Tuesday 12 March 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည်ဟု မပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား ။



နေပြည်တော်၊ မတ်လ ၁၂

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟု မိမိပြောကြားခဲ့ သည်ဟု သတင်းဂျာနယ်အချို့ တွင် ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်း က ပြောသည်။

Sim ကဒ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချပေးမည်ဆိုသည့် သတင်း မဟုတ်မှန်

 
 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်အစီရင်ခံစာအပေါ် ဆက်လက်ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်း













လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ

 

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံ ကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည်ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သ တင်း စာ များ၌ ဖော်ပြခဲ့ သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်


ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

မတ် ၁၂ ရက်၊ ၂၀၁၃

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့သည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက် ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာ ဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

(ဂ) ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်မြေပြင်များကို ကွင်းဆင်း လေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက် နိုင်ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည် ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

Eleven
 
မတ် ၁၂ ရက်၊ ၂၀၁၃

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင် ၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်ေ သာ KIO ကိုယ်စားလှယ်အဖွဲ့တို့သည်၂၀၁၃ခုနှစ်မတ်လ(၁၁၊၁၂)ရက်နေ့များတွင်တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ရွှေလီမြို့ ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။