မောင်တော၊ မေ ၁၉- မေ ၁၇ ရက် က ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ် မိုင်တိုင်(၅၂)တွင် လက်နက်ကိုင် သောင်း ကျန်း သူများ၏ တိုက်ခိုက် မှု ကြောင့် ပျောက် ဆုံးနေခဲ့သည့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ နေ့ ညနေ ၅နာရီခန့်တွင် နယ်စပ် မိုင်တိုင်အမှတ်(၅၀)အနီးတွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။
Tuesday, 20 May 2014
ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က
ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရတဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ် မှု နဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။
မေ ၂၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)

မေလ ၁၉ ရက်နေ့က ရွာသွန်းခဲ့တဲ့ မှတ်သားဖွယ်ရာမိုးရေချိန်တွေကတော့ ပေါင်မြို့မှာ ၄.၂၁ လက်မ၊ ရန်ကုန် (ကမ္ဘာအေး) မှာ ၃.၉၈ လက်မ၊ ရန်ကုန် (မြို့လယ်)မှာ ၃.၁၉ လက်မ၊ မအူပင်မှာ ၃.၁၁လက်မ၊ လောင်း လုံမှာ ၂.၈၃ လက်မ၊ ကျိုက္ခမီမှာ ၂.၆၄ လက်မ၊ ထားဝယ်မှာ ၂.၄၈ လက်မ အသီးသီးရွာသွန်းခဲ့ ပါတယ်။
တမူး ဆယ်ကျော်သက်များ ဂိုဏ်းဖွဲ့ ဖောက်ထွင်းနေဟု ဒေသခံများဆို
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အသက် ၈ နှစ်အောက် ကလေးများပင် ပါဝင်သည့် ဆယ်ကျော်သက် ကလေးငယ်များက ဂိုဏ်းပုံစံ ဖွဲ့စည်းကာ ဖောက်ထွင်းမှုများအား ကျူးလွန်လျက် ရှိကြောင်း တမူးဒေသခံများ က ပြောကြားသည်။
မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံဖွယ်ရှိဟု အငြိမ်းစားအရာရှိကြီးတစ်ဦးပြောဆို

လွှတ်တော်တွင် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေအား တပ်မတော်မှ အပြည့်အ၀ ထောက်ခံနိုင်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးမှ ပြောဆိုပါသည်။
ဆန်ဖရန်စစ္စကိုမှာ သောက်ရေသန့်အခမဲ့ ရရှိ၊ ရေသန့်ဗူး မရောင်း

အမေရိကန် ပြည်ထောင်စုရဲ့ ဆန်ဖရန်စစ္စကို မြို့မှာ လွန်ခဲ့တဲ့ ကိုးလက စတင်လို့ ရေသန့် အခမဲ့ ယူလို့ရမယ့် Gloabl Tap ကို နေရာ အတော်များများ မှာ ချပေးခဲ့ ပါတယ်။
လူနေအိမ် ရေကူးကန်ထဲထိ ကျူးကျော်ဝင်လာသည့် မိကျောင်း အဖမ်းခံရ

အမေရိကန် နိုင်ငံတွင် လူနေအိမ် ခြံဝင်းအတွင်းထဲထိ အလည်လွန် ကျူးကျော်လာသည့် မိကျောင်း တစ်ကောင်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ် ကုန်က ဖလော်ရီဒါမှ ဂျွန်ဘန်တေးနှင့် ရှရွန်ဘန်တေးတို့ ဇနီးမောင်နှံသည် နံနက် အရုဏ်မတက်မီတွင် ခြံထဲရှိ ရေကူးကန်အတွင်းမှ ဆူဆူညံညံ အသံများကို ကြားခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသား ကြောက်ကြောက်လန့်လန့် သတိကြီးကြီးဖြင့် ထွက်ကြည့်ကြသည့်အခါ ဖိတ်ခေါ်မထားသည့် (၈)ပေ၊ (၃)လက်မ အရှည်ရှိ ဧည့်သည်တော်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ မည်သည့်နေရာမှ ရောက်လာမှန်း အသေအချာ မသိရသေးသည့် သားစားသတ္တဝါကြီးမှာ ရေကူးကန်ထဲတွင် ဆော့ကစား ပျော်မြူးလျှက် ရှိသည်။
မလေးရှားက လေယာဉ်ရှာဖွေရေး ဂြိုဟ်တု သတင်းများ ထုတ်ပြန်ပေးမည်
မလေးရှား အစိုးရက အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးနေသည့် လေယာဉ် ရှာဖွေရာတွင် ဂြိုဟ်တုမှရရှိခဲ့သည့် သတင်း အချက်အလက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AP သတင်းတရပ် အရ သိရသည်။
RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို
ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာရခြင်းများ နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။
ရတနာပုံ အဝေးသင်အတွက် ကျောင်းအပ်ပေးသည့် ပွဲစားများကို ဖမ်းဆီး

အထက်မြန်မာပြည် အဝေးသင်တက္ကသိုလ် ကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်တစ်ခု ဖြစ်သော ရတနာပုံတက္ကသိုလ် အဝေးသင်ဌာနသို့ နယ်မှ လာရောက်သည့် ကျောင်းသားများကို ကျောင်း အပ်ပေးမည်ဟု ဆိုကာ အကျိုးဆောင် (ပွဲစား) များက ငွေကြေး ပိုမိုတောင်းခံခြင်း၊ ကျောင်းအပ်နှံခများ ယူထားကာ ကျောင်းအပ်နှံ မပေးခြင်း စသော တိုင်ကြားချက်ကြောင့် ယင်းသို့ ကိုယ်စား ကျောင်းအပ်ပေး နေသည့် အကျိုးဆောင်များကို လိုက်လံဖမ်းဆီး အရေးယူနေကြောင်း ယင်းအကျိုးဆောင်များကို လိုက်လံ ဖမ်းဆီးနေသည့် ယင်းတက္ကသိုလ်မှ နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။
အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယ အယ်လ်ဘမ် ကလီယိုပက်ထရာ

ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှု များကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ပကုမ္ပဏီများနှင့် လေယာဉ်ဆီ ဖက်စပ်ရောင်းချမည်

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက သီးသန့် တာဝန်ယူခဲ့သည့် ပြည် တွင်း လေကြောင်းလိုင်းများကို လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းကို ပြည်ပကုမ္ပဏီများနှင့် ဖက်စပ် ကုမ္ပဏီ ထောင်၍ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ့ဆန် တရုတ်သို့ တရားဝင် တင်ပို့နိုင်ပါက မူဆယ် ဆန်ဈေးကွက် ကျဆင်းမည်ဟုဆို

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့် ရရှိမည် ဆိုပါက ပင်လယ်ရေကြောင်းမှ တင်ပို့မှု မြင့်တက်လာပြီး မူဆယ်နယ်စပ် ဆန်ဈေးကွက် ကျဆင်းသွားနိုင်ကြောင်း ပြည်တွင်းဆန်လုပ်ငန်းရှင်များက ပြောကြားသည်။
ပတ်ဝန်းကျင် ထိခိုက်မှု သတ္တုတွင်းလုပ်ငန်းနှင့် ထိုင်းကုမ္ပဏီကို ထားဝယ် တရားရုံးတွင် စတင် စစ်ဆေးမည်

ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်နေသည့် မြန်မာပွန်ပီပက် ကုမ္ပဏီက စည်းကမ်းမဲ့ စွန့်ပစ်သော မြေစာများကြောင့် ထိခိုက်ဆုံးရှုံး နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းမပေးသဖြင့် အမှတ် (၂) သတ္တုတွင်း လုပ် ငန်းနှင့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာပွန်ပီပက် ကုမ္ပဏီကို ဒေသခံများက တရားစွဲဆိုထား သည့် အမှုကို ထားဝယ်ခရိုင် တရားရုံးက မေလကုန်တွင် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ဒေသခံများ၏ အကျိုးဆောင်ရှေ့နေ ဒေါ်တင်တင်သက်က ပြောကြားသည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်းကို မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ပေး မည်
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် ယခုနှစ် ဒီဇင်ဘာ လမှ စတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက မေလ ၁၈ ရက်နေ့က စစ်တွေမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကျပ်သိန်းပေါင်း (၉၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မေလ(၁၈)ရက်နေ့က ကျပ်သိန်းပေါင်း (၉၃၂)သိန်းခန့် တန်ဖိုး ရှိသော စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း နမ့်ခမ်းမြို့မ ရဲစခန်းမှ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ်နေ ဒေသခံအချို့အကူညီလိုအပ်နေ

မေလ(၇)ရက်က တိုက်ခတ် ခဲ့သောလေဆင်နှာမောင်းကြောင့် ရွှေတောင်မြို့နယ် ညောင်ကုန်း ရွာဟောင်းမှ နေအိမ် (၃၃)လုံး ပျက်ဆီးခဲ့ရာ လက်ရှိတွင် လေ ဘေးသင့်ပြည်သူများမှာ ယာယီ တဲများပြုလုပ်နေထိုင်နိုင်ပြီ ဖြစ် သော်လည်း အကူအညီ လိုအပ် နေသေးကြောင်း သိရှိရသည်။
စားသုံးရန် မသင့်သည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများကို ခေါ်ယူ ပညာပေးမည်

စားသုံးသူရေးရာ နည်းဥပဒေ မထွက်ခင် ကာလအတွင်း စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ် လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များကို ခေါ်ယူ ပညာပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။
ဧရာဝတီမြစ် နုန်းပို့ချမှု ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အများဆုံးဟုဆို

မြန်မာနိုင်ငံပိုင် မြစ်ကြီးတစ်စင်း ဖြစ်သော ဧရာဝတီမြစ်သည် သစ်တော ပြုန်းတီးလာမှုများနှင့် ရွှေတူးဖော်မှုများကြောင့် နုန်းအနည် ပို့ချမှုမှာလည်း ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းအနည် အများဆုံး ပို့ချသည့် မြစ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းဆိုင်ရာ လေ့လာထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
နေရောင်ခြည်သည် ပန်းနာရင်ကျပ်ေ၇ာဂါကို သက်သာစေနိုင်

ပန်းနာရင်ကျပ်ရောဂါရှိသူများ၏ ကိုယ်ခံအားမှာ အားနည်းသောကြောင့် ပြင်းထန်သော ပန်းနာရင်ကျပ် ရောဂါ လက္ခဏာများကို ထိန်းချုပ်ရာတွင် ကူညီနိုင်သည့် ဗီတာမင်ဒီပါဝင်သော နေရောင်ခြည်နှင့် ထိတွေ့ပေးခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များကပြောသည်။
တောင်ငူ ဇေယျာသီရိ မိဘမဲ့ဂေဟာတွင် ကလေး ၆၀ ကျော် အစာအဆိပ်သင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ၂၂ ရပ်ကွက် ဝက်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ကလေးများ ဂေဟာတွင် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေး ၆၈ ဦးနှင့် လူကြီးခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း တောင်ငူခရိုင် ဆေးရုံကြီးနှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြစ်ဆုံလမ်းလျှောက်အဖွဲ့ ဒေသခံပြည်သူများ လက်မခံ၍ နေရပ်ပြန်

မြစ်ကြီးနားမြို့၊ တန်ဖဲကျေးရွာ၊ မြစ်ဆုံရှိ ကချင်အိမ်တော်ကြီးတွင် တည်းခိုလျက်ရှိသည့် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့ချုပ်မှ ဦးမျိုးသီဟထွန်း ဦးစီးအဖွဲ့သည် ဒေသခံပြည်သူများ လက်မခံ၍ မေ ၁၈ ရက်နေ့တွင် နေရပ်ပြန်သွား ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
"ပြည်သူကိုယုံသည် သို့သော် ဒေါ်စုကိုမယုံ

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဒေသခံများ နှစ်ရက်နီးပါး ဖမ်းဆီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခထပ်ဖြစ်

လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းရွာအနီးတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားနေသူ တစ်ဦးဖြစ်သော ကိုအောင်စိုးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းမှုများ ပြုလုပ် ခဲ့ရာ ဒေသခံများဘက်ကလည်း ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ဝန်ထမ်း အမျိုးသားနှစ်ဦးကို ၃၂ နာရီကြာ ပြန်လည် ထိန်းသိမ်းခဲ့သဖြင့် ဖမ်းဆီးထားသည့် ပထမနေ့ ညနက်ပိုင်း အချိန်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြား သည်။
စီးပွားရေးသူလျှိုမှုနဲ့ တရုတ်စစ်ဘက်အရာရှိတွေကို ကန် တရားစွဲ

IRS ကော်မရှင်နာ John Koskinen (ဝဲ)၊ လက်တေ James Cole (ယာ)၊ ရှေ့နေချုပ် Eric Holderတို့ကို ဆိုင်ဘာ အင်တာနက် ရာဇဝတ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲခေါ်ယူစဉ်။ (မေ ၁၉၊ ၂၀၁၄)
အမေရိကန်ကုမ္ပဏီတွေအပေါ် စီးပွားရေးအရ သူလျှိုလုပ်ခဲ့တဲ့ တရုတ်စစ်အရာရှိ ၅ ယောက်ကို အမေရိ ကန်ပြည်ထောင်စုက တရားစွဲလိုက်ပါတယ်။ အဲဒီလို ပြစ်မှုတွေနဲ့စွပ်စွဲချက်တွေကို တရုတ် အစိုးရဘက် ကလည်း ချက်ချင်းပဲ လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
မြန်မာ ဥရောပ ပူးတွဲ လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပ

ဥရောပသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis
မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ဥရောပသမဂ္ဂပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေတဲ့ နေရာမှာ မြန်မာအစိုးရဘက်က အဆင့်သင့်ဖြစ်မဖြစ် စောင့်ကြည့်ဖို့လိုတယ်လို့ ပြည်တွင်းလူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ပထမဆုံးအကြိမ် မြန်မာနဲ့ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ အတွက် ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ Stavros Lambrinidis နဲ့ အဖွဲ့ဟာ စနေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထား ပါတယ်။
ဒေါ်စုကြောင့် ဒုတိယ ၈ လေးလုံး ဖြစ်တော့မှာလား

၂၀၁၅ ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံမှာ အခြေခံဥပေဒကို ပြင်ချင်သူများနှင့် မပြင်ချင်သူ များ လွန်ဆွဲပွဲများက များလာသလို၊ ကြမ်းလဲကြမ်းလာပါပြီ။ ထို့နည်းအတူ အတိုက်ခံပါတီများကလဲ အစိုးရကို ဆန္ဒပြမှုတွေ အပြင် ပြင်းထန်သော တောင်းဆိုမှုတွေနဲ့ စိန်ခေါ်မှုတွေ ဖန်တီးလာကြပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံဟာ ဒုတိယမြောက် ထိုင်းနိုင်ငံ ဖြစ်တော့မလားဆိုပြီး စိုးရိမ်မိပါတယ်။ ဘာလို့လဲ ဆိုတော့ ထိုင်းမှာ အတိုက်ခံတွေဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ကို ဖြုတ်ချဖို့ အတွက် လမ်းတွေမှာ ရက်ပေါင်း များစွာ ပြင်းပြင်းထန်ထန် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ထိုကဲ့သို လုပ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံနှင့် အစိုးရမှ အားထားရသော ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားခြင်းကို ပြည်သူများမသိခဲ့ပေ။ ထိုသို့ဖြစ်အောင်လဲ အတိုက် အခံများက ပြည်သူများအား အမှောင်ဖုံးထားခဲ့ခြင်း ဖြစ်သည်။ ယခု မြန်မာနိုင်ငံ မှာလဲ အတိုက်ခံ ပါတီများက အစိုးရကို ထိုင်းနိုင်ငံလို ပုံစံမျိုးပြုလုပ်ကာ ဆန္ဒပြမှုတွေ၊ တောင်းဆို မှုတွေ ပြုလုပ် လာကြပါပြီ။
ထိုင်းစစ်တပ် စစ်အုပ်ချုပ်ရေးကြေညာ

ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်ရုပ်မြင်သံကြားတွေကနေ စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါ တယ်။ ဒါဟာ စစ်တပ်အာဏာ သိမ်းတာ မဟုတ်ဘဲ ထိုင်းပြည်သူအားလုံးအတွက် နိုင်ငံတည်ငြိမ်အေး ချမ်းစေဖို့ စစ်အုပ်ချုပ်ရေး ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပြီးနောက် ဆည်တည်းရွာသားများက ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦးအား ပြန်လွှတ်ပေး

ဆည်တည်းရွာသားများ ထိန်းသိမ်းထားသည့် ၀မ်ပေါင်ကုမ္ပဏီမှ တရုတ် ၀န်ထမ်းနှစ်ဦးအား မေ ၁၉ ညနေပိုင်းက သက်ဆိုင်ရာ တာဝန်ရှိ သူများထံ ပြန်လည်အပ်နှံနေစဉ် (ဓာတ်ပုံ-အောင်သူ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား ၀န်ထမ်းနှစ်ဦးအား ဆည်တည်းရွာသားများ ဖမ်းဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခများ ဖြစ်ပေါ်ပြီးနောက် မေ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ ၀န်ထမ်းနှစ်ဦးအား ဒေသခံများမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)