Tuesday 9 September 2014

အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၏ မြန်မာပွဲစဉ်များ MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

၂၀၁၄ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်းပွဲစဉ်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် ကျင်းပလျက်ရှိသည့် အဆိုပါ ပြိုင်ပွဲအုပ်စု (က)၏ နောက်ဆုံး ပွဲစဉ်အဖြစ် စက်တင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ တွင် မြန်မာ ယူ-၁၉ အသင်းနှင့် အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရုရှ သမ္မတ ပူတင်ကို အတ္တကြီးသူဟု ဒလိုင်းလားမား ဝေဖန်

Dailama to Putin
တိဘက်ဒေသ၏ ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လက်ရှိ ရုရှ သမ္မတ ပူတင်မှာ အတ္တကြီးသူ ဖြစ်သည်ဟု စက်တင် ဘာ ၇ ရက်က ဂျာမန် သတင်းစာ တစ်စောင်၏ အင်တာဗျူးတစ်ခုတွင် ဝေဖန်ခဲ့ပြီး ပူတင်သည် ဘာလင်တံတိုင်းကို ပြန်တည်ဆောက်လိုပုံ ရသည် ဟု ထင်ရကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။“သူရဲ့ ရပ်တည်ချက် ပုံစံက ငါမှငါ ဆိုတာပါပဲ ” ဟု တစ်ကျော့ပြန် သမ္မတ တာဝန်ထမ်းဆောင်နေသော ပူတင်ကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ထောက်ပြခဲ့သည်။

အကြမ်းဖက်ဝါဒကို တိုက်ဖျက်ခြင်း


ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ထူးခြားသည့် စိန်ခေါ်မှု တစ်ခုကို မြန်မာနိုင်ငံက လက်ခံ ရရှိခဲ့သည်။ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်အေမန်အယ်လ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။

 အီဂျစ်နိုင်ငံသား ဖြစ်ခဲ့သူ ဆရာဝန်တစ်ဦးအဖြစ် အသက် မွေးခဲ့သူ အယ်လ်ဇာဝါဟီရီ၏ ၅၅ မိနစ်ကြာ သတင်းထုတ်ပြန်ချက် ကို နိုင်ငံတကာအကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ပညာရှင်များက အမျိုးမျိုးတုံ့ပြန်ကြသည်။ ပညာရှင်အချို့ကတော့ အီရတ်နှင့် ဆီး ရီးယားကို အခြေပြုပြီး ကြီးထွား လာနေသည့် IS (Islamic  State) အဖွဲ့၏ သြဇာကို ယှဉ်ပြိုင်ဖို့ လူ အင်အားစုဆောင်းသည့် ခြေလှမ်း အဖြစ် သုံးသပ်ကြသည်။

အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်

Photo: အိမ်အကူကိုနှိပ်စက်သည့် ဆရာဝန်လင်မယားအား ကျန်းမာရေးဝန်ကြီးဌာနကပါ စစ်ဆေးသွားမည်
Tuesday, September 9, 2014

အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှလာ၍ အိမ်အကူ လုပ်သူ အသက်(၁၄)နှစ်အ ရွယ် မိန်းကလေး တစ်ဦးကို လက် ကျိုးအောင် ရိုက်နှက်ခဲ့သည့်အ ပြင် မျက်နှာပျက်စီးသည်အထိ နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ဖြင့် အမှု ဖွင့်ခံထားရသူမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲ (၃)ရပ်ကွက်တွင် နေထိုင်သည့် ဆရာဝန်လင်မယားနှင့် ၎င်းတို့၏ မိခင်အမျိုးသမီးကြီး ဖြစ်သည်။

၎င်းတို့သုံးဦးအား လက်နက် ဖြင့် အပြင်းအထန် နာကျင်စေမှု၊ ဒဏ်ရာရစေရန် အားပေးကူညီမှု ဥပဒေပုဒ်မ ၁၁၄/၃၂၅/၃၂၆ တို့ဖြင့် ထောက်ကြန့်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်အကူမိန်းကလေးအား ရိုက်နှက်သောကြောင့် ရခဲ့သော ဒဏ်ရာများကို အိမ်ပေါ်မှ လိမ့်ကျ ၍ရသော ဒဏ်ရာဟု လိမ်ညာစေ ၍ ဆေးရုံ၌ ကုသစေကြောင်း ကာယကံရှင်မိန်းကလေး၏မိခင် ဒေါ်သိန်းသိန်းဝင်းက စွပ်စွဲထား ပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဖြစ်သော အမှုကို ယခုမှ စစ်ဆေး နေရခြင်းဖြစ်သောကြောင့် အ သေးစိတ် စိစစ်နေရကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှူး ရဲ အုပ် ဝင်းဌေးက ပြောသည်။

ရဲစခန်းတွင် အမှုမဖွင့်မီ အိမ်အကူပွဲစား၏ ညှိနှိုင်းမှုဖြင့် ရိုက် နှက်ခံရသည့် ကလေးငယ်၏မိခင် က လျော်ကြေးငွေ ကျပ် ၁၂ သိန်း ဖြင့် ကျေအေးထားခဲ့ပြီး ၁၅ ရက် ခန့်ကြာမှသာ ပြန်လည်အမှုဖွင့် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

ကျေအေးပေးခဲ့စဉ်က အိမ်အကူပွဲစားက ၎င်းအား အရွယ် မရောက်သေးသော သမီးဖြစ်သူ ကို အလုပ်လုပ်ခိုင်းသောကြောင့် ရဲက အရေးယူနိုင်ကြောင်း ခြိမ်း ခြောက်ကာ ထမင်းဆိုင်တစ်ဆိုင် တွင် ကျေအေးလက်မှတ် ထိုးစေ ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်သိန်းသိန်း ဝင်းက ပြောသည်။

ဒဏ်ရာများဖြင့် မြင်တွေ့ရသော အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး (ဓာတ်ပုံ −အောင်သစ်လွင်)
7Day Daily.
အိမ်အကူမိန်းကလေး မျက်နှာပျက်စီးသွားသည်အထိ ရိုက်နှက်သည်ဟု စွပ်စွဲခံထားရ သည့် ဆရာဝန်လင်မယားအား အ ရပ်ဘက် ဥပဒေအပြင် ကျန်းမာ ရေး ဝန်ကြီးဌာနကပါ စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဆရာဝန်နှစ်ဦးသည် လက်ရှိတွင် မြောက်ဥက္ကလာပဆေး ရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဆရာဝန်များဖြစ်သည်ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘စုံစမ်းစစ်ဆေးချက်အရ တော့ ဆရာဝန်နှစ်ဦးဆိုတာလည်း မှန်နေတယ်။ ဆရာဝန်ဆိုတဲ့အ တွက် သူ့ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီး တော့ ခေါ်ယူစစ်ဆေးဖို့ ဆောင် ရွက်နေတယ်။ အဖြစ်မှန်ပေါ် အောင် ဖော်ထုတ်သွားမှာပါ’’ဟု ထောက်ကြန့်မြို့မရဲစခန်းမှ အမှု စစ် ရဲအရာရှိက ပြောသည်။

လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက်

Photo: လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက် 
Tuesday, September 09, 2014

လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍  တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။   “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။   တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို အသုဘချခြင်းဖြစ်ကြောင်း ကျိန်စာတိုက်သူများက ပြောကြားကြကြောင်း သိရသည်။   ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့ကလည်း အဆိုပါကျောက်ကြီးတောင်ခြေတွင် ဒေသခံရွာသားများ ကျိန်စာတိုက်ပွဲလုပ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်က ကံတောရွာနတ်တောင်ခြေနတ်စင်တွင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရသော လပေါင်း ၂၁ လပြည့်အတွက် ကျိန်စာတိုက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆန္ဒပြခြင်းထက် ကျိန်စာတိုက်ပွဲများက အစွမ်းထက်မြက်ပြီး လူသေဆုံးထိခိုက်မှုများရှိ၍ ကျိန်စာတိုက်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။ 

Eleven
လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာ နတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍ တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို
အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။ တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို