Saturday 9 February 2013

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ


မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ၏

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ

Friday, February 08, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ အဖွဲ့ဟာ မုံရွာမြို့က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မြင်းခြံမြို့က ငြိမ်းချမ်းရေးလိုလားသူတွေဟာလည်း မန္တလေးမြို့ရောက်နေတဲ့ ရန်ကုန်အဖွဲ့နဲ့ ပူးပေါင်းလမ်းလျှောက်နိုင်ဖို့ မြင်းခြံမြို့ကနေ မန္တလေးဖက်ကို စတင်ထွက်ခွာလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မန္တလေးမြို့က အထက်ဗမာပြည် ငြိမ်းချမ်းရေး မြတ်နိုးသူများ အဖွဲ့ဟာ အဲဒီ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးကုန်စည်ဒိုင်၊ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ ဈေးချိုတော် (၃) နေရာတို့မှာ အလှူခံခဲ့ပါတယ်။

မန္တလေးအခြေစိုက် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) နဲ့ လူမှုအဖွဲ့အစည်းဝင်တွေ ပူးပေါင်းပြီး
ငြိမ်းချမ်းရေး မြတ်နိုးသူများ (အထက်ဗမာပြည်) အဖြစ် အဖွဲ့ဖွဲ့ပြီး ကူညီနေတာ ဖြစ်ပါတယ်။

ဒီကနေ့ အလှူခံတဲ့ အဖွဲ့ထဲမှာ တက္ကသိုလ်တစ်ချို့က ကျောင်းသားကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ ရန်ကုန်မြို့ကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

RFA

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ အဖွဲ့ဟာ မုံရွာမြို့ က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ကမ္ဘာ့ပထမဆုံး ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ



တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း ငါးမျှားသူတစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူသတ်ဖြတ်မှုဖြင့် အပြစ်ဒဏ် ချ မှတ်ခြင်းခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာ သည် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကိုသားစားငါး မန်းကြီးက လာရောက် ကိုက်ခဲခဲ့သည်။

Enzo အသစ်

Enzo အသစ်

အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။

အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေ နည်းနည်းနဲ့ ရှားပါးကား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အင်ဂျင် ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး ကားဆိုတော့ မြင်းကောင်ရေ ထုတ်လုပ်မှု အားကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

တံခါးနှစ်ပေါက် ပြိုင်ကား ဖြစ်ပြီး Ferrari တွေကြားမှာ ဒီဇိုင်းက နည်းနည်း ကွဲထွက်နေပါတယ်။ ယခု ယင်း Brand ကို ပြန်လည် အဆင့်မြင့်တင်မှု ပြု လုပ်ပြီး ၂၀၁၄ မော်ဒယ်အတွက် အဆင်သင့် ဖြစ်နေပြီ လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ အတိုင်းသာ တကယ်ထွက်လာရင် Ferrari F150 ပြီး နောက်ထွက်မယ့် ကားက Enzo ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile


အေးချမ်းမွန်မှ  ColayOnline:Automobile တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။
အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေနည်းနည်းနဲ့ ရှားပါးကားတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အင်ဂျင် ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး ကား ဆိုတော့ မြင်းကောင်ရေ ထုတ်လုပ်မှု အားကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။