Thursday 2 April 2015

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားသူများမှာ ကေအိုင်အေတပ်ဖွဲ့ဝင် သုံးဦးဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး ညှိနှိုင်း၍ ပြန်လွတ်လာ

ဖားကန့်မြို့မှ အမျိုးသမီးတစ်ဦးကို နေအိမ်အတွင်းဝင်၍ ဖမ်းဆီးသွားသူများမှာ ကေအိုင်အေအဖွဲ့မှဖြစ်ပြီး သင်းအုပ်ဆရာတော်တစ်ပါး၏ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသတင်းရရှိသည်။

စီမံကိန်းငွေကြေး မမှန်မကန်သုံးစွဲ မှု အရေးယူဖို့အဆို လွှတ်တော် အတည်ပြု

ပြည်ထောင်စုဝန်ကြီးဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ငွေကြေးကို မှန်မှန်ကန်ကန် သုံးစွဲဖို့နဲ့ မမှန်မကန်သုံးစွဲမှုတွေကို အရေးယူဖို့ တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

‘‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း


‘‘ဆေးထိုးကြမ်းတယ်’’၊‘‘၀ုန်းသွားတယ်’’

ရုတ်တရက် နားထောင်ကြည့်ပါက မသိသူများအဖို့ အူလည်လည် ဖြစ်သွားနိုင်သော်လည်း မြန်မာနိုင်ငံသားအများစု အသုံးပြုလာကြသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အဆိုပါ စကားလုံးများက အဆန်းမဟုတ်ဘဲ ဆိုလိုရင်းကို ဒက်ခနဲ နားလည်ကြစမြဲ။ ‘‘ဆေးထိုးတယ်’’ ဟူသည့် စကားလုံးက လူမှုကွန်ရက်ပေါ်မှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းမဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး အပျော်သဘောနှင့် ချောက်ချခြင်းဟု အဓိပ္ပာယ်ရပါသည်။