
ရှမ်းပြည်နယ်(မြောက်ပိုင်း)မုံးကိုး၊ ကြူကုတ်၊ မုံးပေါ်ဒေသရှိ ဝိန်းဆိုင်ကျေးရွာအုပ်စု၊ ဟူးကြီးရွာ၏ အနောက် ဘက် ချောင်းအနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင်တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်း တွင် နှစ် လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ်ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက် ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။