Sunday 29 November 2015

တနင်္သာရီဒေသ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်မည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း မီးဘေးအန္တရာယ်ဖြစ် ပွားပါက ဆုံးရှုံးမှု လျော့နည်းစေ ရန် မီးလောင်ကျွမ်းစဉ်လုပ်ဆောင် သင့်သည့် လေ့ကျင့်မှုများကို မြို့ပေါ်ရပ်ကွက်များတွင် တစ်ပတ် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

ပွင့်လင်းရာသီရောက်ရှိလာ ပါက ဒေသတွင်းမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များကို ကျောင်းများ၊ ဈေးများနှင့် အခြားဌာနဆိုင်ရာရုံးများတွင် ပညာပေးခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ မြို့ပေါ်ရပ်ကွက်များ၌ လေ့ကျင့် မှုများကို နိုဝင်ဘာနောက်ဆုံးပတ် မှ စတင်ပြုလုပ်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးမီးသတ် ဦးစီးမှူးသူရိန်ခင်မောင်ရီက ပြော သည်။

‘‘လူနေရပ်ကွက်တွေမှာ ဒေသခံတွေနဲ့ ဇာတ်တိုက်လေ့ ကျင့်မှုတွေ လုပ်သွားမယ်။ အဲဒီ လို ဇာတ်လိုက်လေ့ကျင့်မှုတွေ ပြု လုပ်ထားရင် မီးသတ်တပ်ဖွဲ့ ၀င်တွေက ရပ်ကွက်တွေမှာ မြေ ပြင်အခြေအနေ ပိုမိုကျွမ်းကျင် လာမယ်။ ရပ်ကွက်တွေကို မီး သတ်စခန်းကနေ မီးသတ်ယာဉ် တွေ အမြန်ဆုံးရောက်နိုင်မယ့် အချိန်တွေကို တွက်ချက်လာနိုင် မယ်။ နောက်ပြီး မီးလောင်မှု ဖြစ် ပွားခဲ့ရင် ရာသီဥတု အခြေအနေ အရ နေရာယူတတ်လာကြလိမ့် မယ်။ ဒေသခံတွေလည်း တကယ် လို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားလာ ပါက သူတို့အနေနဲ့ လုပ်ဆောင် သင့်တာတွေ ပိုပြီသိလာလိမ့်မယ်’’ဟု သူရိန်ခင်မောင်ရီက ပြောကြားသည်။

လေ့ကျင့်မှု ပြုလုပ်ရာတွင် မီးသတ်ကားများ ထွက်ခွာရာ လမ်းကြောင်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် မီးပွိုင့် ဖွင့်သွားမည် ဖြစ်သော်လည်း ပြည်သူများအထိတ်တလန့် မဖြစ်စေရေးအတွက် လိုအပ်မှ ဥသြဆွဲမည်ဟု ၎င်းက ပြောသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွား နေသည့် နေရာသို့ မီးသတ်ကား များ သွားရောက်ရာတွင် ယာဉ် ကြောပိတ်ဆို့မှုသည်လည်း အ ခက်အခဲတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

‘‘ဒီဒေသမှာ မီးလောင်ကျွမ်း မှုဖြစ်ရင် ရေအခက်အခဲရှိတတ် တယ်။ မြို့ပေါ်မှာ တချို့ရပ်ကွက် တွေမှာ လမ်းကကျဉ်းတော့ ရေ သယ်ယာဉ်တွေ သွားရတာအ ခက်အခဲ ဖြစ်ကြတယ်။ ဒါကြောင့် ရေသယ်ယာဉ်တွေအတွက်ပါ ထည့်စဉ်းစားပေးသင့်တယ်’’ဟု ဆန်းချီရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောသည်။ ဒေသအတွင်း မီး လောင်ကျွမ်းမှု ဖြစ်ပွားပါက သောက်သုံးရေ ရောင်းချနေသည့် ထော်လာဂျီများသည် အဓိက ရေ သယ်ပေးနေရကြောင်း ဒေသခံ များထံမှ သိရသည်။

ယခုနှစ် ဧပြီအတွင်းက ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ရာ ယင်းရပ်ကွက်အတွင်း လမ်းများကျဉ်းမြောင်းသဖြင့် မီးသတ် ကားများ အလွယ်တကူ မ၀င်ရောက်နိုင်ခြင်း လူနေအိမ်ခြေများ စိပ်ခြင်းတို့ကြောင့် အိမ်ခြေခြောက်ဆယ်ကျော် ဆုံးရှုံးခဲ့ရသည်။
7 day

No comments:

Post a Comment