နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။
Tuesday, 7 May 2013
သမ္မတမိန့်ခွန်းအပေါ် နှစ်ဘက်ဝေဖန်မှုများရှိနေ
နိုင်ငံတော်သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်အာဏာ အသုံးပြုကာ နယ်မြေဒေသများတည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများထပ်မံ ဖြစ်ပွားမှုမရှိစေရန် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မည် ဟုဆိုသော်လည်း အောက်ခြေရှိဝန်ထမ်းများက သမ္မတအမိန့်အား တသွေမတိမ်းလိုက်နာရန် လိုအပ်နေ သေးသည်ဟု အစ္စလာမ်သာသနာရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။
သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက်
၁။ ယနေ့ မေလ ၇ ရက် နေ့စွဲဖြင့်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ချက် (Press Release)
တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်တွင် မေလ ၁ ရက်နေ့တွင်
အစမ်းထုတ်ဝေသော The Daily Eleven သတင်းစာပါ "၀" သို့ တရုတ်နိုင်ငံမှ
စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း
မဟုတ် မှန်ကြောင်း "၀" ငြင်းဆို ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်
မကျေနပ်ကြောင်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါသည်။
“Windows 8 OS သုံး Tablet ကွန်ပျူတာအသေးစား Amazon ထုတ်ဖော်ပြသ”
အသေးစား Tablet ကွန်ပျူတာ လောကသို့ Windows 8အသုံးပြု ဝင်ရောက်လာမည့် ပထမဆုံး ကိရိယာလေးဟု ယူဆရသော Acer Iconia W3၏ ပုံကို Amazon ဝက်ဘ်ဆိုက်က မတော် တဆ ဖော်ပြမိ ခဲ့ကြောင်း သိရှိရသည်။
Apple၏ iPad Miniနှင့် Android OSသုံး Tabletများကို ရင်ဆိုင်မည့် ပထမဆုံး Windows 8 OSကို အသုံးပြုထားသည့် (၇)လက်မအရွယ် Tablet ကွန်ပျူတာငယ်လေး၏ ဓာတ်ပုံကို Amazonက လွှင့်တင် ဖော်ပြခဲ့ပြီး ထို့နောက်တွင်မူ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယင်းသည် အသေးစား Tabletငယ် တစ်ခုတွင် Windows 8ကို အသုံးပြုလျှက်သား ပထမဆုံး အကြိမ် တွေ့မြင် လာရခြင်း ဖြစ် သည်။
From...Planet Myanmar Network
အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး”

အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင်
စွန့်စွန့်စားစား စတန့်ပြကွက် တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း
သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပင် ဖော်ပြခြင်း
ခံခဲ့ရဖူးသည့် စတန့်သမားဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ
တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူး ပြရန် ကြိုးစားရင်း လမ်း တစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက် တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမားဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူး ပြရန် ကြိုးစားရင်း လမ်း တစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။
၁၅၀၀ တန်ဖုန်း မေလနောက်ဆုံးပတ် ထပ်ရောင်းမည်
နိုင်ငံတော်သမ္မတ၏
ညွှန်ကြားချက်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လစဉ်ရောင်းချပေးမည့် ကျပ်
၁၅၀၀ တန် မိုဘိုင်းလ်ဖုန်းလိုင်းကတ် သုံးသိန်းငါးသောင်းကို
မေလနောက်ဆုံးပတ်အတွင်း ဒုတိယ အကြိမ် ရောင်း
တရုတ်နယ်စပ် လွန်ဆွဲ မှုများကြား ဝ ပါဝင် လာခြင်း

မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ၀ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသို့ တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ရောင်းချခဲ့သည်ဟု ၀ အဖွဲ့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ Jane’s Intelligence Review က ဆိုသော်လည်း ၀ အဖွဲ့က ဧရာဝတီသို့ ယင်းသတင်း မဟုတ်မှန်ကြောင်း အခိုင်အမာ ပြောကြားသည်။
သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာ သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ကားလမ်းကူးခုံးကျော်တံတားများ ရန်ကုန်တွင် ထပ်မံတည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရထားလမ်းနှင့် ကားလမ်းဆုံရာ နေရာတိုင်းတွင် ကားလမ်းကူး ခုံးကျော် တံတားများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မြို့ပြ အင်ဂျင်နီယာ ဌာနမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ဝင်းက ပြောသည်။
မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို တရားရုံးတင်၍ ရွာသား ၆၀၀ ခန့် တရားရုံးသို့ ချီတက်

မဒေးကျွန်း (လက်ရှိ အခေါ် မြဒေးကျွန်း) မှ ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦးကို ယမန်နေ့က ကျောက်ဖြူ မြို့နယ် တရားရုံးတွင် ရဲတပ်ဖွဲ့မှ ရုံးတင်တရားစွဲဆိုရာ ကျွန်းပေါ်မှရွာသား ၆၀၀ ခန့်သည် စက်လှေများဖြင့် လိုက်ပါလာပြီး ကျောက်ဖြူမြို့နယ် တရားရုံးထိ ချီတက်ပြီး သူတို့အား လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။
အကောင်းဆုံးအလုပ်
ကမ္ဘာပေါ်တွင် အကောင်းဆုံးအလုပ်ကို လုပ်လိုလျှင် သုံးမျိုးစပ် အလုပ်ကို ရွေးရတော့မည်။
လုပ်ချင်သောအလုပ်၊ လုပ်သင့်သော အလုပ်နှင့် လုပ်တတ်သော/လုပ်နေသော အလုပ်တို့ တစ်ခုတည်း တွင် ပေါင်းစပ်ထားသော အလုပ်သည် သုံးမျိုးစပ် အလုပ် ဖြစ်သည်။ မိမိလုပ်ချင်သော အလုပ်သည် မိမိလုပ် တတ်သော လုပ်သင့်သည့် အလုပ် ဖြစ်နေခြင်းမျိုးသည် သုံးမျိုးစပ်အလုပ် ဖြစ်သည်။

NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်
![NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်
Tuesday,May 07,2013
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရသည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။
ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
့မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/s480x480/12023_571600889547220_1412360668_n.png)
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင်
မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော
နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေ အပါ အဝင် ကျေးရွာရှိ
အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုးခတ်လိုက်သောကြောင့်
ရွာသား များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ
နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။
![NLDမှ အများပိုင်ခြံခတ် ရွာသားများနှင့်ပဋိပက္ခဖြစ်
Tuesday,May 07,2013
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လိုက်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရသည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာ တက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက် အမှန်တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စအား ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။
ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
့မြန်မာ့ခေတ်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/s480x480/12023_571600889547220_1412360668_n.png)
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေ အပါ အဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုးခတ်လိုက်သောကြောင့် ရွာသား များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။
ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်
ကလောမြို့နယ် ရွှေတွင်းရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ နောက်ဆုံးရရှိတဲ့
သတင်းတွေအရ အနည်း ဆုံး ၁၈ ဦးထိရှိတယ်လို့ သတင်းတွေထွက်ပေါ်လာပေမဲ့ တကယ်တမ်းသေဆုံးသူဟာ ဒီထက်မက များနိုင်ကြောင်း
ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက် သူတွေကို
ရွှေတူးဖော်ရာလုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျသတင်းရရှိဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး
လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ရန်ကုန်အခြေစိုက်
ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။
တာချီလိတ်မြို့တွင် ဆံပင်ညှပ်ပေးနေသူအား သေနတ်သမားတစ်ဦးမှ ပစ်ခတ်သွားရာ ပွဲချင်းပြီးသေဆုံး
မေလ ၆ရက်၊ ၂၀၁၃ခုနှစ်
ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ်
ပုံလို့လမ်းဆုံဟု လည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ
မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့
ဝင်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃) ချက် ပစ်သွားရာ
ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း
သိရသည်။

Subscribe to:
Comments (Atom)

![ဂျာမနီအခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
Tuesday, May 07 ,2013
ဂျာမနီနိုင်ငံ အခြေစိုက် နာမည်ကျော် BMW ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို ဝေဇယန္တာလမ်း (ရတနာလမ်းအနီး) တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး BMW ၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဖက်ကုမ္ပဏီမှာ Inspiration de Formosa အုပ်စုဖြစ်သည်။
Inspiration de Formosa အုပ်စုသည် BMW ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ ဖွင့်လှစ်မည့်နေရာတွင် မကြာမီဖွင့်လှစ်မည် ဖြစ်ကြောင်း ကြော်ငြာဘုတ်များဖြင့် အသိပေး ကြေညာထားသည်။
အဆိုပါ ကြော်ငြာဆိုင်းဘုတ်တွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့် တာဝန်ရှိသူ Mr Jack ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားခြင်းကြောင့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရချေ။ Inspiration de Formosa အုပ်စုသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြင့် မှတ်ပုံတင်ထားပြီး ဒေါ်သန်းသန်းဌေးက မန်နေးဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် နိုင်ငံတကာ ကားကုမ္ပဏီများ၊ ယာဉ်အပိုပစ္စည်းနှင့် ၀န်ဆောင်မှု ကုမ္ပဏီများသည် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာကြပြီး ယခုဒုတိယ လေးလပတ်အတွင်း အမေရိကန်အခြေစိုက် Ford ကားကုမ္ပဏီနှင့် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီတို့၏ တရားဝင် ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ကြမည်ဖြစ်သည်။
ထို့ပြင် ဂျပန်အခြေစိုက် Toyota၊ Nissan၊ Honda၊ Suzuki ကုမ္ပဏီ တို့ကလည်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်ကာ Mitsubishi ကားကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဂျာမနီအခြေစိုက် Bosch ကုမ္ပဏီကလည်း ယခုလအတွင်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း ရောင်းချမှုစင်တာ ဖွင့်လှစ်မည်ဖြစ်သည်။ BMW ကားကုမ္ပဏီသည် မြန်မာဈေးကွက်တွင် လူကြိုက်များသော ထိပ်တန်းအမှတ်တံဆိပ် ဖြစ်သည်။ BMW ကို ၁၉၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြူးနစ်မြို့တွင် အခြေစိုက်ထားသည်။ BMW သည် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ အဓိကထုတ်လုပ်ပြီး Rolls-Royce နှင့် Mini ကဲ့သို့ ကမ္ဘာကျော် ကားကုမ္ပဏီ အချို့ကိုလည်း ပိုင်ဆိုင်သည်။
BMW ကားကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၎င်း၏ ကားမော်ဒယ် အချို့မှာ 1 - 7 စီးရီး မော်ဒယ်များ၊ X1၊ X3၊ X5၊ X6၊ Z4၊ M3၊ M5၊ M6၊ X5M၊ X6M တို့ဖြစ်သည်။
Singapore Feel
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn1/s480x480/601844_571611379546171_695318588_n.jpg)

![တိုင်းရင်းသားပါတီတွေနဲ့ သမ္မတတွေ့ဆုံ
Tuesday,May 07,2013
မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စအပါအ၀င် ရခိုင်ပဋိပက္ခ အစီရင်ခံစာ အကြောင်း တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက တိုင်းရင်းသားပါတီ ၈ ပါတီနဲ့ နိုင်ငံရေးပါတီ ၁၀ ပါတီတို့က သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ နေပြည်တော်မှာ တတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေက သမ္မတ ဦးသိန်းစိန်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ၊ ရခိုင်အစီရင်ခံစာအကြောင်းတွေကို ပါတီတစ်ခုချင်းအလိုက် ၅ မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ရေဒီယို သြစတေးလျ သတင်းဌာနကို အခုလို ပြောပြပါတယ်။
“၁၈ ပါတီဆိုတော့ ၁၈ မျိုးပေါ့၊ တိုင်းရင်းသား နယ်မြေတွေမှာ အေးချမ်းမှု မရှိတာတွေ တင်ပြတာပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ သူတို့ နယ်မြေတွေမှာ ဖြစ်နေတဲ့ ကိစ္စတွေပေါ့၊ အခု လက်ရှိ တိုက်ပွဲတွေ အဓိက ရှင်းပြတာပေါ့၊ ပြည်နယ် တစ်ချို့ကလည်း ပြောတယ် သူတို့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချူပ်ရေးရ ဒေသတွေက အမတော်ကြေးရတယ်ပေါ့၊ နောက်ပြီးတော့ ရေခမ်းခြောက်ကုန်ပြီး ဆည်တွေ များများ ဆောက်ပေးဖို့ အဲ့ဒါတွေတော့ ပါတာပေါ့ဗျား။”
သမ္မတ ဦးသိန်းစိန် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတာတွေကို အမြန်ဆုံးရပ်စဲအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ထွန်းဦးက ဆက်ပြောပြပါတယ်။
“တင်ပြတာအားလုံးတော့ သူကတော့ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ တိုက်ပွဲတွေ ဘာတွေဖြစ်တာ သူက ရပ်စဲအောင်တော့ သူအမြန်ဆုံး လုပ်ပေးမယ်လို့ သူပြောတာပဲ။ ဘယ်တော့လုပ်မလဲတော့ မသိဘူး၊ လယ်ယာမြေ သိမ်းတဲ့ ကိစ္စတွေ၊ နောက်ပြီးတော့ တချို့မှာ မြို့နယ်မှာ အားနည်းချက် ရှိတာတွေပေါ့၊ တိုင်းရင်းသား ကိစ္စကလည်း မပြီးဘူးဖြစ်နေတာကိုး၊”
ဒီဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ဖိတ်ကြားခဲ့ခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ သိရတဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/s480x480/942753_571593306214645_755571375_n.jpg)