Saturday 3 September 2011

ဟာဒယရွှင်ဆေး တိုက်ကျွေးလေသူများ...


                သြဂုတ်လ ၂၁ရက်နေ့က တနသာင်္၇ီတိုင်း၊ ပုလောမြို့နယ်က ကရင်ရွာသားနှစ်ဦးကို စစ်တပ်မှ ဖမ်းသွားပါတယ်လို့ ဒီမိုက၇က်တစ် မြန်မာ့အသံ DVB ကရေးသားထားတာကို ဖတ်မိပါတယ် ။ ပြောစရာလေး မြင်မိတော့လည်း မနေနိုင်မထိုင်နိုင် ၀င်ပြောမိချင်ပြန်ပါတယ် ။ ထိုသတင်းရဲ့ ထူးခြားချက်ကတော့ အဲ့ဒီရွာသားနှစ်ဦးက အသံဖမ်းစကားပြောစက်နဲ့ ဆော့ကစားနေခြင်းအတွက် ဖြစ်ပါတယ်လို့ ထိုသတင်းအရသိ ရပါတယ် ။ ဒါပေမယ့် ဦးနှောက်၇ှိတဲ့ သူတိုင်းတွေးကြည့်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ဆက်သွယ်ရေး အသံဖမ်းစက်နဲ့ ဆော့ကစားတယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်ပါဘဲ ဆက်သွယ်ေ၇းစက်ဆိုတာ ကစားစ၇ာပစ္စည်း သက်သက်မဟုတ်ပါ။ သာမာန်လူဆိုတာလည်း ဆက်သွယ်ေ၇းစက် လက်ဝယ်ထား၇ှိ၇န် မည်သည့်အကြောင်းမှမ၇ှိပါ။ စစ်ဘက်ဆိုင်၇ာတွင်လည်း ကိုင်ချင်တိုင်းကိုင်၇န် ခွင့်ပြုထားသည့် အရာတခုမဟုတ်ပါ ။ ထို့တော့ တွေးမိသည်က DVB ကပဲ စာဖတ်ပ၇ိတ်သတ်များ ပျင်းမည်ဆို၍ ဟာသတစ်ပုဒ် တင်ဆက်ပေးလေသလား။ ထိုအချင်းအ၇ာ အတွက်လည်း စစ်တပ်မှဆော့ကစားခြင်းလေပဲ ဟူ၍ယူဆကာ လူငယ်နှစ်ဦးအားသေနတ်ဖြင့် ကျီစယ်ပစ်ခတ်လိုက်သည့်အတွက် နတ်ပြည်သို့သက်သက်သာသာေ၇ာက်၇ှိသွားပါတော့တယ်။ DVBမှတာဝန်၇ှိသူများလည်း စာဖတ်ပ၇ိတ်သတ်များ အပျင်းပြေစေ၇န် ဟာဒယ၇ွှင်ဆေး တိုက်ကျွေးသည့်အတွက် အထူးပင်ကျေးဇူးတင်၇ှိမိပါတယ်။ နောင်အခါတွင်လည်း အခါအားလျော်စွာ ဟာဒယ၇ွှင်ဆေးများ တိုက်ကျွေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေး မိပါတော့တယ် ခင်ဗျာ ။
သူတို့ပြောလေတဲ့ ဟာသ