြင် နောက်ထပ် တိုက်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်သည်။
 

သြစတေးလျ မှာလည်း သူတို့ပါပဲ



သြစတြေးလျရဲ့ ဆစ်ဒနီမြို့မှာ ဒီနေ့ ၁၅ စက်တင်ဘာနေ့လည်ပိုင်းက အမေရိကန်လူမျိုးတဦးက အစ္စလမ် ဘာသာရဲ့ မိုဟာမက်ကိုနောက်ပြောင်စော်ကားတဲ့ ဗီဒီယိုအပိုင်းအစ ထုတ်လုပ်တာကို ဆန့်ကျင်ပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့.... အစ္စလမ်ဘာသာဝင်တချို့က ခွင့်ပြုချက်မယူဘဲ အကြမ်းဖက်ဆန္ဒပြမှုတ ခုဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးဒါဏ်ရာရ၊ ဆန္ဒပြသူ ၂ ဦး ရဲခွေးကိုက်ခံရမှုကြောင့် ဒါဏ်ရာရရှိပြီး ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်.....