Monday 23 November 2015

NLD ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများနှင့် ပတ်သက်၍ သမဂ္ဂမှ စောင့်ကြည့်မည်

NLD ပါတီအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပါက ထုတ်ပြန်ထားသည့် အလုပ်သမားကိစ္စများအား အမှန်တကယ် ဆောင်ရွက်ခြင်းရှိ မရှိ စောင့်ကြည့်လေ့လာ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ ချုပ်မှ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောသည်။

““၂၀၁၂ ကြားဖြတ်မှာ ၀င်လာတဲ့ NLD ကတော့ လွှတ်တော်မှာ အလုပ်သမား ဥပေဒတွေတင်တာ သိပ် မတွေ့ ရဘူး။ အဲဒါကြောင့် ၂၀၁၆ လွှတ်တော်မှာ NLD အစိုးရက သူတို့ချမှတ်ထားတဲ့ အချက်တွေ ကိုဘယ် လို အကောင်အထည် ဖော်မလဲ ဆိုတာတော့ စောင့်ကြည့်လေ့လာ နေပါတယ်””ဟု ၎င်းက ပြောသည်။

NLD ပါတီ၏ ရွေးကောက်ပွဲကြေငြာ စာတမ်းတွင် အလုပ်သမားရေး ဆောင်ရွက်မည့် အချက်ကိုးချက် ထုတ်ပြန်ထားပြီး ယင်းအချက်များတွင် လုပ်ငန်းကျွမ်းကျင်မှု အခွင့်အလမ်းရရှိရေးလုပ်ငန်းခွင့်နှင့် သင့်တော် သော လုပ်ခလစာရရှိရေး၊ တူညီသောအခ ကြေးငွေရရှိရေး စသည့်တို့ကို ဆောင်ရွက် သွားမည် ဖြစ် ကြောင်း သိရသည်။

သို့ဖြစ်၍ အထက်ပါ အချက်များကို NLD အစိုးရအဖွဲ့က လာမည့် ၂၀၁၆ ခုနှစ် လွှတ်တော် အခင်းအကျင်း တွင် မည်မျှဦးဆောင်ပြီး၊ မည်သည့်အမတ်က အလုပ်သမားရေးများ ဆွေးနွေးကာ မည်သို့အကောင် အထည် ဖော်မည်ကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အလုပ်သမား သမဂ္ဂအဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ စောင့်ကြည့်လေ့လာရာ တွင် NLD ပါတီမှ ထုတ်ပြန်ထားသည့် အချက်များအား အမှန်တကယ် အကောင် အထည်မဖော်နိုင်ခြင်း၊ တချို့အချက်များ မလုပ်သေးခြင်းမျာရှိပါက NLD အစိုးရအား တွန်းအား ပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်မျိုးမျိုးအေးက ဆိုသည်။

““အလုပ်သမား ကိစ္စတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ ကြေညာစာတမ်းအတိုင်း လုပ်သွားမှာပါ။ ရှေ့လာ မယ့် လုပ်ငန်းကိုတော့ ကြိုပြောနိုင်ဖို့ အခြေအနေ မရှိသေးဘူး။ လိုအပ်ချက်ရှိရင် ပြင်ရမှာပေါ့””ဟု အမျိုး သား ဒီမိုရေစီအဖွဲ့ချုပ်မှ ပြောဆိုခွင့်ရှိသူ ဦးဉဏ်ဝင်းက ပြောသည်။

NLD အစိုးရအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရေးအတွက် ပြင်ဆင်သင့်သည့် အလုပ် သမား ဥပဒေများကို ပြန်လည်ပြင်ဆင်ပြီး။ ယင်းသို့ဆောင်ရွက် နိုင်မည်ကိုလည်း မျှော်လင့်နေ မည်ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အတွင်းရေးမှူးက ဆိုသည်။

Messenger News Journal​ 

No comments:

Post a Comment